tag:blogger.com,1999:blog-27241450997485714142024-03-13T09:34:10.562+06:30Myanmar Forwarddrmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.comBlogger7125tag:blogger.com,1999:blog-2724145099748571414.post-84939018337895961092013-05-01T09:15:00.000+06:302013-05-01T09:15:00.814+06:30ပြင်းထန်တဲ့စိတ်ဓာတ်စွဲတွေ နိုင်ငံဖွံ့ဖြိုးမှုမှာ အသုံးပြုဖို့ သမ္မတပန်ကြား

မနေ့တုန်းက နေပြည် တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော် သမ္မတရဲ့ နိုင်ငံ စွမ်း ဆောင်ရည် ဆုချီး မြှင့်ပွဲမှာ နိုင်ငံတော် ရဲ့ နယ်ပယ် အသီးသီးမှာ ထူးချွန်တဲ့ သူတွေကို ဆု အမျိုး အစား ပေါင်း ၁၄ မျိုးကို ချီးမြှင့် ပေးခဲ့ပါ တယ်။ ဒါဟာ အစိုးရ သစ် လက်ထက်မှာ ပထမဆုံး အကြိမ် ကျင်းပ ခဲ့တာ လည်းဖြစ် ပါတယ်။ မြန်မာ နိုင်ငံမှာ ပြင်းထန် တဲ့ စိတ်ဓာတ် အစွဲကို ပဋိပက္ခတွေမှာ မသုံးဘဲ တိုင်းပြည် ဖွံ့ဖြိုး တိုးတက် ရေးမှာ အသုံး ပြုကြ ဖို့ မြန်မာ သမ္မတ ဦးသိန်းစိန်က အဲ့ဒီနေ့က အခမ်းအနားမှာ မိန့်ခွန်းထဲမှာ တိုက် တွန်း ပြော ကြားသွား ပါတယ်။ ဒီအကြောင်း အပြည့် အစုံကို ကိုသားညွန့်ဦး က တင်ဆက်ပေးမှာဖြစ်ပါတယ်။

မနေ့တုန်းက နေပြည် တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော် သမ္မတရဲ့ နိုင်ငံ စွမ်းဆောင် ရည် ဆု ချီးမြှင့်ပွဲမှာ တော့ ဆုအ မျိုးပေါင်း ၁၄ မျိုးနဲ့ လူပုဂ္ဂိုလ် ၄၂ ဦးကို နိုင်ငံစွမ်းဆောင် ရည်ဆုတွေဆိုပြီး ချီးမြှင့်သွားခဲ့တာပါ။

စိုက်ပျိုး ရေး၊ မွေးမြူရေး၊ အားကစား စတဲ့ နယ်ပယ် အသီးသီးမှာ ထူးချွန်သူတွေ တိုင်းပြည်အတွက် ထူးထူး ခြားခြား ဆောင်ရွက်ခဲ့သူတွေကို ရွေးချယ်ပေးအပ်ခဲ့တာလို့ သိရပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံ တကာနဲ့ ယှဉ်ရင် အဘက် ဘက်က နောက်ကျနေပေမဲ့ ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ အချိန်မနှောင်းသေးဘူးလို့ သမ္မတ ဦးသိန်း စိန်က ဆု ချီးမြှင့်ပွဲ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ နိုင်ငံဟာ အဘက် ဘက်မှာ အများကြီး နောက်ကျကျန်နေပါတယ်။ သို့သော်လည်းပဲ အချိန် မနှောင်း သေးဘူး လို့ ပြောရ မှာဖြစ် ပါတယ်။ ကျနော်တို့နိုင်ငံ တည်ငြိမ်အေးချမ်းဖို့၊ ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုး တက်ဖို့၊ ကျနော်တို့ကိုယ်တိုင် စည်းစည်းလုံးလုံး ကြိုးစားပြီးတော့ လုပ်ကြရမှာဖြစ်ပါတယ်။ ဒါမှ လည်း တခြားနိုင်ငံတွေလို ရင်ဘောင်တန်းနိုင်မှာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ စိတ်ဓာတ်အစွဲတွေကို ပဋိ ပက္ခဖြစ် မယ့် နေရာ တွေမှာ မသုံးဘဲ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသုံး ချမယ် ဆိုရင် ကျနော်တို့ အများကြီး တိုးတက်မှာဖြစ်ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေကို အမြန် ဆောင်ရွက်ကြဖို့နဲ့ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းအပ်ပါတယ်။”

အကောင်းဆုံး ပို့ကုန်လုပ်ငန်းရှင်အဖြစ် နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခံရတဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးချစ် ခင်ကတော့ အခုလို ဆုရရှိလို့ ၀မ်းမြောက်မိတယ် လို့ ပြောပါတယ်။

“နိုင်ငံတော်က ချီးမြှင့်တဲ့ ဆုကို ရရှိတော့ အင်မတန်မှ ၀မ်းသာပါတယ်။ သမ္မတကြီး ချီးမြှင့်တဲ့ဆုကို ရရှိတာ။ ဒါပေမဲ့ ကျနော် တို့မှာ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ကျနော်တို့ ရည်မှန်းချက်တွေ ပြည့်ဝဖို့ အတွက် နောက်ထပ် ထပ်ပြီးတော့ အများကြီး ကြိုးစားဖို့ရှိပါတယ်။”

နိုင်ငံကို အခွန်ဘဏ္ဍာ အများဆုံး ထမ်းဆောင်ခဲ့သူအဖြစ် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရတဲ့ စီးပွားရေး လုပ်ငန်း ရှင် ဦးဇော်ဇော်ကတော့ သူ့အနေနဲ့ နိုင်ငံတကာ စီးပွားရေး ဈေးကွက်မှာ ၀င်ရာက် လုပ်ကိုင် နိုင်ဖို့ အပြင် မြန်မာလူမျိုးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်သစ် ဖန်တီးရေးတို့အတွက်လည်း ကြိုး ပမ်း သွားမယ်လို့ ပြောသွားပါတယ်။

“မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်ဖြစ်တဲ့အတွက် ကိုယ်လုပ်နေတဲ့ လုပ်ငန်းတွေ ပွင့်လင်းမြင်သာမှု ရှိပြီး တော့ ဘဏ္ဍာအခွန်ငွေတွေကိုလည်း ကျနော်တို့ ဆောင်မယ်။ နောက်ပြီးရင်လည်း နိုင်ငံတကာ စီးပွားရေး ဈေး ကွက်မှာ ၀င်ပြီးတော့ လုပ်ကိုင်နိုင်ဖို့၊ ကိုယ့်လူတွေအတွက် အလုပ်အကိုင် အခွင့်အလန်း ဖန်တီးဖို့ အတွက် ရယ် အဲ့ဒါတွေအတွက်လည်း ကျနော်တို့ ကြိုးစားသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပညာ ရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတွေမှာ လိုအပ်ချက်တွေ နေရာတိုင်းကို တတ်နိုင်သမျှ ကျနော် ဖြည့်ဆည်း ပေးသွား မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကိုယ့်လူမျိုးအတွက်၊ အမျိုးဘာသာ သာသနာအတွက် တတ်နိုင် တဲ့သမျှ အသက်ရှင်သေးသ၍ ကြိုးစားဆောင်ရွက်သွားမှာပါ။”

အရင်တုန်း ကတော့ ဒီလိုဆုမျိုးတွေကို လွတ်လပ်ရေးနေ့မှာ လူမှုထူးချွန်ဆု၊ စီးပွားရေး ထူးချွန်ဆုလိုမျိုး ပေးအပ် လေ့ရှိပေမဲ့၊ ဒီ တခေါက် အနေနဲ့ နိုင်ငံတော် သမ္မတရဲ့ နိုင်ငံ စွမ်းဆောင် ရည်ဆု ချီးမြှင့် တာကတော့ ပထမဆုံး အကြိမ်လို့ ပြောရမှာပါ။

From: VOA

drmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0tag:blogger.com,1999:blog-2724145099748571414.post-79914401459098149532013-03-28T22:47:00.006+06:302013-03-28T22:47:58.297+06:30နိုင်ငံတော် သမ္မတ၏ မိတ္ထီလာ ကိစ္စ အပါအဝင် လတ်တလော ဆူပူမှုများနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ ပြောကြားသော မိန့်ခွန်း အား ကြည့်ရှုနားထောင်နိုင်ပါပြီ

နိုင်ငံတော် သမ္မတ၏ မိတ္ထီလာ ကိစ္စ အပါအဝင် လတ်တလော ဆူပူမှုများနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ ပြောကြားသော မိန့်ခွန်း အား ကြည့်ရှုနားထောင်နိုင်ပါပြီ

drmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0tag:blogger.com,1999:blog-2724145099748571414.post-31227207523450747742013-03-28T18:47:00.001+06:302013-03-28T18:47:08.246+06:30မိတ္ထီလာအရေးကိစ္စအပါအဝင် လတ်တလောဆူပူမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတကြီးမှ ပြည်သူ လူထု ထံသို့ ရှင်းလင်း ပြောကြားခြင်း

နေပြည်တော် မတ် ၂၈

မိတ္ထီ လာ အရေး ကိစ္စ အပါ အဝင် လတ် တလော ဆူပူ မှုများ ကူး စက်ပြန့် ပွားရန် ကြိုး ပမ်း လာတဲ့ အခြေ အနေ များနဲ့စပ် လျဉ်းပြီး ကျွန်တော့် အနေနဲ့ ပြည်သူ လူထု တရပ် လုံး ကို လို အပ် တဲ့ ကိစ္စ ရပ်များ အား ရှင်းလင်း ပြောကြား သွားမှာ ဖြစ်ပါတယ်။ သာမန် ပုဂ္ဂ လိက အငြင်း ပွားမှု၊ သာမန် မှုခင်း တခုကို အကြောင်း ပြုပြီး မိတ္ထီ လာမှာ ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခများ တည်ငြိမ် စ ပြုလာ သည့် အခြေ အနေမှာ ပြည် သူ လူ ထုကြီး ရဲ့ ရိုးသား မှုကို အခွင့်ကောင်း ယူပြီး ရန် ကုန်မြို့ အပါအဝင် မြန်မာ နိုင်ငံဒေသ အနှံ့ အပြား တွင် ဆူပူ မှုများ ကူးစက် ပျံ့နှံ့ရန် လှုံ့ဆော် လုပ်ဆောင် လာမှု များကို စိတ် မ ချမ်းမြေ့ ဖွယ် တွေ့မြင် နေ ရ ပါ တယ်။ ဒါကြောင့် ဒီ ကိစ္စ များနဲ့ပတ် သက်ပြီး ကျွန်တော်ရဲ့ သဘော ထားနဲ့ အစိုး ရရဲ့ ရပ် တည် ချက် များကို ရှင်းလင်း ပြောကြား သွားမှာ ဖြစ်ပါ တယ်။

ကျွန်တော့် အနေနဲ့ အင် အား သုံးပြီး ပြဿ နာ တွေကို ဖြေရှင်း တာကို မနှစ် မြို့ပါ။ ဒါပေမဲ့ ပြည်သူ လူထု ရဲ့ အသက် အိုးအိမ် စည်းစိမ် လုံခြုံ မှုကို ထိပါး တဲ့လုပ် ရပ် မှန် သမျှ ကိုတော့ လုံးဝ လက် သင့် ခံမှာ မဟုတ် ဘဲ လိုအပ်လျှင် မြို့ပြ အင်အား သုံးပြီး ထိထိ ရောက်ရောက် တားဆီး နှိမ်နင်း သွားရမှာ ဖြစ်ပါ တယ်။ ဒီနေ ရာမှာ တရား ဥပဒေ စိုးမိုး ရေးတွင် အဓိက တာဝန် ရှိနေတဲ့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ ဥပဒေနဲ့အ ညီ ရဲဝံ့ပြတ်သား စွာ ဆောင် ရွက်ကြဖို့ ပြောကြား လိုပါတယ်။

ဒီမို ကရေစီ ရဲ့ ရေသောက် မြစ်လို့ ဆိုရမယ့် တစ်ဦး တစ်ယောက် ချင်းစီရဲ့ လွတ်လပ် ခွင့်ဆိုတာ သူတပါး ကို ထိခိုက်မှု မရှိပဲ လွပ် လပ်ခြင်း ရဲ့ အရ သာကို အားလုံး ခံစား နိုင်ဖို့ ဖြစ်ပါ တယ်။ ကျွန်တော် တို့နိုင်ငံ ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာလည်း မိမိ ယုံကြည် ရာကို လွတ် လပ်စွာ ကိုးကွယ် ပိုင်ခွင့်အား နိုင်ငံသား အခွင့် အရေး အနေနဲ့ အာ မ ခံချက် အပြည့် အဝ ပေးထား ပါတယ်။ ဒီနေ ရာမှာ မွန်မြတ် တဲ့ ကိုးကွယ် ယုံကြည် မှုကို ခုတုံး လုပ်ပြီး အလွဲ သုံးတဲ့ အယူသီး အစွန်း ရောက်လုပ် ရပ်တွေ၊ မတူ ညီတဲ့ ဘာသာ တရားတွေ အကြား အမုန်း တရား တိုးပွားအောင် လုပ်ဆောင် မှုတွေ၊ ကိုယ်ကျိုး စီးပွား နဲ့ယှဉ် တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ် ထုတ် လုပ်ဆောင် လာမှု တွေကို ပပျောက် သွားအောင် ကျွန်တော် တို့ အစိုး ရအနေ နဲ့ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ၊ တည်ဆဲ ဥပဒေ များနဲ့အညီ ထိထိ ရောက် ရောက် အရေး ယူ ဆောင်ရွက် သွားမှာ ဖြစ်တယ် ဆိုတာ သတိ ပေး ပြောကြား လိုပါ တယ်။

ဒီလို ပဋိ ပက္ခတွေ၊ အခက် အခဲ အကျပ် အတည်း တွေဟာ ဒီမို ကရေစီ အသွင် ကူးပြောင်း ရေး ကာ လမှာ မဖြစ် မနေကြုံ တွေ့ရမယ့် စိန်ခေါ် မှုတွေ၊ ပြဿ နာတွေ ထဲက တစ်ခု လို့ ရှုမြင် ရမှာ ဖြစ်ပြီး အားလုံး အတူ ပူးပေါင်း ကျော်လွှား ဖြေရှင်း သွား ရမှာ ဖြစ်ပါတယ်။ ဒီလို ဖြေရှင်း တဲ့ အခါ မှာလည်း နိုင်ငံတည် ဆောက်ရေးမှာ နှစ်ပေါင်း ခြောက်ဆယ် လုံးလုံး ကျွန်တော်တို့ နိုင်ငံကို နောက်ကျ ကျန်စေ ခဲ့တဲ့ မတူ တဲ့ အင်အား စုတွေ အကြား ထိပ်တိုက် ရင် ဆိုင်ပြီး အချင်းချင်း ဖယ်ထုတ် ဖို့ ကြိုးစား ခဲ့တဲ့ အနိုင်-အရှုံး သတ်မှတ် တဲ့ အလေ့ အကျင့် ကို အတိတ် မှာ ချန် ထား ခဲ့ပြီး မ တူ ညီတဲ့ အား တွေကို စုစည်းပြီး အချင်း ချင်း ညှိနှိုင်း ပူးပေါင်း ဆောင် ရွက်ခြင်း နဲ့ အား လုံး အတွက် အကောင်း ဆုံး အဖြေ ကို ရှာတဲ့ ဒီမို ကရေ စီ အလေ့ အကျင့်ကို ကျင့် သုံးခြင်း ကသာ ပေါ်ပေါက် လာတဲ့ အကျပ် အတည်း တွေ ကို ဖြေရှင်း နိုင်ပြီး ဒီမို ကရေစီ အသွင် ကူးပြောင်း ခြင်း ဖြစ် စဉ် ကို ပံ့ပိုး ပေးနိုင် လိမ့် မယ်လို့ ယုံကြည် ထား ပါတယ်။

ယခု မိတ္ထီ လာမှာ ဖြစ် ပျက် ခဲ့ တဲ့ ဖြစ် စဉ်ကို ဖြေ ရှင်း တဲ့နေ ရာမှာ ယခင် ကနဲ့မ တူဘဲ အသိုက် အဝန်း တွေကြား မှာ နားလည် မှုတွေ နဲ့ ယုံကြည် မှုတွေ ပြန်လည် တည်ဆောက် နိုင်ဖို့ အ တွက် အ ရပ် ဘက် လူ့ အဖွဲ့ အစည်း တွေရဲ့ ပူးပေါင်း ပါဝင်မှု၊ ဘာသာ ပေါင်းစုံက ခေါင်း ဆောင် တွေရဲ့ ပူးပေါင်း ဆောင်ရွက် မှု၊ နိုင်ငံ တကာ အဖွဲ့ အစည်း တွေရဲ့ ပူးပေါင်း ကူ ညီမှု၊ မီဒီ ယာ များရဲ့ ပိုမို တာ ဝန် သိသိ၊ တာဝန် ရှိရှိ သတင်း ဖော်ပြမှု၊ ပြည်သူ တွေရဲ့ အသက် အိုးအိမ် စည်း စိမ် လုံခြုံ မှုနဲ့ ပြန်လည် ထူထောင် ရေး လုပ်ငန်း များအတွက် ဘုန်းတော် ကြီးများ အပါ အဝင် လုံခြုံရေး အဖွဲ့ အစည်း များနဲ့ တပ် မတော် တို့ရဲ့ မှန် ကန်တဲ့ အခန်း ကဏ္ဍက ပါဝင် မှုတွေ ကို တွေ့ရှိ ရပါတယ်။ တချို့ ဒေသ တွေမှာ ငြိမ်းငြိမ်း ချမ်းချမ်း နေထိုင် နေကြတဲ့ ပြည်သူ လူထုတွေ အထိတ် တလန့် ဖြစ်အောင်၊ အကြမ်း ဖက်မှု တွေဖြစ် အောင်၊ ကောလာ ဟလ တွေနဲ့ သွေးထိုး လှုံ့ဆော် နေ တာတွေ ရှိပေ မယ့် ဒါတွေ က တ ဆင့် အကြမ်း ဖက်မှု တွေ အဖြစ် ရောက်ရှိ မသွား ရအောင် ဒေသ ဆိုင်ရာ အုပ်ချုပ်ရေး အာဏာ ပိုင်တွေ၊ အရပ် ဘက် လူ့ အဖွဲ့ အစည်း တွေ၊ ရပ်မိ ရပ်ဖ တွေနဲ့ ဘာသာ ရေး ခေါင်းဆောင် တွေ ပူးပေါင်း ကော် မတီ တွေ၊ ဘာသာရေး အဓိ ကရုဏ်း ကာကွယ် တားဆီး ရေး အဖွဲ့တွေ ဖွဲ့စည်းပြီး ကာကွယ် ပေးနေ ကြတာ တွေကို လည်း အပြု သဘောဆောင်သော ဖြစ်ရပ် များ အဖြစ် တွေ့မြင် နေရ ပါတယ်။

ဒါ့အပြင် သွေးထိုး မှုတွေ လှုံ့ဆော် မှု တွေကြောင့် အခြား မြို့ကြီး များကို ပဋိ ပက္ခများ ကူး စက်မယ့် အန္တ ရာယ် ကိုလည်း အရပ် ဘက် လူ့ အဖွဲ့ အစည်းတွေ၊ ရပ်မိ ရပ်ဖ တွေနဲ့ သက် ဆိုင်ရာ အစိုး ရ အဖွဲ့ အစည်း တွေ၊ လုံခြုံရေး အဖွဲ့ အစည်း တွေ အားလုံး ဝိုင်း ဝန်း ကာကွယ် လုပ် ဆောင်နေ ကြ တာကို လည်း တွေ့ရတဲ့ အတွက် ကျေးဇူးတင် ဝမ်းမြောက်မိ ပါတယ်။ မတူညီတဲ့ တိုင်းရင်းသားတွေ၊ လူမျိုးစု တွေနဲ့ မတူ ညီတဲ့ ကိုးကွယ် ယုံကြည် မှုတွေ အကြား အချင်း ချင်း အပြန် အလှန် လေးစားမှု၊ နားလည် မှုရှိတဲ့၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင် တဲ့ နိုင်ငံ တစ်နိုင်ငံ အဖြစ် ကမ္ဘာ ပေါ်မှာ ဂုဏ် သိက္ခာ ရှိရှိ ရပ် တည် နိုင်ဖို့ အတွက် ကြိုးပမ်း နေကြ တယ် ဆို တာ ကိုလည်း သက် သေထူ ရာ ရောက် ပါတယ်။

ကျွန်တော် တို့အစိုးရ အနေနဲ့ အင် အား သုံးဖြေရှင်း ကိုင် တွယ် မှုတွေ ကို တတ်နိုင် သမျှ ထိန်း ထိန်း သိမ်း သိမ်း ဆောင် ရွက် ခဲ့ရတဲ့ အကြောင်း ရင်း ကတော့ မိမိတို့ နိုင်ငံ သားများရဲ့ အရှိန်ယူစ ဒီမို ကရေစီ ကျင့် စဉ်များ စမ်းသပ် ကျင့် သုံးမှု ကို အဟန့် အတား ဖြစ်ပြီး အချိန် မတိုင်မီ ပျက်စီး သွား နိုင်မယ့် အန္တ ရာယ်ကို ရှောင်ရှား လို တဲ့ အ တွက်ကြောင့် ပဲ ဖြစ်ပါ တယ်။ ယခု ကာ လတို အ တွင်း မြေစမ်း ခရမ်း ပျိုးနေ တဲ့ ပြုပြင် ပြောင်းလဲ ရေးများနဲ့ ဒီမို ကရေစီ ရှင်သန် ရေးများကို မဆုံး ရှုံးစေ လိုတဲ့ အတွက် ပဲ ဖြစ်ပါ တယ်။ ဒါပေမဲ့ ကျွန်တော် တို့ ပြည်သူ၊ ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီရဲ့ အသက် အိုးအိမ် စည်းစိမ် ကို ထိပါး လာရင်တော့ ကျွန်တော့် ကို အခြေခံ ဥပဒေ က အပ်နှင်း ထားတဲ့ နိုင်ငံတော် သမ္မ တရဲ့ လုပ်ပိုင် ခွင့်တွေ၊ လုံခြုံရေး အဖွဲ့ အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်း တွေရဲ့ အင် အား ကို အသုံး ပြုပြီး အကာ အကွယ် ပေးသွား ဖို့ ဆုံးဖြတ် ထားပြီး ဖြစ်ပါတယ်။ ပြည် သူ လူထု တစ်ရပ် လုံး ကလည်း မေ တ္တာကို အရင်း ခံ၊ ကိုယ်ချင်း စာ တရားကို လက်ကိုင် ထားပြီး အမြင် ကျယ် ကျယ်၊ သတိ ကြီးကြီးနဲ့ ဝိုင်းဝန်း ကူညီ ပူးပေါင်း ဆောင် ရွက် ကြဖို့ ကျွန်တော် အလေး နက် တိုက်တွန်း မေတ္တာ ရပ်ခံ ပါတယ်။

မြန်မာ နိုင်ငံလို တိုင်း ရင်းသား ပေါင်း စုံနဲ့ လူမျိုး ပေါင်းစုံ၊ ဘာသာ ပေါင်းစုံ နဲ့ ယဉ်ကျေး မှု ပေါင်းစုံ စုစည်း တည်ဆောက် ထားတဲ့ နိုင်ငံတော် တစ်ရပ် အနေ နဲ့ နိုင်ငံ သား အားလုံး ပါဝင်တဲ့ ဒီမို ကရေစီ စနစ် ကသာ လျှင် တည်ငြိမ် အေးချမ်း မှုကို အာမ ခံနိုင် တဲ့ ဒီမို ကရေ စီစ နစ် ဖြစ်လာ မယ် ဆို တာ ကို အား လုံးက အလေး အနက် ခံယူ ထားကြ ရမှာ ဖြစ် ပါတယ်။ မတူ ကွဲပြား မှုတွေ ရှိနေပေ မယ့် လည်း အဆင်ပြေပြေ ယှဉ်တွဲ နေထိုင် နိုင်ဖို့ အတွက် ဒီမို ကရေ စီ နည်းလမ်း ကျကျ၊ ငြိမ်းငြိမ်း ချမ်းချမ်း ကြိုး ပမ်းကြ ရမှာဖြစ် ပါတယ်။ ကျွန်တော် တို့ တွေရဲ့ မတူ ကွဲပြား မှုတွေ ကို ဂုဏ် ယူကြ ရမှာ ဖြစ် သလို တစ်ပြိုင် နက် တည်း မှာပဲ ကွဲပြားတဲ့ အင်အား တွေကို စု စည်းပြီး ပေါင်း စည်း အား အဖြစ် အသုံးပြု နိုင်မယ် ဆိုရင် ကျွန်တော် တို့ လက်တွေ့ ကြုံတွေ့ နေရတဲ့ အခက် အခဲတွေ၊ အနာ ဂတ်မှာ ကြုံတွေ့ ရမယ့် စိန်ခေါ် မှုတွေ ကို ကျော် လွှား သွားနိုင် မယ်လို့ ကျွန်တော့် အနေနဲ့ ရာနှုန်းပြည့် ယုံကြည် ပါတယ်။

ကျွန်တော့် အနေ နဲ့ ပြည် သူ လူ ထု အား လုံး ကို ပြောကြား လိုတာ ကတော့ အခု ချိန်မှာ ကျွန်တော် တို့ မြန်မာ့ လူ အဖွဲ့ အစည်း ကို ပွင့်လင်း လွတ်လပ်တဲ့ လူ့ အဖွဲ့ အစည်း ဖြစ်အောင် ကြိုးစား နေတာ ဖြစ်တဲ့ အတွက် အစိုးရ ကလည်း ဖြစ် စဉ်ဖြစ် ရပ် အမှန် တွေကို အချိန်နဲ့ တစ်ပြေးညီ ပွင့်လင်း မြင်သာ မှုရှိရှိ သတင်း ပေးပြန် ကြား သွားမှာ ဖြစ် သလို ပြည် သူ လူ ထု တစ်ရပ် လုံး အနေ နဲ့ လည်း ကောလာ ဟလ တွေ ရဲ့ အန္တ ရာယ်ကို သတိ ကြီးကြီး၊ ဥာဏ် အမြော် အမြင် ရှိရှိနဲ့ ရင်ဆိုင် တုံ့ပြန် သွားကြရင် ကျွန်တော် တို့အား လုံး ဒီ စိန်ခေါ် မှုတွေ ကို သမိုင်း အစဉ် အလာ အရ သဟ ဇာ တ ရှိ ရှိ နေထိုင် ခဲ့တဲ့ လူ အဖွဲ့ အစည်း တစ် ရပ်ရဲ့ ဂုဏ်သိ က္ခာ နဲ့ အညီ အတူ လက်တွဲ ကျော် လွှား သွားကြ ပါစို့ လို့ တိုက် တွန်း ရင်း နိ ဂုံး ချုပ် ပါ တယ်။

နိုင်ငံတော်သမ္မတရုံးမှ

drmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0tag:blogger.com,1999:blog-2724145099748571414.post-82374738231788325082013-03-01T11:38:00.000+06:302013-03-01T11:38:01.700+06:30စစ်မှန်သည့် ငြိမ်းချမ်းရေးရရန် ခေါင်းဆောင်များ လက်ဆွဲနှုတ်ဆက်ရုံ ညစာစားပွဲများ ကျင်းပနေရုံမျှနှင့် မလုံလောက်ဘူးဆိုသည်ကို နားလည်လက်ခံထားကြောင်း ပြည်သူသို့ ပြောကြားသည့် တတိယအကြိမ်မြောက် ရေဒီယိုမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထည့်သွင်းပြောကြား

၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧည့်ခံပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ရစဉ် (ဓာတ်ပုံ- သမ္မတရုံး ၀က်ဘ်ဆိုက်)

စစ်မှန် သည့် ငြိမ်းချမ်းရေးရရန် ခေါင်းဆောင်များ လက်ဆွဲနှုတ် ဆက်ရုံ ညစာစားပွဲများ ကျင်းပနေရုံ မျှနှင့် မလုံလောက်ဘူး ဆိုသည်ကို နားလည် လက်ခံ ထားကြောင်းနှင့် ယင်းသို့ အစပြု တွေ့ဆုံ မှုများမှ တစ်ဆင့် ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မများ ရယူပြီး ရေရှည်ခိုင်မာသည့် ငြိမ်းချမ်းရေး တည်ဆောက် ဖို့ အခြေခံအုတ်မြစ်များ တည်ဆောက်ရမှာ ဖြစ်သည်ဟု မတ်လ ၁ ရက် နံနက် ၇ နာရီက ပြည်သူ သို့ ပြောကြားသည့် တတိယအကြိမ်မြောက် ရေဒီယို မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၆၆ နှစ်၊ ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် အခက်အခဲများကြားက ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြခြင်းဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ အခမ်းအနားတွင်လည်း အမျိုးသား စည်းလုံးညီညွတ်ရေးကို ပြန်လည်တည်ဆောက်နိုင်မည့် အလားအလာများကို မြင်တွေ့ခဲ့ကြရ ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောသည်။

ထို့ပြင် နိုင်ငံတော်သမ္မတက “ယခင်ကာလများက အကြောင်းအမျိုးမျိုး အခက်အခဲ အမျိုးမျိုးနဲ့ သဘောထားကွဲလွဲမှု အမျိုးမျိုးတွေကြောင့် စားပွဲတစ်ဝိုင်းတည်း အတူ ထိုင်ဖို့ အခြေအနေ မပေးနိုင်ခဲ့ကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသား ပါတီများနဲ့ အဖွဲ့အစည်းများ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်များမှ ဥက္ကဌများ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များနှင့်အတူ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များလည်းအတူ တစ်ကွမျက်နှာစုံညီ ထူးခြားစွာ တက်ရောက်နိုင်ခဲ့တဲ့ အခမ်းအနားလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယင်းသို့ ပြည်ထောင်စုနေ့ အခမ်းအနားအား ထူးခြားစွာ ကျင်းပနိုင်ရေးအတွက် နှစ်ပေါင်းများစွာ စောင့်စားခဲ့ရပြီး ပေးဆပ်မှု အလွန်များပြားခဲ့ရကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နေသည့် ခေါင်းဆောင်များအကြား နားလည်ယုံကြည်မှု ပိုမိုခိုင်မာစေခဲ့ကြောင်းနှင့် ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့ခေါင်းဆောင်များ အခက်အခဲ အမျိုးမျိုးကြောင့် တက်ရောက်လာနိုင်ခြင်း မရှိသည်ကိုလည်း နားလည်ပေးရမှာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာသည့် ငြိမ်းချမ်းရေး အဖွဲ့ အစည်း များမှ ခေါင်းဆောင်များနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အား တွေ့ရစဉ် (ဓာတ်ပုံ- သမ္မတရုံး ၀က်ဘ် ဆိုက်)

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များ ဆွေးနွေးနိုင်ခဲ့ခြင်း ကလည်း ဗိုလ်ချုပ်အောင်ဆန်းအတွက် မြန်မာပြည်သူများက ပေးနိုင်မည့် အကောင်းဆုံး လက်ဆောင်တစ်ခု ဖြစ်သည်ဟုလည်း နိုင်ငံတော်သမ္မတက ဆိုသည်။

ဖေဖေါ်ဝါရီ (၄) ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေလီငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရလဒ်များနှင့် ပတ်သက်သည့် ကေအိုင်အို၏ ထုတ်ပြန်ချက် များမှာလည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများ တန်းတူရည်တူ ရှိမှုနဲ့ ကိုယ်ပိုင်အခွင့်အရေး ရပိုင်ခွင့် စတဲ့ စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံအဖြေ ရှာမယ်ဆိုတဲ့ သဘောထား ရပ်တည်ချက်များကို တွေ့ရတဲ့အတွက်လည်း များစွာ ၀မ်းမြောက်မိကြောင်းနှင့် လုံခြုံရေး အခြေအနေ ပိုမိုကောင်းမွန် လာတာနဲ့အမျှ ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေမှာ အရေးတကြီး လိုအပ်နေတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီများကိုလည်း စတင်ပို့နိုင်ပြီ ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောသည်။

မကြာမီကာလ အတွင်းမှာ KIO/KIA အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ စတင်နိုင်တော့မည် ဖြစ်ကြောင်းနှင့် နိုင်ငံရေးဆွေးနွေးမှုများမှ အမျိုးသား အဆင့် တွေ့ဆုံဆွေးနွေးပွဲအထိ တက်လှမ်းနိုင်ဖို့အတွက် အတူတကွ ပူးပေါင်းဆောင် ရွက်သွား ရမှာ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်ဟာ အခြားနိုင်ငံများ၏ အကြံများနှင့် မတူဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၅ ဖွဲ့လောက်နဲ့ တပြိုင်တည်း ညှိနှိုင်းနေရတာ ဖြစ်တဲ့အတွက် စိန်ခေါ်မှုတွေဟ ပိုမိုကြီးမားတယ်ဆိုတဲ့ အမှန်တရားကို ရိုးသားစွာ လက်ခံထားရမှာ ဖြစ်ပါတယ်” ဟု လည်း နိုင်ငံတော် သမ္မတက ပြောသည်။

နိုင်ငံတော်သမ္မတက “ဖေဖေါ်ဝါရီလ (၇) ရက်က အစိုးရ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများက ကိုယ်စားလှယ်များ ပါဝင်တဲ့ လက်ကျန် အကျဉ်းသား စီစစ်ရေး ကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်သွားမည်ဟုလည်း သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင်ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများကို အခြေခံပြီး တိုးချဲ့ပေးနိုင်မည့် မိုလ်ဘိုင်းဖုန်း အရေအတွက်ကို သက်သာတဲ့ ဈေးနှုန်းတစ်ရပ်နဲ့ လာမည့် ဧပြီလအတွင်းမှာ ရောင်းချပေးနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဆက်သွယ်ေရေး ကဏ္ဍကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အစီအမံများ ထားရှိပြီး တစ်စိုက်မတ်မတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ၎င်းစီမံကိန်းများသည် လာမည့် တစ်နှစ်၊ နှစ်နှစ် အတွင်း အကောင်အထည် ပေါ်လာမှာဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပြည်သူများ၏ လူမှုစီးပွား ဘ၀တွေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သိမ်းရေး ကြွေးမြီကိစ္စများ အပြီးသတ် ရှင်းလင်းနိုင်ရေး စသည့်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် လိုအပ်တဲ့ အကူအညီများ ရရှိရေးအတွက် ဥရောပနိုင်ငံများကို သွားရောက်နေခြင်း ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောသည်။

ခေတ်မီပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အောင်မြင်စေရန် ပြည်တွင်းအင်အားသည် အဓိကကျသော်လည်း နိုင်ငံများသည် မိမိတစ်ဦးတည်း ရပ်တည်ဖို့ မဖြစ်နိုင်သည့် အတွက် မြန်မာနိုင်ငံ အနေဖြင့်လည်း ခေတ်မီတဲ့ နိုင်ငံတကာ ဆက်ဆံရေး ပုံစံတစ်ရပ်ကို ပုံဖော်နိုင်ဖို့ ကြိုးပမ်းလျက် ရှိသည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

လူငယ်များအား အလုပ်အကိုင် ရရှိရေး ကြိုးပမ်းဆောင်ရွက်နေပြီး လူမှုနိုင်ငံရေး ဘ၀များဟာ ကိန်းသေသဘောမျိုး မဟုတ်ဘဲ ကိန်းရှင်သဘောမျိုး လိုက်ပါပြောင်းလဲသွားရမှာ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက် နှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တို့တွင် ပြည်သူများသို့ ရေဒီယိုမိန့်ခွန်း ပြောကြားခဲ့ပြီး လက်ရှိအချိန်တွင် နော်ဝေနိုင်ငံသို့ ရောက်ရှိနေကာ ထိုမှတစ်ဆင့် ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံများသို့ ဆက်လက်သွားရောက်မည် ဖြစ်ကြာင်း သိရသည်။

Eleven

drmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0tag:blogger.com,1999:blog-2724145099748571414.post-78245272185694889042013-03-01T09:06:00.001+06:302013-03-01T09:06:14.257+06:30မိုဘိုင်းဖုန်းများကို လာမည့်ဧပြီလအတွင်း သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြား

ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက် လို့လည်း မိမိတို့အစိုးရအဖွဲ့ တာဝန်ယူချိန် ကစပြီး နည်း လမ်း မျိုးစုံနဲ့ ကြိုးပမ်းဆောင် ရွက်နေ တာကို မိဘ ပြည်သူများ သိရှိကြပြီး ဖြစ်ပါတယ်။

မကြာခင် ကာလမှာ လက်ရှိ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများကို အခြေခံပြီး တိုးချဲ့ပေးနိုင်မယ့် မိုလ်ဘိုင်း ဖုန်းအရေအတွက်ကို သက်သာတဲ့ ဈေးနှုန်းတစ်ရပ်နဲ့ လာမည့် ဧပြီလအတွင်းမှာ ရောင်းချ ပေးနိုင် အောင် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်။

ယခုကဲ့သို့ အတိုအစီအစဉ်များကို ဆောင်ရွက်နေ တဲ့ နည်းတူ များမကြာခင် ကာလမှာလည်း ဆက်သွယ်ရေး ကဏ္ဍကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အစီအမံများ ထားရှိပြီး တစ်စိုက် မတ်မတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေဟာ လာမည့် တစ်နှစ်၊ နှစ်နှစ်အတွင်း အကောင် အထည်ပေါ်လာမှာ ဖြစ်ပါတယ်။

(နိုင်ငံတော်သမ္မတကြီး၏ မတ်လ ၁ ရက်နေ့ ရေဒီယိုမိန့်ခွန်းမှ)

drmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0tag:blogger.com,1999:blog-2724145099748571414.post-43805170675746346052013-02-01T16:02:00.000+06:302013-02-01T16:02:15.149+06:30သမ္မတ ဦးသိန်းစိန်ရဲ့ ရေဒီယို မိန့်ခွန်း အပြည့်အစုံ

By အိမ့်သံစဉ်

သမ္မတ ဦးသိန်းစိန်ဟာ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီက ပြောကြား တဲ့ ရေဒီယို မိန့်ခွန်းဖြစ်ပါတယ်။ အပြည့်အစုံကို ပြန်ကြားရေး ၀န်ကြီးဌာန စာမျက်နှာကနေ ပြန်လည် ကူးယူပြီး ဖော်ပြပေးလိုက်ပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီ အစဉ်များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း

(၁ – ၂ – ၂၀၁၃)

မိဘပြည်သူများခင်ဗျား-

နှစ်သစ်ကူးမိန့်ခွန်းမှာ ရေဒီယိုကနေတစ်ဆင့် ကျွန်တော်တို့အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက်များကို အခါ အခွင့် သင့်တိုင်းဆက်သွယ် ပြောကြားသွားမယ်လို့ ပြောကြားခဲ့တဲ့ အတိုင်း ယခုလို ဆက် သွယ် ပြောကြား ခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့အခုရောက်နေတဲ့ နေရာကနေ ပြန်လှည့်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အစိုးရသက်တမ်း နှစ်နှစ် အတွင်းမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေများစွာ ပြုလုပ်နိုင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနိုင် ငံရေး ပြုပြင်ပြောင်းလဲမှုတွေကတစ်ဆင့် အောက်ခြေအဆင့် ပြည်သူလူထုအားလုံးအထိ သက်ရောက်မှု ရှိစေ မယ့် ပြည်သူ့ဗဟိုပြု စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အ ထည်ဖော် ဆောင်ရွက် လျက်ရှိ ပါတယ်။

၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့အတွက် အရေးကြီးတဲ့ အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး သမိုင်းဝင်နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ ၂ဝ၁၃ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ ဟာလည်း နိုင်ငံတကာချေးငွေများလျှော့ချနိုင်မှုနှင့် တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံစီးပွားရေးသမိုင်းမှာ အရေးပါတဲ့ နေ့တစ်နေ့အဖြစ် မှတ်တမ်းတင် ကျန်ရစ်နေမှာဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာငွေကြေးဈေးကွက်များနှင့် စီးပွားရေး အသိုက်အဝန်းထဲကို ပြန်လည် ဝင်ရောက် နိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းသစ်တစ်ခုကို စတင်နိုင်ခဲ့ လို့ပဲဖြစ် ပါတယ်။

လက်ရှိ ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံများဟာ တစ်ချိန်က ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကဲ့သို့ နိုင်ငံတကာ ဘဏ်များ၊ အဖွဲ့များမှ ငွေကြေးအကူအညီရယူခဲ့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတိုင်းနီး ပါး ဟာ သန်းထောင် ပေါင်းများစွာသော ငွေကြေးအကူအညီကို ရယူခဲ့ရပါတယ်။

တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ ကဲ့သို့ နိုင်ငံကြီးများ၊ တောင်ကိုရီးယားနိုင်ငံ၊ အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံ တို့ဟာလည်း ငွေကြေးအကူအညီများကို ရယူခဲ့ရပါတယ်။

အထီးကျန်ဆန်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ဒီလို အကူအညီတွေမရနိုင်သလို ရှေ့ကိုတိုးတက်ဖို့လည်း အလွန် ခက်ခဲမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံ ဟာ (၁ဝ)စုနှစ်များစွာ စီးပွားရေးပိတ်ဆို့ မှုတွေကြောင့် နိုင်ငံတ ကာချေးငွေ အကူအညီများ ရယူ နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ယခုအခါမှာ ကျွန်တော်တို့နဲ့ ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင် ဖော်ဆောင်နေ တဲ့ ပြုပြင်ပြောင်း လဲရေး ကြိုး ပမ်း အားထုတ် မှုတွေကြောင့် အခြေအနေတွေကို ပြောင်းလဲ နိုင်ခဲ့ပြီဖြစ် ပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးတိုးတက်မှု ဘဏ်အ ပါအဝင် နိုင်ငံတကာ ချေးငွေအကူအညီအတွက် အရေးကြီးတဲ့ နိုင်ငံကြီးများနှင့်လည်း ညှိနှိုင်းမှု များကို အောင်မြင် စွာ ဆောင်ရွက် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ခေတ်အ ဆက်ဆက်က တင်ကျန်ခဲ့တဲ့ နိုင်ငံတတကာကြွေးမြီများထဲမှ ဒေါ်လာ သန်းပေါင်း ခြောက်

ထောင် ကျော် ကို လည်း ဖြေလျော့နိုင်အောင် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပြီဆိုတဲ့ သတင်း ကောင်း ကို လည်းပြောကြား လိုပါတယ်။ ယခုလို အရေးကြီးတဲ့အချိန်အခါမှာ မိတ်ဆွေကောင်း ဖြစ်ကြောင်း ပြသ ခဲ့တဲ့ နော်ဝေနိုင်ငံနဲ့ ဂျပန်နိုင်ငံအပါအဝင် ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံများရဲ့ အကူ အညီ များကို ပြန် လည်ရရှိ နိုင်ပြီဖြစ်ပါတယ်။

ဒီလိုရရှိနိုင်မယ့် သန်းပေါင်းများစွာသော ရန်ပုံငွေတွေကို ကမ္ဘာ့နိုင်ငံများအလယ်မှာ တာဝန်သိတဲ့၊ ဂုဏ် သိက္ခာ ရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့၊ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် ဆင်းရဲ နွမ်းပါး မှု လျှော့ချ ဖို့၊ အရေးကြီးတဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ လမ်းတံတားတွေ ဆောက်ဖို့၊ လျှပ်စစ် ဓာတ်အားတွေ ထုတ်လုပ်ဖို့နဲ့ ရေကောင်းရေသန့်တွေ ရရှိနိုင်ဖို့ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။

ယခုလိုဆောင်ရွက်ခဲ့ မှုများဟာ ပထမအကြိမ်ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကျွန်တော် ပြောကြား ခဲ့သည့် အဆင်းရဲဆုံးLDC နိုင်ငံများစာရင်းမှ ရုန်ထွက်နိုင်အောင် ဆောင်ရွက် မည်ဆို တဲ့ ကိစ္စ ရပ်နှင့် ပတ်သက်၍ ပထမခြေလှမ်းအဖြစ် ရရှိနေပြီဖြစ်တဲ့တိုးတက်မှုဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ ရရှိလာမယ့် နိုင်ငံတကာ ချေးငွေ အကူအညီတွေကို ပြည်သူ့အ ကျိုး စီးပွား အတွက် ပွင့်လင်းမြင်သာမှုရှိရှိ အသုံးပြုသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ မြန်မာနိုင်ငံ စီး ပွားရေး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဦးမော့လာစေဖို့နဲ့ ဆင်းရဲမှုလျှော့ချရေးတွေမှာ အလွန်အရေးပါတဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများကိုလည်းအားပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အသေးစားနဲ့ အလတ် စား စက်မှုလုပ်ငန်းများကို မြေတောင် မြှောက်ပေးနိုင်ဖို့အတွက် အသေးစားနဲ့ အလတ်စား စက်မှု လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီတို့ကိုလည်း ဖွဲ့စည်း ခဲ့ပါတယ်။

အသေး စားနဲ့ အလတ်စားလုပ်ငန်းများအတွက် လိုအပ်မယ့်နည်းပညာ၊ အရင်းအနှီး၊ အကြံ ဉာဏ်တွေကို နိုင်ငံ တကာက လုပ်ငန်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်မှုများ စတင်နေပြီဖြစ်ပါတယ်။ ယခုလည်း လိုအပ် သော ချေးငွေ များကို အသေးစား၊ အလတ်စား စက်မှုဖွံ့ဖြိုးရေးဘဏ်မှ စတင်ထုတ်ချေးမှုများ ပြု လုပ်ပေး နေပြီဖြစ် ပါ တယ်။

တစ်စတစ်စပိုပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက် သွားမှာဖြစ် ပါတယ်။ ထိုအ တူမွေးမြူရေး ကဏ္ဍဍဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ငွေကြေးနှင့် လိုအပ်သော အထောက် အပံ့များ ရရှိစေ ရန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၁၉-၁-၂ဝ၁၃ ရက်နေ့မှာ နိုင်ငံတကာအဖွဲ့အစည်းများ၊နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြီး အစိုးရအဖွဲ့နဲ့အတူပြည်တွင်းပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များပါဝင်တဲ့ ပထမ အကြိမ်မြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ကျင်းပနိုင်ခဲ့ပြီးစီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်နဲ့ ပတ်သက်လို့ ဝိုင်းဝန်းဆွေးနွေးအကြံဉာဏ်များ ရယူနိုင်ခဲ့ပါတယ်။

ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးထိရောက်ဖို့အတွက် နေပြည်တော် သဘောတူညီချက်ကိုလည်း သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ကျွန်တော်တို့အစိုးရအနေနဲ့ ဆင်းရဲမှုလျှော့ချရေးနဲ့ပတ်သက်လို့ အကောင်အထည်ဖော်နေတဲ့ ကိစ္စတွေ လည်းရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ ပြည်သူအများစုဟာ စားဝတ်နေရေးအတွက် တစ် ဘဝလုံး ပင်ပန်ကြီးစွာ ရုန်းကန်ဆောင်ရွက်ကြရပါတယ်။

ဒါပေမယ့် မိမိနဲ့ မိမိရဲ့ မိသားစုကို နွေးထွေး လုံခြုံ စေမယ့် ကိုယ်ပိုင်အိတ်တစ်လုံးကိုယ်တောင်မှ မပိုင်ဆိုင် နိုင်ဘဲ ချို့တဲ့စွာ နေထိုင်ရတဲ့ အခြေ အနေမျိုး တွေရှိ ပါတယ်။ ဒီလိုအိမ်ပိုင်ယာပိုင်မရှိတဲ့ အခြေ အနေမျိုးတွေကို လွန်မြောက်စေဖို့အတွက် တန်းဖိုးနည်း အိမ်ရာ စီမံကိန်း များကိုလည်း ရန်ကုန်မြို့တစ်ဝိုက်မှာ စတင်စီမံဆောင်ရွက်နေပြီဖြစ်ပါတယ်။ တခြား ပြည်နယ်နဲ့ တခြား မြို့နယ်များမှာလည်း တန်းဖိုးနည်း အိမ်ရာမျာကို ဆက်လက်ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ အဓိကလုပ် သားအင်အား အများစုဖြစ်တဲ့ တောင်သူ လယ်သမား များကိုလည်း အမတော်ကြေး စိုက်ပျိုးစရိတ် လယ်တစ်ဧက ကို ကျပ် ၈ဝဝဝဝ ကနေ ကျပ် ၁ဝဝဝဝဝ နှုန်းအထိ တိုးမြှင့်ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ယာတစ်ဧက ကိုလည်း ကျပ် ၁ဝဝဝဝ ကနေ ကျပ် ၂ဝဝဝဝ နှုန်းအထိ တိုးမြှင့်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီလိုတိုးမြှင့်ပေးနိုင်ခဲ့ပေမယ့်လည်း အမှန် တကယ် လိုအပ်မည့် စိုက်ပျိုး စရိတ်အ တွက် ပြည့်မီနိုင်ခြင်းမရှိတာကိုသတိပြုမိပါတယ်။ တည်ဆဲဥပဒေများအရ လယ်ယာ မြေပိုင် ဆိုင်ခွင့်များကို ခွင့်ပြုထားပြီဖြစ်တဲ့ အလျှောက်မိမိတို့ရဲ့လယ်ယာမြေများကို အာမခံထား၍ လိုအပ်တဲ့ စိုက်ပျိုး စရိတ်အရင်း အနှီးများချေးယူစုဆောင်းနိုင်တဲ့ အခွင့်အလမ်းများ ရရှိစေရန် လယ်ယာမြေ ပိုင်ဆိုင်မှု မှတ်ပုံတင် လုပ်ငန်းကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။

လယ်ယာမြေလုပ်ကိုင်သူ လယ်သမားထုကြီးကို မိမိအနေနဲ့ တိုက်တွန်းလိုတာကတော့ လည်း ပွင့်လင်း လွတ်လပ်လာတဲ့ ဈေးကွက်နှင့် လိုက်လျောညီထွေရှိမည့် ငွေကြေးစီမံခန့်ခွဲမှု နည်းလမ်းသစ်များနှင့် အခွင့် အလမ်းတွေကို အမိအရဆုပ်ကိုင်ကြိုးပမ်း လုပ်ကိုင်ကြရန် ဖြစ်ပါတယ်။မိမိတို့၏ အဓိက ကုန်ထုတ် အရင်း အနှီး ဖြစ်တဲ့လယ်ယာမြေများ တန်ဖိုးမြင့်တက်လာရန်လည်း မိမိတို့၏ လယ်မြေများကို

ပြုပြင်ကြစေလိုပါတယ်။ ရေတိုစီမံခန့်ခွဲမှုများဖြင့် မိမိတို့၏ ကုန်ထုတ်အရင်းအနှီးဖြစ်တဲ့ လယ်မြေများ ဆုံးရှုံးမှု မရှိရန်ကိုလည်း သတိပြုဆောင်ရွက်ကြရန် တိုက်တွန်းလိုပါတယ်။ တစ်ဆက် တည်းမှာပင် လယ်ယာ ကဏ္ဍဍကို ဈေးကွက်စီးပွားရေးစနစ် နှင့်အညီ တိုးတက်စေမယ့် ခေတ်မီ လယ်ယာ စိုက်ပျိုးရေး စနစ်သို့ တက်လှမ်းနိုင်ရန် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

ယခုနိုင်ငံရေးဖြစ်ထွန်းမှုဟာ အစိုးရ၊ လွှတ်တော် ၊ တက်မတော်၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ပြည်သူ လူထုအားလုံးက ကဏ္ဍဍ အသီးသီးကနေ အားလုံးပူးပေါင်းဆောင်ရွက်မှုတွေကြောင့်ဆိုတာ ငြင်းလို့ မရပါဘူး။ ဒီမိုကရေစီ ဆိုတာ ဟာ ရွေးကောက်ပွဲတွေ ကျင်းပရုံနဲ့ မလုံလောက်ပါဘူး။

အသိ အမြင်ကြွယ်ဝတဲ့ ပြည်သူ လူထုတစ်ရပ်လုံးက ပြည်သူတို့ဘဝအတွက် ရွေးချယ်မှုတွေကို ဖိနှိပ်မှု၊ ချုပ်ချယ်မှု တွေမရှိဘဲ ဆုံးဖြတ် နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သိပ်သည်းကျစ်လျစ်၍ စည်းကမ်းရှိတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ပေါ်ပေါက် လာဖို့လည်း အလွန်အရေးကြီး ပါတယ်။

ကျွန်တော်တို့ အစိုးရရဲ့ ရည်မှန်းချက်ကတော့ ခေတ်အဆက်ဆက်မှာအရေးပါတဲ့ အခန်းကဏ္ဍဍမှာရှိခဲ့တဲ့ အရပ်ဘက် လူအဖွဲ့အစည်းတွေ အားကောင်းလာဖို့က နိုင်ငံသား တစ်ဦးချင်းစီမှာပဲ လည်း တာဝန်ရှိ ပါတယ်။ ကျွန်တော်အနေနဲ့အားလုံး ပူးပေါင်းပါဝင်တဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်တစ်ခု စနစ်တကျ ဖြစ်ပေါ် လာစေ ဖို့အတွက် ၂ဝ-၁-၂ဝ၁၃ ရက်နေ့က လူထုအခြေပြု အရပ်ဘက်လူ့အဖွဲ့အစည်း များနဲ့ ရန်ကုန် တိုင်း ဒေသကြီး လွှတ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

၂၇-၁-၂ဝ၁၃ ရက်နေ့ကလည်းသက်ဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့ အစည်းများနှင့ ကျွန်တော်တို့အစိုးရအဖွဲ့မှ သက်ဆိုင်ရာဝန်ကြီးများနှင့် လည်း စားပွဲဝိုင်း ဆွေးနွေး မှုများကို စတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံ မှုတွေကနေအစပြုပြီး ပြည်ထောင်စုအဆင့် ၊ ပြည်နယ်၊ တိုင်းဒေ သကြီး အဆင့်ကစလို့ အစိုးရယန္တရား အဆင့် ဆင့်မှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ပြည်သူ လူထုတွေ ပါဝင်တဲ့ အုပ်ချုပ်မှုဖြစ်စဉ်ကို အကောင် အထည်ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။

တစ်ဆက်တည်းမှာပင် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး များ အောင်မြင် စေဖို့ အတွက် နိုင်ငံရေးတည်ငြိမ်မှု၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်မှု တို့ကို လည်း အလေးထားဆောင်ရွက်ရမယ့် အချိန်ကာလလည်းဖြစ်ပါတယ်။

ယခုဖြစ်ပွား နေတဲ့ ပဋိပက္ခဖြစ်ပွားရာဒေသများက ပြည်သူအများစု ခံစားနေရတဲ့ စိတ်ဒဏ်ရာ နာကျင်မှုတွေ ဟာလည်း မိမိတို့ လူ့အဖွဲ့အစည်းရဲ့ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပါတယ်။ မိမိတို့အစိုးရအနေနဲ့ ပဋိပက္ခဖြစ်ပွား ရာ ဒေသတွေက တိုင်းရင်းသား ညီအစ်ကိုများအားလုံးအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူ အညီတွေ ထိရောက်စွာပေးနိုင်ဖို့ အသင့်ပြင်ဆင်လုပ်ကိုင်လျက်ရှိပါတယ်။

သင့်တော်သော နိုင်ငံတကာအဖွဲ့ အစည်းများ နှင့်လည်း ဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ဖက်မှာ လည်း ဆုံးရှုံးနစ်နာမှုများ ရပ်ဆိုင်း နိုင်ဖို့နဲ့ အများပြည်သူ လိုလားတောင့်တနေကြတဲ့ စစ်မှန် သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မိမိတို့ အားလုံး စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာ ရမယ့် အချိန်အခါကို ကျရောက်နေပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် သက်ဆိုင်တဲ့ လူ့အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များအားလုံး စားပွဲဝိုင်း သို့ လာရောက်ပြီး ဆွေးနွေး ညှိနှိုင်းကြရန် ကျွန်တော့်အနေနဲ့ အလေးအနက် တိုက်တွန်းအပ်ပါတယ်။

မိမိတို့ ကြိုးပမ်း တည်ဆောက် လျက်ရှိတဲ့ငြိမ်းချမ်းရေး တည်ဆောက်မှုဟာ သိမ်မွေ့စွာ ကိုင်တွယ်ရမယ့်၊ ထိလွယ် ရှလွယ် အဆင့်ကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် တိုက်ရိုက်ပါဝင်ကြိုးပမ်းလုပ်ဆောင်နေ သူများ နဲ့ ပြည်သူ လူထု တစ်ရပ်လုံး အနေနဲ့ တညီ တညွတ်တည်းသဘောထားကြီးကြီးနဲ့ ရုန်ကန်လုပ်ကိုင်မှသာ ဒီအ ကျပ် အတည်းကို ကျော်လွှားအောင် မြင်နိုင်မှာ ဖြစ်ကြောင်းကိုလည်း ကျွန်တော့် အနေနဲ့ အလေး အနက် ပြောကြား လိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်တော်ပြောချင်တာကတော့ ယခုအချိန်အခါဟာ ကျွန်တော်တို့ နိုင်ငံအတွက် အခက် အခဲတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ နှစ်ပေါင်း ခြောက်ဆယ်ကျော် ကာလ အတွင်းမှာ မရဖူးသေတဲ့ အခွင့်အလမ်းတွေကိုလည်း ရရှိနေပါတယ်။ ပြည်သူ တစ်ရပ်လုံးဟာ ကျွန်တော်တို့နဲ့ အတူ ဒီအခက်အခဲတွေကို ဝိုင်းဝန်ကျော်ဖြတ်ကြဖို့ တိုက်တွန်း ပြောကြားချင်ပါတယ်။

မကြာ ခင်မှာ ကျရောက်တော့မယ့် (၆၆)နှစ်မြောက် မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုနေ့မှာ ကျွန်တော်တို့ တစ်မျိုး သားလုံး စုစည်းခဲ့တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ပြန်လည်းနှိုးဆွပြီး ပြည်သူတစ်ဦးချင်းစီ အနေနဲ့ နိုင်ငံ တည်ဆောက် ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းရင်းနိဂုံးချုပ်အပ်တယ်။

မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံနိုင်ကြပါစေ။—

( အင်တာနက်မှ ကူးယူ ဖေါ်ပြသည်။)

drmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0tag:blogger.com,1999:blog-2724145099748571414.post-69719495127558734932013-01-04T20:15:00.001+06:302013-01-04T20:15:17.400+06:30ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ (၆၅) နှစ်မြောက် လွတ်လပ် ရေးနေ့ အခမ်းနားသို့ ပေးပို့သော သဝဏ်လွှာ

From : သမ္မတရုံး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းနားသို့ ပေးပို့သော သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

ယနေ့အခါ သမယသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေး ပါသော (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယ ဖြစ်ပါသည်။ ဤနေ့ထူးနြေ့မတ် အခါသမယ တွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျက်ရှိကြသော တိုင်းရင်းသား ပြည်သူအပေါင်း ကောင်းကျိုး မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေဟု ချစ်ကြည်ရင်းနှီးစွာ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်း ဆက်သ လိုက်ပါသည်။

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်းတို့သည် ရှေးအစဉ် အဆက် ကတည်းက ကိုယ့်ထီးကိုယ့်နန်းဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ရပ်တည်ခဲ့ပါသည်။ ကိုယ်ပိုင် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို လေးစားလိုက်နာကာ အချင်းချင်း ရိုင်းပင်းကူညီပြီး ချစ်ခင်ရင်းနှီးစွာ နေထိုင်ခဲ့ သူများ ဖြစ်ပါသည်။ သို့သော် ၁၉ ရာစုနှောင်းပိုင်းတွင် ကိုလိုနီနယ်ချဲ့တို့၏ မတရား ကျူးကျော်နယ်ချဲ့မှုကြောင့် မြန်မာ့ရေမြေနှင့် အချုပ်အခြာအာဏာသည် ဆုံးရှုံးခဲ့ရပါသည်။ ပြည်ထောင်စု ဖွားတိုင်းရင်းသား အသီးသီးတို့က မိမိတို့ဒေသအလိုက် ရရာလက်နက်များ စွဲကိုင်၍ နယ်ချဲ့တို့ကို တွန်းလှန် ခဲ့ကြသော်လည်း အင်အားချင်းမမျှ၍ သူ့ကျွန်ဘဝရောက်ခဲ့ရခြင်း ဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

နယ်ချဲ့ တို့က မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် မြန်မာ့မြေပေါ်မြေအောက် သယံဇာတပစ္စည်းများကို နည်းအ မျိုးမျိုးဖြင့် သိမ်းပိုက်ခဲ့ကြပါသည်။ မြန်မာလူမျိုးတို့၏ ဘာသာတရား၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ကိုယ်ပိုင် စာပေနှင့် ဘာသာစကားများကို ပျက်ြပားအောင် စနစ်တကျ စီမံလုပ်ဆောင်ခဲ့ပါသည်။ ထို့ပြင် တိုင်းရင်း သားအချင်းချင်း သွေးစည်းချစ်ခင် ညီညွတ်မှုပျက်ပြားအောင် တောင်ပေါ်နှင့် မြေပြန့်ဟူ၍ ခွဲခြားအုပ် ချုပ်ခဲ့ပြီး တိုင်းရင်းသားအချင်းချင်း သံသယဖြစ်အောင် ဖန်တီးခဲ့ပါသည်။ ကျွန်သက် ရှည်စေရန် အတွက် ကျွန်ပညာရေးစနစ်ကိုလည်း ဖန်တီးခဲ့သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ခေတ်ပညာတတ် မျိုးချစ်လူငယ်များသည် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နယ်ချဲ့ကို တွန်းလှန်ခဲ့ကြပါသည်။

ကိုလိုနီနယ်ချဲ့တိုကို တွန်းလှန်နိုင်ခဲ့သော်လည်း ဖက်ဆစ်ဂျပန်တို့၏ နှိပ်စက်ညှဉ်းပန်းမှုကို ပြည်သူတို့ ခါးစည်းခံခဲ့ရပြန်သည်။ ထိုအခါ တပ်မတော်နှင့် ပြည်သူသည် ဖက်ဆစ်တို့ကို မြန်မာ့မြေမှ မောင်းထုတ်ခဲ့ရပါသည်။ ဖက်ဆစ်တို့ကို မြန်မာ့မြေမှ မောင်းထုတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ နယ်ချဲ့အစိုးရ ပြန်လည်ဝင်ရောက် လာသောအခါတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများသည် မြန်မာ့လွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့ ကြရပါသည်။ လွတ်လပ်ရေးကို တိုင်းရင်း သားပြည် သူအားလုံး အပြည့်အဝ ရရှိခံစားနိုင်ရေအတွက် တောင်ပေါ် မြေပြန့် မခွဲခြားဘဲ တိုင်းရင်းသားအားလုံး စည်းလုံး ညီညွတ်စွာ တိုက်ပွဲဝင်ခဲ့ကြပါသည်။

ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

နိုင်ငံ့ခေါင်းဆောင်ကြီးများနှင့် တိုင်းရင်းသားပြည်သူအပေါင်းတို့၏ ကာယ၊ ဉာဏ စုပေါင်းအားအပြင် အသက်၊ သွေး၊ ချွေးတို့ကိုရင်း၍ ဆောင်ရွက်ခဲ့ကြသည့် အတွက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ် လပ်သော၊ အချုပ်အခြာ အာဏာပိုင်သော နိုင်ငံတော်ကြီးအဖြစ်သို့ ရောက်ရှိခဲ့ ပါသည်။ ယခု ၂ဝ၁၃ ခုနှစ်ဆို လျင် (၆၅) နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။ မြန်မာ့လွတ်လပ်ရေးသည် တိုင်းရင်းသားညီအစ်ကို အပေါင်းနှင့် ဘိုးဘွား တို့၏ အသက်ပေါင်း များစွာဖြင့် လဲလှယ် ခဲ့ရပါသည်။ ထို့ကြောင့် မြန်မာ့လွတ်လပ်ရေးကြီး သားစဉ်မြေး ဆက် ထာဝစဉ် တည်တံ့ခိုင်မြဲစေရန်မှာ ယနေ့နှင့် အနာဂတ် တိုင်းရင်းသား ပြည်သူများ၏ တာဝန်ဖြစ်ပေ သည်။

လွတ်လပ်ရေးသည် တိုင်းပြည်တစ်ပြည်၏ အသည်းနှလုံးဖြစ်ပါသည်။ လွတ်လပ်သော တိုင်းပြည်ဖြစ်မှသာ အေးချမ်း သာယာ၍ ဖွံ့ဖြိုးတိုးတက်သော လူမှုအသိုက်အဝန်း တစ်ရပ်ကို ကိုယ်တိုင်ထူထောင်နိုင်ပါမည်။ ကိုယ့်ကြ မ္မာကို ဖန်တီးနိုင်ခွင့်နှင့် ကမ္ဘာ့အလယ်၌ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးတို့အတွက် လွတ်လပ်ရေး အရှည်တည်တံ့ရန် အရေးကြီးပေသည်။ ထိုလွတ်လပ်ရေး အဓွန့်ရှည်ကြာ တည်တံ့ ခိုင်မြဲရန် အတွက် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ကို အရင်းခံပြီး ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်း သား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန် အရေး သုံးပါးကို ပြည်သူအားလုံးက တာဝန်သိစွာဖြင့် ဝိုင်းဝန်း၍ ကာကွယ်စောင့်ရှောက်ကြရန် လိုအပ်ပါသည်။ မြန်မာ့လွတ်လပ်ရေး ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲရေးကို ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြရပါမည်။

ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

လွတ်လပ်ရေး ရရှိပြီးနောက် တိုင်းပြည်ကို ပြန်လည်ထူထောင်ကြရာတွင် ခေါင်းဆောင်အချင်းချင်း မညီ ညွတ်မှု၊ ပြည်သူများ စည်းလုံးညီညွတ်ရေးအားနည်းမှု၊ လက်နက်ကိုင် ပဋိပက္ခမှုများကြောင့် ဖွံ့ဖြိုးတိုး တက်သည့် နိုင်ငံအဆင့်သို့ ရောက်ရှိမလာဘဲ အိမ်နီးချင်းနိုင်ငံအချို့၏ နောက်သို့ပင် ကျန်ရစ်ခဲ့ရပါသည်။

သမိုင်း၏ သင်ခန်းစာများအရ ယနေ့ သန်း ၆ဝ သော မြန်မာပြည်သူများ၏ တူညီသောဆန္ဒသည် တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးပင် ဖြစ်သည်။ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများ၏ စည်းလုံးညီညွတ်ရေးနှင့် တရားဥပဒေလေးစားလိုက်နာရေးတို့သည် အရေးကြီးသကဲ့သို့ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး တိုင်းရင်း သားပြည်သူအားလုံး ပြည်ထောင်စုကြီးအတွင်း ဥမကွဲ သိုက်မပျက် အေးအတူပူအမျှ ရာသက်ပန် ပူးပေါင်းနေ ထိုင်လိုသည့် ထာဝရငြိမ်းချမ်းရေး ရရှိရေးသည်လည်း လွန်စွာမှ အရေးကြီးပါသည်။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တစ်ခုနှင့်တစ်ခု ကျွန်းကိုင်းမှီ ကိုင်းကျွန်း မှီဆိုသကဲ့သို့ အမှီသဟဲပြုလျက်ရှိပါသည်။ တိုင်းပြည်တည်ငြိမ် အေးချမ်းမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ အဖြစ် တည်ဆောက်နိုင်ကြမည် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံသားအားလုံးသည် တိုင်းပြည်တည်ငြိမ် အေးချမ်းရေး အတွက် ကိုယ်စီကိုယ်စီ တာဝန်ရှိကြသည်ဟူသော စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းပါဝင်ဆောင် ရွက်ကြရန် လိုအပ်ပါသည်။

ချစ်ခင်လေး စားအပ်ပါသော မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

မိမိတို့မြန် မာနိုင်ငံသည် ရေခံမြေခံကောင်းပြီး သဘာဝသယံဇာတလည်း ပေါများသည့် နိုင်ငံဖြစ်ပါသည်။ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် သဘာဝ သယံဇာတထက်ပို၍ အရေးကြီးသည်မှာ လူသား စွမ်း ရည်ဖြစ်ပါသည်။ လူသားစွမ်းရည်ပြည့်ဝသည့် လူမျိုးဖြစ်အောင် လူငယ်လူရွယ်များအား လေ့ကျင့် ပျိုးထောင် တည်ဆောက်ပေးကြရပါမည်။ ပညာရေးအဆင့်အတန်း မြင့်မားအောင် ဝိုင်းဝန်း၍ မြှင့်တင်ပေး ရပါ မည်။ ကျန်းမာသန်စွမ်းပြီး ပညာရည်ြမင့်မားသည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ထက်သန် သည့် မျိုးဆက် သစ်လူငယ်များသည်သာ အနာဂတ် မြန်မာနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကို ဖန်တီးနိုင်ပြီး မိမိတို့ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို လက်ဆင့် ကမ်း တာဝန်ယူသွားနိုင်ကြမည် ဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

drmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0