tag:blogger.com,1999:blog-27241450997485714142024-03-13T09:34:10.562+06:30Myanmar Forwarddrmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.comBlogger9125tag:blogger.com,1999:blog-2724145099748571414.post-90745181526885408122014-01-28T20:00:00.000+06:302014-09-02T12:35:32.924+06:30အချစ်(လိင်)ဟာ ဆေးဝါး တစ်မျိုးပါ အသက် (၁၈) ပြည့်မှ ဖတ်ပါ

အိပ်ခန်းထဲမှ အချစ်ဟာ သင့်အတွက် ကင်ဆာရောဂါကို အောင်နိုင်ပြီး နှလုံးရောဂါကို ကာကွယ်နိုင်တဲ့ အပြင် အရွယ်တင် နုပျိုစေပါတယ်။ လိင် ဆက်ဆံမှု ပြုလုပ်တာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ပိုကောင်းမွန်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ ဖော်ပြ လိုက်ပါတယ်။

၁။ အရွယ်တင်နုပျိုစေပါတယ် တစ်ပတ်ကို အနည်းဆုံး လေးကြိမ် လိင်ဆက်ဆံမှု ပြုလုပ်တဲ့ လင်မယားတွေဟာ ပုံမှန် လူကြီးတွေထက် ၁၀ နှစ်ကျော်ခန့် ပိုပြီး အရွယ်တင်နုပျို စေနိုင်တယ်လို့ Royal Edinburhg ဆေးရုံမှ သုတေ သန ပြုလုပ်ချက်အရ သိရပါတယ်။ “လိင်ဆက်ဆံ မှုကြောင့် ရရှိတဲ့ ပျော်ရွှင် ကျေနပ်မှုဟာ အရွယ်တင် နုပျိုဖို့အတွက် အရေးကြီး အချက် ဖြစ်တဲ့ adrenaline, dopamine နဲ့ noradrenalin တွေ ထုတ်လုပ်နိုင် ပါတယ်” လို့ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကု Dr.Dowid က ပြောပါတယ်။

“ဒါ့အပြင် လိင်ဆက်ဆံမှုကြောင့် Growth ဟော်မုန်းတွေ ထွက်လာပြီး လေထု ညစ်ညမ်း မှုကြောင့် ရရှိလာတဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ခိုက်နိုင်ပါတယ်။ ဒါကြောင့် အရေပြား Cell နံရံတွေ မပျက်စီးအောင် ထိန်းနိုင်ပြီး ကြွက်သားတွေ Relax ရစေကာ အရေးအကြောင်းတွေ မပေါ်အောင် ကူညီနိုင်ပါတယ်” လို့ ဆက်ပြောပါတယ်။ ပိုမိုကောင်းမွန်အောင် ကာမဂုဏ် လိုက်စားတာ မဟုတ်ဘဲ သင်ရဲ့ ဇနီးမယားနဲ့ ပုံမှန် လိင်ဆက်ဆံမှု လုပ်တာကြောင့် စိုးရိမ် ကြောင့်ကြမှု များတာနဲ့ မိမိကိုယ်ကို လုံခြုံမှုမရှိတာလိုမျိုး အချက်တွေ မရှိတော့ဘဲ ငယ်ရွယ် နုပျိုအောင် နေနိုင်ပါတယ်။ အိမ်ထောင်သည် အသက်ရှည်ရတဲ့ သော့ချက်တွေ အနေနဲ့ ဓာတုပစ္စည်း Response တွေရအောင် လှုံ့ဆော်မှု အနေနဲ့ လင်မယားချင်း ပွေ့ဖက်တာနဲ့ ထိတွေ့ကိုင်တွယ်မှု လုပ်တာတွေကို ၁၅ မိနစ်ခန့် လိင်ဆက်ဆံမှု မပြုလုပ်ခင်နဲ့ ပြုလုပ် အပြီးမှာ ပြုလုပ်ပေးပါ။

၂။ အအေးမိရောဂါကို ကာကွယ်နိုင်ပါတယ် တစ်ပတ်ကို အနည်းဆုံးနှစ်ကြိမ် လိင်ဆက်ဆံမှုကြောင့် အအေးမိရောဂါနဲ့ တခြား ဗိုင်းရပ်စ် ရောဂါတွေကို ကာကွယ်နိုင်တဲ့ Antibody ဖြစ်တဲ့ Immunoglobulin ရာခိုင်နှုန်း မြင့်တက် လာနိုင်တယ်လို့ wikes တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။ ပိုမိုကောင်းမွန်အောင် ဒီလို သဘာဝအလျောက်ထွက်လာတဲ့ Antibodies တွေ ပိုရရှိအောင် Sex ကို အချိန် ကြာကြာ လုပ်ပေးရပါမယ်။ ဒါကြောင့် လိင်ဆက်ဆံမှုကို Position မျိုးစုံလုပ်ပေးပါ။

၃။ ကင်ဆာကို ကာကွယ်နိုင်ပါတယ် အသက် ၂၀ အရွယ်မှာ တစ်ပတ်ကို အနည်းဆုံး ခုနှစ်ကြိမ် သုက်လွှတ်တဲ့ အမျိုးသားတွေဟာ တစ်ပတ်ကို သုံးကြိမ်လောက်သာ သုက်လွှတ်တဲ့ အမျိုးသားတွေထက် အသက်ကြီးလာရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေသုံးဆ နည်းတယ်လို့ သြစတြေးလျ ကင်ဆာ အဖွဲ့မှ လေ့လာမှုအရ သိရပါတယ်။ မကြာခဏ သုက်လွှတ်တာကြောင့် ဆီးကျိတ်ပြွန်ထဲမှ ကင်ဆာ ဖြစ်စေနိုင်တဲ့ Carcinogens စုဆောင်းမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်လို့ သုတေသန ခေါင်းဆောင် ပါမောက္ခ Graham Giles က ပြောပါတယ်။ ပိုမိုကောင်းမွန်အောင် တစ်နေ့တည်းကို ခဏခဏ သုက်လွှတ်မည့်အစား နေ့စဉ်တစ်ကြိမ်စီ သုက်လွှတ် ပေးတာဟာ အကျိုးရှိဆုံးပါ။

၎။ နာကျင်မှု ပျောက်စေပါတယ် လိင်ဆက်ဆံပြီးနောက် စိတ်ကျေနပ်မှု ရနေတာဟာ နာကျင်မှုကို သက်သာစေတယ်လို့ Biology and Medicine ဂျာနယ်မှ သုတေသနပြုချက်အရ သိရပါတယ်။ လိင်ဆက်ဆံမှု ကြောင့် ခန္ဓာကိုယ်ရဲ့ သဘာဝ အကိုက်အခဲ ပျောက်ဆေး Endorphins တွေဟာ တစ်မိနစ် အတွက် သုံးဆလောက် မြင့်တက် လာပါတယ်လို့ အင်္ဂလန်နိုင်ငံ Paisley တက္ကသိုလ်မှ Sexual Psychologisl ကပြောပါတယ်။ လိင်ဆက်ဆံမှုကြောင့် ခါးနောက်ကျော နာတာနဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာတွေ သက်သာသွားတဲ့ အထောက် အထားတွေ ရှိတယ်လို့ ဆိုပါတယ်။ပိုမိုကောင်းမွန်အောင် သင့်မှာ နာကျင်မှုရှိနေရင် ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှုကို ရှောင်ပါ။ ညင်ညင်သာသာ နှေးနှေး ကွေးကွေးနဲ့ အချိန်ကြာတဲ့ ဆက်ဆံနည်းကို အသုံးပြုပါ။ လိင်ဆက်ဆံမှုပုံစံအမျိုးမျိုးကိုပြောင်းပေးပါ။ နာကျင်မှု ပိုမို သက်သာအောင် ပိုတက်စီယမ် ပါဝင်မှုများတဲ့ စပျစ်သီးတွေ စားပေးပါ။drmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com2tag:blogger.com,1999:blog-2724145099748571414.post-4706852364112572182013-12-07T13:39:00.003+06:302013-12-07T13:39:57.386+06:30အမျိုးသမီးများ ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်ခြင်းရဲ့ အကြောင်း

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ

ဆရာရှင့် ကျမ အခု ရောဂါတခု ခံစားနေရလို့ စိတ်ပူလို့ ဆရာ့ကို မေးတာပါ၊

ရင်ဖွင့်တာပါရှင့်။ ကျမ အသက်က ၃၂ နှစ် ရှိပါပြီ။ အပျိုပါရှင့်။ ကျမ

အရမ်းချစ်တဲ့ ချစ်သူတယောက် ရှိပါတယ်။ ပြောချင်တာက ကျမ တခါမှ ယောက်ျားနဲ့ တူတူ

မနေဘူးပါဘူး။ ချစ်သူရှိတယ် ဆိုတာကလည်း သူက အဝေးမှာပါရှင့်။ ကျမမှာ

မကောင်းတဲ့အချက်တခုရှိပါတယ်။ ကျမ လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်ပါတယ်။

ဒါကြောင့် လွန်ခဲ့တဲ့ ၅ နှစ်လောက်တည်းက ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့

အကျင့် ဖြစ်သွားခဲ့ပါတယ်။ ကျမ သွားတိုက်တံ လက်ကိုင်ထူထူနဲ့ဟာမျိုးနဲ့ ၁

နှစ်လောက်ထိ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ကိုယ့်လက်နဲ့ကိုယ်ပဲ

လုပ်ပါတယ်။ မလုပ်ရင်လည်း ကျမ တကယ် မနေနိုင်တော့လို့ပါရှင့်။ အမှန်ဆိုရင်တော့

အဲလိုမျိုးကို မလုပ်ချင်ပါဘူး။ အဲလိုလုပ်တာ အပြစ်ရှိလားရှင့်။ အခု

ကျမပြောချင်တာက ကျမရဲ့ သားအိမ်လို့ထင်ရတဲ့ ဘယ်ဘက်ဆီးခုံ အထက်နားက တခါတခါဆိုရင်

အရမ်းနာပါတယ်။ ဆိုင်ကယ် စီးတဲ့အခါမျိုးမှာလည်း နာပါတယ်။ နောက်ပြီး

လိင်ဆက်ဆံချင်တဲ့စိတ် ဖြစ်ရင် အခုနောက်ပိုင်း ကြောက်လို့ ဘာနဲ့မှ

မလုပ်ဖြစ်ပါဘူးရှင့်။ အဲဒါဆိုလည်း အဲလိုစိတ် ဖြစ်လာတော့လည်း နာပါတယ်ရှင့်။

အဲဒါ ကျမ သားအိမ်မှာ ရောဂါများ ရနေတာလား၊ ကျမ လိင်ဆက်ဆံချင်တဲ့စိတ်က ခဏခဏ

ဖြစ်တာလည်း ရောဂါလားရှင့်။ နောက်ပြီး ကျမ ရည်းစားနဲ့ အိမ်ထောင်ကျခဲ့ရင်ကော ကျမ

အဲလိုမျိုးတွေ လုပ်ခဲ့ဖူးတာ ပြောပြရမှာလားရှင့်။ ကျမကို ဖြေကြားပေးပါရှင့်။

မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်တာနဲ့

ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့အကျင့် ရှိတယ်ဆိုတာ ပုံမှန်စိတ်ဖြစ်တယ်။

အဲလိုမဖြစ်ရင်သာ ဆေးကုဘို့လိုပါတယ်။ ၁၉၅ဝ တုံးက Alfred Kinsey

(အဲလ်ဖရက်-ကင်ဆေး) လုပ်တဲ့ သုတေသနအရ ယောက်ျား ၉၂% နဲ့ မိန်းမ ၆၂% ဟာ

ဘဝတသက်တာမှာ ဖါသာ-အာသာဖြေတာ လုပ်ကြတာကို သိရတယ်။ ၂ဝဝ၇ ခုနှစ် ဗြိတိန်မှာ

လေ့လာမှုလုပ်တော့လဲ အသက် ၁၆ နှစ်ကနေ ၄၄ နှစ်ကြား ယောက်ျား ၉၅% နဲ့ မိန်းမ ၉၁%

လုပ်ဖူးကြတာ သိရတယ်။

၂ဝဝ၉ ခုနှစ်မှာ ဗြိတိန်၊ နယ်သာလင် နဲ့ ဥရောပနိုင်ငံတွေက ဆယ်ကျော်သက်တွေကို

နေ့တိုင်း Masturbation (မာစတာဘေးရှင်း) လုပ်စေဘို့ အားပေးခဲ့တယ်။ Orgasm

(အော်ဂဇင်မ်) လိင်ဆန္ဒပြည့်ဝမှု ဆိုတာ အခွင့်အရေးတရပ် ဖြစ်တယ်လို့တောင် လက်ကမ်း

ကြော်ညာမှာ ပါသေးတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်တခုက Teen pregnancy

ဆယ်ကျော်သက်-ကိုယ်ဝန်ရမှာနဲ့ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေကို ကာကွယ်စေဘို့

ဖြစ်ပါတယ်။ ဒီခေတ်မှာ Safe sex လို့ လူသုံးများလာပြီ။ စိတ်ချရတဲ့

လိင်မှုရေးရာလို့ ပြောချင်တာပါ။ HIV-AIDS ရောဂါ၊ အသဲရောင် ဘီ-စီ တွေပါ

မကူးစက်နိုင်ပါ။

Benefits ကောင်းကျိုးတွေ

• Intercourse တကယ်တန်း လိင်ဆက်ဆံဘို့ အဆင်မပြေချိန်မျိုးမှာ လုပ်နိုင်လို့

တခြားမသင့်တာမျိုး အားကိုးစရာမလိုတဲ့ အစားထိုးနည်းကောင်း ဖြစ်တယ်။

• Masturbation လုပ်တာကြောင့် လိင်ဆက်ဆံရာမှာ Fertility မျိုးပွါးစေရေး

အားပေးတယ်။ ၂ဝဝ၉ ခုနှစ် သြစတြေးလျ လေ့လာမှုတခုအရ နေ့တိုင်း သုက်လွှတ်ခြင်းဟာ

သုက်ပိုး-ကျန်းမာရေးကို အားပေးတယ်။

• Female masturbation အမျိုးသမီးတွေ ဖါသာ-အာသာဖြေတာကြောင့် ဗဂျိုင်းနာ၊

သားအိမ်ဝ နဲ့ သားအိမ်တွေမှာ အပြောင်းအလဲတွေ ဖြစ်စေတယ်။ ဒါတွေကနေ သန္ဓေရစေဘို့

ပိုပြီးအဆင်ပြေစေမယ်။ ကလေးမရလို့ သုက်ပိုးကို အပြင်ကနေ ထည့်ပေးနည်း လုပ်အပြီး

၁-၄၅ မိနစ်အတွင်းမှာ Orgasm ရစေအောင်လုပ်နိုင်ရင် သုက်ပိုးက လိုရာခရီးကို

ကောင်းကောင်းရောက်စေတယ်လို့ သိရတယ်။ မ-မျိုးဥနဲ့တွေ့စေဘို့ ဖြစ်ပါတယ်။

• Female masturbation ကြောင့် သားအိမ်ဝက အချွဲကို အက်စစ်ဓါတ်ပိုစေတာမို့

ရောဂါပိုးဝင်မှာကို အဟန့်အတားပြုရာ ကျတယ်။

• Relieve depression စိတ်ကျတာကို သက်သာစေပြီး၊ Higher sense of self-esteem

ကိုယ့်ကိုယ်ကို ကျေနပ်မှု ပိုစေတယ်လို့ စိတ်ကျန်းမာရေး အရေးအသားတွေမှာ ဖတ်ရမယ်။

• Mutual masturbation ဆိုတာ နှစ်ဦးသား အပြန်အလှန် လိင်စိတ်ဖြေပေးကြတာ

ဖြစ်တယ်။ ဘယ်လိုနေရာကို ဘယ်လို လုပ်တာကို တဖက်သား သဘောကျတယ် ဆိုတာကို

ဖေါ်ထုတ်ပေးမယ်။

• (STDs) လိင်ကတဆင့်-ကူးစက်ရောဂါတွေ ဖြစ်မှာကိုပါ နည်းစေတယ်။

• Masturbation လုပ်ပြီး Sexual climax ရစေတယ်ဆိုရင် Relaxed ကိုယ်ရောစိတ်ပါ

ပြောလျှော့သွားပြီး Contented state ကျေနပ်မှုရစေမယ်။ Drowsiness and sleep

အိပ်ပျော်စေမယ်။

• တချို့ဆရာဝန်တွေက (မာစတာဘေးရှင်း) လုပ်တာဟာ Cardiovascular workout

နှလုံး-သွေးကြောဆိုင်ရာ လေ့ကျင့်ခန်းလို့ ယူဆကြတယ်။ သွေးတိုးကို ကျစေတယ်။

• ကိုယ်ဝန်မရစေဘူး။

Risks ဘာတွေကို ဂရုစိုက်ရမလဲ

• လက်ကို မတိုင်ခင် အသေအခြာ ရေဆေးပါ။ လက်သည်းဖြတ်ထားရမယ်။ လက်မှာ အနာအဆာ

မရှိရဘူး။

• အသုံးပြုတဲ့ ကိရိယာပစ္စည်းကြောင့် ဘေးဖြစ်မှာသတိထားပါ။ ဂျာမနီမှာ တခါက

အမျိုးသမီးတယောက် ခဲတန်က ဆီးအိမ်ထဲ ရောက်နေတာ ဖြစ်ဘူးတယ်။ ဗဂျိုင်းနား နဲ့

ဆီးသွားပေါက် မှားသွားလို့ဖြစ်တယ်။

• စအိုကို ထိကိုင်ရင် ပိုသတိကြီးရမယ်။ စအိုသုံးသူတွေဆိုရင် Latex gloves

(လေးတက်စ်) လက်အိပ်သုံးရမယ်။ ရေကိုအခြေခံလုပ်တဲ့ Lubricant ချောဆီသုံးရမယ်။

စအိုနဲ့ ဗဂျိုင်းနား အပြန်အလှန်လက်သွားတာ မကောင်းဘူး။

• Finger cot (Finger condom) လက်ဖျားထိပ် (ကွန်ဒွမ်) ဆိုတာလဲရှိတယ်။ အထဲမှာ

ကျွတ်ကျန်နေမှာကို သတိထားရတယ်။

Methods နည်းလမ်းတွေ

“ဘယ်နည်းက အကောင်းဆုံးသလဲ မပြောနိုင်ပါ” လို့ Paul Joannides

စိတ်အထူးကုဆရာဝန်က ဆိုပါတယ်။ အများဆုံး သုံးကြတာက (၁) Fingers နဲ့ (၂)

Vibrators ကရိယာဖြစ်တယ်။ အမေရိကားမှာတော့ လေ့လာမှုတခုထဲက “အသက် ၁၈ ကနေ ၆ဝ

နှစ်ကြားရှိ အမျိုးသမီးပေါင်း ၂ဝ၅၆ ယောက်ထဲမှာ တဝက်ကျော်က Vibrator သုံးတယ်”

လို့ Indiana University အင်ဒီယာနာ-တက္ကသိုလ် Center for Sexual Health

Promotion က တွဲဖက်-ဒါရိုက်တာ Debby Herbenick ကဆိုပါတယ်။ သူတို့ဟာ

Masturbation ဖါသာ-အာသာဖြေတာမှာရော Intercourse လိင်ဆက်ဆံရာမှာပါ သုံးကြတယ်။

Fingering လက်ကိုသုံးတဲ့နည်း

• Vaginal fingering ဗဂျိုင်းနာထဲ လက်ချောင်းထည့်ခြင်း ဆေးစကားလဲဖြစ်၊

ဥပဒေသုံးလဲဖြစ်တယ်။ လက်ချောင်း တချောင်း၊ တချောင်းမက ဖြစ်နိုင်တယ်။

လက်တခုလုံးဆိုတာလဲ ရှိသေးတယ်။

• Clitoris မ-အစိ၊ Vulva မိန်းမကိုယ်၊ Vagina (ဗဂျိုင်းနား) တွေကို လက်နဲ့

ပွတ်သပ်တာ၊ ကလိတာ၊ ထိုးသွင်းတာတွေ ပါမယ်။

• ရည်ရွယ်ချက် ၂ ခုရှိတယ်။ Sexual arousal and stimulation လိင်စိတ်ဖြစ်စေ၊

ကဲစေဘို့နဲ့ Orgasm လိင်ဆန္ဒ ပြည့်ဝစေဘို့ ဖြစ်တယ်။

• ဒီလိုလုပ်တာချည်းနဲ့ အဆုံးသပ်တာရှိသလို တကယ့်လိင်ဆက်ဆံမှုရဲ့

အစိတ်အပိုင်းအဖြစ်လဲ Foreplay အစပိုင်းမှာဖြစ်ဖြစ် Sexual activities

ကြားကာလမှာဖြစ်ဖြစ် လုပ်နိုင်တယ်။

• Mutual masturbation နှစ်ယောက်သား အပြန်အလှန် အာသာဖြေပေးတာမှာလဲ

သုံးနိုင်သလို Finger oneself တယောက်ထဲလဲ လုပ်နိုင်တယ်။

• မိန်းမတယောက် Orgasm (အော်ဂဇင်မ်) ရစေဘို့ရာ Massage of the vulva

မိန်းမကိုယ်နေရာကို ပွတ်သပ်ခြင်းနဲ့ အထူးသဖြင့် Clitoris

မ-အစိကိုပွတ်သပ်ခြင်းဟာ အဓိကအရေးပါတယ်။

• Clitoral body မ-အစိကိုယ်ရော Shaft အရင်နေရာပါ သုံးနိုင်တယ်။ အများအားဖြင့်

Skin of the clitoral hood မ-အစိအထက်နေရာ အရေပြားကို ထက်-အောက်၊ ဘယ်-ညာ၊

စက်ဝိုင်းလို ကြိုက်သလို လုပ်နိုင်တယ်။

• Labia မိန်းမကိုယ် နှုတ်ခမ်းသားတွေနဲ့ ကျန်နေရာမှန်သမျှကိုလဲ

အသုံးပြုနိုင်တယ်။

Fingering the vagina (ဗဂျိုင်းနား) ထဲကို လက်ထည့်တာလဲ လုပ်ပါတယ်။

• G-Spot ဆိုတာကို ထိမိစေရတယ်လို့လဲ ပြောကြတယ်။ (ဗဂျိုင်းနား) ရဲ့ရှေ့

(ရှေ့ဆိုတာ ပက်လက်အိပ်နေရင် အပေါ်ကိုပြောတာပါ) ၅ စင်တီမီတာနေရာမှာလို့ ဆိုတယ်။

• A-spot က သူ့ထက် ပိုနက်တဲ့နေရာမှာ ရှိတယ်။

• ဒါပေမဲ့ အဲဒီနေရာတွေ တကယ်ရှိ-မရှိ ငြင်းနေကြဆဲဖြစ်တယ်။

• ကိုယ့်ဖါသာကိုယ်လုပ်သူတွေက ဘယ်နေရာကို ဘယ်လိုလုပ်ရင် ကျေနပ်မှုပိုစေမယ်ဆိုတာ

ကိုယ်တိုင်သိပါတယ်။ ဆရာဝန်မလိုပါ။ သာယာမှုရရင် အရည်ပိုစိုစွပ်လာမှာ အမှန်ပါ။

• G-Spot ejaculation ဆိုတာ ကျေနပ်မှု ကောင်းလွန်းပြီး အရည်ဟာ Urethra

ဆီးထွက်လမ်းကနေ ထွက်တယ်။ Urine ဆီးတော့ မဟုတ်ဘူး။

• အမျိုးသမီးတွေ Orgasm ပြီးတဲ့အခါ ထွက်တဲ့အရည် Female ejaculate ထဲမှာ

Antibodies (အင်တီဘော်ဒီ) တမျိုးပါတယ်။ အဲဒါဟာ ယောက်ျားတွေ Prostate

ဆီးကျိတ်ကထွက်တာနဲ့ အလားတူတယ်။ အတွင်းကျကျအထိ လက်ထည့်ရမှာမို့

လက်ချောင်းသုံးတာကြောင့် A-spot ကိုထိစေဘို့ နည်းတယ်။

Vibrator တုန်ခါမှုရှိတဲ့ ကရိယာနည်း

• (ဗစ်တိုးရီးယား) ခေတ်က Female hysteria အမျိုးသမီး (ဟစ်တီးရီးယား)

ရောဂါကုသနည်း တခုထဲမှာ Masturbation နည်းပါတယ်။ Pelvic massage လို့သာ

ခေါ်သေးတယ်။ ခေတ်ပေါ် Vibrators နဲ့ Sex toys တွေဟာ ၁၉၈ဝ နောက်ကစပြီး ပေါ်ပြူလာ

ဖြစ်လာတယ်။

• ၂ဝဝ၉ လေ့လာမှုတခုအရ အမေရိကားမှာ ၁၈-၆ဝ နှစ်အရွယ်ရှိ ယောက်ျား ၄၆% နဲ့ မိန်းမ

၅၃% ဟာ Vibrator သုံးသတဲ့။

• မိန်းမ ၃ဝ% ကသာ ပုံမှန် ဖိုမ ဆက်ဆံရာကနေ (အော်ဂဇင်မ်) ရတယ်။ အဲဒါအတွက်

Vibrators ကို သုံးဘို့ ဆရာဝန်တွေက ညွှန်တယ်။ Masturbation အတွက်ရော

Intercourse အတွက်ပါ အသုံးခိုင်းတာ ဖြစ်ပါတယ်။

• Clitoral vibrator ဆိုတာ သပ်သပ်လာသေးပေမဲ့ အားလုံးဟာ ဒီနေရာကို

ထိမိစေရတာဖြစ်တယ်။ ဒီဇိုင်းကတော့ အမျိုးမျိုးရှိတယ်။

o G-Spot Vibrator ဆိုတာလဲလာသေးတယ်။ ခပ်ကောက်ကောက်ပုံရှိတယ်။

o Dildo-shaped ဆိုတာ ယောက်ျား-အင်္ဂါပုံအတိုင်း အရွယ်တူ လုပ်ထားတဲ့

ကစားစရာမျိုးဖြစ်တယ်။ Plastic (ပလပ်စတစ်)၊ Silicone (စီဘီကွန်)၊ Rubber

(ရာဘာ)၊ Vinyl (ဗီနိုင်းလ်) နဲ့ Latex (လေးတက်စ်) ပစ္စည်းတွေနဲ့ လုပ်ထားတယ်။

o Waterproof လဲရှိတယ်။ ရေချိုးခန်းမှာ သုံးနိုင်ဘို့ ဖြစ်တယ်။

o Egg-shaped vibrator နဲ့ Rabbit ဆိုတာတွေက ဗဂျိုင်းနာရော (ကလိုက်တောရစ်)

ကိုပါ ထိမိစေဘို့ လုပ်တားတယ်။

• ကနေဒါနိုင်ငံက (တိုရွန်တို) လေ့လာမှုအရ ဖါသာ-အာသော ဖြေရာမှာ (ဘိုင်ဗရေတာ) ကို

အသုံးများရင် တကယ်တန်း ခင်ပွန်း-အဖေါ်နဲ့ဆက်ဆံချိန်မှာ (အော်ဂဇင်မ်) ရတာကို

Desensitize ပြောင်ပြန်အကျိုး သက်ရောက်စေနိုင်တယ်လို့ သတိပေးတယ်။ အဲဒီ ဆရာဝန်က

သူ့လူနာတွေကို (အိုက်စ်ခရင်မ်) ကို နေ့တိုင်း မစားချင်ကြသလို နေသင့်တယ်လို့

အကြံပေးတယ်။ Autonomic nervous system အလိုအလျှောက် သက်ရောက်တဲ့

အာရုံကြောစနစ်က အကျင့်ရသွားစေမယ်လို့ ပြောတာ ဖြစ်ပါတယ်။

• Vibrator သုံးရင် လိင်အင်္ဂါနေရာမှာ နာတာ-ထုံတာ ဖြစ်မလား သတိထားသင့်တယ်။

Herbenick's vibrator survey သုတေသနအရ ၃ဝ% မှာ အဲလိုဖြစ်တယ်။

တခြားနည်းတွေ

• တချို့က Back of a vibrating toothbrush head တုံခါမှု လုပ်ပေးနိုင်တဲ့

သွားတိုက်တံခေါင်းရဲ့ နောက်ဖက်၊

• တချို့က Handle of a hairbrush ခေါင်းဘီး လက်ကိုင်ရိုး၊

• တချို့က Water jets in the bathtub ရေချိုးခန်းက ရေပန်း ထိပ်ဖျား သုံးကြတယ်။

• တခြားနည်းနာတွေလဲ ရှိမှာပါ။

ရောဂါမဟုတ်ပါ

• မိန်းကလေးတွေလဲ ယောက်ျားလေးတွေလိုဘဲ ဖါသာအာသာဖြေဖျောက်တာလုပ်မိတာကို Feel

guilty အပြစ်လုပ်သလို ခံစားတတ်ကြတယ်။ Sex therapists လိင်အထူးကု

ဆရာဝန်တွေကတော့ အဲလို မထင်မြင်သင့်ဘူးလို့ ဆိုပါတယ်။

• Mood စိတ်မူ၊ Spirits စိတ်ဓါတ် တက်စေမယ်။ စိတ်ကျနေသူတွေကို သက်သာရာ ရစေမယ်။

Solo sex တယောက်ထဲစခန်းသွားတာမို့ ကိုယ့်အဖေါ် ဘယ်လိုနေမလဲ ဆိုတာ

စိတ်ကူးထည့်စရာလဲ မလိုဘူး။

• အဲလိုလုပ်တာဟာ ကိုယ့် ခင်ပွန်း-အဖေါ်ကို မချစ်လို့လဲ မဟုတ်ဘူး။

ကိုယ့်အတွက်ကိုယ်လုပ်တာသာဖြစ်

တယ်။ သူနဲ့နေတဲ့အခါမှာလဲ ပိုပြီးသာလွန်ကောင်းမွန်စေနိုင်

သေးတယ်။

သူ့ကိုကိုယ်ကနေ ဘယ်လိုကဘယ်လိုဆိုတာ ဆရာလုပ်နိုင်တယ်။

• ယောက်ျားနဲ့နေလို့ (အော်ဂဇင်မ်) မရတတ်သူတွေ ဒီနည်းနဲ့ကူနိုင်တယ်။

Lubrication စိုစွပ်မှု၊ Desire ဆန္ဒဖြစ်ပေါ်မှု၊ Arousal စိတ်နိုးထမှု နဲ့ Orgasm

(အော်ဂဇင်မ်) တွေမျာ ပိုကောင်းစေတယ်။

• Pain နာတတ်တာလဲ သက်သာစေမယ်။ မနာတတ်သူတွေလဲ သုံးကြတာပါဘဲ။

• သိတဲ့အတိုင်း အမျိုးသမီးများဟာ စိုးရိမ်မှုများတတ်တယ်၊ ဖိစီးမှုများတတ်တယ်။

ဒါ့ကြောင့် စိတ်ဖြေလျှော့ပေးဘို ပိုလိုမယ်။ (မာစတာဘေးရှင်း) ကနေ ကူညီနိုင်တယ်။

• Migraine (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ ရှိသူတွေကိုလဲ သက်သာရာ

ရစေနိုင်တယ်။ ခပ်ရှားရှား တချို့လူနာတွေမှာ (အော်ဂဇင်မ်) ကနေ (မိုင်ဂရင်း)

ထတတ်တယ်။

• Menstrual cramps ရာသီလာရင်နာတာ နဲ့ Premenstrual syndrome (PMS) ရာသီအလာခင်

ဖြစ်ချင်တာတွေ ကိုပါ သက်သာစေမယ်။

Dr.တင့်ဆွေdrmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0tag:blogger.com,1999:blog-2724145099748571414.post-16232222408553731152013-10-26T21:00:00.000+06:302013-10-26T21:00:04.001+06:30APHRODISIAC လိင်စိတ်အားပေး အစာနဲ့ ဆေးများ (သိထားသင့်သည်ဟု တွေးမိပါသည်...)

ပုံပြင်နဲ့ စပါရစေ။ သူများ ယဉ်ကျေးမှုတွေမှာ ဖို-မ ဆက်ဆံတာမယ် မေတ္ကာတွေ၊ ချစ်တာတွေ အသာထား၊ Casual, One-night stand “တွေ့တဲ့ဟာနဲ့ ကြုံရာကျပန်း၊ တညတာ စခန်းသွား” နေကြလို့ Love ဆိုတာလေး ရှာတော့ ၃ ရာစုမှာ သွားတွေ့ပါတယ်။

ဖေဖေါ်ဝါရီ ၁၄ ရက်ကို သတ်မှတ်တဲ့ Valentine နေ့ သမိုင်းဟာ မယုံရင် ပုံပြင်မှတ် အစားထဲကပါ။ မူကွဲ မဟုတ်ဘဲ၊ တခုနဲ့ တခုလဲ မတူကြဘူး။ “မျက်မမြင်ကို ဆေးကုပေးတဲ့ သမားပုံပြင်” က ဆေးပညာနဲ့ နီးစပ်လို့ ဘက်လိုက်ပြီး ရွေးပါမယ်။ ဘာသာရေး ယုံကြည်ချက်နဲ့ ထောင်ကျနေရတဲ့ Valentine ဟာ ထောင်အရာရှိ တဦးရဲ့ သမီးကို ဆေးကုပေးစဉ် မေတ္ကာသက်ဝင် ချစ်ခင်လာပါသတဲ့။ ဆေးချက် ကလဲမှန်၊ ယုံကြည်မှုကလဲ ပြင်းထန်တာမို့ ချစ်စရာ ကလေးမ မျက်စိနှစ်ကွင်း အလင်းပြန်ရပြီး၊ “သင့်ရဲ့ Valentine” ဆိုတာကို ဖတ်နိုင်လာသတဲ့။ ဒါပေမဲ့ ဧကရာဇ် Claudius II ကနေ သေဒဏ်ပေးလို့ မသေခင်လေး ရေးခဲ့ရတဲ့ Valentine ရဲ့ စာတစောင်သာ ဖြစ်ပါတယ်။ “မျက်စိမမြင်လဲ အချစ်ရှိတယ်ပေါ့။”

Valentine Foods ဆိုတာက လိင်စိတ်အားပေးတဲ့ အစားအစာတွေပါ။ Aphrodisiac လို့လဲ ခေါ်တယ်။ “အချစ်နဲ့ လိင်ကို စိုးပိုင်တော်မူသော ဂရိ နတ်သမီး” Aphrodite ကနေ လာတာပါ။ သမိုင်းတလျှောက် ဒီအရေးအရာမှာ နာမည်ကြီးခဲ့တဲ့ အသောက်၊ အစား နဲ့ အမူအကျင့်တွေ အများကြီး ရှိခဲ့ပါတယ်။

ညစ်ညမ်းတယ်တော့ မထင်ပါနဲ့။ ကွက်ကနဲ ကွင်းကနဲမြင်အောင် ရေးပါရစေ။ Aphrodisiac တွေထဲမှာ ပုံပန်းကိုက လိင်အင်္ဂါနဲ့ တူတာတွေပါတယ်။ Rhinoceros ကြံချိုကနေ ထုတ်တဲ့ဆေး ရောင်းကောင်း လှတယ်။ Banana ငှက်ပျောသီး နဲ့ Ice-cream ရေခဲမုံ့ကို မော်ဒယ်လှလှ ပါးစပ်နားတေ့ပြ ကြော်ညာ တော့လဲ တမျိုးဘဲ။

ကနု-ကမာ Oysters ဆိုတာ မ-အင်္ဂါနဲ့ တူလို့တဲ့။ ၁၈ ရာစု ဥရောပ နန်းတွင်းနဲ့ အထက်တန်းလွှာ အမျိုးသမီး ကြီး-ငယ် ကြားမှာ ရေပန်းစားခဲ့တဲ့ Womanizer မြာပွေသူလို့ သမိုင်းတင်ခဲ့တဲ့ Giacomo Casanova ဟာ မနက်စာ စားရင် Oysters ၅ဝ အစိမ်း စားတယ်လို့ ပြောစမှတ် ရှိတယ်။ (Mr. Bean လို သိုးတာကို သွားမစားနဲ့။) ဒီအစားက Pine nuts လိုဘဲ Zinc သွပ်ဓါတ် များတာမို့ Sperm production သုတ်ထွက်အား ကောင်းစေတယ်။ D-aspartic acid နဲ့ N-methyl-D-aspartate တွေပါလို့ Testosterone ကျား-ဟော်မုန်း များစေတယ်။

Middle Ages အလယ်ခေတ်တုံးက “အထင်တခု” ရှိခဲ့တယ်။ ယောက်ျားရဲ့ ဘယ်ဘက်က အစိကို ထုတ်ထားရင် သား ယောက်ျားလေး မွေးစေသတဲ့။ ကနေ့အထိ ယုံနေကြတာကတော့ အထီးကောင်တွေရဲ့ Testicles အစိ၊ Rocky Mountain Oysters (ရောကီး) တောင်တန်းကလာတဲ့ ကနု-ကမာ ဒီနေရာမှာ ကောင်းပါသတဲ့။ Bull testicles နွားထီး ဟာကို အများဆုံး စားသုံးကြပါတယ်။

Yohimbine ဆိုတာ အမေရိကမှာ တရားဝင် ရောင်းခွင့်ရှိတဲ့ ယောက်ျား လိင်အားတိုးဆေးပါ။ Bremelanotide ကတော့ အမျိုးသား-အမျိုးသမီး သုံးနိုင်တယ်။ Chocolate ချော့ကလက်လဲ စာရင်းထဲ ထည့်တယ်။ ဒါပေမဲ့ သူ့ထဲပါတဲ့ Serotonin, Phenylethylamine တွေဟာ ဦးနှောက် ထဲက Pleasure areas တွေကို သက်ရောက်နိုင်လို့ Sex နဲ့တော့ တူတယ်၊ ဒါပေမဲ့ သူ့ကြောင့် Sex ကို အကျိုး သက်ရောက်တာ ရှာမတွေ့ဘူး။

Club drug (ကလပ်) ဆေးတွေလဲ နာမည်ရှိတယ်။ Alkyl nitrites (Poppers) ဆိုတာကို ရှူရတယ်။ ကြွက်သား အနုစားတွေ လျှော့ပေးစေလို့ သွေးပိုလျှောက်ပြီး၊ Sphincters အထိန်းတွေ ကျယ်စေကာ ဒီစိတ်ကို နိုးဆွပေးပါတယ်။ မူးယစ်အုပ်စုဝင် Cocaine (ကိုကိန်း) နဲ့ Methamphetamine (မက်သမ်ဖတမင်း) တို့လည်း ဒီလိုဘဲတဲ့။ လေ့လာသူတွေက ပြန်ပြောတယ်။ Booze and party drugs ခေါ်တဲ့ Cannabis ဆေးခြောက်၊ Cocaine နဲ့ Ecstasy (MDMA) ဆေးဝါးတွေက Testosterone ကျားဟော်မုန်း လျှော့စေလို့ ပြောင်းပြန်အကျိုး သက်ရောက်စေသတဲ့။ Alcohol, Champaign အရက်မျိုးစုံ နဲနဲဆိုရင် ဖြစ်စေနိုင်ပေမဲ့ များသွားလို့ကတော့ တယောက်ထဲ အိပ်ပျော်သွားမှာ သေခြာတယ်။

Spanish fly ဆိုတဲ့ အင်းဆက်ကို ဆေးပြား၊ ဆေးမှုံ့၊ ဆေးရည်၊ မျိုးစုံကို မပေါ့်တပေါ်ပုံ အဖုံဖုံနဲ့ ရောင်းပါတယ်။ အမှန်က Fly မဟုတ်ဘဲ Beetle ပိုးကောင် ဖြစ်ပါတယ်။ အကောင်တော့ လိုက်ရှာ မနေပါနဲ့။ ဒီအကောင်မှာ ဒီအစွမ်း မရှိဘူးလို့ ထောက်ပြတာ ရှိတယ်။

သဘာဝ လိင်အားတိုး အစာနဲ့ဆေး Natural Aphrodisiac foods and drugs လို့ နာမယ်ပေးတာတွေလဲ မနည်းပါ။ Cinnamon သစ်ကြံပိုးခေါက်၊ Coriander တရုပ်နံနံကြီး၊ Parsley တရုတ်နံနံသေး၊ Clove လေးညှင်းပွင့်၊ Garlic ကြက်သွန်ဖြူ၊ Ginger ချင်း (ဂျင်း)၊ Liquorice Root နွယ်ချိုမြစ်၊ Mace and Nutmeg ဇာတိပ္ဖိုလ် အသီး-အခွံ-အပွင့်၊ Mustard မုံညင်း၊ Pepper ငရုတ်ကောင်း၊ Saffron ကုံကုမံ၊ Orchid သစ်ခွရည်။ Saffron နနွင်းထဲမှာပါတဲ့ Crocin ကိုလည်း ကောင်းတယ်လို့ ဆိုပါတယ်။

Scents အနံ့ကလဲ အားပေးပါသတဲ့။ Wild Rose Shrub နှင်းဆီရိုင်းက ထုတ်တဲ့ရေမွှေး။ Kasturi Mriga သမင်တမျိုးက ထုတ်တဲ့ Musk (Kasturi) ရေမွှေးက “အမျိုးသမီးတွေ ကောက်ကောက်ပါ လိုက်လာစေနိုင်တယ်” လို့ နာမယ်ရနေတာ ရာစုနှစ် တခု ရှိနေပါပြီ။ ကြော်ညာဝင်ပါရစေ။ The Body Shop White Musk, Comptoir Sud Pacifique Cristal dr Musc, Serge Lutens Clair de Musc, Montale White Musk, Les Bains du Maais Musc Blanc, Le Palais des Reines, Il Profumo Musc Bleu တွေက ထိပ်ဆုံး ရေမွှေး ၇ မျိုးပါ။ နောက်ပိုင်း Male musk deer သမင်းဖိုကနေ မဟုတ်ဘဲ တခြားအကောင်တွေရဲ့ Gland အိတ်ကနေ ထုတ်ယူကြတယ်။

လိင်အားပေးတဲ့ Flowers ပန်းတွေလဲရှိတယ်။ Morning glory ပန်းရောင်နဲ့ အပြာရောင် ရောပွင့်တဲ့ပန်း၊ Poppy ဘိန်းပန်း၊ Sunflower နေကြာ၊ Wild Rose Shrub နှင်းဆီရိုင်း။

B-Complex ဗီတာမင်ဘီအုပ်စု၊ Zinc သွပ်ဓါတ်၊ Kelp ပင်လယ်ရေညှိ၊ L-Tyrosine အမိုင်နိုအက်စစ်၊ Spirulina ပင်လယ် ရေညှိအသေး၊ လူတိုင်းစားတဲ့ ဂျုံ ထဲမှာ မဟော်မုန်း Estrogen နဲ့ Vitamine E ပါတယ်။

တိုင်းရင်းဆေးတွေထဲမှာ Ashwagandha အိန္ဒိယ (ဂျင်ဆင်း) လို့လဲခေါ်တဲ့ ဆေးဘက်ဝင်သစ်မြစ်။ ဗမာတွေ မပူနဲ့ Betel palm ကွမ်းရွက်၊ Betel seed ကွမ်းသီးမှာလဲ ဒီတန်ခိုး မဆိုးဘူးတဲ့။

တောင်အမေရိကမှာ ပေါက်တဲ့ Borrachero အပင်၊ အရိုင်းသုံးရင် Get-you-drunk “မူးသွားမယ်နော်” လို့ ပြောနိုင်တယ်။ ဝတ်မှုံရှူတာနဲ့ အိပ်မက်ဆန်းတွေ မက်စေတာက Hallucinogen စိတ်ကို ပြောင်းလဲစေတဲ့သတ္ကိ ပြင်းပြင်း ရှိလို့။ သူ့ထဲမှာ ပါတဲ့ Scopolamine (Hyoscine) ကိုတော့ ဆေးအဖြစ် သုံးတယ်။ အန်ချင်တာ၊ ကားမူးတာ၊ အဆိပ်သင့်တာ၊ အရည်ထွက် များတာ၊ မျက်စဉ်း စတာတွေမှာ သုံးတယ်။ ဒါပေမဲ့ Zombies ဖုတ်ဝင်သလို ဖြစ်စေတဲ့ သတ္ကိရှိလို့ အမေရိကားမှာ ဘာလို့ တရားဝင် ရောင်းခွင့်ပြုသလဲ ဆိုပြီး Drug Safety Society က မေးခွန်း ထုတ်နေတယ်။

စုံတွဲတွေ စားသုံးဘို့ ချက်နည်း-ပြုတ်နည်း Cookbooks for Lovers စာအုပ်တွေလဲ သပ်သပ်ရှိသေးတယ်။ ဒီထဲမှာ Asparagus ကညွတ်၊ Banana ငှက်ပျေားသီး၊ Mushroom မှို၊ (ဒီ သုံးမျိုးက သဏ္ဌာန်အရ ပြောကြတာလား မသိပါ။) Caviar (Sturgeon) ငါးဆားနယ်၊ Creamy wild mushroom soup မှိုရိုင်း (ဆု-ပ်)၊ Figs သင်္ဘောသဖန်းသီး၊ Ginseng (ဂျင်ဆန်း)၊ Lobster ကျောက်ပုဇွန်၊ Oysters ကမာ-မုတ်ကောင်၊ Puffer Fish အဆိပ်ရှိ ပင်လယ်ငါး၊ Radish မုံလာဥ ဖြူ-နီ၊ (အဝါ မဟုတ်)၊ Truffles ညိုမဲမဲ မှိုတမျိုး၊ Veal Marsala နွားပျိုသားဟင်း စတာ-စတာတွေ ပါတယ်။ (မဆလာ ဆိုတာ ရောနှောချက်တာကို ပြောတာပါ။)

လိင်စိတ်အားပေး အစာနဲ့ ဆေးဆိုတာတွေကို သိပ္ပံနည်းကျ ပြောရရင်တော့ Placebo effect စိတ်မှာ သက်သာစေတဲ့ ဆေးမျိုးတွေက များတယ်။ ရောဂါ အတော်များများကို ဒီသဘောမျိုး ဆေးတွေ ပေးပါတယ်။ “လူနာကို ညာတာလား” လို့ မေးရင် မှန်လဲ မှန်တယ်။ မမှန်လဲ မမှန်ဘူး။ ရှေးကတည်းက သုံးခဲ့ကြတာပါ။ ဆေးပေးတာတင်မက ခွဲစိတ်ပေးရတာလည်း ပါသေးတယ်။ လူနာရဲ့ စိတ်မှာ သက်သာတယ်လို့ ထင်သွားစေတာကိုက ထိရောက်တဲ့ ကုသနည်းတခု မဟုတ်ပါလား။

Dr. တင့်ဆွေ၏ ဆေးစာများdrmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0tag:blogger.com,1999:blog-2724145099748571414.post-20326703747380367472013-10-26T18:43:00.001+06:302013-10-26T18:43:06.240+06:30ANAL PRACTICE ဆက်ဆံရာမှာ စအိုကို အသုံးပြုခြင်း (၁၈ နှစ်ပြည့်မှ ဖတ်ပေးပါလို့ တောင်းဆို ချင်ပါတယ်..)

ကြားဘူးတယ် ဟုတ်၊ မဏိပူ (ကသည်း) ပုဏ္ဏားတွေဟာ အင်မတန် အသန့်ကြိုက်တယ်ဆိုတာ။ ထမင်းချက်ရင် စည်းဝိုင်းဝိုင်း ချက်တယ်။ ဝိုင်းထဲကို ဘယ်သူမှ မဝင်ရဘူး။ ရေမိုးချိုးပြီး၊ ပါးစပ်နဲ့ နှာခေါင်းကို အဝတ်စီးတယ်။ အက်ႍေတာ့ မဝတ္ဘူး။ တချို့ထူးတာက ဘယ်ဘက်လက်ကို စည်းဝိုင်းအပြင် ထုတ်ထားရသတဲ့။ ဘယ်လက်က (ရိုင်းတယ် ပြောတော့ဗျာ)၊ ဝမ်းသွားပြီးတိုင်း ဖင်ဆေး-သန့်ရှင်းရေး လုပ်တဲ့လက်မို့ ရွံတယ်ပေါ့။ မေးချင်တာက ဝမ်းသွားတဲ့ (ဖင်)ကတော့ စည်းဝိုင်းထဲမှာ မဟုတ်ပါလားလို့။

စအိုကနေဝင်တဲ့ ကူးစက်ရောဂါဆိုတာ ဆေးစာထဲမှာ မရေးကြသေးပါ။ Feco-oral route စအို-ပါးစပ် လမ်းကြောင်းကနေ ကူးစက်တဲ့ ရောဂါတွေဆိုတာတော့ ရှိတယ်။ ဝမ်းလျော၊ ဝမ်းပျက်၊ ဝမ်းကိုက်၊ ကာလဝမ်း၊ အူရောင်ငန်းဖျား၊ အသဲရောင် အေ၊ ပိုလီယို၊ ဆာလ်မိုနယ်လိုဆစ်၊ ရိုတာ-ဗိုင်းရပ်စ်၊ စတာတွေပါတယ်။ စအိုကနေ”ထွက်”ပြီး၊ ပါးစပ်ထဲကို တနည်းနည်းနဲ့ ဝင်လို့ ဖြစ်ရတာတွေပေါ့။ အခုခေတ်မှာကြ စအိုကနေ”ဝင်”တာတွေ ဖြစ်လာနေပါပြီ။ စအိုကို တလွဲသုံးလာကြလို့ပါ။

ခန္ဓာဗေဒဆိုတာ ဆရာဝန်၊ သူနာပြုတွေ စစချင်းသင်ယူရတဲ့ ဘာသာရပ်တခုပါ။ ၁၉၁၈ ကတည်းက ရေးခဲ့ပေမဲ့ ကနေ့အထိ ခန္ဓာဗေဒကို အပြည့်စုံဆုံး ရေးထားတဲ့စာအုပ်က Gray's Anatomy ဖြစ်ပါတယ်။ သူ့နောက် ခန္ဓာဗေဒ ပညာရှင်တွေ ရေးသမျှ စာတွေ-ကျမ်းတွေမှာလဲ ဖင်(စအို)ရဲ့တာဝန်ဝတ္တရားကို An excretory organ or an eliminative channel အညစ်အကြေး စွန့်ထုတ်ပေးရသောအင်္ဂါလို့ သတ်မှတ်ပါတယ်။ ဝမ်းသွား-လေလည်တာပေါ့။ ခုတော့ တာဝန်ပိုတွေပါ ထမ်းဆောင်နေရပါတယ်။

ကျား-ကျား လိင်တူ ဆက်ဆံတယ်ဆိုတာ AIDS ရဲ့သမိုင်းနောက်ခံပါ။ နောက် ဘီပိုးကလဲ တစခန်းထ လာတော့ ပြောဘို့-ရေးဘို့ လိုလာပါတော့တယ်။ (ဂေး)အကြောင်း မဟုတ်ပါ။ ကျား-ကျား ဖြစ်ဖြစ်၊ ကျား-မဖြစ်ဖြစ် စအိုလမ်း အသုံးပြုပြီး ဆက်ဆံတာ၊ တဲ့တဲ့ပြောပါရစေ၊ (အေနယ်လ်-ဆက်စ်)ပေါ့။ Dangers of anal sex စအိုကနေ လိင်ဆက်ဆံတာရဲ့ အန္တရာယ်တွေကို ရေးခွင့်ပြုပါခင်ဗျား။

စအိုရဲ့မွေးရာပါအလုပ်ကို ပဌမ နားလည်သင့်ပါတယ်။ သူ့အထက်က Rectum အစာဟောင်းအိမ်ထဲမှာ မစင်(ဝမ်း)တွေ ပြည့်လာတာနဲ့ ဝမ်းသွားချင်စိတ် ဖြစ်လာပြီး၊ စအိုနံရံတွေက ကျယ်လာပါတယ်။ အစာဟောင်း အိမ်က အပေါ်ကနေ အောက်ဆီ ဦးတည်တဲ့လှုပ်ရှားမှု Peristaltic waves အရ မစင်(ဝမ်း)တွေဟာ စအိုထဲဝင်လာချိန် အထိန်းကြွက်သား အဝိုင်းတွေက လျော့ဖွင့်လိုက်လို့ ဝမ်းသွားခြင်း ဖြစ်လာတာ ပါ။ “စအိုထဲကို အပြင်ကနေ ထိုးသွင်းတာကို လက်ခံရမဲ့ အစီအမံဆိုတာ လုံးဝမရှိပါ။”

နှစ်ပေါင်း ၄ဝဝဝ လောက်က ထွန်းကားခဲ့တဲ့ (အိန္ဒု)ယဉ်ကျေးမှုခေတ်ကတည်းက ရှိခဲ့ဘူးတဲ့ အထောက် အထားတွေ၊ နောက်ပြီး ၂ ရာစုက ရှိခဲ့တဲ့ (အာဂျန်တာ) လှိုင်ဂူက ရုပ်တုတွေ၊ တခါ ဟိန္ဒူဘုရားတဆူဖြစ်တဲ့ သျှီဗား ရဲ့တံခါးမှူး မြင့်မြတ်သော နွားလား နန္ဒီကနေ သူ့သခင်(ဘုရား) နဲ့ ဒုတိယ မယား (ပါရ်ဗသီ)တို့ရဲ့ ချစ်ကြွမ်းဝင်ကြပုံ (နည်းအစုံစုံ) တွေကို ကြားသိပြီးသကာလ နောင်လာနောက်သား လူအများအကျိုးငှာ ဖေါက်သည်ပြန်ချခဲ့လို့ သက္ကတဘာသာနဲ့ ရေးမှတ်ခဲ့တဲ့ (ကာမသျှတ္တရ)ကျမ်း ဆိုတာတွေ ကြည့်ရင် လိင် ဆက်ဆံမှုပညာဆိုတာဟာ သမားရိုးကျထက် ဆန်းပြားပါလားလို့ ပြောနိုင်ပါတယ်။ ဆန်းတာတွေ ရှေးက တည်း ကရှိလို့ ဆန်းတာ ဘာဆန်းတာမှတ်လို့၊ လုပ်သာလုပ်၊ စမ်းချင်စမ်းလို့ အားမပေးလိုပါ။ ဆက်ဖတ် ပါခင်ဗျား။

Anal sex ဟာ အများထင်သလို အန္တရာယ်မရှိ မဟုတ်ပါ။ စအိုထဲမှာ ဖုံးထားတဲ့ အပေါ်ဖုံးအလွှာဟာ သာမန် အရေပြားလို မဟုတ်ဘူး လူ့အရေပြားဆိုတာက Kerotinized လုပ်တားတာ။ (ကရတင်)ဆိုတဲ့ ပိုခိုင်မာတဲ့ (တစ်ရှူး)နဲ့ ဖုံးနေတာ၊ စအိုထဲမှာ အဲဒါ မရှိဘူး။ နောက်ပြီး စအိုမှာ (စဖင်တာ)ဆိုတဲ့ ကြွက်သားဝိုင်းရှိတယ်။ နှစ်ထပ်တောင် ရှိတာ၊ အပြင်ကောင်က စိတ်ကနေ ထိန်းနိုင်ပြီး၊ အထဲဝိုင်းကတော့ ထိန်းမရဘူး။ သူတို့က ဝမ်းသွား-လေလည် အဝင် အထွက်ကို ထိန်းပေးတာ။ တကယ်လို့ တစုံတခုက စအိုကို လာထိတာနဲ့ လူ့ကိုယ်ခန္ဓာရဲ့ သဘောဝအရ (စဖင်တာ)က ပိုပြီး တင်းတောင့် ပိတ်ဆို့တဲ့ တုံ့ပြန်မှု လုပ်ပါမယ်။ Reflex ခေါ်တယ်။

ဒါ့ကြောင့် မာတာနဲ့ ထိုးမိရင် စုတ်ပြဲသွားနိုင်တယ်။ တကယ်လို့ အလိုမတူသူ ဖြစ်နေရင် ပိုဆိုးမှာပါ။ အရေပြားလွှာ ၃ ထပ်ရှိတဲ့ မိန်းမကိုယ်နဲ့ မတူတာက ၁ ထပ်တဲရှိတဲ့ စအိုဟာ ဆန့်နိုင်ကြုံ့နိုင်စွမ်း အတော် နည်း ပါတယ်။ သဘာဝအရလည်း မဆက်ဆံမီ မိန်းမကိုယ်က ထွက်လာရတဲ့ အရည်ဟာ အဆင်ပြေ အလွန်းလို့ Honorably discharge လို့တောင် ခေါ်သေးတယ်။

လိင်ဆက်ဆံတဲ့အခါ တခါတလေ လိင်တံရဲ့ အရေပြားကလည်း ပွန်းပဲ့သွားတတ်တယ်။ အဲဒီနည်းနဲ့ လိင်ဆံ ဘို့ Lubrication ချောဆီ သုံးရတယ်။ KY Jelly (KY Sexual Lubricant) က ပေါ်ပြူလာ အဖြစ်ဆုံးပါ။ သူက တခါသုံး မလာပါ။ တခါသုံး မဟုတ်တာ မှန်သမျှ စိတ်မချရတာ သိမှာပါ။ Jelly သုံးပေမဲ့ နဲနေရင်၊ ဒါမှမဟုတ် အလျင်အမြန် ထိုးသွင်းရင် သေခြာပေါက် စအို စုတ်ပြဲ ပါလိမ့်မယ်။ စုတ်ပြဲတာက သွေးထွက် ချင်မှ ထွက်ပါမယ်။ သေးသေးလေး ဖြစ်အုံးတော့ အင်မတိ အင်မတန် သေးငယ်လွန်းလှတဲ့ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်တွေအတွက်ကတော့ (ဆူပါ-ဟိုင်းဝေး) ဖြစ်နေမယ်။

အဲဒီကနေ ပိုးဝင်လို့ ကူးစက်နိုင်တဲ့ ရောဂါတွေကတော့ အသဲရောင်ဘီ၊ လိင်ကတဆင့် ကူးစက်ရောဂါတွေ (ရှန်ကာ၊ ကြွက်နို့၊ ဖတ်းဂတ်စ်၊ ဂနိုးရီးယား) နဲ့ HIV တို့ ဖြစ်ကြပါတယ်။ စအိုဘေးက အရေပြားမှာ ပိုးရှိရင် ယားနာဆိုတာလဲ ကူးနိုင်ပြန်ပါသေးတယ်။ နောက်တချက် ယောက်ျားဆီးပြွန်ကပဲ Urine ဆီးရော Semen သုတ်အရင်ထွက်တဲ့ အရည်ချွဲရော၊ Sperm သုတ်ရည်ရော ထွက်ရတယ်။ ဒါ့ကြောင့် ဆီးလမ်းရောဂါပိုးကလဲ စအိုထဲ ဝင်နိုင်ပြန်ရော။ စအိုကင်ဆာ ကိုတော့ ဖြစ်နိုင်ခြေစာရင်းလောက်သာ ထည့်ပါမယ်။

Annal canal အရှည်က 2.5 to 4 cm သာ ရှိတာမို့ စအိုအထဲကို ဘယ်လောက်ပဲ ဝမ်း မရှိအောင် လုပ်ထားပါစေ ဘာထည့်ထည့် ပေကျံလာမှာပါ။ စအိုနဲ့ ထိပြီးသားအရာကို အမျိုးသမီးရဲ့ ဆီးလမ်းအဝနဲ့ မထိပါမှ ဆီးလမ်းပိုး ဝင်တာ မဖြစ်မှာပါ။ မိန်းမကိုယ်အဝကို တဆက်တည်း ပြန်သုံးရင် ပိုးဝင်နိုင်တယ်။ ပါးစပ်ဆိုတာတော့ ပြောမနေနဲ့ပေါ့။ ဆိုတော့ မတိုင်ခင်ရော၊ ကြားထဲမှာရော၊ ကိစ္စပြီးချိန်မှာရော ဘယ်လောက် ကရိကထများလိုက်သလဲ။ သာယာမှုနဲ့ မျှပါသလား။ တပ်မက်မှုကြောင့်ဖြစ်လာတဲ့ လိင်ဆက် ဆံမှုက ရလိုတာဟာ သာယာမှု၊ ကျေနပ်မှု နဲ့ ပြည့်ဝမှု မဟုတ်ပါလော။

လိင်ဆက်ဆံတာဟာ နှစ်ဦးနှစ်ဖက်ကိစ္စပါ။ အသက်လည်းပြည့်ပါမှ နှစ်ဦးသဘောတူဆိုပါမှ Rape မဖြစ်မှာ။ နှစ်ဦး သဘောတူ ဆိုရာမှာ (နည်း)ပိုင်း၊ (အနေအထား)ပိုင်း၊ အချိန်ပိုင်းတွေမှာပါ နှစ်ဦးသဘောတူမှ ပြည့်စုံပါလိမ့်မယ်။ တဦးသဘောမတူတာကို တဦးက နည်းလည်မှုပေးဘို့ လိုမှာပါ။ မဟုတ်ရင် တချို့တိုင်း ပြည်တွေမှာ ဥပဒေက ခွင့်မပြုပါ။ တကယ်လို့ ယောက်ျားနဲ့ မိန်းမ စအိုလိင်ဆက်ဆံနည်း သုံးမယ်ဆိုရင် ယောက်ျားဖြစ်သူဟာ Physiological and Psychological nature of the practice ဇီဝကမ္မဗေဒ အရရော စိတ်ပညာအရပါ နားလည်ဘို့ လိုမှာပါ။

စိတ်ပိုင်းဆိုင်ရာလဲ ထည့်ဆွေးနွေးရအောင်။ သဘာဝအားဖြင့် ကျား-မ လိင်ဆက်ဆံတယ်ဆိုတာ ဆက်ဆံ ချင်စိတ် ဖြစ်ပေါ်လာတာနဲ့ အမျိုးသမီးဟာ ယောက်ျားရဲ့ ကြီးစိုးလွှမ်းမိုးမှုကို Submission or Surrender စိတ်လိုလက်ရ နာခံလိုက်တာ ဖြစ်ပါတယ်။ မိန်းမရဲ့စအိုကို ဆက်ဆံချင်သူ ယောက်ျားမျိုးကတော့ ဒီလို လွှမ်းမိုးချင်စိတ် Domination ထက် ကဲပါတယ်။ စိတ်ပညာအလိုအရ အဲလို ယောက်ျားသားတွေဟာ Male domination complex ကျားလွှမ်းမိုးစိတ်ကဲမှု၊ Sexual deficiency complex လိင်ပိုင်းဆိုင်ရာ အားနည်းမှု၊ Low self-esteem မိမိကိုယ်ကိုယ် အထင်ရောက်မှု၊ Demeaning attitude towards women မိန်းမသားနဲ့ပတ်သက်ရင် အမြင်ကွဲလွဲမှု တခုခု ရှိနေတတ်ပြီး၊ မေတ္တာ-ချစ်တာ အားနည်းသူ ဖြစ်နေတတ် ပါသတဲ့။

နည်းအဆန်း စမ်းသူများ (ကွန်ဒွန်)သုတတော့ ရှိမယ်ထင်ပါတယ်။ ရှိအုံးတော့ (အေနယ်)နည်း သုံးရင် ပိုခိုင်မာတဲ့ (စပယ်ရှယ်-ကွန်ဒွန်) သုံးသင့်တယ်လို့ ဆိုပါတယ်။ အမေရိကမှာ အရေးပေါ်ဌာနတခုကိုလာတဲ့ စအိုထဲ ပစ္စည်းတခုခု (Foreign body) ဝင်လို့ လာသူတွေထဲမယ် ၇၈%ဟာ စအိုလိင်ကိစ္စကြောင့် ဖြစ်ရပါ သတဲ့။

သိတဲ့အတိုင်း လိင်ဆက်ဆံက (အင်နာဂျီ) အတော် ကုန်တာပါ။ စအိုထဲ ထိုးသွင်း-ဆွဲထုတ်တာက ပိုပြီး (အင်နာဂျီ) သုံးပါတယ်။ နှစ်ယောက်လုံးက ကျန်းမာရေး ဒေါင်ဒေါင်မည်ရပါမယ်။

နောက်ဆက်တွဲက စအိုလိင်ဆက်ဆံတာ များလာတာနဲ့ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် စအိုထိန်းကြွက် သားတွေ အားနည်းလာမယ်။ ဝမ်းထိန်းရတာ၊ လေထိန်းရတာ အားနည်းလာမယ်။ ဝမ်းသွားမမှန်ဖြစ် လာမယ်။ Kegel exercises လေ့ကျင့်ခန်း အလုပ်ခိုင်းယူရပါလိမ့်မယ်။ လူကြားသူကြား သွားတိုင်း (ဒိုင်ပါ)တမျိုးကို အမြဲအပိုဝတ်ထားရပါတော့တယ်။

သိပ္ပံအရ ပြောပြော၊ သဘာဝအရ ဆိုဆို၊ ဆင်ခြင်တုံတရားအရ တွေးတွေး၊ စအိုဟာ စွန့်ထုတ်စရာ သာဖြစ်ပြီး မိန်းမကိုယ် (မွေးလမ်းကြောင်း) လို ထိုးသွင်းရမဲ့ဒွါရ မဟုတ်တာ သေခြာပါတယ်။ သဘာဝ တရားနဲ့ ဆန့်ကျင်တာ နောက်တခုကတော့ အထက်ကနေ အောက်ကို ဆင်းသက်တဲ့ လားရာကို ပြောင်းပြန် လုပ်မိတာပါ။ ဒီခေတ်ကြီးမှာ သဘာဝဆိုတာကို Environment သဘာဝပတ်ဝန်းကျင်၊ ဂေဟစ နစ် နဲ့ Organic မပြုမပြင် အစားအသောက်ကိုသာ ကျယ်ကျယ် လောင်လောင် ပြောနေကြပြီး၊ သဘာဝ မကျတဲ့ လူတွေရဲ့ အကျင့်စရိုက်တွေကိုကြတော့ ပိုဆိုးဆိုး လာနေတာဟာ အဆီအငေါ် မတည့်ဘူး ထင်ပါ တယ်။

စအိုလိင်ဆက်ဆံနည်း ဥရောပကစတယ် ဆိုပါတယ်။ ဂရိ၊ ရိုမန်၊ ဘေဘီလုံ၊ ပါရှားခေတ်ကတည်းကပါတဲ့။ အာဖရိက မှာတော့ ဒါကို Taboo လို့ ယူဆပါတယ်။ မလုပ်သင့်ဘူးလို့ မှတ်ယူတာမျိုးပေါ့။ ဒါပေမဲ့ ကနေ့ ခေတ်မှာ အာဖရိက နွယ်ဖွါး အမေရိကန်များမှာ ခေတ်စားလှပါတယ်။ သိတဲ့အတိုင်း အမေရိကားမှာ သူတို့တတွေရဲ့ အဆင့်အတန်းဟာ ဘာလဲလို့။ ကြားချင် ကြားဘူးမယ် သီချင်းထဲ ထည့်စပ်ကြတာ။ သူတို့တတွေပါဘဲ။ "Lick it till your tongue turn doo doo brown" "Da Butt" "Baby Got Back" နောက် မှတ်သားဘို့ ကောင်းတာတခုက အကျဉ်းစခန်းတွေမှာ အသုံးချစရာ စအိုသာရှိလို့ ထောင်ကလာတဲ့ ဇာတ်လမ်းလို့လဲ ဆိုနိုင်ပါသေးတယ်။

ကမ္ဘာကျော် ရေမွှေးကို ဂျာမနီ Cologne ကနေ ထုတ်တာ မဟုတ်ပါလား။ Jovan Musk ဆိုတာ ၁၉၇၃ ကစ ထုတ်တယ်။ သမင် တမျိုးကရတဲ့ ယောက်ျားသားတွေရဲ့ အနံ့ရှိတယ်ဆိုပြီး၊ လိင်ဆွဲဆောင်မှုအတွက် ရေမွှေးလုပ် ထုတ်တာဖြစ်ပါတယ်။ ရောင်းကောင်းလို့ ကျားသုံး-မသုံး နှစ်မျိုးလုံး ထုတ်ပါတယ်။ ဆိုချင်တာ က လိင်ဆက်ဆံရေးမှာ အနံ့ရဲ့ အရေးပါတာကိုပါ။ အမျိုးသမီးများရဲ ယောနိကနေ Pheromones ဆိုတာ အလိုလို ထုတ်ပါတယ်။ ဆန့်ကျင်ဖက်လိင်ကို ဆွဲဆောင်နိုင်တဲ့ အနံ့ပါ။ စအိုမှာ အဲဒီအစွမ်းက ဗလာနတ္ထိ မရှိပါ။ မစင်နံ့သာ ရှိပါတယ်။

လူကြီးတွေက ဆုံးမတယ် အိမ်ပြင်ကအမှိုက် အိမ်ထဲမသွင်းနဲ့တဲ့။ ဆရာဝန်က အကြံပေးချင်တယ် အညစ် အကြေးကို အသစ်ကလေး မထင်နဲ့လို့။

Dr. တင့်ဆွေ ဆေးစာများdrmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0tag:blogger.com,1999:blog-2724145099748571414.post-90306605353001781272013-09-29T13:11:00.002+06:302013-09-29T13:11:37.070+06:30ပြိုင်တူပြီးတာဟာ ချစ်တင်းနှောခြင်းရဲ့ အကောင်းဆုံးအရသာလား(+18)

“ဇာတ်သိမ်းခန်း ရာဇ၀င်” တင်လိုက်တဲ့အခါမှာ “ရွှေစွန်”ဆိုတဲ့ နာမည်ဝှက်နဲ့ တစ်ယောက်က အင်္ဂလိပ်လို လှမ်းမေးလာပါတယ်။ အင်္ဂလိပ်စာ အခက်အခဲ ရှိသူများအတွက် နည်းနည်း ခက်မှာမို့လို့ သူနဲ့ ပြောဖြစ်တာလေးကို မြန်မာစကားနဲ့ ပြန်တင်ဆက်လိုက်ပါတယ်။

သူ့စာကိုတော့ ဘာသာပြန်ပြမနေတော့ပါဘူး။ လိုရင်းကိုပဲ ရေးပြပါ့မယ်။ သူက မေးလာတာက သူက သူ့အဖော်နဲ့ ချစ်တင်းနှောတဲ့အခါ သူ့အဖော်က အရင် ဇာတ်သိမ်းသွားလေ့ ရှိတယ်။ သူက နောက်ကျမှ ဇာတ်သိမ်းတယ်။ သူက ဆယ်မိနစ်လောက် ကြာတယ်။ သူငယ်ချင်းတွေကို မေးကြည့်တော့ ပြိုင်တူ ဇာတ်သိမ်းတာကမှ ချစ်တင်းနှောခြင်းရဲ့ အနှစ်သာရ ပြည့်စုံတာလို့ ဆိုကြတယ်။ အဲဒါ ဟုတ်လားလို့ မေးလာတာပါ။

ပြိုင်တူ ဇာတ်သိမ်းခြင်းဟာ အပြာစာအုပ်တွေထဲမှာ တင်စားဖွဲ့နွဲ့ထားတာတွေ သက်သက်ပါ။ တစ်နည်းပြောရရင် ယုံတမ်းစကား ဒဏ္ဍာရီသာဖြစ်ပါတယ်။ ပြိုင်တူ ဇာတ်သိမ်းရလို့လည်း ချစ်အရသာ ပြည့်စုံတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။

သည်နေရာမှာ အရေးတကြီး သတိထားသင့်တဲ့အချက်က အဲဒီ့အပြာစာအုပ်တွေ ရေးသားနေကြသူ အများစုဟာ “လူပြော မသန်”တွေ ဆိုတာပါပဲ။ သူတို့တွေရဲ့ စိတ်မှာ အုံ့ပုန်း ကျိတ်မြုံနေတာတွေ၊ အာသီသတွေကို စာတွေ ချရေးတဲ့နည်းနဲ့ ဖြေဖျောက်နေကြတာဖြစ်ပါတယ်။ တကယ့်အတွေ့အကြုံကို အခြေပြုတယ် ဆိုရင်တောင်မှ ကြားဖူးနားဝနဲ့ ရမ်းသမ်း ဖြီးဖြန်းတွေကို ဦးစားပေး ဖော်ပြကြတာ များပါတယ်။

သေချာတာကတော့ အဲဒီ့စာအုပ်တွေဟာ ဖျော်ဖြေရေး သက်သက်သာ ဖြစ်ပြီး ဘာအဆီအသား၊ ဘာအနှစ်သာရ၊ ဘာပညာသားမှ မပါဘူးဆိုတာကို အားလုံး သတိချပ်သင့်ပါတယ်။ လူတွေကို ဒုက္ခရောက်စေနိုင်တဲ့ အချက်အလက်တွေတောင် ပါနေပါသေးတယ်။ အလွယ်ဆုံး ဥပမာ ပေးရရင်တော့ ယောက်ျားတွေ အိပ်ဖော် တစ်ယောက်ထက် များအောင် လှုံ့ဆော်စာတွေ ဖြစ်ပေမယ့် ကွန်ဒုံး သုံးတာကို ဘယ်အပြာစာအုပ်မှာမှ ထည့်သွင်းဖော်ပြထားတာမျိုး မရှိတာနဲ့ သက်သေပြရပါလိမ့်မယ်။ တကယ့် လက်တွေ့ဘ၀မှာ ကိုယ့်ဇနီးမယား မဟုတ်ရင်၊ ကိုယ့်ခင်ပွန်း မဟုတ်ရင် ဘယ်သူ့ ဘယ်သူမှ စိတ်မချရတဲ့ ခေတ်ကာလမို့ HIV အပါအ၀င် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါအထွေထွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ ကွန်ဒုံးကို မပြတ် သုံးစွဲသင့်တာချည်းပါပဲ။ ဒါကို ခေတ်အဆက်ဆက် ထွက်ခဲ့သမျှ ဘယ်အပြာစာအုပ်ကမှ အသိအမှတ်ပြုမထား၊ ထည့်ရေးမထားပါဘူး။ အဲဒီ့ကတည်းက သည် အပြာစာအုပ်တွေဟာ ဖျော်ဖြေရေး သက်သက်သာဖြစ်ပြီး အဲဒီ့ထဲမှာ ဖော်ပြထားသမျှဟာ လူသားတွေရဲ့ ကောင်းကျိုးကို ရည်သန်ထားတာ မဟုတ်မှန်း လူသားအပေါင်း သူတော်ကောင်းတို့ သတိရှိသင့်နေကြပါပြီ။

အခုလည်း သူ့သူငယ်ချင်းဆိုသူတွေက အပြာစာအုပ်ထဲက ဟာတွေကို အဟုတ်မှတ်ပြီး ပြိုင်တူ ဇာတ်သိမ်းတာ ကောင်းတယ်လို့ အကြံဝိုင်းပြုကြတယ်။ တကယ်က မဟုတ်ပါဘူး။ အမျိုးသမီး အကုန်လုံး မဟုတ်ဘူးဆိုရင်တော အများစုဟာ သူတို့ ဇာတ်သိမ်းပြီးတဲ့နောက် ၃-၄ မိနစ်ကြာတဲ့အထိ အရှိန် မသေသေးပါဘူး။

သူတို့ရဲ့ ဇာတ်သိမ်းချိန်လွန်ကာလဟာ ယောက်ျားတွေဖြစ်နေကျ ဘောလုံး လေလျှော့လိုက်သလို ဟုတ်ခနဲ ငြိမ်းသွားတာမျိုး မဟုတ်ဘဲ ဖွဲမီးငြိမ်းသလို တအိအိ ပြီးဆုံးသွားတာမျိုး ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ ဇာတ်သိမ်းပြီးချိန်မှာ အမျိုးသားဘက်က ဆက်လက် ချစ်တင်းနှောနေနိုင်သေးတယ်ဆိုရင် အမျိုးသမီးများအတွက် သာယာမှုကို ပြည့်ပြည့်၀၀ ခံစားရနိုင်ပါတယ်။ အဲဒီ့နောက်ပိုင်းမှာ ကြည်ကြည်နူးနူးနဲ့ ညင်ညင်သာသာ နွေးနွေးထွေးထွေးသာ ရှိမယ်ဆိုရင် သိပ်မကြာခင်အတွင်းမှာ နောက်တစ်ကြိမ်တောင် ချမ်းသာသုခ ရရှိနိုင်ပြန်တယ်။ ဒါပေမယ့် တချို့တွေ (အထူးသဖြင့် ပထမတစ်ကြိမ် ဇာတ်သိမ်းချိန်မှာ တအား ပေါက်ကွဲပြင်းထန်သွားရင်) ဒုတိယတစ်ကြိမ်ကို မလိုလားတတ်တော့ပါဘူး။ ပထမတစ်ကြိမ်နဲ့တင် စိတ်အထာကျသွားတတ်ပါတယ်။

ဒါဖြင့် မေးစရာ ရှိပါတယ်။ အမျိုးသားဘက်က ဘယ်အချိန်မှာ ဇာတ်သိမ်းသင့်သလဲဆိုတဲ့ မေးခွန်းပါ။ အကောင်းဆုံးကတော့ ကိုယ့်အိမ်ထောင်ဖက်နဲ့ အစောကြီးကတည်းက တိုင်ပင် ညှိနှိုင်းထားတာပါပဲ။ သူ့ဘက်က မီးစိမ်းပြတဲ့အချိန်မှာ ယောက်ျားအနေနဲ့ ဇာတ်သိမ်းလိုက်တာဟာ နှစ်ဦးနှစ်ဖက်အတွက် ကျေနပ်မှုကို အပြည့်အ၀ ရစေနိုင်ပါတယ်။ အဲလို မညှိနှိုင်းချင်ဘူးဆိုရင်တော့ အကြမ်းအားဖြင့် အမျိုးသမီးဘက်က ဇာတ်သိမ်းပြီးတဲ့နောက် ၃ မိနစ်လောက် ၀န်းကျင်မှာ အမျိုးသားဘက်က ဇာတ်သိမ်းလိုက်ခြင်းဟာ အဆင်အပြေဆုံး ဖြစ်နိုင်ပါလိမ့်မယ်။သည်နေရာမှာ ဇာတ်သိမ်းမြန်တတ်သူ အမျိုးသားများဘက်က မေးလာမယ့် မေးခွန်းတစ်ခွန်းကလည်း ရှိပါသေးတယ်။ အဲဒါကတော့ ဇာတ်သိမ်းစောနေတာကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတာပါ။ လူပျိုလေးတွေက အဲဒီ့မေးခွန်းကို ပိုမေးတတ်ကြတယ်။ ဇာတ်သိမ်း မြန်ခြင်း၊ နှေးခြင်းဟာ မိမိရဲ့ စိတ်နဲ့ ဆိုင်ပါတယ်။ စိတ်ကို ထိန်းနိုင်သူက ထိန်းနိုင်ပြီး မထိန်းနိုင်သူက မထိန်းနိုင်ပါဘူး။ အဲတော့ မိမိစိတ်ကို ထိန်းသိမ်း လေ့ကျင့်သွားမယ်ဆိုရင်၊ တစ်နည်းပြောရရင် အတွေ့အကြုံ ရင့်ကျက်လာတဲ့အခါမှာ ထိန်းနိုင်လာပါလိမ့်မယ်။ ဒါက အတွေ့အကြုံနည်းတဲ့ လူပျိုလေးတွေအတွက် ခက်နေဦးမှာပါ။

ဒါကို ရေးတော့ အင်တာနက်ပေါ်မှာ အဲဒီ့ ဇာတ်သိမ်းမြန်လို့ စိတ်ဆင်းရဲနေတဲ့ လူငယ်တစ်ယောက်နဲ့ ဖြစ်ခဲ့တာ အမှတ်ရမိသေးတယ်။ သူက ဇာတ်သိမ်းမြန်နေတယ်၊ အဲဒီ့အတွက် စိတ်ဆင်းရဲနေတယ်တဲ့။ ဒါ သဘာဝပါ။ အိမ်ထောင်ကျပြီးသွားရင် အဆင်ပြေသွားမှာပါ။ အလေ့အကျင့်နည်းလို့ ဖြစ်တာပါလို့ ကျွန်တော်က အေးအေး ဆေးဆေး အထပ်ထပ် ပြောပေမယ့် သူက အထွန့်တက်လို့ မဆုံးဘူး။ မဟုတ်ဘူး၊ နည်းပေးပါ၊ သည်အတွက် စိတ်ဆင်းရဲနေလို့ပါလို့ပဲ တတွတ်တွတ် ပြောရင်း ဂျီကျနေကြတယ်။ သိတဲ့အတိုင်း ကျွန်တော့်စိတ်ကလည်း ခပ်ရှည်ရှည်။ နှစ်ခါက သုံးချကျတော့ စိတ်က ပေါက်လာတယ်။ သည်လောက် ပြောနေတာမှ စိတ်ဆင်းရဲ နေရသေးတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်သာ သတ်သေလိုက်တော့လို့ ပြောထည့်လိုက်မိသွားပါတယ်။ ဟား… ဘာပြောကောင်းမလဲ… ကျွန်တော့်ကို ဆဲသွားတာများ မိုးကို မွှန်လို့…။

အမှန်တော့ ဇာတ်သိမ်းမြန်တာက လူပျိုမှ မဟုတ်ပါဘူး။ အိမ်ထောင်သက်အတော်ရနေတဲ့ အိမ်ထောင်သည်ပေမယ့်လည်း သိပ် စိတ်သန်နေတဲ့အခါ၊ ဒါမှမဟုတ် သည်အတွေ့အကြုံနဲ့ ဝေးကွာ ပြတ်လပ်နေတဲ့ ကာလ သိပ်ကြာသွားတဲ့အခါမျိုးတွေမှာ ဇာတ်သိမ်းမြန်တတ်ပါတယ်။

အဲတော့ အဲလို ဇာတ်သိမ်းမြန်တတ်သူများအတွက် အကောင်းဆုံးနည်းက ချစ်တင်းနှောတဲ့ နည်းနဲ့ မဟုတ်ဘဲ တခြားနည်းနဲ့ ကိုယ့်အိမ်ထောင်ဖက်ကို ဇာတ်သိမ်းသွားအောင် အရင်ဆုံး ဖန်တီးဆောင်ရွက်ပေး၊ ကိုယ့်အိမ်ထောင်ဖက် ဇာတ်သိမ်းပြီဆိုမှ ချစ်တင်းနှောတာမျိုးက အဆင်ပြေနိုင်ပါတယ်။ ဒါတောင်မှ ကိုယ်က တက်ထရွန် မဟုတ်ဘဲ “တက်ထွက်”ဖြစ်နေမယ်ဆိုရင်တော့ အမျိုးသမီးမှာ အနေရ အထိုင်ရ ခက်ပြီး ကျန်ရစ်တတ်ပါတယ်။

တချို့ ဇာတ်သိမ်းမြန်တတ်သူများအတွက်က ချစ်တင်းမနှောခင် နာရီဝက် တစ်နာရီ ကြိုပြီး မိမိဘာသာ တစ်ကိုယ်ရေ အာသာဖြေတဲ့ နည်းနဲ့ သုက်လွှတ်ထားမယ်ဆိုရင် နည်းနည်း ပိုထိန်းနိုင်တာကို တွေ့ရပါတယ်။ ဒါလည်း ပုံသေတော့ မဟုတ်ဘူး။ စိတ်က အဓိကပါ။

ဆေးအနေနဲ့တော့ ဘာဆေးကိုမှ မယုံစေချင်ပါဘူး။ သုံးမယ်ဆိုရင် ကြက်ဟင်းခါးသီးနဲ့ ခွေးတောက်ရွက်ကို များများနဲ့ မှန်မှန် စားထားတာကတော့ တော်တော်လေး အထောက်အကူဖြစ်တာ တွေ့ရပါတယ်။ ကြိုက်တာတွေ၊ မကြိုက်တာတွေ၊ စားနိုင်တာတွေ၊ မစားနိုင်တာတွေကတော့ တစ်ဦးစီရဲ့ ပြဿနာပါ။ ဆေးအဖြစ် မှီဝဲချင်သူများအတွက် အဲဒါက ပွဲတွေ့ နည်းကောင်းတစ်ခုဖြစ်သလို ဘာဘေးထွက်ဆိုးကျိုးမှလည်း မရှိနိုင်တဲ့ နည်းမျိုးပါပဲ။

အားလုံးကို ချုပ်လိုက်ရင်တော့ အမျိုးသမီးက အရင်ဇာတ်သိမ်းပြီး အမျိုးသားက နောက်က ၃-၄-၅ မိနစ် ဆိုင်းပြီးမှ ဇာတ်သိမ်းခြင်းမျိုးဟာ နှစ်ဦးနှစ်ဖက်အတွက် သာယာမှု အရနိုင်ဆုံး နည်းလမ်းလို့ ပြောချင်ပါတယ်။ အပြာစာအုပ်တွေထဲကလို ပြိုင်တူဇာတ်သိမ်းခြင်းမျိုးဟာ အမျိုးသမီးတွေအတွက် သိပ် မက်စရာ မကောင်းလှဘဲ အပြာစာအုပ်ရေးသူတွေ စိတ်ကူးယဉ် မက်မောတဲ့ အရာသာ ဖြစ်ကြောင်းပါ။

ရှိသေးတယ်။ အပြာစာအုပ်တွေထဲမှာ အမျိုးသမီးက အဖန်ဖန် ဇာတ်သိမ်းတယ်ဆိုတာမျိုးပါ။ အဲဒါလည်း ရှာမှ ရှားတဲ့ အဖြစ်မျိုးပါ။ သိပ်ကို စိတ်သန်တက်ကြွလွယ်တဲ့ အမျိုးသမီး အနည်းစု၊ ဆယ်ယောက် မှာ တစ်ယောက်လောက်သာ အဲဒါမျိုး ဖြစ်တတ်ပါတယ်။ အများစုကတော့ တစ်ခါလောက် ဇာတ်သိမ်းပြီးရင် ကျေနပ်သွားတတ် စမြဲပါပဲ။ သည့်ထက်ပိုတဲ့ အများစုကတော့ အပြာစာအုပ်ကို ပြဋ္ဌာန်းစာအုပ်လို ကိုးကွယ်တတ်တဲ့ ယောက်ျားသားများကြောင့် သေသာသွားတယ် ဇာတ်သိမ်းခန်းဆိုတာကို မရောက်နိုင်ဘဲ ကလေးတွေ တစ်ဒါဇင်လောက် မွေးထားခဲ့ကြရတာပဲ အဖတ်တင် ကျန်ရစ်တတ်ပါတယ်။

သည်မှာလည်း တစ်လောဆီက ကလေး သုံးယောက် ဖခင်၊ အသက် ၆၀ ကျော် လူကြီးတစ်ယောက်နဲ့ ပြောခဲ့တာ သွားသတိရတယ်။ သူက သူ့ဇနီးကို ဇာတ်သိမ်းတယ်လို့ချည်း ထင်တာတဲ့။ ပြီးလားလို့ မေးရင် သူ့ဇနီးက ပြီးတယ်လို့ ပြောဆိုပဲ။ ကျွန်တော့်မှာ ရယ်လိုက်ရတာ။ အဲလို မေးရင်တော့ အမျိုးသမီးတွေက ပြီးလွယ် စီးလွယ် ခေါင်းညိတ်ပေးတတ်ကြတာချည်းပါပဲ။ တကယ်ကျွမ်းကျင်တဲ့ ယောက်ျားဆိုတာ အဲဒါမျိုး မမေးဘဲနဲ့ သိရတယ်ဗျလို့ ကျွန်တော်က ပြောတော့ အဲဒီ့ အစ်ကိုကြီးက ပါးစပ်အဟောင်းသားနဲ့ ဖြစ်နေရှာတယ်။

အဲဒါဟာ ကျွန်တော်တို့ ယောက်ျားသားတွေ အပြာစာအုပ် ဖတ်ခြင်းနဲ့ အချက်အလက်မှန်တွေကို မသိရခြင်းများရဲ့ အကျိုးကျေးဇူးပါပဲ။ ဘာဆို ဘာမှ အမှန်ကို သိမထားကြလေတော့ အသက်သာ ၆၀ ကျော်လာတယ်၊ ကိုယ့်ဟာကိုယ် အဟုတ်မှတ်နေတဲ့ ယောက်ျားသားတွေ၊ အဲလို ယောက်ျားသားတွေကြောင့် အဖိုနဲ့ အမ ချစ်တင်းနှောတယ်ဆိုတာ အိမ်ထောင်ရှင်တို့ ပြုရမြဲ ၀တ္တရားလို့သာ အောက်မေ့ပြီး စိတ်လျှော့ လိုက်လျောရင်း သာယာမှုကို မခံစားလိုက်ရတဲ့ မိန်းမသားတွေ သည်ဒွန္နယာကြီးမှာ ရိုက်သတ်လို့ မကုန်အောင် ပေါခဲ့၊ ပေါဆဲ၊ ပေါနေဦးတော့မှာပါပဲ။

By lettwebawdrmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com4tag:blogger.com,1999:blog-2724145099748571414.post-69855233554415995472013-09-24T16:02:00.001+06:302013-09-24T16:02:22.530+06:30အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ ဆေးစာများ - Primolut N အမျိုးသမီးသုံးဆေး

ကျွန်မက အသက် ၂၃ နှစ်ပါ။ အိမ်ထောင်မရှိပါ။ ရာသီမမှန်တာပါ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက မမှန်တာပါ။ ၃ လမှတစ်ခါ ၂ လမှတစ်ခါလာပါတယ်။ နောက်ဆုံးတစ်ခေါက်က ၆ လ အထိကြာနေလို့ စိတ်ပူတာနဲ့ ဆေးခန်းပြပါတယ်။ အာထရာဆောင်း ရိုက်တယ်၊ သွေးစစ်တယ်၊ အကုန်ပုံမှန်ပါပဲရှင့်။ တောင်ပေါ်သူဖြစ်ပြီး လက်လည်းတုန်တတ်လို့ လည်ပင်းဟော်မုန်းဆိုတာလည်းစစ်ပါတယ်။ အကုန်ပုံမှန်ပါပဲရှင့်။ ဆရာဝန်က primolut N ဆိုတဲ့ဆေးကို တစ်နေ့ ၃ လုံး ၂၁ ရက်သောက်ခိုင်းပါတယ်။ မလာတာနဲ့ နောက်ထပ်တစ်လ ဆက်သောက်ခိုင်းပါတယ်။ နှစ်လလောက်သောက်တော့ လာပါတယ်။ ဒါပေမဲ့ နောက်ထပ်မလာတော့ ပြန်ပါဘူး။ ဒါနဲ့ ကျွန်မလည်း ဆရာဝန်ဆီ ပြန်မသွားပဲ၊ အဲဒီဆေးကိုပဲဝယ်သောက်ပါတယ်။ သောက်တဲ့လဆိုရင် လာပါတယ်။ မသောက်ရင်မလာပါဘူး။ အမြဲတမ်းလည်း မသောက်ချင်တော့ ၂ လတစ်ခါဝယ်သောက်တာ တစ်နှစ်ကျော်ကြာလာပါပြီ။ တစ်ခါတစ်လေ လည်းတစ်နေ့ ၂ လုံးပဲသောက်ပါတယ်။ မေ့တဲ့နေ့ မသောက်ဖြစ်ပါဘူး။ ဒါပေမဲ့ သောက်ထားတဲ့လ ဆိုရင်လာပါတယ်။ ဒါပေမဲ့ စိုးရိမ်မိတာက အဲဒီဆေးက ဒီလိုပဲဆက်သောက်နေမယ်ဆိုရင် ဆိုးကျိုးတွေ ရှိလာနိုင်လားလည်း ကြောက်နေပါတယ်။ နောက်ပြီး သောက်တာက ဆရာဝန်မှာထားတဲ့အတိုင်း တစ်နေ့သုံးလုံး ၂၁ ရက် သောက်တာမဟုတ်တဲ့အတွက် ကြာလာရင် ဆေးမထိတော့မှာလည်း စိုးနေမိပါတယ်။ ကျွန်မ ဘယ်လိုဆက်လုပ်သင့်လဲရှင့်။ ပြီးတော့ အိမ်ထောင်ပြုဖို့လည်း အစီစဉ်ရှိတဲ့အတွက် တခြား ကလေးမရနိုင်တာတွေ ဖြစ်လာတတ်လားလည်းသိချင်ပါတယ်။

Apr 22, 2011 at 3:44 PM

ကျမ အသက်က ၃၂ ပါ။ အမျိုးသား အသက်က ၂၆ ပါ။ ၁ လခွဲ အထိ ရာသီမလာလို့ ကိုယ်ဝန်စစ်ကြည့်တော့လည်း မဟုတ်လို့ ဆရာဝန် ပြကြည့်တော့ Primolut N ကို မနက်တစ်လုံး ညတစ်လုံးနဲ့ ၁ဝ ရက် သောက်ခိုင်းပါတယ်။ ၁ဝ ရက် မပြည့်ခင်မှာတင် ၃-၄ ရက်လောက် ရာသီ ကောင်းကောင်း လာပါတယ်။ အခုတော့ ရာသီလည်း ရပ်သွားပါပြီ။ ကလေး ယူလို့ ရနိုင်ပါပြီလားလို့ သိချင်တာပါ။ မျိုးဥထွက်စေတဲ့ ဆေးမျိုးတွေကော သောက်ဖို့ လိုပါသေးလားရှင်။

Primolut N (Generic Norethisterone) ဆေးထဲမှာ Norethisterone ခေါ်တဲ့ Progesterones ဟော်မုန်းတမျိုးတည်း ပါတယ်။ Estrogen မပါဘူး။ ဦးနှောက်ထဲရှိတဲ့ Pituitary ကနေ ထုတ်တဲ့ Gonadotropins ဟော်မုန်းကို တားဆီးပေးတယ်။ Mini-pill ကိုယ်ဝန်တားဆေး ခေါ်တယ်။ ဒီဆေး စွဲသောက်နေသူ တဝက်မှာ ရာသီလာပေမဲ့ မျိုးဥ မထွက်ဘူး။ ဟော်မုန်း ၂ မျိုးတွဲ တားဆေးထဲက Estrogen ဟော်မုန်းနဲ့ မသင့်သူတွေကို ပေးတယ်။

ဒီရောဂါတွေအတွက် ပေးတယ် -

1. Dysfunctional uterine bleeding ရာသီဆင်း မရပ်တာကို Primolut N တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ၁ဝ ရက် ပေးတယ်။ ၁-၃ ရက်အတွင်း ကောင်မယ်။ နောက်ထပ်အဲလို မဖြစ်အောင် ၃ ပါတ်လောက် ထပ်ပေးတယ်။ တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်၊ ရာသီစက်ဝန်းရဲ့ ၁၉ ရက်ကနေ ၂၆ ရက်အတွင်းမှာ ပေးတယ်။

2. Primary and secondary amenorrhoea မွေးကတည်းကဖြစ်ဖြစ်၊ နောက်မှဖြစ်ဖြစ် ကိုယ်ဝန် မဟုတ်ဘဲ ရာသီ ထိန်နေသူတွေကို Prolactin-producing pituitary tumour ရောဂါမရှိတာ သေခြာအောင် အရင်လုပ်ရမယ်။

• ပဌမနေ့မှာ Estradiol valerate 10 mg ထိုးဆေး ၂ လုံးထိုးတယ်။

• ၁၄ ရက်ကြာရင် Estradiol valerate 10 mg ၁ လုံးထိုးမယ်။

• ရာသီစဆင်းတဲ့နေ့နောက် ၁၉-၂၆ ရက်အတွင်းတွေမှာ Primolut N ဆေးပြားကို တနေ့ ၂-၃ ကြိမ်ပေးမယ်။

• ၂၈ ရက်မှာ သွေးဆင်းမယ်။

• နောက်ထပ် အဲလို ၂-၃ ပါတ် ဆက်ပေးတယ်။ ရာသီစဆင်းတဲ့နေ့နောက် ၆ ရက်မြောက်နဲ့ ၁၆ ရက်မြောက် နေ့တွေမှာ Estradiol valerate 10 mg ၁ လုံးထိုးမယ်၊ ၁၉ ရက်နဲ့ ၂၆ ရက်မြောက်နေ့တွေမှာ Primolut N ဆေးပြားကို တနေ့ ၂ ကြိမ်၊ ပေးမယ်။

• ထိုးဆေးမပါဘဲ ရာသီစဆင်းတဲ့နေ့နောက် ၁၉ ရက်ကနေ ၂၆ ရက်နေ့တွေအတွင်း Primolut N ဆေးကို တနေ့ ၂ ကြိမ်ပေးပြီးလဲ စမ်းနိုင်ပါတယ်။ 3. Premenstrual syndrome ရာသီမလာခင် ဖြစ်တတ်တဲ့ ခေါင်းကိုက်၊ စိတ်ကျ၊ ကိုယ်ရောင်၊ ရင်သားတင်း၊ စတာတွေ သက်သာစေဘို့ ရာသီစဆင်းတဲ့နေ့နောက် ၁၉ ရက်ကနေ ၂၆ ရက်နေ့အတွင်း Primolut N ဆေးကို တနေ့ ၂-၃ ကြိမ် ပေးတယ်။

4. Timing of menstruation ရာသီလာရက်သတ်မှတ်ခြင်း၊ Progestogen-Estrogen ဟော်မုန်း ၂ မျိုးပါ တားဆေးက ပိုသင့်တော်တယ်။ Primolut N တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ၁ဝ-၁၄ ရက် သောက်ပါ။ ဆေးကုန်ပြီး ၂-၃ ရက်မှာ သွေးဆင်းပါမယ်။

5. Endometriosis သားအိမ်ရောဂါတမျိုး၊ ရာသီလတခုရဲ့ ၅ ရက်မြောက်နေ့မှာ Primolut N ဆေး တနေ့ ၂ ကြိမ် သောက်ပါ၊ သွေးတစက်စက်စလာရင် ၂ ပြား၊ ၂ ကြိမ် တိုးသောက်ပါ။ သွေးရပ်သွားရင် ဆေးပြန်လျှော့ပါ။ ၄-၆ လ ကြာ သောက်ရမယ်။ ဆေးကုသနေတုံးမှာ မျိုးဥလဲမထွက်ဘူး၊ ရာသီလဲမဆင်းဘူး။ ဆေးရပ်လိုက်မှ သွေးဆင်းမယ်။

ဒီရောဂါတွေအတွက် မပေးရဘူး -

1. Pregnancy ကိုယ်ဝန် ရှိနေရင်၊

2. Lactation နို့တိုက်နေရင်၊

3. Thromboembolic သွေးခဲရောဂါ ရှိရင်၊

4. Diabetes mellitus ဆီးချိုရှိရင်၊

5. Severe hepatic disease အသဲမကောင်းရင်၊

6. Liver tumours အသဲကင်ဆာ ရှိရင်၊

7. Sex hormone-dependent malignancies တခြား လိင်ဟော်မုန်းနဲ့ဆိုင်တဲ့ ကင်ဆာ ရှိရင်၊

Side effects ဘေးထွက်ဆိုးကျိုးတွေ -

Visual disturbances မျက်စိကြည့်မကောင်း၊ Nausea ပျို့ချင်၊ Headache ခေါင်းကိုက်၊ Oedema ကိုယ်ရောင်၊ Migraine မိုင်ဂရင်း အမူးရောဂါ၊ Dyspnoea အသက်ရှူခက်၊ Rash, Urticaria အရေပြားအနီပြင်ထွက်၊ Change in sex drive လိင်ဆန္ဒဖြစ်တာ အပြောင်းအလဲ ရှိတတ်တယ်၊ Weight gain လူဝလာတတ်တယ်၊ Hair loss ဆံပင်ကျွတ်တတ်တယ်၊ ဒါမှမဟုတ် Excessive hair growth အမွှေးထူတတ်တယ်၊ Sleepiness အိပ်ချင်တယ်၊ ဒါမှမဟုတ် Difficulty sleeping အအိပ်ခက်တယ်။

Special precautions အထူးသတိထားစရာတွေ -

Diabetes mellitus ဆီးချိုရှိနေသူများ၊ Psychic depression စိတ်ကျရောဂါရှိသူများ၊ Phenytoin, Barbiturates, Primidone, Carbamazepine, Rifampicin, Griseofulvin, Oxcarbazepine, Rifabutin ဆေးတွေနဲ့တွဲပေးတာ သတိထားရမယ်။

Dr. တင့်ဆွေdrmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0tag:blogger.com,1999:blog-2724145099748571414.post-54379753855683681222013-09-23T14:08:00.001+06:302013-09-23T14:08:35.906+06:30ယောင်္ကျားလေးများ သိထားသင့်တဲ့ ယောင်္ကျား ပြီးခြင်း (ONLY +18)

Q: ဆရာခင်မျာ။ ကျွန်တော့် အသက်က ၃ဝ နှစ်ဝန်းကျင်ပါ။ ကျွန်တော် မေးချင်တာက လိင်မှုဆက်ဆံရေးနဲ့ ဆိုင်ပါတယ်။ ကျွန်တော့် ရည်းစားနဲ့ လိင်ဆက်ဆံမှု ပြုတဲ့အခါတိုင်း ကျွန်တော့်လိင်အင်္ဂါက စပြီး ၁ဝ မိနစ်လောက်ဆို ကျသွားပါတယ်။ ပြန်မာအောင် လုပ်ပြီး ထပ်လုပ်ပြန်ရင်လဲ၊ ၁ဝ မိနစ် ဝန်းကျင်ဆို ပြန်ပြန်ကျသွားတတ်ပါတယ်။

တခါတခါ ပြီးဖို့လဲ အတော်လေး ကြာတဲ့အပြင် လိင်ဆက်ဆံရင်းနဲ့ မပြီးဖြစ်ဘူး။ အမြဲတမ်း Hand-job လုပ်ပေးမှ ပြီးသွားတတ်ပါတယ်။ တခါ ပြီးရင်တော့ ၁ နာရီလောက် နားပြီး၊ ပြန်ဆွပေးရင် ပြန်မာလာပြန်ပါတယ်။ ဒါပေမယ့် အခုနလိုပဲ လိင် ဆက်ဆံမှု ပြန်နေရင်းနဲ့  ပြန်ကျသွားတတ် ပြန်ပါတယ်။ ကျွန်တော့်ရဲ့ စိတ်ဆန္ဒက လိင်ဆက်ဆံမှုပြုရင်း ပြီးချင်သူပါ။ မိန်းကလေးနဲ့  လိင်ဆက်ဆံတဲ့ အကြိမ် ကျွန်တော့်မှာ အတော်လေး နည်းပါးပါတယ်။ များသောအားဖြင့် Masturbation လုပ်တာ များပါတယ်။ ကျွန်တော် စိုးရိမ်တာက Masturbation အလုပ်များလို့ လက်ရဲ့အားကို လိင်ဆက်ဆံမှုလုပ်တာ မလိုက်နိုင် တာလား၊ ဒါမှမဟုတ် ပန်းသေပန်းညိုးများ ဖြစ်နေပြီလား ဆိုတာကိုပါ။ များသောအားဖြင့် သုက်လွှတ် မြန်တာကို ထိန်းဖို့ ကြိုးစားတဲ့ကြားမှာ ကျွန်တော်က ပြောင်းပြန် ဖြစ်နေတော့ အရမ်းကို စိုးရိမ်နေမိပါတယ်။

A: (မာစတာဘေးရှင်း) ဆိုတာ လူငယ်တိုင်း မကင်းပါ။ သူတို့တတွေ ရည်းစားသနံထား၊ အိမ်ထောင်ရက်သား ကျကြတာပါဘဲ။ ငယ်တုံးက အကျင့်ကြောင့် နောင် ဆက်ဆံရေးကိစ္စမှာ အနှောင့်အယှက် ကြီးကြီးကျယ်ကျယ် မဖြစ်ပါ။

လိင်စိတ်ဝင်စားသူနှစ်ဦး အသားချင်း မထိတွေ့ရခင် ဆန္ဒဖြစ်ပေါ်လာတဲ့အခါ အင်္ဂါစိုစွပ်၊ သန်မာလာတာဟာ စိတ်ကြောင့် ဖြစ်လာတာပါ။ နောက်တဆင့် အင်္ဂါတွေ ထိတွေ့လာရင် ဆန္ဒဖြစ်ပေါ်မှု၊ အင်္ဂါစိုစွပ်မှု၊ အင်္ဂါသန်မာမှုတွေဟာ ပိုမို မြင့်မား လာစေတယ်။ ဒါပေမဲ့ အဲလို အချိန်မျိုးမှာတောင် စိတ်မှာ တစုံတရာ အတားအဆီး ရှိလာတယ်ဆိုရင် နောက်ကို ပြန်ကျ၊ တစ်ကနေ ပြန်စရတယ်။ တယ်လီဖုံးလာလို့၊ တံခါးခေါက်လို့ ဆိုတာမျိုး။ ဒါ ရောဂါတခုရဲ့ လက္ခဏာ မဟုတ်ပါ။ ဇီဝကမ္မ (ဖီဇီယိုလော်ဂျီကယ်) ဖြစ်စဉ်တရပ်သာ ဖြစ်ပါတယ်။

မေးတဲ့သူမှာ ပန်းညှိုးရောဂါ မရှိပါ။ ရှိတဲ့သူတွေက ၁ဝ မိနစ် မပြောနဲ့ စတောင် မစနိုင်ကြရှာပါ။ အင်္ဂါချင်း ထိတွေ့မှုအဆင့် ရောက်နေရင်းကနေ ပြန်ကျသွားတာမျိုးက ပြင်ပပယောဂ မပါဘဲ ဖြစ်တယ်ဆိုရင် ရုပ်ပိုင်းက ကောင်းနေတာမို့ စိတ်ပိုင်းကို ပြင်ဘို့ လိုမယ်။ “အင်္ဂါသန်မာမှု” ဆိုတာ စိတ်ဖြစ်ပေါ်မှုနဲ့ အများကြီး ဆိုင်တယ်။ Viagra ဆေး ဆိုတာတောင်မှ ပန်းသေ-ပန်းညှိုးကို ဆေးတန်ခိုး တခုထဲနဲ့ မဟုတ်ဘဲ၊ စိတ်ထဲက ဖြစ်ပေါ်လာမှ သွေးတွေ ပိုလျှောက်လာလို့ သန်မာလာစေတာ ဖြစ်တယ်။

စိတ်ဖြစ်ပေါ်မှုကို ဘယ်လိုရအောင် လုပ်မလဲ။ ရိုးရိုးပြောရင် စိတ်ကိုနိုးဆွစေနိုင်တဲ့ အတွေး၊ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့၊ ဆိုတဲ့ အာရုံခြောက်ပါး ဖြစ်ပါတယ်။ တယောက်နဲ့ တယာက် မတူပါ။ ဂီတ၊ အစားအသောက်၊ ကြိုက်တာခြင်း မတူကြသလိုပါဘဲ။ ခက်တာက စိတ်ကို အာရုံတခုမှာ စူးစိုက်ထားနိုင်အောင် လူတိုင်းမလုပ်နိုင်ဘူး။ Zen ကို ဒီလိုကိစ္စနဲ့ တွဲရေးတာမျိုး ဖတ်ချင် ဖတ်ဘူးကြ လိမ့်ပါမယ်။

လက်ကိုသုံးလို့ ပိုအဆင်ပြေတာကို ထောက်ရင် လက်ရဲ့ လှုတ်ရှားမှုတွေဟာ စိတ်ကျေနပ်-သာယာမှုကို ပိုပေးနိုင်ပြီး၊ မ အင်္ဂါကို အသုံးပြုခြင်းက ဒီလောက် အဆင်မပြေတဲ့ သဘော ဖြစ်နေတယ်။ အဆင်ပြေအောင် လုပ်လို့ ရပါတယ်။ ကျားနဲ့ မ၊ ရုပ်နဲ့ စိတ်၊ လေးချက်ရှိတယ်။

ကျားအင်္ဂါရဲ့ ခန္ဓာဗေဒနဲ့ ဇီဝကမ္မဖြစ်စဉ်အရ လိင်စိတ်ကျေနပ်မှုကို ဖြစ်စေတဲ့ အချက်အလက်၊ အခြေအနေတွေ သိဘို့ လိုလာတယ်။ Male orgasm ယောက်ျားပြီးခြင်း ကိုဘဲ ရွေးထုတ်ပြောကြ တာပေါ့။ ကိုယ့်လက်ကို အသုံးချတဲ့အခါ ဘယ်နေရာကို နိုးဆွမှုဖြစ်စေသလဲ။ စိတ်ထဲမှာ ဘယ်လို ထင်မြင်-ခံစားနေရင်းနဲ့ ပြီးဆုံးသလဲ။ ကိုယ့်အဖေါ်နဲ့ ဆက်ဆံရာမှာ အဲလို အခြေအနေ မျိုးအတိုင်း ဖြစ်အောင်လုပ်ပါ။

ကျားအင်္ဂါရဲ့ ထိပ်ဖျားပိုင်းဟာ အဓိကကျပါတယ်။ ထိပ်ဖျားပိုင်းမှာ အာရုံကြောတွေ စုဝေးနေတယ်။ တိတိကျကျ ပြောရရင် ထိပ်ဖျား (ခေါင်း) နဲ့ သူ့ရဲ့အောက် အလည်နေရာတွေက အရေးပါတယ်။

အရေပြား တွဲနေသလိုရှိတဲ့ နေရာပါ။ ဆွဲကြည့်ရင် မြားဦးပုံမျိုး။ သူ့ကို ဆွဲတင်းခြင်းဟာ အင်္ဂါကို သန်မာစေအောင် ဖြစ်စေသလို ခံစားမှုလည်း အများဆုံး ရစေတယ်။ လက်ကို အသုံးပြုရင်လည်း ဒါကို ဖြစ်စေအောင် လုပ်တာပါဘဲ။ ဒီတော့ ဆက်ဆံချိန်မှာလည်း အဲဒါမျိုး ဖြစ်အောင်လုပ်ပါ။

မ အင်္ဂါကလည်း အဆင်ပြေဘို့ လိုသေးတယ်။ မွေးလမ်းဟာ ကလေးဖွါးရပြီဆိုတာနဲ့ အနည်းနဲ့အများ ပျက်စီးသွားရတယ်။ မွေးလမ်းကြောင်း ချဲ့မွေး၊ ပြင်ချုပ်ပေးတာတောင် မတူတော့ပါ။ တချို့က ပြန်မချုပ်ဖြစ်ပါ။ ချုပ်အုံးတော့ ချုပ်ရိုး မကောင်းတာ ဖြစ်တတ်တယ်။ ပြန်ချုပ်ရာမှာလည်း ကြွမ်းကျင်မှု လိုသေးတယ်။ ကလေး မွေးဘူးတာနဲ့ မ အင်္ဂါအဝရဲ့ အောက်တည့်တည့် နေရာက စုတ်ပြဲသွားတော့တယ်။ ကလေး မမွေးဘူးရင်တောင်မှ တချို့စုတ်သွားတတ် သေးတယ်။ တင်းအား လျှော့သွားလို့၊ ထိမိစေတာကို နည်းသွားစေတယ်။ မ-အင်္ဂါကို လိုတယ်ထင်ရင် ခွဲစိတ်ပြုပြင်ပြီး၊ အပျိုနဲ့ မခြားအောင် ဆရာဝန်များက ပါရမီ ဖြည့်ပေးနိုင်တယ်။

အပျိုစစ်-မစစ်ဆိုသူတွေမှာ ကွာခြားသွားပါပြီ။ ဒါကလည်း အကောင်း အဆိုးရှိသေးတယ်။ အတွေ့အကြုံ ရလာလို့ ပိုအဆင်ပြေစေတာလည်း ရှိတတ်တယ်။ “တခုလပ်နဲ့ အပျိုစင် ဘယ်ဒင်းသာလို့ယဉ်” ဆိုတာလိုပေါ့။

နောက်ပြီး မ အင်္ဂါအဝသာမက အဲဒီနေရာတဝှိုက်က ကြွက်သားနဲ့ အရွတ်တွေ သန်မာနေဘို့ လိုတယ်။ တချို့ဆိုရင် ထိန်းအား၊ တင်းအား၊ ပင့်အားတွေ လျှော့ကျပြီး၊ Prolapse of the Uterus “သားအိမ် ကျရောဂါ”ဖြစ်ရတယ်။ သားအိမ်ကျတယ် ဆိုတာ ခြုံပြောတာပါ။ အမှန်က သားအိမ်က မွေးလမ်းထဲ၊ မွေးလမ်းအပြင်ကို ထွက်လာတဲ့အဆင့်ထိ မရောက်သေးတာက ပိုတောင် များသေးတယ်။ သားအိမ်ကျတယ်လို့သာ ပြောတာ အမှန်က သားအိမ်ရှေ့က ဆီးအိမ် ကျ (ကြွံ) တာ Cystocele က အဖြစ်အများဆုံး။ ပိုဆိုးသူတွေက မွေးလမ်းနောက် (အောက်) ဖက်မှာရှိတဲ့ အစာဟောင်းအိမ် ကျ (ကြွံ) တာ Rectocele ဖြစ်တယ်။ ကံမကောင်းရင် ဆီးအိမ်၊ သားအိမ်၊ အစာဟောင်အိမ် သုံးခုလုံး တပြိုင်နက် ဖြစ်တယ်။ ခွဲစိတ်လို့ ရပါတယ်။

ကလေးမီးဖွါးရလို့ မဟုတ်ဘဲ၊ အနေအထိုင် လိုလို့ သားအိမ်ကျသူ အပျိုလေးတွေကို ခွဲစိတ်ပေးရဘူးတယ်။ အလေးအပင် မ တာ၊ အထိုင်အထ လုပ်ရတာ၊ အကြာကြီး ချောင်းဆိုးတာ၊ နှာချေတာ၊ ဝမ်းညှစ်သွားရတာ စတဲ့ ဗိုက်ထဲမှာ (ပရက်ရှာ) ဖြစ်စေတဲ့ ဖြစ်စဉ်တွေမှာ မဆင်ခြင်မိလို့ ဖြစ်ကြရတယ်။ (ဗဂျိုင်းနား) ဆိုတာ လုံခြုံမှုရှုဒေါင့်က ကြည့်ရင် (ဝိခ်-ပွိုင့်) အားနည်းချက်တခု ဖြစ်နေတယ်။ ဗိုက်ထဲမှာ တင်းအား၊ ဖိအားဖြစ်လာတိုင်း သူ့အပေါ် သက်ရောက်စေတယ်။ လူကြီး သူမတွေက မိန်းကလေးတွေကို ငယ်ငယ်ကတည်းက “မိန်းကလေးလိုထိုင်” လို့ သင်တတ်တယ်။ ယဉ်ကျေးမှုအရသာမက ကျန်းမာရေး အရပါ ကောင်းတယ်။ ဆောင့်ကြောင့် မထိုင်သင့်ဘူး။

ဒီအင်္ဂါတွေမှာ ခန္ဓာဗေဒအရ အထိန်းတွေက ရှိနေပြီးသားပါ။ အထိန်းတွေဆိုတာ ကြွက်သားတွေနဲ့ အရွတ်ပြားတွေ ဖြစ်တယ်။ ဒါတွေကနေ စုစည်း မ တင်ပေးထားတယ်။ ဒါပေမဲ့ သတိမထားဘဲ၊ မထိန်းဘဲ၊ အမှတ်တမဲ့ဆိုသလို ချောင်းဆိုး၊ နှာခြည်၊ အလေးအပင် မ၊ အထိုင်အထတွေ လုပ်ရရင် ဒီကြွက်သားတွေကို အားနည်း၊ ပျက်စီးစေနိုင်တယ်။ ဒီလိုဖြစ်ရင် စုစည်း မ-တင်ပေးတဲ့အား လျှော့နည်းပြီး၊ ထွက်ပေါက်ဖြစ်နေတဲ့ မွေးလမ်းဆီကို ဦးတည်ပြီး ကျ၊ ထွက်၊ ကြွံ ဖြစ်လာတော့တယ်။ ဆက်ဆံရာမှာ လာထိခိုက်တယ်။

ဒီကြွက်သားတွေက စိတ်ကနေထိန်းလို့ရတဲ့ အမျိုးအစားတွေဖြစ်တာ ကံကောင်းတယ်။ အားနည်းတယ်ဆိုရင် လေ့ကျင့်ခန်း လုပ်ပြီး ပြန်ကောင်းအောင် လုပ်နိုင်တယ်။ Pelvic floor exercise လို့ခေါ်တယ်။ သိပ်မခက်၊ သိပ်အပမ်းမကြီးပါ။ ဘယ် ကြွက်သားတွေလဲ ဆိုတာသိဘို့ အရင်သင်ပေးရတယ်။ ဆီသွားနေတုံး မပြီးခင် ရပ်သွားအောင် အထိန်းခိုင်းတဲ့အခါ နေရာတဝှိုက်က ကြွက်သားတွေကို စိတ်ကနေ ကြုံ့ပေးရတယ်။ ဘယ်ကြွက်သားတွေဆိုတာ သဘောပေါက်ပြီဆိုရင် တကယ် ဆီးမသွားဘဲ နေရင်း-ထိုင်ရင်း၊ အလုပ်လုပ်ရင်း၊ လှဲနေရင်း အဲဒီကြွက်သားတွေကို စိတ်ကနေ တင်းလိုက်၊ လျှော့လိုက် လုပ်ပေးတာက လေ့ကျင့်ခန်း ဖြစ်တယ်။ တခါလုပ်ရင် ၁ဝ-၂ဝ ကြိမ်၊ နေ့တိုင်း ၂ ကြိမ် လုပ်ပါ။

နောက်တချက် လိုသေးတယ်။ (ပိုတက်ဆီယမ်) ဓါတ်ဆား နည်းနေရင် ကြွက်သား အားမကောင်းဘူး။ အစားအစာထဲမှာ နည်းနေတာနဲ့ ဝမ်းပျက်တာတွေကြောင့် ဖြစ်တတ်တယ်။ (ပိုတက်ဆီယမ်) ကြွယ်ဝတဲ့အစားတွေက ငှက်ပြောသီး၊ လိမ်မော်သီး၊ စပျစ်သီး၊ ဆီးသီး၊ ဖရုံ၊ ဟင်းနုနွယ်၊ အာလူး၊ ပဲသီးတောင့်၊ ကွမ်းသီးဂေါ်ဖီထုပ်၊ မုံလာဥ၊ ဒိန်ချဉ်၊ စတာတွေ ဖြစ်တယ်။ လက်ဖက်ရည်ကြမ်းနဲ့ အုန်းရည် သောက်တာ ကောင်းတယ်။ လိုရင် Potassium ဆေးသောက်ပါ။

ဆက်ဆံတာကို ဆက်ကြရအောင်။ ဆက်ဆံနေစဉ် ကျား အင်္ဂါက အပေါ်ဖုံးအရေပြားကလည်း ဆွဲလှန်၊ ဆွဲပိတ်၊ လှုတ်ရှားမှု လုပ်တယ်။ လက်နဲ့လည်း ဒါမျိုလုပ်တာဘဲ။ အင်္ဂါနှစ်ခုလုံး သုံးတာလည်း ဒီဖြစ်စဉ်က အချိန်အများဆုံး ယူရတယ်။ ကျားအင်္ဂါ ထိပ်ဖျားကိုရော ပြောခဲ့တဲ့ ခေါင်းအောက်နေရာ ကိုရော ထိမိစေတာဖြစ်ရင် ခံစားမှု အများဆုံး ရစေတယ်။ မ အင်္ဂါဟာ အဝနဲ့ အတွင်းပိုင်းတွေက မတူကြဘူး။ အဝက ကျဉ်းတဲ့အပြင် ကြွက်သားက လှုတ်ရှားနိုင်တယ်။ ဒါ့ကြောင့် ကျားအင်္ဂါက အာရုံကြော အများဆုံးနေရာနဲ့ မ အင်္ဂါရဲ့ အကျဉ်းဆုံးနေရာ နှစ်ခု ထိမိစေတာဟာ ကျားအတွက် ပြီးချင်စိတ် ပိုစေတယ်။ ပြောခဲ့သလို မ အင်္ဂါကလည်း ကျန်းမာနေမှ ပိုကောင်းတယ်။

နောက်ဆုံးအချက်က မ စိတ်။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် တယောက်နဲ့ တယောက် လိင်စိတ် အနည်းအများ မတူကြပါ။ အတွေ့အကြုံ၊ အသက်၊ အခြေအနေအရ မတူကြပါ။ (လယ်ဗယ်) တူတွေဆိုရင် အဆင်ပြေဆုံးပါ။ မတူပေမဲ့ တယောက် ယောက်ကနေ ဦးဆောင်နိုင်တယ်။ တဦးနဲ့တဦး ချစ်ခင်စိတ်ရှိသူများမှာသာ အကောင်းဆုံးဖြစ်တယ်။ ကိုယ့် (ပါတနာ) ကိုပါ ပူးပေါင်း ဆောင်ရွက်ဘို့ စည်းရုံးပါ။

တယောက်က ခံစားမှု ကောင်းတဲ့ အခြေအနေဟာ နောက်တယောက် အတွက်လည်း အတူတူဘဲ။ အနေအထား၊ နည်းလမ်း၊ လှုတ်ရှားမှု၊ စကား၊ အနံ့၊ စတာတွေ အားလုံးဟာ နှစ်ဦးလုံးအတွက် အကောင်းဆုံး ဖြစ်နေစေသင့်တယ်။ စိတ်မစောပါနဲ့။ မစိုးရိမ်လွန်းပါနဲ့။ ဆက်ဆံကြတာဟာ တခါတလေ ပြီးပြီးပျောက်ပျောက်၊ တခါတလေ တမေ့တမြော။ တခါတလေ စီစီစဉ်စဉ်။ တခါတလေ ဟောဟောဒိုင်းဒိုင်း။ ဒါ့ကြောင့် အမြဲ (ပါဖက်) ချည်း မဖြစ်တတ်တာမို့ မဟုတ်တဲ့ အခါမျိုးအတွက် သောက မထားပါနဲ့။ အရည်အတွက်ကနေ အရည်အသွေး တိုးတက်လာတာ စုံတွဲတိုင်းပါ။

အောက်က ရေးပြီးသားစာတွေကို အချိန်ရရင် ဖတ်စေချင်ပါတယ်။

1. Physiology of Erection ကျားအင်္ဂါ သန်မာခြင်း၏ ဇီဝကမ္မဗေဒ

2. Early ejaculation (2) သုက်လွှတ်စောခြင်း အဆက်

3. Kegel exercises for Men ယောက်ျားများ စိတ်ဝင်စားကြသည်

4. Masturbation (မာစတာဘေးရှင်း)

5. Early ejaculation (1) သုက်လွှတ်စောခြင်း

By ဒေါက်တာတင့်ဆွေdrmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com2tag:blogger.com,1999:blog-2724145099748571414.post-61117388055721111332013-09-07T15:30:00.000+06:302013-09-07T15:30:04.648+06:30 ရင်သား ဖွံ့ဖြိုးအောင်၊ ကိုယ်ခန္ဓာ အချိုးအစားလှအောင် အသက် ၁၈ နှစ်ပြည့်မှဖတ်ပါဆေးစာများ

အချိုးအစားလှအောင် ဆေးသောက်လို့ရတယ်လို့ ကြားဖူးပါတယ်။ အကျိုး-အပြစ်တွေကို သိချင်ပါတယ်ရှင်။ လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေလို့ပါရှင်။ အမေ မွေးပေးထားတဲ့ ရုပ်အင်္ဂါကို ပြင်ချင်တာဟာ အခက်ဆုံးတွေထဲမှာ ပါတယ်။

ဒါကို ဆရာဝန်က ပြောတာပါ။ ဆရာဝန်က ဆေးပေးမယ်၊ နည်းလမ်းပေးမယ်၊ ခွဲစိတ်ပေးမယ်။ ခွဲစိတ်တာကိုတော့ ဆရာဝန်ဘက်က ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တာပေါ့။ ကျန်တာကို လိုက်နာရမှာက ကာယကံရှင် ဖြစ်တယ်။ ညွှန်းတဲ့ဆေး သောက်တာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ရှောင်စရာ-ဆောင်စရာတွေကို လိုက်နာဘို့ကတော့ ကောင်းချင်၊ ပျောက်ချင်သူတွေက လုပ်ကြရတယ်။ ဆရာဝန်တွေမှာလဲ လုပ်ပေးနိုင်တာထက် မလုပ်နိုင်တာတွေက ပိုများမလားဘဲ။
ပိန်ချင်၊ ဝချင်၊ လှချင်၊ ရှည်ချင်၊ ဖြူချင်၊ ညိုတိုတို ဖြစ်ချင်၊ သေးတာကိုကြီးချင်၊ ကြီးတာကိုသေးချင် လိုအင်ဆန္ဒတွေ လူမျိုးတိုင်းမှာရှိတယ်။ ကျား-မ မရွေးလဲရှိတယ်။ အရွယ် မရွေးလဲ ရှိသေးတာဘဲ။ ဖြစ်ချင်သူကို အပြစ်မြင်စရာ မရှိသင့်ကြပါ။ ဆရာဝန် ညွှန်တာကို ရချင်တာလဲ ကောင်းတာဘဲ။ အကျိုး-အပြစ် သိချင်တာလဲ ပညာရှိရာကျတယ်။

ကြွက်သားကိုတော့ ဖွံ့ထွားစေဘို့ မခက်လှပါ။ အလေးမသူတွေသာ ကြည့်ပါ။ ကြွက်သား မဟုတ်တဲ့ အရိုး၊ အဆီ နဲ့ တခြား (တစ်ရှူး) တွေကို ဖွံ့ထွား၊ များပြားလာဘို့ လေ့ကျင့်ခန်းနဲ့တော့ မရပါ။ ရင်သားက ကြွက်သား မဟုတ်ဘူး။ အထောက်အကူ ပြုနိုင်တာတွေတော့ ရှိပါတယ်။ ဒါကြောင့် ရင်သား၊ တင်ပါးအတွက် နည်းတွေ ရေးထားပါတယ်။ မေးတဲ့သူက အခြေအနေ မပေးလို့ လေ့ကျင့်ခန်း လုပ်မရတော့ ခက်ပြန်ပေါ့။ ခက်တာကို ရအောင်ယူနိုင်ရင် လူတော်လို့ ဆိုကြတာမို့ တော်ချင်လိုက်စမ်းပါ။ တခုလေးတော့ သတိပေးပါရစေ။ ဖြစ်သင့်တာကိုသာ ရချင်သင့်တယ်။

မရနိုင်တာ၊ မရသေးတာအတွက် စိတ်ပျက်မနေပါနဲ့။ ကံတရား အားကိုးနိုင်သေးတာဘဲ။ ကံကောင်းချင်ရင် စိတ်ကောင်း အရင်မွေးလို့ ဆရာတော်များက ဆုံးမလေ့ရှိတယ်။ ဆေးပဲ သောက်ချင်သူကမေးလို့ ဆေးကိုသာ အဓိကထား ရေးပါရစေ။ ဆေးတွေလဲ ရှိပါတယ်။ (အေလိုပက်သစ်) ဆေး၊ (ဟိုမီယိုပက်သစ်) ဆေး၊ (အာယုဗေဒ) ဆေး၊ တိုင်းရင်းဆေး၊ (ဟာဗယ်) ဆေး၊ တရုပ်ဆေး၊ အိန္ဒိယဆေး၊ အစုံပါဘဲ။ ကြော်ညာတွေက အများကြီး။ တခြားဆေးနည်းတွေကို သင်မထားရလို့ မပြောနိုင်ပါ။ ကိုယ့်ဆေးပညာနဲ့ ဆိုင်တာဘဲ ရေးပါမယ်။ Anabolic steroids (အင်နာဘောလစ်-စတီရွိုက်) တွေရှိတယ်။ ၁၉၃ဝ ကျော်ကတည်းက သုံးလာတယ်။ Medical uses ဆေးကုရာမှာ အသုံးပြုနိုင်တာတွေက - Bone marrow stimulation ရိုးတွင်းခြင်ဆီ စေ့ဆော်ပေးခြင်း၊ - Growth stimulation ကြီးထွားစေအောင် စေ့ဆော်ပေးခြင်း၊ - Stimulation of appetite and preservation and increase of muscle mass စားချင်စိတ်ကဲစေပြီး၊ ကြွက်သား ထုထည် ကြီးစေခြင်း၊ - Induction of male puberty ယောက်ျားလေး စောစော လူပျိုဖြစ်စေခြင်း၊ - Male contraception (Testosterone enanthate) ယောက်ျားသုံး သားသမီးမရဆေး၊ - Stimulation of lean body mass and prevention of bone loss in elderly men ကိုယ်ခန္ဓာသေးနေသူတွေကို စေ့ဆော်ပေးခြင်း နဲ့ အသက်ကြီးသူတွေမှာ အရိုးပျက်စီးတာ သက်သာစေခြင်း၊ - Hormone replacement for men ယောက်ျား-ဟော်မုန်း အစားထိုးကုသခြင်း၊ - Gender Identity Disorder ယောက်ျား-မိန်းမ ပီသစေခြင်း၊ Ergogenic use and abuse တလွဲ အသုံးပြုနေတာလဲရှိတယ်။ အမေရိကားမှာ လူဦးရေရဲ့ ၁% ဟာ ဒီဆေးမျိုးကို တလွဲသုံးနေကြတယ်။ လူလတ်တန်းစားတွေကနေ အားကစား ပြိုင်ပွဲဝင်ဘို့ မဟုတ်ဘဲ Cosmetic purposes ကိုယ်ခန္ဓာလှချင်လို့ လုပ်ကြတာဖြစ်တယ်။ ဒီဆေးမျိုးသုံးသူတွေဟာ မီဒီယာမှာ ဖေါ်ပြတာတွေကို ကြည့်-ဖတ်ပြီး စိတ်ထဲ တလွဲထင်မှတ်နေကြတယ်။ အားကစား နယ်ပယ်မှာတော့ ယောက်ျားတွေရော မိန်းမတွေပါ ကိုယ်ကာယ၊ အလေးမ၊ သံလုံးပြစ်၊ ပြေး-ခုန်-ပြစ်၊ စက်ဘီးစီး၊ (ဘေ့စ်-ဘောလ်)၊ နဘမ်းသတ်၊ သိုင်း၊ လက်ဝှေ့၊ ဘောလုံး၊ ခရစ်ကက်၊ အားကစား နည်းတွေမှာ သုံးကြတယ်။ ဒီလို လူမျိုးတွေထဲက ၅၆% ဟာ ဆရာဝန်တွေ ပြောတာကို မယုံကြဘူး။ ဆေးတွေကို လူသာမက တိရစ္ဆာန်တွေကိုပါ သုံးတာရှိတယ်။ ဆိုင်ကကြက်သား ဝယ်မစားရဲအောင် တချို့နေရာတွေမှာ ဖြစ်နေပြီ။ မြန်မာတွေကတော့ အကောင်အတွက်ဆေး လူသုံးလို့ အကောင်နဲ့ တူသူတွေ မျက်စေ့အောက်မှာတင် ရှိတယ်။

သဘာဝ ဟော်မုန်း (၃) မျိုး (Estradiol, Testosterone, and Progesterone) နဲ့ တည်ဆောက် ဟော်မုန်း ၃ မျိုး (Estrogen compound zeranol, Androgen trenbolone acetate, and Progestin melengestrol acetate) တွေကို တိရစ္ဆာန်တွေကို အသားတိုးအောင် ထိုးပေးတယ်။ Bodybuilding drug ကိုယ်ခန္ဓာ သန်မာကြံ့ခိုင်အောင် သုံးကြတဲ့ဆေးတွေကို ဆရာဝန်တွေတောင်မှ အံ့သြရတယ်။ ဆေး နမူနာ (၃) ခုရေးပြပါမယ်။ (၁) Lasix ဆီးဆေးလို့ အလွယ်ခေါ်တဲ့ ကိုယ်ရောင်နေသူ၊ သွေးတိုးရှိသူ၊ နှလုံး အလုပ် မလုပ်နိုင်သူတွေကို ပေးတဲ့ဆေး။ (၂) Cytomel ဆိုတာ Thyroid drugs လည်ပင်းကြီးဆေး ဖြစ်တယ်။ (၃) Human chorionic gondotropin (HCG) အလွယ်ပြောရင် အချင်းဟော်မုန်း။ အများ နားလည်အောင် ပြောရရင် ကိုယ်ဝန်ရှိ-မရှိစစ်တယ်ဆိုတာ ဆီးထဲ-သွေးထဲမှာ ဒီဟာ ပါနေ-မနေ စစ်တာဖြစ်တယ်။ Breast augmentation ရင်သားကို ခွဲစိတ်ပြုပြင်နည်းတွေလဲ ရှိတယ်။ Breast implant ရင်သားအတုထည့်တာ နဲ့ Fat-graft mammoplasty procedures အဆီကို နေရာပြောင်းထည့်ပေးတာတွေဟာ ရင်သား မလှတာကို လှစေဘို့၊ ပိုပြီး အရွယ်အစားကြီးစေဘို့ နဲ့ ထိတွေ့မှုမှာ သာစေဘို့ အတွက်လုပ်တယ်။ ရင်သားခွဲစိတ်ပြုပြင်နည်းတွေမှာ Saline-filled (စေလိုင်း) သုံးနည်း နဲ့ Silicone-filled prosthetic breast (စီလီကွန်) သုံးနည်း လုပ်နိုင်တယ်။ Post–mastectomy ရင်သား ခွဲစိတ်ထုတ်ထားရသူတွေကို Breast reconstruction ရင်သား အသစ်တပ်ပေးတာ လုပ်နိုင်တယ်။ ရင်သား ဝိုင်းစက်-ဖေါင်းကြွနေတာ ဓါတ်ပုံမှာ အသားပေးထားရင် အဲဒါသာမှတ်။ • Breast implant ရင်သားအတု http://dts-medicaleducation.blogspot.com/2012/01/breast-implant.html • Breast Reconstruction ရင်သား အသစ်တပ်ပေးခြင်း http://dts-medicaleducation.blogspot.com/2012/01/breast-reconstruction.html တွေ ရေးထားပါတယ်။ အပြင်ပမ်း ကြည့်ပြီး ရုပ်လှ-မလှ စသဖြင့် အကဲဖြတ်လေ့ရှိတယ်။ အမြင်မှာ သာစေဘို့ အခုအခံလဲ လုပ်ကြပါတယ်။ Camouflage ခေါ်တယ်။ ပုံဖျက်ထားတာပေါ့။ အမှန်က သူများအမြင်ကို အာရုံပြောင်းစေနည်းတွေ ဖြစ်ပါတယ်။

ဒီအရေးမှာ (စပါယ်ရှယ်လစ်) တွေ ပြောတာက ရင်သားကို ပိုကြီးချင်သူအရေအတွက်နဲ့ ကြီးနေတာကို သေးချင်သူ အရေအတွက် မကွာဘူးတဲ့။ ရင်သား ကြီးနေတာကို ဆေးမပါ၊ ဆရာဝန်မပါဘဲ လှည့်စားနည်းတွေ ရှိပါတယ်။ • Baggy and wavy blouses ချောင်ကျပြီး လှိုင်းထနေတဲ့ အဝတ်အစား ရွေးဝတ်ပါ။ • Classic dark, black or navy blue အနက်ရောင်၊ အရောင်ရင့်၊ (နေဗီ-ဘလူး) ဝတ်ဆင်ပါ။ • Avoid exposing it ကိုယ့်ဟာကို သူများကို မမြင်သာပါစေနဲ့။ • Tops with higher collar and neckline ကော်လာပါတာ ဝတ်ပါ။ လည်မဟိုက်စေပါနဲ့။ ဆွဲကြိုးဝတ်ပါ။ ပုလဲပုတီးဆွဲပါ။ • Stripes and different patterns အစဉ်းကြောင်းပါတဲ့ (ပက်တန်) မတူတဲ့ အဆင်ရွေးဝတ်ပါ။ • Seamless bra (ဘရာစီယာ) အခွက်ဝိုင်းမှာ ဘာအစဉ်း၊ ဒီဇိုင်းမှမပါတဲ့ ပြောင်ချောနေတာ ဝတ်ပါ။ • လူကပိန်ပြီး ရင်သားကထွားနေသူဆိုရင် အောက်က Skinny jeans ဂျင်းဘောင်းဘီ ကြပ်တာဝတ်ပါ။

ကြည့်တဲ့သူ မျက်စိကို တနေရာလွှဲစေပါ။ ဒီတော့ ရင်သားသေးနေသူတွေက ပြောင်းပြန်ယူက ရမလားဘဲ။ ကိုယ်ခန္ဓာ အချိုးအစားကျဘို့ရာ တကယ်လိုပါတယ်။ မိန်းမတွေအလှကို "ခါးသေး-ရင်ချီ" လို့ သတ်မှတ်သေးရင် ရင်နဲ့ တင်ကို ပြင်ဘို့ လိုမယ်။ ရင်သားဟာ ရင်ခေါင်းပိုင်း အရိုးစုအပေါ်မှာ ရှိတယ်။ တင်ဆိုတာ ဘေးကားတာနဲ့ နောက်ကော့နေတာဟာ အရိုးပုံပန်းအပေါ် မူတည်တယ်။ လူကိုယ်ခန္ဓာဟာ အရိုးပေါ်မှာ တည်ဆောက်ထားတယ်။ အရိုးကို အလှအပအတွက် ပြင်ပေးဘို့ရာ မရသလောက် ခက်ပါတယ်။ ခေမာမိဖုရားကြီး တရားချွတ်ခန်း ပန်းချီ တွေ့ဘူးသူ များမှာပါ။ အရိုးပဒေသာပေါ်ကနေ ကြွက်သားတွေ၊ အရွတ်တွေ၊ အဆီတွေ နဲ့ အပေါ်ကနေ အရေပြား ဖုံးထားတယ်။ အတွင်းထဲမှာ အင်္ဂါအစိတ်အပိုင်းတွေရှိတယ်။ လှချင်သူတွေက အလှဗေဒ နားလည်ကြမယ် ထင်ပါတယ်။ (ဗီးနပ်စ်) ဂရိလက်ရာ ရုပ်ထုဟာ သမိုင်းမှာ အချစ်နဲ့ အလှကို ကိုယ်စားပြုတယ်။ လက်တွေ ပြတ်နေတာတောင် ခုထိ တန်ဘိုးထားတုံးဘဲ။ သတိပြုဘို့က ခါးမသေးပါ။ ရင်ကလဲ သူလိုကိုယ်လိုပါ။ သက်ရှိလူတွေကို လှတယ်လို့ သတ်မှတ်တာတော့ ရုပ်တုတွေနဲ့ မတူနိုင်ပါ။ ကိုယ်နေဟန်ထား၊ အဝတ်အစား၊ မျက်နှာပေး၊ မူယာ--မာယာ၊ စတာစတာတွေနဲ့ အလှကို အသက်ဝင်စေနိုင်တယ်။ ဖက်ရှင် ဘန်းစကားတခု ဖြစ်တဲ့ Catwalk လျှောက်လမ်းမှာ လမ်းလျှောက်ပြရတဲ့ ဖက်ရှင်မယ်တွေဟာ အသစ်ပေါ် အဝတ်အစား၊ အသုံးအဆောင်တွေဝတ်ပြီး၊ အင်မတန် ပိန်ပါးပြီး တအားအရပ်ရှည်ကြရတာကို စံလို့ သတ်မှတ်ထားတယ်။ ရင်မထွားတာလဲ တန်ဘိုးတရပ် မဟုတ်ပါလား။ ပုဗ္ဗစေတနာ ပျက်စီးမှုကြောင့် အရုပ်ဆိုးရသူ (ပဉ္စပါပီ) ဟာ ဖောဋ္ဌာဗ္ဗာရုံမှာတော့ နာမည်ကြီးတယ်လို့ ဖတ်ရတယ်။ အာရုံခံစားမှု အရည်အချင်း အလွန့်အလွန်ကို ကောင်းလှသတဲ့။ အာရုံကြောတွေ ကောင်းဘို့ရာ ကျန်းမာဘို့ မလိုပါလား။ ဗီတာမင် (ဘီ) တွေက အာရုံကြောအတွက် ကောင်းတယ်။ ဆီးချိုရှိနေသူတွေ ခြေလက် ထုံတာဟာ B6 နဲ့ B12 နည်းလို့ ဖြစ်တယ်။ B1 ဟာ စိုးရိမ်စိတ်ကို သက်သာစေတာက အာရုံကြောတွေအပေါ် သက်ရောက်လို့ ဖြစ်တယ်။ E လဲနည်းရင် Neuron degeneration အာရုံကြောရောဂါ ရစေနိုင်တယ်။ ဗီတာမင် (စီ) ကလဲ စိုးရိမ်စိတ်ကို သက်သောစေတဲ့အပြင် ဦးနှောက်-ဓါတုအလုပ် နဲ့ (အဒြီနယ်-ဂလင်း) တွေကို ကူညီတယ်။ ဓါတ်ဆားတွေထဲက (ကယ်လ်စီယမ်) နဲ့ (မဂ္ဂနီဆီယမ်) တွေလဲ အာရုံကြောတွေအတွက် လိုတယ်။ ကြွက်သားတွေအတွက်လဲ ဗီတာမင်တွေက အရေးပါတယ်။ A ကနေ ကြွက်သားတွေ တင်းအားနည်းတာကို ကူညီမယ်။ B နည်းရင် အားယုတ်ပြီး ကြွက်သာတွေနာနေမယ်။ B-1 နည်းရင်၊ B-6 နည်းရင်၊ B-12 နည်းရင် ကြွက်သားတွေ အားယုတ်နေတယ်။

B-12 က ကြွက်သား ပြန်အသစ်ဖြစ်တာ ကူညီမယ်။ E ထဲမှာ Antioxidant and Anti-inflammatory သတ္တိတွေ ရှိလို့ ကြွက်သားပျက်စီးတာပြင်ဘို့ အသုံးကျတယ်။ C ကလဲ ကြွက်သား ထိခိုက်တာအတွက် ကောင်းတယ်။ နည်းရင် တင်းအားနည်းမယ်။ D က ကြွက်သား အကွေး-အဆန့် အတွက်လိုတယ်။ D အလွန်နည်းရင် ကလေးတွေမှာ Rickets အရိုးပျော့ရောဂါ ဖြစ်မယ်။ လူကြီးတွေမှာ Osteomalacia အရိုးမသန်တာ ဖြစ်မယ်။ အရေကြီးဆုံးတခုနဲ့ နိဂုံးချုပ်ပါမယ်။ ကိုယ်ခန္ဓာ အချိုးအစား၊ အဝတ်အစား၊ တန်ဆာပလာ၊ လူနေဟန်၊ စတာတွေရဲ့ အတွင်းဘက်မှာ မမြင်ရတဲ့ အလှဆိုတာ သိကြတဲ့အတိုင်း စိတ်အလှဖြစ်ပါတယ်။ ဆရာဝန် မတတ်နိုင်ပါ။ ကိုယ်တိုင်တော့ ကောင်းကောင်း မွေးမြူ၊ သင်ယူ-ကျင့်ဆောင်နိုင်ကြပါတယ်။ မမြင်ရတဲ့ အလှဆိုတာ မကြည့်ဘဲလဲ သိနိုင်ကြတယ်။ အရာတိုင်းမှာ လှကြပါစေ။drmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0tag:blogger.com,1999:blog-2724145099748571414.post-4178917238025792292013-09-07T13:30:00.000+06:302013-09-07T13:30:05.119+06:30 Labia မ-အင်္ဂါ နှုတ်ခမ်းသား လှဘို့လိုသလား ..?

မ-အင်္ဂါ ဘေးနှုတ်ခမ်းသားဆိုတာလေးတွေကို သေးအောင် ဘယ်လို လုပ်ရင် ရမလဲလို့ပါရှင့်။ အကယ် လို့များ နှုတ်ခမ်းသားတွေ သေးလို့မရရင် Clitoris ကိုကောကြီးအောင် လုပ်လို့ရလား သိချင်ပါတယ်။ Labia minora မအင်္ဂါ နှုတ်ခမ်းသား အသေးတွေဟာ Vaginal opening (ဗဂျိုင်းနား) ပေါက်ရဲ့ ဘေးတဖက်စီမှာ၊ Labia majora မ-အင်္ဂါ-နှုတ်ခမ်းသား အကြီးတွေရဲ့ အတွင်းမှာ ရှိတယ်။ အရွယ်အစား၊ အရောင် နဲ့ ပုံပန်း တယောက်နဲ့ တယောက် မတူကြပါ။

Clitoris မ-အစိကနေ အောက်ဖက်-ဘေးဘက်-နောက်ဖက်-ခပ်စောင်းစောင်း ဆင်းသွားတယ်။ အောက် အဆုံး နေရာမှာ နှစ်ခုက ကန့်လန့်ဆက်နေတာကို Fourchette လို့ ခေါ်တယ်။ ကလေးမွေးဘူးရင်၊ အတင်း ဆွဲဆန့်တာခံရရင် ဒီနေရာ စုပ်ပြဲသွားတော့မယ်။ လိင်ဆက်ဆံမှု ကောင်းကောင်းရှိဘူးရင်လဲ စုတ်ပြဲပြီး အပျို မဟုတ်တော့တာကို သိသာစေတယ်။ အဓမ္မလိင်ဆက်ဆံခံရသူတွေမှာ စုပ်ပြဲသွားလို့ သွေးယိုတာကို တခါတလေ ချုပ်ပေးရတတ်တယ်။

အထက်နေရာမှာတော့ မ-နှုတ်ခမ်းသား အသေး နှစ်ခုဟာ နှစ်ပိုင်းလိုရှိတယ်။ (၁) အပေါ်ပိုင်းတွေက Clitoris အထက်မှာ ဆုံကြမယ်။ တချို့ အရွယ်အစား မငယ်ရင် Glans clitoridis မ-အစိခေါင်းကို ဖုံးအုပ် နေပြီး Fold ခေါက်ထားသလိုမျိုး ရှိနေမယ်။ အပေါ်ကနေ မိုးထားနေမယ်။ Preputium clitoridis လို့ခေါ် တယ်။ (၂) အောက်ပိုင်းတွေက Glans clitoridis မ-အစိခေါင်းရဲ့ အောက်မှာ ပေါင်းဆုံပြီး Frenulum clitoridis လို့ ခေါ်တာ ဖြစ်လာတယ်။

Labia stretching မ-အင်္ဂါ နှုတ်ခမ်းသားတွေကို ဆွဲဆန့်ခြင်း

မိန်းကလေးတွေရဲ့ မအင်္ဂါ-နှုတ်ခမ်းသား အသေးကို ပိုရှည်လာစေအောင် လုပ်ပေးနည်းကို (ရဝမ်ဒါ) စတဲ့နိုင်ငံတွေမှာ လုပ်တယ်။ လက်နဲ့ ဆန့်ပေးတာရော အလေးဆွဲပြီး လုပ်ပေးတာရော ရှိတယ်။ လိင်အရေး မှာ ကဲစေဘို့၊ Orgasm (အော်ဂဇင်) ရစေဘို့၊ Female ejaculation ပြီးတဲ့အချိန်မှာ အရည်ပန်းထွက်တာ ဖြစ်စေဘို့၊ ကျားမ နှစ်ယောက် စလုံးမှာ သာယာမှု ပိုစေဘို့ ရည်ရွယ်တယ်။ မအင်္ဂါ-နှုတ်ခမ်းသား အသေးတ ဖက်က ပိုတိုနေသူတွေကိုလဲ ဘက်ညီအောင် လုပ်တာလဲ ရှိတယ်။ သူတို့ဆီမှာ မိန်းကလေးတွေ အရွယ် ရောက်တည်းကနေ မ-နှုတ်ခမ်းသား အသေးကို ဆွဲဆွဲ ပေးတတ်အောင် မိန်းမကြီးတွေကနေ သင်ပေး တယ်။ ဆေးတမျိုးကိုလဲ လိမ်းကြစေတယ်။

ဆေးပညာအလိုအရ မအင်္ဂါ-နှုတ်ခမ်းသား အသေးဟာ ဘယ်အရွယ်အစားက ကောင်းတယ်၊ မကောင်းဘူး ဆိုတာ မရှိပါ။ လိုတာထက် ပိုကြီးနေရင် အတွင်းခံ (ဇစ်ပ်) တပ်တာမှာ ခက်သူတွေ ရှိတယ်။ အတွင်းခံ တထပ်ထဲဝတ်ထားတာကို သူများ မြင်ရင် မလှသလိုနေမယ်။ စက်ဘီးစီးတာ ပြေးတဲ့အခါမှာလဲ ဆီးစပ်နေ ရာမှာ နာတတ်တယ်။ ဆီးသွားရာမှာ စိုနိုင်တယ်။

လိင်ဆက်ဆံရင် နာတတ်တယ်။

မတ်တပ်ရပ်နေတဲ့ အနေအထားမှာ ဘယ်လိုနေသလဲဆိုတာ ပိုအရေးကြီးတယ်။ ခွဲစိတ်ပြုပြင်မဲ့ အမျိုးသမီး ရဲ့ မ-အင်္ဂါ ဆေးမစားမီပုံကို ကြည့်ရင် ကာယကံရှင်က အလိုမကျဘူး ဆိုတာလဲ မှန်တယ်။ အတော်ကို သိသိသာသာ တွဲကျ-ရှည်လျှားနေတာတွေ ရှိတယ်။

၂ဝဝ၄ ခုနှစ် ဗြိတိန်မှာ အသက် ၁၈ ကနေ ၅ဝ ရှိ အမျိုးသမီး ၅ဝ ကို လေ့လာမှုတခု လုပ်ခဲ့တယ်။

- Clitoral length မ-အစိ အရှည် = 5 မှ 35 (ပျမ်းမျှ = 19.1 mm)

- Clitoral glans width မ-အစိ အကျယ် = 3 မှ 10 (ပျမ်းမျှ = 5.5 mm)

- Clitoris to urethra မ-အစိကနေ ဆီးပေါက်အထိ = 16 မှ 45 (ပျမ်းမျှ = 28.5 mm)

- Labia majora length မ-နှုတ်ခမ်းသား အကြီး အရှည် = 7.0 မှ 12.0 (ပျမ်းမျှ = 9.3 mm)

- Labia minora length မ-နှုတ်ခမ်းသား အသေး အရှည် = 20 မှ 100 (ပျမ်းမျှ = 60.6 mm)

- Labia minora width မ-နှုတ်ခမ်းသား အသေး အကျယ် = 7 မှ 50 (ပျမ်းမျှ = 21.8 mm)

- Vaginal length ဗဂျိုင်းနား အရှည် = 6.5 မှ 12.5 (ပျမ်းမျှ = 9.6 cm)

မ-နှုတ်ခမ်းသား အသေး သိပ်ကြီးနေသူတွေကို Labiaplasty ခွဲစိတ်ပြုပြင်နည်း လုပ်နိုင်တယ်။ ဒီနည်းကို အရင်ကတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကနေ တားမြစ်ထားရာကနေ ဖြုတ်လိုက်ပါပြီ။ မလုပ်သင့်တဲ့ Mutilation ခေါ်တဲ့ မိန်းကလေး လိင်အင်္ဂါကို လှီးဖြတ်ပေးတာကို တားမြစ်တုံးက ထည့်ထားခဲ့တာ ဖြစ် တယ်။ Labial stretching ကိုတော့ အပြစ်လို့ မသတ်မှတ်တော့ပါ။ ကာယကံရှင်ကနေ လုပ်ချင်တယ်ဆိုရင် လုပ်နိုင်ပါတယ်။ လူနာ စိတ်တိုင်းကျ အရွယ်အစားကို တိုင်ပင် ဆွေးနွေးပြီး အကောင်းဆုံးကို ဆုံးဖြတ် လုပ်ပေးနိုင်ပါတယ်။

Labia majora မအင်္ဂါ-နှုတ်ခမ်းသား အကြီးစားဟာ အဆီများပြီး၊ အသေးစားဟာ သွေးကြောများတယ်။ အသေးစားမှာ Sebaceous glands ချွေးထွက် (ဂလင်း) တွေရော Nerve endings အာရုံကြောတွေ များ လို့ ထိရင် သိပ်ခံစားမှု များတယ်။ Hair follicles အမွှေးမပေါက်ဘူး။

မအင်္ဂါ-နှုတ်ခမ်းသား အသေးစားက ၂ ပိုင်းရှိတယ်။ Adipose tissue အဆီ (တစ်ရှူး) ဖြစ်တဲ့ ဘယ်နဲ့ညာ နှစ်ခုကို ဆက်ပေးထားတာလေးက Vulva မိန်းမကိုယ်ရဲ့ အထက်ဆုံးမှာ ရှိတယ်။ ပဌမအပိုင်းဟာ Clitoris (ကလိုက်တောရစ်) အပေါ်ကို ဖုံးနေတယ်။ ကျားအင်္ဂါထိပ်ဖျားနဲ့ ဆင်တူတယ်။ နာမည်လဲတူတယ် Prepuce of the clitoris လို့ ခေါ်တယ်။ ခပ်ကောက်ကောက် လေးနေလို့ Clitoral hood လို့ ခေါ်တာ များတယ်။ ချိတ်လိုနေတယ်။ ဒုတိယအပိုင်းကတော့ Clitoris အောက်မှာ ကန့်လန့်စင်း Fourchette (Labial frenulum) ခေါ်တယ်။

Vulvo-vaginal folds အ-အင်္ဂါ အနီးတဝှိုက်မှာ Connective နဲ့ Erectile tissue (တစ်ရှူး) တွေဟာ ယောက်ျား လိင်အင်္ဂါ ထဲမှာရှိတဲ့ Corpus spongiosum penis နဲ့ အလားတူဖြစ်တယ်။ Sexual arousal လိင်စိတ်ဖြစ်ပေါ်လာချိန် ဒီနေရာမှာ စိုစွပ်-ဖေါင်းကြွလာတယ်။ ၂-၃ ဆ အထိ ပိုကြီးလာတယ်။ ဆီးသွား ချိန်မှာလဲ ဆီးထွက်တာကို ဘေးနေရာ မစိုစေအောင် လုပ်ပေးသေးတယ်။

အမျိုးသမီးတယောက်ဘဝမှာ Labia minora ဟာ အရွယ်-ပုံစံပြောင်းလာတတ်တယ်။ Hypertrophied ပိုကြီးလာတာ ဖြစ်ပါတယ်။ Sexual intercourse လိင်ဆက်ဆံတာ၊ Masturbation ဖါသာအာသာဖြေတာ၊ Childbirth ကလေးကို မွေးလမ်းကနေ မွေးရတာ၊ Lymphatic congestion ရောင်တာ၊ Chronic dermatitis နာတာရှည် အရေပြားနာရှိတာ၊ Urinary incontinence ဆီးမထိန်းနိုင်တာတွေကြောင့် အဲလိုဖြစ်စေမယ်။ Genital piercing မ-အင်္ဂါနေရာမှာ ကွင်းတွေ တပ်ဆင်တာကြောင့်လဲ ဖြစ်နိုင်တယ်။

Labiaplasty (Labioplasty) ခွဲစိတ်ပြုပြင်နည်း

မအင်္ဂါ-နှုတ်ခမ်းသား အသေး သိပ်ကြီးနေတာကို Plastic surgery ပလပ်စတစ်-ခွဲစိတ်နည်းနဲ့ လုပ်ပါတယ်။

(၁) Defect and Deformity ပုံသဏ္ဌာန်မမှန်လို့ ခွဲစိတ်ခြင်း၊

• Vaginal atresia မွေးကတည်းက (ဗဂျိုင်းနား) လမ်းကြောင်း မပါလာတာ၊

• Müllerian agenesis သားအိမ်၊ သားအိမ်ပြွန်တွေ ပုံမှန်မဟုတ်တာ၊

• Intersex conditions ယောက်ျားလိုရော မိန်းမလိုပါ အင်္ဂါနှစ်မျိုးဖြစ်နေတာ၊

• Exterior cosmetic refinement of the vulvo-vaginal complex ကလေးမွေးရလို့ဖြစ်ဖြစ်၊ ထိခိုက်မိ လို့ဖြစ်ဖြစ် မ-အင်္ဂါတ၀ှိုက်မှာ စုတ်ပြဲသွားတာ၊

• Male-to-female sexual reassignment ယောက်ျားလိုကနေ မိန်းမလိုပီပြင်စေအောင် လုပ်ရာမှာလဲ ဒီအဆင့်ပါ ပါရတယ်။ Neovagina ဆိုတဲ့ နဂိုက မရှိသေးတဲ့ နှုတ်ခမ်းသားအတု လုပ်ပေးရတာမျိုး ဖြစ် တယ်။

(၂) Cosmetic refinement ပုံသဏ္ဌာန်မကြိုက်လို့ ပိုလှစေအောင် ခွဲစိတ်နိုင်တယ်။

အရွယ်ရောက်ပြီးသူကိုသာ ခွဲစိတ်ပေးသင့်တယ်။ ထုံးစံအတိုင်း ကိုယ်ဝန်ဆောင်နေချိန်၊ ရာသီလာနေချိန်မှာ ခွဲစိတ်တာကို မလုပ်သင့်သေးဘူး။ မျိုးပွါးလမ်းမှာ ရောဂါပိုးဝင်တာနဲ့ ကင်ဆာရှိနေသူတွေကို မခွဲသင့်ဘူး။

Techniques for labial reduction မအင်္ဂါ-နှုတ်ခမ်းသား သေးအောင် ခွဲစိတ်နည်းတွေ အမျိုးမျိုးရှိတယ်။ Cosmetic gynecologists အထူးကု ဆရာဝန်တွေကနေ လုပ်ပေးတာက အကောင်းဆုံး ဖြစ်တယ်။

(၁) Edge resection technique အစွန်း-အနား ဖြတ်တောက်နည်း၊

(၂) Central wedge resection technique အလည်ပိုင်း တရိဂံပုံ ဖြတ်တောက်နည်း၊

(၃) De-epithelialization technique (ဒီအပီသီရယ်လိုက်ဇေးရှင်း) နည်း၊

(၄) Labiaplasty with clitoral unhooding နှုတ်ခမ်းသာပြင်နည်းရော အပေါ်က ချိတ်လိုနေရာ ပြုပြင်တာ ပါ ပေါင်းနည်း၊

(၅) Laser labiaplasty technique (လေဆာ) နည်း။

တချို့အမျိုးသမီးတွေဟာ အလှအပအတွက်မှာ အတော်ကို ကဲပါတယ်။ ရင်အတု၊ တင်အတုတွေက ဘာ ဟုတ်သေးလဲ။ Hymenoplasty အပျိုမှေး အတုပြန်လုပ်တယ်။ မိန်းမကိုယ် အသစ်ပြန်ချုပ်တယ်။ တကယ့် အပျိုပေါက်လေးလိုနေအောင် ပြန်ပြီး ငယ်ရုပ်ဆင်ချင်လို့ မိန်းမကိုယ်ကိုလဲ အဲလို ဖြစ်ချင်ကြတာဖြစ်တယ်။

The retrospective study Labiaplasty of the Labia minora: Patients’ Indications for Pursuing Surgery (2008) လေ့လာမှုအရ အမျိုးသမီး ၁၃၁ ယောက်မှာ -

• ၃၂% ဟာ Functional impairment နေရထိုင်ရတာမှာ ပြဿနာရှိလို့ ခွဲစိတ်တယ်။

• ၃၁% ဟာ Functional impairment နေရထိုင်ရတာမှာ ပြဿနာရှိလို့ရော Aesthetic reasons အလှအပအတွက်ရော ကြောင့် ခွဲစိတ်တယ်။

• ၃၇% ဟာ Aesthetic correction လှချင်လွန်းလို့အတွက်သာ ခွဲစိတ်တယ်။

၁၉၉၉ လေ့လာမှုအရ အဲဒီလို ခွဲစိတ်ကုသခံခဲ့သူ အမျိုးသမီး ၁၆၃ ယောက်မှာ ၉၃% က ကျေနပ်ကြတယ်။ အမေရိကားက Feminist “မိန်းမသည်သာ ဦးထိပ်မှာ” အဖွဲ့အစည်း New View Campaign ကတော့ အဲလို ခွဲစိတ်ပြုပြင်တာကို ကန့်ကွက်တယ်။ မသဘာဝ လိင်မှုရေးရာကို ဆေးပညာက စွက်ဖက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးတိုင်းကတော့ သဘောမတူကြပါ။

Dr. တင့်ဆွေdrmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0