tag:blogger.com,1999:blog-27241450997485714142024-03-19T19:30:46.949+06:30Myanmar Forwarddrmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.comBlogger5125tag:blogger.com,1999:blog-2724145099748571414.post-46346380369821367542013-05-23T10:30:00.000+06:302013-05-23T10:30:00.864+06:30ဘယ်ဆရာ ဘယ်ဆရာမမှ လာဘ်စားလို့ ကားမစီးနိုင်ဘူး ဆိုတဲ့ ပညာရေး ဒုဝန်ကြီး ဦးအေးကြူ

ပညာရေးကဏ္ဍခြစားမှုပြဿနာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူ နှင့်တွေ့ဆုံခြင်း ။
၂ဝ၁၃-၂ဝ၁၄ ပညာသစ်နှစ်အတွက် အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းအပ်လက်ခံမှု မကြာမီ စ တင်တော့မည်ဖြစ် သည်။ ထို့အတွက်ကြောင့် ပညာရေး ကဏ္ဍနှင့် ဆက်နွှယ်မှုရှိသော လာဘ်ပေး၊ လာဘ် ယူ မှု ကိစ္စရပ် အား ကျောင်းအပ်လက်ခံမှုမတိုင်မီ ပညာရေးဝန်ကြီးဋ္ဌာနဒုတိယဝန်ကြီး ဦးအေးကြူနှင့် တွေ့ ဆုံ မေးမြန်း မှု များ အား ဖော်ပြလိုက်ပါသည်။

မေး။- အစိုးရသစ်တက်ခါစမှာ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီး ဦးÓဏ်ထွန်းဦးက ရန်ကုန်မြို့ က နာမည်ကြီးကျောင်းတွေရဲ့ ကျောင်းဝင် ခွင့် လာဘ်စားမှုတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်သွားမယ်လို့ ကြုံး ဝါး ခဲ့ တယ်။ ပြီးခဲ့တဲ့နှစ်အထိတော့ ဗြောင်မကျတော့ ပေမယ့် လာဘ်စားမှုတွေရှိတုန်းပဲလို့ သတင်းတွေ ကြားနေ ရပါတယ်။ ဒါကို ဒုတိယဝန်ကြီးအနေနဲ့ သိရှိထားပါ သလားခင်ဗျာ။

ဖြေ- အခြေခံပညာအဆင့် ကျောင်း အပ်နှံမှုကိစ္စနဲ့ပတ်သက်ပြီး မူလတန်း အဆင့်က အခမဲ့ဆိုပြီး အတိ အလင်း ထုတ်ပြန်ထားပြီးပြီပဲ။ အလယ်တန်း အဆင့်နဲ့ အထက်တန်းအဆင့်က တော့ အခမဲ့မဟုတ်ဘူးပေါ့။ မူလ တန်း အဆင့် နဲ့ပတ်သက်ပြီး ပိုက်ဆံတစ်မတ်တောင် မကောက်ရဘူး။ ဒါကိုလည်း အဆင့် ဆင့်အ သိပေး ထား ပြီးပြီပဲ။ တိုင်တန်း လို့ သိရှိလို့ရှိရင် ညွှန်ကြားချက် မလိုက် နာမှုနဲ့ အပြစ်ပေး အရေးယူ မှုတွေ ရှိမယ်။ဒါပေမဲ့ ကျွန်တော်တို့ဆီအထိ ရန်ကုန်က ကျောင်းတွေကိစ္စက တက် မလာဘူး။တက်လာခဲ့ရင်လည်း အရေး ယူသွားမှာပါ။ အခုရှိနေတယ် ဆိုတာ ကိုလည်း မီဒီယာက ဖော်ပြရမှာပဲ။ ဖော်ပြလို့ အရေး မယူတာ မျိုး မရှိပါဘူး။ ဒါပေမဲ့ မှန်ကန်ရမယ်။ ခိုင်လုံရမယ်။ နိုင်ငံတော်အစိုးရကိုယ်တိုင် မူလတန်း ပညာရေးကို အခ မဲ့ မသင်မနေရ စနစ် ပြဋ္ဌာန်းထားတာပဲ။ မဟုတ်ဘူးလား။
မေး- ဒီနှစ်မှာလည်း လာဘ်စားမှုတွေ ထပ်ဖြစ်မယ့်အရိပ်အရောင်တွေ တွေ့ နေရတယ်။ ဒါက ထိရောက်တဲ့ အရေး ယူမှု မရှိလို့လား။ စီမံခန့်ခွဲမှု အားနည်း လို့လား။
ဖြေ- ထိရောက်တဲ့အရေးယူမှုဟာ ဒါက ရှိတာပေါ့။ မရှိဘဲနေပါ့မလား။ ဒီအပိုင်း ကို ကျွန်တော်ပြောပြမယ်။ သူ့ရပ် ကွက်၊ သူ့ဧရိယာမှာရှိတဲ့ သူက သူ့ကျောင်းမှာ အပ်တယ်။ ဒီလိုမှမဟုတ်ဘဲ တောင်ဒဂုံ မှာနေတဲ့ သူက ဒဂုံ(၁)ကို အပ်ချင်တာမျိုး ဒါတွေဆိုရင် ရှုပ်ထွေးလာမယ်။ ကိုယ့် ရပ်ကွက် ကိုယ့်ဧရိယာမဟုတ်ဘဲ ဟို မှာ ထားချင်တယ်။ ဒီမှာထားချင်တယ်ဆိုရင် ဒီလိုတွေကဘယ်ဖြစ်မလဲ။ ဒါကိုလည်း စီမံခန့်ခွဲရမှာပဲ။ ကျွန်ေ တာ် ပြောပြီးပြီပဲ။ လာဘ်စားမှုတွေရှိတယ်ဆိုရင် တင်ပြ ဖော်ပြကြပါ အရေးမယူရင်ပြော ကဲ ..ဟုတ်ပြီလား။
မေး- အနှစ် ၂ဝ ကျော် လာဘ်ပေး လာဘ်ယူမှုတွေနဲ့ အသားကျနေတဲ့ နိုင်ငံမှာ ပညာရေးကဏ္ဍကလည်း ဒီနှစ် နှစ်အတွင်း တိုက်ဖျက်ဖို့ မလွယ်ဘူးလို့ ယူဆထားပါသလား။
ဖြေ- စနစ်ရဲ့သားကောင်။ ဒါတွေက ရှိမှာပဲ။ သို့သော်လည်းပဲ ပညာရေးမှာက သူဌေး မရှိဘူး။ အင်မတန် နည်း တယ်။ ဘယ်ဆရာ၊ ဘယ်ဆရာမမှ လာဘ် စားလို့ ကားမစီးနိုင်ဘူး။ ၁ဝဝဝ မှာ တစ်ယောက်။ ၁ဝဝ မှာ ၁ ယောက် ရှိ ကောင်းရှိမယ်။ ဒါကလည်း သူ့ကိုယ်ပိုင် နဲ့ ဝယ်ထားတဲ့ကားပဲ ဖြစ်မယ်။ လာဘ် မစားနိုင် ဘူး လို့တော့ မပြောဘူးနော်။ ရှိရင်ရှိမယ်။ သမ္မတကြီးကိုယ်တိုင် လာဘ်ပေး လာဘ်ယူမှုတွေကို တိုက် ဖျက် မယ် လို့ ပြောထားပြီးသားပါ။ ဒါကို လည်း ပညာရေးဝန်ကြီးဌာနက လိုက် လုပ်ရမှာပဲ။ မလွယ်လည်း လုပ် မှာပဲ။
မေး- စီးပွားဖြစ် လာဘ်စားမှုတွေကို တိုက်ဖျက်သင့်ပြီလို့ မထင်ဘူးလား။
ဖြေ- စီးပွားဖြစ် ဒါတော့မရှိဘူး။ နည်း တယ်။ ပညာရေးမှာက ဒီလိုတွေ သိပ် မရှိကြဘူး။ သို့သော်လည်း လာဘ်ပေး လာဘ်ယူတွေရှိခဲ့ရင် အရေးယူရမှာပဲ။ တိုက်ဖျက်သင့်ပြီ မဟုတ်ဘူး။ တိုက်ဖျက် မှုကို ပြုနေတာ။
မေး- စီးပွားဖြစ်လာဘ်စားလို့ ပညာရေး နယ်ပယ်က ဘယ်နှဦးလောက် အရေး ယူထားပြီးပြီလဲ။ ဒါကိုရော ဒုတိယ ဝန်ကြီး ဖြေကြားပေးစေလိုပါတယ်။
ဖြေ – အရေးယူမှုတွေ ရှိတာပေါ့ဗျာ။ အတိအလင်းကို ရှိတာပေါ့။ မယူမနေ ရ ပင်စင်ပေးလိုက်တာတွေ၊ နေ ရာ ရွှေ့ပြောင်းလိုက်တာတွေ၊ ပြင်းထန်စွာ သတိပေးလိုက်တာတွေ အများကြီး ပါပဲ။ ညွှန်ကြားရေးမှူးချုပ် အဆင့် ရှိသူတွေတောင် ဘယ်နှယောက်ရှိပြီလဲ။ ဒါက မြင်သာတဲ့ အရေးယူမှုပဲ။ အညှာ ကနေ ကိုင်နေ တာပဲ ကျန်တာတော့ ပြောမနေပါနဲ့တော့။ ပါတာပေါ့ဗျာ။ သို့သော်လည်းပဲ အချို့သော ဖြစ်ရပ် တွေမှာ သက် ညှာ ရတဲ့ အနေအထားတွေ ရှိပါတယ်။ ဒါကိုငြင်သာစွာနဲ့ ဖြေရှင်း ရတာတွေရှိပါတယ်။ ဆရာ၊ ဆရာမ တွေဆိုတာက အနစ်နာခံပြီး နှစ်ရှည် လုပ်လာကြတာတွေ၊ ဒါတွေကိုကြည့် ရသေးတယ်။ ပညာရေး ဆိုတာ နဂိုက တည်းကိုက သိမ်မွေ့ပါတယ်။ သိမ်မွေ့ တဲ့အထဲမှာ လုပ်ကိုင်နေကြတဲ့သူတွေကို ကိုင်တွယ်ရ တာ ကလည်း နူးညံ့ဖို့လို ပါတယ်။

မေး- ဆရာ၊ ဆရာမတွေရဲ့ ကျူရှင် စနစ်ဟာ ပျက်နေတဲ့ပညာရေးကို ပြိုကျ သွားစေတယ်လို့ဆိုကြပါတယ်။ ဒီနေ့ ပညာရေးကဏ္ဍအပြောင်းအလဲ လုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ကျူရှင်စနစ် အပေါ် ဘာများ ပြော လိုပါသလဲ။

ဖြေ – ကျူရှင်စနစ် ဒါက မြန်မာမှာ လည်းရှိတယ်။ ဂျပန်မှာလည်းရှိတယ်။ ဒါကို မရှိသင့်တော့ဘူးလို့ ယတိပြတ် ပြောလိုက်လို့တော့ မရဘူး။ ကျောင်းမှာ လည်း သင်တယ်။ ဒါကို ပိုပြီးကျေညက် အောင် အပြင် မှာလည်း ထပ်သင်မယ်။ ဒါကို မသင်ရဘူးရပ်လို့ ပြောလို့မရဘူး။ သူ့အတန်းကို သင်။ သူသင်တဲ့ ကျူရှင် ကို တက်။ မေးခွန်းပေး ဒါဆိုရင် ဒါက မရှိသင့်ဘူး။ ပညာရေးဝန်ကြီးဌာနက လည်း ဒါကိုလက်မခံဘူး။

ဒါကြောင့် မေး ခွန်း ထုတ်တဲ့ကိစ္စကိုလည်းညှိနှိုင်း ရမှာပဲ။ အားလုံးကို ကျူရှင် မသင်ရ ဘူးလို့ ဝါးလုံးရှည်ကြီးနဲ့ တစ်ခါ တည်း ရမ်းလိုက်လို့မရဘူး။ ကျူရှင်ကခေတ် အဆက်ဆက်ရှိခဲ့တာပဲ။ ဒါကလည်း တရားမျှတတဲ့ကျူရှင်တွေ ရှိခဲ့လို့ပဲ။

မေး- အစိုးရဆရာဝန်တွေ အပြင်ဆေး ခန်းပြတာကျတော့ အရေးမယူဘူး။ ဆရာ၊ ဆရာမတွေ ကျူရှင်ပြ တာကျ တော့ အရေးယူတယ်ဆိုတာ မဖြစ်သင့် ဘူးလို့ တချို့က ပြောကြတယ်။ ဒုတိယ ဝန်ကြီးကရော ဒီလိုပြော ဆိုမှုအပေါ် ဘာပြောချင်ပါသလဲ။

ဖြေ- ကျူရှင်ကိစ္စကို တစ်ထိုင်တည်းနဲ့ ပြောလို့မရဘူးထင်တယ်။ တစ်ညလုံး ပြောလည်းမပြီးဘူး။ နောက် တစ်နေ့ ပြောလည်း မပြီးဘူး။ တက်တဲ့သူ ရှိလို့ သင်တဲ့သူ ရှိတယ်။ သင်တဲ့သူရှိလို့ တက်တဲ့သူ ရှိတယ်။ ဒါ့ အပြင် ထားတဲ့ သူရှိလို့လည်း ကျူရှင်ရှိတယ်။ ဒါကို ဘယ်လို လုပ်ကြမလဲ။ ပညာရှင်တွေက ဖြေရှင်းကြ ရမယ့် ကိစ္စတောင် ဖြစ်နေ တယ်။ ထိခိုက်မှု ဘာမှမရှိတဲ့ ကျူရှင်ကို အပြစ်ပြောလို့တော့ မရဘူး။

မေး- အခုဆို အချို့ဆရာ၊ ဆရာမ တွေက ကျူရှင်ပြနေကြပါပြီ။ အချို့ တွေက ကျောင်းမှာ စာသိပ်မ သင် ဘူး။ ကျူရှင်ကျမှ သေချာသင်တယ်တဲ့။ ကျူရှင်မတက်တဲ့ ကလေးဆို အတန်း ထဲမှာ အနှိမ်ခံရတော့ မဖြစ် မနေ ကျူရှင်တက်ရတယ်တဲ့။ မသင်မနေရ ကျူရှင်စနစ်ပေါ့။ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်သွားမလဲ။
ဖြေ – ဒီ ကျူရှင်မျိုးဆိုရင်တော့ မရှိသင့် ဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။ ဒီခေတ် က ဒီမိုကရေစီခေတ်။

ဒါကြောင့် ပြောင်းလဲမှု၊ ဖြည့်စွက်မှု၊ ပြင်ဆင်မှု တွေကို ပညာရေးဝန်ကြီးဌာနက ပညာ ရေးကဏ္ဍမှာ ဆောင် ရွက်နေ တယ်။ တစ်ဦးတည်း တစ်ဖွဲ့တည်းက ဆုံးဖြတ် တာမျိုး၊ အမိန့်ပေးညွှန်ကြားတာမျိုး မဟုတ်ဘဲ ပညာ ရှင် များ က ဒီကိစ္စကို ကိုင်တွယ်မယ်။ အဖြေထွက်လာပြီး သဘောတူပြီးရင် ဒီပြဿနာကို ဖြေရှင်း သွားမှာ ပါ။
မေး- လစာမလောက်လို့ ကျူရှင်ပြ ကြတာတဲ့။ အခုပေးထားတဲ့ လစာက ကျူရှင်ပြစရာမလိုအောင် လုံလောက် နေပြီလား။

ဖြေ- ကျူရှင်ပြဿနာ ဒါကို တစ်ထိုင် တည်း ပြောလို့မရဘူးလို့ ပြောထားပြီး ပါပြီ။ ဒီထဲမှာမှ လုံလောက်ပြည့် စုံသော လစာရရှိမှုကလည်း အချက်တစ်ချက် ပါဝင်နေတယ်ဆိုတာ ငြင်းမရပါဘူး။ စပါးတင်း ၁ဝဝ၊ ရွှေတစ် ကျပ်သား၊ ဆရာ၊ ဆရာမလစာ တစ်တန်းထဲ ဆိုရင် တော့ ကျူရှင်က ရှိပါတော့မလား။ မရှိ တော့ဘူးနဲ့ တူ တယ်နော်။ ဆရာ၊ ဆရာမတွေအတွက်ပဲ ပါတာမဟုတ် ဘူး။ တောင်သူလယ်သမားတွေ အတွက်လည်း ပါ တာပေါ့။ ဘယ်သူမှ အလုပ်ရှုပ်ခံကြတော့မှာ မဟုတ်ဘူး။ ဒါတောင် ပျောက်ကွယ်သွားမယ်လို့ အာမ မခံနိုင် ဘူး။ ဒီလိုတွေတော့ ရှိတာ ပေါ့။

မေး – ပညာရေးကဏ္ဍထဲက ခြစား မှုတွေ ဘယ်အချိန်လောက်မှ အမြစ် ပြတ်မယ်ထင်ပါသလဲ။
ဖြေ- ဒါက ပေးသူရော၊ ရယူသူနဲ့ပါ သက်ဆိုင်ပါတယ်။ အမြစ်ပြတ်မှုဆို တာက အားလုံးနဲ့ဆိုင်ပါတယ်။ ထိ ရောက်တဲ့ အရေးယူမှုတို့၊ လိုက်နာ ကျင့်သုံးမှုတို့ရှိရင် အမြစ်ပြတ်ပါတယ်။ ။
မင်းသုအောင်တွေ့ဆုံမေးမြန်းသည်။
From: populardrmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com1tag:blogger.com,1999:blog-2724145099748571414.post-31190021812436546542013-05-23T09:45:00.002+06:302013-05-23T09:45:31.380+06:30ဖလန်းဖလန်းထမဲ့ နန်းခင်ဇေယျာ သိစေရန်

အသည်းကြား မှ ရိုးသားသည့်Touch Click သန်းပေါင်းများ တို့၏ မြစ်ဖျားခံရာ သို့မဟုတ် National Spirit အခု Photo မှာ မြင်ရတဲ့ အတိုင်းပါဘဲ ---> Myanmar Facebook User တွေ ဆိုတာကလည်း VOTE တကာ့ VOTE တို့ရဲ့ ထိပ်ခေါင် Clicker တွေလို့ဆိုရင် မမှားပါဘူး Information မရလိုက်နဲ့၊ မြန်မာသာ ဖြစ်ပါစေ အားတိုင်း VOTE မကြာခဏ VOTE တရေးနိုးလည်း ထပီး VOTE ကုန်ကုန်ပြောရင် အိမ်သာတက်ရင်းတောင် VOTE ကြတဲ့ သူတွေ VOTE သန်းပေါင်းများစွာတက်ရေး ဒို့အရေးဆိုပီး ဘီလ်ကုန်ခံ အိပ်ပျက်ခံ Like ကြ Share ကြတဲ့သူတွေ အဲဂလို အားရပါးရ VOTE တတ်ကြတဲ့ ရွှေမြန်မာ Voter တွေ ဆိုတာကလည်း VOTE ရုံလောက်နဲ့ အားမရ ကိုယ် VOTE ပေးလိုက်တဲ့ သူအပေါ် စေတနာ အပြည့်နဲ့ ဘာလုပ်လုပ် အမြဲတသသ ထာဝစဉ် Like ချင်နေတဲ့ သူတွေ ဘာကြောင့် အဲလို လုပ်ကြတာလဲ? ဘယ်သူ က ခိုင်းလို့လဲ?

National Spirit ဆိုတဲ့ အမျိုးသားရေး စိတ်ဓာတ် ရဲ့ စေစားမှုကြောင့် ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်ခဲ့ကြတာပါ ညီမလေးရေ အလားတူပဲ၊ အခု ၉၆၉ လှုပ်ရှားနေသူ အားလုံးသည်လည်း နိုင်ငံရေးလုပ်စားနေတာ မဟုတ်ပဲ၊ ကိုယ့်အသိစိတ်နဲ့ကိုယ် အမျိုးသားရေး အတွက် ဆောင်ရွက်နေကြတာပါ ညီမလေးရေ အဲဒီ National Spirit တွေကနေ တစ်ဆင့် Miss International Nang Khin Zayar ဆိုတာကို ဖြစ်စေခဲ့တာ ဆိုရင် ညီမလေး ငြင်းမလား? နောက်တစ်ချက် က၊ VOTER ပမာဏ ရဲ့ 99.999 % သည်လည်း မွတ်စလင် ကုလားတွေ မဟုတ်ဘူး ညီမလေးရေ ---> Voter တွေ မျက်နှာ မှ မထောက် Keyboard လောက်မှ ဇောက်မနက် တဲ့ စကားတွေ ကို ပြောရက်လို့ ပြောထွက်ခဲ့တာ ဘယ်သူလဲ? ပီးတော့မှ ဂျာနယ် ကို လွှဲချတဲ့ Post လေး ၁ ကြောင်းနဲ့ ' ဒါပါဘဲရှင် ' တော့ မလုပ်စေချင်ဘူး

ညီမလေးရေ --> ဒါဆို ရှင် က ဘာလုပ်စေချင်တာလဲ ? လို့ တော့ လာမမေးပါနဲ့၊ ငါလည်း တိဝူး သိချင်ရင် မင်းရဲ့ Facebook User ပရိတ်သတ်ကြီးကိုသာ မင်းဖာသာ ပြန်မေးကြည့်ပါတော့ အားလုံး က ညီမလေး ကို ချစ်ပြီးသားပါ မင်း ဘက်ကသာ နည်းနည်းလောက် စာနာတတ်ဖို့ လိုတာပါ ညီမလေးရေ # ဂျာနယ် မှ Nang Khin Zay Yar သို့ Warning --> သက်ဆိုင်သူ ဖေ့စ်ဘွတ်ခ်မင်းသမီး သိစေရန် (အင်တာဗျူး အနေနဲ့  ဖော်ပြတော့မယ်ဆိုရင် အခု ခေတ်မှာ သတင်းထောက်က အသံဖမ်းပါတယ် . .စကားလုံးများ အတိအကျ ဖော်ပြခံရခြင်းမရှိကြောင်း လို့ ပြောနေသူ အတွက် ကျွန်တော်တို့မှာ အထောက်အထားအတိအကျ ရှိပါတယ် လိုအပ်လာရင် အဲဒီအသံဖိုင် ကို အများပြည်သူကို ချပြပေးဖို့ ၀န်လေးမှာမဟုတ်ကြောင်း သက်ဆိုင် သူအား အသိပေး အကြောင်းကြားအပ်ပါသည်။)

# * အခုလို ပုံစံမျိုးနဲ့ အချစ်စမ်းပီး ဖလန်းဖလန်းထမယ် ဆိုရင်တော့၊ ဖလပ်ဖလပ် ဖြစ်သွားလိမ့်မယ် ဆိုတာလေးတော့ သတိပြုစေချင်ပါတယ် Nang Khin Zay Yar ဆိုတဲ့ ညီမလေးရေ *

From:Ko Junedrmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com1tag:blogger.com,1999:blog-2724145099748571414.post-30503176705221226092013-04-13T20:03:00.001+06:302013-04-13T20:03:46.355+06:30၂၀၁၃ခုနှစ် မဟာသင်္ကြန်ပုံရိပ်များ(၂) (အကြိုနေ့)

မျှဝေခံစားနိုင်စေရန် Facebook ပေါ်မှ ဆွဲချထားခြင်းသာ ဖြစ်သည်။ တစ်ပုံမှ ကိုယ်တိုင် မရိုက်ပါ။

ပိုက်သေးလေးနဲ့ ပက်တာလောက်တော့ ရီတာပေါ့

ရေစို အပျိုတွေ

ခွက်စုတ်လေးနဲ့ ပက်တာလောက်တော့ (ကလေးခေါင်းဆောင် တစ်ယောက်ပါသည်)

ကက မမကိုယ်တိုင်က (မြ၀တီမြို့ရဲ့ အလှလေးများ)

ရိုးရာ သင်္ကြန်

အနုပညာ ရှင်များ

ပဲခူးမြို့မှ မမ က

အားလုံးပျော်ကြ

လူမျိုး ဘာသာ မရွေး၊

From:opposite eyes

drmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0tag:blogger.com,1999:blog-2724145099748571414.post-14024322952602281142013-03-19T07:00:00.001+06:302013-03-19T07:00:01.188+06:30ဟန်ဝင်းအောင် အကြောင်း ထောင်အတူကျခဲ့ဖူးသူ ဖွင့်ချ

ဟန်ဝင်းအောင်သည် (ထောင်၂ကြီမ်ကျ နိုင်ငံေ၇း သမား ထောင်ထွက် ဆိုတာ မှန်ပါတယ်၊ မိဘ နှစ်ပါး အဆင် ပြေတဲ့ အချိန်တုန်း ကရွေ ဆိုင် ပိုင်ခဲ့တာ မငြင်းပါ ပထမ အကြီမ် ထောင်က ထွက်ပြီးနောက် ဖခင် မရှိတော့ တဲ့အခါ မိခင်က အိမ်၏ စီပွါးရေး ကိုမကိုင်နိုင်တော့ဘဲ သမီးနဲ့ သမက်ကို ရွေဆိုင် ထိုးပေး လိုက်ရ တဲ့အဖြစ် နဲ့ ဘဝ ပျက် ခဲ့သလို မိခင် ကလဲ တွေ့သမျှ လူနဲ့ တွဲနေတဲ့ အဖြစ်မျိုးပါ၊ ပညာရေး ဆိုတာ (၈) တန်းတောင် မအောင်ခဲ့ ပါဘူး၊

ထောင်ကျ တာမှန်တယ် ထောင်တွင်း ရပ်တည် ချက်ဆိုတာ ထောင်ကျ သူတွေရဲ့ နိုင်ငံရေး မှတ်ကျောက် ဖြစ် သလို သမိုင်း လဲဖြစ်တယ်၊ ဟန်ဝင်းအောင်ရဲ့ ထောင် တွင်း သမိုင်ကတော့၊ ထောင် ၂၉ နှစ် ကျနေတဲ့ ဦးသုမန ကို (ဘုန်းကြီး) တမ နက်မှ ဟန်ဝင်းအောင်က ဦးသုမနကို သတင်းစာ သွား ယူခိုင်းတယ် ဦးသုမ နက ဘယ်သူ ဖတ်မှာလဲလို့ မေးတော့ သူ ဖတ်ချင် လို့ပါ ဆိုတယ် ဦးသုမနက မင်းဖတ် ချင်တာ မင်း ဘာသာ သွားယူ ပေါ့လို့ ပြောပြီး အခန်းထဲက ဆင်းသွားတယ်၊ အခန်းထဲမှာ ဦးစန္ဒော ဘာသ (ဦးဇင်းကျော်) ရယ် ကိုသက် နိုင်ရယ်၊ နိုင်ဝင်း(ကိုရင်) မြစန်း ထူးရယ် လေးယောက် ရှေ့မှာ သူ့ကို အရှက်ခွဲ တယ်လို့ ဟန်ဝင်းအောင် ကပြော တာကို ထိုသူ အားလုံး အသိဖြစ်တယ် အဲ့ဒါကို အာဃာတ ထားပြီး နိုင်ငံရေး အခန်း နား တခု လုပ်နေ ခိုက် ထောင်က ကိုယ့် အခန်းကို ဝင်မယ် ဆိုပြီး တံခါးတွေ ပိတ်လိုက်တယ်၊ တံခါး ပိတ်ချိန် ၁၀ မီးနှစ်လောက်ကြာတော့ ပြန်ဖွင့်လိုက်တဲ့ အချိန်မှာ (ထိုခန်း နားမှာ ဟန်ဝင်းအောင် တို့အုပ်စု မပါ) ဟန်ဝင်းအောင်တို့ အုပ်စုဖြစ်တဲ့ ညဏ်ကြီး ဖိုးခွါး ရဲသီဟ (လက်ဝှေ့ သမား) အားကြီး တိုအုပ်စု ဦးသုမန ၅ တိုက် ၁ ခန်းရှေ့မှာ အလုပ် လုပ်နေ ခိုက် အုပ်စု လိုက် ဝိုင်းပြီး ထိုးကြတယ်။

ဆိုင်းဘုတ်ထောင်တော့ ဦးသုမနက ထောင်ကို သတင်းပေး လို့ ဝိုင်းထိုး တာလိုပြော တယ်၊ ဦးဇင်း သိတဲ့ အချိန်မှာ အဲ့ဒီကောင် တွေကို တိုက်ခန်း ထဲပိတ် လိုက်ပြီး ဦးဇင်းက မကျေနပ်လို့ ထောင်မှုးကို ကွိုင်ရှာ တော့ သူတို့ကို ရက် ၂၀ တိုက်ပိတ် ထောင်ဝင်စာ ပိတ်ရက်စေ့လို့ ၅ တိုက် ကိုပြန် ရောက်တယ် ဆိုရင်

အောင် ကိုဦး အောင်ကြီးပ် အင်အားဖြည့်ပြီး ၅ တိုက်မှာ ရှိတဲ့ ဦးစန္ဒေ ဘာသ ဦးသုမန ဦးတက္ခ ကိုရင်နိုင်ဝင်း ကိုရင်ထတ် ကိုဟောက် တို့ကို ဘာမှပေး ကမ်းခြင်း ကျွေးခြင်း မလုပ်က ဟုဆိုကာ သပိတ်မှောက် တယ်လို့ ကြွေးကြော်ပါလေေ၇ာ့ ဟန်ဝင်းအောင် ဆိုတာ ထောင်မှုးထာင် ပိုင်နဲ့ ဘယ်သော အခါမှ ရှေ့ထွက်ပြီး စကား မပြောခဲ့ ဘူးဘူ၊ ပြောတဲ့ လူ တွေကိုလဲ ပြဿနာ ရှာတယ် ၊ ၂ ယောက်ရှိရင် လေးဖွဲ့ကွဲအောင်လုပ်တဲ့လူ။ လက်ပတောင်းကိစ္စမှာ ဘုန်းကြီးတွေကိုထိုးကျွေးပြီး အဲ့ဒီကောင် ဘယ်ရောက် နေလဲ အဖိနှိပ်ခံပြည် သူပြည် သားနဲ့ ရိုးသား တဲ့လူ တွေကို ထိုးကျွေးပြီး သူသာ လျှင် နာမည် ကောင်းယူတဲ့ ထောင်တွင်း ကအကျင့်နဲ့ သူ့ဝါသနာ ဖြစ်တယ်။ ဒီကိစ္စ အားလုံးကို မှန်ကန်ကြောင်း သူနဲ့ အတူနေခဲ့တဲ့ သူအား လုံးသိတယ် သေချာ သိချင်လျှင် ဖုန်းနံပတ် (၀၀၆၆)၀၈၂၂၂၈၂၆၈၄ ကို အချိန် မရွေး ဆက်သွယ် မေးမြန် နိုင်သည် ။

ပုံ ဦးဇင်းကျော်(နိုင်ကျဉ်းဟောင်း) —

From : ဦးဇင်းကျော်(နိုင်ကျဉ်းဟောင်း)

drmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0tag:blogger.com,1999:blog-2724145099748571414.post-13451050547566731412013-03-18T14:00:00.000+06:302013-03-18T14:00:00.053+06:30ဝန်ထမ်းလစာ တိုးမြှင့်လိုက်မှုနှင့် နိုင်ငံ့ဝန်ထမ်းအချို့၏ တုန့်ပြန်မှုများ

ဧပြီလမှ စ၍ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်း ထား များ ကို ကျပ် ၂၀,၀၀၀ စီ တိုးမြှင့်ပေးမည် ဖြစ် ကြောင်း ဘဏ္ဍာရေး နှင့် အခွန် ဝန်ကြီးက ပြောဆို လိုက်သည်။

“၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် နိုင်ငံ့ ဝန်ထမ်း များအ တွက် လစာနှုန်းထားကို ကျပ်နှစ်သောင်းစီ တိုးမြှင့်ပေး မှာ ဖြစ်ပါ တယ်။ အချိုးကျ တိုးမြင့် လာမည့် ပင်စင်လစာနှင့် ဆုငွေများအတွက် သာမန် အသုံး စရိတ်တွင် ထည့်သွင်း လျာထား မှု များ ပြုလုပ် ခဲ့ပါတယ်” ဟု မတ်လ ၁၅ ရက်နေ့က ပြုလုပ် သည့် ပြည်ထောင်စု လွှတ်တော် အစည်း အဝေး တွင် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန် က ပြောကြားသွားခြင်း ဖြစ်သည်။

“လက်ရှိ ခံစားခွင့် ပြုထားသော အပိုထောက်ပံ့ကြေး၊ ဒေသစရိတ်တို့ကိုလည်း ပြောင်းလဲမှုမရှိ ဆက်လက် ထောက်ပံ့ သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသွားသည်။

ထိုသို့ လစာတိုးမြင့်တော့မည်နှင့် ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းများက ဝမ်းသာကြသော်လည်း ကုန်ဈေးနှုန်းပါ တပါတည်း တက်လာမည်ကိုမူ စိုးရိမ်လျက်ရှိကြသည်။

“တိုးပေးတာကို ဝမ်းသာလို့ ရအောင် ကုန်ဈေးနှုန်း မတက်ပါမှ ပါပဲ။ ဝန်ထမ်းမိဘတွေ အနေနဲ့ ကလေးတွေ ရဲ့ ကျူရှင်စရိတ် မတက်ပါမှ အဆင်ပြေနိုင်ပါမယ်။ ပြောင်းလဲနေတဲ့အချိန်မှာ သားသမီးတွေရဲ့ ကျူရှင် စရိတ် က မိဘတွေအပေါ် ဝန်ထုပ်ဝန်ပိုးကြီးဖြစ်နေတာကို ပညာရေးဝန်ကြီး အနေနဲ့ အလေးအနက် ထား စဉ်းစားစေ ချင်ပါတယ်” ဟု သူနာပြုဆရာမ ဒေါ်မြညွှန့် က တိုက်တွန်းသည်။

အကယ်၍ ကုန်ဈေးနှုန်းများ တက်လာခဲ့ပါမူ ထိုဒဏ်ကို တောင့်ခံနိုင်ရန်လည်း အစိုးရဌာနတခုမှ ဒု-ညွှန်မှူး ဒေါ်ကြည်ကြည် က အကြံပြုသည်။

“လစာတိုးပေးမှာ ဧပြီလ ကုန်မှပါ။ အရင်ခေတ်တွေကလို ကြိုပြီး ကုန်ဈေးနှုန်း မတက်စေချင်ပါဘူး။ ကျမတို့ အိမ်ရှင်မတွေအနေနဲ့ကလည်း ကြက်သွန် တက်မယ်ဆိုရင် နည်းနည်းပဲ ဝယ်သုံးမယ်။သူ့အစား ဈေးပေါတဲ့ ချင်း၊ စပါး လင် သုံးမယ်။ ပုတ်ကုန် ဖြစ်တဲ့ ကြက်သွန် တက်ဈေးနဲ့ တောင့်မခံနိုင်ပါဘူး။ ဆန်ဆို လည်း ဈေးတက်ရင် တပြည်ချင်း ဝယ်စားမယ်။ ဆန်တွေက ရိတ်သိမ်းကတည်းက မိုးမိထားတာ။ ဂိုဒေါင်မှာ ကြာကြာ ထားရင် မှိုတက်မယ်။ ပိုးကျမှာပဲ။ ဈေးကျမှ ဝယ်စားမယ်။ ဒါမျိုးတွေ စီမံသင့်ပါတယ်။ အရင်တုန်းက လစာ တိုးမယ် အသံကြားရင် ဈေးနှုန်းတက်မှာ စိုးလို့ ငွေ ရှိတဲ့သူတွေက စားသောက် ကုန်တွေ ကို များများ ကြိုဝယ်ကြတယ်။ ရန်ကုန်မှာက တဦးလုပ်ရင် ကျန်တဲ့သူတွေက လန့်ပြီး လိုက် ဝယ်ကြ တာမျိုးတွေ ရှိခဲ့တယ်။ အဝယ်များတော့ ကုန်ပစ္စည်းတွေက ဈေးမတက်သင့်ဘဲ တက်ကုန် တာမျိုး တွေ ဖြစ်ခဲ့ဖူးတယ်။ ဒါမျိုးတွေ သတိပြု လုပ်ကိုင်သင့်ပါတယ်” ဟု အိမ်ရှင်မ လည်း ဖြစ်သူ ဒေါ်ကြည်ကြည် က ဆိုသည်။

ရပ်တည်ရန် အခက်အခဲများကြောင့် ပင်စင်စားများကလည်း လစာတိုးမြှင့်ရလိုကြပြီး သို့မဟုတ်ပါကလည်း သင့်တော် မည့် အစီအစဉ်များ ဖန်တီးပေးစေလိုကြသည်။

“လစာ တိုးပေးတာ မုဒိတာပွားစရာပါ။ ကျနော်တို့လို ပင်စင်စားတွေကလည်း ပင်စင်သမားတွေ ပါမလားလို့ နားစွင့်နေ တာပါ။ သမ္မတကြီးရဲ့ ခေါင်းထဲမှာလည်း ပင်စင်စားတွေရဲ့ကိစ္စ ရှိနေနိုင်ပါတယ်။ အဆင့်မြင့် ရာထူးတွေ နဲ့ အငြိမ်းစားယူသူတွေက တာဝန်ထမ်းဆောင်စဉ် ကတည်းက လိမ္မာပါးနပ်သူ များတော့ အနည်း အ ကျဉ်း မပူပင်ရသူ များတယ်။ တာဝန်ထမ်းစဉ် ကတည်းက အောက်ခြေဝန်ထမ်း လုပ်ခဲ့ရ သူတွေ ကတော့ ပင်စင် ယူပြီးတာတောင် စားဝတ်နေရေးအတွက် ပူပင်နေကြရတော့ ပင်စင်လစာ တိုးတာ မျိုး၊ ရင်းနှီးစားလို့ ရအောင် တစုတည်း ထုတ်ပေးတာမျိုးတွေကို မျှော်လင့်နေသူတွေ များပါတယ်။ ဒါပေမယ့် ပင်စင် ကိစ္စကလည်း ခေါင်းစဉ်အမျိုးမျိုး ရှိနေတော့ အတော်ရှုတ်တဲ့ ကိစ္စတခုလို ဖြစ်နေတာကိုး” ဟု ရန်ကုန် တက္ကသိုလ်မှ အငြိမ်းစားပါမောက္ခ တဦး က ပြောသည်။

သို့သော် တိုင်းပြည် လူဦးရေ၏ ၃ ရာခိုင်နှုန်းသာ ရှိသော နိုင်ငံ့ဝန်ထမ်းများ လစာ တိုးမြှင့်ပေးမှုကြောင့် ကုန်ဈေးနှု န်း တက်လာမည်ကို စိုးရိမ်ရန် မရှိကြောင်း စီးပွားရေး သုတေသီ တဦး က ဆိုသည်။

“တပြည် လုံး အတိုင်းအတာနဲ့ ကြည့်ရင် လုပ်သားအင်အားစု အားလုံးထဲမှာ နိုင်ငံ့ဝန်ထမ်း အင်အားစုက နည်းပါ တယ်။ ဒီလူနည်းစုကို လစာတိုးပေးလို့ ငွေကြေးဖေါင်းပွမှုက ဖြစ်စရာ အကြောင်းမရှိပါဘူး။ သီအိုရီ သဘော အရပဲ ဖြစ်ဖြစ်၊ သဘာဝ အရပဲ ကြည့်ကြည့် တိုင်းပြည် စီးပွားရေး အဆောက်အအုံ တခု အောက်မှာ အလုပ်အကိုင် အပြည့်အဝ မရမချင်း လစာတိုးပေးရင် ငွေကြေးဖေါင်းပွမှု ဆိုးဆိုးရွားရွား မဖြစ်နိုင်ပါဘူး။ လစာတိုးတာကို နွယ်ပြီး ကုန်ဈေးနှုန်း တက်တယ် ဆိုရင် ဈေးကွက်သဘာဝကြောင့် မဟုတ်နိုင် ပါဘူး။ လူ့ ပရောဂ ကြောင့်သာ ဖြစ်နိုင်ပါတယ်” ဟု ဆရာ ဦးစောနိုင် က သုံး သပ် ပြောကြားသည်။

၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ဧပြီ ၁ ရက်က စတင်၍ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများ အတွက် လက်ရှိသတ်မှတ်ထားသော လစာနှင့် စရိတ်နှုန်းထားများ အပြင် တဦးလျှင် တလ ကျပ် ၃၀,၀၀၀ နှုန်းဖြင့် အပိုထောက်ပံ့ကြေး ပေးခဲ့သည်။ ထို့အပြင် အစိုးရဌာနနှင့် အဖွဲ့အစည်း များ ရှိ နေ့စား အလုပ် သမားများ၏ လုပ်ခကို လက်ရှိသတ်မှတ်ပြီး လုပ်ခအပေါ်တွင် ကျပ် ၁,၀၀၀ နှုန်းဖြင့် အပိုထောက် ပံ့ကြေး ပေးခဲ့သည်။

From: Mizzima Burmese

drmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0