tag:blogger.com,1999:blog-27241450997485714142024-03-19T15:18:11.019+06:30Myanmar Forwarddrmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.comBlogger8125tag:blogger.com,1999:blog-2724145099748571414.post-75766100970167932762014-06-11T00:11:00.003+06:302014-06-11T00:11:52.133+06:30နယ်စပ်အရေး မြန်မာနဲ့ ဘင်္ဂလား ဆွေးနွေး

နေပြည်တော်မှာ ရောက်နေတဲ့ ဘင်္ဂလား နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အဇစ်နဲ့ မြန်မာအစိုးရတို့ နယ်ခြား ပြဿနာအရေး ဆွေးနွေးခဲ့ ကြပါတယ်။

နှစ်နိုင်ငံကြားမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို အပြုသဘောနဲ့ ဆွေးနွေးခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့သူ ရဲတပ်ဖွဲ့ ဦးစီးအရာရှိချုပ် ရဲမှူးချုပ် ဝင်းခေါင်က ပြောပါတယ်။ နှစ်ဖက်အကြားမှာ ငြင်းခုန်မှု မရှိဘူးလို့လည်း သူက ပြောပါတယ်။

နှစ်ဖက် ပစ်ခတ် သေဆုံးမှုတွေ နောင်မှာ မဖြစ်ပွားအောင် နားလည်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲမှာ နယ်ခြားစောင့်တပ်ဖွဲ့ တပ်မှူးတွေလည်း ပါဝင်တဲ့ အတွက် ပြဿနာကို အောက်ခြေအထိ နားလည်မှု ရအောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။

ပြဿနာတွေ ကြီးကျယ်ရတာဟာ ဘင်္ဂလားဒေ့ရှ် မီဒီယာတွေက လှုံ့ဆော်ရေးသားလို့ ဖြစ်ရတယ်လို့လည်း ရဲမှူးချုပ် ဝင်းခေါင်က အပြစ်တင် ပြောဆိုသွားပါတယ်။

ရိုဟင်ဂျာလက်နက်ကိုင် သူပုန်ကိစ္စ အပါအဝင် ထွက်ပေါ်လာမယ့် ရလဒ်တွေကိုတော့ ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲ အပြီးမှ တိတိကျကျ သိရမယ်လို့ ဆိုပါတယ်။

နှစ်ဖက် သတင်းဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်မှသာ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မယ် လို့လည်း သူက ဆိုပါတယ်။

BBC Burmesedrmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0tag:blogger.com,1999:blog-2724145099748571414.post-18173499181567397102014-06-10T20:28:00.003+06:302014-06-10T20:28:53.126+06:30မောင်တောနယ်စပ်ပြဿ နာကြောင့် တစ်ပိုင်တစ်နိုင်မှောင်ခိုသွားလာမှု ပပျောက်လာ

မန်မာ-ဘင်္ဂလားဒေ့ရှ်မောင် တောနယ်စပ်ပြဿနာကြောင့် တစ်ဖက်နှင့်တစ်ဖက်နယ်စပ်ဖြတ် ကျော်တစ်ပိုင်တစ်နိုင်မှောင်ခိုလမ်း ကြောင်းဖြင့် ကုန်ကူးသန်းသွားလာ သူများပပျောက်သွားခြင်းနှင့် အတူမှောင်ခိုကုန်ကူးသန်းသူများ ကို တာဝန်ယူကြီးကြပ်ဆောင်ရွက် ပေးနေသည့်တာဝန်သိနယ်စပ်လုံ ခြုံရေးအချို့လည်းလုပ်ငန်းရပ်ဆိုင်း သွားကြောင်း မောင်တောနယ်စပ် ဒေသတစ်ပိုင်တစ်နိုင်ကုန်သည် များထံမှ သိရသည်။

မောင်တောနယ်ပစ်တစ် လျှောက်တွင် မောင်တောနှင့် တစ်ဖက်နိုင်ငံတက်္ကနာ(ဖ်)နယ်စပ် လူဝင်လူထွက်စစ်ဆေးရေးဂိတ်နှင့် တောင်ပြိုမြို့နယ်ခွဲလူဝင်လူထွက် စစ်ဆေးရေးဂိတ် (၂) ခု သာရှိပြီး နယ်စပ်ဖြတ်ကျော်သွားလာမှု ပတ်(စ်)ပို့ (Passport) ကြေးသတ် သာမှုရှိသော တရားဝင်သတ်မှတ် ဆောင်ရွက်ထားခြင်းမျိုးမရှိသေး သည့်မှောင်ခိုနယ်စပ်ဖြတ်ကျော် သွားလာမှုဂိတ်အရေအတွက် (၁၂) ဂိတ်ကျော်ရှိကြောင်း သိရ သည်။

“မှောခိုင်နယ်စပ်ဖြတ်ကျော် သွားလာမှုကို လုံးဝခွင့်မပြုဘူး။ အရင်ကလည်းခွင့်ပြုတာမရှိခဲ့ဘူး။ အရေးကြီးကျန်းမာရေးကိစ္စတွေဆို မှ သက်ဆိုင်ရာမှ ထောက်ခံချက် စာရွက်စာတမ်းအပြည့်စုံပါမှခွင့် ပြုပေးတာတို့ရှိခဲ့ပါတယ်”ဟု အောင်သပြေနယ်စပ်ကျေးရွာမှ နယ်စပ်လုံခြုံရေးအရာထမ်းတစ် ဦးကပြောကြားသည်။

အဆိုပါနယ်စပ်မှောင်ခိုဂိတ် လမ်းကြောင်းမှ နေ့စဉ်မှောင်ခို စနစ်ဖြင့် တစ်နေ့လျှင် တစ်ဖက် နှင့် တစ်ဖက်နယ်စပ်ဖြတ်ကျော်ပြီး တစ်ပိုင်တစ်နိုင်သွားလာနေကြသူ ဦးရေ (၃၀၀)နှင့် အထက် (၅၀၀) ၀န်းကျင်အထိရှိနိုင်ကြောင်း သိရ သည်။

နယ်စပ်ပြဿနာငြိမ်းအေး သွားပြီဟုဆိုသော်လည်းတစ်ဖက် နှင့်တစ်ဖက်နယ်စပ်တစ်လျောက် တိုးမြင့်ချထား သည့်နှစ်ဖက်နယ်စပ် လုံခြုံရေးများကြောင့် တာဝန်သိ နယ်စပ်လုံခြုံရေးများက နားလည် မှုဖြင့် ခွင့်ပြုပေးခြင်း ကို ပိတ်ပင် ထားကြောင်း မောင်တောနယ်စပ် အခြေစိုက်ဝါရင့်တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်များ ကခန့်မှန်းပြောဆို နေကြသည်။

“အခုတော့ပြဿနာပြေငြိမ်း သွားပြီဖြစ်လို့မကြားရတော့ပေမယ့် လုံခြုံရေးအရနယ်စပ်လုံခြုံရေးတွေ ကသွားလာခွင့် ခွင့်မပြုသေးလို့ သွားလာမှုမရှိသေးဘူး။ ကုန် ပစ္စည်းတွေက ဒီအတိုင်းမရောင်း ရ၊ မချရဘဲသောင်တင်နေတော့ စားဝတ်နေရေးကလည်း ကျပ် တည်းမှုဖြစ်လာတာပေါ့”ဟု မောင်တောနယ်စပ်တမန်းသားကျေး ရွာမှ နယ်စပ်တစ်ပိုင်တစ်နိုင်ပို့ကုန် လုပ်ငန်းရှင်ဦးလှဖေကပြောကြား သည်။

မေလ ၂၈ ရက်နေ့က မောင်တောနယ်စပ်ပြဿနာစတင် ဖြစ်ပွားခဲ့ကြောင်းနှင့် ၂၉ ရက်နေ့ စ၍ တစ်ဖက်နှင့်တစ်ဖက်သွားလာ မှုလုံးဝမရှိကြောင်း နေ့ဘက်အချိန် များတွင်လည်း နယ်စပ်ဖက်မှ သေနတ်သံများကြားရပြီး လက်ရှိ တွင် ပြဿနာပြေငြိမ်းသွားပြီဖြစ် သည်။

အာရကန်ကိုကို-ရခိုင်ပြည်နယ်(မြစ်မခ)drmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0tag:blogger.com,1999:blog-2724145099748571414.post-33602111800111537112014-06-10T20:06:00.005+06:302014-06-10T20:06:58.593+06:30လက်နက်ကိုင်သောင်းကျန်းသူများကို နှစ်နိုင်ငံနယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ ပူးပေါင်းနှိမ်နင်းရန် မြန်မာနယ်စပ်လုံခြုံရေးက တောင်းဆိုခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြည်ထောင်စုအဆင့်အစည်းအဝေးမှသာ ရလဒ်ရရှိမည်ဟုပြန်လည်ပြောကြားခဲ့

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် သောင်းကျန်းသူလက် နက်ကိုင်များနှင့် မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား မကြာခဏတိုက်ပွဲဖြစ် ပွားမှုကြောင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များ အချင်းချင်းနားလည်မှုလွဲကာ နှစ်ဖက်စစ်ရေးပြင်ဆင်မှုအဆင့် အထိဖြစ်ခဲ့သော်လည်း မေ ၃ဝ ရက်မှ အခြေအနေပြန်လည်တည် ငြိမ်ကာ နှစ်နိုင်ငံအလံတင်အစည်းအဝေးကို ဇွန် ၅ ရက်က မောင်တောမြို့နယ်စပ်ကုန် သည်များအသင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ သောင်းကျန်းသူ လက်နက်ကိုင် များကို နှစ်နိုင်ငံနယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ ပူးပေါင်းနှိမ်နင်းရန် မြန်မာနယ်စပ်လုံခြုံရေး မှတောင်းဆိုခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် ဘက်မှ ပြည်ထောင်စုအဆင့်အစည်းအဝေး မှသာ ရလဒ်ရရှိမည်ဟုပြန်လည်ပြောကြား ခဲ့ကြောင်း အစည်းအဝေးမှတ်တမ်းများအ ရသိရသည်။

''ကျွန်တော်တို့ ခိုင်မာတဲ့သတင်း အချက်အလက်တွေအရ ဘင်္ဂလားဒေ့ရှ်နယ် စပ်မှာလက်နက်ကိုင် အကြမ်းဖက်နေတဲ့သူ တွေရှိတယ်။ အဲဒီအပြင်သူတို့က ဘင်္ဂလား ဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ အင်္ကျီအရောင် ဆင်တူတာတွေကို ဖန်တီးဝတ်နေကြပါတယ်'' ဟု မောင်တောနယ်စပ်လုံခြုံရေးကို တာဝန် ယူထားသည့် အမှတ်(၁)နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့ မှူးရုံးမှ ကွပ်ကဲရေးမှူး ရဲမှူး ချုပ်တင်ကိုကို ကပြောကြားခဲ့ကြောင်း အစည်း အဝေးတွင် ရှိနေခဲ့သူတစ်ဦးက ပြောသည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ လာမည့်ရက်သတ္တပတ်အတွင်း ကျင်းပရန်စီစဉ်ထားသည့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲမှာသာ အဖြေရလဒ်ကို အတိအကျပေးနိုင်ရန်စီစဉ်ထားကြောင်း လည်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေးအရာရှိများအစည်းအဝေးကို မကြာ ခဏမြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင်အလှည့်ကျပုံမှန်ပြုလုပ်နေသော်လည်း RSO လက်နက်ကိုင်သောင်းကျန်းသူများနှင့် မြန်မာ နယ်စပ်တပ်ဖွဲ့ဝင်များ အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များ ကျဆုံးခဲ့မှုများဖြစ်ပေါ်ခဲ့ရာ မေ လတစ်လတည်းတွင် အလံတင်အစည်းအ ဝေးနှစ်ကြိမ်နှင့် ယခုဇွန် ၅ ရက်တွင် တစ်ကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။

နယ်စပ်ဒေသ၏ အခြေအနေမှာ နှစ်ဖက်စစ်ရေးပြင်ဆင်မှုအဆင့်အထိရှိနေ ခဲ့သော်လည်း မေ ၃ဝ ရက်မှ ယနေ့အထိ အခြေအနေတည်ငြိမ်နေခဲ့သည်။ သို့သော် လည်း နယ်စပ်တစ်လျှောက်တွင် သောင်း ကျန်းသူ လက်နက်ကိုင်အဖွဲ့ များရှိနေသည့် အတွက် မြန်မာဘက်မှ တိုးမြှင့်ထားသည့် လုံခြုံရေးဝန်ထမ်း များကို လောလောဆယ် လျှော့ချဦးမည်မဟုတ်ကြောင်း လုံခြုံရေး တာဝန်ရှိသူများ၏ ပြောစကားကို ကိုးကား ၍ ဌာနဆိုင်ရာအကြီးအကဲတစ်ဦးက ပြော သည်။

Flower News Journal | Vol-10, No-22drmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0tag:blogger.com,1999:blog-2724145099748571414.post-44738195851122631742014-06-06T08:36:00.001+06:302014-06-06T08:36:28.022+06:30ဘင်္ဂလားဒေ့ရှ် နယ်စပ်အရေး ဆွေးနွေးမှု အငြင်းပွားမှုများဖြင့် အဆုံးသတ်

ရန်ကုန်၊ မဇ္ဈိမ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရေးရာ ကိစ္စများနှင့် ပတ်သက်၍ အလံတင်အစည်းအဝေးကို ဇွန် ၅ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကျင်းပခဲ့ပြီး တစ်ဖက်နှင့် တစ်ဖက် အငြင်းပွားမှုများဖြင့် အဆုံး သတ်ခဲ့သည်ဟု မောင်တော ကုန်စည်အသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲတွင် ကြေညာချက် ၆ ခုထုတ်ပြန်ခဲ့ပြီး ဆွေးနွေးခဲ့ရာတွင် ၁၉၄၇ ခုနှစ် ဂျီနီဗာ ကွန်ဗင်းရှင်း သဘောတူညီချက်အရ နိုင်ငံတကာ နယ်ခြား သဘောတူ ညီမှုကို မြန်မာဖက်က စတင်ချိုးဖောက်သည်ဟု ဘင်္ဂလားဒေ့ရှ်ဖက်မှ စတင်ပြောဆိုခဲ့သည်ဟု ဆိုသည်။

ထို့ပြင် မေ ၂၈ ရက်က နယ်စပ်ခြံစည်းရိုး မိုင်တိုင် ၅၂ အနီးတွင် မြန်မာ နယ်ခြားစောင့်တပ်က ဘင်္ဂလားနယ်ခြားစောင့်တပ်ဖွဲ့ကို ပစ်ခတ်မှုကြောင့် ဘင်္ဂလားတပ်မှ အရာရှိငယ်တစ်ဦး ကျဆုံးသည်ဟု ပြောဆိုခဲ့ပြီး၊ ၎င်း၏ ရုပ်အလောင်းကို မေ ၃၀ရက်က ပြန်ပေးရန် သဘောတူညီခဲ့မှုကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စိတ်ကြွဆေးပြားနှင့် မူးယစ်ဆေးဝါး ကုန်သွယ်မှုများကို နှစ်နိုင်ငံနယ်စပ်တွင် ပူးပေါင်း တိုက်ဖျက်ရေး တို့ကို ဘင်္ဂလားဒေ့ရှ်ဘက်က တင်ပြဆွေးနွေးခဲ့သည်ယင်း အစည်းအဝေးခန်းမတွင်ရှိသော ဦးအောင်မြင့်သိန်းက ပြောသည်။

“နှစ်ဖက်ဆွေးနွေးတာတော့ အေးအေးဆေးဆေးပဲ ပြီးသွားတယ် ပထမ ပိုင်းမှာတော့ ဟိုဘက်ကလည်း ဒီဘက်က ပစ်တယ်ပြောတယ်၊ ဒီဘက်ကလည်း ဟိုဘက်က ကျူးကျော်တယ်ပြောတယ်၊ နောက်ဆို ဒီလိုမျိုးမဖြစ်အောင် နှစ်နိုင်ငံနယ်ခြားသဘော တူညီမှုကိုအလေးအနက် လိုက်နာကြဖို့လိုတဲ့ အကြောင်းနဲ့ အဆုံးသတ်တယ်”ဟု ကုန်စည်အသင်းဥက္ကဌ ဦးအောင်မြင့်သိန်းက မဇ္ဈိမကိုပြောသည်။

အဆိုပါဆွေးနွေးပွဲကို မောင်တော နယ်စပ် ကုန်စည်အသင်း ရုံးခန်းတွင် ဆွေးနွေးခဲ့ပြီး နှစ်ဖက် နိုင်ငံမှ နယ်ခြားစောင့်တပ်များသာ သီးခြားတွေ့ဆုံခဲ့သည်ခြင်း ဖြစ်သည်။

မောင်တော နယ်စပ်ခြံစည်းရိုးမိုင်တိုင် ၅၀၊ ၅၂ အနီးတွင် မေလအတွင်းက အမည်မသိ လက်နက်ကိုင် အဖွဲ့ တစ်ခုနှင့် မြန်မာ စစ်တပ်တို့ အကြား ပစ်ခတ်မှုသုံးကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အဖွဲ့အစည်းမှ တပ်သား ၇ ဦး ကျဆုံးခဲ့သည်။

ထိုဖြစ်စဉ်များနှင့်ပတ်သက်ပြီး မြန်မာ အစိုးရဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် သောင်းကျန်းသူတပ်ဖွဲ့ (RSO)ဟု စွပ်စွဲထားသော်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရက ၎င်းတို့၏ တပ်သားသာဖြစ်သည်ဟု ပြန်လည် တုံ့ပြန် ထားသည်။

ကေဇူး

Mizzima - News in Burmesedrmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0tag:blogger.com,1999:blog-2724145099748571414.post-60804155307384149102014-05-28T20:22:00.001+06:302014-05-28T20:22:16.195+06:30 မောင်တောနယ်စပ်တွင် တိုက်ပွဲထပ်မံဖြစ်ပွား

ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာ ဒီနေ့ မနက်ပိုင်းက တိုက်ပွဲတခုဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး လက်နက်ကိုင်အဖွဲ့ (RSO) ကလို့ ယူဆရတဲ့ တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဌေးလွင်က DVB ကို အတည်ပြု ပြောပါတယ်။

မောင်တော-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၅၂ အနီးမှာ ဒီနေ့မနက် ၉ နာရီလောက်က ပြောက်ကျား ၀တ်စုံဝတ်ထားတဲ့ RSO တပ်ဖွဲ့ဝင် ၂ ဦးနဲ့ ကင်းလှည့်နေတဲ့ ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်စိတ်တစိတ်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

“RSO လို့ပဲ ယူဆတာပေါ့နော်။ ယူနီဖောင်းနဲ့ တပ်ဖွဲ့ဝင် ၂ ယောက်က ခြံစည်းရိုးနား ကပ်လာတယ်။ ကပ်လာတော့ လှုပ်ရှားတပ်စိတ်တစိတ်နဲ့တွေ့တယ်။ တွေ့ပြီးမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်တယ်။ ကြာတော့ မကြာပါဘူး။ မိနစ်ပိုင်းအတွင်းပဲ ဖြစ်ပွားတယ်လို့ သိရပါတယ်။ ဟိုဘက် တယောက်သေတယ်လို့ သိရပါတယ်။”

ဒီတကြိမ်နဲ့ဆို မောင်တောနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားတာ ၃ ကြိမ် ရှိသွားပြီလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်ကလည်း ဒီ မိုင်တိုင် ၅၂ အနီးမှာပဲ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

ဒီ့မတိုင်မီ မေလ ၁၃ ရက်မှာ နယ်စပ်မိုင်တိုင် ၃၉ အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး RSO တပ်ဖွဲ့ဝင် ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာ ရရှိခဲ့တာပါ။

ရခိုင်ပြည်နယ်စပ်မှာ အခုလို တိုက်ပွဲတွေ ဖြစ်ပွားလာတာနဲ့ ပတ်သက်ပြီး သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကို မေလ ၂၂ ရက်က ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ရာမှာ နှစ်နိုင်ငံနယ်ခြား ကော်မတီချင်း အရင် ဆွေးနွေးမယ်။ မရရင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးမယ်လို့ ပြောကြားခဲ့ပါတယ်။

အခုအချိန်အထိတော့ နှစ်နိုင်ငံနယ်ခြားကော်မတီ စည်းဝေးပွဲသတင်း ထွက်ပေါ်လာတာ မတွေ့ရသေးပါဘူး။

By ရွှေအောင် (ဒီဗွီဘီ)drmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0tag:blogger.com,1999:blog-2724145099748571414.post-32482463370106240442013-12-13T08:26:00.003+06:302013-12-13T08:26:47.368+06:30ထိုင်း - မြန်မာနယ်စပ် ကလေးလူကုန်ကူးမှု ပိုများလာ

ထိုင်းမြန်မာနယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်မြို့အပါအ၀င် တာ့ခ်ခရိုင်တွင်းမှာ ကလေး ကူးသန်း ရောင်းဝယ်မူ တွေဟာ နှစ်စဉ်လိုလို များပြားလာနေတာပါ။ အခုဆိုရင် ကလေးတွေ အပေါ် ခေါင်းပုံဖြတ်ခံရမှုတွေ နဲ့ လူကုန်ကူးခံရတဲ့ ကလေးတွေ အပါအ၀င် နယ်စပ်မှာ ကလေးငယ်တွေကို ကာကွယ် စောင့်ရှောက်နေတဲ့ အဖွဲ့တွေက ကယ်ဆယ်နိုင်တဲ့ အရေအတွက် ဟာ ၃နှစ်တွင်းမှာ မြန်မာကလေးငယ် (၇၀၀) ကျော် ရှိနေပြီလို့ ထိုင်းမြန်မာနယ်စပ် အခြေစိုက် ကလေးအခွင့်အရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေ စုစည်းထားတဲ့ ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကလေးကူးသန်းရောင်းဝယ်မူ ပပျောက်ရေးနေ့ မှာ ပြောဆိုလိုက်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ဟာ နယ်စပ်ကို အလုပ်အကိုင် ရှာဖွေသူတွေရဲ့ ဝင်ပေါက်ကြီးတခုဖြစ်ပြီး အလုပ်အကိုင် ရှာဖွေကြသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါဝင်သလို ကလေးအလုပ်သမားတွေ အများအပြားရှိတဲ့ ခရိုင်တခုလည်းဖြစ်ပါတယ်။ နယ်စပ်တလျှောက် မွေးကင်းစ ကလေးကစပြီး အသက်မပြည့်သေးတဲ့ကလေးတွေ ရောင်းစားခံရမူတွေ က လစဉ်လတိုင်းဖြစ်ပျက်နေတာပါ။ ကလေးသူငယ်တွေဟာ ပြည့်တန်ဆာ လုပ်ငန်းတွေနဲ့ တောင်းရမ်းစားသောက်တဲ့ လုပ်ငန်းတွေနဲ့ ကလေး အလုပ်သမားတွေ အဖြစ် ရောင်းစားခံနေရတာတွေ အပါအ၀င် ကလေးတွေခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမူတွေ စတဲ့ အမှုအခင်းတွေဟာ ၃နှစ်အတွင်းမှာ ကလေးပေါင်း ၇၀၀ ကျော် ရှိတယ်လို့ ကလေးအခွင့်ရေး ကာကွယ် စောင်ရှောက်ရေးကော်မတီ CPPCR ရဲ့ အထွေထွေအတွင်းရေးမှူး ကိုနိုင်မင်းက ဆိုပါတယ်။

" ကလေးကုန်ကူးခံရမှုက ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှုထဲမှာ ပါနေတယ်။ သုံးနှစ်အတွင်း ဒီနှစ် စက်တင်ဘာလအထိပေါ့နော်။ အမှု ၇၁၅ မှုရှိတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ပုံမှန်အားဖြင့် ကျနော်တို့ ပြန်ကြည့်ကြမယ်ဆိုရင် သူတို့အစိုးရဘက်ကရော၊ ကျနော်တို့ CPRS ရောပေါ့။ တိုင်တဲ့အမှုတွေ ပြန်ကြည့်မယ်ဆိုရင် ဒီနှစ်မှာ ပိုတက်လာတယ်ပေါ့နော်။ တချို့က သူတို့ကိုယ် သူတို့ လူကုန်ကူးခံရတယ်ဆိုတာ မသိကြဘူးဖြစ်နေကြတယ်။ အလိမ်ခံရတယ်။ အလိမ်ခံရတယ်ပဲ သုံးတယ်။ အဖွဲ့အစည်းတွေနဲ့တွေ့မှ လူကုန်ကူးခံရတယ်ဆိုတာ သိတယ်။"

ထိုင်းနိုင်ငံ မဲဆောက်နဲ့ဖုတ်ဖရ ဆိုတဲ့ မြို့နယ်တွေဘက်မှာတော့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို လူကုန်ကူးပြီး ပြည့်တန်ဆာ လုပ်ငန်းတွေရောင်းစားတဲ့ လူကုန်ကူးမှုတွေဖြစ်ပွားနေတာပါ ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးပတ်ထဲမှာ အသက် မပြည့်သေးတဲ့ မြန်မာ မိန်းကလေးတွေကို ပြည်တန်ဆာတွေအဖြစ် ရောင်းစားသူတွေကို ထိုင်းလူဝင်မူကြီးကြပ်ရေးရဲတွေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ဆောင်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲအစည်းတွေ ပူးပေါင်းပြီးဖမ်းဆီးရာမှာ အသက်မပြည့်သေးတဲ့ မြန်မာကလေးငယ်တွေကို ကယ်တင်နိုင်ခဲ့ပါတယ်။

မဲဆောက်မြို့က လူဝင်မူကြီးကြပ်ရေး အရာရှိကတော့ အလားတူ လူကုန်ကူးမှုတွေကို ၂၀၁၃ ခုနှစ်ထဲမှာ အမူပေါင်း ၇ မှု ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို လူကုန်ကူးမှုတွေ အဖြစ်များနေတဲ့ မဲဆောက်မြို့မှာတော့ နှစ်စဉ် ဒီဇင်ဘာလ ၁၂ရက်နေ့ ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးနေ့တိုင်း ရွှေ့ပြောင်း ကလေးစာသင်ကျောင်းတွေမှာ ပညာပေးမှု စီတန်းလမ်းလျောက်မူတွေ လုပ်ခဲ့တာပါ။

ဒီနှစ်မှာတော့ ကလေးကူသန်းရောင်းဝယ်မှု တားဆီးနှိမ်နင်းရေးအဖွဲ့တွေ စုစည်းထားတဲ့ ဘားမားအက် ဆိုတဲ့အဖွဲ့က ပညာပေးဟောပြောပွဲတွေ လုပ်နိုင်ခဲ့ပါတယ်၊ ဒီပွဲကိုမဲဆောက်မြို့က မြို့ပိုင်လည်း တက်ရောက်ပြီး စကားပြောဆိုခဲ့ပါတယ်။

ထိုင်းဘာသာစကားနဲ့ သူပြောသွားတာကတော့ ကလေး ကူးသန်းရောင်းဝယ်မူတွေ ထဲက ကလေး အလုပ်သမားတွေ အဖြစ်ရောင်းစားတာ ကလေးပြည့်တန်ဆာတွေ အဖြစ်ရောင်းစားတဲ့ ပုံသဏ္ဍာန် အမျိုးမျိုးရှိတဲ့အကြောင်းနဲ့ ဒီလိုကလေးတွေကို ရောင်းစားနေတာတွေကို ထိုင်းနိုင်ငံအစိုးရအနေနဲ့ ပြဿနာကို ကြိုးစားဖြေရှင်းနေတဲ့ အကြောင်းကို ပြောဆိုသွားတာပါ။

ထိုင်းနိုင်ငံတွင်းမှာတော့ စက်ရုံအလုပ်ရုံတွေနဲ့ စိုက်ပျိုးရေးခြံတွေထဲမှာ ကလေးအလုပ်သမား အများအပြားရှိပြီး နယ်စပ်မှာတော့ တောင်းရမ်း စားသောက်တဲ့ လုပ်ငန်းတွေထဲမှာ ရောင်းစားခံထားရတဲ့ ကလေးတွေ အများအပြားရှိနေတာပါ ။

ဒီဇင်ဘာလ ၁၂ ရက်နေ့ကို ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးနေ့ အဖြစ် ၂၀၀၀ခုနှစ်က စတင်သတ်မှတ်ခဲ့ပါတယ်။ အီတလီနိုင်ငံ ပါလာမိုမြို့မှာ လူကုန်ကူးမှု တိုက်ဖျက်ရေး အပါအ၀င် နိုင်ငံများပါဝင်တဲ့ ရာဇ၀တ်မှု တားဆီးရေး သဘောတူစာချုပ် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တဲ့ နေ့ကို အရှေ့တောင်အာရှနိုင်ငံတွေ က ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးနေ့အဖြစ် သတ်မှတ်ပြီး ကလေး ကူးသန်းရောင်းဝယ်မူကို ဆန့်ကျင် ကန့်ကွက်သူတွေ နှစ်စဉ် ကျင်းပခဲ့တာဖြစ်ပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာတော့ ၂၀၀၉ ခုနှစ်လောက်က စတင်ကျင်းပခဲ့ပြီး ဒီနှစ်မှာတော့ မဲဆောက်မြို့က ကလေးဖွံဖြိုးတိုးတက်မှု စင်တာ (စီဒီစီ) ကျောင်းမှာ ကလေးပေါင်း တစ်ထောင်ကျော်နဲ့အတူ ပညာ ပေးဆွေးနွေးပွဲနဲ့ ပြဇာတ်သရုပ်ဖော်ပွဲတွေကို လုပ်ဆောင်ခဲ့ပါတယ်။

မအေးအေးမာ (ဗွီအိုအေ)drmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0tag:blogger.com,1999:blog-2724145099748571414.post-87553086408197396692013-05-29T12:30:00.000+06:302013-05-29T12:30:04.787+06:30တာချီလိတ်တွင် လက်နက်နှင့် ပတ်သက်သော ပစ္စည်းကိရိယာများနှင့် စာအုပ်များတွေ့ရှိ

ရှမ်းပြည်နယ် တာချီလိတ်မြို့မြောက်ဘက် ငါးမိုင်ခန့်ရှိ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်း တာဝန်ကျ ဒုရဲ မှူး သန်းစိုး ဦးစီးအဖွဲ့သည် မေ၂၇ ရက် မွန်းလွဲ ၂ နာရီက တာချီလိတ်မှ ကွန်းဟိန်းသို့ ထွက်ခွာလာသည့် ယာဉ်မောင်း စိုင်းကျော်ဇံ(၂၂)နှစ် အမှတ် (၂) ရပ်ကွက် ကွန်းဟိန်းမြို့နေသူ မောင်းနှင်လာသော ရှမ်းေ အာင် လံ မော်တော် ယာဉ်လိုင်းမှ ၅က/………(ဗင်) ယာဉ်အား စစ်ဆေးရာ ယာဉ်၏ နောက်ခန်းမှ သေနတ် ပြောင်းပြု လုပ်၍ ရသည့် သံပိုက်ချောင်းများ နှင့် စစ်လက်နက် စာအုပ်များ တွေ့ရှိခဲ့ရသည်ဟု သတင်းစာ တွင် ဖော်ပြထားပါသည်။

ယခုရက်ပိုင်းအတွင် ရှမ်းပြည်နယ် အတွင်းသို့ တရားမ၀င် လက်နက်အမျိုးမျိုး ၀င်ရောက်နေမှုများ မြင့် တက်လျှက် ရှိပြီး ယခင်ရက်ပိုင်းအတွင်း၌ လည်း တပ်ရင်းအဆင့်ကို တိုက်ခိုက်နိုင်သည့် လောင်ချာ လက် နက်များ၊ လက်နက်ငယ် များလည်း ဖမ်းဆီးရရှိခဲ့သည်။

From: OPP

drmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0tag:blogger.com,1999:blog-2724145099748571414.post-42198168246282279782013-04-28T23:41:00.002+06:302013-04-28T23:41:40.500+06:30ဒီကေဘီအေ နဲ့နယ်ခြားစောင့်တပ် တိုက်ပွဲဖြစ်

နယ်ခြားစောင့်တပ်

ကရင်ပြည်နယ်၊ မြိုင်ကြီးငူရွာ အနားက၊ ဒီကေဘီအေ ဗိုလ်စောဘိအဖွဲ့ နဲ့ ဘီဂျီအက်ဖ် ကရင်နယ် ခြားစောင့် တပ်တွေ အပြင်း အထန် တိုက်ပွဲ ဖြစ်နေ ပါတယ်။ ဒီကေဘီအေ ဗိုလ်စောဘီ အဖွဲ့ ရှိတဲ့ နေရာ ကို ဒီဒေသမှာ အခြေ စိုက်တဲ့၊ ဘီဂျီအက်ဖ်၊ ကရင်နယ်ခြား စောင့်တပ် ဖြစ်တဲ့ ဗိုလ်မှူး စိုးနိုင်ရဲ့ တပ်ရင်း ၁၀၁၂ နဲ့အတူ တပ်ကူ သွားတဲ့ ဗိုလ်မှူး စောချစ်သူ ၊ ဗိုလ် မှူးလိုက်သိမ့်နဲ့ ဗိုလ်မှူး မောင်ဝင်းတို့ တပ် တွေက လက်နက်ကြီး၊ လက်နက် ငယ်တွေ နဲ့ ပစ်ခတ်ရင်း နဲ့တိုက်ပွဲ ဖြစ်နေတယ်လို့ ထိုင်းနယ်စပ် လုံခြုံ ရေး နဲ့ ကေအင်ယူ ဖက်က ပြောပါတယ်။

ဒီဒေသရဲ့ သံလွင်မြစ်ထဲ မှာ ဒီကေဘီအေ ဗိုလ်စောဘိ အဖွဲ့နဲ့ ဘီဂျီအက်ဖ် ဗိုလ်မှူး စိုးနိုင်တို့အဖွဲ့တွေ ဟာ သူ့နယ်၊ ကိုယ့်နယ် ဆိုပြီး လုရင်းနဲ့ ပြီးခဲ့တဲ့ သောကြာနေ့ တုံးက နှစ်ဖက်ကြားမှာ ပစ်ခတ်ရင်း ဘီဂျီ အက်ဖ်ဖက်က တယောက် သေသွားရာ ကနေ ပြဿနာ စခဲ့တာလို့ ကေအင်ယူ ဘားအံ ခရိုင် ဥက္ကဌ စောအောင်မော်အေး က ဘီဘီစီ ကို ပြောပါတယ်။

ပြဿနာ ဖြစ်တဲ့ ဒေသခံ ဘီဂျီအက်ဖ် ကရင်နယ်ခြားစောင့်တပ် နဲ့ တပ်ကူတွဟော မနေ့က ည ၉ နာရီ လောက် က စပြီး တိုက်တာ၊ ဒီနေ့မနက် ၆ နာရီလောက်အထိ တိုက်လိုက် နားလိုက် နဲ့တညလုံး တိုက်ပွဲ ဖြစ်ခဲ့ တယ်လို့ ဒေသ ခံတွေ က ပြောပါတယ်။

အသေ အပျောက်တွေ ကို ဒီကေဘီအေ ဖက်ရော ၊ဘီဂျီအက်ဖ် ကရင် နယ်ခြားစောင့်တပ်တွေ ဖက်ကိုပါ ဆက်သွယ် လို့ မရလို့ ၊ အတိ အကျ မသိရ သေးပေမဲ့၊ ထိုင်း နယ်စပ် လုံခြုံရေး သတင်း ရပ်ကွက်က နှစ်ဖက် စလုံးမှာ အယောက် ၅၀ ထက်မနည်း ဒဏ်ရာ ရတယ်လို့ ဆိုပါတယ်။

အခု တိုက်ပွဲ ဖြစ်နေတဲ့ နှစ်ဖက် စလုံးဟာ အရင်တုံးက ဒီကေဘီအေ တဖွဲ့ထဲက သူတွေ ဖြစ်ပါတယ်။၂၀၀၈ ခုနှစ် သြဂုတ်လ မှာ အစိုးရ က ဘီဂျီအက်ဖ် ကရင် နယ်ခြား စောင့်တပ် အဖြစ် အသွင် ပြောင်းပေး တုံးက ဒီကေ ဘီအေ အဖွဲ့ဝင် အတော် များများ က ဘီဂျီအက်ဖ် ကရင် နယ်ခြား စောင့်တပ် အသွင် ပြောင်း သွားကြ ပါ တယ်။ အခုမြိုင်ကြီးငူ ဒေသ အခြေစိုက် ဗိုလ်စော ဘိ ကိုယ်တိုင် ကလည်း ကရင် နယ်ခြားစောင့် အသွင် ပြောင်း သွားခဲ့ ပြီးနောက် ပိုင်း မှာ သူ့ နောက်လိုက်တွေ နဲ့အတူ ဒီကေ ဘီအေ အဖြစ် ပြန်ရပ်တည် ခဲ့တာပါ။

အဲဒီ နောက်ပိုင်းမှာ၊ ဒီဒေသက ဗိုလ်မှူး စိုးနိုင် ဦးဆောင်တဲ့ ဘီဂျီအက်ဖ် ကရင် နယ်ခြားစောင့်တပ်၊ တပ်ရင်း ၁၀၁၂ နဲ့ ဗိုလ်စောဘိ ရဲ့ ဒီကေဘီအေ အဖွဲ့ တွေက ဒေသ တွင်း က အကျိုး စီးပွား နဲ့ ပတ်သက် ပြီး မကြာခဏ ပစ်ခတ် တိုက်ခိုက် တာတွေ ဖြစ်ခဲ့ ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုံးက နှစ်ဖက်ကြား ပစ်ခတ် တိုက်ခိုက် ရာက ဘီဂျီအက်ဖ် ကရင် နယ်ခြား စောင့်တပ်တွေ ရဲ့ လက်နက် အတော် များများ ကို ဒီကေဘီအေ က သိမ်းယူ သွားတာ ကို နောက်ပိုင်း ဒီကေဘီအေ ဗိုလ်ချုပ် နှုတ်ခမ်းမွှေးက တဆင့် သမတရုံး ၀န်ကြီးဦးအောင်မင်း တို့ကို ပြန်ပေး ခဲ့ပါတယ်။

ပြီးခဲ့တဲ့ လတုံးကတော့ ၊ ကရင် အဖွဲ့တွေ ကြားမှာ ပစ်ခတ် တိုက်ခိုက်မှု တွေ ရပ်ပြီး စည်းလုံး ညီညွတ်ကြဖို့ ဘားအံ မြို့မှာ ကရင် အဖွဲ့ အစည်း တွေနဲ့ လက်နက်ကိုင် ငြိမ်း အဖွဲ့တွေပါ ဆွေးနွေး ခဲ့ကြပါတယ်။

From: BBC

drmyochithttp://www.blogger.com/profile/15876646390458534964noreply@blogger.com0