Pages

Pages

Friday, March 13, 2015

ကင်ဆာရောဂါ ရှာဖွေဖော်ထုတ်နိုင်တဲ့ ခွေး

Frankie လို့ အမည်ပေးထားတဲ့ ခွေးတစ်ကောင်ဟာ ရောဂါအမျိုးအမည်ကို ရှာဖွေမဖော်ထုတ်ရသေးတဲ့ လူမှာရှိတဲ့ သိုင်းရွိုက်အကျိတ်ကင်ဆာရောဂါကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ယင်းဂျာမန်ခွေးကို ကျင်ငယ်ရည်နမူနာနဲ့ သိုင်းရွိုက်ရောဂါ အနံ့ခံတတ်အောင် လေ့ကျင့်ပေးထားပြီး ဘာရောဂါမှ မရှိပါက လှည့်ထွက်သွားစေခဲ့ပါတယ်။

Arkansas တက္ကသိုလ်မှာ လူနာ ၃၄ ဦးစမ်းသပ်ရာမှာ အမှားအယွင်းနှစ်ခုသာရှိပြီး ၈၈% ကို တိကျမှန်ကန်အောင် လေ့ကျင့် သင်ကြားပေးနိုင်ခဲ့ပါတယ်။ တခြားဟာတွေနဲ့ နှိုင်းယှဉ်ရင် သိုင်းရွိုက်အကျိတ်ကင်ဆာက ရှားပါတယ်။ အခုဆိုရင် ရောဂါစစ်ဆေးရတာ ခက်ခဲပြီး သွေးနာမူနာနဲ့ ဟော်မုန်း ဓာတ်ပမာဏ စစ်ဆေးမှု လိုအပ်လေ့ရှိပါတယ်။

လူတွေထက် ၁၀ဆ အနံ့ခံပိုကောင်တဲ့ ခွေးတွေကို သိုင်းရွိုက်အကျိတ်ကင်ဆာနဲ့ အခြားရောဂါ အမျိုးအစားများကို ကုန်ကျစရိတ်သက်စေပြီး မလိုအပ်တဲ့ ခွဲစိတ်ကုသမှုတွေ ရှောင်ရှားကာ စမ်းသပ်ဖော်ထုတ်ဖို့ အသုံးပြုနိုင်မယ်လို့ သုတေတီတွေက မျှော်လင့်လျက်ရှိပါတယ်။


Ref: Metro
Trend Myanmar

No comments:

Post a Comment