Thursday, July 05, 2012

တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးခဲ့ခြင်း

Posted by Anonymous Thursday, July 05, 2012, under | No comments


တရုတ် နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီနှင့် ဇူလိုင်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာပေါင်တိုဗီ ချက်ချိုင်ကူတို့သည် ဇူလိုင်လ ၄ ရက်နေ့က ပေကျင်းမြို့တွင် တွေ့ဆုံ၍ နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။ အိမ်နီးချင်းကောင်း နှစ်နိုင်ငံအကြား ကဏ္ဍစုံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှုများနှင့် အမြင်ချင်း ဖလှယ်မှုများသည် အဆင်ပြေ ချောမွေ့စွာ တိုးတက်လာလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား ပိုမိုနက်ရှိုင်းစွာ တိုးချဲ့သွားလိုကြောင်း၊ ထိုင်းနိုင်ငံသည် တရုတ် နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားဆက်ဆံရေးနှင့် အရှေ့အာရှဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်ရေးတို့တွင် အရေးပါသည့်အခန်းကဏ္ဍ၌ ပါဝင်လျက်ရှိကြောင်းယန်ကျိချီကပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးကို လွန်စွာ အလေးထားပါကြောင်းနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်သွားလိုပါကြောင်း ဆူရာပေါင်ကပြန်လည်ပြောကြားခဲ့ သည်ဟုသိရှိရပါသည်။

နေပြည်တော် ဇူလိုင် ၅ ကြေငြာချက်

Posted by drmyochit Thursday, July 05, 2012, under | No comments



၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွှေးကောက်ပွှဲတွှင် ပုလဲ၊ မော်လမြိုင်၊ မြန်အောင်၊ မကွှေး ၊ တောင်တွှင်းကြီး၊ ကော့မှူး၊ မင်⍀ဂလာတောင်ညွှန့်၊ မရမ်းကုန်း၊ ဒဂုံ(ဆိပ်ကမ်း)နှင့် ကလော (အောင်ပန်း) မြို့နယ်တို့၌ ဆန⍀ဒမဲ လက်မှတ်များကို ရေးခြစ်၍ မရအောင် ဖယောင်း သုတ်ထားသည့် ဆန ⍀ဒမဲ လက်မှတ်များကို မဲရုံမှူးများက မဲလာပေးသူ တို့အား ပေးအပ်နေကြောင်း၊ မဲလက်မှတ် လဲ လှယ်ပေးရန် တောင်းဆို သော်လည်း မရကြောင်း၊ ဆန⍀ဒမဲ လက်မှတ်ကို ဖယောင်း သုတ်ခြင်းသည် မဲလက်မှတ်ကို ဖျက်ဆီးခြင်း ဖြစ်၍ အမြန်ဆုံး အရေးယူ ပေးပါရန်နှင့် ဆန⍀ဒမဲပြားတွှင် ဖယောင်းသုတ်ခြင်း ကိစ⍀စရပ်မှာ တစ်ပြည်လုံး အတိုင်းအတာနှင့် ဖြစ်ပေါ်လျက် ရှိနေကြောင်း ဖော်ပြလျက် အမျိုး သားဒီမိုကရေစီ အဖွှဲ့ချုပ်ပါတီ၊ ဗဟိုအောင်နိုင်ရေး အဖွှဲ့၊ အတွှင်းရေးမှူးက ၁-၄-၂၀၁၂ ရက်နေ့ တွှင် ပြည်ထောင်စု ရွှေးကောက်ပွှဲ ကော်မရှင်သို့ စာရေးသား ပေးပို့လာပါသည်။
ပြည်ထောင်စု ရွှေးကောက်ပွှဲ ကော်မရှင်က ယင်းကိစ⍀စအား မဲဆန⍀ဒ နယ်မြေအလိုက် စုံစမ်း စစ်ေ ဆးရေး အဖွှဲ့များဖြင့် စစ်ဆေးဖော်ထုတ်နေစဉ် အတွှင်းမှာပင် NLD ဗဟိုအောင်နိုင်ရေး အတွှင်းရေးမှူးက ၂-၄-၂၀၁၂ ရက်နေ့တွှင် ဗွှီ၊အို၊အေ (မြန်မာပိုင်း) သတင်းဌာနနှင့်တွှေ့ဆုံ I尽t㌲r極㜶㌲w ၍ ဆန⍀ဒမဲ လက်မှတ်ကို ဖယောင်းသုတ်ခြင်းဟာ ဆန⍀ဒမဲလက်မှတ်ကို ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ တရားမျှတတဲ့ ရွှေးကောက်ပွှဲကို ထိခိုက်စေကြောင်း ထုတ်ဖော်ပြောဆိုခြင်း၊ သတင်းစာရှင်းလင်းပွှဲ ပြုလုပ်၍ ထုတ်ေ ဖ်ာပြောဆိုခြင်း ပြုသဖြင့် ဂျာနယ်/စာစောင်များတွှင် ဖော်ပြပါရှိခဲ့ကြောင်း တွှေ့ရပါသည်။
ပြည်ထောင်စု ရွှေးကောက်ပွှဲ ကော်မရှင်သည် အမျိုးသားဒီမိုကရေစီ အဖွှဲ့ချုပ်၏ တင်ပြချက်အရ ဆန⍀ဒမဲ လက်မှတ် ဖယောင်းသုတ်မှု ဖြစ်ပွှားသည် ဆိုသည့် မြို့နယ်(၁၀)မြို့နယ်လုံးသို့ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ကော်မရှင် အဖွှဲ့ခွှဲများနှင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီ(၂) ပါတီမှ မြို့နယ်အဆင့် ဥက⍀ကဋ⍀ဌ/ အတွှင်းရေးမှူး တို့ပါဝင်သော စုံစမ်းစစ်ဆေးရေး အဖွှဲ့များ ဖွှဲ့စည်းကာ အဖြစ်မှန်ကို ထုတ်ေ ဖ်ာစစ်ဆေး စေခြင်း၊ မဲရုံအသီးသီးရှိ မဲပေးပြီးသည့် ဆန⍀ဒမဲလက်မှတ်များကိုပါ ဖွှင့်ဖောက် စစ်ဆေး ပြသစေခြင်းများ ဆောင်ရွှက်ခဲ့ပါသည်။
စုံစမ်းစစ်ဆေးရေး အဖွှဲ့များ၏ စစ်ဆေးတွှေ့ရှိချက်များအရ ''တိုင်ကြားခံရသည့် မြို့နယ် (၁၀)မြို့နယ် လုံးတွှင် ဆန⍀ဒမဲလက်မှတ်များကို ဖယောင်းသုတ်မှု ဖြစ်စဉ် လုံးဝ ဖြစ်ပွှားခဲ့ခြင်း မရှိကြောင်း၊ ယင်းသို့ဖြစ်စဉ် ရှိသည်ဟု တရားဝင် တိုင်ကြားသူလည်း မရှိကြောင်း၊ သတင်း အခြေအမြစ် မရှိသည့် တစ်ဆင့်ကြား စကား၊ ထင်မြင်ချက်စကားများဖြင့် ကော်မရှင်သို့ တိုင်ကြားခြင်း ဖြစ်ပါကြောင်း၊ ၁-၄-၂၀၁၂ ရက်နေ့ ကြားဖြတ် ရွှေးကောက်ပွှဲသည် အမျိုးသားရေးကိစ⍀စဖြစ်ပြီး မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုကို ကမ ⍀ဘာနှင့်အ၀န်းစောင့်ကြည့်နေသည့်ကာလအတွှင်း ယခုကဲ့သို့ မမှန်မကန် စွှပ်စွှဲပြောဆိုမှုမျာြးေ ကာင့် မြန် မာနိုင်ငံ၏ ရွှေးကောက်ပွှဲ ဂုဏ္ဍ်သိက⍀ခာ ကျဆင်းစေနိုင်သဖြင့် မမှန်မကန် တိုင်ကြားသူအား ဥပဒေ အရအရေး ယူသင့်ကြောင်း'' စုံစမ်းစစ်ဆေးရေး အဖွှဲ့များနှင့် နိုင်ငံရေးပါတီ အချို့တို့က သုံးသပ်တင်ပြမှုများ ရှိလာခဲ့ပါသည်။
ထို့ကြောင့် ၁-၄-၂၀၁၂ ရက်နေ့တွှင် ကျင်းပပြုလုပ်သည့် ကြားဖြတ် ရွှေးကောက်ပွှဲတွှင် အမျိုးသား ဒီမိုကရေစီ အဖွှဲ့ချုပ်ပါတီ၊ ဗဟိုအောင်နိုင်ရေး အဖွှဲ့ အတွှင်းရေးမှူးက တင်ပြတိုင်ကြားသည့် မြို့နယ် (၁၀)မြို့နယ်၌ ဆန⍀ဒမဲ လက်မှတ်များတွှင် ဖယောင်း သုတ်ထားသည် ဆိုသည့် ဖြစ်စဉ်မှာ မှန်ကန်မှု မရှိပါကြောင်းနှင့် ယင်းသို့ သတင်းအခြေအမြစ် မှန်ကန်မှုမရှိသည့် တစ်ဆင့်ကြား စကားမျာြး ဖင့် ပြည် သူများကို ထင်ယောင်ထင်မှားဖြစ်စေအောင် ထုတ်ဖော်ရေးသား၊ ပြောဆိုခြင်းမပြုရေးအတွှက် သက်ဆိုင်ရာ ပါတီ အတွှင်းရေးမှူးအား ပြည်ထောင်စုရွှေးကောက်ပွှဲကော်မရှင်က လိုအပ်ပါက အရေးယူ နိုင်ရန် ဥပဒေနှင့်အညီ ခေါ်ယူရှင်းလင်း အသိပေး ပြောကြားခဲ့ပြီး ပြည်ထောင်စု ရွှေးကောက် ပွှဲ ကော် မရှင် က မေလ ၈ ရက် နေ့တွှင် သတင်းထုတ်ပြန်ခဲ့ပါသည်။
ပြည်ထောင်စု ရွှေးကောက်ပွှဲ ကော်မရှင်သည် ယင်းသို့တွှေ့ဆုံ ဆွှေးနွှေးရာတွှင် ပြည်သူများ အဖြစ်မှန် အတိုင်း ပြန်လည်သိရှိနိုင်ရေးအတွှက် အောက်ပါအတိုင်း ဆောင်ရွှက်ပေးရန် ဩးဉာဏ္ဍ်ဝင်းသို့ ပြောဆို ညွှန်ကြားခဲ့ပါသည်-
(က) NLD က တင်ပြခဲ့သည့် ဆန⍀ဒမဲလက်မှတ်များကို ဖယောင်း သုတ်ထားခြင်းမှာ မှန်ကန်မှုမရှိကြောင်း သတင်းစာ ရှင်းလင်းပွှဲ ပြန်လည်ပြုလုပ်ပေးသွှားရန်နှင့် ဂျာနယ်များတွှင် ထည့်သွှင်းဖော်ပြပေးရန်၊
(ခ) NLD က မဲလက်မှတ်များကို ဖယောင်းသုတ် ထားသည်ဟု ကြားသိရသည့် သတင်းအပေါ် စိစစ်မှု မရှိဘဲ၊ ဖြစ်နိုင် မဖြစ်နိုင် ဝေဖန်ဆန်းစစ်မှုမရှိဘဲ အရေးယူပေးရန် ကော်မရှင်သို့ တင်ပြ ခဲ့ခြင်း အပေါ် တောင်းပန်၍ တင်ပြစာကိုပြန်လည်ရုပ်သိမ်းပေးရန်။
အဆိုပါ တွှေ့ဆုံဆွှေးနွှေးပွှဲ မှတ်တမ်းကို အမျိုးသားဒီမိုကရေစီ အဖွှဲ့ချုပ်ပါတီ NLD သို့ ပြည်ထောင်စု ရွှေးေ ကာက် ပွှဲကော်မရှင်က တရားဝင်စာဖြင့် ပေးပို့ခဲ့ပြီး၊ အထက်အပိုဒ်ပါ အချက်(၂)ချက် ကို ဆောင် ရွှက် ပေးရန်နှင့် ဆောင်ရွှက်ပြီးစီးမှုကို ၂၂-၅-၂၀၁၂ ရက်နေ့ နောက်ဆုံးထား၍ ပြန်လည် တင်ပြပေးရန် အကြောင်းကြားခဲ့ပါသည်။
သို့ရာတွှင် အမျိုးသားဒီမိုကရေစီအဖွှဲ့ချုပ်ပါတီ NLD က ၂၁-၅-၂၀၁၂ရက်စွှဲပါ စာအမှတ်၊ ဗအန/ ကမရ/ ၀၄၃စာဖြင့် အဖွှဲ့ချုပ်၏ လုပ်ဆောင်မှုသည် လွှတ်လပ်ပြီး တရားမျှတသော ရွှေးကောက်ပွှဲ ပေါ်ပေါက်ရေး အတွှက် ဩးတည် လုပ်ဆောင်မှုသာ ဖြစ်ကြောင်း၊ အဖွှဲ့ချုပ်၏ လုပ်ဆောင်မှုသည် မှားယွှင်းသော လုပ်ဆောင်မှု မဟုတ်သည့်အတွှက် ကော်မရှင်၏ ညွှန်ကြားစာပါ အချက်(၂)ချက်ကို ဆောင်ရွှက်ပေး နိုင်မည် မဟုတ်ကြောင်း ကော်မရှင်သို့ အကြောင်းပြန်ကြားခဲ့ပါသည်။
ထို့ကြောင့် ပြည်ထောင်စု ရွှေးကောက်ပွှဲ ကော်မရှင်က ပြည်ထောင်စု ရွှေးကောက်ပွှဲကော်မရှင် ဥပဒေပုဒ်မ ၁၀(ဌ)ပါ တာဝန်နှင့် လုပ်ပိုင်ခွှင့်အရ မမှန်သတင်း ထုတ်ပြန်တင်ပြသူ ဩးဉာဏ္ဍ်ဝင်း (NLD ပါတီ)အား ဥပဒေနှင့်အညီ အမှုဖွှင့် တရားစွှဲဆိုရခြင်းဖြစ်ကြောင်း ပြည်သူအများ သိရှိနိုင်ပါရန် သတင်း ထုတ်ပြန် အပ်ပါသည်။
                                                                              ပြည်ထောင်စုရွှေးကောက်ပွှဲကော်မရှင်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ဒဲရစ်မစ်ချယ်အား ခန့်အပ်

Posted by drmyochit Thursday, July 05, 2012, under | No comments

အမေရိကန် ပြည်ထောင်စု၏  မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ်နှင့် မူဝါဒရေးရ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်  ကို မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် အမေရိကန် အထက်လွှတ်တော်က အတည်ပြုခန့်အပ်လိုက်သည်။

၎င်းသည် ၂၂ နှစ်တာ ကာ လအတွင်းမြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိသူဖြစ်သည်။ ၄င်းအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအ မတ်ကြီးအဖြစ် ခန့်ထားရန်  အမေရိကန်     သမ္မတ  ဘားရက်အိုဘားမားက အမည် စာရင်း တင်သွင်း ခဲ့ခြင်းဖြစ်ပြီး အမေ ရိကန် အထက် လွှတ်တော်ကအတည်ပြု ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများ၏ အရည်အချင်းများ

Posted by drmyochit Thursday, July 05, 2012, under | No comments



၅-၇-၂၀၁၂ ( နံနက်ပိုင်း )

Posted by Anonymous Thursday, July 05, 2012, under | No comments

-        နေပြည်တော်တဝိုက်က ဘုန်းကြီးကျောင်းတွေ ဖျက်မိန့်ပေးထား ဖတ်ရန်
-        ဇူလိုင်လ ၇ ရက် အခမ်းအနား ခွင့်ပြုမှာမဟုတ် ဖတ်ရန်
-        ရခိုင်ပြည်နယ် သတင်းတင်ပြမှု ဆိုင်ရာ အစီရင်ခံစာ ဖတ်ရန် 
-        ဒုတိယသမ္မတ ဘယ်သူဖြစ်လာမလဲ ဖတ်ရန်
-        လွှတ်တော်စပြီ ဖတ်ရန်
-        ဒုသမ္မတ ဦးတင်အောင် မြင့်ဦး နုတ်ထွက် ဖတ်ရန်
-        မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းရန် နိုင်ငံတကာလေကြောင်းလိုင်း ခုနစ်ခု ကမ်းလှမ်း ဖတ်ရန်
-        ဦးတင်အောင်မြင့်ဦးနေရာ ဒု-သမ္မတသစ်တဦး အစားထိုးမည် ဖတ်ရန် 
-        ပြည်ပရင်းနှီးမြှုပ်နှံလိုသူများအား ၁၀ နှစ်သက်တမ်း ထပ်မံတိုးမြှင့် ဖတ်ရန်
-        အစိုးရထဲ အမျိုးသမီးတွေပါဖို့ ဥပဒေပြုဖို့လိုသလား ဖတ်ရန်
-        မြေကြီးက ရယ်သောသူ ဖတ်ရန် 
-        လုပ်ငန်း ပြန်လည်လုပ်ကိုင်ခွင့်ပြုဖို့ ရွှေလုပ်သားများ အသနားခံစာတင် ဖတ်ရန်
-        ဒုသမ္မတလောင်း အဖြစ် ဦးတင်အေးနှင့် ဦးဌေးဦးတို့ တစ်ပြေး ဖတ်ရန်
-        အင်္ဂလန်မှ အတိုက်အခံ များရဲ့ အရှုတ်တော်ပုံများကို ဆက်လက်ဖွင့်ချမည် ဖတ်ရန်
-        ကယန်းလူငယ်နိုင်ငံရေး အကျဉ်းသား လွှတ်မြောက် ဖတ်ရန်
-        နိုင်ငံခြား အန်ဂျီအိုများ အကူအညီ ဒေသခံ တိုင်းရင်းသားများ ငြင်းပယ်  ဖတ်ရန်
-        ယူအန် အပါအ၀င် နိုင်ငံခြား အန်ဂျီအိုများ ရခိုင် တိုင်းရင်းသားများ အလိုမရှိ ဖတ်ရန်
-        လွှတ်တော်ကိုယ်စားလှယ်တွေ တက်တက်ကြွကြွပါဝင်ဆွေးနွေး  ဖတ်ရန်
-        Apple ထုတ်ကုန်များ ပြည်တွင်း၌ တရားဝင် ဖြန့်မည် ဖတ်ရန်
-        တပ်ဖွဲ့တွေ နောက်ဆုတ်ပေးဖို့ SSA က သဘောတူ ဖတ်ရန်
-        တပ်မတော်သား ကိုယ်စားလှယ်များ ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထား၍ ဒုသမ္မတ တစ်ဦး တင်မြှောက်ရမည် ဖတ်ရန်
-        ဇူလိုင်လ ၅ ရက်နေ့ ထုတ် 7Days News ဂျာနယ် ဖတ်ရန်
-        ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ  ဖတ်ရန်
-        လူထုအခြေပြုအဖွဲ့အစည်းတွင် လူထုများ ပါဝင်ရန်လိုအပ်ဟု KCSN ပြော ဖတ်ရန်




KIA နှင့် အစိုးရ ဒု စစ်ဦးစီးချုပ်များ တွေ့မည်

Posted by drmyochit Thursday, July 05, 2012, under | No comments


ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် အစိုးရ ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဦးဆောင်သော နှစ်ဘက် ကိုယ်စားလှယ် များသည် တင်းမာနေသော စစ်ရေးကိစ္စများ ပြေလည်ရေး အတွက် ပထမဆုံး အကြိမ်   တွေ့ဆုံ   ဆွေးနွေး ရန် စီစဉ်ထားကြောင်း  သိရသည်။

တပ်ဖွဲ့တွေ နောက်ဆုတ်ပေးဖို့ SSA သဘေားတူ

Posted by drmyochit Thursday, July 05, 2012, under | No comments


ဆန်စပါး အထူးပြုကုမ္ပဏီများ ပြိုလဲနိုင်

Posted by drmyochit Thursday, July 05, 2012, under | No comments


ယခုနှစ် ရာသီဥတုနှင့်ဈေးကွက် မတည်ငြိမ်မှုတို့ကြောင့် ဆန်စပါးအထူးပြု ကုမ္ပဏီကြီးများမှာ ပြိုလဲတော့မည့် အနေအထားကို   မြင်တွေ့နေ ရကြောင်း   မြန်မာနိုင်ငံ    ဆန်စပါး လုပ်ငန်းရှင်  များအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင် က   ပြောသည်။

အမေရိကန်နိုင်ငံသည် ပါရှန်ပင်လယ်ကွေ့သို့ စစ်သင်္ဘောများနှင့်တိုက်လေယာဉ်များ ထပ်မံစေလွှတ်လျက်ရှိခြင်း

Posted by Anonymous Thursday, July 05, 2012, under | No comments

          အမေရိကန်နိုင်ငံသည် ဟော်မုဇ် ရေလက်ကြားအား ဆက်ဖွင့်ထားနိုင်ရန်နှင့် အီရန်နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ တင်းမာမြှုမင့်တက်ခဲ့ပါက အီရန်နိုင်ငံ၏ အတွင်းပိုင်းအထိ နက်ရှိုင်းစွာ ထိုးဖောက် တိုက်ခိုက်နိုင်ရန် တို့အတွက် စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များကို ပိုမိုစေလွှတ် တပ်ဖြန့်ထားခဲ့ကြောင်း အမေရိကန် ထိပ်တန်းအရာရှိများအား ကိုးကား၍ နယူးယောက်တိုင်း သတင်းစာတွင် ဇူလိုင်လ ၃ ရက်နေ့က ဖော်ပြခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် မဟာဗျူဟာမြောက်ဟော်မုဇ်ရေလက်ကြားကို မည်သည့်နည်းနှင့် မဆို ဆက်ဖွင့်ထားနိုင်ရန် ဆုံးဖြတ်ထားကြောင်း အမေရိကန် အဆင့်မြင့်တာဝန်ရှိသူများကပြောကြားခဲ့ကြောင်း၊ အမေရိကန်နိုင်ငံသည် လွန်ခဲ့သော နွေဦးရာသီ နှောင်းပိုင်းမှစ၍ ပါရှန် ပင်လယ်ကွေ့ အတွင်းရှိ အခြေစိုက်စခန်း ၂ ခုသို့ F-22 နှင့် F-15  ဂျက်တိုက်လေယာဉ်များ ထပ်မံစေလွှတ်တပ်ဖြန့်ခဲ့ကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြထားပါသည်။ အီရန်နိုင်ငံက ၎င်း၏နျူကလီးယား စက်ရုံများ အပေါ်တိုက်ခိုက် လာခဲ့ပါက ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့မည်ဟုခြိမ်းခြောက်ပြောကြားထားပါသည်။ အမေရိကန် နိုင်ငံအနေဖြင့်လည်း ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီအဖွဲ့ဝင် ၆ နိုင်ငံဖြစ်သော ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ ဘာရိန်း၊ ကာတာ၊ ယူအေအီး၊ အိုမန်နိုင်ငံတို့နှင့် စစ်ရေးဆိုင်ရာ ဆက်ဆံမှုများ တိုးချဲ့လုပ်ဆောင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါသည်။

ပါကစ္စတန်နိုင်ငံက NATO တပ်ဖွဲ့၏ ထောက်ပံ့ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်ဟုဆို

Posted by Anonymous Thursday, July 05, 2012, under | No comments


          အမေရိကန်နှင့် ပါကစ္စတန နိုင်ငံခြားရေး ဝန်ကြီးများသည် ဇူလိုင်လ ၃ ရက်နေ့က တယ်လီဖုန်းဖြင့် ဆက်သွယ် ညှိနှိုင်းခဲ့ပြီးနောက် ပါကစ္စတန် နိုင်ငံအနေဖြင့် NATO တပ်ဖွဲ့မြေပြင်ထောက်ပံ့ရေး လမ်းကြောင်းအားပြန်လည်ဖွင့်လှစ်ပေးရန် သဘောတူခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။ အမေရိကန် နိုင်ငံအနေဖြင့် NATO တပ်ဖွဲ့၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပါကစ္စတန်စစ်သည် ၂၄ ဦး သေဆုံးခဲ့ရမှုအတွက် စိတ်မကောင်းဖြစ်မိကြောင်း၊ ထိုကဲ့သို့ ဖြစ်စဉ်များ ထပ်မံပေါ်ပေါက်ခြင်း မရှိစေရေးအတွက် ပါကစ္စတန်၊ အာဖဂန်နစ္စတန် နိုင်ငံတို့နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက် သွားရန်ကတိပြုကြောင်း ဟီလာရီကလင်တန်က ပြောကြားခဲ့ပါသည်။ ဟီလာရီကလင်တန် သည် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Khar နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး၊ အာဖဂန်နစ္စတန်နိုင်ငံ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် အထောက်အကူပေးရေး၊ ပြန်လည်ပေါင်းစည်းရေး အတွက်ကြိုးပမ်းရေး အပါအဝင် အမေရိကန်နှင့် ပါကစ္စတန်နိုင်ငံအကြား အကျိုးစီးပွား ဖလှယ်ရေး ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ပါကစ္စတန်နှင့် တောင်ဆူဒန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခြင်း

Posted by Anonymous Thursday, July 05, 2012, under | No comments


          ပါကစ္စတန်နိုင်ငံသို့ အလည်အပတ် ခရီးရောက်ရှိနေသော တောင်ဆူဒန် နိုင်ငံခြားရေးဝန်ကြီး နီယယ်ဒန်နီယယ်သည် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဟီနာရတ်ဘာနီခါနှင့် ဇူလိုင်လ ၃ ရက်နေ့က အစ္စလာမ် မာဘတ်မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ခိုင်မာအောင် လုပ်ဆောင် သွားမည်ဟု ကတိပြုခဲ့ပါသည်။ ဒန်နီယယ်၏ ခရီးစဉ်သည် တောင်ဆူဒန်နိုင်ငံ ၂ဝ၁၁ ခုနှစ် ဇူလိုင်လတွင် သီးခြား လွတ်လပ်သော နိုင်ငံဖြစ်လာချိန်မှစ၍ ပါကစ္စတန်နိုင်ငံသို့ပထမဆုံးအကြိမ် လာရောက်သည့်ခရီးစဉ်ဖြစ်ပါသည်။တောင်ဆူဒန်နိုင်ငံနှင့်ဆူဒန်နိုင်ငံတို့သည် နှစ်နိုင်ငံကြားဖြစ်ပေါ်နေသောပြဿနာရပ်များအား အာဖရိကသမဂ္ဂ အဆင့်မြင့် အကောင်အထည်ဖော်ရေး အဖွဲ့ (AUHIP) နှင့် ၂ဝဝ၅ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်၏ မူဘောင်အတွင်းမှဖြေရှင်းဆောင်ရွက် နိုင်မည်ဟုမျှော်လင့်ကြောင်း ရတ်ဘာနီခါကပြောကြားခဲ့ပါသည်။ ပါကစ္စတန်နိုင်ငံ အနေဖြင့် တောင်ဆူဒန်နိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေးနှင့် သံတမန်ရေးဆိုင်ရာ ကိစ္စရပ်များတွင် လေ့ကျင့်ပေးရန် ကမ်းလှမ်းခဲ့ပါသည်။

ဗီယက်နမ်နှင့် ဥရောပအကြား လွတ်လပ်သောကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်နှင့်ပတ်သက်၍ ဆွေးနွေးခြင်း

Posted by Anonymous Thursday, July 05, 2012, under | No comments

ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီး ဗူဟိုင်းဟောင်နှင့် ဗီယက်နမ်နိုင်ငံဆိုင်ရာနော်ဝေသံအမတ်ကြီး စတေး တော်စတိန်းရီဆာ တို့သည် ဇူလိုင်လ ၃ ရက်နေ့က ဟနွိုင်းမြို့၌ တွေ့ဆုံ၍ ဗီယက်နမ်နိုင်ငံနှင့် ဥရောပ လွတ်လပ်သော ကုန်သွယ်ရေးအဖွဲ့ (EFTA) တို့အကြား လွတ်လပ်သော ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် (FTA) နှင့်ပတ်သက်သည့် ကိစ္စရပ်များဆွေးနွေးခဲ့ပါသည်။  ဗီယက်နမ်နိုင်ငံအား ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးသည့် နိုင်ငံအဖြစ် EFTA ကအသိအမှတ်ပြုသည့် နားလည်မှု စာချွန်လွှာ တစ်ရပ်ကိုလည်း လက်မှတ် ရေးထိုးခဲ့ပါသည်။ အဆိုပါနားလည်မှု စာချွန်လွှာသည် ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများမြှင့်တင်ရေးအတွက်  အခြေခံအုတ်မြစ် တစ်ရပ်ဖြစ်ကြောင်း၊ ထို့အပြင် ကုန်သွယ်ရေး၊ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် အခြားသော အပြန်အလှန် အကျိုးစီးပွားဆိုင်ရာ ကဏ္ဍရပ်များတွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏မူဘောင်နှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွား နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ EFTA တွင် နော်ဝေ၊ ဆွစ်ဇာလန်၊ အိုက်စလန်နှင့် လီချန်စတိန်း နိုင်ငံတို့ပါဝင်ကြောင်း သိရှိရပါသည်။

တရုတ်နှင့် အင်ဒိုနီးရှား အထူးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်ခန်း ပူးတွဲလေ့ကျင့်လျက်ရှိခြင်း

Posted by Anonymous Thursday, July 05, 2012, under | No comments


          တရုတ်နှင့် အင်ဒိုနီးရှား အထူးတပ်ဖွဲ့ဝင်များသည်  ပူးတွဲအကြမ်းဖက် နှိမ်နင်းရေး လေ့ကျင့်မှုများကို ဇူလိုင်လ ၁ ရက်နေ့မှ ၁၆ ရက်နေ့ထိ တရုတ်နိုင်ငံ အရှေ့ဘက် ကမ်းလွန်တွင် လေ့ကျင့်လျက်ရှိပါသည်။ အဆိုပါလေ့ကျင့်ခန်းတွင် ပစ်မှတ်များအား တိကျစွာ ပစ်ခတ်လေ့ကျင့်ခြင်း၊လေထီးခုန်ဆင်းခြင်း၊ အကြမ်းဖက်မှု ရှာဖွေချေမှုန်းခြင်း နည်းဗျူဟာများ လေ့ကျင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။ လေ့ကျင့်ခန်း၏ ရည်ရွယ်ချက်မှာ ၂ နိုင်ငံတပ်ဖွဲ့ ဝင်များအကြား ချစ်ကြည် ရင်းနှီးစွာဖြင့်ညှိနှိုင်း တိုင်ပင်မှုများနှင့်  တိုက်ပွဲ အတွေ့အကြုံ အပြန်အလှန် အမြင်ချင်း ဖလှယ်မှုများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နှင့်ပေါ်တူဂီနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်း

Posted by Anonymous Thursday, July 05, 2012, under | No comments


          ပေါ်တူဂီ နိုင်ငံခြားရေးဝန်ကြီး ပူလိုပေါ်တာ့သည် တရုတ်နိုင်ငံသို့ ဇွန်လ ၃ဝ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ အလည်အပတ် ရောက်ရှိနေပြီး ဇူလိုင်လ ၃ ရက်နေ့တွင် တရုတ် နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ တရုတ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊ ဥရောပသမဂ္ဂနှင့် ဆက်ဆံရေးအားလည်း အလေးထား ပါကြောင်းနှင့် တရုတ်-ဥရောပသမဂ္ဂ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန် မျှော်လင့်ပါကြောင်း ယန်ကျိချီကပြောကြား ခဲ့ပါသည်။ပေါ်တူဂီနိုင်ငံ အနေဖြင့်လည်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများအားကြိုဆိုပါကြောင်း၊ နှစ်နိုင်ငံကျယ်ပြန့်သည့် မဟာဗျူဟာ ဆက်ဆံရေး မြှင့်တင်ခြင်းအားဖြင့် တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေး အခြေအနေများ တိုးမြင့်လာစေရန် ဆန္ဒရှိပါကြောင်း ပေါ်တာ့က ပြောကြားခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အနေဖြင့် ဥရောပစီးပွားရေး အကျပ်အတည်းနှင့် အနာဂတ်ဖြစ်နိုင်ဖွယ် ကိစ္စရပ်များ အပေါ်တွင်လည်း အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်