Monday, September 08, 2014

ငြိမ်းချမ်းရေးပန်းခင်းထဲက နိုဘယ်လ်ဆုရှင်လောင်းလျာများဆောင်းပါးရှင် မောင်မြင့်မောင် (မန္တလေး)သို့


တစ်နေ့က လူမှုကွန်ယက်မီဒီယာအချို့မှာ ဝေဖန်မှုတွေများနေတဲ့ ဆောင်းပါးရှင်
မောင်မြင့်မောင်(မန္တလေး)ဆိုသူရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရတယ်။
ဆောင်းပါးခေါင်းစဉ်က ငြိမ်းချမ်းရေးပန်းခင်းထဲက နိုဘယ်လ်ဆုရှင် လောင်းလျာများတဲ့။

ဆောင်းပါး အနှစ်ချုပ်ကိုကြည့်မယ်ဆိုရင်
သမ္မတကြီးနဲ့ ဦးအောင်မင်းကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုရရှိသင့်တယ်။
အခုလက်ရှိ NLD နာယကလုပ်နေတဲ့ ဦးတင်ဦးသည် တစ်ချိန်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တဲ့အတွက်အဲဒီခေတ်ကာလက သောင်းကျန်းမှု
နှိမ်နှင်းရေးတွေမှာ တာဝန်ရှိတယ်၊ တာဝန်ရှိသူဖြစ်တယ်။
တပ်မတော်သားတွေအနေနဲ့လည်း ပြည်သူကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့
သူပုန်တွေကို တိုက်ခိုက်နေတာဟာ အဓိပ္ပါယ်မရှိဘူး၊

လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပါအ၀င်၊ အငြိမ်းစားယူသွားတဲ့ ဗိုလ်ချုပ်ကြီးအားလုံးက ပြည်သူတွေကို ၀န်ချတောင်းပန်ရမယ်။
ဖက်ဒရယ်တပ်မတော်နဲ့ အလှည့်ကျကာကွယ်ရေး ဦးစီးချုပ်တွေက
နိုင်ငံတော်ရဲ့လုံခြုံရေး၊ ကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးစီးပွားတွေကို ဆက်ပြီး
တာဝန်ယူရမယ်ဆိုပြီးဆိုးရွားစွာ ရေးသားထားတာကို တွေ့ရှိရမှာဖြစ်တယ်။
တစ်နည်းအားဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ လက်မခံနိုင်သည့် အရေးအသား။

တောထဲတောင်ထဲ၊ မိုးထဲရေထဲမှာ အပင်ပန်း အဆင်းရဲခံပြီး
သွားလာလှုပ်ရှားကာ နေ့မအိပ် ညမအိပ် တာဝန်ထမ်းဆောင်နေကြရသည့်
တပ်မတော်သားအားလုံးအား သိမ်းကြုံးစော်ကားလိုက်သည့် စကားဖြစ်သည်။ ယခုလိုအခြေအနေရောက်ရှိအောင်၊ တည်ငြိမ်အေးချမ်းမှုရှိအောင် ပြည်သူအများ
စိတ်လက်ချမ်းသာစွာဖြင့် လွတ်လပ်စွာသွားလာနိုင်အောင် လုပ်ဆောင်ပေးခဲ့သည်မှာ
တပ်မတော်ပင်ဖြစ်သည်။

ယနေ့ကဲ့သို့ အခြေအနေမျိုးရောက်အောင် တပ်မတော်အနေဖြင့် အသက်ပေါင်းများစွာ
စွန့်လွှတ်ကာ အနစ်နာခံခဲ့ကြရသည်။ ယခုကဲ့သို့ ရေးသားရဲသော
ဆောင်းပါးရှင်၏ ဦးဏှောက်ကိုလည်း တော်တော် အံ့သြမိသည်။

နောက်တစ်ခုက ဖယ်ဒရယ် တပ်မတော် ကိစ္စ။

ပြည်နယ်အလိုက် ဖယ်ဒရယ် ဖယ်ဒရယ် လို့ ပြောနေတဲ့သူတွေ၊ အလှည့်ကျ ကာကွယ်ရေးဦးစီးချုပ်လုပ်မယ်လို့ အရှက်မရှိပြောနေတဲ့သူတွေ
ဒါလေးဖြေကြည့်စမ်းပါ

၁)ကိုယ်ကလိုချင်တာလား ?

၂) ကိုယ့်ပြည်နယ်ကလိုချင်တာလား ?

၃)ကိုယ့်ပြည်နယ်ထဲက ဘယ် % ကလိုချင်တာလဲ ?

၎)ကိုယ့်ပြည်နယ်ထဲက ဘယ် % ကကိုယ့်ကို ဖယ်ဒရယ်တောင်းဖို့Mandate ပေးထားသလဲ ?

၅)ပေးထားတဲ့ Mandateကရော ပြည်နယ်အတွင်းနေတဲ့သူ အားလုံးကိုကိုယ်စားပြုရဲ့လား ?

၆)ကိုယ့်ပြည်နယ်ထဲက လူဦးရေအမှန်က ?

၇) ကိုယ့်ပြည်နယ်ထဲမှာရော ဖယ်ဒရယ် လိုချင်တာ/ မလိုချင်တာ မရှိနိုင်ဖူးလား ?

၈) ပြည်နယ်သူပြည်နယ်သားတွေရဲ့ဆန္ဒခံယူပြီးပြီလား ?


သေချာပါတယ်။ ဘယ်သူမှ ဖြေနိုင်မှာမဟုတ်ပါဘူး။

တကယ်တော့ စစ်သားဆိုတာ စစ်ပွဲတစ်ပွဲကို ခင်းကျင်းတိုက်ခိုက်ဖို့ သူကဦးဆောင်ပြီး
ဘယ်တော့မှ မဆုံးဖြတ်ပါဘူး၊ စစ်ပွဲရဲ့ အနိဌာရုံတွေကို ကိုယ်တိုင်တိုက်ရတဲ့
စစ်သားဟာ အသိဆုံးဖြစ်သည်။စစ်ပွဲနှင့်ပတ်သက်ပြီး
စစ်သားထက်ပိုမိုခံစားရသူသည်မရှိနိုင်ပါဘူး။
သို့သော်
War is Peace ဆိုတဲ့အတိုင်းအချို့သော အခြေအနေတွေမှာ ငြိမ်းချမ်းဖို့အတွက်
စစ်မတိုက်ချင်သော်လည်း တိုက်ကြရတယ်။ မြန်မာနိုင်ငံ ဒီနေ့ဒီလိုအခြေအနေနဲ့
ကမ္ဘာ့အလည်မှာ တည်တည်ငြိမ်ငြိမ်နဲ့ အသွင်ကူးပြောင်းနေနိုင်တာ
တပ်မတော်သားတွေရဲ့ အသက်သွေးချွေးပေါင်းများစွာ ပေးဆပ်ခဲ့ရပြီးမှ ဖြစ်လာတာပါ။
ဒါတွေကို တန်ဖိုးမထားရင်တောင် ကျေးဇူးကန်းရာ၊ စော်ကားရာ မဖြစ်စေသင့်ပါဘူး။

နိုင်ငံသားတိုင်းက နိုင်ငံတော်ကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။
ဆောင်းပါးရှင် မောင်မြင့်မောင်(မန္တလေး) ကဲ့သို့ နိုင်ငံတော်ကို
ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ သူတွေကိုလည်း ဘုံရန်သူအဖြစ်သာမြင်သင့်ပါတယ်။
အဆင့်အတန်းမရှိတဲ့ ရေးသားချက်များဖြင့်
အစိုးရအဖွဲ့အချင်းချင်း သွေးကွဲအောင်၊ တပ်မတော်ခေါင်းဆောင်များအား
ပြည်သူအများ အထင်မှား အမြင်မှားဖြစ်အောင် လုပ်ဆောင်နေခြင်းဟာ
တစ်မျိုးသားလုံး ထိခိုက်နေတယ်ဆိုတာကို သတိပြုရမှာဖြစ်တယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ အစိုးရကို ကြိုက်ခြင်း မကြိုက်ခြင်းထက်
နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတည်တန့်ခိုင်မြဲရေးကို အလေးထားသင့်သလို၊
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကိုပဲ ဦးတည်သင့်ပါတယ်။

နိုင်ငံသူနိုင်ငံသားအားလုံး၏ အမျိုးသားရေးတာဝန်သည် အေးချမ်းသာယာပြီး
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံသစ်တည်ဆောက်ရေးတာဝန်ဖြစ်သည်။

ဒီလို အနာဂါတ်နိုင်ငံတော်ကို ပုံဖော်နေတဲ့နေရာမှာ တပ်မတော်ရဲ့ရပ်တည်ချက်ကတော့
အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ခြင်း ဖြစ်မည်ဆိုတာကတော့ အငြင်းပွားဖွယ်ရာပင်မလိုပေ။

မည်သူတို့ မည်သို့ပင် သွေးထိုးလှုံ့ဆော်နေကြပစေ တပ်မတော်ကတော့ စစ်တိုက်ရန်၊ စစ်တိုက်ရန်မရှိကလေ့ကျင့်ရန်၊စစ်တိုက်ရန်နှင့် လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်းများ
ကို လုပ်ဆောင်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် ဆိုသည့်အတိုင်း ကျရာနေရာမှ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် မိမိတို့အသက်ကိုပင်ပဓာနမထားပဲ ဦးလည်မသုန်ထမ်းရွက်သွားမည်မှာ ကမ္ဘာတည်သရွေ့ ရှိနေဦးမည့် တပ်မတော်သားတို့၏ သစ္စာအဓိဌာန်ပင်ဖြစ်တော့သည်....။

Wednesday, September 03, 2014

ကမ္ဘာ့ခေါင်းဆောင်အများစု ဒေါ်အောင်ဆန်း စုကြည် ပြောသောစကားထက် ဦးသိန်းစိန်ပြောသောစကားအား ပိုမိုလက်ခံလာကြ

Posted by Unknown Wednesday, September 03, 2014, under | No comments

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ လာသွားတဲ့ ခရီးစဉ်ကိုတော့ ပြည်တွင်းကရော ပြည်ပ ကပါ တော်တော်လေး စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။ ဒီခရီးစဉ် မတိုင်ခင်မှာလည်း အမေရိကန် လွှတ်တော်အမတ် ၆၀ ကျော်က ကယ်ရီကို ဖိအားပေးတဲ့ ပေးစာ ပေးပို့ခဲ့ကြပါတယ်။ ဒါ့ကြောင့် ကယ်ရီရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံကို ဘာတွေ ဖိအားပေးမလဲ ဆိုတဲ့ သိချင်စိတ်က အဓိက ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် အထင်နဲ့အမြင် ပါစင်အောင်လွဲသွားခဲ့တာကတော့ ကယ်ရီရဲ့ သတင်းစာရှင်းလင်းပွဲမှာ အကောင်းဘက်များတဲ့ ရှုမြင်သုံးသပ်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အမေရိကန် ပြန်ရောက်တော့ လည်း East-West Center မှာ ကယ်ရီရဲ့ အာရှခရီးစဉ်အကြောင်း ပြောတဲ့အခါမှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ Good Example အဖြစ် ပြောသွားပြန်ပါတယ်။

ဧရာဝတီသတင်းတစ်ပုဒ်မှ ဆောင်းပါးရှင် ကျော်စွာမိုးရဲ့ ရေးသားဖော်ပြထားချက်ကို ဖတ်ရတော့ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပါတယ်။ ကယ်ရီ မြန်မာနိုင်ငံကို ရောက်နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ ချိန်းဆိုထားပြီး အချိန်မီ ရောက်မလာနိုင်ခဲ့ဘဲ တက္ကသိုလ်ရိပ်သာ လမ်းက နေအိမ်မှာ စောင့်ဆိုင်းစေခဲ့တဲ့ သဘောမျိုး ရေးထားပါတယ်။ ကယ်ရီအနေနဲ့ နေပြည်တော်မှာ အစိုးရ အရာရှိတွေနဲ့ တွေ့နေရလို့ ဒေါ်အောင်ဆန်းစုကြည် စောင့်ပေးပါဦး ဆိုတဲ့ အနေအထားမျိုးလို့ ဖတ်ရှု နားလည်မိပါတယ်။ ကယ်ရီရဲ့ အဖွဲ့သားတွေက ဒေါ်အောင်ဆန်းစုကြည်ဆီကို ဆက်သွယ်ပြီး ပြောကြားခဲ့တာကတော့ ကယ်ရီအနေနဲ့ ည ၈ နာရီထိုးတဲ့အထိ အားလပ်မှာ မဟုတ်တဲ့အကြောင်း ဖြစ်ပါတယ်။ ဒီတော့ အချိန်နောက်ကျနေပြီ ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ကယ်ရီနဲ့ တွေ့ဆုံဖို့ အရေးကို ငြင်းဆန်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ ဒီအချိန်မှာ သံတမန်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းပြီး တောင်းပန်ခဲ့ကြလို့ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဖို့ သဘောတူ လက်ခံခဲ့တဲ့အတွက် သူတို့အတွက်လည်း အသက်ရှူချောင်ခဲ့တယ်လို့ ရေးသားထားပါတယ်။ ကယ်ရီ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဘဲ ပြည်တော်ပြန်သွားခဲ့ရင် ၀ိုင်းပြီး ပြစ်တင် ဝေဖန် တာတွေ ကြုံရနိုင်တဲ့ အတွက်ကြောင့်လို့လည်း ရေးသားထားပါတယ်။

အရင်တုန်းကဆိုရင် ကမ္ဘာ့ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်း စုကြည် ပြောတဲ့ စကားကို လက်ခံခဲ့ကြပေမယ့် အခုအချိန်မှာ အခြေအနေတွေ ပြောင်းလဲသွားပြီ လို့လည်း သိရပါတယ်။ ၀ါရှင်တန်နဲ့ အနောက်နိုင်ငံတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ထက်စာရင် သမ္မတ ဦးသိန်းစိန်ကို ပိုပြီး လိုအပ် နေတဲ့ သဘောမျိုး ယူဆလာရပြီ ဆိုတဲ့အကြောင်း ရေးသားထားတဲ့ ဆောင်းပါးလည်း ဖြစ်နေပါတယ်။ ကယ်ရီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံမှုမှာ ဘာတွေ ဆွေးနွေးကြတယ် ဆိုတာလည်း ထုတ်ပြန်ခြင်း မရှိတဲ့အတွက် မသိနိုင်ပါဘူး။ ခြုံငုံပြီး ပြန်ကြည့်ရင် ကယ်ရီရဲ့ ခရီးစဉ်မှာ အမေရိကန်လို နိုင်ငံကြီးတောင် အပြောင်းအလဲအတွက် အချိန်ယူရတယ်၊ မြန်မာနိုင်ငံ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေ အတွက် အချိန်ယူရမယ် ဆိုပြီး သမ္မတ ဦးသိန်းစိန်ကို စာနာ ထောက်ထားတဲ့ Message ကို ပေးသွားတာ တွေ့ရပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ သဘောထားက ဒီသုံးသပ်ချက်အတိုင်း တဖြည်းဖြည်းချင်း ပြောင်းပြန် ပြောင်းလဲနေပြီလား စဉ်းစားဖို့ ကောင်းနေပြန်ပါတယ်။

နောက်တစ်ခါ မကြာပြန်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က စာနယ်ဇင်းသမားတွေနဲ့ တွေ့ဆုံပွဲ တစ်ခု လုပ်လာခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို လေ့လာကြည့်ရင် မြန်မာနိုင်ငံရဲ့ တကယ့်ပကတိအခြေအနေကို အများသိအောင် ၀ိုင်းဝန်းပြီးတော့ ကူညီ လုပ်ဆောင်ပေးဖို့၊ အတိုက်အခံ ပါတီတစ်ခုက ထောက်ပြတဲ့ ကိစ္စတွေဆိုရင် အတိုက်အခံပါတီ ဆိုတော့ ဒီလိုပြောမှာပေါ့ ဆိုတဲ့အမြင်တွေ ရှိနေတဲ့အတွက် ဒီနိုင်ငံဟာ တကယ် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေသေးတာ မဟုတ်ဘူး ဆိုတာကို ထင်ရှားအောင် စာနယ်ဇင်းတွေက ၀ိုင်းဝန်းရေးသားဖော်ပြပေး ကြဖို့ ဆိုတဲ့ အဓိက အချက်ကို တွေ့ရပါတယ်။ ဒီတော့ ဒီပြောကြားချက်ကနေ ကောက်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီက ပြောရင် အတိုက်အခံမို့လို့ ပြောတယ် ဆိုတာမျိုး နိုင်ငံတကာက ထင်မြင်ယူဆနေကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ခံစားမိတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ ဒီတော့ နိုင်ငံတကာ သဘောထားအမြင်တွေကတော့ အဓိကနေရာမှာ ပါဝင်နေပြီ ဆိုတာကို ထင်ထင် ရှားရှား တွေ့ရမှာ ဖြစ်ပါတယ်။

အမေရိကန်လွှတ်တော်အမတ် ၆၀ ကျော် ကယ်ရီကို ဖိအားပေးခဲ့တာတွေနဲ့ ပတ်သက်လို့လည်း သမ္မတ ဦးသိန်းစိန်ဘက်က ထုတ်ဖော်ပြောကြားတဲ့ သဘောထားတွေကို လေ့လာကြည့်ရင် စိတ်ဝင်စား စရာ ကောင်းပါတယ်။ အမေရိကန် ပြည်တွင်း နိုင်ငံရေးအရ မကြာခင် လွှတ်တော်ရွေးကောက်ပွဲတွေ ပြုလုပ်တော့မှာ ဖြစ်လို့ အိုဘားမားနဲ့ ဒီမိုကရက်တွေကို နိုင်ငံရေးထောက်ခံမှုတွေ ကျဆင်းလာပြီး ရီပတ်ဘလီကင်တွေ ရွေးကောက်ပွဲမှာ အသာစီး ရရှိအောင် မြန်မာနိုင်ငံ ကိစ္စကို အသုံးချ တိုက်ခိုက် နေတာ ဖြစ်တယ်ဆိုပြီး တုံ့ပြန်ကြပါတယ်။ မြန်မာနိုင်ငံကိစ္စဟာ အိုဘားမားနဲ့ ဒီမိုကရက်တွေရဲ့ အောင်မြင်မှု ဖြစ်နေတဲ့အတွက် ဒီအောင်မြင်ကို ကျဆုံးမှုအဖြစ် လူထုအမြင်မှာ ပြောင်းလဲသွားရင် ရီပတ်ဘလီကင်တွေ အသာရမယ် ဆိုတဲ့ ဗျူဟာနဲ့ ဖိအားပေးနေကြတယ် ဆိုတာကို သမ္မတရုံးဘက်က ထုတ်ဖော်ပြောကြားခဲ့တာတွေ တွေ့ရပြန်ပါတယ်။ ဒီတော့ အမတ်တွေ ဖိအားပေးတာဟာ အမေရိကန် ပြည်တွင်းနိုင်ငံရေးကြောင့် လုပ်နေတာပဲ၊ အိုဘားမား အစိုးရအနေနဲ့ ကယ်ရီ့အနေနဲ့ ဝေဖန်တာတွေ ပြောရမှာပဲ ဆိုတာကို နားလည် သဘောပေါက်ထားပြီးသား ဖြစ်နေပါတယ်။ သမ္မတ ဦးသိန်းစိန်က ကယ်ရီနဲ့ တွေ့ဆုံချိန်မှာ အဓိက ပေးလိုက်တဲ့ သတင်းစကားက “နောက်ပြန်မလှည့်အောင် ကြိုးစား နေတယ်၊ ဒါကို ၀ိုင်းပြီး ကူညီပါ” ဆိုတဲ့အချက် ဖြစ်တာကို သတင်းထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။

သမ္မတ ဦးသိန်းစိန်ဘက်က အမေရိကန် ပြည်တွင်းနိုင်ငံရေးကိုပါ ခြုံငုံ စဉ်းစားသုံးသပ်ပြီး လုပ်ကိုင် လာတာဟာ သတိပြုစရာ ဖြစ်နေပြန်ပါတယ်။ နောက် အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးမှာလည်း မြန်မာနိုင်ငံ ကိုင်တွယ်သွားတာတွေကို ချီးကျူးစကား ပြောကြားနေကြတာကိုလည်း ပြည်ပ မီဒီယာတွေမှာ တွေ့လာရပြန်ပါတယ်။ ဒီတော့ ပြည်တွင်းနဲ့ ပြည်ပ ရှုမြင်သုံးသပ်ချက်တွေဟာ ဆန့်ကျင်ဘက် ဖြစ်နေတာကို သတိပြုစရာပါ။ အထူးသဖြင့် အမေရိကန်လို သတင်းထောက်လှမ်းရေး စွမ်းအားကြီးမားတဲ့ နိုင်ငံကြီးတစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ် ဆိုတာ တော်တော် များများ သိရှိထားမှာ သေချာပါတယ်။ ဒီလိုနိုင်ငံမျိုးရဲ့ သဘောထားအမြင်တွေက အံ့သြစရာ ကောင်းလောက်အောင် ပြောင်းလဲနေတာဟာ အကြောင်းမဲ့တော့ ဟုတ်ဟန် မတူနိုင်ပါဘူး။

တစ်ချိန်တည်းမှာပဲ လေးပွင့်ဆိုင်တွေ့ဆုံရေးကို သမ္မတ ဦးသိန်းစိန်ဘက်က လွှတ်တော်က ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆောင်ရွက်နေတာကို အကြောင်းပြပြီး ငြင်းဆန်ထားတာကို သုံးသပ်ဖို့ လိုလာ ပါတယ်။ ကြားထဲမှာ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ကြပြီးတော့ မတူတာတွေကို စေ့စပ် ညှိနှိုင်း အဖြေရှာဖို့ ဆွေးနွေးကြတယ် ဆိုပြီး သမ္မတရုံးဘက်က ထုတ်ဖော်ပြောကြားခဲ့တာ တွေ့ရပြန် ပါတယ်။ အရင်ကတော့ မတူတာတွေ ခွဲလုပ်၊ တူတာတွေ တွဲလုပ်ကြမယ် ဆိုပြီး သတင်းထုတ်ပြန်ခဲ့ကြ တာပါ။ အခုတော့ မတူတာတွေ ဆွေးနွေးအဖြေရှာတဲ့အဆင့်ကို ရောက်လာပြီ ဆိုပြီး ပြောကြာပါသေး တယ်။ လက်ရှိအချိန်မှာတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် သေချာပေါက် ချုပ်ဆိုတော့မယ် ဆိုပြီး ယူဆထားကြချိန်မှာ ဦးသိန်းစိန်ဘက်က ချပြထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲကို အာရုံစိုက် ဦးလှည့်လာကြပါပြီ။ အဓိကအားဖြင့် တိုင်းရင်းသားတွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုရေး အဖွဲ့အစည်းတွေ၊ လူငယ်တွေ အားလုံးက နိုင်ငံရေး ဆွေးနွေးပွဲမှာ ပါဝင်နိုင်ဖို့ ကြိုးပမ်းလာကြတာ ကိုလည်း တွေ့နေရပါတယ်။ လေးပွင့်ဆိုင်ဆိုတဲ့အတွက် သူတို့အတွက် ထိုင်ခုံနေရာ မရှိနိုင်ပေမယ့်လည်း ဦးသိန်းစိန်ရဲ့ နိုင်ငံရေးဆွေးနွေးပွဲက အားလုံးပါဝင်ခွင့် ပေးမယ်ဆိုတဲ့အတွက် ဒီဘက်ကို အလေးပေး လာကြတာလည်း ဖြစ်နေပါတယ်။ လေးပွင့်ဆိုင်က မှေးမှိန်သွားပြီး အပစ်ရပ်ပြီး ဆက်လုပ်မယ့် နိုင်ငံရေး ဆွေးနွေးပွဲက ရှေ့တန်းရောက်လာတဲ့ သဘောပါ။

ဒီအချိန်မှာပဲ ရွေးကောက်ပွဲကော်မရှင်ကနေ NLD ပါတီက ကိုမျိုးရန်နောင်သိမ်းကို တရားစွဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှ ဦးသိန်းစိန်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအပေါ်မှာ ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီကို ကြားဝင် ညှိနှိုင်း ပေးဖို့ စာတစ်တန် ပေတစ်တန် ထွက်လာပြန်ပါတယ်။ ဒီမှာပဲ NLD ပါတီက နာယက ဖြစ်တဲ့ ဦးတင်ဦးက သမ္မတ ဦးသိန်းစိန် ကို “ဗလွှတ်ရွှတ်တပြောတဲ့ သမ္မတတင် မဟုတ်ဘူး။ ပေါပေါတောတော သမ္မတ ဖြစ်နေတာ။ အပစ်ရပ် ပါလို့ အမိန့်ပေးလည်း (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်က မရပ်ဘူး။ ဆက်ပစ် နေတာပဲ။ ဒီဥပဒေကို လက်မခံနိုင်ဘူးဆိုလည်း လွှတ်တော်က အတည်ပြုတာပဲ။ သူပို့တဲ့ ဥပဒေကို ကျတော့လည်း ဖျက်ချင် ဖျက်နေတာပဲ။ ဒါက စနစ်ကြောင့် ဖြစ်နေတာ။ တကယ်က သမ္မတ ဆိုပြီးသာ ရှိတာ၊ အားလုံးက ကာ/လုံ က ထိန်းချုပ်ထားတာ။ စနစ်ကြောင့်ပေါ့။ စနစ်ကြောင့်ဖြစ်နေတာ။ စနစ်ကို ပြောင်းရမှာ” ဆိုပြီး ပြောတဲ့စကား ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ တိုင်းရင်းသားတွေနဲ့ အပစ်ရပ် စာချုပ် ချုပ်ဆိုဖို့ လုပ်နေချိန်မှာ ဝေဖန် ပြောကြားချက်တွေက ထိလွယ်ရှလွယ် သဘောမျိုး ဖြစ်နေပါတယ်။ ကျားဖြူပါတီက ဦးစောသန်းမြင့်ရဲ့ ငြိမ်းချမ်းရေးရပြီး ဦးသိန်းစိန် နာမည်ကောင်းရသွားမှာ စိုးတဲ့ လူတွေ နှစ်ဘက်စလုံးမှာ ရှိနေတယ် ဆိုပြီး ပြောထားတဲ့ စကားနဲ့ တိုက်ဆိုင်ကြည့်ရင် မြန်မာ့ နိုင်ငံရေးက ပိုပြီး ရှုပ်ထွေးလာပြန်ပါတယ်။

ငြိမ်းချမ်းရေးမှာပဲ ဖြစ်ဖြစ်၊ ဖွံ့ဖြိုးရေးမှာပဲ ဖြစ်ဖြစ် နိုင်ငံတိုးတက်ဖို့၊ ပြည်သူတွေ ချမ်းသာဖို့က အဓိက အချက်ပဲ ဖြစ်ပါတယ်။ NLD ပါတီ အာဏာရရှိလာခဲ့ရင်လည်း မပြီးပြတ်သေးတဲ့ ငြိမ်းချမ်းရေးကို ဆက်လက်ပြီး ကိုင်တွယ်ဖြေရှင်းရမှာပါပဲ။ ဒီအချိန်မှာ တပ်မတော်နဲ့ပဲ အဓိက ဆွေးနွေး ညှိနှိုင်းရမှာပဲ ဖြစ် ပါတယ်။ လေးပွင့်ဆိုင် တောင်းဆိုမှုကို ပယ်ချထားတာက ဦးသိန်းစိန်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့ပဲ ဖြစ်ပါတယ်။ ဒီလို ပယ်ချထားတဲ့အချိန်မှာ နှစ်ဘက် ဆက်ဆံရေးကို လေ့လာ ကြည့်တဲ့ အခါမှာတော့ အားရဖွယ်ရာ ယုံကြည်မှု မရှိသေးပါဘူး။ NLD ပါတီဘက်က ကိုမျိုးရန်နောင်သိမ်း ရဲ့ ပြောကြားချက်တွေကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု ဆိုပြီး ယူဆထားတဲ့အကြောင်းကို စာနယ်ဇင်း ကောင်စီကို ဒုဝန်ကြီး ဦးပိုက်ထွေး ပေးပို့တဲ့ စာမှာ တွေ့ရပါတယ်။ ဒီနောက်မှာ NLD ပါတီက နာယကဖြစ်တဲ့ ဦးတင်ဦးက ထပ်မံပြီး ပုဂ္ဂိုလ်ရေးဆန်တဲ့ ပြောကြားချက် ကိုပဲ ပြောလိုက်တဲ့အတွက် တစ်ဘက်က ယူဆချက်တွေကို မှန်းဆကြည့်နိုင် ပါတယ်။ နှစ်ဘက်အကြားက ယုံကြည်မှုနဲ့ နားလည်မှုတွေကို ပိုပြီး ဆုံးရှုံး သွားစေနိုင်ပါတယ်။ ဒီအတိုင်း ဆိုရင်တော့ လေးပွင့်ဆိုင် စကားဝိုင်းဟာ ဝေးသထက်ဝေးလာမယ့် အနေအထားမှာ ရှိနေပါတယ်။

ငြိမ်းချမ်းရေးဆိုတာ ဒီနိုင်ငံမှာ ဘယ်တုန်းကမှ အပြည့်အ၀ မျှော်လင့်လို့ မရခဲ့တဲ့ အခြေအနေပါ။ အခုတော့ တစ်ကယ်ပဲ ငြိမ်းချမ်းတော့မယ် ဆိုပြီး မျှော်လင့်ချက်တွေ မြင့်တက်လာနေပါတယ်။ ဦးသိန်းစိန် ပဲ လုပ်လုပ်၊ ဒေါ်အောင်ဆန်းစုကြည်ပဲ လုပ်လုပ် အဓိကအချက်က ငြိမ်းချမ်းရေး ရဖို့ပါပဲ။ ပြီးတော့ တိုင်းပြည်တိုးတက်ပြီး ပြည်သူတွေ ချမ်းသာဖို့ပါပဲ။ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြတဲ့ အချိန်မှာ ပြည်သူတွေ အံ့သြ၀မ်းသာပြီး မျှော်လင့်ချက်တွေ ကြီးမားခဲ့ကြပါတယ်။ တဖြည်းဖြည်းနဲ့ သွေးအေးပြီး ဝေးကွာလာခဲ့တဲ့ အချိန်မှာတော့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေေ၀၀ါး မှေးမှိန် လာခဲ့ ကြပြန်ပါတယ်။ အမျိုးသား ရင်ကြားစေ့ရေးကို တဖွဖွပြောနေကြတဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင် စံနမူနာပြ ရင်ကြားစေ့ကြဖို့ အရေးကြီးနေပါတယ်။

ဦးသိန်းစိန်ရော၊ ဒေါ်အောင်ဆန်းစုကြည်ရော ခုနှစ်ဆယ်ကျော် အသက်အရွယ်တွေကို ရောက်ရှိ နေကြပြီ ဖြစ်ပါတယ်။ တစ်ဘက်နဲ့ တစ်ဘက် အထင်အမြင် လွဲမှားနိုင်တဲ့၊ နားလည်မှု မှားယွင်းစေနိုင်တဲ့၊ ယုံကြည်မှု ပျက်ပြားစေမယ့် ပြောကြားချက်တွေကို သတိထားပြီး ရှောင်ကြဉ်ကြဖို့ လိုပါတယ်။ အဝေးကြည့် အမြင်တွေနဲ့ စကားလုံးတိုက်ပွဲတွေ မဆင်စေချင်ပါဘူး။ ခေါင်းဆောင် နှစ်ယောက်ဘေးက ပုဂ္ဂိုလ်များ အနေနဲ့လည်း ချစ်စကို တိုစေ၊ မုန်းစကို ရှည်စေမယ့် စကားတွေ ထိန်းထိန်းသိမ်းသိမ်း ပြောဖို့ လိုပါ တယ်။ ကိုယ့်ကြောင့် ခေါင်းဆောင်တွေရဲ့ ရှိရင်းစွဲ ယုံကြည်မှုတွေ ပျက်ပြား သွားစေနိုင်တဲ့အတွက် ကြောင့်ပဲ ဖြစ်ပါတယ်။ ကမ္ဘာမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကို လေ့လာကြည့်ရင် ခေါင်းဆောင်လုပ်သူရဲ့ ဆုံးဖြတ်ချက်က အဓိကမဟုတ်ဘဲ ခေါင်းဆောင် ဆုံးဖြတ်ချက် ချမှတ်နိုင်အောင် အစီရင်ခံ တင်ပြခဲ့ကြတဲ့ ခေါင်းဆောင်အနီးက ပုဂ္ဂိုလ်တွေက အဓိက ဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။ သူတို့ရဲ့ ပြောဆို တင်ပြချက်တွေကို အခြေခံပြီး ခေါင်းဆောင်လုပ်သူတွေက ဆုံးဖြတ်ကြရတာ ဖြစ်ပါတယ်။ တချို့ဆိုရင် စစ်မဖြစ် ဖြစ်အောင်ကို ဖိအားပေးတာတွေ ရှိခဲ့ကြပါတယ်။ တစ်ကယ်တမ်းမှာတော့ နိုင်ငံနဲ့ ပြည်သူ တွေလည်း နာလှပြီ ဖြစ်ပါတယ်။ မဆုံးနိုင်တဲ့ အမုန်းတွေ၊ အာဃာတတွေကြောင့် တိုင်းပြည်လည်း နွံနစ်ခဲ့ရတာ သမိုင်းမှာ အထင်အရှားပါ။ ဒီကနေ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အမြော်အမြင်နဲ့ ရင်ကြား စေ့နိုင်မှုပေါ်မှာ ဒီနိုင်ငံရဲ့ အနာဂတ်က တည်ရှိနေတာ ဖြစ်ပါတယ်။ ကြီးနှစ်ကြီး ဆက်ဆံရေး ကောင်းနေဖို့ အရေးကြီးပါတယ်။ ကြီးနှစ်ကြီးအကြားမှာ ပုဂ္ဂိုလ်ရေးမာနတွေကို ဘေးဖယ်ထားပြီး နောင်လာမယ့် အနာဂတ်ကိုပဲ အလေးပြုကြဖို့ တိုက်တွန်းလိုပါတယ်။

Messenger

Tuesday, September 02, 2014

စက္ကူ ကျား တကယ်ဖြစ်သွားပြီလား UNFC

Posted by Unknown Tuesday, September 02, 2014, under | No comments




ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်နေသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (United Nationalities Federal Council) UNFC အဖွဲ့၏ အစည်းအဝေးကနေ KNU အဖွဲ့ ထွက်ခွာသွားပြီဟူသော သတင်းကြောင့် ဝေဖန်မှုအမျိုးမျိုးထွက်ပေါ်လာပါသည်။ အဘယ့်ကြောင့် ထွက်ခွာသွားရသည်ဆိုသော အဖြေ ကလည်း စိတ်ဝင်စားစရာ ကောင်းနေပါသည်။ UNFC က ချမှတ်ထားတဲ့ ဖွဲ့စည်းပုံပါ မူဝါဒတွေဟာ KNU အဖွဲ့ရဲ့ မူဝါဒတွေနဲ့ မကိုက်ညီ တာကြောင့် ထွက်ခွာသွားရခြင်းဖြစ်သည်ဟု ဆိုပါသည်။ သို့ဆိုလျှင် UNFC ရဲ့ မူဝါဒတွေက ဘာတွေလဲ…။ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေတူသော လက်နက်ကိုင် အဖွဲ့အစည်းအချို့ ပါဝင်ဖွဲ့စည်းခဲ့သော UNFC စည်းလုံးမှုပြိုကွဲသွားပြီလားဟူသော မေးခွန်း က လည်း နိုင်ငံရေး အသိုင်းအ၀ိုင်းမှာရော လက်နက်ကိုင်အဖွဲ့များကြားမှာပါ ရေပန်းစားနေပါသည်။ UNFC ရဲ့ မူဝါဒတွေကို မပြောခင် ပထမဦးစွာ UNFC စတင်ဖြစ်ပေါ်လာပုံနဲ့ ရပ်တည်နေသော ရည်ရွယ်ချက်များ ကို လေ့လာကြည့်ရ ပါမည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာက ဖွဲ့စည်းခဲ့သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ကော်မတီ(CEFU) ကို UNFC အဖြစ် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ San Sai မြို့နယ်၊ Kaung Tunt စားသောက်ဆိုင်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၂)ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ကချင်လွတ် လပ်ရေးအဖွဲ့(KIO) မွန်ပြည်သစ် ပါတီ(NMSP)၊ ရှမ်းပြည်တပ်မ တော်(SSPP/SSA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်း အရုံး(KNU)၊ လားဟူ ဒီမိုကရက် တစ်ယူနီယံ(LDU)၊ ရခိုင်အမျိုး သားကောင်စီ(ANC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ်(PNLO)၊ ပလောင်ပြည်လွတ် မြောက်ရေးတပ်ဦး(PSLF)၊ ရခိုင် လွတ်မြောက်ရေး ပါတီ(ALP) နှင့် ‘၀’ အမျိုးသားအစည်းအရုံး (WNO)စသည့် အဖွဲ့အစည်းများ ပါဝင်ခဲ့ကြသည်။ KIO ဒုဥက္ကဋ္ဌ အင်ဘန်လက UNFC ဥက္ကဋ္ဌ ရာထူးယူခဲ့ပြီး ဒုဥက္ကဋ္ဌများအဖြစ် KNPP မှ ခူးအေဘယ်တွိဒ်နဲ့ KNU မှ စောဒေးဗစ်တာကပေါတို့က အသီးသီးနေရာရယူခဲ့ကြပါသည်။ လက်နက်ကိုင်အဖွဲ့ အစည်း(၁၂)ဖွဲ့ ထဲတွင် အင်အားကြီးသော KIO နှင့် KNU အဖွဲ့တို့က UNFC ထိပ်ပိုင်းခေါင်းဆောင်နေရာများ ယူခဲ့ပြီး ကျန် အဖွဲ့(၁၀) ဖွဲ့ခေါင်းဆောင်ပိုင်းများကလည်း စောဒကမတက်ခဲ့ကြပေ။ သို့သော် ထိုနှစ်ဖွဲ့ကလွဲရင် SSPP မပါ ကျန်အဖွဲ့ များမှာ အမည်ခံသက်သက် ဖွဲ့ထား သော အဖွဲ့များဖြစ်ပါသည်။ လူအင်အားရာဂဏန်းပင် မပြည့်သော လက်နက်ကိုင် ခေါင်းစဉ်တပ် လက်နက်ကိုင် အဖွဲ့များပါလာလေတော့ အရေအတွက်များ သွားတဲ့ သဘောသာ ဖြစ်ပါ သည်။

UNFC ထဲတွင် ပါဝင်သော အဖွဲ့များသည် ရည်မှန်းချက်ချင်းတူ၍ ပူးပေါင်းခဲ့ကြသော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၌ အင်အားအတောင့်တင်းဆုံးဟု သတ်မှတ်ခံထားရသော UWSA `၀´၊ NDAA (မိုင်းလား)၊ RCSS/SSA အဖွဲ့တို့ ပါဝင်ခြင်းမရှိခဲ့ပါ။ UNFC ဥက္ကဋ္ဌ အင်ဘန်လအနေဖြင့် UWSA`၀´ အဖွဲ့အား နှစ်ကြိမ်တိုင် စည်းရုံးခဲ့သော်လည်း နိုင်ငံတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားခြင်းကြောင့် UNFC ထဲကို မ၀င်ခဲ့သလို UWSA`၀´နှင့် မိတ်ဖက် NDAA(မိုင်းလား) ကလည်း မ၀င်ခဲ့ပါဘူး။ အလားတူ RCSS/SSA ဥက္ကဋ္ဌ ရွတ်ဆစ်ကလည်း UNFC ကို လွယ်တိုင်းလျှံမှာ အစည်းအဝေးလာလုပ်ရန် ဖိတ်ကြား ခဲ့စဉ်က လက်မခံခဲ့သည့် အတွက် သူ့အား UNFC ထဲဝင်ရန် ကမ်းလှမ်းလာမှုကို ပယ်ချခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် UNFC သည် တိုင်းရင်းသားလက်နက်ကိုင်အားလုံးကို ကိုယ်စားမပြုဘူးဆိုတာ ထင်ရှားသွား ပြီ ဖြစ်ပါသည်။

စတင်ဖွဲ့စည်းချိန်ကတည်းက အင်အားကြီးလက်နက်ကိုင်အဖွဲ့များ မပါဝင်သော UNFC အဖွဲ့ထဲကနေ ယခု အခါ KNU အဖွဲ့သည်လည်း ယာယီနှုတ်ထွက်သွားပြီဖြစ်သည်။ KNU အဖွဲ့သည် အစိုးရ အဖွဲ့နှင့် ပြည်ထောင်စု အဆင့် အပစ်ရပ်သဘောတူလက်မှတ်ထိုးထားပြီးဖြစ်၍ UNFC ၏ ဖွဲ့စည်းပုံ ဥပဒေများ ကို လက်မခံခြင်းဖြစ်ပါ လိမ့်မည်။ UNFC အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်ဒေသများအလိုက် စစ်တိုင်းများ ဖွဲ့စည်းပြီး စစ်ဦးစီးချုပ်တာဝန်ကို အလှည့်ကျ ထမ်းဆောင်ရမည်ဟူသော မူဝါဒအပေါ် KNU က လက် မခံခြင်းဖြစ်ကြောင်း သိရပါသည်။

သို့ဖြစ်၍ UNFC တွင် ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း ခေါင်းဆောင် ပိုင်းနှင့်ပတ်သက်၍ အများပြည်သူက လက်ခံနိုင်သော အရည်အချင်းရှိ၊ မရှိ ဆန်းစစ်ရန် လိုအပ်ပါသည်။ အမှန်တကယ်တွင် UNFC ဆိုတာ EU နှင့် ဂျပန်နိုင်ငံမှ အဖွဲ့အစည်းအချို့၏ ထောက်ပံ့မှုဖြင့် ရပ်တည်နေသော အဖွဲ့ဖြစ်ပါသည်။ UNFC ခေါင်းဆောင်များ နိုင်ငံခြားသွားပြီဆိုလျှင် ထိုအဖွဲ့အစည်း များက ထောက်ပံ့ငွေဖြင့် သွားနေခြင်းဖြစ် သည်။ တကယ်တမ်းကတော့ UNFC ခေါင်းဆောင်ပိုင်း သည် နိုင်ငံရေးလုပ်စားနေကြသူများသာ ဖြစ်ပါသည်။ ထိုသို့ တိုင်းတစ်ပါးထောက်ပံ့မှုဖြင့် ရပ်တည်နေသော UNFC အနေနဲ့ KNU အဖွဲ့ကပင် လက်မခံနိုင်သော အလှည့်ကျ စစ်ဦးစီးချုပ် ခန့်အပ်ခြင်းဆိုတဲ့ မဖြစ်နိုင်တာများကို တောင်းဆိုရန် အကွက်ကျကျ စီစဉ်နေမှုမှာ အံ့အားသင့်ဖွယ် ကောင်းနေပါသည်။

UNFC အဖွဲ့ထဲတွင် အင်အားကြီးလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သော KNU အဖွဲ့သာ အကယ်၍ နှုတ်ထွက် သွားပြီဆိုပါက အင်အားချည့်နဲ့သော အဖွဲ့အစည်းဖြစ်လာပါတော့မည်။ တိုင်းပြည်အတွက်၊ တိုင်းရင်းသား လူမျိုးများအတွက် ယနေ့အချိန်အထိ ကောင်းကျိုးတစ်ခုမှ လုပ်မပြနိုင်သေးသော UNFC အဖွဲ့သည် ၀ါးအစည်းပြေသလို အကွဲကွဲ အပြဲပြဲဖြစ်တော့မလား စောင့်ကြည့်ချင်စရာ ကောင်းနေပါသည်။ အချုပ်ပြော ရရင် အမည်ခံ လက်နက်ကိုင်အဖွဲ့ အစည်းတွေ တစ်နည်းအားဖြင့် လူမရှိတဲ့ လက်နက်ကိုင် အဖွဲ့ငယ်လေးတွေ ကို အားပြုဖွဲ့စည်းထားသော UNFC ဆိုတာ အနာဂတ်ကာလမှာ ဘာတွေ စွမ်းဆောင်ပြ မလဲဆိုတာ စိတ်ဝင်စား စရာလည်း ဖြစ်ပါသည်။ သို့သော် လောလောလတ်လတ် လုပ်ကိုင်မှုများကို ကြည့်ခြင်း အားဖြင့် အများ အမြင်မှာသာ UNFC ဆိုတာ အင်အားကြီး ချင်ယောင်ဆောင်ထားပေမယ့် တကယ့် လက်တွေ့မှာ ဘာတစ်ခုမှ လုပ်မပြနိုင်တဲ့ စက္ကူကျားတစ်ကောင်အဖြစ်သာ သတ်မှတ်ခံနေ ရပြီဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

နေ၀န်းသစ်

ဖွတ်ထွက်မှ တောင်ပို့မှန်း သိတယ်

Posted by Unknown Tuesday, September 02, 2014, under | No comments



NLDပါတီရဲ့ သုတေသနဌာနမှူး ဦးမျိုးရန်နောင်သိမ်း ဆိုလို့ ဆင်ကြီးလား၊ ဂဠုန်ကြီးလား.. တလေးတစား ကြည့်မိပါတယ်။ ခုထိတိုင် ကျောင်းမပြီးနိုင်ကြသေးတဲ့ အကျော်ဋေးယျ ၈၈မျိုးဆက်ကကို။

ကျောင်းသားကြီးရဲ့ ထေရုပ္ပတ္တိကလည်း အားလုံးသိရှိထားတော်မူတဲ့အတိုင်း အရင်အစိုးရစကားအရ နိုင်ငံတော် ရဲ့ တည်ဆဲဥပဒေတစ်ခုခုကို ချိုးဖောက်ထားသူ ထောင်ထွက်တစ်ဦး၊ (ပန်းစကားအရဆိုရင် နိုင်ငံရေး အကျဉ်းသားပေါ့ဗျာ။

သူနဲ့အတူတွဲဖက်လှုပ်ရှားခဲ့တဲ့ အထင်ကရပုဂ္ဂိုလ်တွေကတော့ လှည်းကူဘက်မှာ ၈၈မျိုးဆက် အိမ်ထောင်ရှင် အမျိုးသမီး မမီးမီးနဲ့အတူ ရာဘာခြံထဲမှာ ရက်ပေါင်းအတော်ကြာနေထိုင်ခဲ့တဲ့ အပြင် ဒေါ်စန္ဒာမင်းနဲ့ ပုဂံသတင်းတွေ သင်းခဲ့တဲ့ ကိုဌေးကြွယ်၊နုတင်-ဆွေငြိမ်းထဲက နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦးရဲ့ သမီးဖြစ်သူ (ကလေး၎ယောက်အမေ)နဲ့ ငြိစွန်းတယ်လို့ သတင်းထွက်ပေါ်ခဲ့ဖူးတဲ့ ဘောကြီး(ခ) ကိုကျော်စိုးနိုင် စသူတို့ပဲ ဖြစ်ပါ တယ်။

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့အခါ အနှီပုဂ္ဂိုလ်ကြီးဟာ နိုင်ငံခြားNGOတွေရဲ့ အထောက်အပံ့တွေ ရယူပြီး နိုင်ငံရေး အံတုမှုသင်တန်း (ဗေဒါ Institue) တစ်ခုကို မဲဆောက်ဘက်မှာ ဖွင့်လှစ် ခဲ့ပါတယ်။ ဦးသိန်းစိန်လက်ထက်မှာ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်တွေ ရလာတော့ အဲဒီသင်တန်းကို ပြည်တွင်းမှာ ပြောင်းရွှေ့ဖွင့်လှစ်ဖို့ ကြိုးစားခဲ့ပြီး စမ်းချောင်းဘက်မှာ အခြေပြုလှုပ်ရှားဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် စမ်းချောင်းမှာ အိမ်ရှင်က လက်မခံတော့ သင်္ကန်းကျွန်းဘက်ကို ပြောင်းရွှေ့ဖွင့်လှစ်ပါတယ်။ သင်တန်းသား စုဆောင်းဖို့အတွက် အတိုက်အခံပါတီကြီးတစ်ခုက တာဝန်ယူခဲ့ပြီး ကနဦးမှာ အဆင်ပြေခဲ့ပေမယ့် သင်တန်းမှူးရဲ့ လူမှုရေးဖောက်ပြန်မှုကျော်ဇောသတင်းကြောင့် လူသစ်စုဆောင်းဖို့ နောက်ပိုင်းမှာ အခက်အခဲ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒီမှာတင် NLDပါတီက ထင်ပေါ်လို့ စင်တော်က ကောက်ခဲ့ပြီး ပါတီသုတေသန ဌာနမှူးရာထူးကို ပေးအပ်ခဲ့ ပါတယ်။ ဒါကတော့ အွန်လိုင်းမှာရောအပြင်မှာပါ လူပြောသူပြောများတဲ့ ၄င်းရဲ့ နောက်ခံဘက်ဂရောင်း သမိုင်းကြောင်းပါ။

နောက်တစ်ပိုင်းကတော့ NLDပါတီနဲ့ အယူအဆ၊ အတွေးအမြင် ကွဲလွဲကြသူတွေအပေါ် (ပါတီကြီးတစ်ခုရဲ့ တာဝန်ရှိသူ တစ်ယောက်အနေနဲ့ အဆင့်နှင့်မလျော်ညီစွာ) ရင့်ရင့်သီးသီး နှုတ်မစောင့်စည်းပဲ ဖေ့ဘုခ် စာမျက်နှာပေါ်မှာ ရေးသားလှုံ့ဆော်မှုတွေနဲ့ pressမီဒီယာပေါ်မှာ ပြောဆိုတုန့်ပြန်မှုတွေကို တင်ပြပါရစေ။
သူရဲ့ ဖေ့ဘုတ်ခ်စာမျက်နှာထက်မှာ မျိုးချစ်အကောင့်အချို့နဲ့ NLDပါတီအပေါ် ဆန့်ကျင်ဘက် အမြင်ရှိကြသူတစ်ချို့ကို ခွေးနဲ့ခိုင်းနှိုင်းရေးသားခဲ့သလို အင်တတာဗျူးတစ်ခုမှာလည်း သမ္မတဦးသိန်းစိန်အား သနားစရာကောင်းသဖွယ် ရေးသားမှုများ၊ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ၊ အမျိုးဘာသာ သာသနာအရေး ကြိုးပမ်းနေသူများအား ရင့်သီးစွာဝေဖန်ထားတာတွေ ပလူပျံအောင် တွေ့ရှိ လာရပါတယ်။

ဦးစွာပြောလိုတာကတော့ ဦးမျိုးရန်နောင်သိမ်းအနေနဲ့ ပြည်တွင်းမှာရော ပြည်ပမှာပါ NLDပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လေးစားကြည်ညိုသူတွေ ရှိသလို၊ မကြည်ညို မလေးစားသူများ ရှိနိုင်တယ် ဆိုတာကိုလည်း လက်ခံထားရမယ့်အချက်ပဲ ဖြစ်ပါတယ်။ အယူအဆကွဲလွဲမှုတွေကို အပြုသဘောအရ ထောက်ပြဝေဖန်သူတွေ ရှိနိုင်သလို လုပ်သမျှ ဆန့်ကျင်ရှုတ်ချ နေသူတွေလည်း ရှိကောင်းရှိနေပါ လိမ့်မယ်ဆိုတာ လက်ခံနိုင်ရပါမယ်။ ၁၉၉၀ရွေးကောက်ပွဲကာလကနေ ခုချိန်ထိ NLDပါတီအပေါ် အားပေး ထောက်ခံသူတွေ တသမတ်ထဲရှိနေပြီး ယုတ်လျော့မှုမရှိဘဲ ဒီထက်ပို တိုးတက်ဖို့ပဲရှိတယ်လို့ တရားသေဆုပ်ကိုင်ကာ လှေနံဓားထစ်ယူဆလို့မရသလို NLDပါတီအပေါ် ထောက်ပြဝေဖန်ကန့်ကွက် နေသူတွေဟာလည်း ဒီပုပ်ထဲကဒီပဲလို့ ၀ါးလုံးရှည်နဲ့သိမ်းရမ်းရင် မမှန်နိုင်ပါဘူး။ သုတေသနအတွင်းရေးမှူး တစ်ယောက်အနေနဲ့ ကိုယ့်ပါတီရဲ့ အားနည်းချက်/ အားသာချက်တွေကို မညှာတမ်း ဝေဖန်ဆန်းစစ် တတ်ဖို့လိုသလို ဆန့်ကျင်ဘက်အုပ်စုက ဝေဖန်ထောက်ပြမှု တွေကို ထည့်သွင်းစဉ်းစားသင့်က စဉ်းစားရမှာဖြစ်ပါတယ်။ ပယ်သင့်တာပယ်ပြီး ဆယ်သင့်တာဆယ်ရမှာပဲ ဖြစ်ပါတယ်။ဒါ့အပြင် (သုတေသနမှာ ငါ့တေသနမပါဘဲ) တစ်ဘက်ထဲကိုပဲ မဲနေပြီး ကိုယ့်မျက်ချီး(ချေး)ကို မမြင်ဘဲ ကိုယ်လိုရာကောက်ချက်ဆွဲလို့ မဖြစ်နိုင်ပါဘူး။ NLDပါတီက အမာခံဘက်တော်သား(အတွင်းစည်းဟုယူဆရသူများ)အကောင့်တွေရဲ့ အနက်ရောင် လုပ်နည်းလုပ်ဟန် တွေကိုထိန်ချန်ပြီး တစ်ခြားသူတွေကို မညှာမတာဝေဖန်တာဟာ သမာသမတ်ကျတဲ့ လူကြီးလူကောင်း တစ်ဦးရဲ့ စရိုက်လက္ခဏာ မဟုတ်ဘူးလို့မှတ်ယူရမှာ ဖြစ်ပါတယ်။ တစ်ဘက်ကတွေးကြည့်ရင်လည်း NLDပါတီအပေါ် ထောက်ခံသူတွေ နည်းသည်ထက် နည်းလာလို့ မလိုတမာပြောလာသလား စဉ်းစားဖွယ်ရာပါ။

ဒါတင်မက ဒီလို အမြင်ကျဉ်းမြောင်းစွာနဲ့ တစ်ဘက်စောင်းနင်း ပြောဆိုရေးသားခြင်းတွေဟာ လွတ်လပ်စွာ အတွေးအမြင် ကွဲပြားခွင့်၊လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ဆိုတဲ့ ဒီမိုကရေစီစံနှုန်းတွေထဲက သဘောမျှကို ကိုယ်တိုင် မလိုက်နာ၊မကျင့်သုံးနိုင်ခြင်းဖြစ်ပြီး ပါးစပ်ကသာ ဒီမိုကရေစီ တွင်တွင်မြည်နေပေမယ့် ဒီလိုအခြေခံအချက်လက် တွေကိုတောင် နားလည်လက်ခံ မပေးနိုင်လောက်အောင် ငါ့နဲ့မတူ ငါ့ရန်သူလို သဘောထားနေတာက ၄င်းရဲ့မပြည့်ဝမှုနဲ့ သဘောထား သေးသိမ်မှုကို တိတိပပဖော်ပြနေတယ်လို့ ယူဆရမယ့်အပြင် ပါတီရဲ့ ရပ်တည်မှု၊ မိမိကိုယ်စားပြုရာ ပါတီရဲ့သဘောထားဟာလည်း ဒီလိုပဲလားလို့ ထင်မြင်ယူဆ သုံးသပ်စရာ ဖြစ်လာပါတယ်။ ဒီလိုမရင့်ကျက်တဲ့ ပုဂ္ဂိုလ်မျိုးတွေနဲ့ စုဖွဲ့ထားတဲ့ ပါတီကြီးတစ်ခုရဲ့လက်ထဲ အာဏာဘယ်လိုလွှဲမလဲဆိုတဲ့ အတွေးမျိုးအမြင်မျိုးကို (ပြည်သူတွေ) တွေးတောသုံးသပ်လာစေတဲ့အထိ နောက်ဆက်တွဲ ဂယက်ရိုက်စေနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။

တကယ်က အမျိုးဘာသာ သာသနာအရေးမှာ နှာစေးချောင်းဆိုးနေတာကြာပြီဖြစ်တဲ့ ပါတီကြီးတစ်ခုကို အမြင်မကြည်လင်ကြတာ ကြံ့ဖွံ့မှမဟုတ်ပါ။ စစ်ခွေးမှ မဟုတ်ပါ။ သူများယောင် အမောင်တောင်မှန်း မြောက်မှန်း မသိသူများနဲ့ အရင်အစိုးရလက်ထက်က နှိပ်ကွပ်ခံအစွန်းရောက်များမှအပ အမျိုးသားရေး ကိုယ်ခံအင်အားရှိပြီး ဆင်ခြင်တုံတရားပြည့်ဝသူများက ဘယ်သူဘယ်စကားဟရင် ဗိုက်ထဲမှာ အူဘယ်နှစ်ခွေရှိသည်ကို သိနေကြပြီ ဖြစ်ပါသည်။ဘယ်ပါတီ ဘယ်လိုရှိပြီး ဘယ်ခြေလှမ်း လှမ်းမည်ကို သိနေကြပါပြီ။

ယခင်ခေတ်ကာလကဲ့သို့ လူတိုင်းကို မိမိပါတီ၏ ဘောင်းတော်ညိတ်၊စိတ်တော်ကျဟု ယူဆ၍မရ။ ပြည်ပ သည်လည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည်။ လတ်တလော TIMEမဂ္ဂဇင်းမှ ထုတ်ပြန်သည့် ကမ္ဘာ့သြဇာ အရှိဆုံး လူအယောက် (၁၀၀)တွင် သမ္မတဦးသိန်းစိန် ၂နှစ်ဆက်ပါဝင်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်း မရှိတော့။ကိုယ့်အကြောင်းကို ကြည့် ၊ကိုယ့်ဝမ်းနာ ကိုယ်သိဖို့လိုပေပြီ။ ထင်တစ်လုံး မြင်တစ်လုံးနှင့် ငါတကော ကောနေပါက သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်ဆိုသော နိယာမအတိုင်း မိမိနှင့် မိမိပါတီကို ထို့ထက်ပို ထိုးနှက်ခံရဖွယ်ရှိသည်။ မိမိအားနည်းချက်ကို အမြန်မဖာထေးနိုင်က ကျဆုံးခြင်းကိုသာ ၀မ်းနည်းပက်လက် ထွေးပိုက်ရပေမည်။

သို့သော် ယခုချိန်တိုင်သည်အထိ အမြင်မှန် ရရှိဖို့ဝေးစွ။ အမုန်းအာဃာတနှင့် မဲမဲမြင် ရမ်းချင်သည်ကိုသာ ကြုံနေရသည်။ အာဏာမရခင် အာဏာပြနေကြသည်ကိုသာ တွေ့ရသည်။ မပြည့်သည့်အိုး ဘောင်ပင် ခတ်နေသည်ကိုသာ ကြားနေရသည်။ ထို့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကလွဲရင် ကျန်တာအရည်အချင်းမရှိဘူး ..ထောင်တွင်း အတွေ့အကြုံပြိုင်ပွဲကလွဲလို့ ကြိုက်တဲ့နေရာ ယှဉ်ရဲသည် … စသည်ဖြင့် ဘူးလက်ကြီးက ပြောင်ပြောင်တင်းတင်း စိန်ခေါ်ရဲခြင်းဖြစ်မည်ဆိုသည်ကိုလည်း တွေးမိလိုက် ပါ၏။

Credit:Aung Zay

UNFC ကြောင့် ငြိမ်းချမ်းရေး အလှမ်းဝေးနေရအုံးမှာလား

Posted by Unknown Tuesday, September 02, 2014, under | No comments



သြဂုတ်လ (၂၆) ရက်နေ့မှ ယနေ့ထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဒွိုင်စကစ်မြို့နယ်၊ ၀မ်ထမ်ဟိုတယ်တွင် ကျင်းပပြုလုပ်နေသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ နှင့် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးပါတီ အင်အားစုများ တွေ့ဆုံဆွေးနွေးပွဲအား ငြိမ်းချမ်းရေးကိုစိတ်ဝင်စားသည့်သူတိုင်းသိကြလိမ့် မည် ထင်ပါသည်။ ငြိမ်းချမ်းရေး ဟူသော ခေါင်းစဉ် အောက်တွင် နိုင်ငံရေးအဖွဲ့စည်းပေါင်းများစွာ၊ ကော်မတီပေါင်းများစွာ၊ အသင်းအဖွဲ့ပေါင်း များစွာ ပေါ်ပေါက် လာခဲ့ရာမှ ၄င်းအဖွဲ့စည်း ပေါင်းများစွာ ထဲတွင်တိုင်းရင်းသား လူမျိုးများကို ကိုယ်စား ပြုသည် ဟု ကြွေးကြော် ထားသော UNFC-( United Nationalities Federal Council) ၏အကြောင်းကို ကျွန်ပ် အနေဖြင့် အနည်းငယ် ရေးသားလိုပါသည်။

ပထမဦးစွာ UNFC စတင်ဖွဲ့စည်းဖြစ်ပေါ်လာပုံကို ဖော်ပြချင်သည်။ UNFC ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၊စမ်ဆိုင်းမြို့နယ်တွင် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကော်မတီ(CEFU)မှ ဦးစီး၍ ကျင်းပခဲ့သော တိုင်းရင်းသားလူမျိုးများညီလာခံ၏ဆုံးဖြတ်ချက်များအရ (KIO) ၊ (KNU)၊ (KNPP)၊ (CNF)၊ (NSMP)၊ (SSPP)၊ (PNLO)၊ (PSLF)၊ (ANC)၊ (LDU)၊ (WNO)၊ (KNO) အစရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၂) ဖွဲ့ တို့ဖြင့် စတင် ဖွဲ့စည်းခဲ့သည်။သို့သော်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများတွင် အင်အား အကြီးမားဆုံးဖြစ်သည့် “၀” (UWSA ) နှင့် သူ၏မဟာမိတ် အဖွဲ့ဖြစ် သည့် (NDDA) မိုင်းလား အဖွဲ့တို့ပါဝင်ခဲ့ခြင်းမရှိခဲ့သည်ကို တွေ့မြင်ရပေလိမ့်မည်။ “၀” အဖွဲ့မှာ အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးဖြစ်သဖြင့် မပါဝင်လိုကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ RCSS/SSA ခေါင်းဆောင်ရွက်ဆစ်မှာလည်း UNFC၏ကမ်းလှမ်းမှုကို ပယ်ချခဲ့ပေ သည်။ ထို့ကြောင့် UNFC တွင်လက်နက်ကိုင်အဖွဲ့ (၁၂) ဖွဲ့ ပါဝင်သည်ဟုဆို သော်ငြားလည်း လောက်လောက်လားလား အင်အား ကြီးမားသည့် အဖွဲ့ဟူ၍ KIA ၊ KNU နှင့် SSPP အဖွဲ့ တို့သာပါဝင်ခဲ့ပြီး ကျန်အဖွဲ့ငယ်များမှာ အမည်ခံ သဘောသာ ပါဝင် ခဲ့သည် ကို တွေ့ရှိ ခဲ့ရပေသည်။ အဖွဲ့၏ ဥက္ကဌရာထူးကို KIO ဒုတိယ ဥက္ကဌ အင်ဘန်လမှ တာဝန်ယူ ထားခဲ့ပြီး ကျန်သည့် ခေါင်းဆောင်ပိုင်း ရာထူးများကိုလည်း KIO၊ KIA နှင့် KNU တို့မှ အကြီးအကဲများကသာ ချုပ်ကိုင် ထားခဲ့သည် ကိုတွေ့ရှိခဲ့ရသည်။ ပွင့်လင်းစွာ ဆိုရလျှင် UNFCသည် တိုင်းရင်း သားအားလုံးကို ကိုယ်စားပြုသည်ဟု ဆိုထားသော်ငြားအဖွဲ့စည်း စတင်ဖွဲ့စည်း ကတည်းက တိုင်းရင်းသားအဖွဲ့အားလုံးမပါဝင်ခြင်းနှင့် အဖွဲ့အတွင်းတွင်လည်း KIO၊ KIA အစရှိသည့် အင်းအားကြီးအဖွဲ့များသာ အကြီးအကဲပိုင်းရာထူးများကို တာဝန်ယူထားသဖြင့် ၄င်းတို့ အဖွဲ့သည် တိုင်းရင်းသား အားလုံးကို ကိုယ်စား မပြုဆိုသည် မှာအထင်ရှားပင်ဖြစ်ပေသည်။ 
ဤသို့ဖြင့် UNFC ဖွဲ့စည်းလာခဲ့သည်မှာ ၃နှစ်ကျော်ကြာမြင့်ခဲ့လေပြီ။ ၃နှစ်ကျော် အချိန် ကာလတစ်ခု အတွင်းတွင် UNFC အနေဖြင့် တိုင်းရင်းသားလူမျိုးများ အကျိုးအတွက် မည်သို့သော အကျိုးပြုမှုများကို ဆောင်ရွက်ခဲ့သလဲဟုမေးလာ လျှင်တော့ မရှိပါဟုသာဖြေရပေလိမ့်မည်။ ဦးစီးအဖွဲ့များအားအကြိမ်ကြိမ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး အကြီးကဲခေါင်းဆောင် ရာထူးကိုတော့ KIO ကသာချုပ်ကိုင်ထား သည်ကိုတွေ့ရှိရပေ လိမ့်မည်။ အစိုးရနှင့်ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင်လည်း မဖြစ်နိုင်သော တောင်းဆိုမှုများကိုသာ တောင်း ဆိုပြီး အချိန်ဆွဲလာခဲ့သည် ကိုတွေ့မြင်ရပေလိမ့်မည်။ မည်သို့ပင် ဆိုစေကာမူ UNFC အဖွဲ့သည် EUနှင့် ဂျပန်နိုင်ငံတို့ ၏ အထောက်အပံ့များနှင့်ရပ်တည်နေဆဲဖြစ်သည်။ အဖွဲ့ဝင်များ၏ ကျန်းမာရေး၊ နေထိုင်မှု၊ သက်သာချောင်ချိရေး အစရှိသည်တို့ကို ၄င်းအဖွဲ့များမှထောက်ပံ့လျှက်ရှိပေသည်။ ခေါင်းဆောင် ပိုင်းများ အနေဖြင့်လည်း နိုင်ငံရပ်ခြားသို့ မကြာခဏ သွားရောက်လျှက်ရှိကြပေသည်။ ၄င်းစားရိတ်များသည် EU နှင့် ဂျပန်တို့၏အထောက်အပံ့များသာဖြစ်ပေသည်။ 
ယခုအခါတွင်ပြည်သူအားလုံးစိတ်ဝင်စားနေသော ထိုင်းနိုင်ငံ ၊ ဒွိုင်စကစ်မြို့နယ် တွင်ကျင်းပနေသော တွေ့ဆုံ ဆွေးနွေးပွဲမှ KNU နှုတ်ထွက်သွားခဲ့ပေပြီ။ KNU ဘာ့ကြောင့်နှုတ်ထွက်ခဲ့သလဲ ဆိုလျှင် UNFC ၏တစ်ဖက်သတ် ရေးဆွဲ နေသော ဖွဲ့စည်းပုံကိုသဘောမတူ၍သာဖြစ်ပါသည်။ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်း လာရေးတွင် တိုင်းရင်းသား ကိုယ်စားလှယ်များမှအလှည့်ကျကာကွယ်ရေးဦးစီးချုပ် ပြုလုပ်ရေး၊ တိုင်းရင်းသားစစ်တိုင်းများ ဖွဲ့စည်းရန် ဖွဲ့စည်းပုံ အင်အား တင်ပြရေး အစရှိသည်တို့အပြင်အခြား မဖြစ်နိုင်သည့် အချက်များသည် ဆွေးနွေးဖြေရှင်း သည့် လမ်းစဉ်မဟုတ်၊ ထိပ်တိုက် ရင်ဆိုင်ရန်လမ်းစဉ် သာဖြစ် သည်ဟု ဆိုကာ သဘောမတူနိုင်သဖြင့်နှုတ်ထွက်ခဲ့ခြင်းဖြစ်ပေသည်။ KNU သည်အစိုးရနှင့် ပြည် ထောင်စုအဆင့်အပစ်ခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားသည့်အဖွဲ့စည်းတစ်ခုဖြစ်ပြီးသူ၏မူဝါဒများသည်ငြိမ်းချမ်း ရေးကိုသာရှေ့ရှုသည့်မူဝါဒများဖြစ် သည့်အတွက်ဆွေးနွေးပွဲမှနှုတ်ထွက်ခဲ့ခြင်းဖြစ်ပေသည်။ ငြိမ်းချမ်းရေး အမှန် တကယ် ဖော်ဆောင် လိုသည့်အဖွဲ့စည်းများနှုတ်ထွက်သွားခြင်း ကိုကြည့်ခြင်း အားဖြင့် လည်း UNFC၏တစ်ဖက်သတ် မူဝါဒများကို ရှင်းလင်းစွာသိရှိနိုင်သည်။ 
အချုပ်အားဖြင့်ဆိုသော် UNFC သည်အစိုးရမှ တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင် နေချိန်တွင် ပြည်ပအထောက်အပံ့များရ ယူကာ မဖြစ်နိုင်သည်များပြောဆိုနေခြင်းက ငြိမ်း ချမ်းရေး ကို အမှန်တကယ် မလိုလား သောအဖွဲ့စည်းဖြစ်သည်ဟုသာသတ်မှတ်ရပေမည်။ တိုင်းရင်းသား အဖွဲ့ငယ်များကို စည်းရုံး၍ ငြိမ်းချမ်းရေး အမည်ခံကာ နိုင်ငံရေးလုပ်စားနေသော နိုင်ငံရေးအဖွဲ့စည်း တစ်ခုသာဖြစ်ပေ လိမ့်မည်။ ယခုကဲ့သို့ KNU လိုအဖွဲ့အစည်း တစ်ခုနှုတ်ထွက်သွားခြင်းဟာသည်လည်း ၄င်းတို့ အဖို့ကြီးမားသော ဆုံးရှုံးမှု တစ်ခုဖြစ်လာနိုင်ပြီး ဟန်ပါပါ ၊ အသံသာရှိ၊ အဆံမရှိသည့် သင်္ကြန် အမြှောက်ကဲ့ သို့သာဖြစ်ပေတော့မည်။ တိုင်းရင်းသားအားလုံးစုပေါင်းပါဝင်သည့် အရှေ့တောင်အာရှတွင် အင်အားအကြီးမားဆုံး တစ်ခုတည်းသော ဖက်ဒရယ် တပ်မတော်ကြီးဖြစ်လာရန်၊ တိုင်းရင်းသား ဒေသ အားလုံး တည်ငြိမ်အေးချမ်း လျှက် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်လာရန်၊ အစိုးရနှင့် တိုင်းရင်းသား အားလုံး တက်ညီ လက်ညီဖော်ဆောင်နေချိန်တွင် UNFC အဖွဲ့စည်းကြောင့် အားလုံးလို ချင်နေသည့် ငြိမ်းချမ်းရေးသည် အလှမ်း ဝေးလျှက် ရှိနေအုံးမှာ လားဟု ရေးသားဖော်ပြလိုက်ရပါသည်။ 
မင်းထက်သာ (ဗဟန်း)

Monday, September 01, 2014

လူ့အခွင့်အရေးနှင့် အုပ်ချုပ်ရေး မဏ္ဍိုင်

Posted by Unknown Monday, September 01, 2014, under | No comments


လူသား တစ်ဦးချင်း စီသော် လည်းကောင်း၊ အဖွဲ့အစည်း တစ်ခုချင်း စီသော် လည်းကောင်း၊ 
လူသားတစ်ဦး နှင့် အဖွဲ့အစည်း တစ်ခုတွင်သော် လည်းကောင်း ဆက်ဆံ ကြရတွင် 
R သုံးလုံး၏ ဆက်နွှယ်မှုကို အလေးထား မှသာ လူ့အခွင့်အရေး ပီသပါမည်။

R သုံးလုံး ဟူသည် ပထမ R သည် အခွင့်အရေး (Right) ၊ ဒုတိယ R သည် လေးစားမှု (Respect)၊ တတိယ R သည် တာဝန်ခံမှု (Responsbility) တို့ဖြစ်ပါသည်။
အဆိုပါ R သုံးလုံး ၏ ဆက်နွှယ်မှု မှာ အခွင့်အရေး ဟူသည် အသိအမှတ် ပြုခြင်းနှင့် တာဝန်ခံမှုတို့ ပေါင်းစပ်ခြင်း Right = Respect + Responsbility ပင် ဖြစ်ပါသည်။

ဆိုလိုသည် မှာ လူ့အခွင့်အရေး ဟူသည် တစ်ပါးသူတို့၏ အခွင့်အရေး နှင့် ဂုဏ်သိက္ခာကို အသိအမှတ် ပြုခြင်းနှင့် တစ်ပါးသူ၏ အခွင့်အရေး နှင့် ဂုဏ်သိက္ခာ အပေါ်မိမိ၏ အပြုအမူအား တာဝန်ယူမှုပင် ဖြစ်ပါသည်။သို့ဆိုလျှင် လူ့ အခွင့်အရေး ၏ တရား ကိုယ်သဘောသည် ကိုယ့် အခွင့်အရေး မဟုတ်ပါဘဲ သူ့ အခွင့်အရေး သာလျှင် ဖြစ်ပါသည်။

ကိုယ်ကလည်း သူ့ အခွင့်အရေးကို လေးစား၊ သူကလည်း ကိုယ့် အခွင့်အရေးကို ပြန်လေးစားခြင်း သည်သာလျှင် လူ့ဘောင် လူ့လောက၏ လူ့အခွင့်အရေး အစစ်ပင် ဖြစ်ပါသည်။
မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏ ပြုပြင်ရေး လမ်းကြောင်း အောက်ဝယ် လူ့ အခွင့်အရေး ဟူသော စကားရပ်သည် အလွန်တွင်ကျယ် နေသလောက် အသုံးလည်း များလာချေသည်။

လူ့ အခွင့်အရေး ဟူသော ဘောင်အောက်ဝယ် များစွာသော ဆန္ဒပြ မှုများကို ပြုလုပ် နေကြသည်။ အုပ်ချုပ်ရေး မဏ္ဍိုင် ကလည်း တည်ဆဲ ဥပဒေအရ တရားစွဲဆို အရေးယူ မှုများစွာ ပြုလုပ် နေရသည်။ မည်သူတို့က မှားနေသနည်း။ လူ့ အခွင့်အရေး လှုပ်ရှား မှုများနှင့် အရေးယူမှုများ အပေါ်တွင် အမှား အမှန်ကို ဝေဖန် နေရုံမျှဖြင့် အလုပ်ဖြစ်မည် မဟုတ်ပေ။

ပြည်သူများ အနေဖြင့်လည်း လူ့ အခွင့်အရေး ဆိုသည်ကို ကောင်းစွာ သဘောပေါက်မှု ရှိပြီး အစိုးရ အနေဖြင့်လည်း လူ့ အခွင့်အရေးကို စေတနာ အမှန်ဖြင့် အသိအမှတ်ပြု လေးစားလျှင် လူ့ အခွင့်အရေးကို အခြေတည်သော ဆန္ဒပြမှုများ တဖြည်းဖြည်း လျော့ပါး သွားနိုင်သကဲ့သို့ ဥပဒေအရ ဟုဆိုပြီး အရေးယူ အပြစ် ပေးနေသော ဖြစ်စဉ်များလည်း တဖြည်းဖြည်း လွင့်ပါး ပျောက်ကွယ် သွားနိုင်ပါသည်။

သို့သော် ယခုအခါမှာ လူ့အခွင့်အရေး...လူ့အခွင့်အရေး Right.. Right ဟုဆိုကာ တောင်းဆိုနေကြသော်လည်း Right သာရှိပြီး Responsbility မပါဘူးဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ တာဝန်ခံနိုင်မှုအပိုင်းမှာ နတ္ထိပင်ဖြစ်သည်။ အစိုးရအနေနှင့်ကတော့ သူသည် အစိုးရဖြစ်သဖြင့် ဥပဒေအတိုင်းဆောင်ရွက်ရမည်မှာ အမှန်ဖြစ်သည်။
အရေးယူသည့်အပိုင်းတွင် ပြင်းတာနှင့် ပျော့တာသာ ကွာခြားသွားပေလိမ့်မည်။
လူသားတိုင်းသည် နယ်မြေ တစ်ခုခုတွင် နေထိုင်ပြီး အုပ်ချုပ်မှု တစ်ရပ်ရပ် အောက်တွင်
ရပ်တည် ကြရသည်မှာ ငြင်းပယ်ရန် ခက်ခဲသော အခြေအနေပင် ဖြစ်ပါသည်။

ထို့အတွက် နိုင်ငံ တစ်နိုင်ငံရှိ နိုင်ငံသားများ အနေဖြင့်လည်း ထိုနိုင်ငံ၏ အုပ်ချုပ်ရေး မဏ္ဍိုင် အောက်ဝယ် ရှင်သန်ရပ် တည်ရပေလိမ့်မည်။ အုပ်ချုပ်ရေး မဏ္ဍိုင် အနေဖြင့် နိုင်ငံသားများကို အုပ်ချုပ် စီမံရာတွင် မည်သည့် အကျိုးကို ဦးစားပေး စီမံ အုပ်ချုပ်သည် ဆိုသည်မှာ အုပ်ချုပ်ရေး စနစ် အမျိုးမျိုး ရှိသည့်အတွက် ကွဲပြားမှုတော့ ရှိပါမည်။

ပြည်သူများ အနေဖြင့် လူ့ အခွင့်အရေး ဆိုသည်ကို ကောင်းစွာ သဘောပေါက်မှု ရှိပြီး 
အစိုးရ အနေဖြင့်လည်း လူ့ အခွင့်အရေးကို စေတနာ အမှန်ဖြင့် အသိအမှတ်ပြု လေးစားကာ လုပ်ဆောင်သွားမည်ဆိုလျှင် လူ့ အခွင့်အရေးကို အခြေတည်သော ဆန္ဒပြမှုများ 
တဖြည်းဖြည်း လျော့ပါး သွားနိုင်သကဲ့သို့ အရေးယူ အပြစ် ပေးနေသော ဖြစ်စဉ်များလည်း 
တဖြည်းဖြည်း လွင့်ပါး ပျောက်ကွယ်သွားမည်မှာ မလွဲမသွေဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

Friday, August 01, 2014

မြန်မာပြည်က ကျားမိခင်များ

Posted by drmyochit Friday, August 01, 2014, under | No comments


မကြာသေးမီက ဟောင်ကောင်မှ မိခင်များကို သတင်းမီဒီယာများက ကျားမိခင်များဟုတင်စားကြ သလို မြန်မာပြည်မှာလည်း ကလေးတွေအတွက် ကျားမိဘတွေ တော်တော်များလာနေပါပြီ။ အထူးသဖြင့် ရန်ကုန်မြို့နှင့်မြို့ကြီးများက ပညာတတ်အသိုင်းအဝိုင်းမှာဖြစ်ပါသည်။ ကျားမိဘ၊ ကျားမိခင်ဆိုသည်မှာ ကလေးများကို ကျောင်းပညာရေးမှာ ထွန်းထွန်းပေါက်ပေါက်ဖြစ်လာစေရေး အတွက် နားချိန်မပေးဘဲ အတင်းအကျပ်ဖိအားသုံးပြီး ကျောင်းစာကိုလုပ်ခိုင်းနေသော မိခင်များ (သို့မဟုတ်)မိဘများကို ဟောင်ကောင်မှာခေါ်ကြသည့် စကားလုံးဖြစ်သည်။

ဟောင်ကောင်က ကလေးများသည် ကမ္ဘာပေါ်မှာ ပညာရေးထိပ်တန်းအဆင့်ရှိ နေကြသည်။ စာပေနှင့်သင်္ချာ။ သိပ္ပံပညာတွေမှာ ဟောင်ကောင်ကလေးများက ကမ္ဘာ့ထိပ်တန်းအဆင့် နိုင်ငံ ၇၀မှာ အဆင့်သုံး (သို့မဟုတ်) လေး အဆင့်လောက်မှာရှိသည်။

သို့သော်လည်း ကလေးများအတွက် ရည်မှန်းချက်ကြီးလွန်းလှသည့် မိခင်၊ ဖခင်တွေက သူတို့ ကိုယ်တိုင်ရော ကလေးများကိုပါ တတ်နိုင်သမျှကျောင်းစာကိုသာ လုပ်စေပြီး ကျောင်းပညာရေးမှာ အမှတ်ကောင်းရဖို့ အသေအကျေလုပ်ကြသည်။ သို့အတွက် ဟောင်ကောင်ရှိကလေးများမှာ အိပ်ရေးတွေပျက်၊ စိတ်ဓာတ်တွေကျ၊ စိတ် ဖိစီးမှုများကာ ကလေးသဘာဝ ပျောက်ပြီး မပျော်နိုင်ကြ။ ထို့ ကြောင့် ဟောင်ကောင်ရှိ ကျား မိခင်တွေကို ဝေဖန်ပြစ်တင်သံများ ညံလာခဲ့ပြီး အစိုးရကပင် ထိုပြဿနာကို အရေးတယူစဉ်းစား လာခဲ့သည်။

မြန်မာပြည်မှာလည်း ဟောင်ကောင်နီးနီး အခြေအနေမဆိုးပေမယ့် မြို့ပြတွေမှာ မိဘအတော် များများက ကျားမိခင်ပုံစံတွေဖြစ်နေကြသည်။ ပညာခေတ်ဖြစ်သည့်အတွက် ကလေးတွေကို ငယ်စဉ်ကတည်းက ပညာတတ်စေချင်လှသည်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦးအပြိုင်အဆိုင်ကလေးများကို ပညာရေးအတွက် အပြတ်စခန်းသွင်းမောင်းနှင်ကြသည်။ ထိုအခါ ကလေး၏အရွယ်အလိုက် ပျော်ရွှင်မှုများ၊ စွမ်းရည်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုများကို ဖျက်ဆီးသလိုဖြစ်နေကြသည်။ ရန်ကုန်မြို့ ပုဇွန်တောင်မှာနေသော လင်းသော်တာကြည်သည် အသက် (၆)နှစ်သာရှိပြီး ပထမတန်း ကျောင်းသူဖြစ်ပါသည်။ သူသည် မနက်စောစောကတည်းက ကျောင်းတက်ရသည်မှာ တစ်နေကုန်ဖြစ်သည်။ ကျောင်းကပြန် လာလျှင် ကျောင်းကဆရာမကျူရှင်ကိုတန်းသွားရသည်။ ကျူရှင်ပြီးသောအခါ အိမ်ပြန်လာပြီး မိခင်နှင့်အတူ အိမ်စာလုပ်ရသည်။ ပိတ်ရက်များတွင်တော့ အင်္ဂလိပ်စာနှင့် တရုတ်စာသင်တန်းတက် ရသည်။ သူ့မှာ ကစားချိန်မရှိသလို တစ်နေကုန်စာလုပ်နေရသည်။ ကျောင်းက လပတ်စာမေးပွဲများတွင် ဘာသာစုံ အမှတ်တစ်ရာနှင့်အဆင့်တစ် အမြဲဖြစ်နေအောင် အားထုတ်ရ၏။ နို့မဟုတ်ပါက မိခင်က သူ့ကို ဆူပူကြိမ်းမောင်းသည်။ လင်းသော်တာကြည်မှာလည်း စိတ်ဖိစီးမှုများကာ သုန်သုန်မှုန်မှုန် ကလေးတစ်ဦးဖြစ်လာသည်။

‘‘ဒါမြန်မာပြည်က ပညာတတ်မိခင်တွေလုပ်နေကြတဲ့ စတိုင်ပဲ။ ကလေးတွေထက် သူတို့က အချင်းချင်းပိုပြိုင်ဆိုင်နေတယ်။ ကလေးတွေလည်း ဆူခံရ စိတ်ဖိစီးမှုတွေများပြီး ကလေး လည်း ကလေးနဲ့မတူတော့ဘူး’’ဟု ရန်ကုန်က အလွတ်ပညာသင်ကျောင်းတစ်ခုမှ ဆရာမဒေါ်စန်းစန်းမြင့်က ပြောကြားသည်။

ယခုကဲ့သို့ ကလေးမိဘများ၏ ပြိုင်ဆိုင်မှုတွေက ပိုဆိုးလာပြီး ကလေးများကို ကျောင်းစာအပြင် အင်္ဂလိပ်စာသင်တန်းနှင့် တရုတ်ဘာသာစကားသင်တန်းများသို့  အပြိုင်အဆိုင်ပို့ကြသည်။ ကလေးတွေ အင်္ဂလိပ်လိုပဲပြောဆိုနေသည်ကို ဂုဏ်ယူ သဘောကျကြသည်။ အချို့ဆိုလျှင် မြန်မာစကားကိုပင် မပြောခိုင်းဘဲ အင်္ဂလိပ်လိုသာ ပြောဆိုနေသည်။

ထိုလုပ်ရပ်တွေကို ခေတ်မီလာသော ပညာတတ်မိဘတို့၏ လုပ်ရပ်ဟု မြန်မာကျားမိခင်များက ယူဆသော်လည်း ကမ္ဘာ့ပညာရေးထိပ်တန်းနိုင်ငံများမှာတော့ ကလေးတွေကို ထိုကဲ့သို့ ကျောင်းစာများ ဖိအားပေးသင်ခြင်းသည် အတော်ခေတ်နောက်ကျနေသော လုပ်ရပ်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်နှင့် ကမ္ဘာ့ပညာရေးထိပ်တန်း နိုင်ငံများတွင် အသက် (၁၀)နှစ်ခန့်အထိ ကလေးကိုကျောင်းစာ ဟုတ်တိပတ်တိမသင်ကြ။ ကလေး၏ခန္ဓာကိုယ်နှင့် မှတ်ဉာဏ်ကြီးထွားဖွံ့ဖြိုးမှုကိုသာ ဆရာများနှင့် မိဘများက ဦးစားပေးလုပ်ဆောင်ကြသည်။

အမေရိကန်နိုင်ငံဝါရှင်တန် ဒီစီမြို့လယ် ရှစ်လမ်းမှာ နေထိုင်သူအသက် (၄၀)အရွယ် ရှေ့နေ အန်မှာ သားသမီးနှစ်ဦးရှိသည်။ အကြီးသမီးလေးက (၁၀)နှစ်၊ အငယ်က (၇)နှစ်ဖြစ်သည်။ သူတို့နှစ်ယောက်အတွက် အန်က သူ၏ အချိန်အတော်များများကို ပေးထားသည်။ များသောအားဖြင့် ကလေးများနှင့်အတူ ရေကူးခြင်း၊ ကစားကွင်းသွားခြင်း၊ ပြတိုက်များကို လျှောက်ကြည့်ခြင်း၊ စာအုပ်များကိုအတူဖတ် ကြည့်ခြင်း၊ ကလေးနှစ်ဦးသိလိုသော မေးခွန်းများကိုဖြေဆိုခြင်းတို့ဖြစ်သည်။ ယခုအချိန်ထိ ကလေး တွေကို သူကကျောင်းစာ တစ်ခါမှမသင်ဖူးပါ။

‘‘သူတို့ဆရာမပြောတာတော့ ကျောင်းမှာအခြေအနေ ကောင်းတယ်တဲ့။ ဆရာနဲ့အတူ ဘာဖြစ်ဖြစ် ဝိုင်းလုပ်လေ့ရှိတယ် တဲ့။ ကျွန်မကတော့ ကလေးတွေ ကို ဉာဏ်ကောင်းလာအောင်၊ ဖွံ့ဖြိုးလာအောင် ကျန်းမာပျော် ရွှင်ဖို့ အဓိကလုပ်ပေးတယ်။ ပညာရေးက ဘာလို့လိုအပ်တယ် ဆိုတဲ့ အသိမျိုးသူတို့ဘာသာ အရွယ်ရလာတဲ့အခါမှာသိလာပြီး ကျောင်းစာကိုသင်ယူကြလိမ့် မယ်’’

ထို့အပြင် လက်ဆေးခြင်း သည် ကျန်းမာရေးအတွက် မည် မျှအရေးကြီးကြောင်းဆိုတာကလေးတွေကို သေချာရှင်းပြ ပြောဆိုထားသည်။ ကလေးများ မှာ တီဗီဂိမ်းနှင့် ရုပ်သံကို ကြိုက် သလိုကြည့်ခွင့်မရှိ။ တစ်ပတ်မှာ သင့်လျော်သောနာရီအချိန်နှင့် သာကြည့်ရသည်။ ကြည့်ရသော ကာတွန်းရုပ်ရှင်များမှာလည်း ကလေးတွေအတွက် အထူးထုတ် လုပ်ထားသော ကာတွန်းများသာ ဖြစ်၏။ အိမ်က ကလေးတွေရှေ့ မှာ ရုပ်မြင်သံကြားကို အန်ရော၊ သူ၏ ခင်ပွန်းရော မကြည့်ရှုကြ ပါ။ ကလေးနှစ်ဦးစလုံး၏ အား ကစားလှုပ်ရှားမှုများကိုလည်း အထူးအားပေးသည်။ ဝါရှင်တန် ဒီစီက ဘေ့စ်ဘောကစားကွင်း တွင် အားကစားသမားများက ကလေးများကို သီးသန့်နှုတ်ဆက် လေ့ရှိရာ အန်က ပိတ်ရက်မှာ သူ့ သားလေးကို ထိုအားကစားသမား များဆီ လိုက်ပို့မိတ်ဆက်ပေးခဲ့ သည်။ သားဖြစ်သူမှာ ပျော်ရွှင် ကျေနပ်မဆုံး ‘‘ကျွန်မကလေးတွေ ကို ကြီးလာရင်ပညာရှင်ကြီးတွေ သိပ်ဖြစ်စေချင်တာပေါ့။ ဒါပေမဲ့ အခုအရွယ်မှာတော့ သူတို့ အဲဒီ လမ်းကြောင်းကို မှန်မှန်ကန်ကန် လျှောက်လာအောင်လို့ ဒီနည်းနဲ့ ပျိုးထောင်ပေးနေပါတယ်’’ဟု အန်က ရှင်းပြပါသည်။

ကလေးကျန်းမာရေးပညာ ရှင်တွေ၏ ပြောကြားချက်အရ စိတ်ဖိစီးမှုနည်းပါးသောနည်းက သာ ကလေးသူငယ်များ၏ ဉာဏ် ရည်ဖွံ့ဖြိုးမှုနှင့် စွမ်းရည်ကို အား ကောင်းတိုးတက်လာစေသည်ဟု ဆိုသည်။ ထို့အပြင် ကလေးတွေ ကို သူတို့၏ပင်ကိုစွမ်းရည်ဖော် ထုတ်ရန် မိဘဆရာတို့က ကူညီ ဖို့သာလိုအပ်ပြီး အတင်းအကျပ် ဖိအားမပေးရန်လည်း ကလေး စိတ်ပညာရှင်တွေက အကြံပေး ထားသည်။

အမေရိကန်နိုင်ငံရှိကလေး များဖွံ့ဖြိုးရေးစင်တာက အကြံပြု ထားသည့် ကလေးများလေ့လာ သင်ယူမှုကို သဘောကျလာ အောင် လုပ်ယူရမည့်နည်းလမ်း များတွင် ကလေးကို သူ့ဘာသာ လေ့လာစူးစမ်းခွင့်ရအောင် လွတ် လပ်ခွင့်အတော်များများပေးရန်၊ သူ့ဝါသနာနှင့် စိတ်ဝင်စားမှုကို မိဘကပံ့ပိုးပေးရန် အဓိကညွှန်ပြ ထားပါသည်။

တိုးတက်နေသော ဟောင် ကောင်နှင့် မြန်မာပြည်ကတူသည် ဆိုလျှင် တခြားအရာတွေမှာတူ တာက ပိုကောင်းပါသည်။ ကျား မိခင်တွေလို့ အခေါ်ခံရသည်မှာ တော့ ကောင်းသည့်အချက် မဟုတ်။ ကလေးများကို ပညာ ရေးထူးချွန်အောင် တွန်းအားပေး သည်မှာ တကယ်တော့ကောင်းပါ သည်။ သို့သော်လည်း ပိုပြီးလက် တွေ့ကျထိရောက်သောနည်း လမ်းများဖြင့် ကလေးများကို ကူညီအားပေးသောနည်းတွေရှိ ကြောင်း မြန်မာပြည်က ကျား မိခင်များ သတိပြုစေချင်ပါသည်။

7 Day

Wednesday, July 23, 2014

ငြိမ်းချမ်းရေးကို မလိုလားသော SSPP/SSA အဖွဲ့ တိုက်ပွဲများဖြစ်အောင် ဖန်တီးနေ

Posted by drmyochit Wednesday, July 23, 2014, under | No comments

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် အစိုးရတပ်နှင့် SSPP/SSA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများ စစ်ဘေးဒုက္ခသင့်ခဲ့သော်လည်း ၎င်းနယ်မြေတွင် SSPP/SSA အဖွဲ့မှ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာ၍ တိုက်ပွဲများဖြစ်ပွားမှာကို ဒေသခံများ စိုးရိမ်နေကြသည်။


အဆိုပါ မြို့နယ် ပန်စယ်ကျေးရွာအုပ်စု၊ ပန်စယ်ကျေးရွာအနီးရှိ ဟွေတဖန်တောင်ကုန်းတွင် ဇူလိုင် ၂၁ ရက်နေ့ မနက်ပိုင်းမှစ၍ SSPP/SSA အဖွဲ့များ လာရောက်နေထိုင်မှုကြောင့် ဒေသခံများ ထိတ်လန့်နေကြကြောင်း သိရသည်။

“ ၀မ်ဝပ်မှာ ရောက်နေတဲ့ ဒုက္ခသည်တွေ အိမ်မပြန်ရသေးဘူး၊ ၀မ်ဟိုင်းအဖွဲ့က ငါတို့ရွာနားက တောင်ကုန်းမှာ လာနေကြပြန်ပြီ၊ အစိုးရတပ်နဲ့တွေ့ရင် တိုက်ပွဲဖြစ်မှာ စိုးရိမ်တယ်၊ ငါတို့ပါ ရွာထဲမှာ မနေရဲဘဲ ထွက်ပြေးနေရ မှာ၊ သူတို့ကိုက ရန်ရှာနေတာ၊ တိုက်ပွဲဖြစ်အောင် လုပ်နေတာ ” ဟု ပန်စယ် ရွာသားတစ်ဦးက ပြောသည်။

SSPP/SSA အဖွဲ့ နေရာယူထားသော ဟွေတဖန်တောင်ကုန်းသည် ပန်စယ်ရွာနှင့် တစ်မိုင်ခန့်သာ ဝေးပြီး ယခင်က စခန်းဟောင်းဖြစ်ကြောင်း၊ ၎င်းစခန်းအား SSPP/SSA အဖွဲ့မှ ပြန်လည်နေထိုင်ကာ အစိုးရတပ်များ အား စိန်ခေါ်သည့် အသွင်ဆောင်နေ၍ ဖာဆောင်ကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားမှာကို ဒေသခံများ မလိုလား ကြောင်း သိရသည်။

တိုက်ပွဲများဖြစ်ပွားမှုနှင့်ပတ်သက်၍ လွှတ်တော်တွင် တင်သွင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က SSA (၀မ်ဟိုင်း)အဖွဲ့သည် ငြိမ်းချမ်းရေးသဘောတူညီမှုများထဲက သတ်မှတ် ထားသော နယ်မြေအား လက်နက်ကိုင်ဆောင် ကျော်လွန်သွားလာပါက နှစ်ဖက်ညှိနှိုင်းရန် ဟု ပါရှိကြောင်း၊ SSA (၀မ်ဟိုင်း)အဖွဲ့သည် ၎င်းတို့နယ်မြေမဟုတ်သော ဖာဆောင်စခန်းအား ကျူးကျော်နေထိုင်မှုကြောင့် ဖယ်ပေးရန် အစိုးရတပ်မှ အကြိမ်ကြိမ်သတိပေးခဲ့ကြောင်း၊ SSA (၀မ်ဟိုင်း)အဖွဲ့မှ လက်မခံသဖြင့် တိုက်ပွဲများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားထားခဲ့သည်။

SSPP/SSA အဖွဲ့မှ အရာရှိကြီးတစ်ဦးကလည်း “ ဒီနယ်မြေဟာ ကျွန်တော်တို့ နယ်မြေလေ၊ ရှမ်းပြည်နယ်ဟာ ကျွန်တော်တို့ ရှမ်းတွေရဲ့ နယ်မြေမဟုတ်ဘူးလား၊ ဘယ်နေရာမှာပဲနေနေရတယ်၊ အခု ကျွန်တော်တို့နေတဲ့ ဖာဆောင်စခန်းကို နယ်မြေကျူးကျော်တယ်ဆိုပြီး ဖယ်ခိုင်းတယ်၊ အဲ့ဒီကိစ္စကြောင့် တိုက်ပွဲဖြစ်ရတာ၊ ဒါလုံးဝ တရားမျှတမှု မရှိဘူး ” ဟု ပြောကြား သွားသည်။

အဆိုပါ မြို့နယ်အတွင်း အခြေအနေတင်းမာနေဆဲဖြစ် လွိုင်လင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက “ ငြိမ်းချမ်းရေးသဘောတူညီမှုတွေကို လိုက်နာတာ အကောင်းဆုံးပဲ၊ ပြဿနာကို အဲဒီနည်းနဲ့ပဲ ဖြေရှင်းနိုင်မှာ၊ SSPP/SSA အဖွဲက သဘောတူညီမှုတွေကို မလိုက်နာဘဲ စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတာဟာ တိုက်ပွဲဖြစ်အောင် ဖန်တီးနေတာနဲ့အတူတူပါပဲ၊ အစိုးရတပ်တွေ နယ်မြေစိုးမိုးရေးလုပ်တဲ့နယ်မြေမှာ သူတို့ အဖွဲ့တွေ ဆက်ပြီးနေဦးမယ်ဆိုရင် တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမှာပဲ၊ SSPP/SSA အဖွဲ့ က ငြိမ်းချမ်းရေး သဘောတူညီမှု ကို ဖောက်ဖျက်တာဟာ ငြိမ်းချမ်းရေးကို မလိုလားတဲ့သဘော သက်ရောက်နေတယ် ” ဟု ပြောကြားသွားသည်။

စိုင်းဇော်ရှိုင်း

Monday, June 23, 2014

လိုင်စင်မဲ့ နှင့် လိုင်စင်အတု များ၏ လက်ထဲမှ လူ့အသက် စစ်စစ်များ

Posted by drmyochit Monday, June 23, 2014, under | No comments

မြန်မာနိုင်ငံတွင် လူဦးရေ သိပ် သည်းမှု မြင့်မားလာခြင်းနှင့် အတူ မော်တော်ယာဉ် သုံးစွဲမှုများလည်း တိုး ပွားလာသည်။ အကောင်း အဆိုး ဒွန်တွဲ နေတတ်သည့် သဘာဝ အတိုင်း မော်တော် ယာဉ်များ တိုးပွားမှုနှင့် အတူ ယာဉ်တိုက် မှုများ မှာလည်း နှစ်စဉ်မြင့်တက်လျက် ရှိသည်။

ယာဉ်တိုက်မှု များ၏ ရာခိုင်နှုန်း ထက်ဝက်ခန့် သည် လိုင်စင်မဲ့ ယာဉ်မောင်း များ၏ မဆင်မခြင် မောင်းနှင်မှုများ ကြောင့်ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင် ရေးညွှန်ကြားမှု ဦးစီး ဌာနစစ်တမ်းများမှ သိနိုင်သည်။

ထိုထက်ပို၍ အာရုံ စိုက်စေသည့် အချက်တစ်ခု ကတော့ လိုင်စင်မဲ့ ယာဉ် မောင်းများနည်းတူ လိုင်စင် အတုဖြင့် မောင်းနှင်နေကြသော ယာဉ်မောင်းများ လည်း အများ အပြား ရှိနေခြင်းကိုပင် ဖြစ်သည်။

”လိုင်စင် အတုတွေနဲ့ မောင်းနေကြ တာတော့ အများကြီး ရှိတာပေါ့။ ဒါကျ တော့ ပွဲစားတွေ ရှိတယ်။ များသောအား ဖြင့် ကားကြီးဝင်းတွေ၊ ဘတ်စ်ကားဂိတ် တွေမှာ ပွဲစားတွေ ရှိတာ များတယ်” ဟု ကားဝယ်ရောင်း ဦးလှမြင့်က ပြောသည်။

အဆိုပါ နေရာများတွင် ယာဉ်မောင်း များ ပေါများခြင်းကြောင့် ဖြစ်ပြီး လိုင်စင် အတုလုပ်ခြင်းမှာ အချိန်ကုန် သက်သာ ခြင်းကြောင့် ဖြစ်ကြောင်း ဦးလှမြင့် က ပြောသည်။

”ကားမောင်း ကျွမ်းတော့ အန္တရာယ် မရှိဘူး၊ လိုင်စင်အတု ကိုင်ပြီး ကားမောင်း ကျွမ်းကျင် ရင်တော့ ဘာမှ မဖြစ်ဘူး။ မဟုတ်ရင်တော့ အန္တရာယ် ရှိနိုင်တယ်”ဟု ၄င်းက ထပ်လောင်း ပြောသည်။

လိုင်စင်အတု လုပ်ရန် ခက်ခဲမှု မရှိ ကြောင်း အလွယ်တကူ လုပ်နိုင်ကြောင်း ငွေကြေး ကုန်ကျမှုလည်း သက်သာ ကြောင်း စသည် တို့ကြောင့် ယင်း လိုင်စင် အတု များကို ကိုင်ဆောင်နေ ကြခြင်းဖြစ် ကြောင်း ကားကြီး စက်ပြင်ဆရာဖြစ်သည့် ကိုသက်မင်း (အမည်လွှဲ)က ပြောသည်။

”ကျွန်တော့် ပတ်ဝန်းကျင်မှာလည်း အများကြီး တွေ့ရတယ်။ ဒါက ကွန်ပျူ တာလေး နဲ့ လုပ်လိုက်တာ ဆိုတော့ အချိန် ကုန်လည်း သက်သာတယ်။ အနီလိုချင် လား၊ အနက် လိုချင်လား၊ ကြိုက်တာပြော လုပ်လို့ရတယ်”ဟု ၄င်းတွေ့ဖူးသည်ကို ပြောသည်။

ယာဉ်မောင်း လိုင်စင် တစ်ခုရရန် အတွက် အချိန်ကုန် မခံဘဲ လိုင်စင်အတု များဖြင့်သာ လုပ်လာကြကြောင်း ကို အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

”ဟိုမှာကျတော့ ရေးဖြေတို့၊ အစမ်း မောင်းတို့၊ ကွန်ပျူတာနဲ့ ဖြေရတယ်၊ ဖြေရင်လည်း လိုင်စင်မဲ့ နှစ်ခေါက် သုံးခေါက် လောက် ပြန်ဖြေနေရတယ် ဆိုတော့ သိပ်ပြီး သွား မဖြေချင်ကြတော့ဘူး၊ သွား ဖြေရတဲ့နေရာ က လည်း ဝေးတယ်လေ” ဟု ကုန် ကားမောင်းသူ ကိုအေးလွင် (အမည်လွှဲ) က ပြောသည်။

လိုင်စင် အတု တစ်ခု ပြုလုပ်ရန် အတွက် ငွေကြေး အားဖြင့် နှစ်သောင်း မှ ငါးသောင်း ထိ ရှိကြောင်း၊ ယင်းဈေး နှုန်းသည် လည်း ပွဲစား များ၏ ပါးစပ်ထဲ တွင်သာ ရှိကြောင်း တက္ကစီ ယာဉ်မောင်း ကိုအေးချမ်း (အမည်လွှဲ)က ပြောသည်။

”ပိုက်ဆံပေး လိုက်ရင် သွားဖြေစရာ မလိုဘူး။ သင်တန်းဆင်း လက်မှတ် မလိုဘူး၊ အချိန် မကုန် ဘူး၊ လူ မပင်ပန်းဘူးပေါ့။ အဲ့ဒီတော့ အစစ်သာ မဟုတ်တာ။ အားလုံး တော့ ပိုလွယ်တယ်” ဟု ကိုအေးချမ်း က ဆိုသည်။

ယခု အချိန်တွင် လိုင်စင် အတုများ ကို အထူး တပ်ဖွဲ့ များဖြင့်သာ ဖမ်းဆီး လျက် ရှိပြီး ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ (၄၂ဝ) လိမ်လည်မှု၊ ပုဒ်မ (၄၆၈) စာ တန်း အမှတ် အသား တုပြုလုပ်မှု၊ ပုဒ်မ (၄၇၁) အတုမှန်း သိလျက်နှင့် ဆက် လက်အသုံးပြုမှု စသည့် အမှုများဖြင့် အရေးယူလျက် ရှိကြောင်း အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ရုံး (ရန်ကုန်) မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြား ချက် အရ သိရသည်။

”သူတို့ရဲ့ ထောင်ဒဏ်တွေ ကတော့ ၇ နှစ်စီ ကျနိုင်တယ်။ အာမခံတော့ ရှိတယ်။ အာမခံ ဆိုတာလည်း ပေးလို့ရတဲ့ လူတွေ ကိုပဲ ပေးတာပါ”ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့ ခွဲမှူး ရုံး (ရန်ကုန်)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ဘတ်စ်ကားများ၊ ကုန် ကားများ အပြင် မြို့တွင်းမှ တက္ကစီသမား များပါ သတ်မှတ် လိုင်စင်မပါဘဲ မောင်း နှင်ခြင်းများကို မြင်နေ ရကြောင်း အထက် ပါပုဂ္ဂိုလ် က ထပ်လောင်း ပြောသည်။

ယာဉ်မောင်း လိုင်စင်ကိုင်ဆောင် သူနှင့် ယာဉ်စီးရေ အချိုးအား စိစစ်ရာ တွင် ၂ဝ၁၁ ခုနှစ် တွင် ၁၁ ဒသမ ၇ ရာခိုင်နှုန်း ရှိရာမှ ၂ဝ၁၃ ခုနှစ်တွင် ၁ဝ ဒသမ ၇၃ ရာခိုင်နှုန်း ထိ ကျဆင်းခဲ့ ကြောင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန် ကြားမှုဦးစီး ဌာန၏ စိစစ်ချက်များမှ သိရသည်။

ယခင်နှစ် ဇွန်လလယ်ခန့် တွင် လားရှိုးမြို့တော် ခန်းမအနီး အဝိုင်းနှင့် ယာဉ်ထိန်းရုံး အကြား မူဆယ်ဘက် မှ မန္တလေးဘက် သို့ မောင်းနှင် လာသော ယာဉ်အား လှည့်ကင်း တပ်ဖွဲ့မှ စစ်ဆေး စဉ် ယာဉ်မောင်း ကိုင်ဆောင်သော လိုင်စင်နှင့် ယာဉ်၏ သက်သေခံ လိုင်စင် အဝိုင်းတို့မှာ အတုများ ဖြစ်ပြီး ယင်း လိုင်စင် အတုများဖြင့် မန္တလေး၊ မူဆယ် အသွားအပြန် ကုန်ပစ္စည်းများ တင်ဆောင် ပြေးဆွဲနေခြင်း ဖြစ်ကြောင်း သိရသဖြင့် အမှတ် (၁) ရဲစခန်း မှ (ပ) ၂၉၈/၂ဝ၁၃ ပြစ်မှု ပုဒ်မ ၄၂ဝ/၄၆၈ ဖြင့် အရေး ယူခဲ့ဖူး ကြောင်း သိရသည်။

ယင်းဖြစ်စဉ် ကဲ့သို့ပင် ၂ဝ၁၃ ခုနှစ်၊ ဇွန် ၁၆ ရက်နေ့ တွင် ထပ်မံ ဖမ်းဆီးနိုင် ခဲ့သဖြင့် ပြစ်မှုပုဒ်မ (ပ)၂၉၉/၂ဝ၁၃၊ ပြစ်မှု ပုဒ်မ ၄၂ဝ/၄၆၈ ဖြင့် အရေးယူ ခဲ့ ကြောင်း သိရ သည်။

”အရင်က လိုင်စင်အတု ကိုင်ဖူးတယ်။ အစစ်က မရသေးဘူး။ အလုပ်ကလည်း အရေးတကြီး လိုတော့၊ လိုင်စင် အတု လုပ်လို့ ရတယ်ပေါ့။ တစ်သိန်းလောက် ကုန်မယ် ဆိုတော့ လုပ်လိုက်တယ်။ အဲဒီ တုန်းက လိုင်စင် အတုနဲ့ မောင်းနေတာ ဆိုတော့ စိတ်ထဲတော့ ကြောက်တာပေါ့။ ငါ့ကို ဖမ်းရင်များ ဘယ်လို လုပ်မလဲ ဆိုပြီး ပေါ့” ဟု လိုင်စင် အတု ကိုင်ဆောင်ခဲ့ဖူးသူ ကိုဝေဠု (အမည်လွှဲ) က ပြောသည်။

လိုင်စင် အတုဖြင့် အဖမ်းခံ ရခြင်းထက် လိုင်စင် မရှိခြင်းက ကောင်းဦးမည်ဟု စဉ်း စားမိသော်လည်း အလုပ်ရရန် အတွက် အတုလုပ်ခဲ့ မိကြောင်း ကိုဝေဠုက သူ၏ အတွေ့ အကြုံကို ပြောသည်။

”အခုက လိုင်စင်ကို ဘယ်လိုဖြေ ရမယ် မစဉ်းစားတော့ဘူး။ စတီယာရင် လေးကိုင်တတ်တယ် ဆိုတာနဲ့ လိုင်စင်က လုပ်ချင်နေတော့ တာလေ”ဟု ကုန်တင် ယာဉ်မောင်း လုပ်သက် ၁ဝ နှစ်ကျော်ရှိ ဦးလှအောင်က ဆိုသည်။

အဆိုပါ ကိစ္စများကို ယာဉ်ထိန်းရဲ များ အနေဖြင့် ကြပ်ကြပ် မတ်မတ်လုပ်စေ ချင်ကြောင်း ၄င်းက ဆက်ပြောသည်။

”အခုက အစ်ကို ကုန်ကားမောင်း သမားတွေ မြင်နေရတာက မောင်းတဲ့ လူတွေက ငယ်ငယ်လေးတွေ၊ လိုင်စင် အနီတော့ မဟုတ်လောက်ဘူး။ စပယ် ယာတွေ က ဘေးမှာ လိုက်ပြီး ကားကြီးရဲ့ အယူအဆလောက် တတ်ပြီး ကိုယ်တိုင် တက်မောင်းနေ ကြတာ။ အရေးရယ်၊ အကြောင်းရယ် ဆိုရင်တော့ သူတို့ ကား မောင်းတဲ့ ဝါလောက် နဲ့ ဒီလို ကားကြီးကို ထိန်းဖို့ မလွယ်နိုင်ဘူး။ လူငယ် ဆိုတော့ ပိုက်ဆံ လိုချင်တာပဲ သိမှာပေါ့” ဟု သူ့ ပတ်ဝန်းကျင် အခြေအနေကို ရှင်းပြသည်။

ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက အရေးယူမှုများက ဥပဒေက ပြဋ္ဌာန်း ထားပြီးသားဖြစ်ကြောင်း၊ အတုလုပ် ဆောင်မှုများကိုလည်း ဥပဒေ အရ အရေး ယူမှုများရှိကြောင်း၊ သက်ဆိုင်ရာဌာန များကလည်း စစ်ဆေးမှုများ ရှိကြောင်း ယင်းကဲ့သို့ လိုင်စင် အတုများ ထပ်မံ မလုပ်ရန် အတွက် ပညာပေးမှု များလည်း ရှိကြောင်း ပြောကြားသည်။

”လိုင်စင်ရဖို့ ဦးတို့ဆီမှာ ရေးဖြေ တွေဖြေနေ ရတယ်။ အနည်းဆုံး ၄၊ ၅ ကြိမ်လောက်တော့ ဖြေရတယ်။ အဲ့ဒါ ဖြေပြီးရင် ကားနဲ့ဖြေ ရတယ်။ အဆင့် ဆင့်ဖြေပြီး အောင်မှ လိုင်စင် ထုတ်ပေး တာ၊ ကားကြီးမောင်းတဲ့ သူတွေဆိုလည်း TE ကားကြီးတွေ၊ ဘတ်စ်ကားတွေနဲ့ ဖြေရတယ်။ အဲ့ဒီလို စစ်ဆေးမှုတွေ ကို လုပ်တယ်” ဟု ကုန်းလမ်း ပို့ဆောင်ရေး မှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြော သည်။

ယင်းကဲ့သို့ လိုင်စင် အတုများ လုပ် ဆောင်သူ များသည် ရုံးအနီးရှိ လက်ဖက် ရည်ဆိုင်များ၊ ဘတ်စ် ကား ဂိတ်များ၊ ကားကြီးဂိတ် များ စသည့် နေရာ များတွင် စောင့်၍ အလုပ် လုပ်ကြ သည် ဟု သိရှိရ ကြောင်း ၄င်းက ပြောသည်။

”အတု လုပ်တာက ဒီလို စစ်ဆေးမှု တွေ မလုပ်ဘဲနဲ့ အလွယ် လုပ် ကြတာ၊ အဲ့ဒီ အခွင့် အလမ်းက ကားမောင်းခွင့် ရပြီး ပိုက်ဆံရမယ်၊ အဲ့ဒါကြောင့် ဘယ် လောက်ပဲပေး ရပေး ရ အတု လုပ်ကြ တယ်” ဟု ၄င်းက ထပ်ပြောသည်။

အဆိုပါ ကိစ္စများအား အရေးပေါ် စစ်ဆေးမှု များ ပြုလုပ် ကြကြောင်း၊ ကညနမှ ထုတ်ပေးသော လိုင်စင် မှာ ကညန တံဆိပ်များ၊ ဘားကုတ် များကို ထည့်ထားကြောင်း၊ မူလ အတိုင်း ကြည့် လျှင် မမြင်ရကြောင်း၊ ခရမ်းလွန်ရောင် ခြည် လေဆာနှင့် ကြည့်မှသာ မြင်ရ ကြောင်း အတုတွင် ထိုသို့ မပါဝင် ကြောင်း ၄င်းက ပြောသည်။

”လိုင်စင် အတု နဲ့အစစ်ကို လေဆာ နဲ့ ခွဲခြားပြီး ဖမ်းလို့ ရတယ်။ ဒါ့အပြင် စမတ်ကတ် အတွင်းက လိုင်စင် ပိုင်ရှင် ရဲ့ ဓာတ်ပုံ၊ ကညန ၏ ရောင်ပြန် အမှတ် တံဆိပ်၊ သက်တမ်း ကုန်ဆုံးမည့်ရက်၊ လိုင်စင်နံပါတ် စသည်တို့ကို ကြည့်ပြီး ဖမ်းရတာပါ” ဟု အမှတ် (၂) ယာဉ် ထိန်း ရဲတပ်ဖွဲ့မှူးရုံး ရန်ကုန်မှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။

”လိုင်စင် အတုတွေ ဆိုတာကို ကျွန်တော် ကြားသလောက် အစစ် လုပ်တဲ့ နေရာကပဲ ထွက်တယ်လို့ ကြားတယ်။ ဟုတ် မဟုတ်တော့ မသိဘူးပေါ့” ဟု ကိုဝေဠုဆိုသူ က ပြောသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ လည်း ကုန်းလမ်း ပို့ဆောင်ရေးမှ ညွှန် ကြားရေးမှူး ဦးသောင်းလွင်က ”ဒီလို နာမည်တွေ ထွက်နေတော့ မကောင်းဘူး ပေါ့။ ဦးတို့ ဌာန ရဲ့ ဂုဏ်သိက္ခာ လည်း ထိခိုက်တယ်။ ဒီလိုမျိုး လုပ်နေတာတွေ လည်း ဦးတို့ အနေနဲ့ ဥပဒေအရ အရေး ယူမှုတွေ လုပ်နေပါတယ်” ဟု ပြောသည်။

လူငယ်များ အနေဖြင့် မိမိတို့ နေအိမ်တွင် ကားတစ်စီးမက ဝယ်ထား သောကြောင့် ဟိုဒီ သွားချင်လျှင် ကိုယ် ပိုင်ကား များဖြင့် သွားလာမှုများ ပြုလုပ် ခြင်း တို့ဖြင့်လည်း ယာဉ် မတော်တဆမှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း အငှားကား ယာဉ်မောင်း ဦးအေး (အမည်လွှဲ)က ပြောသည်။

ထို့ပြင် ယာဉ်ထိန်းရဲ များအနေဖြင့် လည်း ယခုမှသာ ယာဉ်မောင်း လိုင်စင် အား အတင်းအကျပ် ဖမ်းဆီးနေပြီး ယခင်က ယာဉ်မောင်း လိုင်စင် များအား လျစ်လျူရှု ခဲ့ခြင်း တို့ကြောင့် မြန်မာနိုင်ငံ ရှိ ယာဉ်မောင်း များမှာ စည်းကမ်းမဲ့များ ဖြစ်နေကြောင်း ၄င်းက ထပ်ပြောသည်။

လူငယ်တွေ ဆိုပေမယ့် သူတို့လိုင် စင် ရဖို့ လာဖြေကြတယ်။ သူတို့ဖြေနိုင် ရင်တော့ လိုင်စင်ရမှာပဲ။ အသက်ပြည့် တဲ့ လူတိုင်းက လိုင်စင်ဖြေလို့ ရတယ်လေ။ ကားမောင်း မကြမ်းဖို့ ကတော့ လူတို့ အမူအကျင့်နဲ့ မိဘ အုပ်ထိန်းမှုနဲ့ ဆိုင် တယ်။ ဥပဒေကို ဘယ်လောက်ထိ လိုက် နာနိုင်လဲ ဆိုတာသာ မူတည်ပါတယ်။ အကုန်လုံး က ဥပဒေအရ ထိန်းချုပ်ပြီး သားပါဟု ကုန်းလမ်း ပို့ဆောင်ရေးမှ တာဝန်ရှိသူ က ပြောသည်။

ထို့ပြင် လိုင်စင် ပြုလုပ်ရာ၌ ရန်ကုန် လိုင်စင်တွင် အခက်အခဲ ရှိခြင်းကြောင့် နယ် လိုင်စင် များ လည်း ပြုလုပ်နေ ကြသည်။ အထူးသဖြင့် ပဲခူး တွင် ပြုလုပ်ကြသည် ဟု တက္ကစီ ယာဉ်မောင်း ဦးအေး လွင် က ပြော သည်။

”အခုက တကယ် မောင်းတတ်တဲ့ လူတွေမှာ လိုင်စင် မရှိဘဲ တကယ် မမောင်းတတ်ဘဲ စတီယာ ရင် တောင် မကိုင်ဖူးတဲ့ လူတွေက ပိုင်ရာ ဆိုင်ရာတွေ နဲ့ လိုင်စင် လုပ်ထား တာတွေ မြင်ရတယ်” ဟု ၄င်းက ပြောသည်။

ကုန်းလမ်း ပို့ဆောင်ရေးတွင် လိုင်စင် ဖြေရာ၌ စာမေးပွဲ ဖြေဆိုအောင် မြင်ပြီး သူများကို ကွန်ပျူ တာ စနစ်ဖြင့် စနစ်တကျ သိမ်းဆည်း ထားပြီး မည်သူ မည်ဝါ ဟူ၍ စာရင်း ထည့်သွင်းမှု မ ရှိကြောင်း၊ စနစ်တကျ စစ်ဆေးထား ကြောင်း ကညနမှ တာဝန် ရှိသူ တစ်ဦးက ပြော သည်။

”ဦးတို့ အနေနဲ့ အခက်အခဲ ဆိုရင် တော့ ဒီလို အတု လုပ်နေတဲ့လူတွေ ထဲကို ထဲထဲဝင်ဝင် မလုပ်ဆောင်နိုင်ဘူး။ လုပ် နိုင်ဖို့တော့ လိုတယ်။ အားလုံးက တာဝန် တွေ နဲ့ ဆိုတော့ အဲ့ဒီလောက် ထိ မလုပ် နိုင်ဘူး ဖြစ်နေတယ်” ဟု ၄င်းက ထပ် ပြောသည်။

တက္ကစီယာဉ်မောင်း တစ်ဦးဖြစ်သူ အသက် ၃ဝ ကျော် ဝန်းကျင်ရှိ ကိုကျော် လတ် (အမည်လွှဲ)ကတော့ ”VIP လိုင် စင်ဆိုပြီးတော့ ကြားဖူးတယ်။ ဝန်ကြီး တွေ ကိုင်တဲ့ လိုင်စင် ဆိုပြီးတော့။ မြင်တော့ မမြင်ဖူးဘူး။ ဒီလိုတွေ ဖြစ်နေမှတော့ ယာဉ်အန္တရာယ် ဆိုတာ တော်တော် ကြောက်စရာ ကောင်းနေပြီ။ သူတို့ နောက်က လိုက်တဲ့ ခရီး သည် ဖြစ်ဖြစ် ၊ သူငယ်ချင်းဖြစ်ဖြစ် အန္တရာယ် ရှိနေပြီ။ ကညနက လိုင်စင် ထုတ်ပေးတာကို သေ သေချာချာလေး ဖြစ်စေချင်တယ်” ဟု သုံးသပ်သည်။

မြို့ပြဟူသည် ကတော့ တစ်စတစ် စနှင့် ပို၍ ဖွံ့ဖြိုးလာစမြဲ။ လူဦးရေသိပ် သည်းလာမှုနှင့် အတူ လိုအပ်ချက်အရ တိုးပွား လာနေသော မော်တော်ယာဉ် များကလည်း လမ်းတိုင်း တွင် အပြည့်။ ထိုအရေ အတွက်နှင့် စည်းကမ်းထိန်း သိမ်း အရေး ယူနေသော ဝန်ထမ်းအင် အား အရေအတွက် တို့ကလည်း အချိုး အစား မမျှတ။ ထို့ပြင် စနစ် ဆိုးအောက် အမြစ်တွယ် ကျန်ခဲ့သော အဂတိ တရား များကလည်း အရှိန် အဟုန်ဖြင့် သွားနေဆဲ ဖြစ်ရာ လစ်ဟာမှု များစွာ တို့ကို လည်း လက်ညှိုးထိုး မလွဲ မြင်တွေ့နေရဆဲ ဖြစ် သည်။

မည်သို့ပင် ဆိုစေ သက်ဆိုင်ရာ နယ်ပယ် အလိုက် တာဝန်ယူ ဆောင်ရွက် ကြရာတွင် အမှန်တကယ် ကျွမ်းကျင် မှုအရ တာဝန်ခံဖို့ လိုအပ် သကဲ့သို့ ရပ် တည်မှု အတွက် အသိ အမှတ်ပြု ခံရရန် ဆောင်ရွက်ဖွယ်ရာ တို့ကိုလည်း မလစ် ဟင်းသင့် သည်ကတော့ အမှန်ဖြစ်သည်။

လိုင်စင်အတွက် ငွေကြေးနှင့် အချိန် ကာလကို လက်ညှိုး ထိုးသည်။ ဝမ်းရေးနှင့် ရွေးချယ်ခွင့် နည်းသော ဘဝ များကို ချပြကြသည်။ လုပ်ထုံး လုပ်နည်း နှင့် ဥပဒေ တို့ကို လည်း ထောက်ပြသည်။ အခက်အခဲနှင့် တာဝန်ယူမှု အဆင့်ဆင့် တို့ကိုလည်း ဆွဲခေါ်သည်။ ပေါက်ပင် ဘာကြောင့် ကိုင်းရသည့် ဥပမာကို မကြာခဏ ထည့် သုံးစွဲနေ ရခြင်း သည်ပင် အဓိပ္ပာယ်အားဖြင့် ပလိုင်းပေါက်နှင့် ဖားကောက်နေသည့် သဘောက ပိုထင် ရှားလေ ဖြစ်ပါလိမ့်မည်။ အဆိုပါ အခြေအနေ များထဲ လိုင်စင်မဲ့၊ လိုင်စင် အတု များ၏ လက်ထဲတွင် လူ့ အသက်စစ် စစ်များက တည်ရှိနေပြီး ထိုအချက် သည် ပင် ပလိုင်းပေါက်နှင့် ဖားကောက်နေ ခြင်း၏ ရလဒ်ဟု ဆိုပါက ……။

ရန်နိုင်၊ ဇေဝေယံ ရေးဖွဲ့သည်။
ဓါတ်ပုံ – အောင်နိုင်စိုး ( ကစ္ဆပ )
Popular Myanmar News Journal

Sunday, June 22, 2014

လူကြီး၊ လူငယ်ကြား အမြင်ကွာခြားချက်များနှင့် မြန်မာ e-Sports

Posted by drmyochit Sunday, June 22, 2014, under | No comments


လူငယ် ၁၀ ဦး ၎င်းတို့၏ ကွန်ပျူတာ မျက်နှာပြင်များပေါ်သို့ အာရုံစူးစိုက်နေကြသည်။ မျက်လုံးများ အငြိမ်မနေသလို လက်ချောင်းများသည်လည်း ကွန်ပျူတာ ကီးဘုတ်များပေါ်တွင် ပြေးလွားနေသည်။ အသွင်အပြင်များကား တိုက်ပွဲတစ်ခုတွင် ရန်သူအား အမြစ်ပြတ် ချေမှုန်းတော့မည့် စစ်သည်များသဏ္ဌာန်။ တည်နေရာကား စမ်းချောင်းရပ်ကွက် အတွင်းရှိ ကွန်ပျူတာ ဂိမ်းဆိုင်လေး တစ်ခုအတွင်းတွင် ဖြစ်သည်။ ဆိုင်အတွင်း မောက်စ်သံ တစ်ချက်ချက်၊ ကီးဘုတ်သံ တတောက်တောက်မှအပ တိတ်ဆိတ်နေသည်။ မကြာမီတွင် သူတို့၏ ငါးယောက်တစ်ဖက် စစ်ပွဲပြီးဆုံးသွားပုံရသည်။ အနိုင်ရသွားဟန်တူသော အဖွဲ့မှ အသက် ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက်က ရှုံးနိမ့်သွားသော အသင်းမှ လောင်းကြေးငွေ သုံးသောင်းကို ထယူလိုက်သည်။

“မင်းတို့ဆိုင်မှာမို့ပါကွာ... ကီးဘုတ်တွေ၊ မောက်စ်တွေ ငါတို့ မကိုင်တတ်ဘူး။ နောက်တစ်ခေါက် ငါတို့ဆိုင်မှာ ဆော့မယ်။ ဂိမ်းဖိုးရှင်းကြေး၊ သုံးသောင်းကြေးပေါ့” ဟုပြောကာ ရှုံးနိမ့်သွားသော လူငယ်များ ထွက်သွားသည်။

“ခုချိန်ထိ ဒီကောင်တွေ ကိုယ့် Skill ကို မသိသေးဘူး နောက်တစ်ခါ ထပ်ရိုက်ခံချင်လို့”

အနိုင်ရသောအသင်းမှ ခေါင်းဆောင်ဖြစ်ဟန်တူသော လူငယ်က ရယ်မောပြောဆိုသည်။ သို့သော် သူ၏ အပျော်များမှာ မကြာလိုက်။

“ဟဲ့ လင်းသိန်း၊ နင် ဒီ Game ကိုပဲ တစ်သက်လုံး ဆော့နေမှာလား။ နင့်ဘဝ တက်လမ်း ဘာရှိလို့လဲ။ နင့်အသက်က မငယ်တော့ဘူး။ ထမင်းလည်း ပြန်မစား၊ အိမ်ကိုလည်း လှည့်မကြည့်နဲ့ နင့်ဘဝ ဒီလိုနဲ့ ပြီးတော့မှာလား” သူ၏မိခင် ဖြစ်ဟန်တူသော အသက် ၃၀ ကျော်အရွယ် အမျိုးသမီးက သူတို့၏ အောင်ပွဲခံ အခမ်းအနားအတွင်းသို့ ဝင်လာသည်။

“အမေတို့လူကြီးတွေ သိပ်ခက်တယ်ဗျာ။ ဒါအပျော်တမ်းဂိမ်း မဟုတ်ဘူး ...။ အမေတို့ကို ရှင်းပြလည်း နားမလည်ပါဘူး” ဟုဆိုကာ ခေါင်းဆောင်ဖြစ်ဟန်တူသူ လူငယ်က စိတ်ပျက်သည့် ပုံစံဖြင့် မိခင်နောက်သို့ လိုက်ပါသွားသည်။


မြန်မာနိုင်ငံတွင် လွန်ခဲ့သော ငါးနှစ်ခန့်က စတင်ကာ Defense of the Ancients အများရင်းနှီးတဲ့ အသုံးအနှုန်း ဒိုတာ (Dota) ဂိမ်းကစားနည်းတစ်မျိုး လူငယ်များအကြား ရေပန်းစားလာခဲ့ပြီးနောက် နည်းပညာ ဗဟုသုတ အားနည်းသော မိဘများနှင့် အဆိုပါဂိမ်းကို ပရော်ဖက်ရှင်နယ် အဆင့်ထိ ကစားရန် ကြိုးပမ်းနေသော လူငယ်များအကြား ပြဿနာအချို့ ရှိလာသည်။

အဆိုပါ Dota ဂိမ်းကို ဥရောပနှင့် အိမ်နီးချင်းနိုင်ငံများတွင် အားကစားနည်း တစ်ခုကဲ့သို့ ဆော့ကစားနေကြပြီး အဆိုပါဂိမ်းတွင် လက်ရည်ကောင်းမွန်သူများကို နည်းပညာကုမ္ပဏီများက ပံ့ပိုးမှုပေးခြင်း၊ လူငယ်များကြား အောင်မြင်ကျော်ကြားသော အားကစားသမား တစ်ဦးကဲ့သို့ အလေးထား ဆက်ဆံခြင်းတို့ကို ကြည့်ကာ မြန်မာနိုင်ငံရှိ လူငယ်အများစု ထိုဂိမ်းကို ပညာရပ်တစ်ခုကဲ့သို့ အလေးထား ဆော့ကစားလာကြသည်။

“ပြည်တွင်း ပွဲတွေမှာတောင် နိုင်ရင် သိန်းဂဏန်းလောက်ကို ရတယ်။ နိုင်ငံတကာမှာဆိုရင် Gamer တွေကို နာမည်ကြီး ဘောလုံးသမားတွေလိုမျိုး ဆက်ဆံကြတာ။ ကျွန်တော်တို့က အဲ့လိုဖြစ်ချင်တာ” ဟု လှိုင်မြို့နယ်နေ အသက် ၁၈ နှစ်အရွယ် GTC ကျောင်းသား ဂိမ်းဝါသနာရှင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံရှိ မိဘများအနေနှင့်လည်း မိမိတို့၏ မျိုးဆက်များကို မိရိုးဖလာ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်စေလိုပြီး ဘွဲ့မရခင်အထိ တက္ကသိုလ်ပညာရေးကို ကြိုးစားသင်ယူစေလိုသော အစဉ်အလာများနှင့် မြန်မာနိုင်ငံ အခြေအနေအရ မသေချာသော လမ်းကြောင်းတစ်ခုကို တိုးဝင်ခြင်းထက် အောင်မြင်ပြီးသူတို့၏ နောက်သို့ လိုက်ရန်သာ ညွှန်ကြားတတ်ကြသည်။

“သူတို့ပြောနေတဲ့ ဂိမ်းအားကစားကို ဦးတို့အနေနဲ့ အဆင်ပြေမယ် မထင်ဘူး။ ဦးတို့မိဘတွေက ဆယ်တန်းအမှတ်နဲ့ ကိုက်တဲ့ ဘွဲ့တစ်ခုကိုယူ၊ နောက်အလုပ်အကိုင် အခွင့်အလမ်းပေါတဲ့ လုပ်ငန်းခွင်ဝင်၊ အဲလောက်ပဲ ဖြစ်စေချင်တာ။ ဒါပေမဲ့ သူတို့က လမ်းသစ်တစ်ခုကို ဖောက်ဖို့အတွက် အားသန်နေကြတယ်။ နေ့ည ဂိမ်းဆိုင်မှာချည်းပဲ။ လတ်တလော အိမ်က သားကတော့ အချင်းချင်း ပိုက်ဆံကြေး ဆော့နေကြတာပဲ။ ပြိုင်ပွဲတွေ ဘာတွေ ဆော့တာတော့ မတွေ့ဖူးသေးဘူး” ဟု ဂိမ်းဝါသနာရှင် သားတစ်ဦး၏ ဖခင်ဖြစ်သူ ဦးအေးကိုက ပြောကြားသည်။

ဥရောပနိုင်ငံများနှင့် အာရှတိုက်အချို့ နိုင်ငံများတွင် e-Sports ပြိုင်ပွဲပေါင်း များစွာကို လစဉ် ကျင်းပနေပြီး ဆုကြေးများမှာလည်း မက်လောက်စရာပင် ဖြစ်သည်။ ဥပမာအားဖြင့် ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့တွင် လာမည့် ဇူလိုင်လ ၂၈ ရက်၊ ၂၉ ရက်နေ့များတွင် ကျင်းပမည့် ESL One Dota 2 ပြိုင်ပွဲကို ဥရောပတိုက်မှ အင်အားကြီး ဂိမ်းကလပ် သုံးခု၊ အမေရိကတိုက်မှ တစ်သင်း၊ အာရှမှ တစ်သင်းနှင့် တရုတ်နိုင်ငံမှ အသင်းတစ်သင်းတို့အပြင် ဖိတ်ကြားခံ အသင်းနှစ်သင်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး အနိုင်ရရှိသော အသင်းမှာ အမေရိကန်ဒေါ်လာ ရှစ်သောင်းကျော်ခန့် အနည်းဆုံး ရရှိမည် ဖြစ်သည့်အပြင် ကျန်အသင်းများလည်း အမေရိကန်ဒေါ်လာ လေးသောင်း၊ နှစ်သောင်း၊ တစ်သောင်းကျော် ဆုကြေးများကို ရရှိမည် ဖြစ်သည်။

နိုင်ငံတကာ e-Sports လောကကို မျှော်ကြည့်နေသော လူငယ်များအတွက် မျှော်လင့်ချက် များစွာ ရှိနိုင်သလို တစ်လလျှင် ပြိုင်ပွဲတစ်ပွဲမျှ မကျင်းပသော မြန်မာ e-Sports လောကကို မှီခိုမည့် လူငယ်များအတွက် မိဘများ ရင်လေးကျသည်မှာလည်း မိဘများအလွန် မဟုတ်ချေ။ မြန်မာနိုင်ငံတွင် အာရှအဆင့်အထိ အောင်မြင်သော G-Seven ကဲ့သို့ အသင်းကြီးများ ရှိသော်လည်း လက်ချိုးရေတွက်လျှင် ဆယ်ချောင်းပြည့်မည် မဟုတ်ပေ။

“ကျွန်တော်တို့ စဆော့တုန်းက ပြည်တွင်းပွဲလေးတွေပဲ ဆော့ရတာ။ နောက်မှ Online ကနေ SEA ပွဲလေးတွေ ဆော့တယ်။ အဲဒီကမှတစ်ဆင့် ဖိတ်တဲ့ပြိုင်ပွဲတွေကို ဆော့တယ်။ နိုင်ငံခြားမှာ ဆော့ဖို့ဆိုတာက စပွန်ဆာ လိုတယ်။ ပြည်တွင်းမှာ e-Sports နဲ့ ပတ်သက်ပြီး လှုပ်ရှားတဲ့ အဖွဲ့အစည်း နည်းသေးတယ်။ နောက်ပြိုင်ပွဲတွေ အရမ်းနည်းပါတယ်” ဟု G-Seven အသင်းခေါင်းဆောင် Kenji က ဆိုသည်။

ယခင်က ဘောလုံးအားကစားသမားများကို ဝင်ငွေပုံမှန် ရရှိနေသော အခြားသူများကဲ့သို့ လေးစားခဲ့ခြင်း မရှိခဲ့ဘဲ မြန်မာနိုင်ငံ ဘောလုံးလောကကို ပရော်ဖက်ရှင်နယ် အဆင့်သို့ ၂၀၀၉ ခုနှစ်မှ စတင်ကာ တိုးမြှင့်ခဲ့ပြီးနောက်တွင်မူ ပုံမှန်ဝင်ငွေ ရှိလာခဲ့ခြင်း၊ ပြိုင်ပွဲများ ဆက်တိုက်ဆိုသလို ရှိနေခြင်းကြောင့် မိဘများအနေနှင့် မိမိတို့၏ သားသမီးများ ဘောလုံးအားကစားနည်းကို အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုအဖြစ် လေ့လာနေခြင်းကို လက်ခံလာကြသည်။ “e-Sports က အားကစားပါပဲ။ ဘောလုံးကောင်းကောင်း ကစားနိုင်ရင် လစာကောင်းကောင်း ရနိုင်သလို ဂိမ်းကောင်းကောင်း ဆော့နိုင်ရင်လည်း လခ ကောင်းကောင်း ရနိုင်ပါတယ်။ ဒါပေမဲ့ e-Sports မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေ အတွက်တော့ ဂိမ်းကို တစ်သမတ်တည်း လိုက်ဖို့ဆိုတာက တော်တော်ခက်ခဲမယ်။ မိဘတွေ နားလည်လာဖို့အတွက် ကျွန်တော်တို့ ကြိုးစားမှာပါ။ အားကစားပွဲတိုင်းမှာတော့ ထောက်ပံ့တဲ့ စပွန်ဆာလိုတယ် သူတို့ကလည်း e-Sports ဖွံ့ဖြိုးရေးအတွက် အရေးကြီးတဲ့အပိုင်းမှာ ပါပါတယ်” ဟု Kenji က ဆိုသည်။

e-Sports ဖွံ့ဖြိုးပြီးဖြစ်သော နိုင်ငံများတွင် ပညာရှင်များက e-Sports ၏ လူငယ်များအပေါ် လွှမ်းမိုးမှုကို လေ့လာမှုများ ပြုခဲ့ကြပြီး ဘေးထွက်ဆိုးကျိုးများကို စာတမ်းပြုစုခဲ့ကြသည်။ ဂိမ်းကစားချင်းကို စွဲမက်သွားသော လူငယ်များအနေနှင့် လူမူရေးဆက်ဆံမှုဆိုင်ရာ ကိစ္စရပ်များတွင် များစွာ ကျဆင်းသွားခြင်း၊ မိမိနေထိုင်ရာ ပတ်ဝန်းကျင်နှင့် အံမဝင်ခြင်းများအပြင် ကျောင်းစာများကို စိတ်ပါဝင်စားမှု အားနည်းလာခြင်း၊ စိတ်ဖိစီးမှု များပြားခြင်းများ ဖြစ်ပွားတတ်ပြီး ကောင်းကျိုးများ အနေနှင့် အရက်သေစာ၊ မူးယစ်ဆေးများ၊ မိန်းမကိစ္စ အရှုပ်အရှင်းများကို စိတ်ပါဝင်စားခြင်း မရှိတတ်ကြောင်း စာတမ်းတွင် ဖော်ပြထားသည်။

“အိမ်ကသား ဂိမ်းဆော့လို့ စာမေးပွဲကျတာ ၂ နှစ် ဖြစ်သွားပြီ။ သူတို့ နေ့ရော ညပါ ဂိမ်းဆော့နေတတ်ကြတယ်။ ကောင်းတာတစ်ခုဆိုလို့ ခိုက်ရန်ဖြစ်ပွားတာ၊ အရက်သောက်တာ၊ မူးယစ်ဆေးသုံးတာ၊ နောက်ဆုံး ရည်းစားကအစ သူမထားဘူး။ အဲဒီဂိမ်းကိုပဲ စွဲလမ်းနေတယ် ထင်ရတယ်” ဟု GTC ပထမနှစ် ကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်ရည်မွန်သန့်က ဆိုသည်။

၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် Dota 2 Championship The International 2014 ကျင်းပမည်ဖြစ်ပြီး ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၂ သန်းကျော်ကို ချီးမြှင့်မည် ဖြစ်ကာ အဆိုပါပြိုင်ပွဲ တိုက်ရိုက်ကြည့်ရှုခွင့် လက်မှတ်ကို အမေရိကန်ဒေါ်လာ ၉၉၊ ၁၉၉ နှင့် ၄၉၉ ဒေါ်လာအထိ သတ်မှတ်ထားပြီး ထိုင်ခုံအလုံး တစ်သောင်းစာ လက်မှတ် အားလုံး ၁ နာရီအတွင်း ရောင်းကုန်သွားကြောင်း သိရှိရသည်။

အသက်မွေးဝမ်းကျောင်း အားကစားတစ်ခုအဖြစ် ရပ်တည်နိုင်သော e-Sports အပေါ် လုံးဝလက်မခံနိုင်သော လူကြီးများနှင့် အခွင့်အလမ်း နည်းပါးနေသေးသော e-Sports လမ်းကြောင်းကို ပညာရေး အထိခိုက်ခံကာ တစ်ဖက်တည်း မျက်စိမှိတ် တိုးဝင်နေသော လူငယ်အချို့ကြား ညှိနှိုင်းပြင်ဆင်ရန် လိုအပ်ချက်များ ရှိနေသည်။

အောင်သော်ဖြိုး
The Voice Weekly

Thursday, June 12, 2014

ညံ့ဖျင်းသော ဘ၀နေထိုင်မှုပုံစံကြောင့် ဆယ်ကျော်သက်ဆီးချိုဝေဒနာရှင်များ ထိခိုက်

Posted by drmyochit Thursday, June 12, 2014, under | No comments


ဆီးချိုရောဂါရှိနေသည်ဟုသိရှိပြီး နောက်ပိုင်းနှစ်များတွင် ယင်းရောဂါကို ထိန်းချုပ်ရေးလူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာဖိအားများနှင့် ရုန်းကန်နေရသော ဆယ်ကျော်သက်များမှာ ရောဂါထိန်းချုပ်ရေး ပိုမိုညံ့ဖျင်းလာသည်ဟု အမေရိကန်လေ့လာမှုအသစ် တစ်ရပ်က ဖော်ပြသည်။

အရည်အသွေးညံ့ဖျင်းသော  ဘ၀ကို  ပိုင်ဆိုင်သည့် ဆယ်ကျော်သက်များမှာ AIC ဟုခေါ်သော ဟီမိုဂလိုဘင်ပမာဏ မြင့်တက်မှု ပိုမိုများပြားနိုင်သည်ဟု သုတေသီများက ပြောကြားသည်။

 ယင်းမှာ သွေးအတွင်း သကြားဓာတ်စုဝေးလာခြင်းနှင့်ဆီးချိုရောဂါထိန်းချုပ်မှု ညံ့ဖျင်းခြင်းကို ပြသခြင်းလည်းဖြစ်သည်။

‘‘ကြိုတင်ကာကွယ်ရေးဘက်က ကြည့်ပြီး ကျွန်တော်တို့ကြားဝင် ကိုင်တွယ်ဖို့ လိုအပ်ပါတယ်’’ ဟု ကယ်လီဖိုးနီးယား တက္ကသိုလ်မှ စိတ်ပညာရှင် ကိုရီဟုဒ်က ပြောကြားသည်။ ၎င်းတို့အနေဖြင့် စိတ်ပိုင်းဆိုင်ရာ ကိစ္စများအပေါ် စနစ်တကျလေ့လာတိုင်းတာရန် လိုအပ်သည်ဟု ယခု လေ့လာမှုကို ဦးဆောင်ခဲ့သူ ကိုရီဟုဒ်က ပြောသည်။

စိတ်ဖိစီးမှုများနေသော လူငယ်များမှာ မိမိကိုယ်ကို ဂရုစိုက်ရန် အားနည်းနိုင်ကြောင်းနှင့် ယင်းအတွက် AIC ပမာဏများခြင်းဖြစ်နိုင် သည်ဟု ရိုချက်စတာ တက္ကသိုလ်ဆေးပညာဌာနမှ စိတ်ရောဂါကုဆရာဝန် မိုက်ကယ်ရှက်ဖ်ကလည်း ပြောကြားသည်။

ယင်းပြဿနာကို စောစီးစွာ သိရှိကိုင်တွယ်ခြင်းဖြင့် ဆီးချိုရောဂါ ပိုမိုဆိုးရွားလာခြင်းမှ ကာကွယ်ရန်ဖြစ်နိုင်ကြောင်း ရှက်ဖ်က ပြောကြားသည်။

လူငယ်များတွင် ဆီးချိုရောဂါ အမျိုးအစား (၁) မှာ အများဆုံးဖြစ် ပွားလေ့ရှိသည်။ ထုံးစံအားဖြင့် ယင်းရောဂါကို ကလေးအရွယ်နှင့် ဆယ်ကျော်သက်အရွယ်များတွင် ဖြစ်ပွားသည်ကို စတင်တွေ့ရလေ့ရှိသည်။

—Ref: Internet
7 Day

Wednesday, June 11, 2014

အဆိုးဆုံးအတွက် ပြင်ဆင်ပါ

Posted by drmyochit Wednesday, June 11, 2014, under | No comments

ရွှေဘိုငလျင်ကြောင့် ပြိုကျသွားသော ရတနာသိင်္ဃတံတားကို ငလျင်လှုပ်ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − စိုးသန်းဝင်း/အေအက်ဖ်ပီ)
နည်းပညာရပ်များ ထွန်း ကားလွန်းသော ၂၁ ရာစုတွင်လည်း ပညာရှင်များ ကြိုတင်မခန်းမှန်းနိုင်သေးသော သဘာဝ ဘေးအန္တရာယ်တစ်ခုရှိသေးသည်။ မြေငလျင်ဖြစ်သည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က မြန်မာနိုင်ငံပြည်တွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ပြင်း အားရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်အင်အားရှိ သပိတ်ကျင်းငလျင်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်လေးများ အကြိမ်အရေအတွက်ရာနှင့် ချီ၍လှုပ်ရှားခဲ့ပါသည်။ ငလျင်ကြီးတို့၏ ထုံးစံအတိုင်း ကမ္ဘာမြေအတွင်းပိုင်းမှ ကျိုးပြတ်သွားသော ကျောက်စိုင်ကျောက်သားများ ဆက်လက်တုန်ခါခြင်းဖြစ်ပြီး လပေါင်းများစွာကြာအောင် နောက်ဆက်တွဲ ငလျင်ငယ်လေးများ လှုပ်ရှားခဲ့သည်။

 သပိတ်ကျင်း ငလျင်ပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် မည် သည့်နေရာ၌ ငလျင်လှုပ်ရှားသည် ဖြစ်စေ အဆိုပါငလျင်ကြီး၏ နောက်ဆက်တွဲငလျင်ဖြစ်သော ကြောင့် အန္တရာယ်မရှိနိုင်ကြောင်း ဘူမိဗေဒနှင့် ငလျင်ပညာရှင်တို့ က ပြောသည်။ သို့သော် ယခု ရက်ပိုင်းအတွင်း အကြိမ်အရေအ တွက်စိပ်လာသည့် ငလျင်လှုပ်ရှား လာခြင်းများနှင့် ပတ်သက်၍ အလွန်အမင်းစိုးရိမ်ရန် မပြောလို သော်လည်း သတိပြုရန် လိုအပ် နေကြောင်း ကျွမ်းကျင်ပညာရှင် တို့က သုံးသပ်ပါသည်။

‘‘မြေအောက်မှာ ဖြစ်နေတာ ကို ပညာရှင်တွေအနေနဲ့ ခန့်မှန်း ရတော်တော်ခက်ပါတယ်။ ဒီရက် ပိုင်းလှုပ်နေတဲ့ ငလျင်လေးတွေက ရှေ့ပြေးငလျင်လား၊ နောက်ဆက် တွဲ ငလျင်လားဆိုတာ ပြောရခက် ပါတယ်။ ခပ်စိပ်စိပ်လှုပ်လာရင် တော့ ငလျင်အန္တရာယ်ကို သတိ ထားဖို့ လိုနေပြီ’’ ဟု တောင်ငူ တက္ကသိုလ်၊ ဘူမိဗေဒဌာနမှ လက်ထောက်ကထိက ဒေါက်တာ စိုးမင်းကပြောသည်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ သည် မြေငလျင်အန္တရာယ်အကြီး မားဆုံးနိုင်ငံများစာရင်းတွင် ပါဝင်  နေပြီး ပမာဏကြီးမားသည့် အဓိ က မြေငလျင်ကြောကြီး ငါးခုရှိ သည်။ ထို့အပြင် မကြာခဏလှုပ်ရှားနေသည့် ပြတ်ရွေ့ကြောများ စွလည်း ရှိနေကြောင်း မြန်မာနိုင်ငံ မြေ ငလျင်ကော်မတီမှ သတင်းရရှိ သည်။ ၂၀၁၁ ခုနှစ် နောက်ဆုံး အကြိမ်လှုပ်ရှားခဲ့သည့် စစ်ကိုင်း ပြတ်ရွေ့ကြော၊ မြန်မာနိုင်ငံအ နောက်ပိုင်းရှိ ကဘော်မြေငလျင် ကြော၊ ရှမ်းပြည်နယ် မြောက်ပိုင်း နောင် ချိုနှင့် ပြင်ဦးလွင်မြို့အနီးမှ ဖြတ်သွားသော ကျောက်ကြမ်းမြေငလျင်ကြော၊ သံလွင်မြစ်တစ် လျှောက်ဖြတ်သွားသည့် သံလွင် မြေငလျင်ကြောနှင့် ရခိုင်ပြည်နယ် ရှိ ရခိုင်မြေငလျင်ကြောတို့ဖြစ် သည်။

ယင်းတို့အနက် ကျောက် ကြမ်းပြတ်ရွေ့ကြောသည် မြန်မာ့သမိုင်းတွင် အင်အားအပြင်းထန် ဆုံးအဖြစ် ပြင်းအား ရစ်ခ်ျတာ စကေး ၈ ဖြင့် ၁၉၁၂ ခုနှစ်က လှုပ်ခဲ့သည်။ ယင်းပြတ်ရွေ့ကြောသည် နှစ်ပေါင်းတစ်ရာကျော် ငြိမ်သက်နေသောကြောင့် အချိန်မရွေး ပြန်လည်လှုပ်ရှားနိုင်ပြီးသတိပြုစရာပြတ်ရွေ့ကြီး တစ်ခုဖြစ်ကြောင်း ဒေါက်တာစိုးမင်း ကပြောသည်။

မြန်မာနိုင်ငံကို တောင်နှင့် မြောက်သွယ်တန်းနေပြီး ၂၀၁၁ ခုနှစ်က အင်အားပြင်းအဆင့်ဖြင့် လှုပ်ခဲ့သော စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံမြောက်ပိုင်းမှ ကပ္ပလီပင်လယ်ပြင်အထိ ရှိနေသည်။ ရန်ကုန်၊ စစ်ကိုင်း၊ မန္တ လေး၊ ပဲခူးစသော မြို့ကြီးများအနီး မှ စစ်ကိုင်းပြတ်ရွေ့ကြောဖြတ် သန်းသွားသည်။ ၁၉၃၀ပြည့်နှစ် မေလ ၅ ရက်တွင် ပဲခူးမြို့အ နောက်တောင်ဘက် မိုင် ၂၀ ကျော်အကွာတွင် အင်အားရစ်ခ်ျတာ စကေး ၇ ဒသမ ၃ ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ရာ ပဲခူးတွင် လူ ၅၀၀၊ ရန်ကုန်တွင် လူ ၅၀ ခန့်သေဆုံးခဲ့ သည်။ အဆိုပါငလျင်ကြီး လှုပ် သည်မှာ နှစ် ၈၀ ကျော်နေ၍ ပြန် လာမည်ကို ပညာရှင်များစိုးရိမ်နေ ကြသည်။

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့အနီးကို ဗဟိုပြု၍ ဇွန်လ၁ ရက်က လှုပ်သွားသည့် ဒေးဒရဲမြေငလျင်ကြောကလည်း တစ်ဖန်ပြန်လည် လှုပ်ရှားလာသောကြောင့် စောင့်ကြည့်လေ့လာမှုများပြုလုပ်နေကြောင်း မြန်မာနိုင်ငံမြေငလျင် ကော်မတီအထွေထွေ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောသည်။

‘‘မလှုပ်ရှားဘဲ နှစ်ပေါင်းများ စွာ ငြိမ်နေတဲ့ ငလျင်ကြောတွေ လည်းရှိနေသေးတယ်။ ငလျင်တွေရဲ့ သဘာဝအရ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လောက်ပြင်း အားနဲ့ လှုပ်မလဲဆိုတာ ကျွန် တော်တို့ အနေနဲ့ ကြိုတင်ခန့်မှန်း လို့မရနိုင်ဘူး။ သိပံ္ပပညာဘယ် လောက်တိုးတက်၊ တိုးတက် ငလျင်ကို အတိအကျမခန့်မှန်းနိုင် သေးဘူး။ ငလျင်အန္တရာယ်ကို ကြို တင်ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ငလျင်နဲ့ ဆိုင် တဲ့ ဗဟုသုတရှိဖို့နဲ့ ဖြစ်လာခဲ့ရင် စနစ်တကျ ကာကွယ်နိုင်ရေးပါပဲ’’ ဟု ဦးစိုးသူရထွန်းက ပြောကြားသည်။

ဒေးဒရဲ ငလျင်ကြောသည် အင်္ဂလိပ်အစိုးရလက်ထက် ၁၈၉၂ ခုနှစ်က ပြင်းအား ၆ ဒသမ ၅ ဖြင့် အင်အားပြင်းပြင်းလှုပ်ခဲ့ခြင်းကြောင့် အင်အား ပြင်းပြင်းမလှုပ် ရှားခဲ့သည်မှာ နှစ်ပေါင်းတစ်ရာကျော်နေပေသည်။ ထိုစဉ်က လည်း တွံတေးမြို့အနီးကို ဗဟို ပြု၍ လှုပ်ခြင်းဖြစ်ပြီး ရွှေတိဂုံ စေတီတော်ထီးတော်ကျသည်အ ထိ ရန်ကုန်မြို့တွင် သက်ရောက် ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအ ရသိရသည်။

ဇွန်လ ၁ ရက်က ဒေးဒရဲ ငလျင်ကြော လှုပ်ရှားမှုသည် လည်း ရန်ကုန်မြို့တွင်ပါ သိသိ သာသာခံစားလိုက်ရသောကြောင့် အဆောက်အအုံနှင့် လူဦးရေ သိပ် သည်းထူထပ်သည့် ရန်ကုန်မြို့အ တွက် ငလျင်အန္တရာယ်ကို အမှုမဲ့၊ အမှတ်မဲ့မနေသင့်ကြောင်း ဘူမိ ဗေဒပညာရှင်ဦးလှသိန်းကအကြံ ပြုသည်။

‘‘ရန်ကုန်မှာ ငလျင်ကြီး မပြောနဲ့။ တော်သင့်ရုံပြင်းအားနဲ့ လှုပ်ရင်တောင် ခပ်လွယ်လွယ် ဆောက်ထားတဲ့ တိုက်တွေနဲ့နှစ်ပေါင်းများစွာ ကြာနေတဲ့ အ ဆောက်အအုံတွေ ခံနိုင်မှာမဟုတ် ဘူး။ အစိုးရပိုင်းကလည်း မုန်တိုင်း တို့၊ ရေဘေးကာကွယ်ရေးတို့သာ လုပ်နေတာ ငလျင်နဲ့ ပတ်သက်လို့ လုပ်တာ ဘာတစ်ခုမှ မတွေ့ရသေးဘူး။ ဖြစ်လာရင် အကြောက်လွန် ပြီး ၀ရုန်းသုန်းကားဖြစ်တာနဲ့ တင် ဒုက္ခရောက်ကုန်မှာ’’ဟု ရန်ကုန် မြို့လှည်းတန်းရှိ ရှစ်လွှာအမြင့် တိုက်ခန်းတစ်ခန်းတွင် နေထိုင်သူ ကိုလွင်ဦးကပြောသည်။

ဘူမိဗေဒပညာရှင် ဦးလှသိန်းက ရန်ကုန်ကဲ့သို့ လူဦးရေ သန်းနှင့်ချီနေထိုင်ကာ လူနေထူထပ်သော နေရာတွင် အင်အားပြင်းငလျင် မဟုတ်သည့်တိုင် အင်အားအသင့် အတင့်ရှိသော ငလျင်လှုပ်ပါက လည်း အောက်ခံဖောင်ဒေးရှင်း မခိုင်သည့် အဆောက်အအုံများ နှင့် တိုက်အို၊ တိုက်ဟောင်းများ အလွယ်တကူပြိုကျနိုင်ကြောင်း ပြောသည်။

အနီးစပ်ဆုံးအနေဖြင့် ရန် ကုန်မြို့ကို ဗဟိုပြု၍ ငလျင်လှုပ် ရှားမှု ၁၉၉၄ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီက ဖြစ်ပွားခဲ့သော်လည်း အင်အားနည်းသောကြောင့် ပျက် စီးဆုံးရှုံးမှုမရှိခဲ့ပေ။ အဆိုပါလှုပ် ရှားမှုများမှာ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ သန်လျင်ကုန်းတန်း လှုပ်ရှားခြင်းနှင့် မင်္ဂလာဒုံကုန်းရိုးမြင့်တက်ခြင်းကြောင့် ကြီးမား သည့် လှုပ်ရှားမှုမျိုးမဖြစ်ခဲ့သော် လည်း ရန်ကုန်မြို့အနောက်ဘက် ရှိ ဒေးဒရဲပြတ်ရွေ့ကြောနှင့် အ ရှေ့ဘက်သုံးခွ မြို့လယ်ကို ဖြတ်သွားသည့် စစ်ကိုင်းပြတ်ရွေ့ကြောလှုပ်ရှားခဲ့ပါက စိုးရိမ်ရသည့် အနေအထားဖြစ်ကြောင်း ဒေါက်တာစိုးမင်းကပြောသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ ဇွန်လ ၉ ရက်အထိ မြန်မာနိုင်ငံ အတွင်းကို ဗဟိုပြု၍ အင်အား အနည်းငယ်နှင့် အသင့်အတင့်ရှိ သော ငလျင်အကြိမ် ၂၀ ခန့်လှုပ် ခဲ့ပြီး စစ်ကိုင်းပြတ်ရွေ့ကြောဖြတ် သွားသည့် သပိတ်ကျင်းမြို့အနီး တွင် အများဆုံးလှုပ်ခဲ့ကြောင်း မိုး လေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲ၏ မှတ် တမ်းများအရ သိရသည်။

ဇွန်လ ၉ ရက်ညက မြန်မာ- ထိုင်း-လာအို နယ်စပ်ဆုံရာ ရွှေ တြိဂံပြတ်ရွေ့ကြောသည် ရစ်ခ်ျ တာစကေး ၄ ဒသမ ၅ အဆင့်ဖြင့် လှုပ်ရှားခဲ့ပြန်သည်။ ယင်းငလျင် ကို ၂၀၁၁ ခုနှစ်က ရစ်ခ်ျတာစကေး ၇ အဆင့်ဖြင့် ငလျင်ဒဏ်အပြင်း အထန်ခံစားခဲ့ရဖူးသည့် တာလေ မြို့တွင်ပါ ခံစားခဲ့ရပြီး နောက် တစ်ကြိမ် အင်အားပြင်းထန်စွာ လှုပ်ရှားမည်ကို ဒေသခံများ စိုး ရိမ်နေကြသည်။ တာလေငလျင် လှုပ်ခဲ့စဉ်က ဒေသခံ လူဦးရေ တစ်ရာခန့် သေဆုံးခဲ့ရကာ အ ဆောက်အအုံသုံးရာခန့်ပြိုကျ ပျက်ဆီးခဲ့ရသည်။

ရွှေတြိဂံပြတ်ရွေ့ကြောသည် ပြီးခဲ့သည့် မေလ ၅ ရက်က ထိုင်း နိုင်ငံ ချင်းရိုင်ခရိုင်ကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၅ ဒသမ ၈ အ ဆင့်ဖြင့် လှုပ်ခတ်ခဲ့သေးသည်။ ရွှေတြိဂံဒေသတွင် ပြတ်ရွေ့ကြော ငယ်လေး များစွာရှိနေပြီး ယခု ကဲ့သို့ အင်အားဖြင့် မကြာခဏ လှုပ်ရှားနေပါက တာချီလိတ် ခရိုင်အပါအ၀င် အနီးပတ်ဝန်းကျင်ဒေသများ ငလျင်ကြီး အန္တရာယ်သတိပြုရန် လိုအပ်နေကြောင်း ဦးစိုးသူရထွန်းကပြောသည်။

‘‘ငလျင်မကြာခဏလှုပ်လာ ပြီဆိုရင် ငလျင်ကြောမှာရှိတဲ့ မြို့ ရွာတွေမှာ ကြိုတင်ကာကွယ်နိုင် ဖို့ အတွက် ဇာတ်တိုက်လေ့ကျင့်မှု တွေလုပ်သင့်ပါတယ်။ အဆောက် အအုံတွေကို ငလျင်ဒဏ်ခံနိုင် အောင် အစီအမံထည့်သွင်းပြီးမှ ဆောက်လုပ်စေသင့်ပါတယ်။ ဖြစ်နိုင်ရင် ငလျင်ကြောမှာရှိတဲ့ မြို့ရွာက ဒေသခံတွေကို ခေတ္တ ရွေ့ပြောင်းပေးရပါမယ်။ သတိဆို တာ ပိုတယ်မရှိပါဘူး။ ကြိုမသိ နိုင်တဲ့ သဘာဝဘေးအတွက် ပြည် သူတွေရဲ့ အသက်အိုးအိမ်ကို ဆိုင် ရာ အစိုးရက တန်ဖိုးထားပြီး ဂရု စိုက်ပေးဖို့ လိုနေပြီလို့ ထင်ပါ တယ်’’ဟု ၂၀၁၁ ခုနှစ် နိုဝင်ဘာလ က သပိတ်ကျင်းငလျင် ဒဏ်ခံခဲ့ရ ဖူးသည့် ရွှေဘိုမြို့နယ်မှ အငြိမ်း စား ကျောင်းဆရာ ဦးစံလှိုင်က ပြောသည်။

ထို့အပြင် ငလျင်ဗဟိုချက်က ပြည်တွင်းတွင် ဗဟိုမပြုသော် လည်း မြန်မာ-ထိုင်းနှင့် မြန်မာ- တရုတ်နယ်စပ် များတွင် အင်အား အသင့်အတင့်ရှိ ငလျင် သုံးကြိမ် လှုပ်ခဲ့ပြီး ထိုင်းနှင့် တရုတ်နိုင်ငံ တို့တွင် လူနေအိမ် အဆောက်အအုံပျက်စီးဆုံးရှုံးမှုနှင့် သေဆုံး ဒဏ်ရာရမှုအချို့ရှိခဲ့သည်။ ယခု လအတွင်း ပြည်တွင်းတွင် လှုပ်ခဲ့သည့် ငလျင်နှစ်ကြိမ်မှာလည်း အဆောက်အအုံနှင့် လူနေထူထပ် သည့် ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော်ကို ဗဟိုပြုလှုပ်ရှားခဲ့ ခြင်းဖြစ်သည်။

ထို့ကြောင့် ကြိုတင်ခန့်မှန်းနိုင်ခြေမရှိသေးသည့် ငလျင်အန္တရာယ်သည် တည်နေရာကို မသိနိုင်သည့်အပြင် မည်သည့်အချိန်တွင် အင်အားမည်မျှဖြင့် လှုပ်ရှားမည်ကို ပညာရှင်တစ်ဦးတစ်ယောက်ကမျှ ခန့်မှန်းသတိပေးနိုင်ခြင်းမရှိသေးပေ။

ရာသီဥတုဆိုင်ရာ သတင်း များကို ထုတ်ပြန်သတိပေးနေသူ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က မည်သည့် သဘာဝဘေးအန္တရာယ်ဖြစ်စေ စနစ်တကျကြိုတင် ကာကွယ်နိုင်ခြင်းသည် သာ သဘာဝဘေးကို အကောင်း ဆုံးတုံ့ပြန်မှုဖြစ်ကြောင်း သတိပေးပါသည်။

လူဦးရေထူထပ်သော မြို့ကြီးများအနီးတွင် အင်အားပြင်းငလျင် ကြီးများ မလှုပ်ခြင်းက မြန်မာနိုင်ငံ ကံကောင်းဆဲဖြစ်သည်။ အကယ် ၍ ကံမကောင်းနိုင်တော့ဘဲ ငလျင် ကြီးများ လှုပ်လာလျှင် သေဆုံး ဒဏ်ရာရမှု၊ ထိခိုက်ပျက်စီးမှု နည်းအောင် ကြိုတင်ကာကွယ်ရန်မှာ အစိုးရနှင့် ပြည်သူအားလုံး၏ တာဝန်ဖြစ်သည်။ ဟေတီ၊ ဂျပန်ဖူကူရှီးမား ငလျင်၊ တရုတ်စီချွမ် ငလျင်များမှ  သင်ခန်းစာယူရန် လိုပါသည်။။

တာလေငလျင်ကြောင့် တာလေမြို့အနီး ကားလမ်းတစ်နေရာ၌ အက်ကွဲသွားသည်ကို တွေ့ရစဉ်
(ဓာတ်ပုံ − Worldvision)


7 Day Daily

Wednesday, June 04, 2014

တပည့်လေးထံမှ သင်ယူခြင်း

Posted by drmyochit Wednesday, June 04, 2014, under ,, | No comments



ဆရာမနာမည်က ' ဒေါ်သီတာဆွေ 'တပည့်လေးနာမည်က 'တက်တူ 'ကျောင်းစဖွင့်ဖွင့်ချင်းနေ့မှာတော့ ငါးတန်းရဲ့အတန်းရှေ့မှာ ရပ်ရင်း အတန်းပိုင်ဆရာမလေး ဒေါ်သီတာဆွေဟာ သူ့အတန်းကို မုသားတစ်ခွန်းနဲ့အစချီလိုက်ပါတယ်။

တခြားဆရာမတွေလိုပါပဲ။ဒေါ်သီတာဆွေဟာလည်း သူ့တပည့်လေးတွေကို စေ့စေ့ကြည့်ရင်း သူ
ဟာ တပည့်တိုင်းကို အယုတ်အလတ်အမြတ်မရွေးချစ်ခင်ပါတယ်လို့ ပြောလိုက်တာပါပဲ။ဒါပေမယ့် ဒေါ်
သီတာဆွေအနေနဲ့ တပည့်တိုင်းကို အယုတ်အလတ်အမြတ်မရွေး ချစ်ခင်ဖို့ဆိုတာ မလွယ်လှပါဘူး။
အကြောင်းကတော့ ရှေ့ဆုံးတန်းက ထိုင်ခုံမှာလျော့တိလျော့ရဲနဲ့ ပုံ့ပုံ့လေးထိုင်နေတဲ့ 'တက်တူ '
ဆိုတဲ့ ကျောင်းသားလေးတစ်ယောက်ကြောင့်ပါ။

ဒေါ်သီတာဆွေဟာ အရင်နှစ်ကတည်းကတက်တူကို သတိထားမိခဲ့တယ်။သည်ကလေးက
အခြားကလေးတွေနဲ့ ရင်းရင်းနှီးနှီး ဆော့ကစားလေ့မရှိဘူး။အဝတ်အစားတွေကလည်း ဖိုသီဖတ်သီ။
ရေလည်း ချိုးမှ ချိုးရဲ့လားမသိ။တက်တူကိုကြည့်ရတာ တော်တော့်ကို ကစုတ်ကတ်နဲ့။

ဒီနှစ် သူ့အခန်းထဲကို တက်တူ ရောက်လာတဲ့အခါမှာတော့ ဒေါ်သီတာဆွေ အတော်စိတ်ပျက်နေတယ်။အဆင်ပြေချင်တော့ တက်တူရဲ့ လေ့ကျင့်ခန်းစာအုပ်တွေကို စစ်ရတဲ့အခါမှာ ဒေါ်သီတာဆွေဟာ သူ့ရင်ထဲက အစိုင်အခဲကို ချေဖျက်ခွင့်ရသွားတယ်။မင်နီထူထူကြီးနဲ့ ကြက်ခြေခတ်အကြီးကြီးတွေကိုထင်းထင်းကြီး ခြစ်လို့ရသွားတယ်လေ။တက်တူရဲ့လပတ်စာမေးပွဲအဖြေလွှာ
မှာ ' ရှုံး ' ဆိုတဲ့စာလုံးကြီးကိုရေးချလိုက်တာများ အင်မတန်အားရကျေနပ်တဲ့အမူအရာနဲ့။

ဒေါ်သီတာဆွေ အလုပ်ဝင်နေတဲ့ကျောင်းမှာကကလေးတွေရဲ့ နောက်ကြောင်းမှတ်တမ်းတွေကို ဆရာ
တွေက မဖြစ်မနေ သုံးသပ်ကြရတယ်။အခုနှစ် ကလေးတွေရဲ့ နောက်ကြောင်းကို
ပြန်စစ်တဲ့အခါ ဒေါ်သီတာဆွေဟာ တက်တူရဲ့နောက်ကြောင်းကို နောက်ဆုံးမှ စစ်တယ်။ဒါပေမယ့် နောက်ဆုံးမှစစ်တဲ့တက်တူရဲ့နောက်ကြောင်းကို လှန်လိုက်တာနဲ့ တပြိုင်နက် ဒေါ်သီတာဆွေ ပါးစပ်အဟောင်းသားဖြစ်သွားပါတော့တယ်။

တက်တူရဲ့ ပထမတန်းဆရာမက ဒီလိုရေးထားတယ်။

" မောင်တက်တူသည် ဉာဏ်ထက်မြတ်ပြီးပျော်ပျော်ရွှင်ရွှင် နေတတ်သူဖြစ်သည်။ကျောင်းစာများ
ကို သန့်ရှင်းသပ်ရပ်စွာ ရေးမှတ်ဖြေဆိုတတ်ပြီးယဉ်ကျေးတဲ့သူလည်းဖြစ်သည်။သူကား တစ်တန်းလုံး
နှင့်လည်း သင့်မြတ်သူ ဖြစ်သည် "

ဒုတိယတန်းဆရာမကျပြန်တော့

" တက်တူသည် အလွန်ထူးချွန်သော ကျောင်းသားတစ်ယောက်ဖြစ်သည်။သူ့အတန်းဖော်များကလည်း
သူ့ကို အလွန်ချစ်ခင်ကြသည်။သို့ရာတွင် သူ့မိခင်မှာနာတာရှည်ရောဂါကို
သေလုမျောပါးခံစားနေရသည်ဖြစ်ရာတက်တူမှာ စိတ်ထိခိုက်နေပုံရသည်။တက်တူအဖို့ အိမ်တွင်နေရသော ဘဝသည် ပင်ပန်းဆင်းရဲခြင်း ကြီးနေလောက်ပေသည် "

တတိယတန်း ဆရာမကလည်း

" မိခင်တိမ်းပါးသွားခြင်းက တတ်တူအတွက်ရွှေတောင်ကြီး ပြိုခြင်း ဖြစ်ပါလိမ့်မည်။သူက အရွယ်နှင့်
မမျှအောင် သူ့စိတ်သူထိန်းကာ ကျောင်းစာမှာရော၊ပတ်ဝန်းကျင်နှင့်ပါအဆင်ပြေအောင် အတက်နိုင်ဆုံး
ကြိုးစားအားထုတ်ရှာသည်။သူ့ဖခင်ကမူ သူ့အပေါ်အလေးထားပုံ မရလှချေ။သူ့အတွက် ကျောင်းက
တစ်ခုခု ပံ့ပိုးမပေးနိုင်လျှင် တက်တူ၏အနာဂတ်ထိခိုက်လာမည့် အလားအလာများရှိပေသည် "
စတုတ္ထတန်းဆရာမ ကျပြန်တော့လည်း

" တက်တူကား တစ်ယောက်တည်း ငေးတိငေးငိုင်သာ နေတတ်လေသည်။ကျောင်းစာကိုလည်း စိတ်
ဝင်စားပုံ မရပါ။သူ့မှာ သူငယ်ချင်းလည်း များများစားစားမရှိပါ။တစ်ခါတစ်လေ စာသင်ချိန်၌ပင် အတန်းထဲတွင်အိပ်ပျော်နေတတ်ပေသည် "

ဒါတွေကို ဖတ်ပြီးတဲ့အခါမှာတော့ ဒေါ်သီတာဆွေဟာ တက်တူရဲ့ပြသာနာတွေကို သဘောပေါက်သွား
သလို သူ့ကိုသူလည်း အတော်အရှက်ရသွားတယ်။ပိုဆိုးသွားတာက သီတင်းကျွတ်ကာလမှာ သူ့
တပည့်တွေက လာကန်တော့ကြတဲ့ အချိန်မှာပါ။တပည့်လေးတွေဟာ စက္ကူအရောင်လွင်လွင်လေးတွေ၊
ဖဲကြိုးရောင်လှလှလေးတွေ ထုပ်ပိုးချည်နှောင်ထားတဲ့အထုပ်ကြီး အထုပ်ငယ်တွေနဲ့ သူ့ကို လာကန်တော့ကြတယ်။တက်တူလေးရဲ့ အထုပ်ကျတော့ အဲဒီလိုမဟုတ်ဘူး။ထုပ်ပိုးလာတာကိုက ဖရိုဖရဲနဲ့၊ကုန်စုံဆိုင်မှာဆေးဝယ်ရင် ဆိုင်ကထုပ်ပေးတတ်မြဲ စက္ကူအညိုနဲ့ ထုပ်လာတာ။အဟောင်းကို ပြန်သုံးထားတော့ စက္ကူကလည်းတွန့်လို့ ကျေလို့ရယ်။

ဒေါ်သီတာဆွေဟာ အခြားလက်ဆောင်လှလှလေးတွေကြားက တက်တူရဲ့ အထုပ်ကလေးကို ရင်နင့်
နင့်နဲ့ ဆွဲယူလိုက်ပြီး ချက်ချင်းပဲ ဖွင့်ကြည့်လိုက်ပါတယ်။ဖွင့်လိုက်တဲ့အခါ ဥဿဖရားလက်ကောက်
လေးတစ်ခုနဲ့ ရေမွှေးပုလင်းအဟောင်းလေးတစ်လုံးထွက်လာတာမို့ ကျောင်းသားတစ်ချို့ ရယ်လိုက်ကြ
တယ်။ရယ်ဆို ဥဿဖရားလက်ကောက်လေးမှာကဥဿဖရားအပွင့်လေးတွေ စေ့စေ့ငှငှ မရှိတော့ပဲ
အချို့နေရာတွေမှာ ကွက်တိကွက်ကျား ဖြစ်နေသလိုရေမွှေးပုလင်းထဲမှာလည်း ရေမွှေးက ဖင်ကပ်သာ
သာ လေးပုံတစ်ပုံလောက်ပဲ ကျန်တော့တာကိုး။ဒါပေမယ့် ဒေါ်သီတာဆွေက လက်ကောက်
လေးကလှလိုက်တာလို့ အသံကျယ်ကျယ်ရေရွတ်လိုက်ပြီး လက်မှာချက်ချင်း ကောက်ဝတ်လိုက်တာမို့
ရယ်နေသူတွေလည်း အရှိန်သပ်သွားတယ်။လက်ကောက်လေးကို ဝတ်ပြီးတာနဲ့ တက်တူပေးတဲ့
ရေမွှေးလေးကိုလည်း သူ့လက်ကောက်ဝတ်မှာဆွတ်လိုက်ပြန်ပါတယ်။

အဲဒီနေ့က ကျောင်းဆင်းတော့ တက်တူဟာခါတိုင်းလို အတန်းထဲက ချက်ချင်းမပြန်သေးဘဲ ခဏ
စောင့်နေတယ်။လူရှင်းတော့ ဒေါ်သီတာဆွေ့အနားကိုရောက်လာပြီး " ဆရာမရယ်...ဒီနေ့ ဆရာမဆီက ရတဲ့အနံ့က သားမေမေရဲ့ကိုယ်နံ့အတိုင်းပါပဲဗျာ "လို့ပြောလေရဲ့။

မောင်တက်တူဟာ သည်စကားကိုပြောပြီးတဲ့နောက် ကျောင်းခန်းထဲကနေ ထွက်သွားပါတယ်။ကျန်ရစ်သူ ဒေါ်သီတာဆွေမှာတော့ မျက်ရည်တွေတွေကျလာရတဲ့အပြင် တရှုံ့ရှုံ့တောင် ငိုမိတဲ့အထိပါပဲ။အဲဒီနေ့ကစပြီး ဒေါ်သီတာဆွေဟာ အရေး၊အဖတ်၊အတွက်တွေ သင်ကြားပို့ချနေတာများကို
လုံးလုံးစွန့်လွှတ်လိုက်ပြီး ကလေးငယ်များကို သင်ကြားပို့ချပေးတဲ့အလုပ်ကို စလုပ်ပါတော့တယ်။
ထို့အပြင် မောင်တက်တူကိုလည်း သေသေချာချာ ဂရုတစိုက် သင်ကြားပေးပါတယ်။သင်ရင်းနဲ့
မောင်တက်တူရဲ့ ဦးနှောက်ဟာလည်း သိသိသာသာနိုးကြားလာတာကို ဒေါ်သီတာဆွေ တွေ့လာရတယ်။
ဆရာမက အားပေးလေ ၊တက်တူရဲ့ ဦးနှောက်ကသွက်လတ်ထက်မြတ်လာလေပါပဲ။စာသင်နှစ် ကုန်
ဆုံးချိန်မှာတော့ တက်တူဟာ ဒေါ်သီတာဆွေအတန်းရဲ့ အတော်ဆုံးကလေးတွေထဲက တစ်ယောက်ဖြစ်
လာပါတော့တယ်။

တပည့်တိုင်းကို အယုတ်အလတ်အမြတ်မရွေး ချစ်ခင်ပါတယ်ဆိုတဲ့ ဒေါ်သီတာဆွေ့ မုသား
ဟာ ယခုဆို မုသားမှန်း ပိုလို့တောင်သေချာလို့သွားပါတယ်။သေချာဆို တက်တူလေးက ဒေါ်သီတာဆွေရဲ့
အချစ်ဆုံး တပည့်လေးတစ်ယောက် ဖြစ်လာခဲ့ပြီကိုး။

နောက်တစ်နှစ်အကြာမှာတော့ ဒေါ်သီတာဆွေ၏ အခန်းတံခါးအောက်ခြေမှာ တက်တူရဲ့ စာတို
လေးတစ်စောင် ရောက်နေတယ်။စာတိုလေးထဲမှာတော့ဆရာမဟာ သူ့ဘဝမှာကြုံခဲ့ဖူးသမျှ ဆရာ၊ဆရာမတွေအားလုံးအနက်မှာ အမြတ်ဆုံးဆရာပါပဲ လို့ရေးထားပါတယ်။နောက်ထပ်
ခြောက်နှစ်အကြာမှာလည်းဒေါ်သီတာဆွေဟာ တက်တူဆီက စာလေးတစ်စောင်ရပြန်တယ်။စာထဲမှာ သူဟာ အထက်တန်းကျောင်းပြီးသွားပြီဖြစ်ကြောင်း၊ အတန်းထဲမှာ တတိယရခဲ့ကြောင်းနဲ့ သူ့ဘဝမှာ ကြုံဖူးသမျှ ဆရာ၊ဆရာမများအားလုံးအနက်မှာ ဆရာမဒေါ်သီတာဆွေကသာအမြတ်ဆုံးဆရာ ပါပဲ လို့ရေးထားပါတယ်။နောက်ထပ်လေးနှစ်အကြာမှာ ဒေါ်သီတာဆွေ့ထံ တက်တူရဲ့စာ ရောက်လာပြန်တယ်။စာထဲမှာ ဘွဲ့ရတော့မယ့်အကြောင်းနဲ့ ဆရာ၊ ဆရာမတွေထဲမှာ
ဆရာမဒေါ်သီတာဆွေသာ အမြတ်ဆုံးလို့ ရေးထားပြန်တယ်။

အဲဒီနောက် နောက်ထပ်လေးနှစ်အကြာမှာစာတစ်စောင် ထပ်ရောက်လာပြန်တယ်။သည်တစ်
ကြိမ်မှာတော့ ပထမဘွဲ့ရရှိပြီးကြောင်းနဲ့ ဆက်ကြိုးစားဖို့အကြောင်း ရေးထားတယ်။ဒါ့အပြင် ဆရာမဒေါ်သီ
တာဆွေဟာ သူ့ရဲ့ အမြတ်ဆုံးနဲ့ အချစ်ဆုံးဆရာဖြစ်ကြောင်း မဖြစ်မနေ ထည့်ရေးထားတယ်။
သည်တစ်ကြိမ်တော့ စာရဲ့အောက်ခြေမှာထိုးထားတဲ့ လက်မှတ်က နည်းနည်းရှည်တယ်။
" သက်ထွန်းဆက် " MD တဲ့။ ( MD ဆိုတာဆရာဝန်ဘွဲ့ပါ) ဟုတ်ပါ့။တက်တူဆိုတာ သူ့ငယ်နာ
မည်ပဲဟာ။ကျောင်းနာမည်က သက်ထွန်းဆက် ပဲ။ဇာတ်လမ်းက မဆုံးသေးပါဘူး။

အဲဒီနှစ်နွေဦးမှာ ဒေါ်သီတာဆွေ့ထံ စာတစ်စောင်ထပ်ရောက်လာပြန်တယ်။တက်တူဆီကပါပဲ။
မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်တော့မယ့်အကြောင်းရေးထားတာပါ။သူ့ဖခင်က လွန်ခဲ့တဲ့ နှစ်နှစ်
က ကွယ်လွန်သွားပြီ ဖြစ်ကြောင်း၊ ဆရာမက သူတို့သားရဲ့မိခင်အဖြစ် သူတို့မင်္ဂလာဆောင်ကို ကြွရောက်
ချီးမြှင့်ပေးမယ်ဆိုရင် သိပ်ကောင်းမှာပဲတဲ့။ဒေါ်သီတာဆွေလား........

ဟုတ်ကဲ့....တက်တူခေါ် ဒေါက်တာသက်ထွန်းဆက်ရဲ့ မင်္ဂလာပွဲကို ကြွရောက်ချီးမြှင့်ခဲ့တာ အသေ
အချာပေါ့ ခင်ဗျာ။

ဒေါ်သီတာဆွေက ဘာလုပ်တယ်မှတ်လဲ......ဥဿဖရားပွင့်လေးတွေ လပ်နေလို့ ကွက်တိကွက်
ကျားဖြစ်နေတဲ့ လက်ကောက်လေးကို ဝတ်သွားတယ်ခင်ဗျ။ဒါတင်ဘယ်ကမလဲ၊တက်တူရင်ထဲမှာ တသသ
နဲ့ အမှတ်ရနေဆဲ သူ့မိခင်ဆွတ်နေကျ ရေမွှေးအမျိုးအစားကိုလည်း မမေ့မလျော့ ဆွတ်လို့ သွားလိုက်ပါတယ်။

မင်္ဂလာဆောင်ကို ရောက်တဲ့အခါမှာတော့ဒေါက်တာ သက်ထွန်းဆက်နဲ့ ဆရာမဒေါ်သီတာဆွေ
တို့ဟာ တကယ့်သားအမိလို တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ် ဖက်ထားမိလိုက်ကြ
တယ်။ဒေါက်တာ သက်ထွန်းဆက်က သူ့ငါးတန်းဆရာမကို ခပ်တိုးတိုးပြောတယ်။

" ကျေးဇူးကြီးလှပါတယ် ဆရာမရယ်......ကျွန်တော့်ကို ဆရာမ ယုံယုံကြည်ကြည် ရှိခဲ့တဲ့အ
တွက် ဆရာမကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်....ကျွန်တော့်မှာ အစွမ်းအစရှိတယ်၊ကြိုး
စားရင် ဖြစ်နိုင်တယ်လို့ ခံစားလာရအောင် လုပ်ပေးခဲ့တဲ့အတွက်လည်း အရမ်းကိုကျေးဇူးတင်ပါတယ်
ဆရာမရယ် "

မျက်ရည်တွေဝိုင်းနေတဲ့ ဒေါ်သီတာဆွေလည်း ခပ်တိုးတိုးပြန်ပြောလိုက်ပါတယ်။
" မောင်တက်တူးရယ်...သားမှားနေပြီ.....ဆရာမက သားကို သင်ပေးခဲ့တာ မဟုတ်ပါဘူး
ကွယ်...သားကသာ ဆရာမကို သင်ပေးခဲ့တာပါ...သာကသာ ဆရာမကို ကြိုးစားရင်ဖြစ်နိုင်ပါတယ်လို့
သင်ပေးခဲ့တာပါကွယ်....သားနဲ့မဆုံရခင်တုန်းကဆရာမ စာမသင်တတ်ခဲ့ဘူး သားရဲ့.........."

အတ္တကျော်
( ဘယ်ဆီကိုများ ဒုံးစိုင်းသွားနေ)

Wednesday, May 21, 2014

သတိမူစရာ ဤအခါ

Posted by drmyochit Wednesday, May 21, 2014, under | No comments

မောင်စိုးမောင် (ပညာရေး)

မေလနောက်ဆုံးပတ်နှင့် ဇွန်လ ပထမပတ်ကို ရောက်ပြီဆိုမှဖြင့် ကျွန်တော်တို့ မြန်မာ့မြေတွင် မုတ်သုံမိုးနှင့် အပြိုင် ဝန်းကျင်တစ်ခွင် စိမ်းစိုလွင်နေပေပြီ။ အပူရှိန်များလည်း လျော့ကျစပြုပါပြီ။ ဤအချိန်အခါမျိုးတွင် ပညာသင်နှစ်၏ အစ၊ ကျောင်းဖွင့်ချိန်အဖြစ် နှစ်ပေါင်းများစွာကတည်းက သတ်မှတ်ပေးခဲ့သော အကြီးအကဲ များ၏ စေတနာနှင့်ပညာဉာဏ် အမြော်အမြင်ကြီးမားမှုကို လေးစားကြည်ညိုမဆုံးဖြစ်ရပါသည်။
ယခု ပညာသင်နှစ်တွင်လည်း မေ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ပညာရေး ဝန်ကြီးဌာနက သတ်မှတ်ပေးထားပါသည်။ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံကြဖို့ ပြည်သူ အားလုံးပါဝင် ဆောင်ရွက်ပေးကြရန်လည်း နှိုးဆော်ထားပါသည်။ ဇွန် ၂ ရက် (တနင်္လာနေ့)တွင် စာသင်သံများ ကြားရပါတော့မည်။ အနာဂတ်အတွက်အားရှိစရာများပါတည်း။

အနာဂတ်ဟုဆိုလိုက်လျှင် လာမည့်အချိန်ကာလကိုသာ ပြေး၍မြင်ယောင်ကြသူများ ပါသည်။ ကျွန်တော်တို့ လောကသားများ အတွက်တော့ အနာဂတ်ပုံရိပ်သည် ကလေးများပါတည်း။ အနာဂတ်ကောင်းစေချင်လျှင် ကလေးများကို ကောင်းအောင်၊ တော်အောင်ပြုစုပျိုးထောင် ပုံဖော်ပေးကြရပါလိမ့်မည်။ ကလေးများ အဆိုးစရိုက် ဝင်နေကြပြီဆိုလျှင်ဖြင့် ကျွန်တော်တို့ အနာဂတ်ကောင်းဖိုရန် မမြင်ပါ။ ကလေးသည် ကျွန်တော်တို့ အနာဂတ်တည်း။ ကျွန်တော်တို့အားလုံး၏ အနာဂတ်ကို ယနေ့ကလေးတို့က စိုးမိုးခြယ်သမွမ်းမံကြ စေလိုပါသည်။ ပိုင်စိုးပိုင်နင်း မဖျက်ဆီးစေလိုပါ။

ဤသို့ဆိုလျှင် လက်ဦးဆရာဖြစ်သော မိဘများ၊ ဒုတိယမိဘဖြစ်သောဆရာများ သတိမူစရာတင်ပြလိုပါသည်။ ယခု ပညာသင်နှစ်မှာမှ ကျောင်းသို့ စတင်ဝင်ရောက်လာမည့် ကလေးများ အရေးပါတည်း။ အနာဂတ်၏ ဗွီအိုင်ပီများအရေးပါတည်း။

မိတ်ဆွေတစ်ဦး၏ သမီးငယ်လေးအဖြစ်က ရင်မောစရာပါ။ လွန်ခဲ့သော ငါးနှစ်ကဖြစ်ပါ၏။ မြို့၏ နာမည်ကြီး ကျောင်းသို့ သူငယ်တန်းကျောင်းသူအဖြစ် သွားရောက်အပ်နှံ၏။ ဖခင်က သမီးကလေး အားရှိအောင် သူငယ်တန်းကလေး မိဘများနှင့်အတူ ကျောင်းဝိုင်းထဲမှာ နေပေး၏။ သမီးကလေးမကြောက်၊ အားရှိ၏။ သို့သော် သုံးရက်မြောက်နေ့တွင် သူငယ်တန်း အတန်းပိုင်ဆရာမက ကလေးများကို စာသင်ခန်းထဲထည့်ကာ တံခါးကို ဂျိုင်းခနဲ ပိတ်လိုက်တော့၏။ ကလေးများ ဝါးခနဲ ငိုသံကြားရ၏။ မိဘများ ရင်ထဲမှာ မကောင်း။ နောက်နေ့များတွင် ဖခင်က လမ်းလျှောက်ရင်း ဘုရားဖူးသွားနေကျမို့ ကလေးကိုခေါ်ရာ ခေါ်၍မရတော့။ ဘုရားတန်ဆောင်းအဝင်ဝက သံတံခါးကြီးပိတ်မှာ ကြောက်သည်ဆိုပြီး ငိုယိုကာ ငြင်းနေတော့သည်။ ဘုရားဖူးဖို့ပင် ခေါ်၍မရတော့။

မိတ်ဆွေတစ်ဦးက ပြောပြသော အဖြစ်အပျက်ကလည်း ရင်မကောင်းစရာပါ။ မိတ်ဆွေ၏ အိမ်အနီးမှ အဋ္ဌမတန်း ကျောင်းသားကလေး အဖြစ်အပျက်ပါ။ မိဘနှစ်ဦးစလုံးမှာလည်း ပညာတတ်၊ ဝန်ထမ်းများပါ။ ကလေးကလည်း အင်္ဂလိပ်စာ ထူးချွန်သည်။ ဝါသနာပါသည်။ မိဘများကလည်း အားပေးကြသည်။ သို့သော် ဘာအကြောင်းမှ ထူးထူးထွေထွေမရှိဘဲ စိတ်ဖောက်ပြန်မှု ဖြစ်လာသည်။ နှမြောစရာဖြစ်သွားသည်။ မိဘများ ရင်ကျိုးမတတ် ခံစားကြရသည်။ ကျွန်တော့်မိတ်ဆွေ ပညာရေးဝန်ထမ်းက စိတ်ဝင်စားလွန်းသဖြင့် လေ့လာ ကြည့်တော့ သည်ကလေးငယ်စဉ်က သူငယ်တန်းဆရာမကို အလွန်ပင်ကြောက်ခဲ့ရကြောင်း သိလာရတော့ သည်။

၂၀၀၇ ခုနှစ်က နဃဃီ (ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ပညာရေး)သင်တန်းကို မန္တလေး ပညာရေးကောလိပ် ပညာတန်ဆောင်ခန်းမမှာ ကျွန်တော်တက်ခဲ့ရသည်။ သင်တန်းနည်းပြဆရာမ၏ ကိုယ်တွေ့ ပြောပြချက်မှာလည်း ရင်နာစရာပင်။ မူကြိုအရွယ် သူငယ်တန်းကလေး အရွယ်က သင်ပြသူ ဆရာမကို ကြောက်အားကြီးခဲ့ရသဖြင့် န၀မတန်း ကျောင်းသူအရွယ်မှာ ဝတ်လစ်စားလစ် ဖြစ်သွားရသည့် မိန်းကလေးအကြောင်းကို သင်ခန်းစာနှင့် ဆက်နွှယ်ကာ ပို့ချဆွေးနွေးသွားသည်မှာ ကလေးငယ်လေး များနှင့် ပညာရေးအကြောင်း တစ်သက်တာမမေ့နိုင်စရာပါ။

တင်ပြခဲ့သည့် ဖြစ်ရပ်များကို သတိမူစေလိုပါသည်။ လူတစ်ဦး၏ ကလေးဘ၀က အတွေ့အကြုံများသည် ဘ၀တစ်သက်တာ၏ သုံးပုံနှစ်ပုံအထိ လွှမ်းမိုးသည်ဟု ဖတ်မှတ်ရဖူးပါသည်။ မူကြိုကလေးများနှင့် သူငယ်တန်း ကလေးများသည် မိဘရင်ခွင်မှ ပတ်ဝန်းကျင်သစ်သို့ မျက်စိသူငယ်၊ နားသူငယ်ဖြင့် ရောက်လာသူများပါတည်း။ စိတ်လှုပ်ရှားမှုများဖြင့် အားငယ်နေသူများပါတည်း။ နေရာသစ်ဖြစ်၍ နေသားမကျ ယောင်အအဖြစ်နေသေး သူများပါတည်း။

သို့ဖြစ်ပါ၍ မူကြိုတန်းနှင့် သူငယ်တန်းသင်ပြမည့်သူများသည် ကလေးများနှင့်ရင်းနှီးမှုရရှိအောင် မိဘများကိုပါ ပြေပြစ်စွာ ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်သင့်ပါသည်။ ကလေးအချင်းချင်း ရင်းနှီးခင်မင် ချစ်ကြည်မှုရ အောင် ပေါင်းစပ်ပေးသင့်ပါသည်။ ကလေးကြီးများ၊ ရန်လိုတတ်သည့်စရိုက် ပါလာသောကလေးများ၏ အနိုင်ကျင့်မှုများ မရှိရအောင်လည်း ကာဆီးသင့်ပါသည်။

စိမ်းနေသေးသော ပတ်ဝန်းကျင်နှင့်အကျွမ်းဝင်ရင်းနှီးသွားအောင်၊ တစ်သားတည်း ဖြစ်သွားအောင်လည်း အချိန်ပေးသင့်ပါသည်။ နေသားမကျ သေးသည့်နေရာဖြစ်၍ ဤနေရာကား အပေါ့အလေးစွန့်ရန် နေရာ၊ ဤနေရာ ကား အမှိုက်ပစ်ရန်နေရာ၊ ရေသောက်ရန်နေရာ၊ မုန့်ဆိုင် စသည်ဖြင့် လက်ထိလက်ရောက်ညွှန်ပြ ပေးထားသင့်ပါသည်။ ကျွန်တော်သူငယ်တန်း ကျောင်းသားသက် သုံးရက်အတွင်းက ထိုနေရာမျိုးများမသိ၍ အရှက်ရခဲ့ဖူး ပါသည်။

မိမိကြောင့်သော်လည်းကောင်း၊ ကလေး အချင်းချင်းကြောင့်သော် လည်းကောင်း စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ နာကျင်မှုမရှိရအောင် ဆရာဆရာမ (မူကြိုသင်၊ သူငယ်တန်းသင်)များကလည်း သတိပြုစောင့်ရှောက် သင့်ကြပါသည်။

မိဘများအနေဖြင့်လည်း မိမိကလေးကို သင်ပြပေးမည့် ဆရာ ဆရာမ များနှင့်ပူးပေါင်းကာ ကလေးများနေရ ထိုင်ရ သင်ယူရသည်များအဆင်ပြေ သည်အထိ အချိန်ပေး၍ဂရုစိုက်ကြစေလိုပါသည်။
ဘ၀တစ်သက်တာ သင်ယူမှုအတွက် အခြေခံအုတ်မြစ်သဖွယ်ဖြစ်သော အရေးအကြီးဆုံး အပိုင်းအခြားလည်း ဖြစ်သော ကျွန်တော်တို့အားလုံး၏ အမြတ်နိုးဆုံးနှင့် အဖိုးတန်ဆုံးဖြစ်သော မူကြိုအရွယ်ကလေးငယ်များနှင့် သူငယ်တန်းအရွယ်ကလေးငယ်များ မေ ၂၅ ရက်မှ ၃၁ ရက်အတွင်း ကျောင်းဝင်လာကြပါတော့မည်။ သူတို့လေးတွေ ကျောင်းဝင်လာကြပြီဆိုလျှင် ဖော်ပြပါ သတိမူစရာများအား သတိမူကာ ထိရောက်သော အချိန်အခါ အဖြစ်ဆောင်ရွက်ကြမည် ဆိုပါလျှင် ...။

(၂၀၁၄ ခုနှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်အား ဂုဏ်ပြုကြိုဆိုလျက်)

MOI Webportal Myanmar

Monday, April 21, 2014

စာရွက်ပေါ်တွင် လက်မှတ်ရေးထိုးပြီးသော်လည်း လူသတ်၊ ဗုံးခွဲမှုများ ရှိနေသဖြင့် KIA ပြောသည့် ငြိမ်းချမ်းရေး ကို လေ့လာစောင့်ကြည့်သူများ သံသယဖြစ် စိုးရိမ်နေ



ဧပြီလ ၂၀ ရက် ၂၀၁၄ ခုနှစ်

ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့က စတင်ပြီး လေး ရက်ကြာ ပြုလုပ်ခဲ့တဲ့ အစိုးရနဲ့ NCCT တို့ရဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် တစ်ခုတည်း သော သဘောတူညီချက် (Single Text) ပထမမူကြမ်းကို သဘောခဲ့ကြပေမယ့် လူသတ်၊ ဗုံးခွဲမှုများ ရှိနေသေး သဖြင့် KIA ပြောတဲ့ ငြိမ်းချမ်းရေး ကို လေ့လာစောင့်ကြည့်သူများက သံသယဖြစ် အထူးစိုးရိမ်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။

ဧပြီလ ၈ ရက်နေ့က KIA မ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ကိုယ်တိုင် ရန်ကုန်မြို့ MPC သို့သွားရောက်ကာ ငြိမ်းချမ်းရေးဆွေးနွေး ခဲ့ပြီးနောက် ၅ ရက်အကြာ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှာ မိုးမောက်-လွယ်ဂျယ် ကားလမ်းပေါ်တွင် ယာဉ်ခုနစ်စင်းပါဝင်တဲ့ အစိုးရ စစ်တပ် ယာဉ်တန်းကို ကေအိုင်အေ က ဗုံးခွဲ တိုက်ခိုက်ခဲ့တာကြောင့် ယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့ပြီး အစိုးရတပ်သား နှစ်ဦးကျဆုံးကာ လေးဦးဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။

"မိုးမောက်မှာ သင်္ကြန်အကြိုနေ့က တပ်ကို ကားမိုင်းခွဲလိုက်တယ် အဲ့ဟာလိုက်ရှင်းနေတာ၊ ရှင်းနေတုံးပဲ အဲ့ဖြစ်စဉ်ရဲ့ နောက်ဆက်တွဲပဲ၊ လွယ်ဂျယ်- ဗန်မော်လမ်းကြီးပေါ်မှာ မိုင်းခွဲလိုက်တာလေ ကားတစ်စီး မီးလောင်သွားတယ်လေ၊ ဗန်မော်- လွယ်ဂျယ်လမ်းပေါ်မှာတင် မိုးမောက်အထွက်ပဲရှိသေးတယ် အဲ့ဒါကို မိုင်းခွဲလိုက်တာ" လို့ မြစ်ကြီးနားမြို့ အခြေ စိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်အရာရှိ တစ်ဦးက RFA ကိုပြောပါတယ်။

မြန်မာ့ရိုးရာ သင်္ကြန် ရက်များကို မရှောင်ပဲ KIA မှ စတင်ကာ ရန်စ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲများကြောင့် ဧပြီလ ၁၇ ရက်နေ့မှာ (၇) နာရီကြာနီးပါးလောက် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဧပြီ ၁၇ ရက်နှင့် ၁၈ ရက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနေရာများတွင် လူနေအိမ်များနှင့် ရွာများမရှိကြောင်း သိရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မန်ဝိန်းကြီး ဒေသနဲ့ KIA တပ်မဟာ ၄၊ တပ်ရင်း ၉ နယ်မြေများတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်နှင့် ရှမ်းတိုင်းရင်းသား ကျေးရွာများတွင် နေထိုင်သူများ အိုးအိမ် စွန့်ခွာပြေးခဲ့ရပြီး စစ်ပြေးဒုက္ခသည် တစ်သောင်းကျော်ရှိခဲ့ကြောင်း ဒေသခံလူမှု ကူညီရေး အဖွဲ့များထံမှ သိရသည်။

မနှစ်က အခုလိုနွေရာသီ ရေရှားပါးချိန်တုန်းကတော့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဦးဆောင် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပေမယ့် လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲများက ဒုက္ခသည်များကိုတော့ သင်္ကြန်ကာလအတွင်း ဖြစ်တာကြောင့် လည်းကောင်း၊ မည်သူမျှ မျှော်လင့်မထားသော နေ့ထူးနေ့မြတ်တွေမှာ KIA က ဗုံးခွဲခဲ့တာ ဖြစ်ခြင်းကြောင့်လည်းကောင်း ကူညီမယ့်သူမရှိသေးဘူးလို့ သိရပါတယ်။
"ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဖြစ်လဲဆိုတော့ အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် ကျင်းပလေ့ရှိတဲ့ မြန်မာရိုးရာ သင်္ကြန် စတင်တဲ့ ရက်မှာပဲ မိုးမောက်-လွယ်ဂျယ် အများသုံးလမ်းမှာ KIA ဘက်က ဗုံးခွဲတိုက်ခိုက်တာ တွေရှိတယ်…။ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြီးတာလည်း တစ်ပတ်မပြည့်သေးဘူး…၊ ဗိုလ်ချုပ်ဂွမ်မော်ကလည်း အမေရိကန် ရောက်နေတယ်… ကချင်ပြည်သူတွေက သင်္ကြန်တွင်းမှာ အေးချမ်းပျော်ရွှင်ရမယ့်အစား.. စစ်ပြေးဒုက္ခသည်ဖြစ်နေတယ်.. ဒီတော့ KIA ရက်လုပ်ရပ်တွေက ကချင်လူထုအတွက်လား.. ငြိမ်းချမ်းရေးကို တကယ်လိုလားတာ ဟုတ်ရဲ့လားဆိုတာ သံသယဖြစ်မိတယ်…” လို့ MPC မှ ကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။

သမ္မတပြောခွင့်ရလည်းဖြစ်၊ ဒု ပြန်ကြားရေး ဝန်ကြီးလည်း ဖြစ်တဲ့ ဦးရဲထွဋ်ကို ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းစဉ်မှာတော့ ကချင်ပြည်နယ်မှာကတော့ သန်းခေါင်စာရင်းကောက်ယူနေတဲ့ အချိန်အတွင်းမှာ ကေအိုင်အေဘက်ကနေ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့တွေကို တားမြစ်တာ၊ ဟန့်တားခဲ့တာတွေ ရှိတယ်။ သန်းခေါင်စာရင်းကောက်ယူရေးကိစ္စတွေကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တပ်မတော်က အရာရှိတွေနဲ့ စစ်သည်တွေကို ချောင်းမြောင်းပစ်ခတ်တဲ့ အတွက်ကြောင့်မို့ ဗိုလ်မှူးတစ်ဦး ကျဆုံးခဲ့ရတာရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ကလည်း သန်းခေါင်စာရင်းကောက်ဝန် ထမ်းများကို ကေအိုင်အေမှခြိမ်း ခြောက်မှုများရှိနေသည့်အတွက် ကချင်ပြည်နယ် မန်ဝိန်းကြီး အနီးရှိ ကေအိုင် အေ ထိန်းချုပ်နယ်မြေမဟုတ်တဲ့ မန်ဝိုင်းကျေးရွာအတွင်း လုံခြုံရေးဆောင်ရွက်ပေး နေတဲ့ အစိုးရတပ်ခမရ(၅၆၇)မှ တပ်ရင်းမှူး ဗိုလ်မှူးမျိုးညွန့်စိုးကို KIA က ချောင်းမြောင်းပစ်ခတ်ခဲ့တာကြောင့် ဧပြီ ၄ရက်နေ့က ကျဆုံး သွားခဲ့ပါတယ်။
မြန်မာစစ်တပ် ဒုတပ်ရင်းမှူးကို ကေအိုင်အေ ချောင်းမြောင်းပစ်ခတ် သတ်ဖြတ်စဉ်က ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွန်မော်ဟာ တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ တက်ရောက်ဖို့ ရန်ကုန်မြို့မှာ ရောက်ရှိနေပြီး အများပြည်သူသုံးလမ်းပေါ် ကေအိုင်အေ ဗုံးခွဲမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားနေချိန်မှာ ဗိုလ်ချုပ်ဂွမ်မော်ဟာ အမေရိကန်အစိုးရတာဝန်ရှိသူတွေ၊ မြန်မာ့အရေး၊ ကချင့်အရေး စိတ်ဝင်စားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုပြီး အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိနေပါတယ်။

ကေအိုင်အေ တပ်ဖွဲ့အတွင်း အထက်အောက် အမိန့်နာခံမှု ကင်းမဲ့နေခြင်း၊ တပ်ဖွဲ့ဝင်အားလုံးက ငြိမ်းချမ်းရေး လိုလားမှုမရှိခြင်း နဲ့ ရန်ကုန်သို့ အကြိမ်ကြိမ်ရောက်ရှိသော်လည်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ဂွမ်မော် သွားရောက်တွေ့ဆုံမှု မရှိခြင်း တို့အတွက် ကေအိုင်အေ ရဲ့ ငြိမ်းချမ်းရေး လိုလားမှု အမှန်တကယ် ရှိ/မရှိ ကို မြန်မာ့အရေးစောင့်ကြည့်သူများက မေးခွန်းထုတ်နေကြပြီး ကေအိုင်အေ ရဲ့ ရန်စ တိုက်ခိုက်မှုတွေကြောင့် မေလ တွင်းမှာလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ အချိန်ကြန့်ကြာမှာကို လူထုတစ်ရပ်လုံးက အားလုံးက စိုးရိမ်လျှက်ရှိကြောင်း သိရပါတယ်။

မောင်လွင်
Kachin Daily News

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်