ယနေ့
ကျောက်ဖြူမြို့နယ်၊ ကျောက်နီမော် လူထုနှင့် ကျောက်နီမော် တစ်ဖက်ကမ်း စကုကျွန်းတို့မှ
လူထုတောင်း ဆိုချက် (၄) ချက်အနက် (၃)ချက်ကို ဒေသလုံခြုံရေး တာဝန်ယူထားသော အာဏာပိုင်တို့မှ ယနေ့ညနေ (၄)နာရီအချိန်တွင် သဘောတူလိုက်လျောလိုက်ပြီဖြစ်သည်။ ကျောက်နီမော်ဒေသခံ
ကိုသိန်းဇော်က အာဏာပိုင်တို့ သဘောတူသည့်အချက်များကို "
၃၀.၁၀.၂၀၁၂
ရက် နံနက် (၈)နာရီ လောက်မှ စတင်သော ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာ ဆန္ဒဖော်ထုတ်မှုမှ
ဆက်လက် ဖြစ်ပွါး လျှက်ရှိနေပါသည်။ ဆန္ဒပြလူအုပ်သည် တဖြည်းဖြည်း
တိုးလာလျှက်ရှိပြီး လုံခြုံရေးဖက်မှာလည်း တပ်ရင်း တစ်ရင်းတိုးချပြီး အခြေအနေကို ထိန်းသိမ်းရန်
ကြိုးစားနေကြောင်းကို စုံစမ်းသိရှိရပါသည်။ အခင်းဖြစ်ပွါးရခြင်းမှာ
ရဲလုံခြုံရေးမှ မလိုလားအပ်ဘဲ လူအုပ်ထဲသို့ သေနပ်ပစ်ဖောက် မှုကြောင်း ရခိုင်တိုင်းရင်းသား
(၁) ယောက်သေဆုံးပြီး (၂) ယောက်မှာ ဒဏ်ရာရရှိကာ ကျောက်နီမော် ဆေးရုံးသို့ တင်ထားရပါသည်။
ကချင်ပြည်နယ်တွင်
ဖြစ်ပွားနေသော စစ်ပွဲအရှိန်များ လျှော့ချနိုင်ရန်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က
နိုင်ငံတော်သမ္မတကြီး၏အမိန့်ကို နာခံရန် ကတိပေးထားကြောင်း ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း က တရားဝင်ပြောကြားသည်။
(နောက်ဆုံးရသတင်း)
၉း၁၃
နာရီ ကျောက်နီမော်ကျေးရွာ
သတင်း
-------------------------
ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေး ရွာတွင် ယခုအခါ ရခိုင် လူအယောက် ၄၀၀၀
မှ ငြိမ်းချမ်းစွာဖြင့် ဆန္ဒထုတ်ဖော်သွားမည်ဟုသိရှိရပါသည်။ အခင်းဖြစ်ပွါးပုံမှ
ကျောက်နီမော် ရခိုင်များနေထိုင်ရာ အပိုင်းနှင့် ဘင်္ဂလီများ နေထိုင်ရာ အစပ်တွင်
မီးလောင်းမှု ဖြစ်ပွါးသည်ဟု ကြားသိရ၍ ရခိုင်များမှ သွားရောက် ကြည့်ရူရာ လယ်ကွင်းထဲတွင်
ရပ်ကြည့်နေသော လူအုပ်တည့်တည့်သို့ ကျောက်ထရံ ကျေးရွာ လုံခြုံရေးဒုရဲအုပ် ကျော်လွင်မှ
လူအုပ်ထဲသို့ သေနပ်ပစ်ဖောက်ရာ ရမ်းဗြဲမြို့နယ် ၊ ရေမျက်ဝကျေးရွာမှ မောင်ဟန်ရွှေ၊ အသက်
(၅၅) နှစ် ကျဆုံး သွားကြောင်း သိရှိရပြီး သန့်တင်၊ အသက် (၄၀)ပတ်ဝန်ကျင်၊ သပြေချောင်း
ကျေးရွာမှ ပေါင်တွင် သေနပ်ထိမှန်ပြီး ကျောက်နီမော် ဆေးရုံးသို့ တင်ထားရကြောင်း
သိရှိရပါသည်။
ရခိုင်
ပြည်နယ် အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် သမိုင်းကြောင်းနှင့်
သတင်း အမှန်ပေါ်ထွက် လာစေရေး အတွက် အောက်တိုဘာ (၂၈)ရက်နေ့၊ နေ့လည်(၁)နာရီဝန်းကျင် က ရွှေတိဂုံ ဘုရား အရှေ့မုဒ် ရခိုင်ဓမ္မာရုံ၌ ရခိုင်ကွန်ယက်အဖွဲ့ ဖွဲ့စည်းခဲ့သည်ဟု
ရခိုင်တိုင်းရင်းသား ရေးရာ ၀န်ကြီးထံက သိရှိရ သည်။
မိန်းကလေးများ
တန်းတူပညာ သင်ခွင့်အတွက် တက်ကြွ လှုပ်ရှားကာ အစွန်းရောက် ဘာသာရေးအယူအဆကို လူသိရှင်ကြား ဝေဖန်ရဲသော တာလီဘန် ကြီးစိုးရာ ပါကစ္စတန်ဆွတ်တောင်ကြား
ဒေသသူ မိန်းကလေးတစ်ဦးကို တာလီ ဘန်စစ်သွေးကြွများက ချောင်းမြောင်း ပစ်ခတ် လုပ်ကြံ တိုက်ခိုက်ခဲ့မှုကြောင့် ကမ္ဘာ့ နေရာအနှံ့က ဝေဖန် ရှုတ်ချမှုများ များပြားနေစဉ် ပညာသင်ခွင့် တက်ကြွ
လှုပ်ရှားသည့် အဆိုပါ တောင်ကြားသူ နောက်ထပ် မိန်းကလေး တစ်ဦးကို တာလီဘန်က သုတ်သင်မည်ဟု
ခြိမ်း ခြောက်မှုများ ထွက်ပေါ်လာပြန်ကြောင်း Telegraph သတင်းစာ ကရေးသားဖော် ပြထားသည်။
ရမ်းဗြဲမြို့နယ်
ကျောက်နီမော်ကျေးရွာတွင် ယခုအခါ ရခိုင် လူအယောက် ၄၀၀၀ မှ ငြိမ်းချမ်းစွာဖြင့်
ဆန္ဒ ထုတ်ဖော် သွားမည်ဟု သိရှိရပါသည်။ အခင်းဖြစ်ပွါးပုံမှ ကျောက်နီမော်
ရခိုင်များနေထိုင်ရာ အပိုင်းနှင့် ဘင်္ဂလီများ နေထိုင်ရာ အစပ်တွင် မီးလောင်းမှု ဖြစ်ပွါးသည်ဟု
ကြားသိရ၍ ရခိုင်များမှ သွားရောက် ကြည့်ရူရာ လယ်ကွင်းထဲတွင် ရပ် ကြည့်နေသော လူအုပ်တည့်တည့်သို့
ကျောက်ထရံ ကျေးရွာ လုံခြုံရေးဒုရဲအုပ် ကျော်လွင်မှ လူအုပ်ထဲသို့ သေနပ် ပစ်ဖောက်ရာ ရမ်းဗြဲမြို့နယ်
၊ ရေမျက်ဝကျေးရွာမှ မောင်ဟန်ရွှေ၊ အသက် (၅၅) နှစ် ကျဆုံးသွားကြောင်းသိရှိရပြီး သန့်တင်၊
အသက်(၄၀) ပတ်ဝန်းကျင်၊ သပြေချောင်း ကျေးရွာမှ ပေါင်တွင် သေနပ်ထိမှန်ပြီး ကျောက်နီမော်
ဆေးရုံးသို့ တင်ထားရကြောင်း သိရှိရပါသည်။
၃၀.၁၀.၂၀၁၂
ရက် နံနက် (၈) နာရီလောက်က စတင်ပြီး ရခိုင်ပြည် နယ် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် ရုန်းရင် ဆန်ခတ်မှုများဖြစ်ပွါးခဲ့ပြီး အခြေအနေကို သွားရောက်
ကြည့်ရှုခဲ့သော သူများကိုလုံခြုံ ရေး တာဝန်ကျ ဒုရဲအုပ် ကျော်လွင်မှာ သေနပ်ဖြင့် ပစ်သတ်ခတ်ခဲ့ရာ
ရမ်းဗြဲမြို့နယ် ၊ ရေမျက် ၀ကျေးရွာမှ မောင်ဟန်ရွှေ၊ အသက် (၅၅) နှစ် ကျဆုံးသွား ကြောင်း
သိရှိရပြီး သန့်တင်ဆိုသူများ ဒဏ်ရာ ပြင်ထန်းစွာ ရရှိပြီး ကျောက်နီမော် ပြည့်သူဆေးရုံးသို့
သယ်ယူသွားရကြောင်းကို RSV သတင်းထောက်မှ သတင်းပေး ပို့လာပါသည်။
ရခိုင်ပြည်နယ်
အတွင်း ထပ်မံဖြစ်ပွား ခဲ့သည့် ပဋိပက္ခ များကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ ရသူ
ဦးရေသည် အနည်းဆုံး လူဦးရေ နှစ်သောင်း နှစ်ထောင့် ငါးရာ ရှိသည်ဟု
ကုလသမဂ္ဂ အဖွဲ့ကြီးက ထုတ်ပြန် ခဲ့ကြောင်း အောက်တိုဘာလ၂၉ ရက်နေ့ တွင် CNN သတင်းဌာန က
ဖော်ပြသည်။
"နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေတဲ့ သူတွေ အရေအတွက်က ထပ်မံ တိုးလာနိုင် ပါတယ်။သူတို့တွေက
လှေတွေနဲ့ထွက်ပြေးကြတာ ဆိုတော့ မြန်မာ အစိုးရ ကလည်း သေချာ စုံစမ်း နေတုန်းပါပဲ"
ဟု မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားရေး အရာရှိ Ashok Nigam
က ပြောကြားသည်။
မောင်တောမြို့နယ်၊
ကြိမ်ချောင်း ကျေးရွာ အနီးတွင် ဘင်္ဂလီများ အားနေရာ ချ ထားပေးမှု အတည်ဖြစ်မည်ဆိုပါက မောင်တောမြောက် ပိုင်းမှ
ရခိုင်တိုင်းရင်း သားကျေး ရွာများသည် နေရာပြောင်းရွှေ့ သွားနိုင်ခြေ ရှိကြောင်း သိရ သည်။ ကျောက်ဖြူနှင့် ပေါက်တောမြို့ နယ်များမှ ထွက်ပြေး တိမ်းရှောင် လာကြသော ဘင်္ဂလီ များအား မောင်တော
မြို့နယ် မြောက်ပိုင်း တွင် နေရာချ ထားပေးမည်ဟု သိရှိရသဖြင့် ယင်းဒေ သတွင်းနေ ထိုင်ကြသော
တိုင်းရင်းသား များသည် မြို့ ပေါ်သို့ နေရာ ပြောင်းရွှေ့လာနိုင်ခြေ ရှိကြောင်း ဒေသခံများက
သုံးသပ်ပြော ဆိုကြပါသည်။
မသမာသူတစုက
ရခိုင်ရေးရာ လက်ရှိ အခြေ အနေ များကိုဖေါ်ပြ၍ နာမည်ကြီး လာသော Rakhine Straight
View [RSV] အမည်ရှိပြည်တွင်းသတင်းဋ္ဌာန Facebook Page ကိုလုံးဝပုံတူကူးကာ
ဘင်္ဂလီ များနှင့် ပက်သက် နေသော သတင်းလိမ် များကိုဖေါ်ပြ နေကြောင်း သိရသည်။
ဗဟန်းမြို့နယ်
နှင်းဆီကုန်း ဘိုးဘွား ရိပ်သာရှေ့ ဟာမစ် တစ်ကား မှတ်တိုင် အနီးတွင် အောက်တိုဘာ ၂၃ ရက်
ည ၁၁ နာရီခန့်က လူငယ် ကိုးဦးနှင့် အသက် ၃၀ ကျော် အမျိုးသား
တစ်ဦး အချင်း ဖြစ်ပွား ကြရာ၌ လူငယ် တစ်ဦးက ထိုအ မျိုးသားအား သောက်ရေအိုးဖြင့် ဦးခေါင်းကို
ရိုက်ခွဲကာ ကျန်လူ ငယ်များက ထိုးကြိတ် ကန်ကျောက် ကြရာမှ ထို အမျိုးသား သေဆုံး ခဲ့ရသည်။
ဆိုင်ကယ်စီးသမား (ဓါက်ပုံ)ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြန်မာစစ်တပ်တစ်ခု
ကရင်ပြည်နယ်
ကော့ကရိတ်မြို့တံတားဦးရပ်ကွက်က ဒါရ်ဂါ ဗလီကို အောက်တိုဘာ ၂၈ ရက်နေ့ ကအမည် မသိ ၂ ဦးက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ သိရပါတယ်။ည ၁၂ နာရီကျော်မှာ အမည်မသိ ဆိုင်ကယ်စီးသမား ၂ ဦးကေန ဗလီဝင်းထဲကို လက်ပစ်ဗုံး ၂ လုံး
ပစ်ခတ်ခဲ့ရာ ဗလီဝင်းထဲက လက်ပစ်ဗုံးက မပေါက်ကွဲဘဲ ဗလီဝင်းရှေ့  ရေမြောင်းထဲကျတဲ့
ဗုံး ၁ လုံးကတော့ ပေါက်ကွဲခဲ့တယ်လို့ဒါရ်ဂါ ဗလီနားက မျက်မြင်သက်သေက ဒီဗွီဘီ ကိုပြောပါတယ်။
အောက်တိုဘာလ(၂၇)ရက်နေ့ ညနေ(၈)နာရီအချိန်တွင်
မြောက်ဦးမြို့နယ်ရှိ ကျွဲတဲရွာ အလယ်ဈေးအုပ်စုနေ ဦးမောင်ကြီးမှာ သူ၏မိတ်ဆွေတစ်ချို့နှင့် ကွမ်းခြံတွင် အလုပ်လုပ်နေစဉ်
ဘင်္ဂလီ(၂၀)ခန့်ပါသည့် အုပ်စုတစ်စုက ဝိုင်း၍တိုက်ခိုက် ခဲ့ကြောင်း သိရှိရပြီး ယင်း ဘင်္ဂလီအုပ်စု၏
တိုက်ခိုက်မှုကြောင့် ဦးမောင်ကြီးနှင့် အလုပ်လုပ်နေသူများမှာ ထွက်ပြေးလွတ်မြောက်
ခဲ့သော်လည်း ဦးမောင်ကြီး၏ ခြေဖနှောင့်တွင် လှံဒဏ်ရာ ရရှိ ခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း
ဒေသကြီး၊ သာကေတ မြို့နယ် အေးနန္ဒာ အဆင့်မြင့် အိမ်ရာ စီမံကိန်း အပိုင်း(၁) အတွင်း ဖွင့်လှစ်
ထားရှိသော ဟိုတယ်တစ်ခု အနေဖြင့် စီးပွားဖြစ် ဟိုတယ် လုပ်ငန်း လုပ်ကိုင်
နေခြင်းမျိုး မဟုတ်ပဲ။
ငယ်ရွယ်သူကျောင်းသား၊ ကျောင်း သူများ၊ စုံတွဲများနှင့် ပြည့်တန်ဆာ လုပ်ကိုင်သော
အမျိုး သမီးများ သာ နေ့ည မပြတ် ၀င်ထွက် သွားကနေ သဖြင့် အနီးရှိ အိမ် ရာနေ ပြည်သူ
များ သားကောင်း သမီးပျိုများ အတွက် များစွာ အနှောက် အယှက် ဖြစ်ခြင်း၊ အရှက် ရဖွယ်ရာ
များနေ့ စဉ်မြင်တွေ့ နေရကြောင်း အိမ်ရာနေ ပြည်သူ တစ်ဦး၏ ပြောပြချက် အရ သိရှိရသည်။
ကျောက်တော်မြို့နယ်တွင်
ခမရ(၃၇၅) ဗိုလ်မှူး စနိုင်မောင် ဦးဆောင်သော အဖွဲ့သည် ဘင်္ဂလီ ရခိုင် အဓိ ကရုဏ်း
အတွင်း အကြမ်းဖက် မီးရှို့ ခံခဲ့ ရသည့် ကျေးရွာများမှ အောက်တိုဘာလ (၂၈) ရက်နေ့တွင် ခြိမ်းခြောက် ငွေကြေး တောင်းခံ ခဲ့ကြောင်း သိရသည်။
ယခုလ
အစောပိုင်းက တာလီဘန် တို့ ၏ ပစ်ခတ်မှုကို ခံခဲ့ရသောအသက် ၁၄ နှစ် အရွယ်ရှိ ပါကစ္စတန် မိန်း ကလေးငယ် မာလာလာ ယူဆက်ဖ်ဇာအီ သည် ပါကစ္စတန် နိုင်ငံနှင့်
ဗြိတိန် နိုင်ငံ တို့တွင် ဆေးကုသမ ခံယူခဲ့ရာ ယခုအခါ သူမ၏ အခြေအနေမှာ တိုးတက်
ကောင်းမွန် လာ ကြောင်း ဗြိတိသျှဆရာဝန်များက ပြောကြား ခဲ့သည်။
မာလာလာ၏ ကျန်းမာရေး အခြေအနေပြန်လည် ကောင်းမွန် လာသဖြင့်သူမ၏ ဖခင်နှင့် သူမအား
ထောက်ခံ အားပေး သူများ က ပျော်ရွှင်လျက်ရှိ သည်။
မာလာလာသည် ပညာရေး ကဏ္ဍ ၌ အယူဝါဒ လွှမ်းမိုးမှု မရှိ စေရေးကို အားပေး ထောက်ခံသူ
တစ်ဦး ဖြစ်၍ တာလီဘန်တို့က ပစ်ခတ် ခဲ့ခြင်းဖြစ် သည်။
From
: မွတ်စလင် သတင်းစဉ် နှင့် မြန်မာမွတ်စလင် မီဒီယာ
မြန်မာ ဂလိုဘယ်ပို့စ် သတင်းဂျာနယ်မှ ကရင်ပြည်နယ်အတွင်း ဘာသာရေး ပဋိပက္ခလှုံဆော်သော
သတင်း ဖော်ပြခဲ့ပြီးနောက် ကရင်ပြည် နယ် ကော့က ရိတ်မြို့ ပေါ် ရှိ ရေနံဆီ ကုန်းဗလီ နှင့်
ကျုံဒိုးမြို့ဗလီ များအောက် တိုဘာ ၂၈ ည ၁၁ နာရီ နှင့် အောက်တိုဘာ ၂၉ နံနက် ၀၀း၃၀ နာရီ
(ည ၁၂နာရီ ၃၀ မိနစ်) ခန့်တွင် ဗုံးပစ်သွင်း တိုက်ခိုက်ခံ မှုများ ဖြစ်ပွား ခဲ့သည်။
ကျုံဒိုးမြို့ ဗိုလ်ချုပ် လမ်းမပေါ်ရှိ ကျုံးဒိုးဗလီ နှင့် ကော့ကရိတ် ရေနံဆီကုန်းဗလီ
တို့အား မသမာသူများက လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့သည်။ ထိခိုက်ပျက်စီးမှု မကြီးမားသော်
လည်း ဗလီ အုတ်တံတိုင်း များ ပျက်စီးသွားကြောင်းသိရသည်။
From
: Say Nyo Thu
ယနေ့ ရခိုင်ပြည်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာများနှင့် ပတ်သက်ပြီး လေ့လာကြည့်ရင် အဖွဲ့အစည်းတိုင်းက
ကြေညာနေသလို“ နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာကြသည့်” ဆိုတဲ့
စကားရပ်ကို ထိတ်ဆုံးက ဖော်ပြကြပါတယ်။ နှစ်ပေါင်းများစွာ နေလာကြတာ ငြိမ်းချမ်းစွာလား?
ခဏခဏ ထိမိ ခိုက်မိကြ တာလား? ရခိုင်ပြည်နယ် တစ်ခုထဲ ကွက်ဖြ စ်နေတာလား? ကျန်တဲ့ မြန်မာတစ်နိုင်ငံလုံး
နေရာအနှံ့ မဖြစ်ဖူးဘူးလား? မည်သည့်ဘာသာဝင် မည်သည့်လူမျိုးနဲ့ ဖြစ်တာလည်း? ဒါကိုလေ့
လာကြည့်ရင် ကျွန်တော်သိသလောက်ကတော့ မြန်မာနိုင်ငံ မြို့အတော်များများမှာ ကုလား ဗမာ
အထိ ကရုံး ဆိုတဲ့ ခေါင်းစဉ်နဲ့ နှစ်အနည်းငယ်စီသာ ခြားပြီး ဖြစ်တတ်ပါတယ်။ တောင်ငူ၊ မော်လမြိုင်၊
ကျောက် ဆည်၊ ကျောက်ပန်းတောင်း၊ ပျဉ်းမနား၊ မန္တလေး၊ ရန်ကုန်၊ စစ်တွေ စသည့်မြို့များမှာ
လွတ်လပ်ရေးရပြီး နောက်ပြီး နှစ်များကတည်းက သွေးအေးသွားချိန်တိုင်း ဖြစ်တတ်တဲ့ အထိကရုံးပါ။
အရပ်စကားပြောရရင် “ ရိုက်ပွဲ” ပေါ့။ ကျန်တဲ့ ဟိန္ဒူဘာသာဝင်တွေကိုလည်း မြန်မာတွေက ကုလားလို့ပဲ
ခေါ်ကြတာပါ။ အဲဒီ ဟိန္ဒူ ကုလား တွေနဲ့ ဘယ်ကြောင့် မဖြစ်သလည်း? ရှင်းပါတယ် ဟိန္ဒူကုလားက
စည်းရှိပါတယ်။ ဇာတ်အနိမ့် အမြင့်ကို ဘာသာတူခြင်းတောင် လက်မထပ်ပါဘူး။ ခ၇စ်ယာန် ဘာသာဝင်များနဲ့လည်း
ထို့အတူပါပဲ။ ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်လို့ ရတယ်။ ဘယ်တုန်းကမှလည်း ပြဿနာ (
ရိုက်ပွဲ ) ဖြစ်တယ် ဆိုတာ မရှိခဲ့ပါဘူး။ မွတ်ဆလင် လူမျိုးတွေဟာ အင်္ဂလိပ်ခေတ်ကပဲ ရောက်လာလာ၊
အင်္ဂလိပ်ခေတ် နောက်မှပဲ ရောက်လာလာ မြန်မာနိုင်ငံတစ်ဝှမ်း လုံးမှာ ခဏခဏ မြန်မာတိုင်းရင်းသားတွေနဲ့
အထိက ရုံးဖြစ် တာကို ဘာကြောင့် နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာခဲ့တယ်
လို့ သမိုင်းကြီးကို ဗြောင်လိမ် ချင်ကြတာလည်း? အမြဲခိုက်ရန် ဖြစ်နေတဲ့ လူမျိုးစု လို့
ဖော်ပြတာက အမှန်တရားပါ။ ထိုလူမျိုး စုများ ကြီးစိုးရာ ဒေသတွေမှာ “ ရိုက်ပွဲ” အဆင့်ထက်
ကျော်တဲ့ “ လူသတ် မီးရှို့” မှုတွေဆိုတာလည်း အစဉ် အမြဲ ဖြစ်နေခဲ့တာကို ငြိမ်းချမ်းစွာ
အတူနေလာတာ ဆိုတဲ့ စကားလုံးနဲ့ မေ့ဖျောက်ပစ်လို့ ပြီးသွားတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒီလို
လေပြေလေးသုံးလိုက် သွေးအေးသွားလို့ မေ့လောက်ရင် တစ်ခါထဖြစ်လိုက် လူဦးရေ နည်းနည်း တိုးလာလိုက်။
ဒီလို ထပ်ခါ ထပ်ခါ ဖြစ်နေတဲ့ ကိစ္စကို ခဏနဲ့ ငြိမ်းလို့ရမဲ့ မီးလို့ မထင် ပါနဲ့။ “ ပြတ်သွားတဲ့
ကြိုးတစ်ချောင်းကို ပြန်ဆက်ထားလည်း ဆက်ရာဖုထုံးကြီးက ဘယ်လိုမှ ဖျောက်ဖျက် လို့ မရတော့ပါဘူး”
ဒီလိုပဲ ရခိုင်ပြည်နယ်တွင် မက မြန်မာနိုင်ငံအနှံ့အပြားမှာ ခဏခဏ ဖြစ်ခဲ့တဲ့ ကိစ္စတွေ
ကလည်း နောင်မဖြစ်ဘူးလို့ မပြောနိုင်တဲ့ ကိစ္စတွေပဲ အဖုအထစ်တွေ ရှိခဲ့ပြီးမှ ချောမွေ့ဖို့
မလွယ်ကူ တော့ပါဘူး။ ဒါကို မဟာစီမံကိန်းကြီး ချမှတ်ပြီး နိုင်ငံသားပေးပြီးသားများကိုလည်း
နိုင်ငံသား အဖြစ်မှ ရုပ်သိမ်း သင့်သူ ရုပ်သိမ်းပါ။ ဧည့်နိုင်ငံသား အများအပြား ပေးခြင်းကို
ရပ်ဆိုင်းပါ။ ဧည့်သည် များလွန်းရင် အိမ်ရှင်မွဲ ပါလိမ့်မယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ
ဆင်းရဲတဲ့ နိုင်ငံဆိုတာ ကမ္ဘာက အသိပဲ ။ အထူးပြော နေစရာ မလိုတော့ပါဘူး။ နှုရာ ၀ဲစွဲ၊ လဲရာ
သူခိုးထောင်း ခံနေရတဲ့ အဖြစ်ကို မြန်မာနိုင်ငံ အထူးသဖြင့် ရခိုင်ပြည်မှာ ခံစားနေရတာကို
ဖြေရှင်းဖို့က “ မဖြစ်နိုင်တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ဖို့ ကြိုးစားမဲ့
အစား နိုင်ငံသား ဖြစ်ခွင့် ရှိမရှိကို အရင်သုံးသပ်စေချင်ပါတယ်” နိုင်ငံသား ဖြစ်ခွင့်ဆိုတာလည်း
ဖြစ်ထိုက် သလား မဖြစ်ထိုက်ဘူးလား ဥပဒေမှာ အတိအလင်း ပြဋ္ဌါန်းထားပြီးသားပါ။ တရားဥပဒေကို
လေးစားလိုက် နာမှ နိုင်ငံသားဖြစ်ပြီး လူ့အခွင့်အေ၇းကို တောင်းဆိုလို့မှာပဲ။ နိုင်ငံသား
မဖြစ်ထိုက်သူ ဧည့်နိုင်ငံသားကို လူ့အခွင့် အရေးဆိုပြီး အဆင့်ကျော်တောင်းတိုင်း မပေးသင့်ပါဘူး။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး အား ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဆိုင်ရာ
စင်္ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Robert Chua သည် ၂၀၁၂ ခုနှစ်၊ အောက်တို ဘာလ
(၂၄)ရက်နေ့ ညနေပိုင်း (၄)နာရီအချိန်တွင် နေပြည်တော် ရှိ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။
ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး နှင့်
စင်္ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Robert Chua တို့ တွေ့ဆုံနှုတ်ဆက်စဉ်
Fromm
: rfa
အစ္စလမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရုံးဖွင့်ခွင့်မပြုဘူးလို့ သမ္မတကြီး
ဦးသိန်းစိန်က ဆုံးဖြတ်ချက် ချလိုက်တာကို ကြိုဆို ထောက်ခံတဲ့အနေနဲ့ ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ
ဒီကနေ့ မနက် ပိုင်းက ရဟန်း သံဃာ တချို့ အပါ အဝင် လူ ၁၅၀၀ ကျော်လောက် ငြိမ်ချမ်းစွာ စီတန်းလမ်း
လျှောက် ဆန္ဒပြခဲ့ ကြပါတယ်။
From
: ကိုထွန်းဝေ
ဒီရက်ပိုင်း
ဘီဘီစီမှာ သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ် ။ သတင်းက ဒီလိုပါ။ ဘီဘီစီ ရုပ်သံလွှင့်ဌာနမှာ
Top of the Pops နဲ့ Jim’ll Fix It ဆိုတဲ့ နာမည်ကြီးအစီအစဉ်တွေကို တင်ဆက်ခဲ့သူ Mr.
Jimmy Savile ဆိုသူဟာ သူမသေခင်တုန်းက ကလေးတွေနဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေပေါ်
လိင်ပိုင်းဆိုင်ရာ မတရားကျူးလွန်မှုတွေ ၊ ဘီဘီစီဌာနတွင်း ဝန်ထမ်း အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ
စော်ကားမှုတွေ ရှိခဲ့တယ်။ အကျူးလွန် အစော်ကားခံရသူတွေက ဘီဘီစီ အထက်အာဏာပိုင်တွေကို တိုင်ကြားခဲ့ကြ
ပေမယ့် ဘီဘီစီကတော့ Jimmy Savile ရဲ့ကျော်ကြားမှုကို အကြောင်းပြုပြီး တိုင်ကြား သူတွေရဲ့အမှုကို
အဲဒီ အချိန်တုန်းက လျှစ်လျူရှုခဲ့တယ်။ အခုတော့ Jimmy Savile ဆိုသူ အသက်(၈၄) နှစ်အရွယ်မှာ
သေဆုံး သွားပါပြီ။ သူသေပြီးမှ ပြိုင်ဖက် တီဗွီတစ်ခုက ဒါကိုဖေါ်ထုတ်လိုက်တဲ့အခါ ဗြိတိန်နိုင်ငံနဲ့
ကမ္ဘာ မှာပါ သူ့အမှုက ဥသြသောင်းနင်းဖြစ်သွားပါတယ်။ သူကျူးလွန်ခဲ့တာတွေကို ဗြိတိန်ပါလီမာန်က
အခုအချိန် ကျမှ စုံစမ်းစစ်ဆေးမှုတွေ လုပ်လာရပါပြီ။ မတရား ကျူးလွန်မှုဆိုတာ နှစ်တွေဘယ်လောက်ကြာအောင်
ဖုံးကွယ် ထားဦးတော့ နောင်မှာ ထုတ်ဖေါ် ကြတာပါပဲ ။ ဒီလိုဆိုရင် RFA ဌာနတွင်း အခုဖြစ်ပျက်
နေတာ တွေကရော ဘယ်လိုဖြစ်လာမှာလဲလို့ တွေးမိတယ်။
ပြောချင်တာက
ဘီဘီစီ Jimmy အကြောင်းက အဓိကမဟုတ်ပါဘူး။ RFA အကြောင်းပါ။ ဘီဘီစီက Jimmy လို ဇာတ်လမ်းမျိုး
RFA ထဲမှာ လက်ရှိဖြစ် နေတဲ့ အကြောင်းပါ။ အင်တာနက် သတင်းတွေမှာ ဖတ်ရ နားထောင်ရ တဲ့အတိုင်းပဲ
RFAမှာ လိင်သောင်း ကျန်းသူ အဖြစ် နာမည်ကြီးတဲ့ ဦးခင်မောင်စိုးနဲ့ မခင်ခင်အိ မသင်းသီရိ
တို့ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းက ခုချိန်မှာ ဘယ်လို ဆက်ဖြစ်နေလဲ အဆုံး သတ် သွားပြီလား
ဘာလား။ ဘာသံမှလည်း ထပ်မကြားရတော့လို့ပါ။
From
: ခင်နှင်းကြည်သာ
"ရွှီး၊
ဖြောင်း၊ ဒိုင်း" စသည့် ဗြောက်အိုးအသံများက သီတင်းကျွတ်ကို ကြိုဆိုကြလေပြီ။ သီတင်းကျွတ်ဖို့
တစ်လ လောက်လိုသေး သော်လည်း ကျွန်မတို့ရပ်ကွက်ထဲတွင်တော့ ညနေဆိုလျှင် ဆူညံနေပြီ။ ကလေး
ငယ်များကို ဗြောက်အိုးများ ဝယ်ပေးကာ လူကြီးများက ဖောက်ပြကြသည်။ ခေတ်သစ် ၏သီတင်းကျွတ်
ကား ဗြောက်အိုးနှင့် ခွဲခြား၍မရနိုင်ပေ။ ကျွန်မငယ်စဉ်က နေထိုင်ခဲ့သည့် တောမြို့လေးမှာတော့
သီတင်း ကျွတ်ဆို လျှင် ဗြောက်အိုးသံတွေနှင့် ဝေးကွာပြီး ဖယောင်းတိုင်တွေနှင့် ထွန်းညှိပူဇော်ကြ
သည်။ အေးချမ်း လှပေသည်။ ရန်ကုန်မြို့ ကြီးတွင်တော့ လျှပ်စစ်မီးလုံးများနှင့်မီးကြိုး
များကို အသုံးပြုကြသည်။ အမြင် ဆန်းပေမယ့် လှပလေသည်။ သီတင်းကျွတ်ဖို့ ဝေးသေးသည်မို့ပဲ
လားတော့မသိ ယခင်နှစ်တွေက တွေ့နေ ကြဖြစ်သည့် ဝါးများကို ချိုးခွေပြီး လုပ်ထား သောရောင်စုံစက္ကူလေးများကပ်ထားသည့်
ပြည်တွင်းဖြစ် မီးပုံး များနှင့် ကလေးများ တွန်းကြသည့် မီးပုံးတွန်းလှည်းလေးများ ရောင်းသည့်
ဈေးသည်များကို မတွေ့ကြရ။ ဆိုင်များ တွင်လည်း ရောင်းရန်ချိတ်ဆွဲထား ခြင်းမတွေ့ရ။ တရုတ်နိုင်ငံမှ
ဝင်ရောက်လာ သည့် မီးပုံးများ၊ မီးတွန်း လှည်းများကြောင့် မျက်နှာငယ်ကုန်ကြပြီလား မသိပေ။
"ဝါးချိုးပြီး လုပ်တဲ့ မီးပုံးလေးတွေကို အန်တီ့ ယောက္ခမ လက်ထက်ကတည်းက လုပ်လာတာဆိုတော့
အနှစ် ၄၀ လောက် ရှိပြီ။ မနှစ်ကထိ လုပ်ပေမယ့် ဒီနှစ်တော့ မလုပ်တော့ဘူး။ အမှာလည်း နည်းတယ်"
ဟု ကြည့်မြင်တိုင်မြို့နယ်ရှိ ယခင်က မီးပုံး လုပ်သည့်ဒိုင်ဖြစ်သော ကိုဝင်းမြင့်ဆိုင်မှ
ဆိုင်ရှင်က ဆိုသည်။ မီးပုံးလုပ်ရာတွင် အသုံးပြုရသော ဝါး၊ ဝါးရိုက်သံ၊ မီးပုံစက္ကူ၊ ပန်းချီဆွဲခ၊
အလုပ် သမားခနှင့် မီးတွန်းလှည်းတွင်ပါသည့် တတောက် တောက်မြည်ရန် တပ်ဆင်ရ သည့်ပစ္စည်းများ
စသည်တို့ အားလုံးသည် ဈေးတက်လာသော်လည်း ပြန်လည် ရောင်း ချရသည့်အခါ ဈေးမရခြင်းကြောင့်
လုပ်ငန်း ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သီတင်း ကျွတ်နှင့် တန်ဆောင်တိုင် ပွဲတွင်သာ
ထုတ်လုပ်သော မြန်မာ့ရိုးရာ အမွေအနှစ်ဖြစ်သည့် ထိုမီးပုံး လေးများ သည် ဈေးကွက်စီးပွားရေးအောက်တွင်
မှေးမှိန်လာပြီဖြစ်သည်။ တရုတ်နိုင်ငံမှ အမြင်ဆန်းပြီး လှပသော မီးပုံးများ၊ မီး တွန်းလှည်းများကို
မယှဉ်သာနိုင်တော့ပေ။ "ဟိုအရင်တုန်းကတော့ ပုံစံ ၁၄ မျိုး လောက်ကို လုပ်ခဲ့တာ။ ခုတော့
မလုပ်တော့ ဘူး။ ကုမ္ပဏီတွေကတော့ မှာကြတယ်။ ဆိုင်တွေနဲ့ လက်လီ ဈေးသည်ကတော့ မယူကြတော့ဘူး"ဟု
ထိုဆိုင်မှ ဆိုင်ရှင်က ဆိုသည်။ မြန်မာ့မီးပုံးလေးများ မျက်နှာ ငယ်နေ ရချိန်တွင်တော့
သိမ်ကြီးဈေးတွင် တရုတ်မှ လာသော မီးပန်း၊ မီးပုံး၊ မီးတွန်းလှည်းများ က ကြိတ်ကြိတ် တိုးဝယ်သူတွေနှင့်
စည် ကားနေလေသည်။ နယ်အမှာများလည်း ဆက်တိုက်ပို့နေရသည်ဟု သိရသည်။ "ဝါးနဲ့လုပ်တဲ့
မီးပုံးတော့မတင်ဘူး။ မေးသူလည်း မရှိဘူးလေ။ မြန်မာက လုပ် တဲ့ဟာဆို စက္ကူ ခေါက်တဲ့ မီးပုံးနဲ့
မီးပုံးပျံပဲ ရောင်းရတယ်။ ကျန်တာကတော့ တရုတ် ပစ္စည်းတွေကပိုရောင်းရတယ်"ဟု သိမ်ကြီး
ဈေးရှိ သီတင်းကျွတ်ပစ္စည်းများ ရောင်းချရ သည့်ဆိုင်က ရှင်းပြသည်။ အမှာနည်း သော်လည်း
ဆက်လက် ထုတ်လုပ်နေဆဲဖြစ်သည့် မီးပုံးလုပ်ငန်းမှ "အမှာနည်းလည်း လုပ်ရမှာပဲ။ ဘာလို့
လည်းဆို တော့ ခုဆို တချို့ဆိုင်တွေက ရှုံး လို့ဆက်မလုပ်တော့ဘူး။ ကိုယ်ပါမလုပ်ဘဲ နေရင်
ဒီမီးပုံးတွေက ပျောက်ကုန် မှာပေါ့။ ဒီတော့ ရှုံးလည်းလုပ်ရမှာပဲ"ဟု ကြည့်မြင် တိုင်ရှိ
မီးပုံးလုပ်သည့်ဆိုင်ရှင်က ဆိုသည်။ ဝါးများကိုခွေလို့ရသည်အထိ အချော သပ်၊ လိုအပ်သည့်ပုံခွေ၊
သံရိုက်၊ အမြီးတွဲ ခေါင်းတွဲလုပ်၊ ဘီးတပ်၊ ရောင်စုံစက္ကူကပ်ပြီး ပန်းချီဆရာဆီပန်းချီအပ်ကာ
ပုံဆွဲရသည် ဟု မီးပုံးပြုလုပ်ပုံအဆင့်ဆင့်ကိုလည်း ထိုဆိုင် ရှင်က ရှင်းပြလေသည်။ သီတင်းကျွတ်လတွင်
ကျင်းပသော ဆီမီးပွဲတော်ကို မီးမြင်းမိုရ်ပွဲ၊ တာဝတိံ သာ ပွဲဟု ရှေးယခင်က ခေါ်ဆိုကြသည်။
သီ တင်းကျွတ်လပြည့်နေ့တွင်ဂေါတမမြတ်စွာ ဘုရားက တာဝတိံ သာနတ်ပြည်မှ လူ့ပြည် သင်္ကဿမြို့သို့
ပြန်လည်ြွကချီဆင်းသက် သည်ကို ရည်စူး၍ ကျင်းပသော ဆီမီးပူဇော်ပွဲ လည်း ဖြစ်ပြန်သည်။ ပုဂံခေတ်မြင်းကပါ
ဂူပြောက်ကြီး ဘုရားရှိ နံရံဆေးရေးပန်းချီကားတွင် သီတင်းကျွတ် လပြည့်နေ့၌မြတ်စွာဘုရား
ရှင်သည် တာဝတိံသာနတ်ပြည်မှ လူ့ပြည် သိြုွ့ကချီဆင်း သက်ပုံကို ရေးဆွဲရာတွင် ဆီမီး ခွက်များကိုလည်း
တွေ့မြင်ရသည်။ ထို့ ကြောင့်သီတင်းကျွတ် ဆီမီးထွန်း ပွဲကို ပုဂံ ခေတ်တွင် ကျင်းပနေပြီဟု
ယူဆနိုင်သည်။ ဆီမီးခွက်များဖြင့်ဖြတ်သန်းခဲ့ကြသော သီတင်း ကျွတ်ကား ယခုအခါ မီးပုံးအမျိုး
မျိုး၊ မီးကြိုးအမျိုးမျိုးဖြင့် လှပဆန်းသစ်ကြ ပြန်သည်။ ရန်ကုန်မြို့ပြကြီး၏ သီတင်း
ကျွတ်ကား မီးပုံးများ၊ မီးကြိုးများ သွယ် တန်းပြီး တစ်လမ်းနှင့်တစ်လမ်း အလှပြိုင် ကြလေသည်။
သီတင်းကျွတ် လပြည့်ည ဆိုလျှင်တော့ မီးကြည့်သည့် ပရိသတ်များ ဖြင့် လမ်းတိုင်းတွင် စည်ကားလေ
သည်။ သီတင်းကျွတ်လသည် မိုးလေဝသ ကင်းစင်စပြုပြီဖြစ်တဲ့ သာသာယာယာရှိ သောလဖြစ်သည်။
"မိုးလေကင်းလွတ် သီတင်းကျွတ်"ဟုပင် ဆိုရိုးရှိပြန်သည်။ ပလ္လင်ဆေးမိုးဟုခေါ်သောဘုရားဆွမ်းတော်
တင်သည့် သင်းပုတ်ပလ္လင်အားဆေးကြော သည့် နောက်ဆုံးမိုးလည်း ရွာသွန်းတတ် လေသည်။ ယခုလို
သီတင်း ကျွတ်ချိန် ဆိုလျှင် တော့ လေအသွဲ့မှာ ယိမ်းနွဲ့သည့်စပါးပင် များကိုကြည့်ကာ တောင်သူတို့
ပီတိဖြာနေ သည့်အချိန်ဖြစ်သော်လည်း မိုးများသည့် နေရာက ရေကြီးပြီးမိုးနည်း သည့်နေရာ
မှာ ကောက်ပင်တွေ ခြောက်သွေ့ခြင်း ကို ရင် ဆိုင်ခဲ့ရသည့်ရာသီဥတုဘေးဆိုးများကြောင့် ယခုနှစ်တွင်တော့
တောင်သူဦးကြီးတို့ အပြည့် အဝပျော်နိုင်ကြလိမ့်မည် မထင်ပေ။ "မိုးမျှော်ရင်းပဲကောက်ပင်တွေခြောက်
ကုန်တယ်လေ။ ရှုံးတာပေါ့။ အခုထိ ဘာ လုပ်ရမှန်းမသိဘူး။ ငွေလည်းမရှိတော့ဘူး" ဟု ချောက်မြို့မှ
လယ်သမားတစ်ဦးက ခြောက်သွေ့ပြီး သေကုန်သော စပါးပင်များ တို့ ထိုင်ကြည့်နေရကြောင်း ရှင်းပြလေ
သည်။ သိမ်ကြီးဈေးအနောက်ဘက်ရှိ စည် ကားလျက်ရှိသည့် မီးပုံးဈေးတန်းမှ ဆိုင် ရှင်တစ်ဦးက
"ရောင်းကောင်းတယ်ဆိုပေ မယ့် မနှစ်က ရောင်းအားကို မမီဘူး။ ဒီနှစ် က စီးပွားရေး
နည်းနည်း ကျပ် တယ်။ ဈေး တွေ လည်းကြီးတော့ ရောင်းအားကျတယ်" ဟု ဆိုလေသည်။ သီတင်းကျွတ်ဟူသည်
ဂေါတမ ဘုရား ရှင်က တာဝတိံသာသို့ကြွချီကာ မယ်တော် မိနတ်သားနှင့် နတ်ဗြဟ္မာအပေါင်းတို့အား
ဝါတွင်းသုံး လပတ်လုံး နေ့ညမစဲ အဘိ ဓမ္မာတရားတော်ကို ဟောကြားတော်မူလေ သည်။ ထိုသို့ ဟောကြားရာ
သီတင်းကျွတ် လပြည့်နေ့တွင် ပြီးဆုံးခြင်းသို့ ရောက် တော်မူကာ လူ့ပြည်သို့ ပြန်လည်ြွကချီခဲ့
ခြင်းဖြစ် သည်။ ထိုသို့ဘုရားရှင်က မိဘကျေးဇူးကို ပြန်ဆပ်သော အခါဖြစ်သောကြောင့် မြန်မာ
တို့၏ ယဉ်ကျေးမှု တစ်ရပ်မှာ မိမိတို့၏ ဘိုး ဘွား၊ မိဘ၊ ဆရာနှင့် ကျေးဇူးပြုဖူးသူများ
ကို လက်ဆောင်ပစ္စည်းများဖြင့် ကန်တော့ ကြသည်။ "မီးပုံးတွေဘာတွေတော့ သိပ်မတင် ဘူး။
သီတင်းကျွတ်နားနီးလာရင်တော့ လျှပ်စစ် မီးကြိုး လေးတွေနဲ့ ကိတ်မုန်တို့၊ မုန့် ခြင်းတွေတော့
တင်မယ်။ အဲဒါတွေက ရောင်းအား ကောင်းတယ် လေ"ဟု စမ်းချောင်း လမ်းပေါ်ရှိ ဈေးဆိုင်မှ
ဆိုင်ရှင်ကဆိုသည်။ သီတင်းကျွတ်ရန်နီးကပ်လာသည်နှင့် အမျှ ရန်ကုန်မြို့၏ Super
Market ကြီး များတွင် မီးပုံးများ ချိတ်ဆွဲကြပြီး သီတင်း ကျွတ်အထူး ဈေးရောင်း ပွဲများ
ကျင်းပရန် ပြင်ဆင်ကြလေပြီ။ လက်ဆောင်ခြင်းကြီး များနှင့် မုန့်များလည်း အထူးဈေးနှုန်းများ
ဖြင့် ရောင်းချကြ လေပြီ။ သီတင်းကျွတ်ပွဲတော်နှင့် ယှဉ်တွဲနေ သော ဗြောက်အိုးဖောက်သည့်အလေ့အထ
မှာလည်း ယခုနောက်ပိုင်းတွင် အတော် တွင်ကျယ်ကြသည်။ ကျွန်မတို့ စမ်းချောင်း ထဲမှာဆို
ဗြောက်အိုး ရောင်းသော ဆိုင်အနီး တွင် ကလေး၊ လူငယ်များဖြင့် အမြဲစည် ကားနေတတ်သည်။ ရာဂဏန်းမှစတင်ကာ
သောင်းချီ အထိ ဈေးမြင့်သော်လည်း ဝယ် ယူသူများ ပြည့်နေ တတ်သည်။ သီတင်းကျွတ်နှင့်အတူ ယှဉ်တွဲနေ
သော တခြားတစ်ခုမှာမီးပုံးပျံလွှတ်ခြင်းဖြစ် သည်။ တောင်ကြီးနှင့် ပြင်ဦး လွင်၏ မီးပုံး
ပျံပွဲတော် မှာ အထင်ရှားဆုံးသော ပွဲတော် များဖြစ်သည်။ ခရီးထွက်ရန် အချိန်မရသူ များ၊
ငွေအားမလိုက် နိုင်သူများ ကတော့ မီးပုံးပျံများဝယ်ယူကာ ရန်ကုန်မြို့၏ အင်း လျားကန်၊
ကန်တော်ကြီး နှင့်ပြည်သူ့ရင်ပြင် တို့တွင်အများဆုံးမီးပုံးလွှတ်ကြသည်။ထို သို့လွှတ်တင်သည့်အခါ
ဆုငွေထုတ်ယူရန် လိပ်စာနှင့် ဖုန်းနံ ပါတ် များ ထည့်သွင်းကာ လည်းလွှတ်တင်တတ်ကြသည်။ မီးပုံးပျံ၏
အားနည်းချက်ကား မှိုင်းကုန်လို့ ပြန်ပြုတ် ကျလျှင် တော့ မီးလောင်တတ်ခြင်းပင် ဖြစ် သည်။
ထို့ကြောင့် သီတင်းကျွတ်ပွဲတော်နှင့် အတူကြားရသည့် သတင်း များမှာ မီးပုံးပျံ ဖြုတ်ကျလို့
မီးလောင်သည့် သတင်းများ ဖြစ်ကြသည်။ သီတင်း ကျွတ် ဆီမီးထွန်း ပွဲတော် သည် မြို့ပြကြီးမှစတင်ကာ
ရွာငယ်လေး များအထိ မီးထွန်းပွဲများ၊ ဘုရားပွဲများ၊ မီးပုံး ပျံပွဲများဖြင့် စည်ကားစွာ
ကျင်းပကြမြဲဖြစ် သည်။ မြန်မာတို့၏ ယဉ်ကျေးမှု၊ ပူဇော်မှုဖြင့် ကျင်းပမြဲဖြစ်သော သီတင်း
ကျွတ်ပွဲတော် ကား ချစ်စဖွယ်ဓလေ့စရိုက်များကို ဆက် လက်ပြဋ္ဌာန်းမြဲဖြစ်သည်။ မီးထွန်းပွဲတော်
ဖြင့် ယှဉ်တွဲ လာသော မြန်မာ့ မီးပုံးလေး များ၊ မီးတွန်း လှည်းလေးများကား ခေတ် ရေစီးကြောင်း
၏ နောက်ဆုံး ပေါ် နိုင်ငံခြား မီးပုံးများကြားတွင် မျက်နှာငယ်ကာ အသက်ရှူကျပ်လျက်ရှိသည်။
ထိုသို့ အား နည်းသော ယဉ်ကျေး မှုတို့သည် အားကြီး သောယဉ်ကျေးမှုကို ဝါးမျိုခြင်းကို ခံစား
နေရချိန်တွင် မိဘ၊ ဘိုးဘွားနှင့် ကျေးဇူးရှင် တို့ကို ကန်တော့ကြသည့် မြန်မာတို့၏ ချစ်စဖွယ်အလေ့အထနှင့်
မီးပူဇော်ခြင်း ဓလေ့ကား ဆက်လက် ရှင်သန်နေခြင်း သည်ပင်လျှင် အားတတ်စရာတစ်ခုပင် ဖြစ်
နေပါတော့သည်။
ယခုတလော
KIA တပ်မဟာ(၂)နယ်မြေမှာ လူသစ်အရေအတွက်ပြည့်မီအောင် စုဆောင်း ဖမ်းဆီး မပေးနိုင်လို့
ဖြစ်တဲ့နည်းနဲ့ ဖမ်းဆီးစုဆောင်းဖို့ လက်အောက်ကို ဖိအားပေးညွှန်ကြားနေကြောင်း ဒေသခံများ
ထံမှ သိရှိရပါတယ်။
KIA
တပ်များနဲ့ KIO မြို့နယ်/တိုက်နယ်ရုံးများအနေနဲ့ သက်ဆိုင်ရာနယ်မြေအတွင်းမှာ အသက် ၁၂
နှစ်အရွယ် အထိ လူငယ်ကျား/မ မရွေးကို KIA တပ်သားသစ်အဖြစ် စုဆောင်းဖို့နဲ့ စုဆောင်းရရှိတဲ့
လူမျိုးအ လိုက် ဆုကြေးငွေထုတ်ပေးရန် စီစဉ်နေကြောင်း သိရပါတယ်။