
တောင်အာဖရိကတွင် အသားအရောင် ခွဲခြားမှု အရိုးစွဲနေခြင်းကို တိုက်ဖျက်ကာ တစ်ကမ္ဘာလုံး၏ လေးစားကြည်ညိုခြင်း အခံရဆုံး နိုင်ငံရေးသမား တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သူ မန်ဒဲလားသည် ဒီဇင်ဘာလ (၅)ရက်နေ့က ကျန်းမာရေး အခြေအနေ ပိုမိုဖောက်ပြန်လာပြီးနောက် အသက်(၉၅)နှစ် အရွယ်တွင် အနိစ္စ ရောက်ခဲ့သည်
နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလား ကွယ်လွန်သွားသည့်နောက် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များက ဝမ်းနည်းကြေကွဲကြောင်း အလေးအနက် ပြောဆိုခဲ့ကြသည်။...