Thursday, October 31, 2013

တရားစခန်းတွင် ရင်းနှီးရာမှ အမျိုးသမီးအချင်းချင်း ကျုပ်သိန်း ၉၀၀၀ ခန့် အလွဲသုံးမှုဖြစ်

Posted by drmyochit Thursday, October 31, 2013, under | No comments

မရမ်းကုန်းမြို့နယ်နေ အမျိုးသမီးတစ်ဦးက တရားရိပ်သာတွင် ခင်မင်ခဲ့သော တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတစ်ဦးထံမှ ကျပ်ငွေသိန်း ၉၀၀၀ ခန့် အလွဲသုံးစားမှုဖြင့် အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။

မရမ်းကုန်းမြို့နယ် အမှတ် (၇)ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက တစ်ရပ်ကွက်တည်းနေ တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတစ်ဦးထံမှ ငွေကျပ်သိန်း ၆၀၀၀ ကို ယုံကြည်အောင်ပြော၍ ငွေသားအဖြစ်ယူပြီး ကျန်ငွေကျပ်သိန်း  ၃၀၀၀ ခန့်ကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း ၀ယ်ရေး ဘဏ် (MICB)တွင် နှစ်ဦးပူးတွဲ၍ ဘဏ်စာရင်းဖွင့်ခဲ့သည်။ ဖွင့်လှစ်ထားသည့် ဘဏ်စာအုပ်ကို ရှေ့နေအမျိုး သမီးက ကျန်အမျိုးသမီးထံအပ်ထားခဲ့ရာ အဆိုပါငွေကြေးများနှင့် ဘဏ်စာအုပ်ကို တောင်းခံသောအခါ ပြန်မပေး ဘဲ ရှောင်နေသောကြောင့် အရေးယူပေးရန် တရားလွှတ်တော်ရှေ့နေက တရားလိုပြုကာ မရမ်း ကုန်းမြို့ မ ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေအမျိုးသမီးသည် တရားအားထုတ်နေသူဖြစ်၍ အမွေဆိုင်အိမ်ကို ရောင်းရာမှရရှိထားသည့် ကျပ်ငွေသိန်း ၈၇၀၀ အား ထိန်းသိမ်းပေးမည့်သူမရှိသောကြောင့် ၂၀၁၁ ခုနှစ်မှစ၍ ခင်မင်ခဲ့သည့် ယင်းအမျိုးသမီးထံ အပ်နှံထားခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးအတွက်သုံးစွဲရန် ငွေပြန်တောင်းရာမရ၍ မိတ်ဆွေတစ်ဦးထံ တိုင်ပင်ရာမှ ရဲစခန်းသို့လာရောက်ကာ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း မရမ်းကုန်းမြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားသည်။

““အခုတော့ အမှုဖွင့်ခံထားရတဲ့အမျိုးသမီးလည်း ရဲစခန်းကို ရောက်နေပြီ။ စစ်ဆေးနေဆဲပါ”” ဟု မရမ်း ကုန်းမြို့မရဲစခန်းမှူး၊ ဒုရဲမှူး ခင်မောင်လှက ပြောသည်။

ယင်းဖြစ် ရပ်ကို ရာဇ၀တ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်သည့် ပြစ်မှုဆိုင်ရာ ပုဒ်မ-၄၀၆ ဖြင့် မရမ်းကုန်းမြို့မရဲစခန်းမှ အမှုဖွင့်၍ စစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

7DAY DAILY


သရဲခြောက်ခဲ့တယ် ဆိုတဲ့ အိမ်ကို အိမ်ဝယ်သူ အများအပြား ပိုမိုစိတ်ဝင် တစားဝယ်ယူ

Posted by drmyochit Thursday, October 31, 2013, under | No comments


ယခုလက်ရှိ အိမ်ဝယ်ယူသူအများအပြားမှ တစ်ဝက်ခန့်သော ၀ယ်ယူ သူတွေဟာ သရဲခြောက်ခဲ့တယ်ဆိုတဲ့ အိမ်ကိုမှ ၀ယ်ယူကာ နေထိုင်ရတာ ပိုနှစ်သက် နေကြတယ်လို့ နယူးယောက် အိမ်ခြံမြေ ၀က်ဆိုဒ်တစ်ခု ဖြစ်တဲ့ realtor.com ရဲ့ သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။

သူတို့ဟာ စိတ်ကူးယဉ် ဆန်စွာဖြင့် သည်းမခံနိင်လောက်အောင် ကြောက်စရာကောင်းတယ် ဆိုတဲ့ဖြစ်ရပ် တွေ ရှိတဲ့ အိမ် ကိုမှ discounts တောင် မချခိုင်းပဲ တန်းယူတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အိမ်အမြန် ရောင်းချင်တယ် ဆိုရင်တော့ သရဲခြောက်ပါတယ်လို့သာ ဟစ်ပြီး ရောင်းပါလေ။
( ဒီမှာ ဆိုရင်တော့ ရုပ်ရှင်ထုတ်လုပ်ရေးတွေက လာကမ်းလှမ်းကြလိမ့်မယ် )

Aung Heine ( smart.com.mm )

မျက်စိညောင်း ခြင်းကို ကုသနည်းများ

Posted by drmyochit Thursday, October 31, 2013, under | No comments

ဒီနေ့ခေတ် ဘဝနေထိုင်မှု ပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ ၊ တီဗီ၊ ကွန်ပျူတာ အကြည့်များတာ၊ အင်တာနက် အသုံးများ တာတွေ ဖြစ်လာ ပါတယ်။

အိပ်ရေး ပျက်တာကြောင့် မျက်လုံး ဖောင်းအစ်တာနဲ့ မျက်စိညောင်းညာ တာတွေ ဖြစ်လာပါတယ်။ ညောင်းညာ ပင်ပန်း နေတဲ့ မျက်စိဟာ ကြည့်ရတာ သက်သောင့် သက်သာ မဖြစ်ရုံမက ဆွဲဆောင်မှုလည်း မရှိတော့ ပါဘူး။ မျက်စိညောင်းညာမှု ဖြစ်ရသော အကြောင်းရင်း အိပ်ရေး ပျက်တာက မျက်စိ ညောင်းညာမှု ဖြစ်စေတဲ့ အဓိက အကြောင်း ရင်းပါ။ တခြား အကြောင်းရင်း တွေက စိတ်ဖိစီးမှု များ တာ၊ မျက်ကပ် မှန်ကြောင့် စပ်ဖျဉ်းဖျဉ်း ဖြစ်တာ၊ ရေဓာတ်ခမ်း ခြောက်တာ၊ ဆေးကု သမှု တချို့၊ ကွန်ပျူတာ အသုံးများတာ၊ နှာခေါင်း ပိတ်တာ၊ စာဖတ်များတာနဲ့ တောက်ပတဲ့ အလင်းရောင် ကို ကြာကြာ ကြည့်မိတာ တွေကြောင့် ဖြစ်တတ်ပါတယ်။

မျက်စိ ညောင်ညာသော အဓိက လက္ခဏာများ မျက်စိ ညောင်းညာတဲ့ အဓိက အကြောင်းရင်းတွေ ကတော့-

- မျက်စိကို ဖွင့်ထားရင်တောင် လေးလံပြီး မသက်မသာ ခံစား ရတာ၊

- မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ မသက်မသာဖြစ်တာ၊

- မျက်စိခြောက်သွေ့တာ၊ မျက်စိနာတာ၊ မျက်ရည်ကျတာ၊

- ခေါင်းကိုက်တာနဲ့ အလင်းရောင်နဲ့ ထိတွေ့ရင် ကျိန်းစပ်စပ် ဖြစ်တာတို့ ဖြစ်ကြပါတယ်။

မျက်စိညောင်းညာမှု သက်သာစေရန်

(၁) ရေခဲ သေတ္တာထဲမှာ အေးခဲအောင် သိမ်းထားတဲ့ လက်ဖက် အိတ်နှစ် အိတ်ကို ယူပြီး မျက်စိ ပေါ်ကို မိနစ် ၂၀ ကြာ တင်ထား ပါ။ မျက်စိလန်းဆန်းပြီး ညောင်းညာမှု သက်သာသွား ပါလိမ့်မယ်။

(၂) လတ်လတ် ဆတ်ဆတ် လှီးဖြတ်ထားတဲ့ သခွားသီး စိတ်ကို မျက်စိပေါ်မှာ မိနစ် ၃၀ ကြာ တင်လိုက်ပါ။ ပြီးရင် မျက်စိကို ရေအေးနဲ့ ဆေးကြောသန့်စင် ပေးပါ။

(၃) နှင်းဆီ ရေထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်စိပေါ်မှာ ၁၅ မိနစ်ခန့်တင်ပါ။

(၄) အေးခဲနေတဲ့ နို့ထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်ခွံပေါ်မှာ မိနစ် အနည်းငယ်ကြာ တင်ပေးပါ။ မျက်စိ ဖောင်းအစ်မှု လျော့ကျ စေပြီး လန်းဆန်း သွားပါလိမ့်မယ်။

(၅) ရေခဲ သေတတ္တာထဲ ထည့်ထားတဲ့ ဇွန်းနှစ်ချောင်းကို မျက်စိပေါ် တင်ပေးရင် မျက်စိညောင်းညာမှု လျော့ပါး သွားပါ လိမ့်မယ်။

(၆) ရေဓာတ် ခန်းခြောက်မှုကြောင့် မျက်စိ ညောင်းညာမှု မဖြစ် အောင် တစ်နေ့လုံး ရေများများ သောက်ပေး ရပါမယ်။

(၇) မျက်စိကို သန့်ရှင်းတဲ့ ရေခဲရေနဲ့ မကြာခဏ ဆေးကြော ပေးတာက မျက်စိ ညောင်းညာမှု၊ ယားယံမှုနဲ့ နွမ်းနယ်မှု သက်သာ စေပါတယ်။

ကြယ်စင်
မြ၀တီ

ချစ်သူမိန်းကလေးမရှိ၍ စိတ်ဓာတ်ကျလျက်ရှိသော လူငယ်တစ်ဦး ယောင်္ကျားအင်္ဂါ ဖြတ်တောက်

Posted by drmyochit Thursday, October 31, 2013, under | No comments




ဇီကျန်၊ အောက်တိုဘာ ၃၀။

တရုတ်နိုင်ငံအရှေ့ပိုင်း ဇီကျန်ပြည်နယ်၊ ဂျီဇင်းမြို့ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်သော
အ သက် ၂၆နှစ်အရွယ်ရှိ “ရန်ဟူ”ဆိုသည့် လူငယ်တစ်ဦးသည် စိတ်ဖိ စီးမှုခံစားရလျက်ရှိရာ ၎င်း၏
ယောင်္ကျား အင်္ဂါ အား အသုံးမ၀င်ဟုဆိုကာ ဖြတ်  တောက်ခဲ့ကြောင်း Daily Mail သတင်းစာတွင်
ဖော်ပြ သည်။

“ရန်ဟူ”ဆိုသည့် လူငယ်တစ်ဦးသည် စက်ရုံတွင် နာရီပေါင်းများစွာ အလုပ်လုပ်ကိုင် ရလျက်ရှိသော
ကြောင့် မိန်းကလေးတစ်ဦးဦးနှင့် တွေ့ဆုံ ကြုံကြိုက်မည့် အခွင့်အရေးမရှိခြင်းနှင့်စပ်လျဉ်း၍ စိတ်ဖိစီးမှု ခံစားရ လျက်ရှိရာ အောက်တိုဘာ ၂၉ရက်၊ ည ၉နာရီ နေအိမ် သို့ပြန်ရောက်ခဲ့ရာတွင် ၎င်း၏ ယောင်္ကျားအင်္ဂါအား အသုံးမ၀င်ဟုဆိုကာ ဖြတ်တောက်ခဲ့ကြောင်း Daily Mail သတင်းစာတွင် ဖော်ပြသည်။

“ရန်ဟူ”သည် ဆေးကုသမှုခံယူရန်အတွက် ဆေးရုံသို့ သွားရောက်ခဲ့ရာ ဆရာဝန်များက ယခုကဲ့သို့ ကုသ၍ မရကြောင်းနှင့် ၎င်းဖြတ်တောက်ခဲ့သော အစိတ်အပိုင်းအား ပြန်ယူခိုင်းရာ စက်ဘီးဖြင့် ပြန်ယူခဲ့သော်လည်း ယင်းအစိတ်အပိုင်းမှာ သွေးမရှိဘဲ အချိန်အတန်ကြာ ခဲ့ပြီဖြစ်၍ ပြန်လည်ဆက်စပ်ကုသ၍ မရနိုင်တော့ကြောင်း ပြောကြားခဲ့သည်။

လူပန်းအိမ်
People power

Ben Wee 5100S Firmware နှင့် တင်နည်း

Posted by drmyochit Thursday, October 31, 2013, under | 1 comment


မင်္ဂလာပါ......
လိုအပ်တဲ့ Firmware လေး အရင်ဒေါင်းရအောင်နော....

http://dl.dbank.com/c0k7txdhwp#

( OR )

http://dl.dbank.com/c0ypbbwnxx

အပေါ်က လင့်အတိုင်းလိုက်သွားလိုက်ပါ....တရုတ်ပြည်ကိုရောက်သွားပါမယ်....
ပုံမှာ ကျွန်တော် မြားနီပြထားတာလေးက Download Button ပါ။


SD တစ်ခုလိုပါမယ်... Formet ( fat 32 ) ရိုက်လိုက်တာကောင်းပါတယ်။
Download File လေးခုလုံး SD ထဲထည့်။
Power ခလုတ်ကို ဖိ.../၊နှိပ်ထားပါမယ်။
ဖန်လုံးတင်နေတဲ့ ရာခိုင်နှုန်းပြနေပါမယ်။
၁၀၀% ပြည့်...၊ ဘာမှမနှိပ်ပါနဲ့ဦး....သူ့ဟာသူပြန်တက်ပါစေ...။
နောက်တစ်ဆင့်ကတော့.....ပြီးပါပြီတဲ့....။

စိနစာပေ ခြေတစ်လှမ်း

Posted by drmyochit Thursday, October 31, 2013, under | No comments


စီးပွားရေးပြီးနောက် နောက်ထပ် မျက်နှာစာသစ်တစ်ခု ထပ်ဖွင့်ထားသည်။ ပေါပေါများများ မဟုတ်သော်လည်း တရုတ်သတင်းစာများ ပြည်တွင်းတွင် အတန်အသင့် နေရာယူလာသည်မှာ အတော်အတန်ကြာပြီ ဖြစ်သည်။ တစ်ခါတစ်ရံ ဈေးဝယ်စင်တာများတွင် တွေ့ရတတ်သည်။ တစ်ခါတစ်ရံ စာအုပ်ဆိုင်ကြီးများတွင် ဖတ်နိုင်သည်။ ယင်းတို့အနက် ရွှေဇာမဏီလည်း အပါအဝင်ဖြစ်သည်။
မြန်မာနိုင်ငံ၌ တရုတ်ဘာသာဖြင့် သတင်းစာ ထုတ်ဝေခွင့်ကို ရွှေဇာမဏီ အမည်ဖြင့် အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ကို ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်အတွင်းမှ စတင်ကာ တရားဝင် ထုတ်ဝေခွင့်ပြုခဲ့သည်။
လတ်တလောတွင် ပြည်တွင်း မီဒီယာသို့ တရားဝင် ခွင့်ပြုထားသည့် တရုတ် ဘာသာစကားသုံး အပတ်စဉ်ထုတ် ဂျာနယ် အရေအတွက်မှာ ရွှေဇာမဏီ ဂျာနယ်တစ်စောင်မျှသာ ရှိသေးသည်ဟု ရွှေဇာမဏီဂျာနယ်၏ မန်နေဂျာ ဒေါ်ချိုသက်ထွန်းက ဆိုသည်။

“အခု ကျွန်မတို့ဂျာနယ်က အစောင် ၁၆၀ လောက်ရှိပြီ။ တရားဝင် ခွင့်ပြုချက် တင်ပြီးလုပ်တာက ကျွန်မတို့ဂျာနယ် တစ်ခုလောက်ပဲ ရှိတယ်။ ကျန်တဲ့ သတင်းစာတွေကတော့ ခွင့်ပြုချက် ရှိလားမရှိလား မသိဘူး။ စင်ကာပူနဲ့ ထိုင်းကနေ လာတဲ့သတင်းစာတွေ များတယ်။ The University သတင်းစာကတော့ ထိုင်းကလာတာ” ဟု ၎င်းကဆိုသည်။

တရုတ်ဘာသာသုံး ထုတ်ဝေသည့် ရွှေဇာမဏီဂျာနယ်ကို မြန်မာနိုင်ငံသို့ စီးပွားရေး ရင်းနှီးမြှုပ်နှံရန် လာရောက်သည့် တရုတ်လူမျိုးများကို ပြည်တွင်း၏ ပကတိ အခြေအနေနှင့် စီးပွားရေးအကြောင်း အရာများကို သိရှိစေနိုင်ရန်နှင့် မြန်မာနိုင်ငံရှိ တရုတ်စာပေ လေ့လာသူများ ဖတ်ရှု လေ့လာစေရန် ရည်ရွယ်၍ ထုတ်ဝေခြင်း ဖြစ်ကြောင်း အဆိုပါ မီဒီယာ တာဝန်ရှိသူ ဒေါ်ချိုသက်ထွန်းက ပြောကြားသည်။
“ကျွန်တော်ကတော့ စီးပွားရေးအရ သူတို့တွေ ထုတ်တယ်လို မမြင်ပါဘူး။ နိုင်ငံတော်ကနေ တရားဝင် ထုတ်ဝေခွင့် ပြုထားတဲ့အတွက် မြန်မာနိုင်ငံရောက် စိနတွေနဲ့ တရုတ်စာ လေ့လာတဲ့သူတွေ ဖတ် ဖို့လောက်ပဲ ထုတ်တယ်လို့ ထင်တယ်” ဟု ပေါ်ပြူလာဂျာနယ်မှ အယ်ဒီတာချုပ် ဦးဖိုးနိုင်လင်းက မှတ်ချက်ပြု ပြောကြားသည်။

၂၀၀၀ ပြည့်နှစ်မတိုင်မီ အချိန်များတွင် တမီလ်ဘာသာဖြင့် စာစောင်များ ထွက်ခဲ့ဖူးပြီး လတ်တလောတွင် အခြားဘာသာဖြင့် ထုတ်ဝေသော ဂျာနယ်သတင်းစာများ မရှိသေးကြောင်း ၎င်းကဆိုသည်။
လက်ရှိဂျာနယ်နှင့် သတင်းစာ ဈေးကွက်တွင်မူ တရုတ်ဘာသာဖြင့် ထုတ်ဝေ ဖြန့်ချိသည့် သတင်းစာနှင့် ဂျာနယ်စောင်ရေသည် သုံးစောင်ခန့်ရှိပြီး ဈေးကွက် အရောင်းရှိရုံမျှ အနေအထားတွင်သာ ရှိကြောင်း ရန်ကုန်မြို့တော်အခြေစိုက် ဂျာနယ် ဖြန့်ချိရောင်းချသူ အသိုင်းအဝိုင်းအတွင်းမှ သိရသည်။
အဆိုပါ သတင်းစာနှစ်စောင်မှာ The University နှင့် World News ဟူ၍ ဖြစ်ပြီး ဂျာနယ်မှာ ရွှေဇာမဏီ ဖြစ်သည်။

“တရုတ်ဂျာနယ် ကတော့ ရွှေဇာမဏီကိုတော့ တင်တယ်။ အဲဒီဂျာနယ်ကလည်း သိပ်ရောင်း မကောင်းပါဘူး။ တစ်ပတ်ကို အစောင် ၂၀ လောက်ပဲ တင်တယ်။ တရုတ်လူမျိုးတွေပဲ ဖတ်ကြတာကို အများစုက နားမလည်တော့ ဘယ်ဖတ်ကြမှာလဲ” ဟု ဆင်တောင်ကြီးစာပေ တာဝန်ရှိသူ အမျိုးသမီး တစ်ဦးက ဆိုသည်။

ယခုရက်ပိုင်းအတွင်း The University အမည်ရ တရုတ်ဘာသာဖြင့် နေ့စဉ်ထုတ်သတင်းစာ တစ်စောင် တိုးလာသည်။

ယခင်က တစ်လတစ်ကြိမ် ထုတ်ဝေခဲ့သော ရွှေဇာမဏီဂျာနယ်မှာ အပတ်စဉ်အဖြစ် ထုတ်ဝေလာပြီး The University သတင်းစာကိုမူ တရုတ်မှ လေယာဉ်ဖြင့် တိုက်ရိုက်ပို့ခြင်း ဖြစ်ကြောင်း ရန်ကုန် မြို့တော် ၂၄ လမ်းရှိ ဂျာနယ် ရောင်းချသူ တရုတ်အနွယ်ဝင် တစ်ဦးဖြစ်သူ ဦးကျော်မျိုးက ပြောကြားသည်။ “တရုတ်စာတတ်တဲ့ သူအချို့ပြောတာကတော့ အခုသတင်းစာ (The University သတင်းစာ) က နယ်ပယ်စုံ ကဏ္ဍစုံတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ ရန်ကုန်မြို့တော် စာနယ်ဇင်း ဈေးကွက်၌ တင်ရောင်းလျက်ရှိသော တရုတ်သတင်းစာနှင့် ဂျာနယ်များကို တစ်စောင်လျှင် ကျပ် ၄၀၀ ခန့်ဈေးဖြင့် ပေး၍ ၆၀၀ ကျပ်နှုန်းဖြင့် ပြန်လည် ရောင်းချခွင့် ပြုထားပြီး တစ်လတစ်ကြိမ် သတင်းစာဖိုး ငွေသိမ်းလေ့ ရှိကြောင်း ရန်ကုန်မြို့တော် ၃၁ လမ်းအခြေစိုက် ဂျာနယ်ရောင်းချသူ ဦးအေကေက ပြောကြားသည်။

လက်ရှိ တရုတ်သတင်းစာ များသည် အစောင်ရေများစွာ မရောင်းရသေးသော်လည်း လသားခန့်သာ ရှိသေးသော မြန်မာ့ သတင်းစာဈေးကွက် အတွင်းကို အမြတ်မကြည့်ဘဲ စတင်ချင်းနင်း ဝင်ရောက်လာပြီ ဖြစ်သည်။

အဆိုပါ တရုတ်ဂျာနယ်နှင့် သတင်းစာများကို တစ်စောင်လျင် ကျပ် ၆၀၀ ခန့်မှ ကျပ် ၁၀၀၀ ခန့်ထိ ရောင်းချလျက်ရှိရာ လတ်တလောတွင် ဝယ်ယူဖတ်ရှုသူ အများစုသည် မြန်မာပြည်ဖွား စိနအနွယ်ဝင် များနှင့် တရုတ်စာပေကို သင်ယူလျက်ရှိသူ မြန်မာကျောင်းသား အချို့က ဝယ်ယူဖတ်ရှုလျက် ရှိကြောင်း အဆိုပါဂျာနယ် ဖြန့်ချိရောင်းချသူများက ပြောကြားသည်။

လက်ရှိတွင် ဘာသာစကား အခက်အခဲကြောင့် တရုတ်သတင်းစာနှင့် ဂျာနယ် ရောင်းအားမှာ အားရစရာ မကောင်းသော်လည်း ပြည်တွင်း၌ တရုတ်စာပေ လေ့လာလိုက်စားသူ မြန်မာများအကြား ရပ်တည်လာနိုင်ခြေ ရှိသည်ဟု ရန်ကုန်မြို့တော်အခြေစိုက် သတင်းစာနှင့် ဂျာနယ်ရောင်းချသူ အသိုင်းအဝိုင်းက သုံးသပ်ကြသည်။
ဖတ်ရှုသူအများစုမှာ နိုင်ငံခြားသားများနှင့် လတ်တလော တရုတ်စာ လေ့လာ လိုက်စားလျက်ရှိသော ကျောင်းသားများသာ အဓိကဝယ်ဖတ်လျက် ရှိကြောင်း ရန်ကုန်မြို့တော် ၂၄ လမ်းတွင် ဂျာနယ် ရောင်းချသူများက ပြောကြားသည်။

“မြန်မာတွေကတော့ သူတို့စာမှ မတတ်တာ ဘယ်လိုလုပ် ဖတ်မှာလဲ။ ဘာသာစကား အခက်အခဲကြောင့် ကျွန်တော်ကတော့ မြန်မာ့စာပေလောကကို ထိုးဖောက်နိုင်မယ် မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က သူတို့စာမတတ်လို့။ သူတို့ စာတတ်တဲ့ လူကလည်း သူတို့လူမျိုးလောက်ပဲ ရှိတယ်လေ” ဟု ဦးကျော်မျိုးက သုံးသပ်သည်။

လူဦးရေ သန်း ၆၀ ရှိ မြန်မာနိုင်ငံတွင် လက်ရှိ နေထိုင်လျက်ရှိသော တရုတ်လူမျိုး ဦးရေမှာ ၁ ဒသမ ၆ သန်း ခန့် ရှိကြောင်း တရုတ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။

စိနတိုင်း သား တို့သည် ၎င်းတို့၏ ဘာသာစကားကို ကမ္ဘာသုံးစကားအဖြစ် ရပ်တည်လာနိုင်ရန် အသက် သွင်းလို ကြသူများလည်း ဖြစ်သည်။ တရုတ်ဘာသာကို ကမ္ဘာသုံးဘာသာ ဖြစ်ရေးသည် စိနတို့၏ အိပ်မက်။

တရုတ်ဘာသာစကား ကမ္ဘာကို လွှမ်းခြုံနိုင်ရေးအတွက် စိနတိုင်းသားတို့ ရှိရာ ဒေသတိုင်း၌ လုံ့လစိုက်ကြသူများ လည်းဖြစ်ရာ ၎င်းတို့၏ ဘာသာစကားကို အလေးထားနိုင်၊ အသုံးပြုနိုင်ရန် အတွက် ယင်းနိုင်ငံ၏ စာသုံးကျောင်းသုံး စာများတွင် အင်္ဂလိပ်ဘာသာကိုပင် နေရာပေးထားခြင်း မရှိဟု အဆိုပါ နိုင်ငံသို့ အကြိမ်ကြိမ် သွားရောက် လေ့လာခဲ့သော ရန်ကုန်မြို့တော်အခြေစိုက် နာမည်ကြီး တရုတ်ဆေးဝါး ဖြန့်ချိ ရောင်းချရေး လုပ်ငန်းစုတစ်ခု၏ အဖွဲ့ဝင် ဆရာဝန်တစ်ဦးက ပြောကြားသည်။

“သူတို့ရဲ့ ကျောင်းသင်ခန်းစာ တွေမှာလည်း အင်္ဂလိပ်စာကို ထည့်သွင်း သင်ကြားလေ့ မရှိတာကြောင့် သူတို့က အင်္ဂလိပ်စကားကို ထမင်းစားရေသောက်တောင် မပြောနိုင်ဘူး။ မပြောကြဘူး။ သူတို့ မိခင်ဘာသာစကား ကိုပဲ စွဲစွဲမြဲမြဲ ပြောတတ်ကြပါတယ်။ တခြားနိုင်ငံတွေအထိ သူတို့ ဘာသာစကားကို ထိုးဖောက်ချင်ကြတယ်။ တရုတ်အများစုက နိုင်ငံခြားမှာ နေပေမယ့် သူတို့ဘာသာစကားကို ကောင်းကောင်း တတ်ကျွမ်းတဲ့လူ များတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

တရုတ်ဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာနှင့် ဂျာနယ်များ ရှိလာခြင်းသည် ပြည်တွင်းရှိ ဘာသာစကား လေ့လာသူများအတွက် အခွင့်အရေးကောင်း တစ်ရပ်ဆိုသော်လည်း မြန်မာစာပေ အရှည်တည်တံ့ရေး အတွက်မူ စိန်ခေါ်ချက် ဖြစ်လာနိုင်သည်ဟု မြန်မာစာပေလောကသား အချို့က ဆိုသည်။

ပြည်တွင်းပင်မ စီးပွားရေး လုပ်ငန်းခွင်များသည် စိနတိုင်းသားတို့၏ လက်နှင့် လွှတ်သည့် လုပ်ငန်းဟူ၍ မရှိသလောက်။ ယင်းနောက် စာပေဘက်သို့ စိနတို့တစ်စစ လှမ်းလာကြသည်။

ဟိန်းမြတ်စိုး
The Voice Weekly

အိုင်းစတိုင်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာအချို့ 

Posted by drmyochit Thursday, October 31, 2013, under | No comments


နိုဘယ်ဆုရ ကမ္ဘာကျော် ရူပဗေဒ ပညာရှင် အဲလ်ဘတ်အိုင်းစတိုင်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာများက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ အိုင်းစတိုင်းဟာ အသက် ၄ နှစ်အရွယ်ကစလို့ စကားပြောတတ်ခဲ့ပါတယ်။ သို့ပေမယ့် အသက် ၉ နှစ်အထိ စကားကို ပီပီပြင်ပြင်၊ များများစားစား မပြောနိုင်ပါဘူး။ တစ်ရက် မိသားစုနှင့် ညစာစားစဉ်ချိန်မှ " The Soup is too hot" လို့ စပြောပြီး သူစကားပြောတတ်ရဲ့ သားနဲ့ မပြောပဲ နေခဲ့ တယ်ဆိုတာ ကို သိသွားပါတယ်။ သူ့ရဲ့ အကြောင်းပြချက်ကတော့ “Because up to now everything was in order." ဖြစ်ပါတယ်။

၂။ အသက် ၅ နှစ်အရွယ်မှာ ဖခင်ဖြစ်သူက သူ့ကို သံလိုက်အိမ်မြောင် တစ်ခု လက်ဆောင်ပေးခဲ့ပြီး ရူပဗေဒပညာအပေါ် ရူးသွတ်ခြင်းကို ယင်း သံလိုက် အိမ်မြောင်မှ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ သံလိုက်အိမ်မြောင်ဟာ ဘာလို့ အရပ် မျက်နှာပြသမှုမှာ ပုံသေဖြစ်နေရတာလည်းကို စတင် စိတ်ဝင်စား ခဲ့ခြင်း ဖြစ် ပါတယ်။

၃။ ကျောင်းပညာရေးမှာ ညံ့ဖျင်းပြီး စာမေးပွဲတောက်လျှောက်ကျတဲ့ အတွက် ကျောင်းအထုတ်ခံရပါတယ်။ အသက် ၁၇ နှစ်အရွယ်က လည်း ကောလိပ်ဝင်ခွင့်ဖြေဆိုတာ သင်္ချာနဲ့ ရူပဗေဒကလွဲလို့ ကျန်တဲ့ ဘာသာတွေ ကျပါတယ်။

၎။ အိုင်းစတိုင်း နှစ်သက်တဲ့ ပစ္စည်းနှစ်ခုကတော့ ခေါင်းဖီး နဲ့ ခြေအိတ်ဖြစ် ပါတယ်။

၅။ City Light အမည်ရ ဟောလိဝုဒ်ရုပ်ရှင် ရုံအတင်ဖွင့်ပွဲကို အိုင်းစတိုင်းရောက်ဖြစ်စဉ် ဟာသမင်းသား ချာလီချက်ပလင် နဲ့ တွေ့ဆုံစဉ် ချာလီမှ သူ့ကို စကားတစ်ခွန်းပြောခဲ့ပါတယ်။ "ကျွန်တော့ကိုကျ လူတွေ နားလည်လို့ အားပေးကြတယ်။ ခများကိုကျ လူတွေနားမလည်လို့ အားပေးကြတယ်"

၆။ အိုင်းစတိုင်း ပထမဇနီး Mileav Maric နဲ့လမ်းခွဲရတဲ့အကြောင်းက သူ့မှာ မောင်နှမဝမ်းကွဲတော်သူ မိန်းကလေး Elsa နဲ့ချစ်ကြိုက်နေ လို့ ဖြစ်ပါတယ်။ ဒါကြောင့် အိုင်းစတိုင်းဟာ အိမ်ထောင်ရေးဖောက်ပြန်သူ တစ်ဦး (Adultery) ဖြစ်ပါတယ်။

၇။ ဟစ်တလာက အိုင်းစတိုင်းကို နံပါတ်တစ် ပြည်သူ့ ရန်သူ အဖြစ် သတ်မှတ်ခဲ့ပါတယ်။

၈။ အိုင်းစတိုင်းကွယ်လွန်ချိန်မှာ သူ့ဦးနှောက်ကို အဖယ်ရှားခံခဲ့ရပါတယ်။ သူ့မိသားစု ခွင့်ပြုချက်ကို နှစ်အတော်ကြာမှ ပြန်လည်တောင်း ဆိုတာ ဖြစ်ပါတယ်။ ဖယ်ရှားသူကတော့ ဒေါက်တာ သောမတ်စ် (Thomas Stoltz Harvey) ဖြစ်ပြီး လေ့လာစစ်ဆေးရန် ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှား က ဆေးပညာရှင်၊ Scientist များထံ ပို့ခဲ့ပြီး အဖြေရှာရာ သာမန်လူတွေထက် ထူးခြားတဲ့ ဦးနှောက်ကို ပိုင်ဆိုင်ထားကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

၉ ။ အိုင်းစတိုင်းဟာ တယောတီး ဝါသနာ ပါသူ တစ်ဦးဖြစ်ပါတယ်။ " အကယ်၍ ရူပဗေဒပညာရှင်သာ ဖြစ်မလာရင်၊ ကျွန်တော်ဟာ အနုပညာရှင် တစ်ဦး ဖြစ်နေလောက်ပါပြီ။ သီချင်းတွေကို ထိုင်တွေးနေမိပြီး အိပ်မက်ထဲမှာလည်း သီချင်းတွေကြားထဲမှာ နေထိုင်နေပါတယ်။ တယောတီးမိတဲ့ အချိန်ကျ ဘဝရဲ့ အပျော်ဆုံး အချိန်တစ်ခုလိုပဲ သတ်မှတ်ခံစားရပါတယ်" လို့ပြောဆိုခဲ့ဖူးပါတယ်။

Via:unusualfact
အောင်ခမ်း ( ရိုးရာလေး )

ရေချိုးခန်းအတွင်း၌ အမျိုးသမီးတစ်ဦးသေဆုံး

Posted by drmyochit Thursday, October 31, 2013, under | No comments

ရန်ကုန်၊ အောက်တိုဘာ ၃၁

၃၀.၁၀.၂၀၁၃ရက်နေ့ ၂၁၄၅အချိန်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်းရှိ သီရိမင်္ဂလာတည်းခိုခန်း၏
ရေချိုးခန်းအတွင်း၌ အမျိုးတစ်ဦးသေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဒေါ်စန်းစန်းဦး (ဘ)ဦးဇော်အောင်၊ ရွာမအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူဖြစ်ပြီး ထမီရင်လျှားဖြင့် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရဘဲ ပက်လက်အနေအထား သေဆုံးနေသည်ကိုတွေ့ရှိ၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် ဘုရင့်နောင်နယ်မြေရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁၈/၂၀၁၃)ဖြင့် စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အမျိုးသမီးငယ်များ လျှို့ ဝှက်ကင်မရာ အန္တရာယ်မှ ကင်းဝေးရန်

Posted by drmyochit Thursday, October 31, 2013, under | No comments


အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။

ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင် ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့ အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက် အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်း တွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုး ပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်း ပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။

3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက် ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါး သုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ် ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။

ဒီစာလေးကို သင့်ရဲ့ "သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ" တွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကို မျှဝေခြင်း အားဖြင့် "အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာ" ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

Credit - Original up-loader
အခမဲ့ ကြော်ငြာ

ရွှေတိဂုံစေတီတော်အောက်မှာ. (၁၀)ပေလောက်ကျယ်တဲ့ရေတွင်းနဲ့ (၆)ပေခွဲ လောက်ရှိတဲ့ လှေတစ်စင်းရှိတယ်....

Posted by drmyochit Thursday, October 31, 2013, under | 2 comments



ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ စေတီတော်ကြီးဖြစ်တဲ့ရွှေတိဂုံစေတီ တော်ကြီး အောက်မှာ ပင်လယ်ရေ အတက်အကျအလိုက် ရေအနိမ့်အမြင့်ဖြစ်ပေါ်စေတဲ့ (၁၀) ပေ ပတ်လည်လောက် ရှိတဲ့ ရေတွင်းနဲ့ အဲဒီရေတွင်းထဲမှာ (၆) ပေခွဲလောက်ရှိပြီး ရတနာများစီချယ်ထားတဲ့ရွှေလှေ တစ်စီး ရှိတယ်လို့ မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့မြန်မာနိုင်ငံဖွား အာမေးနီးယားလူမျိုး ဒီအက်စ်အပရမေ ကပြောကြား ခဲ့တယ်လို့ ၁၃.၃.၆၈ နေ့ထုတ် ကြေးမုံသတင်းစာမှာဖော်ပြခဲ့တာကို ကျီးမနိုးတင်ဝင်း (ပေါင်းတည်) ရဲ့ပြန်လည် ဖော်ပြချက်အရ သိရှိရပါတယ်။

မစ္စတာအပရမေကို ကြေးမုံသတင်းစာက တွေ့ဆုံမေးမြန်းရာမှာ ၁၉၀၄ခု၊ သူ့ရဲ့အသက် (၇) နှစ်သား အရွယ် မှာ သူငယ်ချင်းတွေနဲ့အတူ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့တယ်။ ရွှေတိဂုံ ရင်ပြင်တော်ရဲ့ အရှေ့မြောက် ထောင့်၊ တနင်္ဂနွေထောင့်ရှိ ဌာပနာတိုက်ဝကို ရောက်တဲ့အခါမှာ ရသေ့ကြီး တစ်ပါးနဲ့တွေ့လို့ချဉ်းကပ်တောင်း ပန်ပြီး ဌာပနာတိုက်ထဲကို ဆင်းခဲ့တယ်လို့ဆိုပါ တယ်။

ရသေ့ကြီးရဲ့ခွင့်ပြုချက်အရ ဌာပနာတိုက်ထဲကို ဆင်းသွားတဲ့လမ်း တစ်လျှောက်လုံး မှာယောဂီ ဝတ်နဲ့ နီဝါ ရောင်ဝတ်ပုဂ္ဂိုလ် (၇) ဦးကို (၈) ပေ၊ (၉) ပေစီခြားပြီးတွေ့ရတယ်လို့ဆိုပါ တယ်။ ဌာပနာတိုက်ရဲ့ ပတ်ပတ် လည်ကို အုတ်များနဲ့အခန်း (၃၆) ခန်း တည်ဆောက်ထားတယ်။ အလယ်တိုင်မရှိ ဘူး။ အလယ်ဗဟိုမှာတော့ (၁၀) ပေပတ်လည်လောက်ရှိတဲ့ ရေတွင်းရှိ တယ်။ ရေ တွင်း ဟာ ပင်လယ်ရေအတက်အကျအလိုက် ရေအနိမ့်အမြင့် ဖြစ်ပေါ်တယ်လို့ဆိုပါတယ်။

ရေတွင်း ထဲမှာ အလျား (၆) ပေခွဲခန့်ရှိပြီး ကျောက်မျက်ရတနာများ နဲ့ စီချယ်ထားတဲ့ ရွှေကရဝိတ်လှေ တစ်စင်းရှိတယ်။ လှေဟာ ဒီရေ အတက်အကျအလိုက် ရေတွင်းထဲမှာ အနိမ့်အမြင့်လှုပ်ရှားနေ တယ်။ ကရဝိတ်ရွှေလှေပေါ်မှာ ဆံတော်များလို့ ယူဆရတဲ့ ဌာပနာတွေ ကိန်းဝပ် လျှက်ရှိတယ်။ ဒါပေမဲ့ပုဝါလွှမ်းထားလို့ ဆံတော်လို့ အတိအကျ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ ဌာပနာတိုက်ရဲ့ ထူခြားချက်မှာ တစ်ခန်းလုံး ထိန်လင်းနေခြင်းဖြစ်တယ်။ တစ်ခုတည်းသော အလင်းရောင်ဟာ အချိန်အခါ မရွေး ရွှေလှေပေါ်ကို အချိန်မရွေး ထိုးစိုက်ကျရောက်နေတယ်။ ထုထည်ကြီးမားလှ တဲ့ စေတီအဆောက်အအုံ ကြီးကို ပင်မအလယ်တိုင်မပါ၊ သံယက်မ မရှိပဲ ကျောက်တုံးကျောက်ခဲ များနဲ့ သာတည်ဆောက်ခဲ့တယ်။ ပင်လယ် ရေဝင်ပေါက်၊ ထွက်ပေါက်နဲ့အလင်းရောင် ယူထား ပုံကရှေး ဗိသုကာတွေရဲ့ လက်ရာဖြစ်တယ်။

ခမ်းနားဆန်းကြယ်တဲ့ ဌာပနာတိုက်ကို ကိုယ်တိုင် တွေ့မြင်ခဲ့ရတာဖြစ်လို့ နှောင်းလူတွေ သုတေ သနပြုနိုင် အောင် ရွှေတိဂုံဂေါပကအဖွဲ့ကိုမြေပုံဆွဲလို့ တင်ပြခဲ့တယ်။ ရွှေတိဂုံဂေါပက အဖွဲ့က လည်း မစ္စတာ အပရမေကို တွေ့ဆုံ မေးမြန်းပြီး ဌာပနာတိုက်တည်နေရာကို လိုက်လံပြသစေတဲ့ အခါမှာ ဌာပနာတိုက် လှိုဏ်ဂူဟာ ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဆုတောင်းပြည့် ဘုရားနဲ့ ဆုတောင်းပြည့် တန်ဆောင်း နေရာမှာ ရှိတယ်ဆိုပေမဲ့လည်း နောက်တိုး တန်ဆောင်းတွေ နဲ့ ဘုရားများ ထပ်မံ မွမ်းမံပြင်ဆင် ထားမှုကြောင့် အတိအကျပြသနိုင်ခြင်းမရှိပဲ ဆုတောင်းပြည့်စေတီရဲ့ လှိုဏ်ဂူအောက်မှာသာ ရှိတယ်လို့ ခန့်မှန်းညွှန်ပြ သွားနိုင်တယ်လို့ သိရ ပါတယ်။

မစ္စတာအပရမေ ကို လွစ္စလမ်း (ယခုဆိပ်ကမ်းသာလမ်း) အမှတ် (၂၅) မှာ ၁၈၉၅ ခုနှစ်က ဖွားမြင်ခဲ့ တာပါ။ မိဘများမှာ မစ္စတာအက်စ်အပရမေ နဲ့ မစ္စက်ရိုစ်လူကပ်စ် တို့ဖြစ်ပါတယ်။ မြန်မာ အမျိုး သမီး ဒေါ်သိန်းရွှေနဲ့ အိမ်ထောင်ကျပြီး သားသမီး ၅ ယောက် ထွန်းကားခဲ့ကာ သားသမီးမြေး များနဲ့ အတူ ဘောက်ထော်မှာနေထိုင် တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

မစ္စတာအပရမေ ကိုယနေ့ကြေးမုံက တွေ့ဆုံမေးမြန်းပြီး ၁၃. ၃.၆၈ နေ့မှာ ဖော်ပြခဲ့ခြင်း ဖြစ်ပါ တယ်။ တွေ့ဆုံ မေးမြန်းချိန်မှာ မစ္စတာအပရမေ ဟာ (၇၃) နှစ်ရှိပြီလို့ ဖော်ပြထား ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကိုးကွယ်တဲ့ ရွှေတိဂုံဘုရားကြီးရဲ့အောက် ပေ (၆၀) ခန့်အကွာမှာ တည်ရှိတဲ့ ဆံတော်တွင်း ဌာပနာတိုက်ကြီးအကြောင်းကို နှောင်းလူများ သိရှိစေရန်ထပ် မံ ဖော်ပြ ရခြင်းဖြစ်ပါတယ်။

Credit - ထေရဝါဒဗုဒ္ဓဘာသာတိုင်းပြည်

ကမ္ဘာတ၀န်း ကွန်မန်ဒိုစတိုင် စီးနင်းတိုက်ခိုက်မှုများ ဆက်လက်ခြိမ်းခြောက်နေဦးမလား

Posted by drmyochit Thursday, October 31, 2013, under | No comments



အောက်တိုဘာ ၃၁။

ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် အကြမ်းဖက် သမားများနှင့် ယင်းတို့ကို ခြေမှုန်းမည့် တပ်ဖွဲ့များအကြား ကွန်မန်ဒို စတိုင် စီးနင်း တိုက်ခိုက်မှုများသည် တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် ဆက်လက်ရှိနေ ဦးမည်ဖြစ် ကြောင်း David Kilcullen က ဆိုသည်။

David Kildcullen သည် တစ်ချိန်က အီရတ်နှင့် အာဖဂန်နစ္စတန် နိုင်ငံများတွင် အမေရိကန်နှင့် နိုင်ငံတ ကာ တပ်ဖွဲ့ဝင်များအတွက် အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး နည်းဗျူဟာ အကြံပေးသမားဖြစ်သည်။ လက်ရှိ အချိန်တွင် သူ၏ နောက်ဆုံးထွက်စာအုပ် Out of the Mountains: The Coming Age of The Urban Guerilla စာအုပ်တွင် အနာဂတ်ကာလ အကြမ်းဖက် စစ်ပွဲများအကြောင်း ရေးသားထားသည်။ သူက ၂၀၀၈ခုနှစ်က အိန္ဒိယနိုင်ငံ မွန်ဘိုင်းတိုက် ခိုက်မှု ပုံစံဆန်ဆန် တိုက်ခိုက်မှုများ၊ စီးနင်းမှုများ ဆက်လက်များပြားလာဖွယ် ရှိသည်ဟု ဆိုသည်။

သူက မွန်ဘိုင်းမှ တိုက်ခိုက်မှုကို မေ့၍မရကြောင်း၊ အကြမ်းဖက်သမား အများစုသည် ရှေ့ပိုင်းမှ အောင်မြင်ခဲ့သော စီးနင်းမှုများကို အတုယူပုံတူပွားကာ နောက်ထပ် တိုက်ခိုက်မှုများပြုလုပ်လေ့ရှိသည်ဟု ဆိုသည်။ ပြောင်းလဲလာသော စစ်ပွဲဓလေ့များတွင် ကြီးမားသည် ပေါက်ကွဲမှုများသည် ကွင်းဆက်သဖွယ် ဖြစ်နေကြောင်း၊ အကြမ်းဖက်သမားများသည် မြို့ပြ၏ သဘာဝနှင့် ရေစီးကြောင်းကို လေ့လာကာ လုပ်ကိုင်လေ့ရှိကြောင်း ရေးသားထားသည်။

၂၀၀၀ပြည့်နှစ်က နိုက်ဂျီးရီးယား ကဲ့သို့သော နိုင်ငံများတွင် ဆဲလ်ဖုန်း သုံးသောင်းခန့်သာ ရှိခဲ့ရာမှ လက်ရှိ အချိန် တွင် ၁၁၃သန်းမျှ ရှိလာခဲ့ပြီ။ နိုင်ငံတိုင်းသည် ထိုသို့သော ပြောင်းလဲမှုများနှင့် ရုတ်ချည်းကြုံတွေ့နေ ရပြီး ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးနှင့် အခြားသော ဖြေရှင်းရန်လိုသေးသည့် ပြဿာများက မိမိတို့ နိုင်ငံ၏ပြည် တွင်းရေးတွင် ပဋိပက္ခများ ယူဆောင်လာသည့် အရာများ ဖြစ်သည်ဟု သူကမြင်သည်။

မြို့ပြများ ဖွံ့ဖြိုးစည်ပင်လာခြင်း၊ မြို့ကြီးသားဘ၀သို့ ပြောင်းလဲခံယူမှုများ အရှိန်မြင့်တိုးပွားလာခြင်းကြောင့် ကမ္ဘာ့မြို့ကြီး များတွင် ရာဇ၀တ်မှုများနှင့် အကြမ်းဖက်မှုများ၏ ပစ်မှတ်များဖြစ်လာကာ လုံခြုံရေးနှင့် ပတ်သတ်သော အန္တရာယ်များကို လက်ယက်ခေါ်နေသည့်နှယ် ဖြစ်သည်ဟု Kildcullen က ရေးသားထားသည်။

Ref: ABC News

သမ္မတကြီး ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း ကိုယ်တိုင် ဖွင့်ဟခဲ့သည့် အချစ်အကြောင်း

Posted by drmyochit Thursday, October 31, 2013, under | No comments












လက်ရှိ သမ္မတဦးသိန်းစိန်ရဲ့ ငယ်ဘဝ အကြောင်း၊ နှလုံးသားရေးရာအကြောင်း ဖတ်ရတာ မဆိုးပါဘူး။ နောက်တဆက် သမ္မတလုပ်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ "မောင်လေးအဲရစ်ကို ချစ်လိုက်တာ" ဆိုတဲ့ နှလုံးသားရေးရာအကြောင်း ကိုယ်တိုင်ရေးလေးတွေ ရှိရင်လည်း ပို့ပေးကြပါအုံး...။ အမှန်တရားကို တင်ရဲတဲ့လူရှိရင်လည်း တင်ပေးကြပါအုံး..။

Myanmar Express

မင်္ဂလာဂုဏ်ကျက်သရေပြည့်ဝစေသည့် မင်္ဂလာအခါတော်ပေးသီချင်းနှင့် မြန်မာမင်္ဂလာဆောင်အခမ်းအနား

Posted by drmyochit Thursday, October 31, 2013, under | No comments


မြန်မာလူမျိုးတို့၏ မိရိုးဖလာယဉ်ကျေးမှုအစဉ်အလာထုံးတမ်းဓလေ့တစ်ခုဖြစ်သည့် လက်ထပ် ထိမ်းမြားခြင်း မင်္ဂလာ ဧည့်ခံပွဲ တို့တွင် မင်္ဂလာ အခါတော်ပေး တေး သီချင်း တို့ဖြင့် သီကျူး၍ အခမ်း အနား ဖွင့် လှစ်ကြလေ့ ရှိသည်။ သတို့သား ၊သတို့သမီး တို့၏ ဘိုးဘွားမိဘဆရာသမား မိဆွေသင်္ဂဟ တို့ရှေ့မှောက်၌ ချစ်ခင်စုံ မက်ပေါင်း ဖက်ကြ သည့် နှစ်ဦးသားဘဝ တည်ဆောက်မှုအစကို မင်္ဂလာဂုဏ်ကျက်သရေရှိစွာ ဝိဂြိုဟ် ပြုကာညွှန်းဆိုပေးသည်က အခါတော်ပေး သီချင်းများပင်ဖြစ်သည်။ ထို့ကြောင့် မင်္ဂလာ ဧည့်ခံပွဲအခမ်းအနားတို့တွင် အခါတော်ပေး သီချင်းများ တက်ရောက်သီဆိုခဲ့ဖူးကြသည့် အနုပညာရှင်များ၏ ရင်တွင်းစကားသံများကို မေးမြန်းဖြစ်ခဲ့ပါသည်။

ရန်အောင်
မင်္ဂလာဆောင်တွေမှာ သီချင်းတွေဆိုတာက ငယ်ငယ် ကတည်းက ဆိုဖြစ်တာလည်း ပါတယ်။သရုပ် ဆောင်ဖြစ်လာ တော့လည်း ခင်မင်ရင်းနှီးတဲ့ သူတွေက နည်း နည်းေ လာက် ဆိုပေးဖို့ ပြောလို့ နောက်ပိုင်းမှ ဆို ဖြစ်လာတာ။ မင်္ဂလာ ဆောင်မှာသီချင်းဆိုရင်းနဲ့ အခါတော်ပါပေးဖြစ် လာရော၊ သီချင်းဆို တဲ့အခါမှာ လည်း သီချင်း ချိုချိုေ အးအေးလေး တွေကို ရွေးပြီး ဆိုပေးရတယ်။ မင်္ဂလာရှိရှိလေးပေါ့။ သီချင်း တွေဆိုတဲ့အခါ ရင်းနှီးတဲ့ မိတ် ဆွေတွေက တစ်ဆင့်ဆို ဖြစ် တာ။အခု Royal Star ဆိုင်လေး ဖွင့် ထားတော့ အဲဒီက နေလည်း စီစဉ်ပြီးဆိုဖို့ လုပ်နေတယ်။

စည်သူလွင်
အဓိကကတော့ အလွမ်း သီချင်း၊ အဆွေးသီချင်းတွေကို နည်းနည်းရှောင်ရတယ်။  မင်္ဂလာ ဆောင်ကကျတော့ သီချင်းရွေး ချယ်မှုအပြင် အဝတ်အစားဝတ် တာကအစ တချို့မင်္ဂလာဆောင် ရှင်တွေက အနက်ဝတ်တာ မကြိုက်ဘူး။ နောက်တစ်ခါ သူများတွေမင်္ဂလာယူနေတဲ့ အချိန်မှာ ကိုယ်ကသပ်သပ်ရပ် ရပ်လေးနဲ့ သန့်သန့်ရှင်း ရှင်း လေး ဖြစ်အောင်ပေါ့။ သိပ် ဟော့ရှော့ဝတ်လို့မကောင်းဘူး။ မင်္ဂလာယူနေတဲ့ အချိန်ဆိုတော့ တီးဝိုင်းတွေ၊ ဖျော်ဖြေရေးတွေ က သာသာယာ ယာ လေးဖြစ်အောင် Support လုပ်ပေး ရတာပေါ့။ ဒါက တစ်သက်မှာ တစ်ခါဆောင်ကြရတာ ဆိုတော့ လေ။ အထူးသဖြင့် သူများကို ကိုယ်က အလုပ်တစ်ခုတည်း အတွက်သီချင်း လာဆိုပေး တာ မဟုတ်ဘဲနဲ့ သတို့သားနဲ့ သတို့ သမီးကို ဂုဏ်ပြုတာပေါ့။   တစ် ဘဝလုံးစာလက်တွဲမယ့် မင်္ဂလာ မောင် နှံတွေအတွက် ဂုဏ်လည်း ယူပါ တယ်။ပီတိလည်းဖြစ်ပါတယ်။

ဝိုင်းစုခိုင်သိန်း
” မင်္ဂလာဆောင်ပွဲတွေ တော့ တအားကြီးသီချင်း မဆို ပေးဖြစ်ဘူး။သိတဲ့ ခင်တဲ့သူ တွေရဲ့ မင်္ဂလာပွဲလောက်ပဲ သီချင်း ဆိုပေးဖြစ်တယ်။ မင်္ဂလာပွဲ မှာလည်း ကိုယ့်သီချင်းပဲ ကိုယ် ဆိုဖြစ်ပါတယ်။ မင်္ဂလာပွဲဆို တော့ မင်္ဂလာနဲ့ ပတ်သက်တဲ့ သီချင်းတစ်ယောက်နဲ့ တစ် ယောက်ချစ်တဲ့ သီချင်းတွေဆို ပေးဖြစ်တယ်။ ဝေးနေတဲ့ သီချင်းတွေ မ ဆိုပေးဖြစ်ဘူး။

အိမ့်ချစ်
” မင်္ဂလာဆောင်မှာ သီချင်း ဆိုတာက သူ့ဓလေ့ထုံးစံလေး တွေရှိတယ်။ မနက်ပိုင်းဟို တယ်မှာဆောင်တဲ့ ပွဲလေး တွေ ကို ၂ပုဒ်၊၂ပုဒ်စီဆိုရတယ်။ ညပိုင်း dinner ကျတော့ ၃ပုဒ်၊ ၃ပုဒ်စီ ဆိုရတယ်။ဒါက သဘော သဘာဝ ပေါ့။ မင်္ဂလာဆောင်ဆိုခြင်း အားဖြင့် တစ်ယောက်နဲ့တစ် ယောက်ချစ်ခင် ရင်းနှီးမှုလေး တွေရတယ်။သီချင်းရွေးချယ် မှုကျေ တာ့ မင်္ဂလာဆောင်နဲ့ လိုက် ဖက်တဲ့ သီချင်းလေးတွေပေါ့။ ဦးသိန်းတန်သီချင်းလေးတွေ ပြန်ဆိုထားတာရှိတယ်။ ” မေတ္တာရေလှိုင်း” တို့။ အချစ်သီချင်းလေး တွေ ဆို တယ်။မင်္ဂလာဆောင်တွေ ကျ တော့ လူကြီးတွေတက်ကြတယ်။အဲဒီတော့ ပရိသတ်အရွယ်စုံမျှ သိတာပေါ့။မင်္ဂလာဆောင်ပွဲတွေကို ဆိုရတာ ကြည်နူးမိပါတယ်။သတို့ သား၊ သတို့သမီးလျှောက်လှမ်း လာတဲ့အချိန်မှာ ကိုယ် ကသီချင်းနဲ့ support လုပ်ပေးရတဲ့အတွက် ဂုဏ်ယူပါတယ်။ “
 ပေါ်ပြူလာအဖွဲ့

တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွန်းနှင့် သစ်မာမျိုးစုံ တန် ၂၀ ကျော် ဖမ်းဆီးရမိ

Posted by drmyochit Thursday, October 31, 2013, under | No comments


ကျိုင်းတုံ၊ အောက်တိုဘာ ၃၀

ကျိုင်းတုံ-မိုင်းလားကားလမ်း ယန်းလှ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာလ ၂၈ ရက် နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့် ကျွန်း၊ ပိတောက်နှင့် တမလန်း သစ်မာမျိုးစုံ တန် ၂၀ တင်ဆောင်လာသည့် မော်တော်ယာဉ် နှစ်စီးကို ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့နယ် သစ်တောဦးစီးမှူး ဦးစိုးလွင်သူက The Voice သို့ ပြောကြားသည်။

ကျိုင်းတုံမြို့ ကျိုင်းတုံ-မိုင်းလား ကားလမ်း ယန်းလှ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာ ၂၈ ရက်က ပြည်နယ် သစ်တောဦးစီးမှူး ဦးဆောင်၍ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များကို သတင်းအရ စောင့်ဆိုင်း ရှာဖွေနေစဉ် တရားမဝင်သစ်များ သယ်ဆောင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီးနှင့် ၁၀ ဘီး ကုန်တင်ယာဉ် တစ်စီးတို့ကို ဖမ်းဆီးရမိခြင်း ဖြစ်ပြီး ယင်းကဲ့သို့ သစ်အများအပြား ဖမ်းဆီးရမိခြင်းသည် ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာန အနေနှင့် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် သစ်တောဦးစီးမှူး ဦးစိုးလွင်သူက The Voice သို့ ပြောကြားသည်။
“ကျွန်းခွဲသား အပါအဝင် ပိတောက်နဲ့ တမလန်း အမျိုးအစား သစ်လုံးနဲ့ သစ်ခွဲသားမျိုးစုံကို ကားနှစ်စီးအပြည့် တင်လာတာ။ သစ်လုံးတွေကို ကားအမိုးကိုင်း မဖြုတ်ဘဲ ဘယ်လို စနစ်တကျ တင်ထားလည်း မသိဘူး။ ကျွန်တော်တို့မှာတော့ သစ်လုံးတွေကို နှစ်ရက်တောင် ကားပေါ်က နေချယူရတယ်။ ကျိုင်းတုံဒေသက ကျွန်းနဲ သစ်မာအမျိုးအစား မပေါက်ရောက်ဘူး။ သစ်ခွဲခြမ်းတွေရဲ့ သက်တမ်းကို ကြည့်ရင်တော့ အနည်းဆုံး နှစ် ၄၀ သက်တမ်း အထက်ရှိမယ်” ဟု ဦးစိုးလွင်သူက သုံးသပ်ပြောဆိုသည်။

ယာဉ်မောင်း ဦးအောင်မင်း မောင်းနှင်လာသည့် ၈ဇ/၃၃၁၉ Nissan အစိမ်းရောင် ၁၂ ဘီးယာဉ်ပေါ်မှ ပိတောက်နှင့် တမလန်း အမျိုးအစား သစ်လုံးနှင့် သစ်ခွဲသား စုစုပေါင်းတန်ချိန် ၁၂ ဒသမ ၆၈၇ တန်နှင့် ယာဉ်မောင်းကိုတူး (ခ) ဦးတင့်လွင် မောင်းနှင်လာသည့် ၃ခ/၇၈၈၃ Nissan အပြာ/ခဲရောင် ၁၀ ဘီးယာဉ်ပေါ်မှ ကျွန်းသစ်နှင့် ပိတောက် အမျိုးအစား သစ်လုံးနှင့် ခွဲသား စုစုပေါင်းတန်ချိန် ၆ ဒသမ ၁၇၄၆ တန်ကို ဖမ်းဆီးရမိကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာန၏ ဖမ်းဆီးရမိ စာရင်းများအရ သိရသည်။
“ဒီသစ်ခွဲခြမ်းတစ်ခုကို တရုတ်ပြည်ရောက်ရင် အနည်းဆုံးကျပ် ၁၀ သိန်းကျော် ရတယ်။ တရုတ်တွေက အဲဒီသစ်ခွဲခြမ်းတွေကို အချောကိုင် ဆေးသုတ်ပြီးတော့ စားပွဲနဲ့ ထိုင်ခုံတွေလုပ်တာ။ အခုသစ်တော ပြည်နယ်မှူး အသစ်ရောက်လာ ကတည်းက မိုင်းတုံ၊ မိုင်းဆတ်ဘက်လည်း သွားဖမ်းတယ်။ လုပ်ငန်းရှင်ကြီးတွေနားက အလုံးအရင်းနဲ့ ဖမ်းမိတာ ဒါပထမဆုံးပဲ” ဟု ယင်းသစ်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာန အနေဖြင့် ကျွန်းနှင့် သစ်မျိုးစုံကို ၂၀၁၂ ခုနှစ်တွင် ၂၃ ကြိမ် ဖမ်းဆီး ရမိ ခဲ့ပြီး သစ်တန်ချိန် ၄၆ ဒသမ ၁၇၃၇ တန်သာမက တောရိုင်းတိရစ္ဆာန် သင်းခွေချပ်အရှင် ၁၁ ကောင်နှင့် အသေသုံးကောင်ကို သိမ်းဆည်း နိုင်ခဲ့ကြောင်းနှင့် ၂၀၁၃ ခုနှစ် ဧပြီလတွင် ၃ ဒသမ ၅၂ တန်၊ မေလ တွင် ၅ ဒသမ ၀၀၂ တန်၊ ဇွန်လတွင် ၁ ဒသမ ၆၄ တန်၊ ဇူလိုင်လတွင် ၁ ဒသမ ၆၆၂၆ တန်နှင့် စက်တင် ဘာလ တွင် ၁ ဒသမ ၅၁ တန်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ တရားမဝင်သစ်များ သယ်ဆောင်လာသည့် ယာဉ်မောင်း ဦးအောင်မင်း (၂၉) နှစ်နှင့် ကိုတူး (ခ) ဦးတင့်လွင် (၄၇) နှစ်တို့ကို ကျိုင်းတုံ မြို့မရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးစိုးလွင်သူ၏ ပြောကြားချက်အရ သိရသည်။

ရန်နိုင် (သီလဝ)
The Voice Weekly

မြင်းခြံခရိုင် အတွင်းရှိ ကျေးရွာအချို့တွင် အစာအဆိပ်သင့်မှု ဖြစ်ပွားပြီး ၉၅ ဦး ဆေးကုသမှုခံယူခဲ့ရ

Posted by drmyochit Thursday, October 31, 2013, under | No comments


 အစာအဆိပ်သင့် လူနာများအား ဆေးကုသပေးနေစဉ် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် အတွင်းရှိ ကျေးရွာအချို့တွင် အောက်တိုဘာ ၂၉ ရက်က အလှူပွဲမှ ပြန်လာပြီးနောက် ရွာသူရွာသား အစာအဆိပ်သင့်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အစာအဆိပ်သင့်မှု မဖြစ်ပွားခင် တစ်ရက်က ရွှေပေါ်ကျွန်း ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကိုးတောင်ပြည့် ရွာလုံးကျွတ် ဘုရားပွဲအား အောက်တိုဘာ ၂၈ ရက်က ကျင်းပခဲ့ရာ အလှူပွဲတွင် စတုဒိသာအဖြစ် ဒံပေါက်နှင့် ကြက်သားကို ဧည်ခံကျွေးခဲ့ကြောင်း သိရသည်။

"အခုလာရောက်ကုသတဲ့ စာရင်းအရ ပြောရရင်တော့ ရွှေပေါ်ကျွန်းကျေးရွာက ၃၃ ဦး၊ ငွေပေါ်ကျွန်းကျေးရွာက ၃၇ ဦး၊ ဆုံရွာ ကျေးရွာက ၅ ဦး၊ လေးရာကျော် ကျေးရွာက ၇ ဦး၊ သက္ကယ်ကျင်း ကျေးရွာက ၁၃ ဦး စုစုပေါင်း ၉၅ ဦး စတင် ကုသပေးနေပါပြီ။ အစာအဆိပ် သင့်တယ်လို့ပဲ ပြောပါရစေ။ အော့အန်တယ်။ ၀မ်းလျောတယ် စတဲ့လဏ္ခာတွေ အားလုံးမှာ တွေ့ရပါတယ်။ သတင်းရပြီးတဲ့ နောက်ပိုင်း သူနာပြု ဆရာမအင်အား ၂၀ ကျော်နဲ့ လာရောက်ခဲ့ပါတယ်"ဟု မြင်းခြံခရိုင် ကျန်းမာရေးမှူး ဒေါက်တာဇော်ဝင်းက ပြောကြားသည်။

ရွှေပေါ်ကျွန်း ကျေးရွာ၌ အရေးပေါ် ဆေးကုသမှုပေးရာတွင် လာရောက် ကုသမှုခံယူသူ ဦးငွေက "ကျွန်တော် အလှူမှာ ကူညီဖို့လာခဲ့ပါတယ်။ မနက် ၈ နာရီလောက်က ဒံပေါက်နဲ့ ကြက်သားစားပြီး အိမ်ပြန်ခဲ့ပါတယ်။ ည ၁၂ နာရီလောက်မှာ ၀မ်းပျက်ပြီး စအန်ပါတယ်။ မနက်ကျတော့ ခေါင်းမူးလာလို့ နဘူးအိုင် ကျန်းမာရေး ဆေးခန်းကိုလာပြတော့ တခြားရွာသားတွေလည်း ကျွန်တော့်လို ဖြစ်နေတာ တွေ့ရပါတယ်။ အခုတော့ ဆေးသွင်းထားလို့ သက်သာနေပါပြီ"ဟု ပြောကြားခဲ့သည်။

"ကျွန်မတို့ မနက်ပိုင်းကစပြီး ကုသနေတာ။ လူနာများလာတော့ မြင်းခြံခရိုင် ကျန်းမာရေးက လာရောက် ကူညီပါတယ်။ ဒန်ပေါက်စားတဲ့ လူတွေမှာ အဖြစ်များပါတယ်။ လောလောဆယ်တော့ ဘာကြောင့်လဲ ပြောမရသေးပါဘူး။ ဓာတ်ခွဲခန်းကို ပို့ပြီး အဖြေရလာမှပဲ သိရမှာပါ။ နဘူးအိုင် ကျေးရွာအနီးက ရွာငါးရွာက လူနာတွေပါ"ဟု နဘူးအိုင် ကျေးလက် ကျန်းမာရေး ဆေးခန်းမှ ဆရာမ ဒေါ်ဝင်းထက်က ဆိုသည်။

မြင်းခြံမြို့နယ် သူနာပြု ဆရာမကြီးဖြစ်သူ ဒေါ်ခင်သူဇာမိုးမှ အစာအဆိပ်သင့်မှု ဖြစ်ပွားရာဒေသရှိ ကျေးရွာမှ ရွာသူရွာသားများအား ထိုနေ့က ကျေးရွာအတွင်းရှိ ရေတွင်းရေကန်များအတွင်းသို့ ပိုးသတ်ဆေးများ ဖြန်းကာ ရွာသူ ရွာသားများကိုလည်း ကျန်းမာရေးဆိုင် ရာ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

Eleven Media

မော်လမြိုင်ရဲ့ ဆေးရုံ စီးပွားရေး

Posted by drmyochit Thursday, October 31, 2013, under | No comments

မော်လမြိုင်မှာ ဖြစ်ထွန်းနေတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေထဲမှာ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းလည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တွေ့ရတဲ့ မော်လမြိုင်က ပုဂ္ဂလိက ဆေးရုံတခုအတွင်း CT Scan ဓာတ်မှန်ဌာနရဲ့ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)


မွန်ပြည်နယ် မြို့တော် မော်လမြိုင်မှာ ရတနာမွန်၊ အေဝမ်း၊ ဇာနည်ဘွား၊ ငွေမိုး စသဖြင့် ပုဂ္ဂလိက ဆေးရုံ ၇ ခု လောက် ရှိပါတယ်။ အားလုံးက မြို့လယ်ပိုင်းက ပန်းဘဲတန်းရပ်နဲ့ ၀န်းကျင်မှာပါပဲ။

ဆရာဝန်နဲ့ ဆေးဝန်ထမ်းများ 
အများပြည်သူ အခမဲ့ နဲ့ စရိတ်မျှပေး ကုနိုင်တဲ့ ပြည်သူ့ဆေးရုံကြီးလည်းရှိ၊ ပုဂ္ဂလိက ဆေးရုံကြီးတွေလည်း ရှိတယ်ဆိုတော့ မော်လမြိုင်မှာ ဆရာဝန်တွေ အများကြီး လို့ ယူဆချင်စရာပါ။

အင်း... များတော့ များပါတယ်၊ သို့သော်လည်း ထင်သလောက်တော့ မများပါဘူး တဲ့။ ဝါရင့်ဆရာဝန်ကြီး တွေ ဆိုရင် ဆေးရုံ ဆေးခန်း သုံးလေးခုထက်မနည်း တာဝန်ယူထားတယ်လို့ ဆိုတယ်။

ဆရာဝန်ကြီးတွေမှာ အချိန် အခက်အခဲ ရှိလို့ ထင်ပါရဲ့ လူနာတွေဆီ ရောက်တဲ့အခါ စကား လေးငါးဆယ် ခွန်းလောက်ပဲ မေးမြန်းပြောဆိုနိုင်တာမျိုး ရှိနေတာ တွေ့ခဲ့ရပါတယ်။

အင်း... လိုအပ်ရင်တော့ သင့်တော် လုံလောက်တဲ့အချိန် ပေးမယ်လို့ ယူဆရပါတယ်၊ ဆရာဝန်ကြီး ရောက်မလာခင် ဆရာဝန်လေး နဲ့ သူနာပြုတွေက ကြိုတင်ပြင်ဆင်ရတာတွေတော့ ရှိတာပေါ့၊ ဆရာဝန်ကြီး ရောက်လာတော့လည်း လိုအပ်သည်များကို ဆရာဝန်ငယ်နဲ့သူနာပြုတို့ကို ညွှန်ကြားသွားမှာပါ၊ စမ်းသပ်စစ်ဆေးပြီးနောက် ဘာဆေးကို ဘယ်လို ဘယ်လောက် ပေးလိုက်၊ ထိုးလိုက် စသဖြင့် …။ ကုသမှု ဘယ်လိုပေးမယ်၊ အိမ်ပြန်ခွင့်ပြုတယ် မပြုဘူး အစရှိသော အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကတော့ ဆရာ ဝန်ကြီးနဲ့မှ ပြီးပါတယ်။

လူနာများ
မော်လမြိုင်မှာ ဆေးရုံတွေ ဒီလောက်များများ လိုအပ်သလားလို့ မေးလာရင် … လိုအပ်လို့ ဒီလို ဆေးရုံကြီး တွေ ဖွင့်လာကြတာပါလို့ ဖြေရပါမယ်။ မြို့က ကြီးတော့ လူများတယ်၊ ဒါ့အပြင် အနီးဝန်းကျင်မြို့ရွာ များကလည်း ဒီဆေးရုံကြီးတွေကို အားကိုးတကြီး လာတက်ကြပါတယ်။

ပုဂ္ဂလိက ဆေးရုံကြီးတွေဟာ သမားရိုးကျ ပြည်သူ့ဆေးရုံကြီးတွေထက် ပစ္စည်းပိုစုံတယ်၊ ၀န်ဆောင်မှု ပိုကောင်းတယ် လို့ အများက နားလည်ထားကြတာပါ။

မော်လမြိုင်က ပုဂ္ဂလိက ဆေးရုံကြီးတချို့မှာဆိုရင် အနီးအနားမြို့တွေက သူနာပြုတချို့ကို ရည်ရွယ်ချက် ရှိရှိ ခန့်ထားသလိုပဲလို့ တချို့က ဆိုကြပါတယ်။ အဲဒီ သူနာပြုတွေ ၀န်ထမ်းတွေရဲ့ အဆက်အသွယ်နဲ့ ဖောက်သည်တွေ (လူနာတွေ) ရောက်လာတတ်လို့ပါပဲ တဲ့။

ဆေးဖိုး နဲ့ ဝါးခ
ဆေးဖိုးဝါးခ ပေးစရာ မလိုတာကတော့ ကျော်သူတို့ရဲ့ ဆေးခန်း၊ ဒေါက်တာစင်သီယာရဲ့ ဆေးခန်းတွေပဲ ရှိပါလိမ့်မယ်။

မော်လမြိုင်က ပုဂ္ဂလိက ဆေးရုံကြီးများမှာတော့ ဆေးဖိုးဝါးခ သေချာပေါက် ပေးရပါတယ်။ ပရဟိတလုပ် နေတာ မဟုတ်၊ စီးပွားဖြစ်လုပ်နေတာ မဟုတ်လား။

ပြီးခဲ့တဲ့ရက်ပိုင်း မော်လမြိုင်က ပုဂ္ဂလိက ဆေးရုံကြီးတခုမှာ တနေ့တာအတွက် နှုန်းထားများက ဒီလိုပါ...

ဆရာဝန်ကြီး လာတွေ့တာ ၁,ဝဝဝ
ဆရာဝန်လေး လာတွေ့တာ ၁,ဝဝဝ
သူနာပြု ဆေးတိုက် ဆေးထိုး သွေးတိုင်း အဖျားတိုင်း ၂,၀၀၀
အခန်းခ ၅,ဝဝဝ
ဝန်ဆောင်မှု ၁,၅ဝဝဆရာဝန်ကြီးတွေကတော့ တရက်တကြိမ်လောက်ပဲ လူနာဆီကို လာပါတယ်။
ဆရာဝန်ပေါက်စတွေကတော့ တရက် တကြိမ်ထက် ပိုနိုင်ပါတယ်။ လူနာရဲ့ ဝေဒနာခံစားရပုံပေါ် မူတည်ပြီး တကြိမ်မက သွားကြည့်နိုင်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တာ အထွေထွေ ကုန်ကျစရိတ်ပါ။
သောက်ဆေး ထိုးဆေး လိမ်းဆေး ပစ္စည်းပစ္စယ ကုန်ကျစရိတ်ကတော့ လူနာ တယောက်နဲ့တယောက် မတူပါ။
ဆေးတွေက ဆေးဆိုင်မှာထက်တော့ နည်းနည်း ပိုဈေးများဖွယ် ရှိပါတယ်။

ဆေးဖိုးဝါးခ အများကြီးပေးနေရသလား
ဆေးရုံက ယူလွန်းတယ်၊ ရိတ်လွန်းတယ်၊ ပါးပါးလှီးလွန်းတယ်၊ ပေးရတာ မတန်ဘူးလို့ ညည်းသူလည်း မနည်းပါ။ ဝန်ဆောင်မှုညံ့လို့ မတန်ဘူးပြောတာလည်း ဖြစ်နိုင်တာပဲ လို့ မော်လမြိုင်သား စာနယ်ဇင်းသမား တဦးက ထောက်ပြပါတယ်။

ဒေသခံတယောက်ကတော့ ဒီဆေးရုံကြီးတွေဟာ စီးပွားရေးဆန်လွန်းတယ်လို့ ဧရာဝတီ သတင်းဌာနကို ပြောပါတယ်။ ဒီဆေးရုံကြီးတွေ လုပ်နေတာကလည်း စီးပွားရေးမဟုတ်ဘူးလားလို့ မေးကြည့်တော့...

အင်း... လူနာတွေ လူနာရှင်တွေ စိတ်ညစ်နေချိန်မှာ ကျသင့်ငွေ ရှင်းခိုင်းတာမျိုးကို ဆိုလိုတာပါလို့ ဥပမာပေး ရှင်းပြပါတယ်။
ဆေးရုံတွေဘက်ကလည်း ဆေးဖိုးဝါးခ များများ ယူမှ ဖြစ်မယ် ထင်ပါတယ်၊ ဒါမှလည်း ငှားထားတဲ့ ဝန်ထမ်း များ ပညာရှင်များကို လစာ/နေ့တွက် ပေးနိုင်မယ်၊ ပြီးတော့ … ရင်းနှီးမြှုပ်နှံထားတာတွေလည်း မနည်းဘူး မဟုတ်လား။

ဒေသတွင်း လူဦးရေလည်း များလာ၊ ကျန်းမာရေးယိုယွင်းသူ မတော်တဆဖြစ်သူလည်း များလာတဲ့အတွက် ဆေးရုံဆေးခန်း များများ လိုအပ်နေပါပြီ။

မော်လမြိုင်က ဆေးရုံကြီးတခု ဆိုရင် အဆောက်အအုံတွေ တိုးချဲ့၊ အသစ် ငှား၊ အသစ်ဆောက်နေတာကို တွေ့ခဲ့ရပါတယ်။

ဆေးရုံကြီးတွေကို လူနာတွေက ၀င်လာမစဲ တသဲသဲပါပဲ။

ဆိုခဲ့သလိုပဲ … ဓာတုဗေဒ အားပြုတဲ့ခေတ်၊ မတော်တဆမှု နဲ့ ကူးစက်မှု များပြားတဲ့ခေတ်မှာ လူနာအရေ အတွက် များလာတဲ့အတွက် ဆေးရုံအရေအတွက်လည်း များလာရပါပြီ။

ဒီတော့ (သင်၏ ကျန်းမာရေး၊ ကျွန်ုပ်တို့၏ စီးပွားရေးအတွက်) ဆေးရုံကြီးတွေက ၂၄ နာရီ ဝန်ဆောင်မှု အပြိုင်အဆိုင် ပေးနေကြတာဟာ ဒီကနေ့ခေတ်ရဲ့ ကျန်းမာရေးဆိုင်ရာ ဖြစ်ထွန်း ပြောင်းလဲမှုလို့ ဆိုရပါ မယ်။

ဧရာဝတီ

အနုပညာရှင်များ ပရိသတ်ကို အကြွေးမဆပ် ရသေးပါ

Posted by drmyochit Thursday, October 31, 2013, under | No comments


ဘယ်နိုင်ငံတွင်မှမရှိသေးသည့် ကမ္ဘာကိုပင် တင်ပို့နိုင်သည့် စိတ်ဝင်စားဖွယ် ဇာတ်လမ်းပေါင်းများစွာက မြန်မာအနုပညာဖန်တီးသူတို့၏ လက်တစ်ကမ်းတွင် ရှိနေပါသည်။ လွန်ခဲ့သည့်တစ်နှစ်ခွဲက ဆင်ဆာ ကန့်သတ်ချက် ဖြေလျှော့ပေးပြီးသည့်နောက် သမိုင်းနှင့်ချီသော မြန်မာပြည်တွင်း ဖြစ်ရပ်မှန်ဇာတ်လမ်း များစွာက သူတို့ကို ကိုင်တွယ်ဖန်တီးမည့်သူများအား အသင့်စောင့်ကြိုနေသော်လည်း မြန်မာ့ရုပ်ရှင်ကမူ အများကြိုက်ဖန်တီးမှုဝင်္ကပါထဲမှ ရုန်းမထွက်နိုင်သေးပါ။

ဆင်ဆာတားဆီးပိတ်ဆို့ ခံထားရခြင်းကြောင့် အနုပညာထုတ်ကုန်များ မတောက်ပြောင်နိုင်ကြောင်း ထပ်တလဲလဲ ပြောကြားမှုများ ၂၀၁၁ နှစ် ကုန်တွင် ရပ်တန့်သွားခဲ့ပါသည်။ ဖန်တီးမှုအသစ်များ မျှော်မှန်း သလောက်မရရှိသော စောင့်ကြည့်သူတို့၏ ဝေဖန်သံများ ညံလာပြန်သော အခါ မြန်မာ့ရုပ်ရှင်အဆင့် အတန်း တိုးတက်မလာခြင်းအတွက် ခေတ်မီ စက်ပစ္စည်းကိရိယာ မပြည့်စုံမှုနှင့် ငွေကြေးရင်းနှီးမြှုပ်နှံသူ ရှားပါးခြင်း ဆိုသည့် စကားလုံးများက ရှေ့တန်းရောက်လာပြန်သည်။

သို့သော် ယင်းအချက်များက မြန်မာ့ရုပ်ရှင် တိုးတက် မလာခြင်းအတွက် အတားအဆီး အစစ်အမှန် မဟုတ်ကြောင်း ယနေ့သက်ရှိထင်ရှား စိတ်ဝင်စားဖွယ်ဇာတ်လမ်းများက ငြင်းဆန်နေပါသည်။

KNU ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင် ကိုကိုးကျွန်းက ထွက်ပြေး လွတ်မြောက်သွားသည့် အကြောင်း ရိုက်ချင်ပါသလား။ သက်ရှိထင်ရှား ဖဒိုမန်းငြိမ်းမောင်ထံတွင် အနီးကပ်လေ့လာ ရိုက်ကူးနိုင် ပါသည်။ ကမ္ဘာကျော်ပါပီလွန်နှင့် Cast Away လောက်တော့ ဖဒိုမန်းငြိမ်းမောင်ဖြစ်ရပ်က ကျော်ဖြတ်သွား နိုင်သည့် ကမ္ဘာကျော်နိုင်ဖွယ် ဇာတ်လမ်းတစ်ခုဖြစ်ကြောင်း ဇာဂနာက မချင့်မရဲဖြစ်စွာ ပြောကြားသည်။

၈၈ အရေးတော်ပုံက မွေးထုတ်လိုက်သည့် ဘ၀ပေါင်းများစွာ ယခုပြင်ပကမ္ဘာတွင် သက်ရှိထင်ရှားရှိနေပါ သေးသည်။ မြောက်ပိုင်းကျောင်းသားများအကြောင်း ရိုက်လိုပါက ဖြေဆိုလိုသည့် အရေးတော်ပုံကျောင်း သားဟောင်းကြီးများ ပြည်တွင်းတွင် ထင်ထင်ပေါ်ပေါ် ရပ်တည်လှုပ်ရှားနေပါသည်။

လက်ရှိ နိုင်ငံတစ်ဝန်း ခြိမ်းခြောက်ခံနေရသည့် လယ်ယာမြေဆုံးရှုံးမှု ပြဿနာအကြောင်း ရိုက်ပြလိုပါ သလား။ ဆက်တင်အကြီးကြီးနှင့် စတူဒီယိုအကြီးကြီးများဆောက်၍ ရိုက်ရန်မလိုပါ။ လယ်သမားကြီးများနှင့်
ဒွေးရောယှက်တင် ဆွေးနွေးမေးမြန်းလိုက်ရုံနှင့်ပင် အစိုးရပုဂ္ဂိုလ်မင်းတို့ထံ ထိရောက်သော သတင်း စကားပါးလိုက်နိုင်ပါသည်။

အချက်အလက်များ စုဆောင်း၍ အသေအချာစနစ်တကျ ရိုက်ကူးပါက ကမ္ဘာသို့တင်ပို့နိုင်သော ဇာတ်လမ်း ပေါင်းများစွာမှာ ရိုက်ကူးမကုန်နိုင်အောင် များပြားလွန်းလှသည်။

ခက်သည်က ယနေ့မြန်မာ့ရုပ်ရှင်သည် လူသားများအပေါ် အနုပညာလွှမ်းမိုးမှု အားကြီးလွန်းသည့်အချက်ကို အသုံးမချနိုင်ဘဲ မြန်မာ့လူမှုအသိုင်းအ၀ိုင်း၏ အတွေးအခေါ်ပိုင်းကို ပြုပြင်ပြောင်းလဲပစ်နိုင်သည့် ထိရောက်အားကောင်းသော သတင်းစကားပါးနိုင်သည့် ဇာတ်ကားမျိုး မထွက်ပေါ်နိုင်သေးခြင်း ပင်ဖြစ်သည်။

ရုပ်ရှင်ကားတိုင်းက သတင်းစကား ပေးနိုင်မည်မဟုတ်သော်လည်း သမိုင်းတွင်သည့် ဇာတ်ကားတိုင်း ကတော့ ပရိသတ်ကို အနုပညာပြောင်မြောက်မှု တစ်ခုတည်း မဟုတ်ဘဲ တွေးတောစရာ၊ သင်ခန်းစာယူ စရာတစ်ခုခု ကြီးကြီးမားမားရှိကြောင်း ဇာတ်ညွှန်းဆရာဦးရဲနိုင်မိုးကပြောသည်။

ရုပ်ရှင်ကားတိုင်းတွင် ကောင်းမွန်သည့်မက်ဆေ့ခ်ျ ပေးကိုပေးရမည်ဆိုသည့် ပုံသေနည်းမှာ မဖြစ် သင့်သော်လည်း ရုပ်ရှင်ထဲက မြင်ရ၊ ကြားရသည့် အတွေးအခေါ်တစ်ခုသည်လည်း မက်ဆေ့ခ်ျဖြစ်နိုင် ကြောင်း၊ အချို့မက်ဆေ့ခ်ျများမှာ ဖန်တီးသူကပေးသော်လည်း ခံစားသူက မရိပ်မိ၊ မရရှိခြင်းများလည်း ရှိကြောင်း ဒါရိုက်တာရီဇော်ကပြောကြားသည်။

“ဒီတိုင်းပြည်မှာ ရုပ်ရှင်ဗီဒီယိုဖန်တီးသူနဲ့ ခံစားသူပြည်သူတွေက အပြန်အလှန် ဖျက်ဆီးနေကြတာ။ ဖန်တီး သူက အပေါစားဖန်တီးတယ်။ အဲဒီအတွက် အပေါစားကို စွဲလမ်းလာတဲ့ ပြည်သူဟာ အပေါစားပဲ ကြည့်ချင် တော့တယ်။ ကြည့်တဲ့သူအကြိုက်လိုက်ပြီး ဖန်တီးသူကလည်း အပေါစားပဲဖန်တီးတော့ အပြန်အလှန် ဖျက်ဆီးသလို ဖြစ်နေတယ်”ဟု ဦးရဲနိုင်မိုးကပြောသည်။

7Day News Journal

မိတ္ထီလာမြို့ အရှေ့ပြင်ရပ်ကွက် လူစည်ကားရာ နေရာတွင် ဗုံးလန့်မှုဖြစ်ပွား

Posted by drmyochit Thursday, October 31, 2013, under | No comments

ဗုံးလန့်မှု ဖြစ်ပွားသည့် နေရာအား တာဝန်ရှိသူများ ရှင်းလင်းနေစဉ် 

အောက်တိုဘာ ၃၀ ရက်နံနက် ၈ နာရီ ခွဲခန့်က မိတ္ထီလာမြို့ အရှေ့ပြင်ရပ်ကွက် လူစည်ကားရာ လမ်းမ ဘေးရှိ ၀ါယာကြိုးစများ ထွက်ရှိနေသော ကြွပ်ကြွပ်အိတ် အနက်ရောင်အိတ်ကို ထရန်စဖာမာအား ကာရံ ထားသော သံဇကာအတွင်းပိုင်း အမြင့်လေးပေခန့်တွင် ချိတ်လျက် မသင်္ကာဖွယ်ရာ တွေ့ရှိရသဖြင့် ဗုံးဟု ယူဆကာ ပြည်သူတစ်ဦးမှ သတင်းပေးပို့ခဲ့သဖြင့် သက်ဆိုင်ရာမှ လာရောက်ရှင်းလင်းပေး ခဲ့ရာ ကြွပ်ကြွပ် အိတ်အတွင်းတွင် ထမင်းဘူး စားကြွင်းစားကျန်များနှင့် ၀ါယာကြိုးစများ တွေ့ရှိ ခဲ့ရကြောင်း သိရသည်။
''ဒီနားမှာ ကျွန်တော်ရောက်လာတော့ ကြွပ်ကြွပ်အိတ်ကို တိုင်မှာချိတ်လျက် တွေ့ရတယ်၊ ခဏနေတော့ ရဲရောက်လာပြီး ကားတာယာကွင်းတွေ ချပြီး လူရှင်းလိုက်တယ်။မနက် ၈ နာရီခွဲက စတွေ့တယ်။ ၉ နာရီ ၁၅ မိနစ်မှာ မိုင်းရှင်းလင်းရေးက စစ်ဗိုလ်တွေ ရောက်လာတယ်'' ဟု မြို့ခံတစ်ဦးက ရှင်းပြသည်။
၎င်းမြို့ခံကပင် ''နောက်ပြီးတော့မှ မိုင်းရှင်းလင်းရေးတပ်က စစ်ဗိုလ်နဲ့ တပ် ကြပ်ကြီးတစ်ယောက် ထရန် စဖော်မာထဲဝင်ပြီး အထုပ်ဖွင့်ကြည့်တော့ စားကြွင်းစားကျန် အမှိုက်တွေ ဖော့ဗူးခွံတွေ ၀ါယာကြိုး အဟောင်းတွေ ထည့်ထားတာတွေ့တယ်။ ဗုံးလို့ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ထားတယ်လို့ ယူဆတယ်။ ပြီးတော့ ဒီနားမှာ အမှိုက်ပုံလည်း မရှိဘူး။ ပြည်သူလူထုလန့်အောင် မြို့ရဲ့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဗုံးလန့်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ တမင်လာချိတ်ထားတယ်လို့ ထင်ပါတယ်'' ဟု လာရောက် ကြည့်ရှုသူ မြို့ခံတစ်ဦးက ပြော ကြားသည်။

''ကျွန်တော့် အမြင်ပြောရရင်တော့ ရည်ရွယ်ချက်တော့ ရှိပုံမပေါ်ပါဘူးဗျာ။ ဒီအတိုင်းပဲ အမှိုက်စွန့်ပစ် လိုက်လို့ ချိတ်သွားတယ်လို့ ယူဆပါတယ်။ စနစ်တကျ ချည်ထားရင်လည်း ပလတ်စတစ်စရဲ့ နှစ်ဖက် စလုံး ကို ချည်ရမှာ ဖြစ်ပါတယ်။ အခုတော့ တိုင်မှာ ကြွပ်ကြွပ်အိတ်ကြိုးကို တစ်ဖက်တည်း ချည်ထားတာပါ။ ကြွပ်ကြွပ်အိတ်ထဲမှာပါတဲ့ ၀ါယာစကလည်း အမှိုက်ပဲ ဖြစ်နိုင်ပါတယ်၊ ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့တော့ ကျွန်တော်မယူဆပါဘူး။ အမှိုက်ပစ်လိုက်လို့ ဖြစ်တယ်လို့ ထင်ပါတယ်၊ဘာမှ စိုးရိမ်ထိတ်လန့်စရာ မရှိပါဘူး၊ ပြည်သူလူထုကြီးလည်း ထိတ်လန့်မှု မဖြစ်ပါနဲ့လို့ ပြောချင် ပါတယ်'' ဟု အမှတ် (၁၁) ရဲတပ်ရင်းမှ တပ်ရင်းမှုး ဒုရဲမှုးကြီး နန္ဒ္ဒ၀င်းက ပြောကြား သည်။

Eleven

ဖြူဝင်းတဲ့ ဂျိုင်းသားလေးတွေ ရရှိစေဖို့

Posted by drmyochit Thursday, October 31, 2013, under | No comments


ဂျိုင်းမည်းနေရင် အကျီင်္လက်ပြတ်လှလှလေးတွေ ၀တ်လို့အဆင်မပြေဘူးနော်။ ကိုယ့်ကိုယ်လည်း ယုံကြည်မှု မရှိတော့ ဘူးလေ။ အဲဒီတော့ ဂျိုင်းသားတွေ မဖြူလို့ အခက်တွေ့နေရတဲ့သူငယ်ချင်းတွေအတွက် ဂျိုင်းဖြူအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ရင်နှင်း ပြောပြမယ်နော်။

Good Hygiene
ခန္ဓာကိုယ်ကို သေချာမသန့်စင်ပေးရင် ဂျီးအထပ်ထပ်နဲ့ ညစ်လာတတ်တယ်လေ။ ဂျိုင်းလဲ အဲဒီလိုပဲပေါ့။ အဲဒီတော့ ရေချိုးတိုင်း ဂျိုင်းတွေကို ဆပ်ပြာနဲ့သေချာသန့်စင်ပြီး ရေစင်အောင် ဆေးပေးရမယ်နော်။

Exfoliation
ဂျိုင်းတွေ မည်းညစ်နေတယ်ဆိုတာ ဆဲလ်အသေတွေ အထပ်ထပ်ဖြစ်နေလို့ပါ။ အဲဒီတော့
တစ်ပတ်ကို ၂ ကြိမ်လောက် ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ ဘာမှ ထူးထူးခြားခြားမဟုတ်ပါဘူး။ ဂျိုင်းအောက်တွေကို သပွတ်အူတို့ ရေမြုပ်တို့နဲ့ သေချာပွတ်တိုက်ပေးရင် ရပြီနော်။ ဆဲလပ်အသေတွေအစား ဖြစ်ပေါ်လာတဲ့ ဆဲလ်အသစ်လေးတွေကြောင့် ဂျိုင်းသားမည်းတာတွေ တဖြည်းဖြည်းသက်သာသွားမှာပါ။

Removing Hair
ဂျိုင်းမွှေးတွေကို သေချာမရိတ်မိရင်လည်း ကျန်နေတဲ့ အမွှေးလေးတွေက ချွေးပေါက်တွေကို
ပိတ်စေပြီး အရေပြားကို မည်းညစ်စေပါတယ်။ အဲဒီတော့ အမွှေးတွေကို ရိတ်မယ်ဆိုရင်လည်း ရိတ်ဓားကောင်းကောင်းသုံးပါ။ အကောင်းဆုံးနည်းကတော့ နူတ်ပစ်တာပါပဲ။

Chossing a Deodorant
ချိုင်းမွှေးနံ့ ပျောက်အောင် Roll on တွေ သုံးတာကိုလည်း သတိထားသင့်ပါတယ်။
တချို့ Roll on တွေမှာပါတဲ့ ဓာတုဗေဒပစ္စည်းတွေက အရေပြားနဲ့ ဓာတ်မတည့်တော့ ချိုင်းမည်းတာမျိုးလည်းဖြစ်တတ်တယ်လေ။ အဲဒီတော့ Roll on သုံးပြီးမှ ဖြစ်လာတာဆိုရင်တော့ အဲ့ Roll on ကိုဆက်မသုံးပါနဲ့တော့။ချွေးနံ့တွေပျောက်အောင် ရေချိုးပြီးချိန်မှာ ကျောက်ချဉ်ရေလိမ်းပေးနိုင်ပါတယ်။ ချွေးနံ့ခံတွင်းနံဆိုးတွေအတွက်ဖြေဆေးဆိုတဲ့ ပို့စ်မှာ ချွေးနံနံရင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ပြောပြ ထားတယ်နော်။

Lossen up
အရမ်းကျပ်တဲ့ အင်္ကျီတွေကို မ၀တ်ပါနဲ့။ ဂျိုင်းနေရာအရမ်းကျပ်နေရင် အရေပြားနဲ့ ပွတ်တိုက်မိပြီး
ဂျိုင်းသားတွေ မည်းသွားနိုင်လို့ပါ။

Reduce weight
အရမ်းဝလို့ လက်မောင်းသားတွေ ကြီးပြီး တွဲကျနေတဲ့ အခါမှာလည်း အရေပြားအချင်းချင်း ပွတ်တိုက် ရာ ကနေ ဂျိုင်းတွေမည်းလာနိုင်ပါတယ်။ ဒါကြောင့် မမ၀၀တွေ ကိုကို၀၀တွေ ၀ိတ်လျှော့သင့်တယ်နော်။

Natural Ways
- သံပရာသီးကို တခြမ်းခြမ်းလိုက်ပြီး မည်းနေတဲ့ ဂျိုင်းသားတွေကို ပွတ်ပေးပါ။ မိနစ် ၂၀ လောက်နေရင် ရေနွေး မှာစိမ်ထားတဲ့ အ၀တ်လေးနဲ့ ပွတ်ပေးပါ။
- Vit E ကို နေ့တိုင်းမှန်မှန်လိမ်းပေးရင်လည်း ဂျိုင်းတွေ ဖြူဖွေးလာနိုင်တယ်နော်။
- သံပရာရည်နဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းဆီကို သမအောင်ရောမွှေပြီး ဂျိုင်းအောက်မှာ လိမ်းပေးပါ။ နာရီဝက်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးလိုက်ပါ။

ရင်နှင်းပြောပြတဲ့ နည်းလေးတွေအတိုင်း သေချာလုပ်ပေးသွားရင် ဂျိုင်းသားဖြူဖြူလေးတွေနဲ့ ကိုယ့်
ကိုယ်ကို ယုံကြည်မှုပိုရှိနိုင်ပြီပေါ့။

(ရင်နှင်းငယ်)

ဂျပန်ကားနှင့် အနောက်တိုင်းကားများ၏ အားစမ်းပွဲ

Posted by drmyochit Thursday, October 31, 2013, under | No comments


ဆူးလေဆိပ်ကမ်းသို့ နိုင်ငံတကာပင်လယ်ကူးသင်္ဘောကြီးတစ်စီး တရွေ့ရွေ့ဆိုက်ကပ်လာသည်။ လှိုင်းလုံးကြီးများကြား သင်္ဘောပေါ်တွင် မော်ဒယ်မြင့် ကားအစီးပေါင်းများစွာကို အစီအရီတွေ့ရသည်။

ဆိပ်ကမ်းနှင့် သင်္ဘောကို ဆက်သွယ်လိုက်သည့် သံမဏိတံတားပေါ်မှ နောက်ဆုံးပေါ် မော်ဒယ်မြင့် အရောင် အသွေးစုံ ကားတစ်စီးပြီးတစ်စီး သင်္ဘောပေါ်မှတစ်ဆင့် ဆိပ်ကမ်းကုန်လှောင်ရုံ အတွင်းသို့ မောင်းဝင် လာကြသည်။

စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ထားသည့် အနောက်နိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့မှ တိုက်ရိုက် တင်သွင်းလာသော အသစ်စက်စက်ကားများ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်တက်ပြီး တစ်နှစ်ကျော်အကြာ ကားတင်သွင်းမှုမူဝါဒများကို ဖြေလျှော့ပေးပြီး နောက် ပြည်ပမှ နာမည်ကြီးကား အရောင်းပြခန်းအများစု ရန်ကုန်တွင် လာရောက်ဖွင့်လှစ်ပြီး ဈေးကွက် နေရာရယူရန် ပြင်ဆင်
လာနေကြပြီဖြစ်သည်။

အိုင်ဗီအို၊ ဖို့ဒ်၊ မာစီးဒီးဘင့်ဇ်၊ ကေအိုင်အေ၊ ချက်ဗလက်၊ မာဇဒါ၊ မစ်ဆူဘီရှီ၊ ဘီအမ်ဒဗလျူ၊ ဟွန်ဒိုင်း စသောကုမ္ပဏီများက ရန်ကုန်တွင် အရောင်းပြခန်းဖွင့်လှစ်ရန် အစိုးရထံမှ ခွင့်ပြုချက်ရရှိထားသည်။ အချို့မှာ စတင်ဖွင့်လှစ်ရောင်းချနေပြီဖြစ်သည်။

ကမ္ဘာကျော်ကားကုမ္ပဏီအများစုမှာ အမေရိကန်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား စသော နိုင်ငံအများ စုမှဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမြောက်မြားစွာဖြင့် စတင်လုပ်ဆောင်ရန် ပြင်ဆင်နေကြသည်။ ကုမ္ပဏီ များမှာ မြေဈေးကြီးသော ရန်ကုန်မြို့မှ အချက်အချာကျသည့်နေရာများတွင် လက်ဦးမှုရယူပြီး အရောင်း ပြခန်းများပင် စတင်ဖွင့်လှစ်နေပြီဖြစ်သည်။

အချို့ကုမ္ပဏီများက မော်တော်ယာဉ်ဆိုင်ရာ ၀န်ဆောင်မှုဈေးကွက်ဖြင့် ချဉ်းကပ်လာကြပြီး ဂျပန်ကုမ္ပဏီ တစ်ခုဖြစ်သော နစ်ဆန်းကားကုမ္ပဏီကမူ ပဲခူးတွင် စက်ရုံထောင်ပြီး ကားထုတ်လုပ်ရန် အစိုးရထံမှ ခွင့်ပြုချက်ပင် ရရှိနေပြီဖြစ်သည်။

“ကျွန်တော်တို့ကားတွေက ဂျပန်ကားတွေကို ကောင်းကောင်းယှဉ်နိုင်မှာပါ။ ဈေးကိုလည်း လက်လှမ်းမီတဲ့ အထိ ရောင်းချပေးမှာပါ”ဟု ဖို့ဒ်ကားကုမ္ပဏီ၏ မြန်မာပြည်ကိုယ်စားလှယ်အဖြစ် ရရှိထားသည့် Diamond Star ကုမ္ပဏီမှ ဦးကိုကိုကြီးကပြောသည်။

ကမ္ဘာကျော်ကားကုမ္ပဏီအများစု မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်နိုင်ရေးအတွက် ပြည်တွင်းမှ ထိပ်သီး အင်အားကြီးကုမ္ပဏီအချို့က ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ကြသည်ကို တွေ့ရသည်။

ဖို့ဒ်ကားကုမ္ပဏီ၏ ကိုယ်စားလှယ်အဖြစ် ပြည်တွင်းမှ ဒိုင်းမွန်းစတားကုမ္ပဏီကရရှိပြီး၊ မာစီးဒီးဘင့်ဇ်၏ ကိုယ်စားလှယ်အဖြစ် ဂရန်းရွိုင်ရယ်ဝီစကီ ထုတ်လုပ်သော IBTC ကုမ္ပဏီ၊ ကိုရီးယားနိုင်ငံမှ နာမည်ကြီး ကေအိုင်အေကားကုမ္ပဏီ၏ ကိုယ်စားလှယ်အဖြစ် SSS ကားကုမ္ပဏီ၊ အမေရိကန် ချက်ဗလက်ကား ကုမ္ပဏီ၏ ကိုယ်စားလှယ်အဖြစ် AA Pacific Group ၊ ဂျပန်မစ်ဆူဘီရှီကားအရောင်းပြခန်းနှင့် ဂျာမနီ ဘောက်စ်ဂွန်ကားဆားဗစ်စင်တာ၏ ကိုယ်စားလှယ်အဖြစ် ရိုးမကုမ္ပဏီနှင့် အီတလီနိုင်ငံမှ SCANIA ကားကုမ္ပဏီ၏ ကိုယ်စားလှယ်အဖြစ် ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက်အသီးသီးက ကိုယ်စားလှယ်ဖြင့် စတင်လုပ်ကိုင်ခွင့်များ ရရှိထားပြီဖြစ်သည်။

သို့ရာတွင် ပြည်တွင်းမှ အင်အားကြီးကုမ္ပဏီများဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်၊ ထူးထရေးဒင်း၊ မက်စ်မြန် မာ စသောကုမ္ပဏီများမှာ အမေရိကန် အစိုးရ၏ အရေးယူ ပိတ်ဆို့ခံထား ရသောကြောင့် ကိုယ်စားလှယ် အဖြစ် လက်ဦးမှုမရယူနိုင်ခဲ့ပေ။

အဆိုပါ ကားအရောင်းပြခန်းများ ပြည်တွင်း၌ ဖွင့်လှစ်နိုင်ရေး အတွက်မြန်မာနိုင်ငံမှ ကိုယ်စားလှယ် အများစုက အမည်ပြောင်း လျှောက်ထားပြီး မူလကုမ္ပဏီနာမည်ကို အသုံးပြုမှုနည်းပါးကြောင်း ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်သန်းသန်းဆင့်က ပြောကြားသည်။

“တချို့ကုမ္ပဏီတွေက တိုက်ရိုက်ကိုယ်စားလှယ်ရတာမဟုတ်ဘူး။ ကြားမှာ နိုင်ငံတစ်နိုင်ငံရှိတယ်။ အဲဒီနိုင်ငံ က တစ်ဆင့် ကိုယ်စားလှယ်ပြန် ရတာ”ဟု ၎င်းကပြောသည်။

ထို့ကြောင့် ကမ္ဘာကျော်ကားကုမ္ပဏီများမှာ ခြေလှမ်းကျဲကျဲဖြင့် ၀င်ရောက်လာပြီး ကားဈေးကွက်တွင် နေရာအရင် ဦးထားခြင်းသာဖြစ်နိုင်ကာဈေးကွက်ဝေစုရရန်မှာ ဆက်လက်ယှဉ်ပြိုင်ရဦးမည်ဖြစ်ကြောင်း ကားအရောင်းပြခန်းပိုင်ရှင်အချို့ကဆိုသည်။

7Day News Journal

ယာဉ်တိုက်မှုဖြစ်စဉ်များတွင် ထွက်ပြေးတိမ်းရှောင်သွားသော ယာဉ်မောင်းများအား အမှုကျေအေးခွင့် မပြုတော့

Posted by drmyochit Thursday, October 31, 2013, under | No comments

ရန်ကုန်မြို့တွင်း ယာဉ်တိုက်မှုတစ်ခုမှ ပျက်စီးခဲ့သော ယာဉ်တစ်စီးကို အောက်တိုဘာလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်) 

ယာဉ်တိုက်မှုဖြစ်စဉ်များတွင် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည့် ယာဉ်မောင်းများအနေဖြင့် အမှုကျေအေးခွင့် တင်ရာ တွင် လက်ခံတော့မည်မဟုတ်ဘဲ ကျေအေးခွင့် ရရှိမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်အေးက အောက်တိုဘာ ၃၀ ရက် ပြောကြားသည်။

ထို့အပြင် ယာဉ်တိုက်မှုဖြစ်စဉ်၌ ဒဏ်ရာရရှိသူကို တာဝန်သိစွာ နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးသည့် ယာဉ်မောင်းများအနေဖြင့် တရားရုံးတွင် ကျေအေးခွင့်ရရှိနိုင်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားခဲ့သည်။

အလားတူ တိုက်ပြီးထွက်ပြေးခဲ့သည့် ယာဉ်မောင်းများအနေဖြင့် ကျူးလွန်ခဲ့သည့် ဥပဒေအတိုင်း ပြစ်ဒဏ်ခံရမည့်အပြင် လိုင်စင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

''ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးခဲ့တဲ့ ယာဉ်မောင်းတွေ အများစုကလည်း ခရီးသည်တင်ယာဉ်တွေမှာ မောင်းနှင်နေတဲ့ ယာဉ်မောင်းတွေ ဖြစ်ပါတယ်။ ဒီယာဉ်မောင်းတွေနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့သူတွေကလည်း ကိုယ်ရေးအချက်အလက်တွေ၊ မှတ်တမ်းတွေကို တိတိကျကျ မယူထားတဲ့အတွက် ကျူးလွန်တဲ့သူကို ဖမ်းဆီးတဲ့အခါမှာလည်း နှောင့်နှေးမှုတွေ ရှိပါတယ်။

တချို့ယာဉ်မောင်းတွေဆိုရင် လိုင်စင်မရှိဘဲ မောင်းနှင်တာတွေ ရှိပါတယ်။ ကျွန်တော်တို့ဆီကို ယာဉ်တိုက်မှုတွေနဲ့ ပတ်သက်ပြီး ကျေအေးခွင့်တင်တဲ့အခါမှာ သေချာ စစ်ဆေးနေတယ်။ တိုက်ပြေးယာဉ်မောင်းတွေက ကျေးအေးခွင့် တင်လာရင်တော့ ထိရောက်စွာ အရေးယူဖို့ တရားရုံးက တာဝန်ရှိသူတွေကို မှတ်ချက်ပေးသွားမယ့်အပြင် ကျေအေးခွင့် လုံးဝပေးမှာလည်း မဟုတ်တော့ပါဘူး''ဟု ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက ပြောကြားခဲ့သည်။

ပြည်တွင်း၌ ၂၀၁၁ ခုနှစ်အတွင်း ယာဉ်တိုက်မှု ဖြစ်စဉ် ၉၇၆၂ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၇၃၇၉ ရှိခဲ့ကာ သေဆုံးသူ ၂၈၁၁ ဦး၊ ၂၀၁၂ ခုနှစ်အတွင်း ယာဉ်တိုက်မှု ဖြစ်စဉ် ၁၁၆၄၉ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၉၇၂၆ ရှိခဲ့ကာ သေဆုံးသူ ၃၃၂၆ ဦး၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအထိ ယာဉ်တိုက်မှု ဖြစ်စဉ် ၉၀၅၈ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၅၆၇၅ ရှိခဲ့ကာ သေဆုံးသူ ၂၄၃၇ ဦး ရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Eleven

အမေရိကန်ရဲ့ ထောက်လှမ်း ခံရ မှုမှာ မြန်မာ ပါဝင်

Posted by drmyochit Thursday, October 31, 2013, under | No comments

အမေရိကန် ထောက်လှမ်းရေးရဲ့ လှိျု့ဝှက် ထောက်
လှမ်းမှု တွေကို ကန့်ကွက် ဆန္ဒပြသူ တစ်ယောက်
အမေရိကန် ပြည်ထောင်စုက တကမ္ဘာလုံးမှာ လှိျု့ဝှက် ထောက်လှမ်းမှုတွေ လုပ်နေတယ် ဆိုတာနဲ့ ပတ်သက်လို့ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း Edward Snowden ရဲ့ ဖွင့်ဟ ပြောဆိုမှု တွေကြောင့် လူအများ ပိုမို သိလာခဲ့ ရာမှာ အခုတော့ သူတို့ ထောက်လှမ်းတဲ့ အထဲမှာ မြန်မာ နိုင်ငံလည်း ပါဝင်တယ်လို့ သြစတြေးလျ သတင်းစာကြီး တစ်စောင်က ရေးသား ဖော်ပြ လာပါတယ်။

သြစတြေးလျနဲ့ အိမ်နီးချင်း နိုင်ငံ တွေမှာ ရှိတဲ့ နေရာပေါင်း ၉၀ လောက်ကို အမေရိကန်က ကြားဖြတ် ထောက်လှမ်းနေပြီး အဲဒီထဲမှာ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား ထိုင်း စတဲ့ နိုင်ငံတွေ ပါဝင်တယ်လို့ သြစတြေးလျ နိုင်ငံထုတ် Sydney Morning Herald သတင်းစာ ထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့ကတော့ အမေရိကန်က သူ့ ပြည်သူတွေ အပါအဝင် မဟာမိတ် နိုင်ငံတွေနဲ့ တခြား နိုင်ငံ အတော် များများရဲ့ စာတွေ၊ အီးမေးတွေနဲ့ တယ်လီဖုန်း အဆက် အသွယ် တွေကို ကြားဖြတ် နားထောင်တယ် ဆိုတာ သိရပေမဲ့ မြန်မာ နိုင်ငံ ပါမပါ မသိ ပါဘူးလို့ နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ဒါပေမဲ့ မဟာမိတ် နိုင်ငံတွေကိုတောင် ဆက်သွယ်မှုတွေနဲ့ ပတ်သက်လို့ ကြားဖြတ်နားထောင်တဲ့ အမေရိကန်က မြန်မာ နိုင်ငံကို အလားတူ လုပ်ဆောင်မယ် ဆိုရင်လည်း အံ့သြစရာတော့ မရှိဘူးလို့ သူက ပြောပါတယ်။

နိုင်ငံ တစ်နိုင်ငံဟာ သူ့လုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ ထင်တဲ့ ကိစ္စ အတွက် စုံစမ်း ထောက်လှမ်းတာက လွဲရင် လုံခြုံရေးကို ခြိမ်းခြောက်မှု မရှိတဲ့ မဟာမိတ် နိုင်ငံတွေ လုပ်ဖော်ကိုင်ဘက် နိုင်ငံတွေ၊ လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေး ဝါဒ ကျင့်သုံး နေတဲ့ နိုင်ငံတွေ ရဲ့ ခေါင်းဆောင် တွေနဲ့ သူတို့ ပြည်သူတွေ ကိုတော့ လုံလောက်တဲ့ အကြောင်းပြချက် မရှိဘဲ လုပ်ဆောင်တာ မသင့်တော်ဘူးလို့ ယူဆကြောင်း ဦးရဲထွဋ်က ပြော ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မွတ်ဆလင်ညီနောင် အထင်ကရ ခေါင်းဆောင် ဖမ်းမိ

Posted by drmyochit Thursday, October 31, 2013, under | No comments

ဖမ်းဆီးမိလိုက်တဲ့ မွတ်ဆလင်
ညီနောင်အဖွဲ့ရဲ့ အထင်ကရ
 ခေါင်းဆောင် Essam al-Erian
မွတ်ဆလင် ညီနောင်များအဖွဲ့နဲ့ ပတ်သက်ပြီး ဖမ်းဆီး အရေးယူမှုတွေ ပြုလုပ်နေတဲ့ အီဂျစ် အာဏာ ပိုင်တွေဟာ ဒီအဖွဲ့ရဲ့ နိုင်ငံရေးပိုင်း ဆိုင်ရာ ခေါင်းဆောင်ဖြစ် သူ ဝရမ်းပြေး အက်ဆန် အဲလ် အေရီယန် ကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီ ဖြစ်ပါတယ်။

သူဟာ အစ္စလာမစ် လှုပ်ရှားမှုတွေအတွက် လူသိများ တဲ့ အထင်ကရ ခေါင်းဆောင် တစ်ဦး ဖြစ်ပါ တယ်။

လာမယ့် တနင်္လာနေ့မှာတော့ သူနဲ့အတူ ရာထူးက ဖြုတ်ချခံခဲ့ရတဲ့ သမ္မတ မိုဟာမက် မော်စီ အပါအဝင် တခြားသော မွတ်ဆလင် ညီနောင်များအဖွဲ့က အရာရှိတွေကို ရုံးထုတ်မယ်လို့ မျှော်လင့်ရပါတယ်။

သူတို့တတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေ အတွင်း ဆန္ဒပြသူ ၁၀ ဦး သေဆုံးအောင် သွေးထိုး လှုံ့ဆော်ခဲ့မှုနဲ့ စွဲချက်တင်ထားပါတယ်။

အခု အီဂျစ်အစိုးရဟာ မွတ်ဆလင် ညီနောင်များအဖွဲ့ကို တရားမဝင်ကြောင်း ကြေညာလိုက်ပြီး ဇူလိုင်လက မစ္စတာ မော်ဆီကို ဖြုတ်ချပြီးကတည်းက ဒီ ညီနောင်အဖွဲ့ဝင်တွေကို ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ဒီအဖွဲ့ရဲ့ ထိပ်တန်း ခေါင်းဆောင်တွေ အပါအဝင် အဖွဲ့ဝင် ၂၀၀၀ လောက်ကို ထောင်ချထားပြီးလည်း ဖြစ်ပါတယ်။

From: BBC

အမေရိကန်ထောက်လှမ်းရေးဌာန Google နဲ့ Yahoo လျှို့ဝှက်အသုံးချ

Posted by drmyochit Thursday, October 31, 2013, under | No comments



ကမ္ဘာအနှံ့က သတင်းအချက်အလက်တွေကို ရယူဖို့ အင်တာနက် ကုမ္ပဏီကြီးတွေဖြစ်တဲ့ Google နဲ့ Yahoo တို့က အသုံးပြုတဲ့ ဆက်သွယ်ရေး ကွန်ယက်တွေကို အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီက လျှို့ဝှက် ဖောက်ဝင်တာတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်သစ်တရပ် ထပ်ထွက်လာပါတယ်။

NSA အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့ ကန်ထရိုက်တာဟောင်း Edward Snowden ဖောက်ထုတ်လိုက်တဲ့ အချက်အလက်တွေနဲ့၊ နားကြီး မျက်စိကြီး အာဏာပိုင်တွေနဲ့ မေးမြန်းချက်တွေကို အခြေခံပြီး NSA အမေရိကန် အမျိုးသားလုံခြုံရေး လျှို့ဝှက် အစီအစဉ်အချို့ကို သိရတယ်လို့ ဗုဒ္ဓဟူးနေ့ထုတ် The Washington Post သတင်းစာကြီးမှာ ရေးသားဖော်ပြပါတယ်။

NSA နဲ့ ဗြိတိန်က GTCHQ ဗြိတိန်အစိုးရ ထောက်လှမ်းရေးအေဂျင်စီတို့ တွဲပြီး MUSCULAR ဆိုတဲ့ စီမံချက်တခု ဆောင်ရွက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အဲဒီစီမံချက်ဟာ Google နဲ့ Yahoo ရဲ့ နိုင်ငံတကာကွန်ယက်တွေအကြား သတင်းအချက်အလက်တွေ သယ်ပို့တဲ့ ဖန်ကြိုးမျှင် Cable ကို လျှို့ဝှက် ကြားဖြတ် သတင်းရယူတာမျိုးတွေ လုပ်တာလို့ ဆိုပါတယ်။

Google နဲ့  Yahoo ကတော့ သူတို့အနေနဲ့ ဆက်သွယ်ရေးကွန်ယက်တွေကို အခုလို ကြားဖြတ်ပြီး လျှို့ဝှက် အချက်အလက်ယူတာမျိုး သူတို့ ခွင့်ပြုပေးခြင်း မရှိဘူးလို့ ကြေညာချက်ထုတ် တုံ့ပြန်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

အမျိုးသမီးငယ်တစ်ဦးအား ဓားပြ၍ခြိမ်းခြောက်ပြီး ပါးစပ်ကို ပလာစတာနှင့်ပိတ်၊ လက်ကိုကြိုးတုတ်ပြီး အဓမ္မပြုကျင့်

Posted by drmyochit Thursday, October 31, 2013, under | No comments



အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားဘူတာတွင် အသက် (၁၈)နှစ်အရွယ် ရထားဈေးသည်မလေးတစ်ဦးအား ယခုလ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ဓားပြခြိမ်းခြောက်ပြီး၊ ပါးစပ်ကိုပလာစတာဖြင့် ကပ်၍ပိတ်ကာ လက်ကိုကြိုးတုတ်၍ အလိုမတူဘဲ အမျိုးသားတစ်ဦးမှ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည်ဟု မှုခင်းဆိုင်ရာ မှတ်တမ်းများအရ ရဲဝန်ထမ်းတစ်ဦး ထံမှ သိရသည်။

ထိုသို့ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခြင်းခံရသည့် အသက် (၁၈)နှစ်အရွယ် အမျိုးသမီးငယ်လေးသည် အင်းတော် မီးရထားဘူတာ၌ ထမင်းရောင်းသည့် ဈေးသည်မလေးတစ်ဦးဖြစ်ကြောင်း သိရသည်။

ထိုနေ့က မန္တလေး ရထားဆိုက်ရောက်ချိန်တွင် အဓမ္မပြုကျင့်ခြင်းခံရသည့် ရထားဈေးသည်မလေးသည် ထမင်းများလိုက်လံ ရောင်းချပြီးနောက် ဘူတာအနီး စိန်ပန်းပင်အောက်ရှိ ခုံတန်းလျားပေါ်တွင် ထိုင်နေစဉ် သူမနှင့် တစ်ရပ်ကွက်တည်းနေ အသက် (၂၁)အရွယ် အမျိုးသားတစ်ဦးက သူမအနီးသို့ ရောက်ရှိလာပြီး ထိုသူမှ စောင်ယူပေးရန် သူမအား ခိုင်းစေခဲ့သည် ဟု သူမမှဆိုသည်။

ထို့နောက် ထိုသူသည် သူမအား အိပ်ရအောင်ဟု ပြောဆိုခဲ့သဖြင့် သူမက ငြင်းဆန်းခဲ့ရာ ၁၅ မိနစ်ခန့်အကြာတွင် ထိုသူမှ ဓားဖြင့်ခြိမ်းခြောက်ပြီး၊ သူမ၏ ပါးစပ်ကို ပလာစတာဖြင့်ကပ်၍ ပိတ်ခဲ့သည်။ ထိုမျှမက သူမ၏ လက်ကိုလည်း ထိုသူမှ ကြိုးဖြင့် ချည်နှောင်တုတ်၍ သူမ၏ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲဝန်ထမ်းတစ်ဦးမှ အတည်ပြုပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သူမက ကျေနပ်မှုမရှိသည့်အတွက် ယခုလ ၂၉ ရက်နေ့ည ၉ နာရီအချိန်တွင် အင်းတော်မြို့မ ရဲစခန်းသို့သွားရောက်၍ အမှုဖွင့်အရေးယူပေးရန် ထိုင်ကြားခဲ့ခြင်းဖြစ်သည်။ ၎င်း တိုင်ကြားချက်အား ရဲစခန်းက (ပ) ၂၂၃/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်၍ လက်ခံဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုအမှုအား စစ်ဆေးဆောင်ရွက်နိုင်ရန် ရဲစခန်းမှူး ဒုရဲမှူး မျိုးညွှန့်သန်းမှ အမှုစစ်တာဝန်များ ရယူလက်ခံထားကြောင်း စုံစမ်းသိရှိရသည်။

မြန်မာအမျိုးသမီးငယ်များ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခံရခြင်း ဘေးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် အသိပညာပေး ဆောင်ရွက်မှု လုပ်ငန်းများအား ထိုဒေသတွင် ပြုလုပ်သွားရန် သက်ဆိုင်ရာမှ အပူတပြင်း စီးစဉ်ဆောင်ရွက် လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

သတင်း၊ ကိုတိုးကြီး (ဖေ့ဘုတ်)
From: ThitHtooLwin

စမတ်ဖုန်းတစ်လုံးကို PC ကွန်ပျူတာသဖွယ် စိတ်ကြိုက်ရွေးချယ် တပ်ဆင်နိုင်မည်

Posted by drmyochit Thursday, October 31, 2013, under | No comments

Project Araဟု အမည်ပေးထားသော ယင်းအစီအစဉ်တွင် Google၏ ဖောက်သည်များသည် ဖုန်းတစ်လုံး၏ တည်ဆောက်မှု အစိတ်အပိုင်းများကို လိုသလို ရွေးချယ်ခွင့် ရလာမည် ဖြစ်သည်။


စမတ်ဖုန်း တစ်လုံးကို PC ကွန်ပျူတာ တစ်လုံးသဖွယ် မိမိစိတ်တိုင်းကျ အစိတ် အပိုင်းများဖြင့် ရွေးချယ် တပ်ဆင်နိုင်မည့် အခွင့်အရေးကို Google က အကောင်အထည် ဖော်လိုက်ပြီ ဖြစ်သည်။ စမတ်ဖုန်း တစ်လုံး ချင်း စီကို သက်ဆိုင်ရာ ကုမ္ပဏီက ဖန်တီးသည့် စွမ်းဆောင် ရည် အတိုင်း ဝယ်ယူအသုံးပြုမှု ခေါက်ရိုးကျိုးလာချိန်တွင် Googleက ယခုကဲ့ သို့ လမ်းကြောင်းသစ်ကို စဖောက်လိုက်ခြင်း ဖြစ်သည်။ Googleသည် ၎င်းဝယ်ယူ ပိုင်ဆိုင်ထားသည့် Motorola မိုဘိုင်းလ်ဖုန်း ကုမ္ပဏီမှတစ်ဆင့် အဆိုပါ ဝန်ဆောင်မှုကို စတင်သွားမည်ဟု သိရှိရသည်။ Project Araဟု အမည်ပေးထားသော ယင်းအစီ အစဉ်တွင် Google၏ ဖောက်သည်များသည် ဖုန်းတစ်လုံး၏ တည်ဆောက်မှု အစိတ်အပိုင်းများကို လိုသလို ရွေးချယ်ခွင့် ရလာမည် ဖြစ်သည်။

ဖုန်းတစ်လုံး၏ အခြေခံ တည်ဆောက်မှုအပြင် အပိုဆောင်း ကီးဘုတ်ထည့်သွင်းခြင်း၊ ဘက်ထရီအပို တပ်ဆင်ခြင်းနှင့် အခြားသော အာရုံခံစနစ်များ ထည့်သွင်းခြင်းတို့ကိုပါ Project Araတွင် ခွင့်ပြုပေးသွားမည် ဖြစ်သည်။ Motoralaသည် နယ်သာလန် ဒီဇိုင်းပညာရှင် ဒေ့ဗ်ဟက်ကန်စ်နှင့် ပူးပေါင်းလိုက်ပြီးနောက် စိတ်ကြိုက် ပြောင်းလဲနိုင်မည့် အတွေးအမြင်သစ်ကို စတင် အကောင်အထည် ဖော်ခဲ့သည်။ Google၏ ခြေလှမ်းသစ်သည် ပဟေဠိဆန်ဆန် ရှိခဲ့ပြီး မိုဘိုင်းဖုန်းဈေးကွက် သုတေသီများကိုယ်တိုင်က ဖောက်သည်များကို စိတ်ကြိုက်ရွေးချယ်ခွင့် ပေးလိုက်ခြင်းကြောင့် လက်ရှိ မိုဘိုင်းလ်ဖုန်း ဈေးကွက်အပေါ် မည်သို့မည်ပုံ သက်ရောက်သွားမည်ကို မခန့်မှန်းနိုင်ကြောင်း ဝန်ခံခဲ့ကြသည်။

Motorolaက "Android OS အသုံးပြုနိုင်မယ့် Hardware အခြေခံတွေကို ကုမ္ပဏီက ဖန်တီး သွားလို ပါတယ်။ ဒါဟာ Androidအတွက် Thrid Party Developerတွေ ပေါ်ထွန်းလာဖို့ အားမာန်အပြည့် စတင်မှု တစ်ခု ပါပဲ"ဟု Blogတစ်ခုတွင် ရေးသားထားခဲ့သည်။ "ဖောက်သည်တွေကို ကိုယ်ကိုင်ချင်တဲ့ ဖုန်းရဲ့ အခြေ အနေတိုင်း အတွက် ကိုယ်တိုင် ရွေးချယ်ခွင့် ပေးလိုက်ပါတယ်။ ဘယ်လိုစွမ်းဆောင်ရည်နဲ့ လိုချင်သလဲ၊ ဘယ်ဈေးလောက် ဖြစ်မလဲ၊ ဘယ်လောက်ကြာကြာ ကိုင်မှာလဲ ဆိုတာတွေကို ဆုံးဖြတ်လို့ ရသွားစေ ပါမယ်"ဟုလည်း ယင်းBlogတွင် ဆက်လက် ဖော်ပြထားသည်။ Phoneblokဟု ခေါ်ဆိုသည့် စိတ်ကြိုက် တပ်ဆင်နိုင်သော စမတ်ဖုန်း အစိတ်အပိုင်းများအကြောင်း ဝက်ဘ်ဆိုက်တစ်ခုကို ဟက်ကန်စ်က လွှင့်တင် ခဲ့ရာ ရက်ပိုင်းအတွင်း လူတစ်သန်းနီးပါး ထောက်ခံ ချိတ်ဆက်ခဲ့ကြသည်။ "ကျွန်တော်တို့က နည်းပညာ ပိုင်းကို တာဝန်ယူမယ်။ ဟက်ကန်စ်ကတော့ လူတွေမျှော်လင့်တဲ့ ဒီဇိုင်းပိုင်းကို ကိုင်တွယ်ပါလိမ့်မယ်"ဟု Motorolaမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသွားသည်။

From: Planet Myanmar Network

Browsers တွေမှာ Zawgyi , Unicode နှစ်မျိုးလုံး ဖတ်လို့ရအောင် ပြုလုပ်နည်း

Posted by drmyochit Thursday, October 31, 2013, under | No comments




အရင်ဆုံး ကွန်ပြူတာမှာ      Zawgyi ဖောင့် ၊ Myanamr 3 ဖောင့် နှစ်ခုကို အရင် အင်စတောလုပ် ထားရပါမယ်။ ဖောင့်ဖိုင်နှစ်ခုကို Double Click နှိပ်ပြီး အလွယ်တကူ အင်စတောလုပ်နိုင်ပါတယ်။ Search Box ကနေ Fonts လို့ရိုက်ပြီး ဖောင့်ဖိုဒါပေါ်လာရင် ဖွင့်ပြီး ဖောင့်ဖိုင်နှစ်ခုကို Drag and Drop လုပ်ပြီးလည်း အင်စတောလုပ်နိုင်ပါတယ်။  ပြီးရင်တော့ Zawgyi Force , Unicode Force ဆိုတဲ့ Bookmarklet နှစ်ခုကို ဒေါင်းလုပ်လုပ်ပါ။ ဒေါင်းလုပ်လုပ်ပြီးရင် Browsers တွေက Bookmark Bar ပေါ်ကို Drag and Drop လုပ်ပါ။ အောက်ကပုံကတော့ Firefox Bookmark Bar ပေါ်မှာ Bookmarklet နှစ်ခုကို Drag and Drop လုပ်ထားတာပါ။



နောက်ဆုံးအဆင့်အနေနဲ့ Browsers တွေက Font Settings မှာ Zawgyi Font ကိုသတ်မှတ်ပေးရပါမယ်။

Firefox

Firefox ရဲ့ Options ထဲကိုသွားပြီး Content tab ကို နှိပ်ပါ။ Default Font မှာ Zawgyi ကိုရွေးပါ။ Advanced ကိုနှိပ်ပါ။


အောက်ကပုံမှာပြထားတဲ့အတိုင်း Zawgyi ဖောင့်တွေပြောင်းပေးပါ။ “Allow pages to choose their own fonts……” မှာလည်း အမှန်ခြစ်ပေးပါ။ Fallback Character Encoding မှာ Unicode (UTF-8) ရွေးပေးပါ။ OK နှိပ်ပါ။


Unicode ၀က်ဆိုက်တွေကြည့်လို့အမှန်မမြင်ရရင် Bookmark Bar က Unicode Force ကို နှိပ်ပါ။ ဒါဆိုရင် မြန်မာစာတွေအမှန်မြင်ရပါပြီ။


Chrome

Chrome မှာ Settings>Show advanced settings ကိုဝင်ပါ။ Web Content အောက်က Customize Fonts ကိုနှိပ်ပါ။ ဖောင့်တွေအားလုံးကို Zawgyi ပြောင်းပေးပြီး Encoding မှာ Unicode (UTF -8) ပြောင်းပေးပါ။ Done ကိုနှိပ်ပါ။



Unicode ၀က်ဆိုက်တွေကြည့်ရင် Bookmark Bar က Unicode Force ကိုနှိပ်ရင် မြန်မာစာ အမှန်မြင် ရပါပြီ။

တစ်ခြား Browsers တွေမှာလည်း ဒီနည်းအတိုင်းပဲပြုလုပ်နိုင်ပါတယ်။ စာဖတ်သူမှာ ဒီထက်ကောင်း တဲ့ နည်းတွေ ရှိရင်လည်း မျှဝေခဲ့ပါအုံး။

From: Myanmar ICT

သုတ်နှင့် သုတ်ရည်

Posted by drmyochit Thursday, October 31, 2013, under | 2 comments


အမျိုးသားလိင်အင်္ဂါက ထွက်လာတဲ့ အကြည်ရောင် ချောကျိကျိ အရည်မှာ သုက်ပိုးပါပါသလား။ ပါမယ် ဆိုရင် ဘယ်လောက် ရာခိုင်နှုန်းအထိ ပါတတ်ပါသလဲ။ အဆိုပါ အကြည်ရောင် အရည်ကြောင့် ကိုယ်ဝန် ရသွားနိုင် တဲ့ ဖြစ်ရပ်ကော သုတေသန ရှိပါသလား။

ယောက်ျား တယောက်ဟာ Sexually stimulated လိင်စိတ်ကြွလာတာနဲ့ Seminal vesicles နဲ့ Prostate gland တွေ ကနေ Seminal fluid အရည်ထွက်လာ တယ်။ အရည်ဆိုတာထဲမှာ Sperm သုတ်ပိုး ရောနေနိုင်တယ်။ (ပညာပိုင်း အခေါ်ဝေါ်တွေကို နောက်မှာ ရေးထားပါတယ်။) Semen ကိုလဲ သုတ်ရည်လို့ ခြုံခေါ်နေကြတာ များတယ်။ ဆေးပညာ တတ်သိသူတွေကပါ သုံးနှုန်းကြတယ်။ Bulbourethral Glands တွေကနေ ထုတ်ပေးတဲ့ အချွဲရည်ဟာ Lubrication လိင်ဆက်ဆံတဲ့အခါ အသုံးဝင်တဲ့ ချောဆီ သဘော ဖြစ်တယ်။ တိတိကျကျ ပြောရရင် Semen ဆိုတာ Sperm မပါတဲ့ အရည်သာ ဖြစ်တယ်။ အဲဒီ အရည်ဟာ သုတ်မလွှတ်ခင် ထွက်တာမို့ Pre-ejaculate ကနဦး-အရည်လို့ ခေါ်မှ မှန်တယ်။

Spermatozoa သုတ်ပိုး ပါတာကိုသာ Sperm ခေါ်သင့်တယ်။ Semen အရည်ထဲမှာ Sperm cells က ထုထည် ၂-၅% သာပါတယ်။ သုတ်ပိုးရဲ့ Head ခေါင်းပိုင်းမှာ DNA ပါတယ်။ (ဒီအင်န်အေ) ဆိုတာ လူရဲ့ Blueprint ဗီဇ ဘဲ။ အရည် သန့်သန့်က ဗီဇမပါလို့ သန္ဓေ မရစေနိုင်ဘူး။ သူက သုတ်ပိုးတွေကို အကာကွယ်ပေးတယ်။ လှုတ်ရှားစေနိုင်တယ်။ တခြား နေရာဆီကို သွားနိုင်ဘို့ သယ်ပို့ ပေးတယ်။
Sperm cells သုတ် (ဆဲလ်) တွေဟာ Egg cell မ-မျိုးဥ (ဆဲလ်) နဲ့ အဆက်ရတာနဲ့ လျင်မြန် သွက်လက် လာကြတယ်။ ကိုယ်ခန္ဓာမှာ ရှိတဲ့ တခြား (ဆဲလ်) တွေနဲ့ မတူတာက Chromosome (ခရိုမိုဇုန်း) အရေအတွက်ဟာ တဝက်သာ ရှိတာမို့ Haploid လို့ ခေါ်တယ်။

သုတ်ပိုးမပါတဲ့ အရည်ကနေ (သီအိုရီ) အရ ကိုယ်ဝန် မရစေနိုင်ပါ။ ဒါ့ကြောင့် ပဋိသန္ဓေ တားနည်းတွေထဲမှာ Withdrawl method သုတ်ရည် အပြင်ထုတ်ပြစ်နည်း ဆိုတာပါတယ်။ ဒါပေမဲ့ ဒီနည်းကနေ ၁၅-၂၈% ကိုယ်ဝန် ရနိုင်တယ်။ ဘာလို့လဲ။ လိင်ဆက်ဆံနေတုံးမှာ အချိန်ကြာအောင် စိတ်ကို ထိန်းကြတယ်။ ကြိုးစားနိုင်သူ လူတော်ဘဲ။ ခက်တာက သုတ်ရည် အကုန် ပန်းမထွက်အောင် စွမ်းဆောင်နိုင်ပေမဲ့ တစက် (အမှန်က တစက်တောင်မှ မရှိပါ။) ဖြစ်ဖြစ် ထွက်လာနိုင်တယ်။ တကယ့် Orgasm (အော်ဂဇင်) ကို ထိန်းလို့တော့ ရပါရဲ့ သုတ်ပိုး အရေအတွက် သိန်းနဲ့၊ သန်းနဲ့ ပါနေမယ်။
Sympathetic nerves (ဆင်ပသက်တစ်) အာရုံကြောတွေကနေ လိင်ဆန္ဒ ပြည့်ဝချိန်မှာ Ejaculation သုတ်လွှတ်တာ လုပ်ပေးတယ်။ သုတ်လွှတ်လိုက်ရင် Prostate gland ဆီးကျိတ် နဲ့ Seminal vesicles အိတ်တွေကနေ အရည်တွေ ပိုထုတ်ပေးလာတယ်။ Orgasm လိင်ဆန္ဒ ပြည့်ဝချိန် ကြာလေလေ အရည်များ လေလေ။ အသက်ငယ်သူတွေမှာ ပိုများတယ်။ လူ ၃ဝ ကို စမ်းသပ်တာ ပျမ်းမျှ သုတ်ရည် ထုထည် 3.4 ml ရှိကြတာ တွေ့ရတယ်။ အများဆုံး 4.99 ml နဲ့ အနည်းဆုံး 2.3 ml ရှိတယ်။ သုတ်ပိုးပေါင်း 100 to 600 million ပါနေမယ်။

လူတယောက်မှာ Sperm ထုတ်နိုင်စွမ်းက သိပ်မပြောင်းလဲတတ်ပေမဲ့ Semen အရည်ကတော့ အစားအသောက်ကြောင့် ဖြစ်ဖြစ် နည်းနိုင်တယ်၊ များနိုင်တယ်။ ဆွီဒင် နဲ့ ဒိန်းမတ် လေ့လာမှုတခုကတော့ အချိန် ကြာကြာ လိင်ဆက်ဆံတာက Sperm count သုတ်ပိုး ပိုများတယ်။ Semen ထုထည်ကတော့ ပိုမများဘူးတဲ့။

Semen ဘယ်ကလာသလဲ၊ နေရာ ၄ ခုကနေလာတယ်။
1. Seminal vesicle = 65-75% (Seminal vesicles ဆိုတာ နာမယ်ကိုက Semen ထုတ်တဲ့ အဓိပ္ပါယ်ပါတယ်။ ဆီးအိမ် နောက်နား-အောက်နားမှာ အတက် ကလေးတွေလို ရှိတယ်။)
2. Prostate = 25-30% (ဆီးကျိတ်က ယောက်ျားမှာသာ ရှိတယ်။ ဆီးအိမ်အောက်မှာ ကပ်နေတယ်။ သူ့ထဲမှာ ကြည်တဲ့အရည်ကိုပါ လှောင်ထားတယ်။)
3. Testes = 2-5% (ကျား-အစိ ကနေ Sperm သုတ် နဲ့ ကျားဟော်မုန်း Testosterone ကိုလဲ ထုတ်ပေးတယ်။)
4. Bulbourethral glands = < 1% (ဆီးကျိတ်နောက်မှာ ပဲစေ့လောက်၊ Urethra ဆီးသွားပြွန် တဖက်တချက်မှာ ရှိကြတယ်။)

ကျား-အစိနောက်မှာ Epididymis ဆိုတာ ရှိတယ်။ ရှေးခေတ် ဂရိ-စစ်သား ဆောင်း (ဟဲလ်မက်) နဲ့ ဆင်တယ်။ ပေ ၂ဝ လောက် ရှည်ပေမဲ့ နေရာ ကျဉ်းကျဉ်း လေးမှာ ခွေနေလို့ သုတ်ပိုးတွေ များများ လှောင်ထားနိုင်တယ်၊ ကြီးရင့်လာဘို့ အချိန် ရစေတယ်။ ထိရင်-ကိုင်ရင် နာမယ်၊ ပိုးဝင်ရင်လဲ ရောင်တယ်။ အဲဒါ ရောင်တာကို Epididymitis ခေါ်တယ်။ အစိပါရောင်ရင် Epididymo-orchitis ခေါ်တယ်။ ကလေး၊ လူကြီး ဖြစ်တယ်။ Antibiotic ဆေးပေးရတယ်။ ဆေးမကုဘဲ ထားရင် Sterility ကလေးအဖေ မဖြစ်နိုင်ဘူး။

လိင်ဆက်ဆံလို့ ဖြစ်ဖြစ်၊ ဖါသာ-အာသာ ဖြေလို့ ဖြစ်ဖြစ် လိင်ဆန္ဒ ပြည့်ဝသွားချိန်မှာ ၃ဝ စင်တီမီတာလောက် ရှည်တဲ့ Vas deferens (Ductus deferens) ကိုဖြတ်ပြီး လိင်တံထိပ်ဖျားကနေ သုတ်ရည် ထွက်တာကို Ejaculation သုတ်လွှတ်တယ် လို့ ခေါ်တယ်။ ဒီအကြောနဲ့ ဘေးမှာကပ်နေတာလေးတွေကို Spermatic cord လို့ ခေါ်ပြီး၊ ယောက်ျားတွေ ကလေး မရစေအောင် ဖြစ်ပြစ်ရတာကို Vasectomy ခေါ်တယ်။

• သုတ်လွှတ်ပြီးတဲ့နောက် Semen ဟာ ခဲလာတယ်။ (ဂျယ်လီ) လို ဖြစ်လာတယ်။ ၃ဝ မိနစ်လောက် ကြာရင် အရေပျော်လာမယ်။ ဒီဖြစ်စဉ်ဟာ မျိုးပွါးဘို့မှာ အရေးပါတယ်။
• Semen သုတ်ရည်က (အယ်လ်ကာလိုင်း) ဖြစ်တယ်။ ထူးဆန်းတာက အမျိုးသမီး (ဗဂျိုင်းနား) ဟာ အက်စစ်ဓါတ် ရှိတယ်။ Spermicide သုတ်ပိုး သေဆေး တွေကလဲ အက်စစ်ဓါတ် ရှိတယ်။
• Sperm စစ်စစ်မှာ အရသာ မရှိဘူး။ Seminal fluid အရည်ကတော့ ချိုနိုင်တယ်၊ ခါးနိုင်တယ်။ တချို့မှာ ငန်တယ်။ အစားသောက်ပေါ် မူတည်တယ်။ အသား စားရင် ခါးပြီး၊ သက်သတ်လွတ်ဆိုရင် ချိုတယ်။ ချိုရတာက Fructose သကြားဓါတ်ကြောင့် ဖြစ်တယ်။
• Semen ဆိုတာ အများအားဖြင့် အဖြူရောင်၊ မီးခိုးရောင်၊ သွေးပါနေရင် ပန်းရောင် ဖြစ်တယ်။ ဝါတာ၊ စိမ်းတာ ဆိုရင် Infection ပိုးဝင်တာ ဖြစ်နိုင်တယ်။ များသောအားဖြင့် (ဂနိုးရီးယား) လို လိင်ကတဆင့်ကူးစက်ရောဂါ STD ကြောင့် ဖြစ်နိုင်တယ်။
• ပုံမှန်က Chlorine smell (ကလိုရင်း) အနံ့ ရှိတယ်။ Foul-Smelling အနံ့ဆိုးနေရင် ပိုးဝင်နေလို့ဘဲ။
• Dehydration ရေဓါတ် နည်းနေသူမှာ သုတ်က ပျစ်နေလိမ့်မယ်။ Testosterone နည်းလွန်းနေသူတွေမှာ အမြဲ အဲလိုပျစ်နေတယ်။

၁၉၉၂ World Health Organization (ရီပို့တ်) တခုအရ ပုံမှန် သုတ်ရည်ဆိုတာ -
1. တကြိမ် သုတ်လွှတ်ရင် 2 ml အနည်းဆုံး ရှိရမယ်။
2. pH က 7.2 ကနေ 8.0 ရှိရမယ်။
3. Sperm concentration သုတ်ပိုး အနည်းဆုံး 20x106 spermatozoa/ml နဲ့ တခါသုတ်လွှတ်ရင် အနည်းဆုံး 40x106 spermatozoa/ml ရှိရမယ်။
4. အနည်းဆုံး 50% ဟာ Forward progression ရှေ့ကို ဦးတည်သွားလာနိုင်စွမ်း ရှိရမယ်။
5. အနည်းဆုံး 25% ဟာ သုတ်လွှတ်ပြီးနောက် မိနစ် ၆ဝ အတွင်းမှာ Rapid progression သွက်သွက်လက်လက် ရှေ့ဘက်ဆီ လှုတ်ရှားနိုင်ရမယ်။
ယောက်ျား မျိုးပွါးစနစ်မှာ ဦးနှောက်၊ လိင်အင်္ဂါတွေနဲ့ ဟော်မုန်းတွေ ပေါင်းစုပြီး အလုပ်လုပ်ပေးကြတယ်။

• ဦးနှောက်ထဲက Hypothalamus (ဟိုက်ပိုသဲလ်မတ်စ်) ကနေ Gonadotropin-Releasing Hormone (GnRH) ဟော်မုန်းတွေကို ဦးနှောက်ထဲမှာဘဲ ရှိတဲ့ Pituitary gland (ပစ်ကျူထရီ) အိတ်ထဲကို ထုတ်ပေးတယ်။ Luteinizing Hormone (LH) နဲ့ Follicle-Stimulating Hormone (FSH) ဟော်မုန်း ၂ မျိုး ဖြစ်တယ်။
• LH ကြောင့် ကျား-အစိကနေ Testosterone (တက်စ်တိုစတီရုံး) ထွက်စေတယ်။ FSH ကို အကူအညီ ပေးလို့ ကျား-အစိထဲက Seminiferous tubules ပြွန်သေးလေးတွေကနေ နုသေးတဲ့ Sperm တွေကို ရင့်ကျက်စေတယ်။ Testosterone ကို ကျား-ဟော်မုန်းလဲ ခေါ်တယ်၊ Androgen လဲ ခေါ်တယ်။ သုတ်ပိုး ထုတ်တာမှာ မရှိမဖြစ်ပါ။
• သုတ်ပိုးတွေဟာ ကျား-အစိထဲက Seminiferous tubules နံရံတွေမှာ ဖြစ်တယ်။ Epididymis ထဲမှာ နုသေးတဲ့ သုတ်ပိုးတွေ နေကြတယ်။ သုတ်ပိုးတွေဟာ နုရာကနေ ရင့်ကျက်လာဘို့ ၉-၁ဝ ပါတ် အချိန်ယူတယ်။

သုတ်လွှတ်ရင် Epididymis ရဲ့အမြီးပိုင်းကနေ တနာရီ မိုင် ၇ဝ နှုန်းလောက် အရှိန်နဲ့ Ductus deferens ပြွန်ထဲကို ထွက်လာကြတယ်။ ဆက်ပြီး Spermatic cord အကြောထဲ ရောက်မယ်။ Vas deferens ဟာ Seminal vesicle နဲ့ ပေါင်းပြီး Ejaculatory duct ထုတ်ပြွန် ဖြစ်စေတယ်။ သူက Prostate ဆီးကျိတ်နဲ့ Urethra ဆီးပြွန်ထဲကို ပွင့်နေတယ်။ ကျား-အစိကနေ သုတ်ထွက်တာနဲ့ ကြွက်သား အလုပ်လာတယ်။ အချက်ကျကျ ကြွက်သားတွေ ညှစ်လို့မို့ သုတ်ရည်ကို ရှေ့ဆက် တိုးထွက်လာစေတော့တယ်။

သုတ်ရည်ကနေ သယ်ဆောင်ပေးနိုင်တဲ့ ရောဂါတွေထဲမှာ AIDS လဲပါတယ်။ Semen allergy သုတ်ရည်နဲ့ မတဲ့သူတွေလဲ အနည်းအပါး ရှိတယ်။ သုတ်ရည် ထိတာနဲ့ ဗဂျိုင်းနား ယားမယ်၊ ရောင်မယ်၊ နီရဲလာမယ်။ ပိုဆိုးသူတွေက တကိုယ်လုံးမှာ အဲလို ဖြစ်တတ်တယ်။ (ကွန်ဒွမ်) သုံးရင် ရပါတယ်။ ယောက်ျားတွေမှာလဲ သုတ်လွှတ်ပြီး၊ တုပ်ကွေးလို ခံစားရသူတွေလဲ ရှားရှားပါးပါး ရှိတယ်။ Post orgasmic illness syndrome or POIS လို့ ခေါ်တယ်။

သုတ်ရည်ရဲ့ တခြားကောင်းကျိုးတွေလဲ ရှိပါတယ်။ စိတ်ကျရောဂါ ခံစားနေရသူ အမျိုးသမီးတွေဟာ သုတ်ရည်ကြောင့် စိတ်သက်သာ ရစေလို့ Antidepressant သတ္တိရှိတယ်။ ကောလိပ်-ကျောင်းသူ ၂၉၃ ယောက်ကို သုတေသနတခု လုပ်တယ်။ ဆက်ဆံတဲ့အခါ (ကွန်ဒွမ်) မသုံးတဲ့ မိန်းကလေးတွေဟာ လက်ရှိ အဖေါ် ယောက်ျားနဲ့ ခွါပြဲသွားရင် နောက် အသစ်တယောက်ကို မကြာမတင် ရှာချင်တာ တွေ့ရတယ်။ သိပ္ပံသမားတွေက သုတ်ရည်ကို Chemical dependency ဆေးစွဲ သလို Rebound effect ဖြစ်တယ်လို့ ကောက်ချက် ချတယ်။ ဒီလို မိန်းကလေးတွေက ဒီအကျင့်မျိုး ရှိနေတာကိုးလို့ အရပ်စကား ပြောကြမှာဘဲ။

လိင်ဆက်ဆံရာမှာ ပါးစပ်ကို သုံးတာကို Fellatio ခေါ်တယ်။ လက်တင်လို Suck ကနေ လာတာပါ။ တချို့က Semen ingestion သုတ်ရည် မျိုချတဲ့ အကျင့်ရှိတယ်။ St. Priapus Church မှာ လူရှေ့သူ့ရှေ့ သုတ်ရည် သောက်သုံးတာကို ကိုးကွယ်မှု တခုလို့ ယူဆတယ်။ အာဟာရဓါတ်တော့ မရှိသလောက်ပါ။ ရေသာများတယ်၊ Potassium, Magnesium, Selenium, Copper and Zinc ဓါတ်ဆားတွေ ပါတယ်။ 150 mg (ပရိုတင်း)၊ 11 mg ကာဗွန်ဟိုန်ဒရိတ်၊ 6 mg အဆီ နဲ့ 3 mg (ကိုလက်စထော) တွေပါတယ်။

သုတ်ကို ပါးစပ်က မျိုချတာမှာ Health risks ကျန်းမာရေးအရ ဘာဖြစ်နိုင်သလဲ။ အန္တရာယ် မရှိလှပါ။ အမျိုးသမီး ပါးစပ်မှာ အနာအဆာ ရှိမှသာ HIV နဲ့ Herpes ရေယုံပိုးတွေ ဝင်နိုင်တယ်။ ယောက်ျားမှာ Human papillomavirus (HPV) ကြွက်နို့ ဗိုင်းရပ်စ် ရှိနေရင် Oral or Throat cancer ခံတွင်းနဲ့ လည်ချောင်း ကင်ဆာ တွေ ဖြစ်နိုင်ခြေ ပိုများနိုင်တယ်။

ခေတ်ဟောင်း ပညာရှင် Aristotle ကလဲ ဆိုခဲ့သေးတယ်။ “သုတ်ရည်ဆိုတာ အစာအဟာရထဲက ကောင်းပေ့ ဆိုတာကနေ ရတာ” တဲ့။ ခေတ်သစ် လှို့ဝှက်-ထောက်လှမ်းရေးမှာ သုတ်ရည်ဟာ Invisible ink မမြင်နိုင်တဲ့ မင်လို သုံးနိုင်တယ်။

ယဉ်ကျေးမှု မတူတာတွေမှာ မတူတဲ့အမြင်တွေ ရှိကြတယ်။ ဗမာတွေက “ချွေးထွက် များမှ သွေးထွက် နည်းမယ်” လို့ ပြောကြတယ်။ တရုတ်-စကားပုံတခုကတော့ “သုတ်တစက်ဟာ သွေးဆယ်စက်နဲ့ ညီတယ်” တဲ့။ “ကျောက်မျက်ရတနာ Gemstones တွေဟာ Drops of divine semen ဘုရားသခင်ကပေးတဲ့ သုတ်ရည် Celestial Dragon နဂါးမင်းက ဆင်းသက်တာလို့ ယုံကြည်ကြတယ်။

ယောက်ျားတွေဟာ ဒို့မှာသာ ဒါလုပ်နိုင်တယ်လို့ အတင်း ဂုဏ်ယူချင် မနေကြပါနဲ့။ ရိုးရာ ရုရှား-ဆေးပညာကဆိုတာ မှန်တယ်။ “သုတ်ရည်ဆိုတာ ယောက်ျား နဲ့ မိန်မ အကြား ဆန်းပြားလှတဲ့ ဇီဝကမ္မဖြစ်စဉ်ရဲ့ ရလဒ်တခု ဖြစ်တယ်” တဲ့။ အနည်းဆုံး စိတ်ကူးထဲ၊ အိပ်မက်ထဲမှာ မိန်းမ ပါမှသာ သုတ်ရည်ဆိုတာ ထွက်လာနိုင်ပါတယ်။
FROM-DR TINT SWE

Wednesday, October 30, 2013

ဟိန္ဒားသတ္တုတွင်းအတွက် ဂျာမဏီက ယူထားသည့် အကြွေးပြန်ဆပ်ရမည်

Posted by drmyochit Wednesday, October 30, 2013, under | No comments


လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်ကတည်းက ဟိန္ဒားသတ္တုတွင်း စီမံကိန်းအတွက် မြန်မာနိုင်ငံက အနောက် ဂျာ မနီဆီကနေ ချေးယူထားတဲ့ ဂျာမနီမတ်ငွေ ၁၇ သန်းထဲက ငွေတွေ ပြန်ဆပ်ရဖို့ ကျန်ရှိနေတယ်လို့ သတ္တုနဲ့ သယံဇာတရေးရာ လွှတ်တော်ကော်မတီက ပြောကြားလိုက်ပါတယ်။

မဆလ အစိုးရလက်ထက် ၁၉၇၄ ခုနှစ်ကတည်းက ဟိန္ဒားသတ္တုတွင်း စီမံကိန်းအတွက် ချေးထားတဲ့ငွေတွေကို ပေးဆပ်ခဲ့ခြင်းမရှိဘဲ အခုမှ ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံတွေကို ပြန်ဆပ်ဖို့ သတ္တုတွင်း ၀န်ကြီးဌာနက တောင်းခံလာတဲ့အပေါ် မေးမြန်းရာကနေ ဒီကိစ္စ သိရှိတာလို့ သတ္တုနဲ့ သယံဇာတရေးရာ လွှတ်တော်ကော်မတီ အတွင်းရေးမှူး ဦးလှဆွေက ပြောပါတယ်။

“အစတုန်းက မဆပ်ဘူး။ အခုမှ ဘာလို့ ဆပ်တာလဲလို့ မသိလို့မေးတာ။ မေးတော့ သူတို့က အခုမှ ဆပ်ခိုင်းတာပါတဲ့။ ၅၀ ရာခိုင်နှုန်း လျှော့ပေးလိုက်တယ်ပေါ့။ ကျန်တာလေးပဲ ဆပ်ရတော့မှာပေါ့။ အတိုးက ဒီလောက်ပေါ့။ အရင်းက ဒီလောက်ပေါ့။ အခုတော့ ယူရိုငွေနဲ့ ပြန်ပြီး မတ်ငွေကို ချိန်းရတာပေါ့။ ချိန်းပြီးတော့ မြန်မာငွေနဲ့ တန်ဖိုးတွက်တာ ၂၀၃ သန်း။”

တနင်္သာရီတိုင် ထားဝယ်ခရိုင်မှာရှိတဲ့ ဟိန္ဒားသတ္တုတွင်း စီမံကိန်းအတွက် မြန်မာနိုင်ငံက ဂျာမနီ (ယခင်အနောက်ဂျာမနီနိုင်ငံ) ဆီကနေ ဂျာမန်မတ်ငွေ (၁၇ ဒဿမ ၂၂၀) သန်း ချေးယူထားခဲ့တာပါ။

ဒီချေးငွေထဲက ၄ သန်းခွဲလောက်ကို ၁၉၇၄ ခုနှစ်မှာ ပေးဆပ်ခဲ့ပြီး ကျန်ငွေ ၁၂ သန်းခွဲလောက်ကို မြန်မာနိုင်ငံက ပြန်လည်ပေးဆပ်ဖို့ ကျန်နေတယ်လို့လည်း သတ္တုတွင်း ၀န်ကြီးဌာနက အတည်ပြုပြောပါတယ်။

ဒါပေမယ့် တင်ရှိနေတဲ့ အကြွေးထဲက ၅၀ ရာခိုင်နှုန်းကို မြီရှင်နိုင်ငံက လျှော့ပေးလိုက်ပြီးဖြစ်လို့ ကျန်တဲ့ မတ်ငွေ ၆ သန်းကျော်ကို ၁၅ နှစ် ကာလအတွင်း ပေးဆပ်ရမှာ ဖြစ်ပြီး မတ်ငွေကို ယူရိုငွေနဲ့ ပြောင်းလဲ တွက်ချက် ပေးဆပ်ရမယ်လို့လည်း ဦးလှဆွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး သတ္တုတွင်း ၀န်ကြီးဌာနကို မေးမြန်းရာမှာတော့ ကြွေးရှိတာ မှန်ကန်သလို လျှော်ပေးထားတာရှိတဲ့အကြောင်း၊ ချေးငွေချေးယူတာကလည်း ဘဏ္ဍာရေး ၀န်ကြီးဌာန အစီအစဉ်နဲ့ ရယူထားတာ ဖြစ်တဲ့အတွက် ပြန်ဆပ်ရင်လည်း ဒီဝန်ကြီးဌာန အစီအစဉ်နဲ့ ပြန်ဆပ်မယ်လို့ သတ္တုတွင်းဝန်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။
၂၀၁၃ ဇန်န၀ါရီလထဲမှာ မြန်မာက ပဲရစ်ကလပ်ပေါ်မှာ တင်ရှိနေတဲ့ ကြွေးမြီ ဒေါ်လာ ၁၀.၃၂၇ ဘီလီယံ ထဲကနေ ဒေါ်လာ ၆.၁၉၂ ဘီလီယံကို လျှော်ပေးဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။

ဘဏ္ဍာရေး ၀န်ကြီး ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ ပဲရစ်ကလပ် ဥက္ကဋ္ဌ အပါအ၀င် ကလပ်အဖွဲ့ဝင် နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ ဇန်န၀ါရီလ ၂၄ ရက်နေ့မှာ ဆွေးနွေးပြီး အခုလို အကြွေးတွေ လျှော်ပေးဖို့ဆွေးနွေးနိုင်တယ်လို့ အစိုးရ သတင်းစာတွေက ကြေညာခဲ့ပါတယ်။

ပဲရစ်ကလပ်မှာ ပြင်သစ်၊ ဖင်လန်၊ အီတလီ၊ ဂျပန်၊ နော်ဝေ၊ နယ်သာလန်၊ အင်္ဂလန်၊ ဒိန်းမတ်၊ ကနေဒါ၊ ဩစတြီးယားနဲ့ ဂျာမနီစတဲ့ နိုင်ငံတွေနဲ့ အမြဲတမ်းအဖွဲ့ဝင် ၁၉ နိုင်ငံရှိပါတယ်။

by ဒီဗွီဘီ

ခေတ်သစ်ကျွန်သဘောက် အမည်ရှိ အလုပ်သမားများ အခြေအနေ အစီရင်ခံစာ ထုတ်ဝေ

Posted by drmyochit Wednesday, October 30, 2013, under | No comments


ရန်ကုန်၊ အောက်တိုဘာ ၃၀။

Labour Rights Clinic (L.R.C) နှင့် အလုပ်သမားအဖွဲ့အစည်းများ ပူးပေါင်း၍ ရန်ကုန်မြို့ရှိ စက်မှုဇုံ (၁၃)ခုမှ လုပ်ငန်းခွင်များသို့ စစ်တမ်းကောက်ယူထားသော ခေတ်သစ် ကျွန်သဘောက် အမည်ရှိ ရန်ကုန်စက်မှုဇုန် အတွင်းရှိ အလုပ်သမားများ အခြေအနေ (၂၀၁၂ – ၂၀၁၃ ) ကို Labour Rights Clinic (L.R.C) မှ ထုတ်ဝေ လိုက်သည်။

“ ဒီအစီရင်ခံစာကို ဘာလို့ထုတ်ဝေရတာလဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကို အသစ်ဝင်ရောက်လာမယ့် ရင်းနှီးမြှပ်နှံမှုတွေ၊ စီးပွါးရေး လုပ်ငန်းတွေ ရောက်လာပြီ ဆိုတာနဲ့ စက်မှုဇုံတွေ၊ စက်ရုံအလုပ်ရုံတွေမှာ စိန်ခေါ်မှု အသစ်တွေ ရှိလာပါတယ်။ အဲလိုဝင်ရောက်လာတာနဲ့အမျှ မြန်မာအလုပ်သမားတွေမှာ နဂိုရှိပြီးသား ပြဿနာတွေဟာ နောက်ထပ် အလုံးအရင်းနဲ့ ထပ်ပြီးဖြစ်လာဖို့ ရှိသလို အလုပ်သမားတွေရဲ့ ဘဝနဲ့အခွင့်အရေးတွေကို မီးမောင်းထိုးပြဖို့ လိုအပ်နေပါတယ်။ ဒီလိုအရေးကိစ္စတွေကို အများပြည်သူတွေ အာရုံစိုက်မှု အားနည်းနေပါတယ်။ ဒီအစီရင်ခံစာကနေ သတင်းပြတ်တောက်မှုတွေကို ဖာထေးပေးပြီး အများပြည်သူတွေ အာရုံစိုက်လာအောင် ရည်ရွယ်ပါတယ်။ ဒီအစီရင်ခံစာကို အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေ၊ အလုပ်သမား သမဂ္ဂတွေနဲ့ ဘယ်လိုအကြောင်း အရာတွေ၊ ဘယ်လို အခြေအနေတွေကို အဓိကထားပြီး တင်ပြကြမယ် ဆိုတာကို ဆွေးနွေးပြီးမှ အဆင့်ဆင့်ပြုစုခဲ့တာပါ။ အဓိကအခြေတည်တဲ့ အချက်အလက်တွေကတော့ လှိုင်သာယာ စက်မှုဇုံတွေမှာ ဖြစ်ပျက်နေတာတွေကို စစ်တမ်း ကောက်ယူ ထားပါတယ်။ ရရှိလာတဲ့ အချက်အလက်တွေကိုမှ စုစည်းပြီးတော့ သက်ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ ရေးဆွဲခဲ့တာ ဖြစ်ပါတယ် ”ဟု လုပ်သားနှင့် အလုပ်သမားရေးရာ အတိုင်ပင်ခံစင်တာမှ ဦးချစ်ဦးမောင်က ပြောသည်။

ယခုထုတ်ဝေလိုက်သော အစီရင်ခံစာတွင် အလုပ်သမားအခွင့်အရေး ချိုးဖေါက်ခံရမှုများ၊ လုပ်အားခ လစာ နည်းပါးမှုများ၊ လုပ်ငန်းခွင် လုံခြုံရေး အားနည်းမှုများ၊ အလုပ်သမား အသင်းအပင်းများ လွတ်လပ်စွာ ဖွဲ့စည်းခွင့် မရမှုများ၊ လုပ်ငန်းခွင် ကျန်းမာရေး စောင့်ရှောက်မှု အားနည်းမှုများကို လေ့လာစစ်တမ်း ကောက်ယူထားပြီး ယင်းအစီရင်ခံစာအား အလုပ်သမား ဝန်ကြီးဌာန၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အလုပ်သမားဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့သွားမည်ဟုလည်း ၎င်းက ဆက်လက်၍ ပြောခဲ့သည်။

ဓါတ်ပုံ သီဟသစ်
မြန်မာ့ခေတ်

အဆုတ်သန့်စင်စေသော ကန်စွန်းရွက်ပြုတ်ဟင်းချို

Posted by drmyochit Wednesday, October 30, 2013, under | No comments


ဤဟင်းချိုသည် ဆေးလိပ်သောက်သူများ၊ အာပုပ်နံ့နံသူများ၊ ခန္ဓာကိုယ်အပူများနေသူများ၊ ချောင်းဆိုးနေသူများအတွက် ထိရောက်စွာ အကျိုးပြုနိုင်သည်။

လိုအပ်သောပစ္စည်းများ

ကန်စွန်းရွက် (၁) Kg အရိုးကိုပါ အသုံးပြုပါ။
ပျားရည် (၄၀၀) ဂရမ်ရေ (၄)လီတာမျှရေကောင်းကောင်းဆန့်သည့်
အိုးကြီး (၁)အိုး

ပြုလုပ်နည်း

အထက်ပါပစ္စည်းများ အားလုံးရော၍ မီးမျှင်းမျှင်းနှင့် (၄) နာရီ ကြာတည်ပါ။
အဖတ်များကို စစ်၍ ပုလင်းထဲ ထည့်ပြီး ရေခဲသေတ္တာထဲတွင် (၂-၃)ရက်ထားပါ။ မိသားစု (၁)ဦးချင်း တစ်နေ့(၁)ခွက်သောက် ရပါမည်။

ကန်စွန်းရွက်ဟင်းချိုသောက်ခြင်းဖြင့် အဆုတ်အတွက် ကောင်းသည်ဟု တရုတ်လူမျိုးများက အထူးသဖြင့် ဓလေ့ရိုးရာအဖြစ် သောက်ကြသည်။

အကျိုးသက်ရောက်ပုံများမှာ

(၁) အဆုတ်အတွင်း အဆိပ်အတောက်များကို စင်ကြယ်သန့်ရှင်းစေသည်။ ဆေးလိပ်သောက်သူများ လေထုညစ်ညမ်းသော ပတ်ဝန်းကျင် တွင် နေထိုင်သူများအတွက် ကြီးမားသော ကောင်းကျိုးရစေသည်။
(၂)အာပုပ်နံ့နံသူများသည်လည်း ဤဟင်းချိုသောက်ခြင်းက ကုစားစေနိုင်သည်။
(၃)ပူ၍ခြောက်သွေ့သော ရာသီတွင် ခန္ဓာကိုယ်တွင်း အပူများသူများ သောက်ခြင်းဖြင့် အပူငြိမ်းစေသည်။
(၄)အဆုတ်ကို သန့်ရှင်းစင်ကြယ်စေသဖြင့် ချောင်းဆိုးနေသူများအတွက် သင့်လျော်ကောင်းမွန်သောဆေးတစ်လက်ဖြစ်သည်။

HT
Health Updates Journal

လုပ်ခ တိုးပေးရန် တိုင်ကွန်း အထည်ချုပ်လုပ်သား ၅၀၀ ကျော် ဆန္ဒပြ

Posted by drmyochit Wednesday, October 30, 2013, under | No comments

ဝရန်တာပေါ် ထွက်ထိုင်ပြီး ဆန္ဒပြနေကြသော အလုပ်သမားများကို တွေ့ရစဉ်

ရန်ကုန်၊ အောက်တိုဘာလ ၂၉

ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန် အပိုင်း (၁) ရှိ တရုတ်နိုင်ငံသား ပိုင်ဆိုင်သည့် တိုင်ကွန်း (Tycoon) အထည်ချုပ်စက်ရုံ လုပ်သား ၅၀၀ ကျော်သည် အချိန်ပို အလုပ်ချိန်များပြီး လုပ်အားခ နည်းပါးသဖြင့် လုပ်ခ တိုးမြှင့်ပေးရန် အောက်တိုဘာလ ၂၆ ရက်နေ့မှ စတင်ကာ ဆန္ဒပြ တောင်းဆိုနေကြကြောင်း အဆိုပါ လုပ်သားများထံမှ သိရှိရသည်။


အလုပ်ချိန်အဖြစ် နံနက် ၇ နာရီ ၃၀ မိနစ်မှ ည ၇ နာရီအထိ အလုပ်လုပ်ကိုင်ရပြီး ပုံမှန်အချိန်ပို အလုပ်ချိန် အဖြစ် ည ၉ နာရီ အထိ အလုပ်လုပ်ကိုင်ရကြောင်း၊ အော်ဒါအပေါ် မူတည်ကာ တစ်ခါတစ်ရံ ည ၁၁ နာရီ အထိ အလုပ် လုပ်ကိုင်ရသော်လည်း လုပ်သားတစ်ဦး၏ တစ်လစာ လုပ်အားခမှာ ကျပ်ရှစ်သောင်းသာ ရရှိသဖြင့် လုပ်အားခ တိုးပေးရန် ဆန္ဒပြခြင်း ဖြစ်ကြောင်း ဆန္ဒပြ လုပ်သားတစ်ဦးက ပြောကြားသည်။

လုပ်အားခ နေ့စဉ်ကြေးအဖြစ် တစ်ရက်လျှင် ၂၀၀ ကျပ် တိုးပေးရန်၊ ရှားပါး စရိတ် ၅၀၀ ကျပ် တိုးပေးရန်၊ အလုပ်ချိန်ကို နံနက် ၈ နာရီမှ ည ၇ နာရီ အထိသာ သတ်မှတ်ပေးရန် အပါအဝင် အချက် ခြောက်ချက်ကို တောင်းဆိုခြင်း ဖြစ်ကြောင်း၊ ယင်းတောင်းဆိုချက်များ ရရှိရေး အလုပ်ရှင်နှင့် ညှိနှိုင်းရာတွင် လုပ်ခ တိုးရေးနှင့် အလုပ်ချိန် လျှော့ချရေး အချက် သုံးချက်ကို အလုပ်ရှင်က လိုက်လျောခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

ယင်း တောင်းဆိုမှုများကို ရရှိရေးအတွက် အငြင်းပွားမှု ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့သို့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် တင်ပြထားကြောင်း ဆန္ဒပြ လုပ်သားများထံမှ သိရှိရသည်။ အဆိုပါကိ စ္စနှင့် ပတ်သက်၍ တိုင်ကွန်း အထည်ချုပ်စက်ရုံ မန်နေဂျာထံသို့ လူကိုယ်တိုင် သွားရောက် မေးမြန်းခဲ့သော်လည်း အလုပ်မအားသေး၍ ပြန်လည် မဖြေနိုင်သေးကြောင်း စက်ရုံလုံခြုံရေးမှ တစ်ဆင့် ပြန်လည် ပြောဆိုသည်။

တိုင်ကွန်း အထည်ချုပ်စက်ရုံ ဖွင့်လှစ်ထားသည်မှာ တစ်နှစ်ခန့်သာ ရှိသေးပြီး စက်ရုံလုပ်သား ၆၀၀ ကျော် ရှိသည့်အနက် ၅၀၀ ကျော်က ဆန္ဒပြ တောင်းဆိုခြင်း ဖြစ်သည်။

From: The Voice Weekly

ပါလက်စတိုင်းအကျဉ်းသား ၂၆ ဦးကို အစ္စရေး ပြန်လွှတ်

Posted by drmyochit Wednesday, October 30, 2013, under | No comments

အကျဉ်းသား ၂၁ ဦးကို ယနေ့မွန်းလွဲပိုင်းတွင် ဂျေရုဆလင်မ်အနီး အနောက်ဘက်ကမ်းခြေရှိ အော့ဖ်ဖာအကျဉ်းထောင်မှ ပြန်လွှတ်ပေးခဲ့ပြီး မကြာမီပင် နောက်ထပ် အကျဉ်းသား ၅ ဦးကိုလည်း ပြန်လွှတ်ပေးလိုက်


အစ္စရေးအစိုးရသည် ပါလက်စတိုင်းအကျဉ်းသား ၂၆ ဦးအား ယနေ့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရေး အမေရိကန်၏ ကြားဝင်ဆောင်ရွက်မှုရလဒ်အဖြစ် ပါလက်စတိုင်းအကျဉ်းသားများကို အစ္စရေးက ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကျဉ်းသား ၂၁ ဦးကို ယနေ့မွန်းလွဲပိုင်းတွင် ဂျေရုဆလင်မ်အနီး အနောက်ဘက်ကမ်းခြေရှိ အော့ဖ်ဖာအကျဉ်းထောင်မှ ပြန်လွှတ်ပေးခဲ့ပြီး မကြာမီပင် နောက်ထပ် အကျဉ်းသား ၅ ဦးကိုလည်း ပြန်လွှတ်ပေးလိုက်ကြောင်း AFP သတင်းက ဖော်ပြသည်။

အစ္စရေးက ပြန်လွှတ်ပေးလိုက်သော အကျဉ်းသားများသည် ဘတ်စ်ကားနှစ်စီးဖြင့် ဂျေရုဆလင်မ်မြောက်ဘက်ရှိ ဘီတူနီယာမြို့သို့ ထွက်ခွာသွားပြီး အဆိုပါမြို့တွင် ၎င်းတို့အား ပါလက်စတိုင်းတို့က မီးရှူးမီးပန်းများ ပစ်ဖောက်ကာ ကြိုဆိုခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် ရာမာလာမြို့သို့ ဆက်လက်ထွက်ခွာကြပြီး ရာမာလာတွင် ပါလက်စတိုင်းခေါင်းဆောင် မာမွတ် အဘတ်စ်က အခမ်းအနားဖြင့် ကြိုဆိုမည်ဖြစ်သည်။ ပါလက်စတိုင်း အကျဉ်းသားများအား အစ္စရေးနယ်နမိတ်ကို ဖြတ်သန်းကာ ပါလက်စတိုင်းနယ်မြေအတွင်း စတင်ရောက်ရှိသည်နှင့် ၎င်းတို့၏ဆွေမျိုးများနှင့် ဒေသခံတို့က ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။

ယနေ့ ပြန်လည် လွတ်မြောက်လာသော အကျဉ်းသား ၂၆ ဦးမှာ အစ္စရေးတို့အား တိုက်ခိုက်သတ်ဖြတ် မှုအ တွက် ထောင်ဒဏ်များ ချမှတ်ခံထားရခြင်းဖြစ်သည်။ တိုက်ခိုက်မှုအများစုမှာ ၁၉၉၃ ခုနှစ် အစ္စရေးနှင့် ပါလက်စ တိုင်းတို့ကြား ရရှိခဲ့သည့် အော်စလိုသဘောတူညီချက် မတိုင်မီ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အရှေ့အ လယ်ပိုင်းဒေသ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်မစတင်မီ အကြိုညှိနှိုင်းမှုများအရ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူက ပါလက်စတိုင်းအကျဉ်းသား ၁၀၄ ဦးကို ပြန်လွှတ်ပေးရန် သဘောတူညီထားသည်။ သြဂုတ်လအတွင်းက ပထမဆုံးအသုတ်အဖြစ် ပါလက်စတိုင်းအကျဉ်းသား ၂၆ ဦးကို အစ္စရေးက ပြန်လွှတ်ပေးခဲ့ပြီးဖြစ်သည်။ အစ္စရေးနှင့်ပါလက်စတိုင်းတို့ကြား ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုများမှာ ၃ နှစ်ကြာ ရပ်တန့်နေခဲ့ခြင်းလည်း ဖြစ်သည်။

From: Planet Myanmar Network

စုန်းမအဖြစ် စွပ်စွဲမှုတစ်ခုကို ပါပူအာရဲတပ်ဖွဲ့ အတည်ပြုရန် ခက်ခဲနေ

Posted by drmyochit Wednesday, October 30, 2013, under | No comments

ပါပူအာ နယူးဂီနီတွင်မူ စုန်းမတစ်ယောက်အကြောင်း သတင်းသည် ခြောက်ခြားစရာအဖြစ် အမှန်တကယ် ထွက်ပေါ်လာသလို ရဲတပ်ဖွဲ့ကပါ အဆိုပါ အမှုအတွက် စုံစမ်းနေရကြောင်း သိရှိရ

စုန်းမဆိုသော အယူအစွဲမျိုးသည် ယနေ့ခေတ်တွင် အမှန်တရားအဖြစ် လက်ခံနိုင်ရန် ခက်ခဲသွားသည့် ခေတ်နောက်ပြန်ဆွဲမှုမျိုးဟု ဝေဖန်ခံရမည့် အခြေအနေ ရှိနေသည်။ သို့သော်လည်း ပါပူအာ နယူးဂီနီတွင်မူ စုန်းမတစ်ယောက်အကြောင်း သတင်းသည် ခြောက်ခြားစရာအဖြစ် အမှန်တကယ် ထွက်ပေါ်လာသလို ရဲတပ်ဖွဲ့ကပါ အဆိုပါ အမှုအတွက် စုံစမ်းနေရကြောင်း သိရှိရသည်။ စုန်းမအဖြစ် စွပ်စွဲခံရသော အဆိုပါ အမျိုးသမီးသည် ကလေးများကို သတ်ဖြတ်ကာ နှလုံးသားကို ထုတ်စားလေ့ရှိကြောင်း လူပြောများလာသည့်နောက် ဒေသတွင်းရှိ ရွာသားများက သူမကို ဝိုင်းဖမ်းဆီးခဲ့ကြသည်။ ထို့နောက် စုန်းမကို ရွာသားများက ဖမ်းဆီးကာ နှိပ်စက်ညှင်းဆဲခဲ့ကြသည်။

ထိုသတင်းကို ကြားသိရသည့်နောက် ပါပူအာ ရဲတပ်ဖွဲ့သည် အမျိုးသမီးကို ကယ်တင်ရန်အတွက် အဆိုပါရွာသို့ သွားရောက်ကယ်တင်ခဲ့ရသည်။ ရွာသားများက သူမကို တစ်ကိုယ်လုံးချွတ်ကာ မီးရဲနေအောင် ဖုတ်ထားသည့် သံချောင်းများဖြင့် ထိုးနှက် နှိပ်စက်ခဲ့သော်လည်း စုန်းမသည် လုံးဝ နာကျင်ဟန်မပြကြောင်း မျက်မြင်တစ်ဦးက ပြောကြားခဲ့သည်။ ရဲများရောက်ရှိလာချိန်တွင် အမျိုးသမီးက မိမိသည် နှိပ်စက်သူများကို သတ်ဖြတ်ပြီး ဒဏ်ပေးသည့် အနေဖြင့် ၎င်းတို့၏ နှလုံးများကို ဖောက်ထုတ် စားသောက်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ကလေးတစ်ဦးကို သတ်ဖြတ်ကာ အသည်းဖောက်စားခဲ့ကြောင်း ရွာသားများက စွပ်စွဲခဲ့သည့် သက်လတ်ပိုင်း အမျိုးသမီးနှင့် ပတ်သက်ပြီး စုံစမ်းနေဆဲသာဖြစ်ကြောင်း ရဲများက ဆိုသည်။

မျက်မြင်များ၏ အဆိုအရ ညှင်းပန်းနှိပ်စက်သူများသည် စုန်းမ၏ ခန္ဓာကိုယ် အနှံ့သို့ မီးရဲရဲ သံချောင်းဖြင့် ထိုးခဲ့သလို ဘယ်ဖက်နားရွက်ကို ပလာယာဖြင့် ညှပ်ထုတ်ခဲ့ကြောင်း သိရသည်။ ရင်ဘတ်တွင်လည်း သံချောင်းဖြင့် အစိုက်ခံရပြီး သွားတစ်ချောင်းလည်း ကျွတ်သွားသည်။ သို့သော်လည်း သူမသည် နာကျင်ဟန် မရှိဘဲ ဒေါသတကြီး အော်ဟစ်ကာ နှိပ်စက်သူ အချို့ကို သတ်ဖြတ်ပြီး နှလုံးများ ဖောက်စားခဲ့ကြောင်း မျက်မြင်အများအပြားက ပြောဆိုနေကြသည်။ ယင်းဖြစ်ရပ်သည် ချဲ့ကားစကား ဟုတ်မဟုတ် ရဲများက ထဲထဲဝင်ဝင် စုံစမ်းလျှက်ရှိသည်။ "အသားထဲ သံချောင်းစိုက်ဝင်သွားတာတောင် လုံးဝ နာပုံမရဘူး။ ပြီးတော့ သူသတ်မယ့် လူစာရင်းကိုလည်း နာမည်တွေ တန်းစီပြီး အော်နေသေးတယ်"ဟု မျက်မြင်တစ်ဦးက ဒေသခံ သတင်းစာ တစ်စောင်သို့ ပြောကြားခဲ့သည်။

ထို့နောက် လူအများက စုန်းမကို မီးတင်ရှို့ရန် ပြင်ဆင်နေစဉ် ရဲများ ရောက်ရှိသွားခြင်း ဖြစ်သည်။ ပါပူအာတွင် စုန်းအတတ်နှင့် စပ်လျဉ်းသော ယုံကြည်မှုများ ရှိနေဆဲဖြစ်ပြီး ပြီးခဲ့သည့် လကလည်း ရူးသွပ်နေသော အမျိုးသား တစ်ဦးသည် သမီးဖြစ်သူ၏ လည်ပင်းကို ဓားဖြင့်ခုတ်ကာ သတ်ဖြတ်ပြီး ဒဏ်ရာမှ စီးကျလာသည့် သွေးများကို သောက်ခဲ့သဖြင့် အောက်လမ်းစီရင်မှု တစ်ခုအဖြစ် လူပြောများခဲ့သေးကြောင်း သိရှိရသည်။

From: Planet Myanmar Network

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်