Thursday, February 28, 2013

စိုင်းနော်ခမ်းနှင့် အပေါင်းအပါ (၃) ဦးကို ဆေးထိုးသတ်မည်

Posted by drmyochit Thursday, February 28, 2013, under | No comments


တရုတ်နိုင်ငံ တရားရုံးမှာ သေဒဏ်စီရင်ခံထားရတဲ့ ရှမ်းတိုင်းရင်းသား စိုင်းနော်ခမ်းနဲ့ အပေါင်းအပါ ၃ ဦးကို မတ် ၁ ရက်နေ့မှာ ဆေးထိုးသတ်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

မဲခေါင်မြစ်အတွင်းက တရုတ်သဘောင်္သား ၁၃ ဦးကို သတ်ဖြတ် မှုနဲ့ ဖမ်းဆီးထားတဲ့ စိုင်းနော်ခမ်းကို ယူနန် ခရိုင် အနောက်တောင်ပိုင်း ကူမင်းမှာ မတ် ၁ ရက်နေ့ ဆေးထိုး ကွပ်မျက်ဖို့ ကူမင်း လူထုတရား ရုံးက ဖေဖော် ၀ါရီ ၂၇ ရက်နေ့က ချမှတ်လိုက် ပါတယ်။

နယူးဇီလန်ကမ်းခြေတွင် ငါးမန်းဖြူကိုက်ခံရမှုကြောင့် လူတစ်ဦးသေဆုံး

Posted by drmyochit Thursday, February 28, 2013, under | No comments

ငါးမန်း ကိုက်ခံရသူသည် အသက်(၄၆)နှစ်ရှိ ရုပ်ရှင် ဒါရိုက်တာ အဒမ် စထရိန်းဂ်ျဆိုသူ ဖြစ်ပြီး ကမ်းခြေမှ မီတာ (၂၀၀)ကျော် အကွာတွင် ရေကူးနေစဉ် ငါးမန်းဆွဲ သွားခြင်း ဖြစ်သည်။ မူရီဝေ ကမ်းခြေ အနီး တွင် ဖြစ်ပွားခဲ့သော လူသေမှုအတွက် လက်သည် ငါးမန်းမှာ အရှည် (၁၂)ပေမှ (၁၄)ပေကြား ရှိနိုင်ကြောင်းလည်း ကျွမ်းကျင် သူများ က သုံးသပ်ခဲ့သည်။ 
နယူးဇီလန် ကမ်းခြေ တစ်ခုတွင် ငါးမန်းကိုက်ခံရမှုကြောင့် လူတစ်ဦး သေဆုံး သွားကြောင်း သိရှိရသည်။ ကမ်းခြေစောင့် ရဲတပ်ဖွဲ့သည် ရေပေါ် ပေါလောမျောနေ သူထံ အမြန်ဆုံး သွားရောက်ခဲ့သော်လည်း အချိန်မ မီခဲ့ချေ။ ၎င်းတို့သည် ငါးမန်းကိုက်ရာများနှင့် သွေးအလူးလူး ဖြစ်နေသော အလောင်းကိုသာ ပြန်ရခဲ့သည်။ ဗုဒ္ဓဟူးနေ့က အောက္က လန် အနောက်ဘက်ရှိ နာမည်ကျော် ကမ်းခြေ တစ်ခုတွင် အဆိုပါ ငါးမန်း တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ လူအများ နွေရာသီတွင် ကျရောက်သော နေရောင်ခြည်ကို ခံယူရန် စုရုံး ရောက်ရှိနေတတ်သည့် အချိန်မျိုးတွင် ယခုလို ထိတ်လန့်ဖွယ် ကိစ္စမျိုး ဖြစ်ပေါ်လာခြင်းဟုလည်း သတင်းများက ဆိုသည်။

သေးလွန်းတဲ့ ပစ္စည်းကြောင့် ၉ နှစ်အရွယ်သားကို စေတနာဖြင့် သတ်သော အင်ဒို မိခင်

Posted by drmyochit Thursday, February 28, 2013, under | No comments


အင်ဒို နီးရှား အမျိုး သမီး တစ်ဦးဟာ သူမရဲ့ အသက် ၉ နှစ်အရွယ် သားငယ်ကို သေးငယ် လွန်း တဲ့ လိင် တံကြောင့် အနာဂတ်ရှေ့ရေး အဆင် မပြေ မှာ စိုးသည့်အတွက် ရေချိုး ခန်းထဲ ရေနှစ် သတ်ခဲ့ တယ်လို့ ဂျာကာ တာ ရဲတပ် ဖွဲ့က ကြာသပ တေးနေ့တွင် ပြောခဲ့ကြောင်း Asiaone သတင်းတွင် ဖော်ပြထားပါသည်။

ဂျာကာတာမြို့တော်တွင် နေထိုင်သည့် အဆိုပါ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးက သူမရဲ့ သားပ စ္စည်းဟာ ကုလား ရှင်ပြုခဲ့သော်လည်း နောက်ပိုင်း ပိုပိုငယ်လာကြောင်း၊ နောင်အနာ ဂတ်တွင် သူ၏ ထိုပိ စိလေးဖြင့် စိတ်ဆင်းရဲစရာများ ကြုံတွေ့မည် စိုးသောကြောင့် သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ၀င်များကို ပြောကြား ခဲ့ ပါသည်။

ဘင်္ဂလာအ၀ကျွန်းဒေသမှ ရှေးခေတ်ရခိုင်လှေကြီး တူးဖေါ်မူ အောင်မြင်စွာ ပြီးစီး

Posted by drmyochit Thursday, February 28, 2013, under | No comments


တူးဖေါ်ထားသော ရှေးခေတ်လှေကြီးကို တွေ့ရစဉ် ( ဓါတ်ပုံ- Wassama Doja from The Dailystar)

သဲသောင်ပြင်တွင် နစ်မြုပ်နေသော ဘင်္ဂလာဒေ ခ်ျ့နိုင်ငံ အ၀ကျွန်းဒေသမှ ရှေးခေတ် ရခိုင်လှေကြီး ကို အောင်မြင်စွာ ဖေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အလျား ၇၂ ပေ၊ အနံ ၂၃ ပေထိ ကြီးမားသော ရခိုင် ရှေးခေတ်လှေကြီး ကို ဒုတိယ အကြိမ်မြောက် ပြန်လည်တူး ဖေါ်ရာတွင် နောက်ဆုံးအဆင့်တွင် အောင်မြင်မူ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ရှေးဟောင်း သုတေသနက ပြောသည်။

နော်ဝေရောက် မြန်မာ ဒုက္ခသည်များ ရိုင်းစိုင်းမှုကို ဘယ် ဂျာနယ်ကမှ အပြစ်တင်ဝေ ဖန်ခြင်း မရှိသေးသော်လည်း လူထု၏ မကျေနပ်သံများဆူညံနေ

Posted by drmyochit Thursday, February 28, 2013, under | No comments


သက်တန့်ချို : သမ္မတကြီး အဖွဲ့ကို နော်ဝေမှာ ဆန္ဒပြတာ ကို ဘာမှ မပြော လိုဘူး ဒါပေမယ့် ပြပုံပြနည်း ကို ဘ၀င်မ ကျဘူး ။ ရွှေပန်းဖြင့် ကြိုဆိုပါ၏ ဆိုတာ . . Liar Thein Sein ဆိုတာ ဘာ သဘောလဲ လူတိုင်း သိတယ် ။ လူလိမ် လို့ပြော ရအောင် သူပြုပြင်ပြောင်း လဲနေလို့ ကျွန်တော် တို့ သိန်း ၄၀ တန်ဖုန်းတွေ ကနေ အနည်း ဆုံးတော့ ၂ သိန်းလောက် အထိ ကိုင် လာနိုင်ကြတယ် ။ လက်လှမ်း မမှီတဲ့ ကားတွေကို မော်ဒယ်မြင့်တွေ စီးလာနိုင်ကြ တယ် ။ ဂျာနယ်လွတ် လပ်ခွင့်တွေ အနည်းငယ် ပဲဖြစ်စေ ရလာကြတယ် ။ ဒေါ်စုဆိုပြီး ကျယ်ကျယ်လောင် လောင်အော်ရဲ လာတယ် ။ အရင်က အဲဒါတွေ ရှိခဲ့လို့လား ။ ဒါဟာ သူမပြောင်း လို့ ဘယ်သူပြောင်း တာလဲ ။ သူ့ အခြေ အနေနဲ့ သူ့လုပ်ပိုင် ခွင့်နဲ့ အကောင်း ဖက်ကလည်း နည်းနည်းကြည့်စေ ချင်တယ် ။ လိုချင်တာကိုတောင်းပါ ဒါပေမယ့် စကားလုံးတွေ ကတော့သိ က္ခာမမဲ့စေ ချင်ဘူး ။ ဒါဟာ သမ္မတကို စော်ကားခြင်းပဲ ဆန္ဒပြတာနဲ့မတူဘူး ။ သမ္မတက ဆန္ဒပြနေတဲ့သူကို လစ်လျှု မပြုဘူး ဆွေးနွေး ခိုင်းတယ် သိရတယ် ။ အဆင့်အတန်းမြင့်မြင့် ဆန္ဒပြစေချင်တယ် ။ ပြည်တွင်း ကိုပြန် လာပါ ဒိုးတူဘောင် ဖက်လုပ် ကိုင်ပါ ဆင်းရဲဒုက္ခကို အတူခံစားပြီး ဆန္ဒပြပါ ။ သမ္မတလည်း နှလုံးခုန် စက်လေး ဘက်ထရီ အားပြည့်ရဲ့လားမသိ ။  

သေဆုံးခဲ့သည့် ရဲတပ်သား ရဲကျော်သူ၏ ဖြစ်စဉ်အား လူသတ်မှုဖြင့် အမှုဖွင့်မည်ဟု ဒုတိုင်းရဲမှူးကြီးပြော

Posted by drmyochit Thursday, February 28, 2013, under | No comments


မအူပင်မြို့နယ် မလက်တိုကျေး ရွာအုပ်စု ပလောင်ကျေး ရွာတွင် ဖြစ်ပွားနေသော ပဋိ ပက္ခကြောင့် ဓားဒဏ် ရာဖြင့်သေ ဆုံးခဲ့ရသော ရဲတပ် သား ရဲကျော်သူ ၏ဖြစ်စဉ်အပေါ် ကျူးလွန် သူအား လူသတ်မှုဖြင့် အမှုဖွင့် အေ ရး ယူဆောင် ရွက်သွား မည်ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုးရုံး ဒုတိုင်း ရဲမှုးကြီးက ပြောသည်။
 " ဒီေ န့ မနက် ၉ နာရီကျော်ကျော်မှာ သေဆုံးသွား ပါတယ်၊ ဥပဒေအတိုင်းပဲ လုပ်ရမှာပေါ့" ဟု၎င်း ကပြော သည်။ 

ပျောက်ဆုံးနေသော မိသားစုဘ၀များ

Posted by drmyochit Thursday, February 28, 2013, under | No comments


ရေးသားသူ- ရဲနောင်

တိုင်လေး တိုင်ထူ၊ ဓနိမိုး၊ ထရံကာ အလုပ် သမား တန်းလျားလေး များရှိသည့် ကျောက်ရေမြောင်းပုပ် အနံ့အ သက် ဆိုးရွားလှသည့် ရပ်ကွက်အတွင်း ညစ်ပေသော လမ်းကျဉ်းလေးများပေါ်တွင် ဆော့က စားနေသော ကလေး များ၏ အသံများဖြင့် ဆူညံနေ သည်။

ရှိသမျှကလေးများ လမ်းပေါ်ထွက် ဆူညံဆော့ကစားနေသည့် မြင်ကွင်းက ထိုရပ်ကွက်များအတွက်တော့ အဆန်း မဟုတ်။ ယခုလို အချိန်များတွင် ရပ်ကွက်ထဲ၌ ကလေးငယ်များနှင့် အသက် အရွယ်ကြီး ရင့်သူများ သာ ရှိကြသည်။ လူရွယ်၊ လူလတ်ပိုင်းများမှာ အလုပ်သွားနေကြခြင်း ဖြစ်သည်။ အမျိုးသမီးအများစုက စက်မှုဇုန်၊ အထည်ချုပ်စက်ရုံများတွင် မိုးလင်းမိုးချုပ် အလုပ်ဆင်းကြသည်။ 

ရွာသားများ ဓားဖြင့်ဝိုင်းခုတ်သဖြင့် သေဆုံးသူ ရဲတစ်ဦး၏ မိသားစုအား ရွှေညဝါဆရာတော်၊ ဦးဝီရသူ နှင့် ပါမောက္ခ ဆရာတော် တို့မှ အလှူငွေ သိန်း (၂၀) လှူဒါန်း

Posted by drmyochit Thursday, February 28, 2013, under | No comments


ဧရာဝတီ တိုင်းဒေ သကြီး၊ မအူပင် မြို့နယ်၊ မလက်တိုကျေးရွာ အုပ်စု၊ ပလောင်ကျေးရွာ တွင်ဖေဖော် ၀ါရီလ( ၂၆ )ရက်နေ့က လယ်ယာမြေ ကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင် များနှင့် ဒေသခံ များအကြား ဖြစ်ပွား ခဲ့သော ပဋိ ပက္ခ များကြောင့် ထိခိုက် ဒဏ်ရာ ရရှိ သူများနှင့်သေ ဆုံးသူ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ မိသား စုအားရွှေည၀ါ ဆရာတော်၊ ဆရာတော် ဦးဝီရသူနှင့် မကွေး ဆရာတော် ရှင်ပါမောက္ခ တို့က အလှူငွေ ကျပ်သိန်း (၂၀) ကို လှူဒါန်းထောက် ပံ့ခဲ့ကြောင်း အဆို ပါဒေသ သို့သွားရောက် သတင်း ရယူနေသော The Messenger သတင်းထောက်က သတင်းပေး ပို့သည်။

၁၅ နှစ်အရွယ် ၀န်ထမ်းမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ မတ်လ ၆ ရက်တွင် ရုံးချိန်းခေါ်ယူထား

Posted by drmyochit Thursday, February 28, 2013, under | No comments


မြောက်ဥက္ကလာပမြို့နယ်၊ ချယ်ရီ စားသောက် ဆိုင်မှ ၁၅ နှစ်အရွယ် ၀န်ထမ်း မိန်းကလေးကို ဆိုင်ရှင်မှ အဓမ္မပြုကျင့် ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ လာမည့်မတ်လ ၆ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံး၌ ရုံးချိန်း ထပ်မံ ချိန်းဆို ထားကြောင်း မိန်းကလေး၏ မိသားစုဝင်များက ပြောသည်။

ထိုနေ့တွင် အဓမ္မပြုကျင့်ခံရသည့်အပေါ် တရားလိုပြု တိုင်တန်းသူ ဦးတင်ဌေးကို စစ်ဆေးမည်ဖြစ်ပြီး ယခုရုံး ချိန်းသည် တတိယမြောက်ရုံးချိန်းဖြစ်ကြောင်း သိရသည်။

တရုတ်မူဝါဒ ပြောင်းလဲလိမ့်မည် မဟုတ်ကြောင်း တရုတ်အာဏာရ ကွန်မြူနစ်ပါတီပိုင် The Global Times သတင်းစာ ဖော်ပြ

Posted by drmyochit Thursday, February 28, 2013, under | No comments


မြန်မာ့ဒီမိုကရက်တစ် အကူးအပြောင်းသည် အာရှ၌ ပထ၀ီနိုင်ငံရေး အကျိုးစီးပွားများအတွက် စစ်မြေပြင် သစ် ဖြစ်လာကြောင်းနှင့် ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနိုင်ရခဲ့ ပါကလည်း မြန်မာနိုင်ငံ၏ တရုတ်မူဝါဒ ပြောင်းလဲ လိမ့်မည် မဟုတ်ကြောင်း တရုတ်အာဏာရ ကွန်မြူနစ် ပါတီပိုင် The Global Times သတင်း စာက ဖေဖော်ဝါရီ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။

ဆောင်း ပါးရှင် Bi Shihong ၏ 'No need to create false gulf between Beijing, Nay Pyi Taw' ဆောင်းပါး ကို The Global Times သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

ကားဂိတ်တွေကို ဆက်ကြေးကောက်နေတဲ့ SSA ၀မ်ဟိုင်းအဖွဲ့

Posted by drmyochit Thursday, February 28, 2013, under | No comments


အက်စ်အက်စ်အေ (၀မ်ဟိုင်း) အဖွဲ့ဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က နမ္မတူ မြို့မှာရှိတဲ့ ငွေရတနာ မန်းကား ဂိတ် ၃ ဂိတ်စလုံးကို ဆက်ကြေးေ တာင်း ခံတဲ့ အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။ ကားဂိတ် ၃ ဂိတ် စလုံးမှာ မှန်လုံ ကားကြီး ဆိုရင် ငွေတစ်သိန်း၊ မှန်လုံကားလတ် ဆိုရင် ငွေခုနှစ်သောင်း နဲ့ မှန်လုံကား အသေးဆိုရင် ငွေ ငါးသောင်းနှုန်းနဲ့ တောင်းခံခဲ့ ပါတယ်။ တောင်းတဲ့ငွေမပေးခဲ့ရင် ခရီးသည် တင်ယာဉ်တွေ ကို ပစ်ခတ် မယ် လို့ခြိမ်းခြောက် ခဲ့ပါတယ်။

အက်စ်အက်စ်အေ (၀မ်ဟိုင်း)ဟာ အစိုးရနဲ့ အပစ် အခတ် ရပ်စဲရေး သဘာတူ ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့တွေ အတွက် အစိုးရက တရားဝင် သတ်မှတ်ထားတဲ့နယ်မြေက ၀မ်ဟိုင်းမှာ ဖြစ်ပါ တယ်။ ဒါပေမယ့် နမ့်ပုတ်၊ နမ့်ဆမ်၊ မန်တုံ၊ မုံးဟင်၊ မုံးဟ ဒေသများကိုပါ ၀င်ရောက်အင်အား တိုး ချဲ့နေတာဖြစ် ပါတယ်။ အပစ်အခတ်ရပ်စဲရေးသဘောတူထားပေမယ့် လိုက်နာမှုမရှိဘဲ အစိုးရ စစ်ကြောင်းတွေ ကို စောင့်ကြို တိုက်ခိုက်နေကြ ပါတယ်။ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း တရားမ ၀င်လုပ် ငန်း များဆောင် ရွက်ပြီး လက်နက်ခဲယမ်းဝယ်ယူခြင်းတွေ ကို ဆောင် ရွက်နေကြ တာဖြစ် တယ်။

မလက်တို ပဋိပက္ခတွင် ရာဘာကျည် လေးတောင့်နှင့် ခဲကျည် တစ်တောင့်သာ အသုံးပြုခဲ့

Posted by drmyochit Thursday, February 28, 2013, under | No comments


မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုတွင် လုံခြုံရေး တာဝန်ယူနေသော ရဲတပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တွေ့ရစဉ်

လယ်ယာမြေ ပြန်လည် ရရှိရေး တောင်းဆိုမှုနှင့် ဆက်စပ်ပြီး မအူပင်မြို့နယ် မလက်တို ကျေးရွာ အုပ်စု၌ ဖေဖော် ၀ါရီလ ၂၆ ရက်နေ့က ဖြစ်ပွား ခဲ့သော ပဋိပက္ခ၌ ရာဘာကျည် လေးတောင့်နှင့် ခဲကျည် တစ်တောင့် သာ အသုံးပြုခဲ့ကြောင်း ဧရာဝ တီ တိုင်းဒေသကြီး၏ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်း တွင် Eleven Media Group သို့ ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသို့ တရားမ၀င် သွားရောက်အလုပ်လုပ်ရန် စက်လှေဖြင့် လိုက်ပါလာသည့် ဘင်္ဂါလီ ၄၁ ဦးအား မြိတ်မြို့တွင် ဖမ်းဆီးရမိ

Posted by drmyochit Thursday, February 28, 2013, under | No comments


 ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ထိုင်းနိုင်ငံသို့ တရားမ၀င် သွားရောက်အလုပ်လုပ်ရန်ဟုဆိုကာ လိုက်ပါ လာသော ဘင်္ဂါလီ ၄၁ ဦးအား မြိတ်မြို့တွင် ဖမ်းဆီးရမိထားပြီး ကျန်နေသည့် သူများအား လိုက်လံ ရှာဖွေလျက် ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖေ၀ါရီလ ၃ ရက်နေ့ ည ၈ နာရီတွင် စစ်တွေမြို့၊ သက်ကယ်ပြင်ရွာနေ ဦးရှော်ဘီ၏ စက်လှေဖြင့် ဘင်္ဂါလီ ၆၈ ဦးအား ထိုင်းနိုင်ငံတွင် အလုပ်ရမည်ဟုပြောကာ အခကြေးငွေဖြင့် တောင်းခံကာ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ကျပ်တစ်သိန်းမှ တစ်သိန်းခွဲအထိ ပေးဆောင်ရပြီး တစ်သိန်းအောက်သာ ပေးနိုင်သူများကိုလည်း ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။ အဆိုပါစက်လှေသည် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ ည ၁၂ ကျော်ခန့်တွင် မြိတ်မြို့အနီး ရေပြင်သို့ရောက်ရှိလာကာ သာကေတရပ်ကွက်၊ သဲကွင်းကုန်တိုက်အနီးတွင် လှေရပ်နားခဲ့ပြီး ဘင်္ဂါလီ ကျား - ၃၈ ဦး၊ မ -၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ မြိတ်မြို့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများမှ လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရာ ည ၁ နာရီ ၄၅ မိနစ်တွင် ကန်ခေါင်းရပ်၊ ရှေးဟောင်းဗလီလမ်းဆုံ အနီး၌ ဘင်္ဂါလီ ကျား- ၂၁ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ တဖန် ထားဝယ်စုရပ်ကွက်၊ ကမ်းနားလမ်း၊ ဆားတံတားဟောင်းရှေ့တွင် ဘင်္ဂါလီ ကျား-၁၇ ဦး၊ မ ၂ ဦး စုစုပေါင်း ၁၉ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မအူပင်မြို့နယ် လယ်သမားအရေး လွှတ်တော်က အရေးပေါ်ဆောင် ရွက်ရန် တောင်းဆို

Posted by drmyochit Thursday, February 28, 2013, under | No comments


ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စုမှာ လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့အကြား ပဋိ ပက္ခနဲ့ ပတ်သက်ပြီး လွှတ်တော်ကနေ အမြန်ဆုံး ဖြေရှင်းပေးဖို့ ရန်ကုန်အခြေစိုက် ရှေ့နေများ ကွန်ရက် က ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့မှာ ကြေညာချက် တစ်စောင် ထုတ်ပြန် တောင်းဆို လိုက်ပါ တယ်။

မနေ့က ဖေဖော်ဝါရီလ ၂၆ ရက် ရဲတပ်ဖွဲ့ဝင်အင်အား ၁၅၀ ကျော်နဲ့ လယ်သမား ၃၀၀ ကျော်အကြား အကြမ်း ဖက် ပဋိပက္ခမှာ ရဲတပ်ဖွဲ့က ပစ်ခတ် တာကြောင့် လယ်သမား ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

အော်စလိုမှ သူရဲကောင်းကြီး များသိစေရန် နေမင်း၏ ရှင်းတမ်း

Posted by drmyochit Thursday, February 28, 2013, under | No comments


ကဲ မျက်စိထဲမှာ မြင်လာတော့လည်း မပြောပဲ ကလည်း မနေနိုင်တော့ဘူး ဆိုတော့ပြောလိုက် ရသေးတာပေါ့ သူများနို်င်ငံမှာ ကိုယ့်သမ္မ တကို သက္ခာ ကျအောင် လုပ်တဲ့ စကောလောက် မှ ဇောက်မနက်တဲ့သူ တွေကိုပေါ့ ဗျာ....

သူတို့က ဘာတွေ အော်သွားသလဲဆိုတော့ ...

ကြွေးကြော်ကြတဲ့ တောင်းဆိုချက်တွေကို ကြည့် ပါ....

၁) စစ်အစိုးရ အလိုမရှိ

၂) ၂၀၀၈ ဖွဲ့စည်းပုံ အလိုမရှိ

၃) ကြံ့ဖွံ့အစိုးရ အလိုမရှိ

၎) သိန်းစိန် လူလိမ်

၅) ဒီမိုကရေစီ ချက်ချင်းပေး တဲ့ ......

ဟုတ်ပြီ တစ်ခု ချင်းကို ပြန်ရှင်း ကြပါစို့

"မအူပင်ရောက် သတင်း သမား များအား ရဲများကို ဓာတ်ပုံရိုက်ခွင့်မပြု၊ ရိုက်ပြီးဓာတ်ပုံများအားဖျက်ခိုင်း"

Posted by drmyochit Thursday, February 28, 2013, under | No comments


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မအူပင်မြို့နယ်၊ မလက်တိုကျေးရွာ အုပ်စု၊ ပလောင်ကျေးရွာ သို့ သတင်း သွားယူသော Popular News ဂျာနယ်မှ ဓာတ်ပုံ သတင်းထောက် အောင်နိုင်စိုး(ကစ္ဆပ) ရိုက်ခဲ့သော ရဲများ တာဝန်ယူစောင့်ကြပ်နေ သည့်ပုံ များ၊ စုစည်းကာ ထိုင်နေကြသည့်ပုံများအား တာဝန်ကျရဲ တပ်ကြပ်ကြီး တစ်ဦးက ဖျက်ခိုင်းသဖြင့် ဖျက်ပေး ခဲ့ရကြောင်း သိရသည်။

"လယ်သမားတွေပုံကိုတော့ ရိုက်ခွင့်ပေးပါတယ်။ ရဲတွေစောင့်ကြပ်နေတဲ့ ပုံမျိုးတွေ ကိုတော့ ရိုက်ခွင့် မပေးဘူး။ ကျွန်တော် ရိုက်ထားတဲ့ ပုံတွေကိုဖျက် ခိုင်းတယ်။ ပြောတာကတော့ ပြေပြေလည် လည်ပြောတာပါပဲ။ ကျွန်တော်ဖျက်မှာကို စိတ်မချလို့ သူတို့ခေါ်လာတဲ့ ဗီဒီယိုကင်မရာမင်း တစ်ယောက် ကို Format ရိုက်ခိုင်းတယ်။ ကျွန်တော့် ကင်မရာ အဲဒီလူလက်ထဲပေးလိုက်တော့ သူက ကပ်ကို Format ချလိုက်တယ်။ အထဲက ပုံတွေ အကုန်ပျက်ကုန်တော့တာပေါ့" ဟု အောင်နိုင်စိုး (ကစ္ဆပ) ကပြောသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်