Thursday, July 19, 2012
၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့၊ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ရာ နှစ် ၂၀ ကျော်အတွင်း
Posted by drmyochit
Thursday, July 19, 2012, under ဓါတ်ပုံသတင်း | No comments
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) ဖွင့်လှစ်ထား
Posted by drmyochit
Thursday, July 19, 2012, under ပြည်တွင်းသတင်းများ | No comments
From : ခေတ်လူငယ်
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချိုလမ်း (ယခင်တာဝါလိန်းလမ်း)ရှိ နေအိမ်၌ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၅ ခုနှစ် မေလမှစ၍ ကျဆုံးသည့် ၁၉-၇-၁၉၄၇ ရက်နေ့အထိ နေထိုင်ခဲ့ပါသည်။ ဗိုလ်ချုပ်သုံးစွဲခဲ့သော အသုံးအဆောင်၊ ပရိဘောဂများ၊ ဓာတ်ပုံများ၊ ဗိုလ်ချုပ်ဖတ်ရှုခဲ့သော စာအုပ်များ၊ ဗိုလ်ချုပ်ဝတ်ဆင်ခဲ့သော အဝတ်အထည်များ၊ ဗိုလ်ချုပ်စီးခဲ့သော မော်တော်ကားတို့ကို ယဉ်ကျေးမှုဝန်ကြီးဌာနက စနစ်တကျထိန်းသိမ်း၍ အထိမ်းအမှတ်ပြတိုက်အဖြစ် ပြည်သူလူထုနှင့် ပြည်ပလေ့လာသူများ ကြည့်ရှုလေ့လာနိုင်အောင် ဖွင့်လှစ်ပြသလျက်ရှိသည်။ ယခင်က အာဇာနည်နေ့ တစ်ရက်တည်းသာ ဖွင့်လှစ်ပြသခဲ့ရာမှ ၂၀၁၂ ခုနှစ် မတ် ၅ ရက်မှစ၍ တနလာင်္၊ အင်္ဂါနှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်လျက်ရှိသည်။ ဝင်ကြေးမှာ မြန်မာနိုင်ငံသား၊ နိုင်ငံခြားသား မခွဲခြားဘဲ လူကြီး ငွေကျပ် ၃၀၀၊ သံဃာတော်၊ သီလရှင်၊ ကလေး ငွေကျပ် ၁၀၀ သတ်မှတ်ထားကြောင်း၊ အာဇာနည်နေ့ ဇူလိုင် ၁၉ ရက်တွင်မူ အထူးအစီအစဉ်အဖြစ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ အခမဲ့ ဖွင့်လှစ်ပြသမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချိုလမ်း (ယခင်တာဝါလိန်းလမ်း)ရှိ နေအိမ်၌ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၅ ခုနှစ် မေလမှစ၍ ကျဆုံးသည့် ၁၉-၇-၁၉၄၇ ရက်နေ့အထိ နေထိုင်ခဲ့ပါသည်။ ဗိုလ်ချုပ်သုံးစွဲခဲ့သော အသုံးအဆောင်၊ ပရိဘောဂများ၊ ဓာတ်ပုံများ၊ ဗိုလ်ချုပ်ဖတ်ရှုခဲ့သော စာအုပ်များ၊ ဗိုလ်ချုပ်ဝတ်ဆင်ခဲ့သော အဝတ်အထည်များ၊ ဗိုလ်ချုပ်စီးခဲ့သော မော်တော်ကားတို့ကို ယဉ်ကျေးမှုဝန်ကြီးဌာနက စနစ်တကျထိန်းသိမ်း၍ အထိမ်းအမှတ်ပြတိုက်အဖြစ် ပြည်သူလူထုနှင့် ပြည်ပလေ့လာသူများ ကြည့်ရှုလေ့လာနိုင်အောင် ဖွင့်လှစ်ပြသလျက်ရှိသည်။ ယခင်က အာဇာနည်နေ့ တစ်ရက်တည်းသာ ဖွင့်လှစ်ပြသခဲ့ရာမှ ၂၀၁၂ ခုနှစ် မတ် ၅ ရက်မှစ၍ တနလာင်္၊ အင်္ဂါနှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်လျက်ရှိသည်။ ဝင်ကြေးမှာ မြန်မာနိုင်ငံသား၊ နိုင်ငံခြားသား မခွဲခြားဘဲ လူကြီး ငွေကျပ် ၃၀၀၊ သံဃာတော်၊ သီလရှင်၊ ကလေး ငွေကျပ် ၁၀၀ သတ်မှတ်ထားကြောင်း၊ အာဇာနည်နေ့ ဇူလိုင် ၁၉ ရက်တွင်မူ အထူးအစီအစဉ်အဖြစ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ အခမဲ့ ဖွင့်လှစ်ပြသမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
အာဇာနည်နေ့ (သို့) နိုင်ငံတော် လုပ်ကြံမှူကြီးရဲ့ အသေးစိတ် ဖြစ်စဉ်ဖြစ်ပွါးပုံ
Posted by drmyochit
Thursday, July 19, 2012, under ဓါတ်ပုံသတင်း | No comments
ဗိုလ်ချုပ်နဲ့ အာဇာနည်တွေကို လုပ်ကြံဖို့ ဗြိတိသျှ အစိုးရ ကြိုးကိုင်စီစဉ်ခဲ့ကြောင်း သက်သေဖော်ပြချက်များ
Posted by drmyochit
Thursday, July 19, 2012, under ပြည်တွင်းသတင်းများ | No comments
မျိုးဆက်ပျက်သွားသော အာဇာနည် ခေါင်းဆောင်တစ်ဦး၏ ဆွေစဉ်မျိုးဆက် ဇယား
Posted by drmyochit
Thursday, July 19, 2012, under ဓါတ်ပုံသတင်း | No comments
မျိုးဆက်ပျက်သွားသော အာဇာနည် ခေါင်းဆောင်တစ်ဦး၏ ဆွေစဉ်မျိုးဆက် ဇယား
အာဇာနည်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းမှ လွဲပြီး အခြား အာဇာနည် ၉ ဦးအတွက် ဝမ်းနည်းစရာနေ့ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း သေဆုံးမှု အတွက်တော့ ဝမ်းသာဖို့ ကောင်းပါတယ်။ အကယ်၍သာ ၁၉၄၇ ခုနှစ် ဇွန်လိုင် ၁၉ ရက်နေ့ က ဗိုလ်ချုပ်အောင်ဆန်း မသေခဲ့ဘူးဆိုရင် ၎င်း ကိုယ်တိုင် ပင်ပန်းဆင်းရဲခံပြီး တိုက်ထုတ်ခဲ့တဲ့ နယ်ချဲ့ မျက်နှာဖြူ၊ ၎င်း ရဲ့ အဘိုး ဘိုမင်းရောင် ကို ကြိုးပေးသတ်ခဲ့တဲ့ မျက်နှာဖြူ ကို သမီးဖြစ်သူ က လက်ထပ်ပေါင်းသင်းပြီး အသက် ၄၀ ကျော်မှ မြန်မာနိုင်ငံကို ပြန်လာတယ်ဆိုတာ သိရင် ဗိုလ်ချုပ်ခမျှာ ယူကြုံးမရဖြစ်ပြီး အိပ်ယာထဲ ဘုန်းဘုန်းလဲသွားနိုင်ပါတယ်။ အပြင်ထွက်တိုင်း မျက်နှာပူစရာ၊ ရှက်စရာ ဖြစ်နေပြီး နောက်ဆုံး အခန့်မသင့်ရင် ကိုယ့်ကိုယ်ကိုတောင် သတ်သေသွားနိုင်ပါတယ်။ ဒါကြောင့် ဒီအဖြစ်အပျက်တွေ တစ်ခုမှ မသိလိုက်ပဲ စောစောစီးစီး သေသွားတာ ကောင်းပါတယ်။
ဗိုချုပ်ရေ အမျှ အမျှ ခဏ ထ ကြည့်တော်မူပါ....
(မှတ်ချက်။ ။ မြေး/တွေ နှင့် စကားပြောရန် အင်္ဂလိပ်စကား သေချာသင်ခဲ့ပါ)
ဗိုလ်ချုပ်အောင်ဆန်း မှ လွဲ ၍ ကျန်အာဇာနည်အားလုံး မိသားစု လိုက် လာပြီး ဂါရဝပြုခံရ
Posted by drmyochit
Thursday, July 19, 2012, under ဓါတ်ပုံသတင်း | No comments
ပေါက်မြို့နယ်တွင် လယ်မြေဧက ၃ သောင်းကျော် အသိမ်းခံရ
Posted by drmyochit
Thursday, July 19, 2012, under ပြည်တွင်းသတင်းများ | No comments
မကွေးတိုင်း ပေါက်မြို့နယ်ထဲမှာ စစ်တပ်က လယ်သိမ်းပြီး သီးစားပြန်ချထားခံရတဲ့ လယ်သမားတွေဟာ သူတို့အခက်အခဲကို ဖြေရှင်းပေးဖို့ သမ္မတထံ စာရေးတောင်းဆိုလိုက်ပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ်ထဲမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် ၂၄ အစိုးရတပ်က တပ်မြေအဖြစ် ဧက ၃ သောင်းကျော်ကို သိမ်းပြီး လယ်သမားတွေကို ပြန်ပြီး သီးစားချနေတာပါ။
မောင်တော ဆူပူမူနှင့် ဆက်စပ် ဖမ်းဆီးခံရသူ ဒေါက်တာ ထွန်းအောင်ကို စစ်တွေတွင် ရုံးတင်
Posted by drmyochit
Thursday, July 19, 2012, under ပြည်တွင်းသတင်းများ | No comments
စစ်တွေ အကျဉ်းထောင်ကို လုံခြုံရေး ယခုလို တင်းကျပ်ထားသည်။ (ဓါတ်ပုံ- နိရဉ္စရာ) |
“ နေ့လည် ၂ နာရီခွဲမှာ မနေ့က ရုံးထုတ်ပါတယ်။ ကျွန်တော်တို့လည်း နားထောင်ခွင့်ရမလားလို့ သွားတာ အထဲကို ၀င်ရောက်ခွင့်မရတဲ့ အတွက် အပြင်ကဘဲ နားထောင်ရပါတယ်။ အပြင်က နားထောင်တော့ ဘာမှ မကြားရပါ” အမည်မဖေါ်လိုသူ စစ်တွေ ဒေသခံ တစ်ဦးက ပြောသည်။
ဒေါက်တာ ထွန်းအောင်အား အင်္ဂါနေ့က နေ့လည်တွင် ရုံးထုတ်စဉ် ရန်ကုန်မှ ရှေ့နေ အမျိုးသမီးကြီး တစ်ဦးလည်း သူ့အမူကို လိုက်ပါ ဆောင်ရွက်ရန် ရောက်ရှိသည်ဟု သူက ပြောသည်။
“ ရန်ကုန်က ရှေ့နေ အမျိုးသမီး တစ်ဦးရောက်ပါတယ်။ ရဲတွေလည်း အများကြီး လုံခြုံရေး ယူထားပါတယ်။ နောက်တစ်ပတ်ကို ရုံးချိန်းပေးလိုက်တယ်လို့ သိရပါတယ်” ဟု သူက ဆက်ပြောသည်။
ဒေါက်တာ ထွန်းအောင် မည်သည့်အမူနှင့် စွဲချက်တင်ပြီး တရားရုံးလွတ်လပ်ခွင့် မည်မျှထိ ရှိသည်ကို နိရဉ္စရာမှ ဆက်လက် စုံစမ်းမေးမြန်း နေတုန်း ဖြစ်ပါသည်။
ဇွန်လ ၁၁ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ဒေါက်တာထွန်းအောင် (ခေါ်) နုရ်ဟောက် ကို မောင်တောအခြေစိုက် UNHCR ရုံးမှ နစက အာဏာပိုင်များမှ ဖမ်းဆီးခဲ့သည်။ ဒေါက်တာ ထွန်းအောင် ဇွန်လ ၈ ရက်နေ့က စတင်ခဲ့သော မောင်တော အကြမ်းဖက် ဆူပူမူတွင် တာဝန်ရှိသူဟု စွပ်စွဲကာ ဖမ်းဆီးခြင်း ဖြစ်သည်။
ဒေါက်တာ ထွန်းအောင်သည် ဇွန်လ ၈ ရက်နေ့ မောင်တောမြို့ ငြိမ်းချမ်းစွာ ဘာသာရေး ဆုတောင်းပွဲကို ဘာပြဿနာမှ မဖြစ်စေရဟု အာဏာပိုင်များထံမှ အာမခံ ခွင့်တောင်းကာ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ဒေါက်တာထွန်းအောင်သမီးဖြစ်သူ UNHCR အကြီးတန်းဝန်ထမ်းတဦးဖြစ်သူ ဒေါ်မြနန္ဒာအောင် ကိုလည်း ဇွန် လ ၁၁ ရက်နေ့က စစ်တွေ လေဆိပ်တွင်အဖော် နှစ်ဦးနှင့်အတူဖမ်းဆီးခဲ့ပြီး ယင်းနေ့ နေ့လည် ၁ နာရီခန့်တွင် ပြန်လည် လွတ်ပေးလိုက်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
အလားတူ စစ်တွေမြို့ မကျေးမြိုင်ရပ်ကွက်တွင်နေထိုင်သည့် နယ်စည်းမခြားဆရာဝန်များအဖွဲ့ AZG ၀န်ထမ်း တဦးဖြစ်သူ မွတ်ဆလင် လူမျိုး ဦးကျော်လှအောင်ဆိုသူကိုလည်း စစ်တွေမြို့တွင် ရုံးထုတ် စစ်ဆေးနေသည် ဆိုသော သတင်းများ လက်ခံ ရရှိသော်လည်း နိရဉ္စရာမှ သီးခြားအတည်မပြုနိုင်ခြင်း မရှိသေးပါ။
နိဉ္စရာ သတင်းဌာန
ကမ္ဘာက အသိအမှတ်ပြုသည့် နှစ်(၂၀)အတွင်း အပိတ်ခံထားရသော ရန်ကုန်နည်းပညာတက္ကသိုလ် YTU ပြန်ဖွင့်ပြီ
Posted by drmyochit
Thursday, July 19, 2012, under ပြည်တွင်းသတင်းများ | No comments
မြန်မာနိုင်ငံ၏လက်ရှိအခြေ အနေအရ ပညာရေးအဆင့်အ တန်းအား မြှင့်တင်ရန် ကြိုးစား နေလျက်ရှိရာ ယခုတွင် နည်းပညာ တက္ကသိုလ်များ အဆင့်မြှင့်တင် ရန်အတွက် ပထမအဆင့်အနေ ဖြင့် ယခင်ကအပိတ်ခံထားရသော နည်းပညာကျောင်းတစ်ကျောင်း ဖြစ်သည့် ရန်ကုန်နည်းပညာ တက္ကသိုလ် YTU အားပြန်လည် ဖွင့်လှစ်ခွင့်ရပြီဖြစ်ကြောင်း သိပ္ပံ နှင့် ပညာရေးဝန်ကြီးဌာနမှသိရ သည်။
အဆိုပါ ရန်ကုန်နည်းပညာ တက္ကသိုလ်သည်ကမ္ဘာကအသိအ မှတ်ပြုသည့်ကျောင်းတစ်ကျောင်း ဖြစ်ပြီး လူတော်လူကောင်းမြောက် များစွာနှင့် အတတ်ပညာရှင်များကို မွေးထုတ်ပေးနေသည့် ၎င်းကျောင်း သည် ယခုပြန်လည် ဖွင့်လှစ်ရာ တွင်လည်း ယခင်နည်းစနစ်များ အတိုင်းသင်ကြားသွားမည်ဖြစ် ကြောင်း ကျောင်းသားခေါ်ယူ သည့်နေရာမှာ လည်းအခြားနည်း ပညာတက္ကသိုလ်များနှင့်အတူ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြား သည်။ ““ဒီရန်ကုန်နည်းပညာ တက္ကသိုလ်မှာတော့အခြားကျောင်း တွေနဲ့မတူ ဘာသာရပ် (၁၂)ခုကို သင်မယ်။ ကျောင်းသားခေါ်ယူ တဲ့နေရာမှာလည်း အမှတ်(၄၅၀) နှင့်အထက် ကျောင်းသားကျောင်း သူဦးရေ (၂၅၀)ကို သာခေါ်ယူ သွားမှာဖြစ်ပါတယ်။ သင်ကြား သည့်နေရာမှာလည်း နိုင်ငံတကာ အဆင့်မီ သင်ရိုးညွှန်းတမ်းများ သင်ကြားမှုစနစ်များဖြင့် အင်ဂျင် နေရာပုံစံကျကျ သင်ကြားပေး သွားမည်ဖြစ်ပါတယ်””ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါကဲ့သို့ ကမ္ဘာအသိအမှတ် ပြုသည့် ကျောင်းအား ပြန်လည် ဖွင့်လှစ်ပေးခြင်းကြောင့် နည်း ပညကျောင်းသားများ၏ ပညာ ရည်အဆင့်အတန်းသည်ယခင် ထက်ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း နည်းပညာကျောင်းသားတစ်ဦးဖြစ် သူ ကိုကြည်ဟိန်းညွန့်မှပြောကြား သည်။ ““အခုလို ကမ္ဘာကအသိအ မှတ်ပြုခံရတဲ့ ဒီလိုကျောင်းကြီးကို ပြန်ဖွင့်ပေးတော့ အရမ်းကိုဝမ်း သာပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလိုကျောင်းကြီးကိုတက်ခွင့်မရတဲ့ အခါ နောင်တလည်းရပါတယ်။ ဒီကျောင်းမှာက သင်ထောက်ကူ ပစ္စည်းက အစုံအလင်ရှိသလို သင်ကြားတဲ့ ဆရာ ဆရာမတွေ ကလည်း အရမ်းတော်တဲ့ ဆရာ ဆရာမတွေကိုစုထားတဲ့ကျောင်း တစ်ကျောင်းဖြစ်ပါတယ်။ ကျွန် တော်ကျောင်းတက်တုန်းက ကျွန် တော့်ကျောင်းမှာမရှိတဲ့စာအုပ်တွေ ကို ဒီမှာပဲလာရှာရတယ်။ ဒီကျောင်း ကြီးပြန်ဖွင့်တာအရမ်းကိုဝမ်းသာ ပါတယ်။ နည်းပညာကျောင်းသား တွေအတွက်တော့ နည်းနည်း အခက်အခဲရှိတယ်။ ဘာလို့လည်း ဆိုတော့ ဒီလိုကမ္ဘာက အသိ အမှတ်ပြုတဲ့ရန်ကုန်နည်းပညာ တက္ကသိုလ်ကြီးကို ပြန်ဖွင့်လိုက်ပြီ ဆိုတော့ အခြားနည်းပညာ တက္ကသိုလ်က ဘွဲ့ရထားတဲ့ကောင်တွေ သေရော၊ ဘွဲ့ခြင်းတူတာတောင် ဒီလိုကျောင်းကြီးနဲ့ ဂုဏ်ခြင်းမတူ ပါဘူး””ဟုနည်းပညာကျောင်းသား တစ်ဦးဖြစ်သူ ကိုကြည်ဟိန်းညွန့် မှပြောကြားခဲ့သည်။ အဆိုပါ ရန် ကုန်နည်းပညာတက္ကသိုလ် YTU သည် ရုရှားနိုင်ငံမှ တည်ဆောက် ပေးခဲ့သော ကျောင်းတစ်ကျောင်း ဖြစ်ပြီး သင်ကြားသည့် ဆရာ၊ ဆရာမများသည်လည်း နာမည် ကျော်ဆရာ၊ ဆရာမများဖြစ်ပြီး သင်ထောက်ကူပစ္စည်းများသည် လည်း အစုံအလင်ရှိသည့်ကျောင်း တစ်ကျောင်းဖြစ်ကြောင်း သိရ သည်။
စပါးတင်း ၁၀၀လျှင်ချေးငွေနှစ်သိန်း ထုတ်ပေးရန်စီစဉ်နေ
Posted by drmyochit
Thursday, July 19, 2012, under ပြည်တွင်းသတင်းများ | No comments
နေပြည်တော်ကောင်စီနယ် မြေအတွင်း ဆန်စပါးအထူးပြု ကုမ္ပဏီများမှ ဈေးကွက်ခိုင်မာမှု နှင့်ဈေးကွက်အလားအလာအရ အထွက်တိုးစပါးစိုက်ပျိုးသည့် တောင်သူများသို့ စပါးတင်း ၁၀၀ လျှင် ငွေကျပ်(၂)သိန်းနှုန်းဖြင့်ကြို တင်ငွေထုတ်ချေးပေးရန် စီစဉ် နေကြောင်း လယ်ယာစိုက်ပျိုးရေး ဆည်မြောင်းဝန်ကြီးဌာနမှသိရ သည်။
ထို့ပြင်စပါးတင်း ၁၀၀လျှင် အာမခံချေးငွေကျပ်(၄)သိန်းနှုန်းဖြင့် ၀ယ်ယူရန်ရှိကြောင်းသိရသည်။
““နေပြည်တော်ကောင်စီနယ် မြေအတွင်းမှာ ဆန်စပါးအထူး ပြု ကုမ္ပဏီတွေက ဈေးကွက်အလား အလာအရ စီစဉ်ပေးဖို့လုပ်နေတာ ပါ””ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူကပြောသည်။
လယ်ယာကဏ္ဍတွင် အရင်း အနှီးနည်းပါးသည့် တောင်သူများ များပြားသည့်အတွက် ပုဂ်္ဂလိက လုပ်ငန်းရှင်များမှ ပါဝင်ရင်းနှီးမြှုပ် နှံဆောင်ရွက်မှသာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ် သည်။
နိုင်ငံတော်အစိုးရ ဘက်မှ လည်း တောင်သူလယ်သမားများ ၏ စပါးစိုက်ပျိုးစရိတ်အား ယခင် တဧကလျှင် ငွေကျပ်၂၀၀၀၀နှုန်း ချေးပေးခဲ့ရာမှ ယခု ၅၀၀၀၀နှုန်း ထုတ်ချေးခဲ့ခြင်းဖြင့် တောင်သူ များ၏ စိုက်ပျိုးထုတ်လုပ်မှုကုန် ကျစရိတ်ကို တိုးမြှင့်စီစဉ်ပေးခဲ့ ကြောင်းသိရသည်။
http://www.hotnewsweekly.com/
အမေရိကန် FDA အသိအမှတ်ပြု ပထမဆုံး HIV ကာကွယ်ဆေးထွက်ပေါ်လာ
Posted by drmyochit
Thursday, July 19, 2012, under သတင်းများ | No comments
Gilead Science၏ Truvada ဆေးဝါးသည် HIVပိုး ရှိနေသူများနှင့် လိင်အထိအတွေ့ ရှိနေသူများကဲ့သို့ HIVပိုး ကူးစက်နိုင်ခြေ မြင့်မားသည့် အခြေအနေရှိသူများတွင် ရောဂါပိုး မကူးစက်အောင် တားဆီးပေးနိုင်
အမေရိကန်
အစားအသောက်နှင့်ဆေးဝါး စီမံအုပ်ချုပ်ရေးဌာန (Food and Drug Adminstration
- FDA) က တနင်္လာနေ့တွင် ပထမဆုံးအကြိမ်အဖြစ် HIV ဗိုင်းရပ်စ်
တားဆီးကာကွယ်သည့် ဆေးဝါးတစ်မျိုးကို ထောက်ခံအတည်ပြုပေးလိုက်ပြီ ဖြစ်သည်။
အဆိုပါ ခြေလှမ်းသည် ကြောက်မက်ဖွယ် ခုခံအား ကျဆင်းမှု ရောဂါ (AIDS)ကို
စတင်ဖြစ်ပေါ်စေသည့် ဗိုင်းရပ်စ်အား နှစ်ပေါင်း(၃၀)ကြာ တိုက်ဖျက်ရန်
ကြိုးစားနေမှုတွင် အလွန်ကြီးကျယ်ခမ်းနားသည့် မှတ်တိုင်တစ်ခုသဖွယ်
ဖြစ်လာသည်။ Gilead Science၏ Truvada ဆေးဝါးသည် HIVပိုး ရှိနေသူများနှင့်
လိင်အထိအတွေ့ ရှိနေသူများကဲ့သို့ HIVပိုး ကူးစက်နိုင်ခြေ မြင့်မားသည့်
အခြေအနေရှိသူများတွင် ရောဂါပိုး မကူးစက်အောင် တားဆီးပေးနိုင်ကြောင်း
သိရှိရသည်။
(အမေရိကန် FDA က ထောက်ခံအတည်ပြုလိုက်သည့် HIV ကာကွယ်ဆေး Truvada)
ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူများက ယခုဆေးဝါးကို အတည်ပြုလိုက်ခြင်းကြောင့် HIVပိုး ပျံ့နှံ့ ကူးစက်မှုကို နှေးကွေးအောင် တားဆီးလာနိုင်မည်ဟု ယူဆကြောင်း ပြောကြားသွားသည်။ AIDSရောဂါကို တိုက်ဖျက်ရန် နှစ်ပေါင်းများစွာ အချိန်ယူ ကြိုးပမ်းလာခဲ့သည့်နောက် ယခုဆေးဝါး တီထွင်နိုင်မှုသည် အောင်မြင်မှုတစ်ခုလည်း ဖြစ်လာသည်။ အမေရိကန်တွင် အနည်းဆုံးလူ (၁.၂)သန်း၌ HIV ရောဂါပိုး ကူးစက် ခံထားရသည်ဟု ယူဆရသည်။ ထို့အပြင် HIVပိုးရှိသူ အမေရိကန် (၂၄၀၀၀၀)ကျော်သည် ၎င်းတို့တွင် အဆိုပါ ရောဂါပိုး ရှိနေမှန်း သတိမပြုမိဟုလည်း သိရသည်။ Gilead Scienceသည် Truvadaကို (၂၀၀၄)ခုနှစ် ကတည်းက ဈေးကွက်တွင် ဖြန့်ဝေခဲ့ပြီး HIVပိုး ကူးစက်ပြီးသူများကို ကုသပေးရန် အသုံးပြုခဲ့သည်။
(HIV ဗိုင်းရပ်စ်ပိုး)(ဓာတ်တ်ပုံ - Wikipedia)
သို့သော်လည်း (၂၀၁၀)ပြည့်နှစ်မှ စတင်ကာ အဆိုပါ ဆေးဝါးသည် ရောဂါပိုး မကူးစက်သေးသူများက ရောဂါပိုး ရှိသူများနှင့် ထိတွေ့ခြင်းမှ ကူးစက်ခြင်းကို အမှန်တကယ် တားဆီးနိုင်စွမ်း ရှိနေကြောင်း ဖော်ထုတ် တွေ့ရှိလာခဲ့သည်။ (၃)နှစ်ကြာ လေ့လာမှုများ ပြုလုပ်ပြီးနောက် လိင်တူဆက်ဆံသူများ ရောဂါပိုး ကူးစက်မှုကို (၇၅)ရာခိုင်နှုန်းထိ တားဆီးနိုင်ကြောင်း တွေ့ရှိလာခဲ့သည်။ ထို့အပြင် သာမန် စုံတွဲများတွင် ရောဂါပိုး ကူးစက်မှုကို (၁)ရာခိုင်နှုန်းထိ လျော့နည်းသွားအောင် ယင်းဆေးဝါးက စွမ်းဆောင်နိုင်ခဲ့သည်။
FDAသည် အသေးစိတ် လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ပြီးနောက် Truvadaကို HIV ကူးစက်မှု ကာကွယ်နိုင်သည့် ဆေးဝါးအဖြစ် ပထမဆုံးအကြိမ် ထောက်ခံချက် ပေးခဲ့ခြင်း ဖြစ်သည်။ လိင်ဆက်ဆံမှုများတွင် ကွန်ဒုံးအသုံးပြုခြင်းထက် ယခုဆေးဝါးက ပိုမို အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ရကြောင်း FDA၏ ဗိုင်းရပ်စ်တိုက်ဖျက်ရေး ထုတ်ကုန်များဌာန ဒါရိုက်တာ ဒေါက်တာ ဒီဘရာ ဘရင်ခရက်က ပြောကြားခဲ့သည်။ "ကူးစက်မှုတွေမှာ ကွန်ဒုံးအသုံးပြုခြင်း၊ မပြုခြင်းနဲ့ တိုက်ရိုက်ဆက်နွယ်တဲ့ ပတ်သက်မှုမျိုးတွေ ကျွန်တော်တို့မှာ အားကောင်းကောင်း ရှာတွေ့ထားတာ မရှိပါဘူး။ ဒါပေမဲ့ Truvadaကတော့ ထိရောက်တဲ့ အကျိုးထူးတွေ ရှိခဲ့တာ အတည်ပြုနိုင်ပါတယ်"ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသွားသည်။
From : Planet(အမေရိကန် FDA က ထောက်ခံအတည်ပြုလိုက်သည့် HIV ကာကွယ်ဆေး Truvada)
ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူများက ယခုဆေးဝါးကို အတည်ပြုလိုက်ခြင်းကြောင့် HIVပိုး ပျံ့နှံ့ ကူးစက်မှုကို နှေးကွေးအောင် တားဆီးလာနိုင်မည်ဟု ယူဆကြောင်း ပြောကြားသွားသည်။ AIDSရောဂါကို တိုက်ဖျက်ရန် နှစ်ပေါင်းများစွာ အချိန်ယူ ကြိုးပမ်းလာခဲ့သည့်နောက် ယခုဆေးဝါး တီထွင်နိုင်မှုသည် အောင်မြင်မှုတစ်ခုလည်း ဖြစ်လာသည်။ အမေရိကန်တွင် အနည်းဆုံးလူ (၁.၂)သန်း၌ HIV ရောဂါပိုး ကူးစက် ခံထားရသည်ဟု ယူဆရသည်။ ထို့အပြင် HIVပိုးရှိသူ အမေရိကန် (၂၄၀၀၀၀)ကျော်သည် ၎င်းတို့တွင် အဆိုပါ ရောဂါပိုး ရှိနေမှန်း သတိမပြုမိဟုလည်း သိရသည်။ Gilead Scienceသည် Truvadaကို (၂၀၀၄)ခုနှစ် ကတည်းက ဈေးကွက်တွင် ဖြန့်ဝေခဲ့ပြီး HIVပိုး ကူးစက်ပြီးသူများကို ကုသပေးရန် အသုံးပြုခဲ့သည်။
(HIV ဗိုင်းရပ်စ်ပိုး)(ဓာတ်တ်ပုံ - Wikipedia)
သို့သော်လည်း (၂၀၁၀)ပြည့်နှစ်မှ စတင်ကာ အဆိုပါ ဆေးဝါးသည် ရောဂါပိုး မကူးစက်သေးသူများက ရောဂါပိုး ရှိသူများနှင့် ထိတွေ့ခြင်းမှ ကူးစက်ခြင်းကို အမှန်တကယ် တားဆီးနိုင်စွမ်း ရှိနေကြောင်း ဖော်ထုတ် တွေ့ရှိလာခဲ့သည်။ (၃)နှစ်ကြာ လေ့လာမှုများ ပြုလုပ်ပြီးနောက် လိင်တူဆက်ဆံသူများ ရောဂါပိုး ကူးစက်မှုကို (၇၅)ရာခိုင်နှုန်းထိ တားဆီးနိုင်ကြောင်း တွေ့ရှိလာခဲ့သည်။ ထို့အပြင် သာမန် စုံတွဲများတွင် ရောဂါပိုး ကူးစက်မှုကို (၁)ရာခိုင်နှုန်းထိ လျော့နည်းသွားအောင် ယင်းဆေးဝါးက စွမ်းဆောင်နိုင်ခဲ့သည်။
FDAသည် အသေးစိတ် လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ပြီးနောက် Truvadaကို HIV ကူးစက်မှု ကာကွယ်နိုင်သည့် ဆေးဝါးအဖြစ် ပထမဆုံးအကြိမ် ထောက်ခံချက် ပေးခဲ့ခြင်း ဖြစ်သည်။ လိင်ဆက်ဆံမှုများတွင် ကွန်ဒုံးအသုံးပြုခြင်းထက် ယခုဆေးဝါးက ပိုမို အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ရကြောင်း FDA၏ ဗိုင်းရပ်စ်တိုက်ဖျက်ရေး ထုတ်ကုန်များဌာန ဒါရိုက်တာ ဒေါက်တာ ဒီဘရာ ဘရင်ခရက်က ပြောကြားခဲ့သည်။ "ကူးစက်မှုတွေမှာ ကွန်ဒုံးအသုံးပြုခြင်း၊ မပြုခြင်းနဲ့ တိုက်ရိုက်ဆက်နွယ်တဲ့ ပတ်သက်မှုမျိုးတွေ ကျွန်တော်တို့မှာ အားကောင်းကောင်း ရှာတွေ့ထားတာ မရှိပါဘူး။ ဒါပေမဲ့ Truvadaကတော့ ထိရောက်တဲ့ အကျိုးထူးတွေ ရှိခဲ့တာ အတည်ပြုနိုင်ပါတယ်"ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသွားသည်။
ဘုရင့်နောင် .... အပိုင်း (၂)
Posted by drmyochit
Thursday, July 19, 2012, under ဆောင်းပါး | No comments
ဇင်းမယ်(၁၅၅၈)
အေဒီ ၁၅၅၇ အရောက်တွင်ဘုရင့်နောင်မင်းကြီးသည် ဇင်းမယ်ကိုချီတက်တိုက်ခိုက်ရန် စီစဉ်လေသည်။အကြောင်းမှာ ဗညားပရံ အမည်ရှိအမတ်က"ဇင်းမယ်မှာ မြို့ရံ ၅၇ မြို့ရှိပြီး တစ်ကြိမ်မှ မပျက်စီးဖူးဟုကျော်ကြားသည်။ထို့ကြောင့်ဇင်းမယ်ကို ချီတက်သိမ်းပိုက်ကာ လက်နက်နိုင်ငံထူထောင်သင့်သည် "ဟုလျှောက်သောကြောင့်ဖြစ်သည်။ဇင်းမယ်ချီစစ်ကြီးတွင်
* သားတော်မဟာဥပရာဇာကို တပ် ၁၀ တပ်ဖြင့်ရှေ့ဖျားချီတပ်၊
* ထိုနောက်မှ အင်းဝသတိုးမင်းစော အား တပ် ၈ တပ်ဖြင့်၊
* ထိုနောက်မှ ပြည်သတိုးဓမ္မရာဇာ အား တပ် ၁၀ တပ်ဖြင့်၊
* ထိုနောက်မှ မင်းတရားကြီးက တပ် ၁၂ တပ်ပါတပ်မကြီးဖြင့်၊
* နောက်ဆုံးမှ တောင်ငူမင်းခေါင်က တပ် ၁၀ ဖြင့် နောက် ချန်တပ်အဖြစ် အစဉ်အတိုင်းချီလေသည်။
ဂျပန်တွင် အပူလှိုင်းဒဏ်ကြောင့် လူတစ်ဦးသေဆုံးပြီး ၆၉၃ ဦးအား ဆေးရုံတင်ပို့ရ
Posted by drmyochit
Thursday, July 19, 2012, under နိုင်ငံတကာသတင်းများ | No comments
အပူလှိုင်းကျရာက်မှုမှာ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၈) အထိ ဆက်လက် ဖြစ်ပွားနေဖွယ်ရှိကြောင်း ဂျပန်မိုးလေဝသဌာနက ခန့်မှန်းထား
ဂျပန်နိုင်ငံတွင် အပူလှိုင်းကျရောက်မှုကြောင့် အပူဒဏ်ခံစားကြရပြီး စီရင်စု ၄၅ ခုမှ လူပေါင်း ၆၉၃ ဦးမှာ တနင်္လာနေ့က ဆေးရုံတွင် ကုသမှုခံယူခဲ့ရကြောင်း RT News က ပြောကြားသည်။ ၎င်းတို့အနက် အသက် ၈၄ နှစ်အရွယ် အဘိုးအိုတစ်ဦးမှာ တနင်္လာနေ့ညက သေဆုံးသွားသည်။ တိုကျို့မြို့တွင် လူ ၂၁ ဦး အပူဒဏ်ကြောင့် ဆေးရုံသို့ တင်ပို့လိုက်ရသည်။
အပူလှိုင်းကျရောက်မှုကြောင့် အပူလျှပ်သည့် ဝေဒနာခံစားရသူ အများစုမှာ ဂျပန်နိုင်ငံ၏ အားလပ်ရပ်တစ်ရက်ဖြစ်သော တနင်္လာနေ့တွင် ပြုလုပ်သည့် အားကစားပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ကြသော သို့မဟုတ် အားပေးကြည့်ရှုသည့် ကျောင်းသား ကျောင်းသူများ အဓိကပါဝင်ကြောင်း Fuji ရုပ်သံသတင်းက ပြောကြားသည်။ အပူလှိုင်းကျရာက်မှုမှာ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၈) အထိ ဆက်လက် ဖြစ်ပွားနေဖွယ်ရှိကြောင်း ဂျပန်မိုးလေဝသဌာနက ခန့်မှန်းထားသည်။
အမျိုးသမီးများကို အဓမ္မပြုကျင့်သူများအား ဓာတုဗေဒနည်းဖြင့်သင်းကွပ်မည့်ဥပဒေ
Posted by drmyochit
Thursday, July 19, 2012, under နိုင်ငံတကာသတင်းများ | No comments
From : ဆင်ပေါက်
တောင်ကိုရီးယားနိုင်ငံတွင်အမျိုးသမီးများကို အဓမ္မပြုကျင့်သူများအား ဓာတုဗေဒ နည်းဖြင့် သင်းကွပ်မည့်ဥပဒေတစ်ရပ်ကို ပထမဆုံး
အကြိမ်ပြဌာန်းလိုက်ကြောင်းသိရှိရသည်။ယင်းသို့ဓာတုဆေးပေးကာ လိင်ဆန္ဒကိုထိန်းချုပ်ရန် သင်းကွပ်ကုသသည့်ဥပဒေတစ်ရပ်အား
ယမန်နှစ်မှစ၍ တောင်ကိုရီးယားနိုင်ငံတွင် ပြဌာန်းခဲ့သည်။သို့ရာတွင်ယင်းသို့ကုသခံရကာ ပြန်လွှတ်ခြင်းခံရသည့် သူများသည်
မုဒိမ်းမူများကို ဆက်လက်ပြုကျင့်သည်ဆိုသောသတင်းများထွက်ပေါ်လာသည့်အတွက်အဆိုပါဥပဒေအား လူထုက ပြင်းထန်စွာ
ကန့်ကွတ်ထားကြောင်းသိရှိရသည်။
ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သိထိုက်သည့်အကြောင်းအရာများ
Posted by drmyochit
Thursday, July 19, 2012, under | No comments
ကျနော်တမ်းတမိသော ဗိုလ်ချုပ်၏အမှတ်တရများ (၂)
Posted by drmyochit
Thursday, July 19, 2012, under ဆောင်းပါး | No comments
မောင်လူဝေး
• အဆင်းရဲဆုံးနိုင်ငံရေးသမား သခင်အောင်ဆန်း
ဗိုလ်ချုပ်သည် ငယ်စဉ်ကလေးဘ၀ကပင် သူပုန်စိတ်ထားရှိပြီး
အကြံကြီးသူဖြစ်သည်။ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဟူသောလူစားမျိုး
ဖြစ်သည်။ လူရိုင်းစိတ်ထားရှိပြီး လူယဉ်ကျေးများနှင့်အသားမကျခဲ့။
မျက်နှာလိုမျက်နှာရနှင့် အထက်လူကြီးများအားတိုင်တော ကုန်းချော တတ်သူများကို
ရွံရှာစက်ဆုပ်သူဖြစ်သည်။ ဗိုလ်ချုပ်သည် လမ်းသွားလျှင် ပတ်ဝန်းကျင်ကို
ဂရုပြုလေ့မရှိသည်မှာ သူ့အကျင့်တခုဖြစ်သည်။ သူကား အစဉ်းစားကြီးသူဖြစ်သည်။
သူ၏စဉ်းစားခြင်းအလုပ်မှတပါး အခြားမည်သည့်ကိုမျှ ဂရုမစိုက်တတ်။
ဗိုလ်ချုပ်သည် အခြားသူများကဲ့သို့နေ့တွင်အလုပ်လုပ်လေ့မရှိ။ ညမှသာ
တညလုံးစားပွဲတွင်ထိုင်ကာ အလုပ်လုပ်လေ့ရှိသူဖြစ်သည်။ အရေးကြီးလျှင်
တညလုံးမအိပ်ပဲ အလုပ်လုပ်တတ်သည်။ စိတ်လည်း အလွန်မြန်သူဖြစ်သည်။
ဖိလစ်ပိုင်လေတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ဝ စင်းဝယ်ယူမည်ဟုဆို
Posted by drmyochit
Thursday, July 19, 2012, under နိုင်ငံတကာသတင်းများ | No comments
ဖိလစ်ပိုင်လေတပ်f(PAF)သည် အီတလီနိုင်ငံထံမှ တိုက်ခိုက်ရေးရဟတ်ယာဉ်
၁ဝ စင်းဝယ်ယူမည်ဖြစ် ကြောင်း ဇူလိုင်လ ၁၈ ရက်နေ့ Newsnow သတင်းတစ်ရပ် အရသိရှိရပါသည်။ ထို့အပြင်
ဖိလစ်ပိုင်ပီဆို ၇၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁.၇၉ ဘီလီယံ)တန်ဖိုးရှိသော ဖိလစ်ပိုင်တပ်မတော်
ခေတ်မီအဆင့်မြှင့်တင်ရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၂ဝ၁၂ ခုနှစ်မကုန်မီ Huey ရဟတ်ယာဉ်
၂၁ စင်း၊ အလတ်စားသယ်ယူ ပို့ဆောင်ရေးလေယာဉ် ၃ စင်းနှင့် ဂျက်တိုက်လေယာဉ် ၁၂ စင်းတို့ကိုလည်း
ဝယ်ယူသွားမည်ဖြစ်ကြောင်း လေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး လောရိုကာတာလီနိုဒီလာခရုဇ် ကပြောကြားခဲ့သည်ဟု
သိရှိရပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် အီတလီလုပ် ရဟတ်ယာဉ်များအား အမေရိကန် နိုင်ငံလုပ်
ရဟတ်ယာဉ်များထက် ပို၍ ဈေးသက်သာသောကြောင့် ပိုမိုနှစ်သက်လျက်ရှိပါသည်။ ဖိလစ်ပိုင်နိုင်ငံသို့
ဂျက်တိုက်လေယာဉ် ၁၂ စင်း ရောင်းချရေးအတွက် အီတလီ၊ တောင်ကိုရီးယား၊ ရုရှားနှင့် ဗြိတိန်နိုင်ငံ တို့က
ပြိုင်ဆိုင် လျက်ရှိကြောင်းသိရှိရ ပါသည်။ အဆိုပါ တိုက်ခိုက်ရေး ရဟတ်ယာဉ်များအား သက်တမ်းရင့်
OV-10 Broncoနှင့် MG 520 တိုက်ခိုက်ရေး ရဟတ်ယာဉ်များနေရာတွင်
အစားထိုးသွားမည်ဖြစ်ပြီး သယ်ယူ ပို့ဆောင်ရေးလေယာဉ် ၃ စင်းအား C-130 လေယာဉ်နေရာတွင်
အစားထိုးသွားမည်ဖြစ်ပါသည်။ ဖိလစ်ပိုင်တပ်မတော်အနေဖြင့် ပြည်တွင်း သောင်းကျန်းမှုကို
ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အလေးထားလုပ်ဆောင်လျက်ရှိပြီး စပရက်တလီ ကျွန်းများနှင့်
တရုတ်နိုင်ငံနှင့်အငြင်းပွားပြီးနောက် ခိုင်မာသောကာကွယ်ရေးစွမ်းအားရှိရန်လိုအပ်သည်ဟု
နားလည်လက်ခံထားကြောင်းသိရှိရပါသည်။
စင်ကာပူနှင့် အမေရိကန်ရေတပ်တို့သည် CARAT ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်လျက်ရှိခြင်း
Posted by drmyochit
Thursday, July 19, 2012, under နိုင်ငံတကာသတင်းများ | No comments
စင်ကာပူရေတပ်နှင့်
အမေရိကန်ရေတပ်တို့သည် (၁၈)ကြိမ်မြောက် CARAT ပူးတွဲရေတပ်စစ်ရေး လေ့ကျင့်ခန်းအား
ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၂၇ ရက်နေ့အထိ တောင်တရုတ်ပင်လယ်အတွင်း လေ့ကျင့် လျက်ရှိကြောင်း
စင်ကာပူကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု Xinhua သတင်းတစ်ရပ်အရသိရှိရပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်ခန်းတွင်
စင်ကာပူလေတပ်၊ အမေရိကန် လေတပ်၊ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့နှင့် အမေရိကန်မရိန်းတပ်ဖွဲ့တို့
ပါဝင်လေ့ကျင့်ခဲ့ကြပြီး နှစ်နိုင်ငံစလုံးမှ တပ်ဖွဲ့ဝင်စုစုပေါင်း ၁၄ဝဝ ခန့်ပါဝင်ကြောင်းသိရှိရပါသည်။
အဆိုပါစစ်ရေးလေ့ကျင့်ခန်းတွင် ဝေဟင်၊ ရေပြင်နှင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးကဲ့သို့သော
သမားရိုးကျပင်လယ်ရေကြောင်းစစ်ဆင်ရေးများနှင့် ပင်လယ် ရေကြောင်းဆိုင်ရာဝေဟင်စစ်ဆင်မှုကို
အလေးထားလေ့ကျင့်မည်ဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါ လေ့ကျင့်ခန်းတွင် စင်ကာပူရေတပ်နှင့်
လေတပ်တို့မှ စစ်သင်္ဘော ၇ စီး၊ ရေငုပ်သင်္ဘောတစ်စီး၊ ရေတပ် ရဟတ်ယာဉ်တစ်စင်းနှင့် လေယာဉ်
၇ စင်းတို့ ပါဝင်ပြီး အမေရိကန်နိုင်ငံမှ စစ်သင်္ဘော ၄ စီး၊ ရေငုပ်သင်္ဘော တစ်စီး၊ ရေတပ်ရဟတ်ယာဉ်
၃ စင်းနှင့် လေယာဉ် ၆ စင်းတို့ပါဝင်ကြပါသည်။ အဆိုပါ CARAT ပူးတွဲစစ်ရေး လေ့ကျင့်ခန်းအား
၁၉၉၅ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
HIV တိုက်ဖျက်ရေးအထောက်အကူပြုဆေးပြားအဖြစ်အတည်ပြု
Posted by drmyochit
Thursday, July 19, 2012, under သတင်းများ | No comments
AIDS ရောဂါဖြစ်ပွားစေသည့် HIV ပိုးအား တားဆီးတိုက်ဖျက်ရာတွင် အထောက် အကူဖြစ်စေ သည့်
ဆေးဝါးအဖြစ် Gilead
Science မှထုတ်လုပ်သည့်
Truvada
ဆေးပြားအား အမေရိကန် အစားအစာနှင့်
ဆေးဝါး စီမံထိန်းချုပ်ရေးဌာနမှ ဇူလိုင်လ ၁၆ ရက်နေ့တွင် အတည်ပြုခဲ့ပါသည်။ HIV ဗိုင်းရပ်စ် တိုက်ဖျက်ရေး နှစ် ၃၀ အတွင်း
သမိုင်းတွင်စေမည့် ပထမဆုံးဆေးဝါးဖြစ်ပါသည်။ HIV ဗိုင်း ရပ်စ်ပိုးရှိသူအဖော်နှင့်အတူ လိင်ဆက်ဆံနေ ထိုင်လျက်ရှိသူများအတွက်
ရောဂါကူးစက်ရန်အန္တရာယ်မှ ကာကွယ်သည့်ဆေးဝါးဖြစ်ပါသည်။ အမေရိကန်နိုင်ငံတွင် လွန်ခဲ့သည့်
၁၅ နှစ်အတွင်း တစ်နှစ်လျှင် HIV
ရောဂါကူးစက်သူ ၅၀,၀၀၀ ခန့် အထိသာကူးစက်မှုနှေးကွေးအောင် ထိန်းထားနိုင် ခဲ့ကြောင်း ပြည် သူ့ကျန်းမာရေးဆောင်ရွက်သူများမှ
ပြောကြားခဲ့ပါသည်။ အမေရိကန်တွင် HIV ပိုးရှိသူခန့်မှန်းချေ
၁.၂ သန်းခန့်ရှိပြီး ၎င်းင်းဆေးဝါးကုသမှုကြောင့် AIDS ရောဂါဖြစ်ပွားမှုနည်းပါးသွားခြင်း ဖြစ်သည်ဟု သိပံ္ပ ပညာရှင်များက
ယုံကြည်ကြပါသည်။
HIV ပိုးသယ်ဆောင်သူအလွှာစုံပါဝင်သည့်
၂၄၀,၀၀၀ မှ ဗိုင်းရပ်စ် ပြန့်ပွားမှုအား တိုက်ဖျက်ရန်နည်းစနစ်သစ် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
HIV
ဗိုင်းရပ်စ်ရှိသူများအား ကုသရန်အတွက် Truvada ဆေးအား Gilead Sciences ကုမ်္ပဏီမှ ၂၀၀၄ ခုနှစ်ကတည်းက ဈေးကွက်အတွင်းရောင်းချခဲ့ခြင်းဖြစ်ပါသည်။
သို့သော် ၂၀၁၀ ခုနှစ်မှ စတင်လေ့လာမှု ပြုလုပ်ရာကြိုတင်ကာကွယ်ဆေးအဖြစ်သုံးစွဲခြင်းဖြင့်
HIV ပိုးကူးစက်ခြင်းအား အမှန် တကယ် တားဆီးကာကွယ်
နိုင်ကြောင်း တွေ့ရှိခဲ့ရပါသည်။ ၃ နှစ်ကြာလေ့လာတွေ့ရှိချက်အရ ကျန်းမာကြံ့ခိုင်သူ ယောက်ျားလျာများနှင့်
နှစ်ဖက်ချွန်များသည် ကာကွယ်ဆေးအား နေ့စဉ်စားသုံးပြီး အဖော်နှင့် Condom သုံး၍ဆက်ဆံရာတွင် ၄၂ ရာခိုင်နှုန်း အထိ
ရောဂါကူးစက်မှုေ လျာ့ကျခဲ့ကြောင်း တွေ့ရှိရပါသည်။ ယခင်နှစ်လေ့လာတွေ့ရှိမှုအရ HIV ပိုးရှိသူနှင့် ပိုးမရှိသူ ၂ ဦး လိင်ကွဲဆက်ဆံရာတွင်
Truvada ဆေးမှာ ၇၅ ရာခိုင်နှုန်းအထိ ကူးစက်မှုေ လျာ့ကျ
နိုင်ေ ကြာင်း တွေ့ရှိရပါသည်။
Truvada ဆေးသည် HIV
ထိန်းချုပ်သည့်ဆေးအဖြစ် ဈေးကွက်တွင်ရောက်ရှိနေသဖြင့် အချို့ဆရာဝန် များသည် HIV ကာကွယ်ဆေးအဖြစ် ၎င်းဆေးကိုသောက်သုံးရန်ညွှန်းကြခြင်းဖြစ်ပါသည်။ FDA ၏ခွင့်ပြုချက်ဖြင့် Gilead Science သည် ဈေးကွက်အတွင်း ၎င်းဆေးဝါးကို တရားဝင်အသုံးပြုခွင့်
ရရှိတော့မည်ဖြစ်ပါသည်။ ၎င်းဆေးအား ညွှန်ကြားချက်အတိုင်းစနစ်တကျ သုံးစွဲပါက တစ်နှစ်အတွက်
၁၄,၀၀၀ ဒေါ်လာခန့်ကုန်ကျမည်ဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ခြင်းမရှိသေးပါ။
၎င်းဆေး၏ေ ဘးထွက် ဆိုးကျိုးအနေဖြင့် ၀မ်းလျောခြင်း၊ မအီမသာပျို့အန်ခြင်း၊ ၀မ်းဗိုက်နာ ကျင်ခြင်း၊
ခေါင်း ကိုက်ခြင်းနှင့် ကိုယ်အလေးချိန်လျော့ကျခြင်းတို့ဖြစ်ပေါ်စေပါသည်။ HIV အဖွဲ့အစည်းများတွင်လည်း ၎င်းဆေးဝါး၏ အာနိသင်နှင့်ပတ်သက်၍
ရောဂါထိန်းချုပ်မှုမတူညီသည့် လက္ခဏာများ ကို ဖော် ထုတ်ခဲ့ပါသည်။
HIV
လူနာများအား လှုပ်ရှားဆောင်ရွက်မှုအသစ်များ၊ မှားယွင်းသောအာမခံချက်များ၊ Condom အသုံးပြုမှုလျော့ကျရေး၊ HIV တားဆီးရေးအတွက် အပြည့်အ၀ယုံကြည်မှုပေးခြင်းများမပြုလုပ်ရန်
ကျန်းမာရေး စောင့်ရှောက်မှုဖောင်ဒေးရှင်း FDA သို့တောင်းဆိုခဲ့ပါသည်။ Truvada ဆေးဝါး သုံးစွဲသူများသည် အန္တရာယ်ကြီး
သောလိင်ဆက်ဆံထိတွေ့မှုကို ပို၍ကြိုက်နှစ်သက်ကြကြောင်း၊ သို့သော် လည်း လက်တွေ့စမ်းသပ်မှုအရ
အရိပ် လက္ခဏာမပြကြောင်း ဇူလိုင်လ ၁၆ ရက်နေ့က FDA သိပံ္ပပညာရှင်များမှ ပြောကြားခဲ့ပါသည်။
Condom သုံးစွဲမှုများပြားလာပြီး လိင်ဆက်ဆံခြင်းမှ ကူးစက်ခြင်းသည်
အခြေခံအကြောင်းရင်းဖြစ် ကြောင်း (သို့မဟုတ်) ဖြစ်ပွားမှုလျော့နည်းကြောင်းတို့ကို မိမိ တို့မှတွေ့ရှိခဲ့ကြောင်း FDA ၏ HIV ဗိုင်းရပ်စ် တိုက်ဖျက်ရေးဒါရိုက်တာဒေါက်တာ ဒီဘရာ ဘိန်းကရန့်က
ပြောကြားခဲ့ပါသည်။ အချုပ်အားဖြင့်ဆိုပါက Condom မသုံးစွဲခြင်း၊ သို့မဟုတ် Condom အသုံးပြုခြင်းဖြင့် လျော့ကျစေခြင်းလား
ဆိုသည်ကို ခိုင်လုံသည့်မည်သည့် သက်သေအထောက်အထားမှ မရှိပါ။ အဓိကရည်မှန်းချက်မှာ နောက်ဆုံးတွင်
အမေရိကန်နိုင် ငံ၏ ရောဂါ ကူးစက် မှု နှုန်း ကို လျှော့ချခြင်းဖြစ်ပါသည်။ မကြာသေးခင်နှစ်များက
ကူးစက်မှုနှုန်းမှာတည်ငြိမ်ခဲ့ကြောင်း ဘိန်းက ရန့်က ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံ၏ HIV AIDS တိုက်ဖျက်ရေး အဓိက မဟာဗျူဟာ ရည်မှန်းချက်မှာ
၂၀၁၅ ခုနှစ်တွင် ကူးစက်မှုအရေအတွက် ၂၅ ရာခိုင်နှုန်းသို့ လျှော့ချသွားေ ရးပင်ဖြစ်ပါသည်။
Aljazeera.com;July-16(Mon)
အမေရိကန်ရေတပ်သင်္ဘောမှ ငါးဖမ်းလှေတစ်စီးအားပစ်ခတ်ခဲ့ခြင်း
Posted by drmyochit
Thursday, July 19, 2012, under နိုင်ငံတကာသတင်းများ | No comments
ပါရှန်ပင်လယ်ကွေ့ဒူဘိုင်းကမ်းရိုးတန်းအလွန်တွင်
အမေရိကန်ရေတပ်သင်္ဘောတစ်စီးသည် ငါး ဖမ်း သင်္ဘောတစ်စီးအား ပစ်ခတ်ခဲ့ရာ ၎င်းသင်္ဘောတွင်ပါသည့် အရပ်သားတစ်ဦးသေဆုံးပြီး
၃ ဦးဒဏ် ရာရရှိခဲ့ပါသည်။ အမေရိကန်နှင့် အီရန်တို့သည်
တင်းမာမှု အရှိန်မြင့်မားနေစဉ် ၎င်းရေတပ်သင်္ဘောမှာ ကင်း လှည့်နေခြင်း ဖြစ်ပါသည်။
အရပ်သားတစ်ဦး၏ပြောကြားချက်အရ
အမေရိကန်အမှတ်(၅)ရေယာဉ်တပ်ပေါင်းစုအား ပါရှန် ပင်လယ်ကွေ့တွင် တပ်ဖြန့်ချထားခဲ့ခြင်းဖြစ်ပြီး
ငါးဖမ်းလှေမှာ ၎င်းတို့၏ သတိပေးမှုအား ဂရုမစိုက်ဘဲ အရှိန်ပြင်းစွာ မောင်း၍ချဉ်းကပ်လာခဲ့သဖြင့်
ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။
၎င်းင်းသင်္ဘောမှာ အရပ်သားပိုင်ငါးဖမ်းသင်္ဘောတစ်စီးဖြစ်ပြီး
ပစ်ခတ်မှုဖြစ်စဉ်တွင် အိနိ္ဒယ လူမျိုးတစ်ဦး သေဆုံးကာ အခြား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း
UAE အစိုးရမှ နိုင်ငံပိုင်သတင်းဌာနသို့
တ ရားဝင်ပြောကြားခဲ့ ပါသည်။ ပါရှန် ပင်လယ်ကွေ့နှင့် အာရေဘီယံပင်လယ်တို့အား ထိန်းချုပ် ထားနိုင်သော
ဟော်မုဇ်ရေလက်ကြား အား ပိတ်ပစ်မည်ဟု အီရန်မှခြိမ်းခြောက်ခဲ့ပါသည်။ အီရန်သည် မ ကြာမီက
အဆိုပါဟော်မုဇ်ရေလက်ကြားတွင် ပစ်ခတ် လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး အမေရိကန် သင်္ဘောများအား
ခြိမ်းခြောက်ရန်အတွက် မြန်နှုန်းမြင့်ကင်းလှည့် ရေယာဉ်များ စေလွှတ်၍ ကင်းလှည့် လျက်ရှိပါသည်။
NHK.com;july-17(Tue)
“ဆယ့်ကိုး” ဆိုတဲ့ဂဏာန်း
ကျော်မိုး (စကားဝါမြေ)
ဇူလိုင် ၁၇၊ ၂၀၁၂
“ဆယ့်ကိုး” ဆိုတဲ့ဂဏာန်း
သူ့နဂို မဆန်း
သို့သော်
ငါ့ရင်မှာ လွမ်းမိတာတော့အမှန်။
နေပြက္ခဒိန် သက္ကရာဇ်
နှစ်ထောင့်ဆယ့်နှစ်ရှိခဲ့ပြီ
တစ်နှစ်မှာဆယ့်နှစ်လ၊ တစ်လမှာ တစ်ရက်
“ဆယ့်ကိုး” ဂဏန်းရေတွက်ကြည့်
တစ်ဆယ့်နှစ်ကြိမ်ပဲရှိ။
ဇွန်ဆိုတဲ့ဒီလ
“ဂျူနိုနတ်သမီး” ကို အစွဲပြုခေါ်ကြသတဲ့
ထူးကဲတဲ ဒီလရဲ့ “ဆယ့်ကိုး”
“စုကြည်” ထိုသမီးပျိုကို
ဖခင်ဗိုလ်ချုပ်အောင်ဆန်း ၊မိခင်ဒေါ်ခင်ကြည်တို့မှ
ကမ္ဘာလောကကြီးအတွက်ပေးဆပ်ဖို့
လာခြင်းကောင်းစွာနဲ့ မွေးဖွားပေးခဲ့။
ထိုသမီးမွေးပြီး (၂) နှစ်အကြာ
စနေသားဖခင် ဂြိုဟ်ဆိုးဝင်ခဲ့။
ဂျူးလိယပ်ဆီဇာဆိုတဲ့ ရောမဘုရင်ကို
ဂုဏ်ပြုမှည့်တွင်
အခုလို “ဇူလိုင်လ” ရဲ့
“ဆယ့်ကိုး”ဆိုတဲ့နေ့ပင်ဖြစ်ခဲ့။
အဖေနဲ့ သမီး
ရေစက် တကယ်နီးပုံများ
ဂဏန်း “ဆယ့်ကိုး” နေ့တူ
တွေးလို့ပင် ယူလောက်ရဲ့။
သို့သော်
အဖေနဲ့ သမီး
အစုန်နဲ့ အဆန်
မွေးနေ့နဲ့ သေနေ့
အတူနေတာနဲ့ ခွဲခွာတာ
“နိယာမ” အလိုတိုင်း ဖြစ်နေတာဆိုဦး
ငါ့ရင်မှာတော “ဆန်း”သလိုခံစားမိ။
“အောင်ဆန်း”ဆိုတဲ့ဖခင်
ဂျူးလိယပ်ဆီဇာဘုရင်လိုပင်
လုပ်ြကံခြင်း သူခံခဲ့ရ။
ကောင်းကင်က “ဂျူနို”နတ်သမီးလို
“စုကြည်” ထိုသမီးက ထင်ရှား။
“ဇွန်နဲ့ ဇူလိုင်” ထိုနှစ်လ
သူ့ဗီဇ ပြပုံအမှန်
ငါ့စိတ်သဏ္ဍာန် ကပ်ငြိ။
ဇွန်လ ရဲ့ “ဆယ့်ကိုး”
ငါ့ရင်မှာဖြိုးကြွယ်တဲ့ ပီတိ
တွေးမိလို့ မဝခင်
ညှိုးမိပေါ့ ငါ့စိတ်အစဉ်၌
“ဆယ့်ကိုး” ဇူလိုင် မမေ့နိုင်
ယ္ခုတိုင် လွမ်းနေမြဲပါလေ။
(ဆယ့်ကိုးဇူလိုင် အမှတ်တရ)
ယခုနှစ် အာဇာနည်နေ့ အခမ်းအနား ဒု သမ္မတ တက်မည်
Posted by drmyochit
Thursday, July 19, 2012, under ပြည်တွင်းသတင်းများ | No comments
ရန်ကုန်မြို့တွင်ပြုလုပ်မည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် ဂါရဝ ပြုမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံဘုရား မြောက်ဘက်မုခ် အနီး အာဇာနည်ဗိမာန်တွင် ကျင်းပမည်ဖြစ်သော ဇူလိုင်လ ၁၉ ရက် နေ့တွင်ကျရောက်မည့် အာဇာနည်နေ့အခမ်းအနားကို အရပ်သားဘက်က တက်လာသော ဒု သမ္မတ အနေဖြင့် ပထမဆုံး တက်ရောက်ခြင်းဖြစ်သည်။
“သမ္မတကြီး ကိုယ်တိုင် မတက်တာတော့ ဘာလို့လည်းဆိုတာ ကျနော်တို့မသိပါဘူး။ မနက်ဖြန် အခမ်းအနားကို တက်ရောက်ပြီး ပန်းခွေချ ဂါရဝပြုမယ့် ပုဂ္ဂိုလ်တွေ အနေနဲ့တော့ တိုက်ပုံအနက်နဲ့ ခေါင်းပေါင်းတွေ ဝတ်ဆင် ရမယ်လို့ သိရတယ်။ လုံခြုံရေးကိုလည်း ကြိုတင်ပြင်ဆင်ထားတယ်” ဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
အခမ်းအနားကို နံနက် ၈ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး ယခုနှစ် အာဇာနည်နေ့ကျင်းပပုံကို MRTV၊ MRTV-4 နှင့် Skynet ရုပ်သံလိုင်းများကလည်း အခမ်းအနားကျင်းပရာ အာဇာနည်ဗိမာန်မှတဆင့် တိုက်ရိုတ်ထုတ်လွှင့် ပြသပေးသွားမည် ဖြစ်ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
အခမ်းအနား တက်ရောက်မည့် သူများအနေဖြင့် အာဇာနည် ဗိမာန် ကွပ်ကဲရေးရုံးကို နံနက် ၇ နာရီ ၁၅ မိနစ် ကြိုတင် ရောက်ရှိ နေရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကိုလည်း အများကြည့်ရှု လေ့လာနိုင်ရန် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အာဇာနည်ဗိမာန်ကို အများပြည်သူများ ဂါရဝပြုနိုင်ရန်အတွက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ခွင့်ပြုပေးမည်ဖြစ်ပြီး ထိုသူများအနေဖြင့် အနောက်ရွှေဂုံတိုင် လမ်းနှင့် အာဇာနည်လမ်းဆုံရှိ ဂိတ်အမှတ် (၁) မှ ဝင်ရောက်ကာ ဂိတ်အမှတ် (၂) မှ ရွှေတိဂုံ အရှေ့ဘက်မုခ် စောင်းတန်းဖက်သို့ ပြန်လည်ထွက်ခွာရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။
အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ကြမည့် လမ်းကြောင်းဖြစ်သော ဦးဝိစာရလမ်းနှင့် အနောက်ရွှေဂုံတိုင် ၁ လမ်းထိပ်၊ အနောက်ရွှေဂုံတိုင် လမ်းမှ အာဇာနည်လမ်း ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် စောင်းတန်းအထိ ၁၈ ရက်နေ့ ညနေ ၆ နာရီမှ စတင်ကာ ယာယီပိတ်ထားမည် ဖြစ်သည်။
ထို့အတူ အာဇာနည်ဗိမာန်သို့ တက်ရောက်ရာ အုတ်လှေကားလမ်းနှင့် အနီးရှိ ကျောက်ဆည် ဓမ္မာရုံအနီး လမ်းကြားများကို လည်း လုံခြုံရေးအရ ဖြတ်သန်းသွားလာမှု ယာယီရပ်ဆိုင်း ထားမည်ဟုသိရပြီး ဗိမာန်အနီး စီမံချက်လမ်းကြောင်းများတွင် ယနေ့ ညနေပိုင်းမှ စတင်ကာ လုံခြုံရေးများ ချထားမည်ဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်များကပြောသည်။
အာဇာနည်ဗိမာန်နှင့် ဝင်ပေါက် ထွက်ပေါက်များတွင် လုံခြုံရေးအရ CCTV ကင်မရာများ တပ်ဆင်ထားမည် ဖြစ်သကဲ့သို့ ဗိုလ်ချုပ် ပြတိုက် အတွင်း၊ အပြင်နေရာများနှင့် ဂိတ်ပေါက်ဝတို့တွင်လည်း CCTV ကင်မရာများတပ်ဆင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
အာဇာနည်ဗိမာန်နှင့် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်များသို့ ဂါရဝပြု လေ့လာကြမည့်သူများ အနေဖြင့် ပန်းခွေ၊ ပန်းခြင်း၊ ပန်းစည်း အမျိုးမျိုး၊ ကင်မရာ၊ ဖုန်းနှင့် အိတ်အမျိုးမျိုး ယူဆောင်လာခွင့် မပြုကြောင်း ပွဲကျင်းပရေး ကော်မတီကလည်း ထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အာဇာနည်ဗိမာန်သို့ မနက်ပိုင်းတွင် လွမ်းသူ့ပန်းခွေချ ဂါရဝါပြုမည်ဖြစ်ပြီး နေ့လည် ၁၁ နာရီတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ပြုလုပ်မည်ဖြစ်သော အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ သူတို့က မိသားစုပန်းခွေ သီးခြားအစီအစဉ်နဲ့ ချသွားမှာပါ၊ နေ့ခင်းပိုင်းမှာတော့ ရုံးမှာ လုပ်မယ့် အာဇာနည်နေ့ပွဲကို သူတက်မယ်” ဟု NLD ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။ NLD ရုံးတွင် ပြုလုပ်မည်ဖြစ်သော အခမ်းအနားတွင် အာဇာနည်နေ့အကြောင်း ဟောပြောချက်၊ သဘာပတိ မိန့်ခွန်းနှင့် ကြေညာချက် ထုတ်ပြန်မည်ဟု သိရသည်။
အာဇာနည်ဗိမာန်သို့ တက်ရောက် ဂါရဝပြုရန် နိုင်ငံရေးပါတီများကိုလည်း အာဇာနည်နေ့ ပွဲကျင်းပရေး ကော်မတီက ခွင့်ပြုပေးထားပြီး NLD ပါတီအနေဖြင့် ဦးတင်ဦး၊ ဦးစိုးဝင်း၊ ဦးဟံသာမြင့်၊ ဦးမျိုးညွန့်နှင့် ဒေါ်မြင့်မြင့်စိန်တို့က တက်ရောက် ကြမည်ဖြစ်သည်။
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ အနေဖြင့် ၎င်းတို့ကိုယ်တိုင် ပွဲကျင်းပမည့် အစီအစဉ်မရှိသော်လည်း အာဇာနည်ဗိမာန်သို့ တက်ရောက် ဂါရဝပြုရန် အစီအစဉ်ရှိကြောင်း၊ အာဇာနည်နေ့ သဝဏ်လွှာ ထုတ်ပြန်ရန်နှင့် NLD က ပြုလုပ်မည့် အခမ်းအနားသို့ တက်ရောက်ရန်ရှိကြောင်း အဖွဲ့ခေါင်းဆောင် တဦးဖြစ်သူ ကိုကိုကြီးက ဧရာဝတီသို့ ပြောသည်။
“သဝဏ်လွှာ ထဲမှာတော့ အာဇာနည် သေရင် မင်းဆိုး၊ မင်းညစ်စနစ် အဆုံးသတ်သွားတယ်၊ အာဇာနည် ကျဆုံးရင် သူ့ရဲ့ တန်ခိုးသြဇာ စတင်တယ်၊ အာဇာနည်ဟာ သူ့ရဲ့ ကိုယ်ကျိုးစီးပွားတွေ ဆုံးရှုံးနစ်နာမှုတွေထက်ကို သူ့ပြည်သူတွေအတွက် အများရဲ့ အကျိုးစီးပွားအတွက်ကို အဓိကထားပြီးတော့ ဆောင်ရွက်လေ့ရှိတယ်ဆိုတာ ထည့်ရေးထားတယ်” ဟု ကိုကိုကြီးက ဆိုသည်။
အာဇာနည်များ သေဆုံးပြီးသွားပြီးသည့် နောက်တွင် ပြည်သူများ၏ စိတ်ထဲ၌ အာဇာနည်များနှင့် ပတ်သက်၍ စွဲမြဲစွာ ကျန်ရစ် နေခဲ့ကြောင်း၊ အမှန်မှာ မတရားမှု၊ တုံ့ပြန်မှု၊ အကြမ်းဖက်မှု အဓမ္မ စနစ်များသာလျှင် ကျဆုံးသွားခြင်းဖြစ်ကြောင်း၊ အာဇာနည်များ၏ ယုံကြည်ချက်၊ ၎င်းတို့၏ ဦးတည်ချက် ပန်းတိုင်ကို လူအများ စုစည်းပြီး တက်ရောက်ကြရန်၊ မပျောက်မပျက်စေရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းကြရန် သဝဏ်လွှာရေး၍ တိုက်တွန်းထားခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိ နတ်မောက်မြို့တွင်မူ ဒေသခံများက ဗိုလ်ချုပ်၏ ရုပ်တုအား ပန်းခွေချ ဂါရဝပြုရန် တောင်းဆို ထားမှုကို မြို့နယ်အာဏာပိုင် ရဲအဖွဲ့က ခွင့်ပြုခြင်းမရှိခဲ့ပေ။ အလားတူ ပြည်နယ်နှင့် တိုင်းတချို့တွင်လည်း လွတ်လပ်ရေး ပန်းခြံနှင့် ဗိုလ်ချုပ်ကြေးရုပ်တို့ကို ဂါရဝပြုရန် တောင်းဆိုခြင်းများအပေါ် ဒေသဆိုင်ရာ အာဏာပိုင်များက ခွင့်မပြုကြောင်း သိရသည်။
“ကျနော်တို့ဆီကို Report တွေ တက်လာပါတယ်၊ အမျိုးမျိုးဗျ၊ ဥပမာအားဖြင့် အာဇာနည်နေ့ ကိုယ့်ရုံးမှာကိုယ် ကျင်းပတာဟာ ဥပဒေအရ ဘယ်သူ့ဆီကမှ ခွင့်ပြုချက်မလိုဘူး။ အဲဒါကို အများသောအားဖြင့် မတားပါဘူး။ တချို့နေရာတွေမှာ အဲဒါကိုပါ တားတယ်။
အများပြည်သူ နေရာမျိုးမှာ လုပ်မယ်ဆိုရင်တော့ လိုအပ်တယ်ဆိုတာ ကျနော်တို့ကလည်း ပြန်ပြောထားပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။