Thursday, July 25, 2013
မျက်လှည့်ဆရာ၏ ကိုယ်တစ်ပိုင်းပြတ် မျက်လှည့်ပြကွက် VIDEO
Posted by drmyochit
Thursday, July 25, 2013, under ဗွီဒီယိုသတင်း | No comments
ရေကန်ထဲက ဆား
Posted by drmyochit
Thursday, July 25, 2013, under ဆောင်းပါး | No comments
တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်… သူဟာ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက် ဆီ ရောက်လာပါတယ်..
ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.. ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ လူငယ်ကို သောက်စေပါတယ်.. ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က
“ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်
.. ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို ဆားတစ်ဆုပ်ကို ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်.
မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း အလွန် ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတစ်ကန် နား ရောက်လာကြပါတယ်.. ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲမှာ ပါလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်းလိုက်ပါတယ်.. ပြီးတော့ လူငယ်ကို “ကဲ အခု ကန်ထဲကို ရေကို သောက်ကြည့် ပါဦး” လို့ ခိုင်းလိုက်တဲ့အခါ
ထိုလူငယ်ကလည်း ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်..
ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ “အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ ရှိသလဲ” လို့ မေးလိုက်ပါတယ်.. ဒီတော့ လူငယ်က “ လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့ နဂိုအရသာ အတိုင်းပါဘဲ”
လို့ ပြန်ဖြေပါတယ်.. “စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငံသေးရဲ့လား” လို့ ပြန်မေးပြန်တဲ့အခါ “ မငံတော့ပါဘူး.” လို့ လူငယ်က ပြန်ဖြေလိုက်ပါတယ်.. ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာပုတ်လိုက်ကာ “ငါတို့ဘ၀တွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆားနဲ့တူပါတယ်..
ဘ၀မှာ ကြုံလာတဲ့ နာကျင်ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်.
. . မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့ မင်းထင်လိမ့် မယ်.. ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊ စိတ်ထိ ခိုက်နာကျင် မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှုမဟုတ်တော့ဘူးပေါ့…” “ဒီတော့ ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ.. ကိုယ့်ကိုယ်ကို ဖန်ခွက်တစ်လုံး မဖြစ်စေပါနဲ့.. ရေကန်တစ်ကန်အဖြစ် ပြောင်းလဲ ကျင့်ကြံလိုက်ပါ.. ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါး သက်သာ သွားပါလိမ့်မယ်” လို့ ပြောလိုက်ပါတယ်..
“Stop being a glass. Become a lake.” ဒီဥပမာလေးကို သဘောကျလို့ ပြန်လည်ဝေမျှပါတယ်
The taste of life ( Unknown Author) ကို ဘာသာပြန်ဆိုပါသည်။
အချိန်စော နေတာလား၊ နောက်ကျ သွားတာလား
အတိတ်၊
ပစ္စုပ္ပန်၊ အနာဂတ် ဆိုတဲ့ ကာလကြီး ၃ ခုဟာ သတ္တ လောက ကြီးမှာ နာရီ လက်တံ များနှင့် အတူ တရွေ့ ရွေ့ ပြောင်းလဲ နေပါတယ်။ လူ အများ စုဟာ များသော
အားဖြင့် လက်ရှိ ဘဝကို မူတည်ပြီး ဦးစွာ ရှေ့တန်း တင်ကြတယ်။ ပြီးတော့ ရောက်ရှိ လာမဲ့
အနာဂတ် အခြေ အနေ အတွက် ထည့်သွင်း စဉ်းစားမယ်၊ သုံးသပ်မယ်၊ ပြင်ဆင်မယ်၊ လုပ်ဆောင် မယ်ပေါ့။
အဲလို စဉ်းစားတဲ့ အခါ ယခင်က အခြေ အနေ ဆိုတဲ့ အတိတ် သမိုင်းကြောင်း ကိုလည်း ချန်လှပ်
ထားလို့ မရဘူး ဆိုတာ လက်ခံ ကြရမှာ ဖြစ်ပါတယ်။
လက်ရှိ
ကျွန်တော်တို့ နိုင်ငံတော်ကြီးဟာ ဒီမို ကရေစီ လမ်းကြောင်းပေါ် စတင် လျှောက်လှမ်း နေခါစ
ရှိပါ သေးတယ်။ ဒီအခြေ အနေကို ရောက်ဖို့ ပြည်သူ ပြည်သား အများစု ဟာလည်း စိတ်ရှည် သည်းခံမှု
များစွာနဲ့ စောင့်စား ခဲ့ကြ ရတာပါ။ သို့ပေမဲ့ ဒီ ကာလ တွေမှာ ကိုယ့် အကျိုး စီးပွားကို
ရှေ့တန်း ထားပြီး ဘယ်သူ သေသေ၊ ငတေ မာရင် ပြီးရော ဆိုတဲ့ လူတန်းစား အတ္တ သမား အချို့
ကတော့ လုပ်ချင်ရာ လုပ်ပြီး အခုကြမှ အများကြိုက် ခေါင်းစဉ်များ ဖြစ်တဲ့ တိုင်းရင်းသား
အရေး၊ မူးယစ် ဆေးဝါး ပပျောက်ရေး ခေါင်းစဉ် များနဲ့ အတွင်းစိတ် မမှန်ဘဲ နာမည်ကောင်းခံ
ကိုယ်ယောင်ပြ လာတာ တွေ့နေ ရပါတယ်။ ဇွန်လ ၁၀ ရက် နေ့က နိုင်ငံတော် သမ္မတကြီးနဲ့ ရှမ်းပြည်နယ်ရဲ့
ပြန်လည် ထူထောင်ရေး ကောင်စီ ဥက္ကဌ ရွက်ဆစ်တို့ နေပြည်တော်မှာ တွေ့ဆုံကြောင်း သတင်း ဖတ်လိုက်
ရတယ်။ သာမန် ပြည်သူတွေ အဖို့ ဝမ်းသာ စရာပါ။ ကျွန်တော်လည်း အကောင်း မြင်နိုင်အောင် စိတ်နှစ်ပြီး
ကြိုးစား ကြည့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒေသခံ တွေရဲ့ အမြင် အာရုံနှင့် အတွေး ခံစား
ချက်တွေ ထဲမှာ အတိတ်က အရိပ်မည်း တွေတင်မက လက်ရှိ အခြေ အနေ တွေက ဒီ အဖွဲ့ အစည်းရဲ့ လုပ်ဆောင်ချက်၊
အကြံ အစည် တွေကို ဘာနဲ့မှ ဖုံးကွယ်လို့ မရအောင် မြင်နေလို့ပဲ ဖြစ်ပါတယ်။
အခု
နိုင်ငံရေး အခြေ အနေ တွေအရ ပတ်ဝန်းကျင် နိုင်ငံ ကလည်း လက်မခံ နိုင်တော့တဲ့ အချိန် ပြည်တွင်း
မှာလည်း ယခင် အတိုင်း ဆိုးသွမ်းလို့ မရနိုင် တော့တဲ့ အချိန်မှာ နည်းဗျူဟာ ပြောင်းပြီး
ရှေ့ထွက် လာခဲ့မယ် ဆိုရင် ဒေသခံ တွေအဖို့ အတိတ်၊ လက်ရှိ ခံစား မှုတွေအပြင် အနာဂတ် အတွက်
သံသယ ဖြစ်မိ ပါတယ်။ စိတ်ရင်း မှန်စွာ ရှေ့ထွက် လာတာ ဖြစ်ပါ စေလို့ ဆုတောင်း ရုံမှ အပ
မတတ် နိုင်ပါ..။ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ရေး အရ ပုတ်ခတ်ခြင်း မဟုတ်ပါ။ စာရေး သူတို့ ဒေသခံတွေ
အသိဆုံး ဖြစ်ပါတယ်။
အခုလည်း
သမ္မတကြီးနဲ့ တွေ့စဉ်က ပြည်ထောင် စုကြီးကနေ ခွဲ မထွက် ပါဘူးဟု ပြောပြီးတော့ အခုပြောပြန်ပြီ
သူတို့ ပြည်နယ် ထူထောင်ဖို့ အတွက် သီးခြား စစ်တပ် တွေလိုတယ်၊ ရဲ တပ်ဖွဲ့တွေ လိုတယ်တဲ့၊
ဘယ်လို နားလည်ရ မှာလဲ။ ကျွန်တော်တို့ လူမျိုး ဥက္ကဌကြီး ဆိုသူရဲ့ မြန်မာ ပြည်တွင်း သမ္မတနှင့်
တွေ့ဆုံစဉ်၊ မြို့နယ် တွေမှာပြည်သူ လူထု၊ သတင်း မီဒီယာ သမား များနဲ့ တွေ့ဆုံစဉ် ပြောကြား
ချက်တွေ ထဲက သိရ သလောက် ထုတ်နုတ် ပြလို ပါတယ်။ “နိုင်ငံတော် သမ္မတကြီးထံ ကျိုင်းတောင်း
ရေအား လျှပ်စစ် စီမံ ကိန်းအား တောင်းခံ ထားကြောင်း ရရှိ ပါက သူ၏ မိတ်ဆွေ နိုင်ငံခြား
သားများ ခေါ်ယူ၍ ယခု ထက်ကြီးသော အကျိုး အမြတ် ရှိမယ့် စီမံကိန်းများ အကောင် အထည် ဖော်မှာ
ဖြစ်ကြောင်း”၊
“သမ္မတကြီး ထံမှာ မဲခေါင်မြစ်ကြောင်း တစ်လျှောက် မြေဧက ၂၅၀၀ တောင်းခံ ထားကြောင်း”၊
“သူတို့အနေဖြင့် နိုင်ငံတော် ဥပဒေမှ စ၍ လုပ်ထုံး လုပ်နည်း များအား လေ့လာ နေဆဲ ဖြစ်ပြီး
အလုံးစုံ နားမလည် သေးကြောင်း”၊ “သူတို့ စစ်သင်တန်း ပေးနေ
သည် ဆိုတာ လူကို အုပ်ချုပ်လို့ လွယ်ကူ အောင်သာ ဖြစ်ပြီး သင်တန်း ပြီးပါက အိမ်ပြန် လွတ်ကြောင်း”၊
“သူတို့ စစ်တိုက် နေတာ တိုင်းပြည် အတွက် တာဝန် ထမ်းဆောင် နေတာ ဖြစ်ကြောင်း”
“တပ်မတော်က ပြည်သူနှင့် သူတို့ အဖွဲ့ ပူးပေါင်းမှာ စိုးရိမ်ကြောင်း၊ အစိုး ရက တစ်ပါတီနှင့်
တစ်ပါတီ ရန်ဖြစ် စေချင်ကြောင်း၊ တစ်ဖက်နှင့် တစ်ဖက် ရန်တိုက် ပေးနေ မှုအား သတိထား ရမည်
ဖြစ်ကြောင်း ၂၀၁၅ ရွေးကောက် ပွဲတွင်လည်း အခြေခံ ဥပဒေကို နောက်ကွယ်မှ ကြိုးကိုင်သူ ရှိနေမည်မှာ
ဖြစ်ကြောင်း၊ အစိုးရသည် ဉာဏ်နီ ဉာဏ်နက် များကြောင်း” ဖော်ပြပါ စကား များသည် ဇွန်လ ၉ ရက်မှ လကုန်ရက်
အထိ ထုတ်ဝေသည့် သတင်း၊ အသံလွှင့်မှု များတွင် ပါရှိပြီး ဖြစ်ပါသည်။ ဒီ စကားရပ် များကို
လေ့လာ သုံးသပ် ကြည့်ခြင်း အားဖြင့် ရွက်ဆစ်ရဲ့ အတွင်း စိတ် သဘော ထား များကို မြင်နိုင်
ပါသည်။
ကိုယ်ကျိုး
အတွက် ရည်ရွယ် ချက်နဲ့ ဆောင်ရွက် နေတာဟာ ရွက်ဆစ်ရဲ့ သမိုင်းက သက်သေပါ။ ဆွေမျိုး သားချင်း
အရင်း ခေါက်ခေါက် များကိုပါ လုပ်ကြံ သတ်ဖြတ်ပြီး တစ်ချိန်က ခွန်ဆာ ခေါင်းဆောင်တဲ့
MTA အဖွဲ့မှာ ဗိုလ်မှူးကြီး အဆင့်နဲ့ ရမ်းကား ခဲ့ရာမှ MTA တစ်ဖွဲ့လုံး လက်နက် ချစဉ်
ယောင်ပြ ပါဝင် ခဲ့ပြီး တစ်ပတ် အတွင်း မှာပဲ ခိုလန်၊ ကွန်ဟိန်း၊ ကျိုင်းတောင်း၊ ကျိုင်းခမ်း
နယ်မြေ ထဲက လက်ကျန် လက်နက်ကိုင် အဖွဲ့များနှင့် ရည်ရွယ်ချက် ရှိရှိ ပူးပေါင်းပြီး ရွက်ဆစ်က
ခေါင်းဆောင် လုပ်ကာ ဒုတိယ ဗိုလ်ချုပ်ကြီး ဆိုတဲ့ ရာထူးကို ကိုယ့် ဘာသာ သမုတ် ခဲ့တာ
သိသာ လွန်းခဲ့ ပါတယ်။ ယခင် MTA လက်ထက်က ဆောင်ရွက် ခဲ့သော မူးယစ် ဆေးဝါး လုပ်ငန်း များကို
တိုးချဲ့ ဆောင်ရွက် ခဲ့တယ်။ ရှမ်းပြည် တောင်ပိုင်းနှင့် အရှေ့ပိုင်းမှ ထွက်ရှိသော ဘိန်းတွေကို
မြန်မာ- ထိုင်း နယ်စပ်ရှိ ဘိန်းဖြူ ချက် စခန်း များကို ပို့ဆောင်တယ်။ ဘိန်းဖြူချက်
စခန်းတွေကို လုံခြုံ ရေး လုပ်ပေး တယ်။ ဘိန်းချက် စခန်း တွေမှာ ရှယ်ယာ ပါဝင်တယ်။ ဘိန်းစိုက်
တောင်သူတွေ ထံမှ ဆက်ကြေး ကောက်တယ်။ ဘိန်း ကုန်သည်တွေ ထံမှ ဆက်ကြေး ကောက်တယ်။
ဒါ့အပြင်
ယနေ့ ခေတ်စား လာတဲ့ စိတ်ကြွ ရူးသွပ် ဆေးပြား ထုတ်လုပ်ခြင်း ဆောင်ရွက်တယ်။ ဒေသခံ တွေကို
မျက်စိ ပိတ်၊ နားပိတ် ဖြစ်အောင် ဘိန်းမှိုင်းနဲ့ တိုက်တဲ့ အပြင် အတင်းအဓမ္မ လူသစ်ပါ
စုတယ်။ အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား ယောက်ကျား မှန် သမျှ စစ်မှု ထမ်းရ မယ်တဲ့။ ဒု စစ်ဦးစီးချုပ်
ခေးငင်း ရဲ့ သမီး ကိုလည်း ယူတယ်။ (တရားဝင် မယား ၁၇ ဦး၊ ရောက်ရာ အရပ် ဒေသတွင် တရားမဝင်
မယား အများ အပြား၊ တင်စားခြင်း မဟုတ်ပါ၊ အမှန် သတင်း သိရှိသူ အနေဖြင့် ဖော်ပြ ပေးခြင်း
ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒေသခံ အားလုံး သက်သေ ခံနိုင် ပါတယ်။) လက်နက် အားကိုးနဲ့ အနိုင်
ကျင့်တယ်။ ငွေကြေး အားကိုးနဲ့ ထိုင်းနိုင်ငံ ထဲက တာဝန် ရှိသူ တွေကိုပါ စည်းလုံး သိမ်း
သွင်းတယ်။ ကဲ.. ဘာကျန် သေးလဲ။
အစိုးရသစ် သက်တမ်း ကာလတို အတွင်း နိုင်ငံတော် သမ္မတကြီးရဲ့
ဆောင် ရွက်ချက် များကြောင့် အထင်ကြီး၊ အားကိုး၊ လေးစား မိခဲ့ ပေမဲ့၊ ဒီ တစ်ခါတော့ လုံးလုံး
လျားလျား မဆန့် ကျင်သော်လည်း မဖြစ်သင့် ပါလို့ တွေးမိ ပါတယ်။ နိုင်ငံတော် သမ္မတ ကြီး၏
သည်းခံ နိုင် စွမ်းအားနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ရလိုစိတ် ပြင်းပြမှု အတွက် သူတို့ကို တွေ့ဆုံ ခဲ့မှု
အပေါ် တစ်ဖက် ကလည်း လေးစား မိပါတယ်။ တိုင်းရင်းသား ခေါင်းဆောင် အမည် ခံထား သော်လည်း
ကျွန်တော်တို့ လူမျိုး၊ တိုင်းရင်း သားများ လက်ခံသည့် အဖွဲ့ အစည်း မဟုတ်ခြင်း၊ အဖွဲ့
အစည်း စတင် တည်ထောင်ပြီး ချိန် ကနေ ယနေ့ အထိ ကျွန်တော်တို့ တိုင်းရင်းသား ဒေသ ဖွံ့
ဖြိုး တိုးတက်ရေး များ မဆောင်ရွက် နိုင်ခဲ့တာ အပြစ် မပြောလို ပေမယ့် ဒေသ မှာပင် ဘိန်းစိုက်၊
မှောင်ခိုထုတ်၊ ဓားပြ တိုက်၊ လူသတ်၊ ဆက်ကြေးကောက်၊ အတင်း အဓမ္မ လူသစ်စု ဆိုတဲ့ ဥပဒေမဲ့၊
မင်းမဲ့ စရိုက် ဆောင်ရွက် ချက်တွေက သူတို့ အတွက်
အမည်းစက် တင် မက အမှောင် ထုကြီးသာ ဖြစ်ပါတယ်။ အမေ ရိကမှာ နာမည် ကြီးခဲ့တဲ့ လူဆိုးကြီး
Al Capone (Scarface) တို့၊ မာဖီးယား ဂိုဏ်း
ခေါင်းဆောင်တို့ စတဲ့ ရာဇဝင် လူဆိုး တွေကို အခု အချိန် မပြောနဲ့ အဲဒီ အချိန်တုန်း အမေရိကန်
သမ္မတ တွေနဲ့ တွေ့ဆုံ ခဲ့တာ မရှိပါ။ ထောင်ထဲမှာ ဖြစ်ဖြစ်၊ အမှောင်ထု ထဲမှာ ဖြစ်ဖြစ်၊
အချင်းချင်း လုပ်ကြံ ကြလို့ဘဲ ဖြစ်ဖြစ် မထင် မရှားနဲ့ ပျောက်ဆုံး သွားကြတာ ချည်း ပါဘဲ။
ရွက်ဆစ်လို
လူစား မျိုး ဟာလည်း ဘာထူး မှာလဲ။ တိုင်းပြည်နဲ့ လူမျိုး ကောင်းစားရေး ဆောင်ရွက် ဖို့ရာ
ဘယ်လိုမှ မဖြစ် နိုင်ဘူး ဆိုတာ သူ့ရဲ့ သမိုင်းကြောင်း သာမက လက်ရှိ ပြောဆို လုပ်ဆောင်
မှုတွေက ပေါ်လွင် နေပါတယ်။ မြန်မာ စကားပုံ တစ်ခု ထဲက လိုပါပဲ “သူခိုးကြီးတော့ ဓားပြ၊
ဓားပြကြီးတော့ သူပုန်” ဆိုတာ မျိုး အတိ အကျ ဖြစ်နေ တာပါ။ နဂို ကမှ မိမိကိုယ်ကို
အထင်ကြီးပြီး ပဒေ သရာဇ် စော်ဘွား ဟန်ပန်နဲ့ မယား ၁၇ ယောက် (တရားမဝင် မယားများ မပါ)
ယူထားတဲ့ ရွက်ဆစ်ဟာ အခုလို သမ္မတကြီးနဲ့ တွေ့ဆုံပြီး နောက်ပိုင်း ပြည်တွင်း ပြည်ပ ခရီးစဉ်
၂ ပတ် လှည့်လည် စဉ်က ပြောကြားတဲ့ စကားလုံး တွေကို လေ့လာ ကြည့်ခြင်း အားဖြင့် “အရူး
ဘုံမြောက် ချေးခြောက် ကောက်စား”တဲ့ စကားပုံ ထဲက အတိုင်း
ဖြစ်ပျက် နေတာ သိသာစွာ မြင်တွေ့ ကြားသိ နိုင်ပါ တယ်။
ဒီမို
ကရေစီ အရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား အရေး၊ မူးယစ် ဆေးဝါး အရေး၊ လူ့ အခွင့် အရေး၊
အရေးပေါင်း များစွာ အတွက် ဆောင်ရွက် ချက် တိုင်းကို လက်ကမ်း ကြိုဆို လျက်ပါ။ အခုလည်း
ကျွန်တော်တို့ လူမျိုး တိုင်းရင်းသား ခေါင်းကြီးကို သမ္မတကြီး တွေ့ဆုံတာ အပြု သဘောနဲ့
စောနေ သေးကြောင်း အတွင်းသိ ဒေသခံ တိုင်းရင်းသား တစ်ဦး အမြင်သာ ဖြစ်ပြီး အပြု သဘောနဲ့
လုံးဝ အပြည့် အဝ ကြိုဆို နေပါကြောင်း။
အိုက်ခမ်း
ကျောင်းသားတွေသေဆုံးမှုနဲ့ ကျောင်းအုပ် ဆရာမ အဖမ်းခံရ
Posted by drmyochit
Thursday, July 25, 2013, under နိုင်ငံတကာသတင်းများ | No comments
အိန္ဒိယနိုင်ငံက ပြီးခဲ့တပတ်ကပဲ မူလတန်းကျောင်းက ကျောင်းသား ၂၃ယောက်လောက် သေဆုံးစေခဲ့တဲ့ အစာအဆိပ်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးတော့ သံသယရှိသူ ကျောင်းအုပ်ဆရာမကို အိန္ဒိယရဲတွေက ဖမ်းဆီးလိုက်ပြီလို့ သိရပါတယ်။
အစာအဆိပ်ကြောင့် ဆေးရုံတက် ဆေးကုသမှုခံယူနေတဲ့ကလေးငယ်တွေ (Credit: AFP)
စာသင်ကျောင်းက ကလေးငယ်တွေ အစာအဆိပ်ကြောင့် နေမကောင်းဖြစ်လာကြတဲ့အချိန်မှာ ပဲ ထွက်ပြေးတိမ်းရှောင်နေခဲ့တဲ့ ကျောင်းအုပ်ဆရာမ မီနာ ဒီဗီကို ရဲတွေက တပတ်လောက် ရှာဖွေခဲ့ရ တာဖြစ်ပါတယ်။ အဲဒီ ကျောင်းအုပ်ဆရာမ မီနာ ဒီဗီကို လူသတ်မှု လျို့ဝှက်လုပ်ကြံမှုတွေနဲ့ တရားစွဲထားပါတယ်။
စစ်ဆေးတွေ့ရှိချက်တွေအရ ကလေးငယ်တွေကို သေစေတဲ့ အစာထဲမှာ ပိုးသတ်ဆေးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ လေ့လာစစ်ဆေးရေးသမားတွေရဲ့ အဆိုအရ ချက်ပြုတ်တဲ့ စားဆီတွေဟာ ပိုးသတ်ဆေးဗူးမှာ ထည့်ထားတဲ့ ဆီတွေဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဆီတွေနဲ့ နေ့လည်စာချက်တဲ့ ထမင်းချက်ကို ကျောင်းအုပ်က အတင်းထည့်ချက်ခိုင်းခဲ့တာဖြစ်မယ်လို့ စစ်ဆေးရေးသမား တွေကပြောတဲ့အကြောင်း အေဘီစီ သတင်းထောက် Stephane March က နယူးဒေလီမြို့ကနေ သတင်းပေးပို့ထားတာဖြစ်ပါတယ်။
From: ABC Radio Australia
စာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေး ဝန်ကြီးကြား တင်းမာမှုဖြစ်နေ
Posted by drmyochit
Thursday, July 25, 2013, under ပြည်တွင်းသတင်းများ | No comments
ဇူလိုင်လ ၂၄ ရက်နေ့ မနေ့တုန်းက ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်ကနေ သတင်းမီဒီယာ ဥပဒေကြမ်းထဲက အချက် ၁၀ ချက်ကျော်ကို ပြင်ဆင်ပေးဖို့ ပြောခဲ့တာကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့က မပြင်နိုင်ဘူးလို့ ပြောခဲ့တဲ့အတွက် တင်းမာတဲ့ အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။
(Credit: Reuters)
စာနယ်ဇင်းကောင်စီက တာဝန်ရှိသူ ၈ ဦး တို့ နေ ပြည် တော် မှာ ပြည်သူ့လွှတ်တော်က စာပေရေးရာ ကော်မတီ နဲ့တွေ့ဆုံချိန်မှာပဲ ပြန်ကြားရေးဝန်ကြီး ဌာနက ဒုဝန်ကြီး ဦးရဲထွဋ်နဲ့ ဦးပိုက်ထွေးတို့ ရောက်ရှိလာပြီး သတင်းမီဒီယာ ဥပဒေကြမ်းထဲက အချက် ၁၇ ချက်ကို ပြင်ဆင်ပေးဖို့ ပြောခဲ့ပါတယ်။
စာနယ်ဇင်းကောင်စီက တစ်စုံတစ်ရာ ပြင်ဖို့ အကြောင်းမရှိဘူးလို့ တုန့်ပြန်တဲ့အခါ မပြင်ပေးရင် ၀န်ကြီးဌာနအနေနဲ့ လွှတ်တော်ကို မတင်ပေး နိုင်ဘူးဆိုပြီး ပြောခဲ့တဲ့အကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ)က ပြောခွင့်ရှိသူ ဦးသီဟစော ကပြောပါတယ်။
ပြန်ကြားရေးဌာနအနေနဲ့ လွှတ်တော်ကို မတင်ပေးရင်လည်း လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဦးကနေ တင်ပြဖို့ ပြန်ပြောတဲ့ အခါမှာ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က တင်လာတဲ့ ဥပဒေကြမ်းကို ကန့်ကွက်မယ်ဆိုပြီး ပြောတဲ့ အထိ အခြေအနေတွေ တင်းမာခဲ့တယ်လို့ ဦးသီဟစောက ပြောပါတယ်။
”ဦးရဲထွဋ်က ဘာပြောလဲဆိုတော့ တကယ်လို့ လွှတ်တော်အမတ် တစ်ဦးဦးက တင်ရင်တော့ အဆုံးထိ လိုက်ပြီးကန်ကွက်မယ်တဲ့။ အဲဒီလိုပြောတယ်။ သူတို့ ပြင်ခိုင်းတဲ့ အချက်တွေက အီလက်ထရောနစ် မီဒီယာ နဲ့အင်တာနက် ဆိုတာကိုပြောတယ်။ အင်တာနက်လို့ ပြောင်းပါလို့ ပြောတယ်။ ကျတော်တို့က အီလက်ထရောနစ်လို့ပြောတယ်။ ရေရှည်မှာ အီလက်ထရောနစ်က ကျယ်ပြန့်လာလိမ့် မယ်။ အင်တာနက် တင်မကဘူး မိုဘိုင်းတွေကပါ ပါလာမယ်။ နောက်တစ်ခု စာနယ်ဇင်းကောင်စီပဲဖြစ်ဖြစ် မီဒီယာကောင်စီပဲဖြစ်ဖြစ် တကယ်တမ်းမှာ ၁ ခုပဲ ရှိရမယ်။ နောက်ပိုင်းမှာ ရှုတ်ထွေးမှာစိုးလို့။ သူတို့က မီဒီယာကောင်စီက တစ်ခု Public Service Media ကောင်စီက တစ်ခု၊ ကောင်စီတွေ အများကြီး ဖြစ်ရမယ်။ တစ်ခုထဲ ဖြစ်ရမယ် ဆိုတဲ့ အချက်ကို ဖြုတ်ခိုင်းတယ်။ မဖြူတ်နိုင်ဘူးလို့ ကျနော်တို့ ပြောခဲ့တယ်။”
အီလက်ထရောနစ်မီဒီယာဆိုတဲ့နေရာမှာ အင်တာနက်ဆိုတာနဲ့ ပြောင်းပေးဖို့ ပြောလာတာကို မပြောင်းပေးတဲ့အပြင် မီဒီယာကောင်စီဆိုတာ တစ်ခုတည်း ရှိသင့်တယ်လို့ ပြောသွားတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေးဥပဒေကြမ်း အပေါ် စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့က ကန့်ကွက်မှုတွေလုပ်နေသလို စာနယ်ဇင်းကောင်စီ (ယာယီ)က ရေးဆွဲထားတဲ့ သတင်းမီဒီယာဥပဒေ ကြမ်းအပေါ်မှာလည်း ပြန်ကြားရေးဝန်ကြီးဌာနက ပြင်ဆင်ခိုင်းတာတွေ လုပ်နေပြီး အငြင်းပွားနေကြပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတဲ့ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေးဥပဒေကြမ်းကိုတော့ မကြာခင်ကပဲ ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် မဝေစန္ဒာကျော်က သတင်းပေးပို့ထားပါတယ်။
From: ABC Radio Australia
ရွာသာကြီးတွင် ကိုယ်ဝန်သည်အမျိုးသမီး အသတ်ခံရ
Posted by drmyochit
Thursday, July 25, 2013, under မှုခင်း | No comments
ရန်ကုန်၊ ဇူလိုင် ၂၄
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ရွာသာကြီးရပ်ကွက် ဒီဇင်ဘာအိမ်ရာအဝင် မုခ်ဦးအနီးတွင် ဇူလိုင်လ ၂၃ ရက်နေ့က တွေ့ရှိခဲ့သည့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးနှင့် ၎င်း၏ဝမ်းဗိုက်အတွင်းမှ ထွက်ရှိလာသော ကလေးတို့၏ အလောင်းနှစ်လောင်းမှာ လူသေမှုဖြစ်စဉ် မဟုတ်ဘဲ လူသတ်မှု ဖြစ်သည်ဟု မှုခင်းဆရာဝန်က သုံးသပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ အမျိုးသမီးမှာ ဒဂုံမြို့သစ်တောင်ပိုင်း ရွာသာကြီး ရပ်ကွက်တွင် နေထိုင်သော မအေးအေးအောင်ဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို ဒီဇင်ဘာအိမ်ရာဝင်း အတွင်းရှိ လယ်ကွင်းထဲတွင် ငါးဖမ်းနေသူ လူငယ်တစ်ဦးက တွေ့ရှိခဲ့ကြောင်း သေဆုံးသူ၏မိခင်က ပြောကြားသည်။
သေဆုံးသူ မအေးအေးအောင်၏ ယာဘက်လည်ပင်းတွင် အရိုက်ခံထားရပြီး သတိလစ်ချိန်တွင် လည်ပင်းကို လုံချည်ဖြင့် ညှစ်သတ်ကာ ရေနှစ်ထားကြောင်း၊ လည်ချောင်းလေပြွန်တွင် ဒဏ်ရာတွေ့ရကြောင်း၊ အလားတူ အစာပြွန်တွင် ရွှံ့ဝင်နေကြောင်း၊ ၎င်းသည်ဝမ်းဗိုက်တွင် ကန်ကျောက်ခံထားရပြီး သားအိမ်ပေါက်ကာ ကလေးမှာ ဗိုက်ပေါက်အူထွက် သေဆုံးခဲ့ကြောင်း၊ အလောင်းမှာ သေဆုံးပြီး လေးငါးရက်ခန့် ရှိနေပြီ ဖြစ်ကြောင်း သင်္ဃန်းကျွန်း စံပြဆေးရုံမှ မှုခင်းဆရာဝန်ကြီးတစ်ဦးက ကနဦး သုံးသပ်ချက်ပေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ ထုတ်ပြန်ချက်များအရ သိရသည်။
“သူအလုပ်လုပ်တာ အရမ်းသွက်လက်တယ်။ အလုပ်လည်းမပျက်ဘူး၊ အိမ်အလုပ်လည်း မလစ်ဟင်းဘူး၊ အိမ်ပြန်မလာလို့ စုံစမ်းမှ အခုလိုဖြစ်တာ သိရတာ” ဟု သေဆုံးသူ၏မိခင်က The Voice သို့ ပြောကြားသည်။
“ငါးဖမ်းကြွက်ထောင်လုပ်တဲ့ ကောင်လေးရဲ့ခွေးက ဟောင်တာနဲ့ မနက်စောစော ၈ နာရီဝန်းကျင်မှာ စတွေ့တာပါ။ အလောင်းက ပုပ်ပွပြီး ရွဲနေပါပြီ။ အလုပ်ကလူတွေဆို မှတ်တောင်မမှတ်မိဘူး။ အဝတ်အစားတွေ ကြောင့် မှတ်မိတာ” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောပြသည်။
ဇူလိုင် ၁၉ ရက်နေ့ညက အလုပ်ဆင်းချိန် ည ၈ နာရီခွဲတွင် လာကြိုရန် မှာကြားခဲ့သဖြင့် သွားကြိုရာ မတွေ့ရှိရသဖြင့် သမီးဖြစ်သူ၏ သူငယ်ချင်းများကို မေးမြန်းရာ ည ၈ နာရီခန့်တွင် ၎င်း၏ချစ်သူ ကိုပြည့်ဝအောင်က မအေးအေးအောင်ကို အအေးခန်းစက်ရုံမှ ခေါ်ဆောင်သွားခဲ့သည်ဟု သိရပြီး နံနက်ပိုင်းတွင် ကောင်လေးကို သွားရောက်မေးမြန်းရာ ညပိုင်းတွင် မိမိမှာ အလုပ်ဆင်းနေသဖြင့် မသိရှိကြောင်း ငြင်းဆိုခဲ့ပြီး သုံးရက်အကြာတွင် မိသားစုလိုက် ပြောင်းရွှေ့သွားကြောင်း သေဆုံးသူ၏ ဖခင်ဖြစ်သူက ပြောကြားသည်။
“အိမ်တံခါးတောင် ပိတ်မသွားဘူး ဒီအတိုင်းထားသွားတယ်။ အခုအိမ်ကို ရဲစခန်းက လာရောက် ချိပ်ပိတ်ထားတယ်” ဟု ရွာသာကြီးရပ်ကွက် အတွင်းရှိ အသက် ၄၀ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောပြသည်။
မအေးအေးအောင်သည် ရွာသာကြီး ရပ်ကွက်ရှိ ငါးလုပ်ငန်းစက်ရုံ အအေးခန်းမှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ၎င်း၏ချစ်သူသည် ရပ်ကွက်အတွင်းရှိ အစာသွတ်လုပ်ငန်းတွင် လုပ်ကိုင်သူ ဖြစ်ကြောင်း အဆိုပါအမျိုးသမီးက ထပ်မံပြောကြားသည်။
“သူတို့ သမီးရည်းစား ဖြစ်နေတာ တစ်နှစ်လောက်ရှိပြီ။ အဲဒီညက နှစ်ယောက်စလုံး ၈ နာရီလောက် ပျောက်သွားပြီး ည ၁၀ နာရီလောက်မှာ ကောင်လေးက အလုပ်ပြန်ဝင်တယ်။ အရက်တွေလည်း မူးလာပြီး သူရဲ့ပုဆိုးမှာ ရေတွေစိုပြီး ရွှံ့တွေပေနေတယ်” ဟု စက်ရုံမှ လုပ်ဖော်ကိုင်ဖက် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးက The Voice သို့ ပြောကြားသည်။
သေဆုံးသူ မအေးအေးအောင်နှင့် ၎င်း၏ချစ်သူ ကိုပြည့်ဝအောင်မှာ သားမယားအဖြစ် ဆက်ဆံခဲ့ဖူးကြောင်း၊ ဇူလိုင်လ ၁၉ ရက်နေ့ ည ၈ နာရီခန့်တွင် ကိုပြည့်ဝအောင်က မအေးအေးအောင်ကို အအေးခန်းစက်ရုံမှ ခေါ်ဆောင်သွားခဲ့ပြီး ထိုအချိန်မှစ၍ သေဆုံးသူမှာ ပျောက်သွားသည်ဟု
စက်ရုံဝန်ထမ်းများက ထွက်ဆိုခဲ့ကြောင်း ရွာသာကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ သိရသည်။
မှုခင်းဆရာဝန်၏ ကနဦးသုံးသပ်ချက်အရ အဆိုပါအလောင်း တွေ့ရှိသည့် ည ၁၀ နာရီခန့်တွင် ( ပ ) ၆၀၂/၁၃၊ ပြစ်မှု ပုဒ်မ- ၃၀၂ (လူသတ်မှု) ဖြင့် ပြောင်းလဲစစ်ဆေးခဲ့ပြီး ဝမ်းဗိုက်တွင်းရှိ ကလေးနှင့် မိခင်ကို သေအောင် ပြုလုပ်ခဲ့သည်ဟု ယူဆရသည့် ဦးပြည့်ဝအောင်ကို ဖမ်းဆီးရမိနိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိပြီး သေမှုသေခင်း အမှတ်စဉ် ၃၃/၁၃ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
သေဆုံးသူ မအေးအေးအောင်၏ မိဘများသည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာဇာတိဖြစ်ပြီး ထွက်ပြေးပုန်းရှောင်သူ ကိုပြည့်ဝအောင်၏ မိဘများသည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုဇာတိ ဖြစ်ကြောင်း ရပ်ကွက်အတွင်းမှ အသက် ၃၃ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
“အိမ်ရာက ကျယ်ဝန်းတော့မသိဘူး၊ မုခ်ဦးမှာ စောင့်တယ်ဆိုပေမယ့် အခြားတံခါးပေါက်ကလည်း ဝင်လို့ရတယ်လေ” ဟု ဒီဇင်ဘာအိမ်ရာမှ တာဝန်ကျလုံခြုံရေး အမျိုးသားတစ်ဦးက ပြောကြားသည်။
The Voice Weekly
သူငယ်တန်းကျောင်းသူ အဓမ္မပြုကျင့်ခံရမှု အတန်းဖော်ကျောင်းသားမိဘများ စိုးရိမ်
Posted by drmyochit
Thursday, July 25, 2013, under မှုခင်း | No comments
ရန်ကုန်၊ ဇူလိုင် ၂၄
ကျောက်တန်းမြို့နယ် ရွှေပျောက်ကျေးရွာ မူလတန်းကျောင်းမှ သူငယ်တန်းကျောင်းသူတစ်ဦး အဓမ္မပြုကျင့် ခံရခြင်းနှင့် ပတ်သက်၍ စစ်ဆေးနေစဉ် အတန်းဖော် ကျောင်းသားတစ်ဦးက ကျူးလွန်ပါသည်ဟု အဆိုပါ အဓမ္မပြုခံရသည့် သူငယ်တန်းကျောင်းသူက ပထမတစ်ကြိမ် ဖြေဆိုစဉ်ကနှင့် ကွဲလွဲစွာ ထွက်ဆိုထားခြင်းကြောင့် အတန်းဖော် ကျောင်းသားများ၏ မိဘဖြစ်သူများ အနေနှင့် ၎င်းတို့၏ သူငယ်တန်းအရွယ် ကျောင်းသားများ စစ်ဆေးခံရမည်ကို စိုးရိမ် ပူပန်နေရကြောင်း The Voice သို့ပြော ကြားသည်။
အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်သည် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မှုခင်းဆိုင်ရာ အထူးကု ဆရာဝန်ကြီးများ၊ မွေးစားမိခင်နှင့် ကျေးဇူးရှင် ဘုန်းတော်ကြီးတို့၏ ရှေ့မှောက်တွင် ကနဦး ထွက်ဆိုခဲ့စဉ်က လူကြီးတစ်ဦးက ပြုကျင့်ပါသည်ဟု ထွက်ဆိုခဲ့ပြီး၊ နောက်တစ်ပတ်ခန့် အကြာတွင် အတန်းဖော် ကျောင်းသားတစ်ဦးက ကျူးလွန်ခဲ့သည်ဟု ပြောင်းလဲထွက်ဆိုခဲ့ခြင်း ဖြစ်ကြောင်း ရွှေပျောက်ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားသည်။
ဇူလိုင်လ ၂၁ ရက်နေ့က အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် မိဘများကို တွေ့ဆုံကာ သူငယ်တန်း ကျောင်းသားတစ်ဦးဦးက ယင်းအဓမ္မမှုကို ကျူးလွန်ကြောင်း အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်က ဆိုသည်ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ခြင်း၊ မြို့နယ်ရဲစခန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးက ကလေးငယ်အချို့ကို ဓာတ်ပုံ ရိုက်ယူသွားခြင်းနှင့် ကလေးများကို ခေါ်ယူစစ်ဆေးခွင့် တောင်းဆို ခဲ့ခြင်းများကြောင့် ကျောင်းသား မိဘများအနေနှင့် ၎င်းတို့ကွယ်ရာတွင် ကလေးများကို လာရောက်ခေါ်ဆောင်သွားမည်ကို စိုးရိမ်ကြောက်ရွံ့နေကြကြောင်း ယင်းမိဘများက ဆိုသည်။
“အရင်ကဆို ခြင်ကိုက်ပြီး သွေးလွန်တုပ်ကွေး ဖြစ်မှာစိုးလို့ အိမ်ထဲမှာမနေနဲ့၊ အိမ်အပြင်ကို ထွက်ဆော့ကြလို့ ခိုင်းရတယ်၊ အခုအလုပ်သွားချိန်မှာ အိမ်အပြင်ကို မထွက်ကြနဲ့၊ ရဲလာဖမ်းလိမ့်မယ်ဆိုပြီး မှာရတယ်၊ အိမ်နီးချင်းတွေကိုလည်း ဂရုစိုက်ဖို့ သေချာပြောရတယ်” ဟု အသက် ၃၀ အရွယ် မိခင်တစ်ဦးက ဆိုသည်။
ကလေးများ ကျောင်းသွား၊ ကျောင်းပြန်ကို ကိုယ်တိုင် လိုက်ပို့နေရပြီး၊ ကျောင်းဝင်းထဲရောက်မှ စိတ်အေးရကြောင်း၊ ရဲစခန်းမှ ခေါ်စစ်မည်၊ မစစ်မည်ကို အထက်သို့ တင်ပြပေးမည် ဟုသာ ပြောဆိုထားသဖြင့် အထက်ဌာနမှ အမိန့်ချလိုက်မည်ကို တွေးပူကာ ညတွင် အိပ်၍မပျော်ကြောင်း သူငယ်တန်းကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်ချိုချိုမာက ပြောဆိုသည်။
“ကျွန်မတို့ သားလေးတွေဟာ ဒီအမှုနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး ဆိုတဲ့ ကြေညာချက်မျိုး ထုတ်ပေးစေချင်တယ်၊ ဒါမှ အလုပ်ကောင်းကောင်း လုပ်နိုင်မှာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီးများက အဆိုပါအမှုအတွက် ကလေးများကို ကျောင်းဝင်းအတွင်း လာရောက်စစ်ဆေးခြင်းကို လုံးဝလက်မခံနိုင်ကြောင်း ရဲစခန်းသို့ ပြောဆိုထားပြီး ဖြစ်ကြောင်း၊ သို့သော် ကျောင်းဝင်း အပြင်ဘက်တွင် စစ်ဆေးခြင်းကို ၎င်းတို့အနေနှင့် တားဆီးပေး၍ မရကြောင်း၊ သက်ဆိုင်ရာ မိဘများ၏ ဆန္ဒသာဖြစ်ကြောင်း ကျောက်တန်းမြို့နယ် ပညာရေးမှူးကြီးက ဆိုသည်။
အဆိုပါ အမှုကိစ္စနှင့် ပတ်သက်၍ တရားလိုပြု တိုင်တန်းထားသည့် စခန်းမှူးဖြစ်သူ ဒုရဲမှူး ဦးခင်စိုးကို ကျောက်တန်းမြို့နယ် ရဲစခန်းသို့ ယနေ့ညနေ ၂ နာရီဝန်းကျင်နှင့် ညနေ ၄ နာရီခန့်က သွားရောက် တွေ့ဆုံခဲ့သော်လည်း စခန်းမှူးမှာ အလုပ်ရှုပ်နေသဖြင့် စခန်းတွင်မရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေဆိုသည်။
အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးငယ်မှာ မြန်မာစကားကောင်းစွာ မပြောဆိုတတ်သည့် ပအို့ဝ် တိုင်းရင်းသူဖြစ်ပြီး၊ ဗဟန်းမြို့နယ် တောင်ကြီးကျောင်းတိုက်မှ သံဃာတော်တစ်ပါးထံမှ တစ်ဆင့် ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာရှိ ရွှေမင်းသမီး တည်းခိုရိပ်သာပိုင်ရှင်က ခေါ်ယူမွေးစားထားခြင်း ဖြစ်ကြောင်း၊ ဇွန်လ ၂၈ ရက်နေ့တွင် တည်းခိုရိပ်သာ မန်နေဂျာနှင့် ဝန်ထမ်းတစ်ဦးက အဆိုပါ မိန်းကလေးကို မြို့နယ်ဆေးရုံသို့ ခေါ်ဆောင် ဆေးကုသရာ ဆရာဝန်များ၏ ဆေးစစ်ချက်အရ မုဒိမ်းမှု ကျူးလွန်ခံရသည်ကို တွေ့ရှိ ခဲ့ရသဖြင့် ကျောက်တန်းမြို့နယ် ရဲစခန်းသို့ အကြောင်းကြားခဲ့ပြီး (ပ)၂၀၅/၂၀၁၃ ပြစ်မှု ဥပဒေပုဒ်မ ၃၇၆/၃၇၇ ဖြင့် အရေးယူ ဆောင်ရွက်နေကြောင်း ကျောက်တန်းမြို့နယ် ရဲစခန်းထံမှ သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် မှုခင်းကျွမ်းကျင် ဆရာဝန်ကြီးများနှင့် ဗဟိုအမျိုးသမီးဆေးရုံမှ သားဖွားမီးယပ် ဆရာဝန်များ၏ စစ်ဆေးချက်အရ ယင်းသူငယ်တန်းကျောင်းသူမှာ အဓမ္မပြုကျင့် ခံရကြောင်း၊ သို့သော် ကလေးချင်း ကျူးလွန်ခြင်း မဖြစ်နိုင်ကြောင်းကို ဆေးပညာအရ သိနိုင်ကြောင်း ကျောက်တန်းမြို့နယ် ဆေးရုံမှ လက်ထောက် ဆရာဝန်တစ်ဦးက The Voice သို့ ပြောဆိုသည်။
အောင်မျိုးထက်
The Voice Weekly
မဟာသက္ကရာဇ် ၊ သာသနာ သက္ကရာဇ် နှင့် ကောဇာသက္ကရာဇ် အဓိပ္ပါယ်
Posted by drmyochit
Thursday, July 25, 2013, under ဆောင်းပါး | No comments
မဟာ သက္ကရာဇ် ဆိုတာ မြတ်စွာဘုရားရှင်ရဲ့ အဘိုး ( မယ်တော် မာယာဒေ၀ီရဲ့ ဖခင် ) ဒေ၀ဒဟ ပြည့်ရှင် ဘိုးတော် အဉ္စန မင်းကြီး ဟာ ကမ္ဘာဦး မဟာ သမ္မတ မင်းမှ စ၍ ရေတွက်လာသော ရောက်ဆဲ သက္ကရာဇ် ( ၈၆၄၉ ) ခုနှစ်ကို ဆရာဖြစ်သော ဒေ၀ိလ ရသေ့နှင့် တိုင်ပင်ကာ ရောက်ဆဲနှစ် တပေါင်းလကွယ် နေ့ မှ စ၍ ဖြိုဖျက် ပြီးလျင် သက္ကရာဇ် ၁ ခု ဆိုပြီး ရေတွက်ခဲ့တာပါ၊
( သက္က + ရာဇ ) သာကီဝင် မင်းတို့ စတင်ရေတွက်သော နှစ် သက္ကရာဇ် ဆိုတာ ပါဠိမှ ဆင်းသက် လာသော မြန်မာစကား လို့ ဆိုနိုင်ပါတယ်၊
နောက်မှာတော့ သာကီဝင်လူမျိုးတွေဟာ အခြားသောလူတို့ထက် ဥပဓိရုပ်လက္ခဏာ ဥာဏ်ပညာ စသည် အားဖြင့် သာလွန် မြင့်မြတ်တယ် ဆိုတဲ့ အဓိပ္ပါယ်သဘောနဲ့ ( မဟာ ) ဆိုတဲ့ စကားလုံးကို ထည့်သုံး လာပြီး မဟာသက္ကရာဇ် ဆိုတာ ဖြစ်လာတာပါပဲ၊ ဒါကြောင့် မဟာ သက္ကရာဇ် ၆၈ ခုနှစ် (ယေရှု့ ခရစ်တော် မပေါ် ခင် နှစ်ပေါင်း ၆၂၃ စောတဲ့ ကာလ ) မှာ ဘုရားအလောင်းတော် ကို မွေးဖွားပြီး ၁၄၈ ခုနှစ်မှာ ပရိ နိဗ္ဗာန် ပြုတော်မူခဲ့ပါတယ်၊ ဒါကတော့ မဟာသက္ကရာဇ် အသုံးအနှုံးပါ၊
နောက် တခုက ဘုရားရှင်လွန်တော်မူပြီး ပဋ္ဌမ သင်္ဂါယနာတင် မထေရ်ကြီး အရှင် မဟာ ကဿပနဲ့ ဘုရင် အဇာတသတ် တို့ တိုင်ပင်ပြီး ရောက်ဆဲ မဟာ သက္ကရာဇ် ( ၁၄၈ ) ခုနှစ်ကို ဖြိုလျက် ၁ ခုကြွင်း ထားကာ သာသနာနှစ်၁နှစ်ဆိုပြီးစတင် ရေတွက်ခဲ့ကြပြန်တယ်၊ ဘုရားရှင်လွန်တော်မူပြီး ရေတွက်လာသောနှစ်ကို သာသနာနှစ် လို့ မှတ်သားရပါမယ်၊ အဲဒီ သာသနာနှစ်ဟာ ယခု ၂၅၅၃ ခုနှစ်ရှိပြီမို့ ဘုရားရှင် လွန်တာဟာ လဲ နှစ်ပေါင်း ၂၅၅၃ နှစ် လို့ မှတ်နိုင်ပါတယ်၊
အဲဒီနောက် သာသနာ သက္ကရာဇ် ၆၂၄ ခုနှစ် အရောက် သရေခေတ္တရာပြည် သုမုန္ဒရီ မင်း လက်ထက်မှာ ၆၂၂ နှစ်ကို ပထမအကြိမ်အနေနဲ့ ဖြိုဖျက်ပြီး ၂ ခုကြွင်း ထားကာ စတင် ရေတွက်ခဲ့ကြပြန်တယ်၊
ဒုတိယ သက္ကရာဇ်ဖြိုသူကတော့ ပုဂံပြည် ပုပ္ပားစောရဟန်းမင်း ပါ။ သူ့လက်ထက် သရေခေတ္တရာ မှ စတင်ရေ တွက်လာသော ရောက်ဆဲ သက္ကရာဇ် ၅၆၂ ခုနှစ်အရောက်မှာ ၅၆၀ ကို ဖြိုဖျက်၍ ၂ ခုကြွင်းထား ကာ မြန်မာ သက္ကရာဇ် ၂ နှစ် ၃နှစ် စသည်ဖြင့် စတင်ရေတွက်ခဲ့တာ ဟာ ယနေ့ လက်ရှိ ကောဇာ သက္ကရာဇ် အစပဲ ဖြစ်ပါတယ် ၊
ဒါကြောင့် ရှေးရှေး ဆရာတို့က သာသနာနှစ်ကို သိလိုလျင် ( ဒွေ အဋ္ဌ ဧက ဧက နှော =ဒွေ-၂ အဋ္ဌ-၈ ဧက ဧက - ၁၁ )ပါဠိ ဂဏန်းမှန်သမျှ ပြောင်းပြန်ယူတွက်ရသောကြောင့် ( တစ် တစ် ရှစ် နှစ် သက္ကရာဇ် ပေါင်းလစ် သာသနာ၊ ဆိုပြီး ၂ ကြိမ် ဖြိုခဲ့သော ခုနှစ်များကိုရောက်ဆဲ ကောဇာ သက္ကရာဇ်ဖြင့် ပေါင်းထည့် က သိနိင်တယ် လို့ ဆိုပါတယ်၊ ( ၆၂၂ + ၅၆၀ = ၁၁၈၂ ) ( ကောဇာ - ၁၃၇၁ + ၁၁၈၂ = ၂၅ ၅၃ )
ယေရှု့ ခရစ်တော် သေဆုံးပြီး ပြန်လည် ထမြောက်ရာအခါမှ ရေတွက်လာသော နှစ်ကို ခရစ်နှစ် လို့ ယနေ့တိုင်ခေါ်ဆိုနေကြပါတယ်၊ ဒါကြောင့် ခြားနားတဲ့ အဓိပ္ပါယ် ရှိတဲ့ ခရစ် နှင့် သက္ကရာဇ် ဆိုတာကို ဘုန်းဘုန်း တို့ ဗုဒ္ဓဘာသာဝင်တွေဟာ တွဲဘက် အသုံးမပြုသင့်ပါဘူး၊
A D = An no Domini ( used to indicade that a date comes the specified number of years the traditional date of christ’s birth ) AD is an abbreviation of latin Anno domini . it is normal to write the third century AD . AD should be placed before the numerals, as in AD 375 ( not 375 AD )
ဒါက Oxford Dictionary က ဖွင့်ပြတာပါ၊ လိုရင်းအချုပ်ကတော အေဒီ အသုံးအနှုံးဟာ ရိုးရာအနေ အားဖြင့် ခရစ်တော် မွေးဖွားတဲ့ နေ့ကနေ ရေတွက်တဲ့ နှစ် လို့ မှတ်ရပါမယ်၊ လက်တင် ဘာသာ ကနေ ဆင်းသက်လာတယ် လို့ ဆိုပါတယ် ၊
B C = before Christ ( placed after a date, indicating that it is before the Christian era. Usage- in 72 BC, ( not BC 72 )
ဆိုလိုတာက ဘီစီ ဆိုတာ before Christ ခရစ်တော် မမွေးဖွားမီ သုံးနှုံ့း ရေတွက်ခဲ့တဲ့ ခုနှစ် တွေကို ရည်ညွန်းပါတယ်၊
၁၂ ရာစု၊ ၁၉ ရာစု ဆိုတာကတော့ ပထမ အနေနဲ့ ရာစုနှစ်ကို ပြောရပါမယ်၊ ပညာရှင်တွေ အဆိုအရတော့ နှစ်ပေါင်း ၁၀၀ ကို ၁ ရာစု လို့ သတ်မှတ်ပြီး ၂၀၀ ရောက်ရင် ၂ ရာစု၊ ၅၀၀ ရောက်ရင် ၅ ရာစု စသည်ဖြင့် ရေတွက်ခဲ့ကြတာပါ၊ ဒါကြောင့် အခု ၂၀၀၉ ဆိုတော့ ၂၁ ရာစုနှစ်လို့ ပြောစမှတ် ပြုနေကြခြင်း ဖြစ်ပါတယ်
ဒီနေရာမှာ ရာစု ဆိုလို့ ပြောရအုံးမယ်၊ သာသနာနှစ် ၆ ရာစု အတွင်း ဂျေရုစလင် မြှိုတော် မှာ ခရစ်ယာန် ဘာသာကို စတင် တည်ထောင်သော ယေရှု့ ခရစ်တော် ပေါ်ပေါက် ဖွားမြင်ခဲ့တယ်လို့ ဆိုပါတယ် ၊
သာသနာ ၁၂ ရာစု အတွင်းမှာတော့ အာရေဗျပြည် ( ယခု အခေါ် ဆော်ဒီ အာရေးဗီးယား နိုင်ငံ မက္ကာ မြို့တော်မှာ တမန်တော် မိုဟာမက် ဆိုတာ ပေါ်ပေါက်လာပြီး အစ္စလာမ် ဘာသာကို တည်ထောင်ခဲ့ တာပါ၊ ဒါကြောင့် ဗုဒ္ဓ၀ါဒ ဟာ သိပ်ပြီးရှေးကျ တယ်လို့ ဆိုနိုင်ပါတယ်။
ဒီနေရာမှာ လူတွေ ပြောနေကြတဲ့ လူ့ သက်တမ်း ကို တွက်ပြပါအုံးမယ်၊ ယခု ၁၀၀ သက်တမ်း မဟုတ်ဘဲ ၇၅ နှစ် သက်တမ်း ပဲ ရှိတော့တယ် ဆိုတာ နှစ်ပေါင်း ၂၅၀၀ ကျော်လာပြီ ဖြစ်တဲ့ အတွက် နှစ် ၁၀၀ ကို ၁ နှစ် လျော့လာလိုက်တာ ၁၀၀ တမ်းကနေ ၂၅ နှစ် ဆုတ်ယုတ်ရင် ၇၅ နှစ် တမ်း ဆိုတာ ဖြစ်လာတာပါ၊ ဒါကြောင့် ယခု ၇၅ နှစ်သက်တမ်း တောင် အပြည့် မရှိတော့ပဲ နှစ်ပေါင်း ၅၅၃ အစွန်းထွက် ပိုနေ တာကြောင့် ၇၄ နှစ် ခွဲ သက်တမ်းလို့တောင် ပြောနိုင်ပါတယ်။ တကယ် သတိ သံဝေဂ ယူတတ်မယ် ဆိုရင် တော်တော် ထိတ်လန့်စရာပါပဲ။
ဒါပေမယ့် အသက်ရှည်ကြောင်း အတိတ်ဘ၀ ၊ ယခု ဘ၀ ကုသိုလ်ကောင်းမှု့တွေ ရှိနေတယ် ဆိုရင်တော့ ၇၅ နှစ် မကပဲ ရာကျော် သက်တမ်းထိလဲ နေရတတ်ပါတယ် ၊ ဒါကြောင့် ကုသိုလ်ကောင်းမှု့ တွေကို သတိ တရား လက်ကိုင်ထားပြီး ဆည်းပူးနိုင်ပါစေ လို့ ပတ္ထနာပြု နိဂုံးချုပ်လိုက်ပါတယ်၊
From : ..အပ္ပမာဒေန သမ္ပာဒေထ -- -
အရှင်သုနန္ဒာလင်္ကာရ ( သီဟိုဠ် )
MyanmarExpress
"ရိုးရိုးကျင့် မြင့်မြင့်ကြံခဲ့သူ ကိုအောင်ဆန်းရဲ့ဖက်ရှင်စတိုင် "
Posted by drmyochit
Thursday, July 25, 2013, under ဗဟုသုတ | No comments
" လူမှာ အဝတ်တောင်းမှာအကွပ်" ဆိုသော မြန်မာဆိုရိုး စကားတစ်ခုရှိလေသည်။ သို့သော်လည်း အမျိုး သားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကတော့ သူ၏ ငယ်ဘဝမှာပင် ထိုစကားရပ်ကို အမှု မထား ခဲ့သူ ဖြစ်ပါ၏။
ဝတ်စားပလွှားခြင်းသည် အပိုအလုပ်ဟု သူကမှတ်ယူလေ သည်။ အဝတ်အစားနှင့် ပတ်သက်၍ ဟန်ရေးပြ ဂုဏ်တု ဂုဏ်ပြိုင်လုပ်ခြင်းများ ကိုလည်း အလွန်စက်ဆုပ်သူ ဖြစ်ပါ၏။
ကျောင်းသား မောင်အောင်ဆန်း
-------------------------------------
၁၉၂၂ ခုနှစ်၊ အသက်(၇)နှစ်အရွယ်တွင်မှ နတ်မောက်မြို့ ဒီပင်္ကရာကျောင်းတွင် ကျောင်း နေခဲ့သော မောင်အောင်ဆန်းသည် ၁၉၂၈ခုနှစ်တွင် အထက်တန်း ကျောင်း၌ ပညာသင်ယူရန် အစ်ကိုကြီး ကျောင်း ဆရာ ဦးဘဝင်းရှိရာ ရေနံချောင်းမြို့ သို့ အသက် ၁၃ နှစ် အရွယ်တွင် ရောက် ရှိလာခဲ့ပါတော့သည်။
ထို ကျောင်းသို့ရောက် သည်နှင့် ကျောင်းသားကျောင်း သူ များသည် ဝတ်စားပလွှားနေ သည်ကို တွေ့ရလေသည်။ ဤ အပြုအမူသည် တစ်ကျောင်း တည်းသားချင်းကိုသော်လည်း ကောင်း၊
အခြားသော ကျောင်း သား ကျောင်းသူများနှင့်သော် လည်းကောင်း မ ညီမညွတ်ဖြစ် စေသော၊ စိတ်ဝမ်းကွဲ ပြားစေ သည့်အကြောင်းတစ်ရပ်ဖြစ်သည် ဟု သူကခံယူထားလေသည်။
နောင်အခါ ကျောင်းသားများ သမဂ္ဂတွင်အကြီးအကဲဖြစ် လာသောအခါ school dress ကို စတင်တီ ထွင်တော့လေရာ သူတီထွင်သော ကျောင်းဝတ်စုံ မှာရွှေတောင်လုံချည်အနီနှင့် ပင်နီအင်္ကျီ ဖြစ်လေသည်။
ရေနံချောင်းမြို့ အမျိုး သားကျောင်းသို့ ရောက်ရှိစဉ် အစ်ကို ဦးဘဝင်းကညီအငယ်ဆုံး မောင် အောင်ဆန်း အား အစ်ကို ကြီး အဖအရာဆိုသလိုအထူး ဂရုစိုက်လေသည်။
ပညာရေး သာမက ကျန်းမာရေးအတွက် ညီငယ်ကို တင်းနစ်ကစားစေ သည်။ တင်းနစ်ကစားနည်းတွင် အများ သိကြသည့်အတိုင်း ဖွေး ဖွေးဖြူသော အင်္ကျီ၊ ဘောင်းဘီ၊ ဖိနပ်တို့ကိုဝတ်ဆင်လေ့ရှိသည်။ မောင်အောင်ဆန်း ကမူ ထိုဖြူ ဖွေးသောဝတ်စုံကိုပင်လျှင် ပလွှား သည်ဟုထင်လေရာ နံနက်တိုင်း တင်းနစ်ရက် ကက်ကို ချိုင်းကြား ညှပ်၍ တင်းနစ်ကလပ်ဆီသို့ သွားလေသည်။
တင်းနစ်ကစား ရာတွင်လည်း စတိုင်မများ။ အဝတ်ဖိနပ်ကိုမသုံး။ ဖိနပ်မပါ ခြေထောက်ဗလာနှင့်ပင် ကစား လေသည်။
တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း
-------------------------------------------
၁၉၃၂ ခုနှစ်တွင် ရေနံ ချောင်း အမျိုးသားကျောင်းမှ အထက်တန်းစာမေးပွဲကို မြန်မာစာနှင့်ပါဠိဂုဏ်ထူး တို့ဖြင့်အောင် မြင်လေရာရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ပညာသင်ယူလေသည်။
တက္ကသိုလ်ကျောင်းသား ဘဝတွင်လည်း ငယ်မူမပျောက်၊ အဝတ်အစား မမက်မောပုံကို " ခေါင်းဆောင် ဟူသည်" စာအုပ်၌ ယခုလိုရေးသားထားလေသည်။
"ထိုသူကား နေ့စဉ်နှင့်အမျှ မူမပြောင်း၊ နံနက်မိုးလင်းက စ၍ ညအိပ်သည့်အချိန်ထိ မျက်နှာမှာ မှုန်တေတေ ထားရာမှ တရွေးသားလျော့သည်ကို မမြင်ရ၊ အမြဲခေါင်းငိုက်စိုက်နှင့်သာ မြင်၏။
ကျောင်းဝိုင်းထဲတွင်မူ ထိုသူသည် ချည်ကြမ်းပုဆိုးနှင့် ဘလေဇာကွတ်အင်္ကျီအစိမ်း ရောင်ခပ်နွမ်းနွမ်းကို အအေး အချမ်းခံနိုင်ရုံ ဝတ်ဆင်လေ့ရှိ ၏။ တစ်ခါတစ်ရံလည်ပတ်ကြီးကို ကပိုကရိုဝတ်လေ့ရှိ၏။
သူသည် ဘလေဇာအစိမ်းကို နံနက်တိုင်း ခါးမှ ချွတ်သည် မရှိချေ။ သူ့ကို ကြည့်ရသည်မှာ အဝတ်အစား သားနားတင့်တယ်ဝင့်ဝါမှုကို ဂရု မထား၊ အရေးစိုက်ပုံ စိုးစဉ်းမျှ မပေါ်ချေ။ ဖြစ်ကတတ်ဆန်း ဝတ်ဆင်တတ် သူတစ်ဦးဟု မှတ် ချက်ချလျှင်မှားမည် မဟုတ်ချေ" ဟု ဖော်ပြထားလေသည်။
အဝတ်အစားကို မည်မျှ ဂရုမစိုက်တတ်ကြောင်း မန္တ လေးမြို့တွင် ကျင်းပသော ပထမ ဆုံးဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်း သားများ ညီလာခံသို့ သွား ရောက်ပုံကို ဗိုလ်ချုပ်အောင် ဆန်း အတ္ထုပ္ပတ္တိစာအုပ်တွင် ဤ သို့ တွေ့ရလေသည်။" ညီလာခံအသွား ကိုအောင်ဆန်းသည် သူ၏ အစ်ကို မြို့အုပ် ဦးအောင်သန်းထံ ဝင်လာ၏။ လွယ်အိတ်တစ်လုံး ပါလာ၏။
လွယ်အိတ်ထဲ၌မူ ပညာရေးစနစ် အကြောင်း စာအုပ်များနှင့် အတူ တကွရောမအဘိ ဓမ္မာဆရာကြီး (ပလေ တို)ရေးသားသော " နိုင်ငံရေးအဘိဓမ္မာကျမ်း" နှင့်၎င်းအပြင် အဝတ်အစားဆို၍ လုံချည် ၂- ထည်သာမြင် ရ၏။
သူပြန်သွား သောအခါ လုံချည်တစ်ထည် ကျန်ခဲ့လေသည်။ အဝတ်အစား ကို ဂရုမစိုက်သိသာ၏။ သူစူး စိုက်သွားသည့်ကိစ္စမှာ မန္တလေး ညီလာခံသာဖြစ်ရာ သင်္ဘော ဆိပ်သို့အသွား မြင်းရထားပေါ် ပါသွားသော ကိုအောင်ဆန်း အား မြင်းရထားနောက်မှ လုံ ချည်ကျန်ခဲ့၍ လိုက်အော်ကာ တကြော်ကြော်ပေးသူ၏ အသံ ကိုပင် ဂရုမထားချေ။ ကိုအောင် ဆန်းကားမန္တလေးသာရောက် သော်လည်း လုံချည်ကျန်ရစ်ခဲ့ ကြောင်းကို မသိရှာခဲ့ချေ။
သူ၏ အစ်ကိုဖြစ်သူကသာ သူ့ညီအတွက် ခေါင်းတညိတ် ညိတ်နှင့် အံ့သြခြင်းဖြစ်ကာ -
"ဖြစ်မှဖြစ်ရလေ အောင်ဆန်း ရယ်၊လုံချည်ပါတာမှ နှစ်ထည်၊ တစ်ထည်ကျန်သွားရသေး သကိုး၊ တော်ေ တ်ာနတဲ့အကောင်" ဟု ရေ ရွတ်ရှာ၏။" ဟုပါရှိလေသည်။
ကိုအောင်ဆန်းသည် အဝတ်အစားကိုသာမမက်မောသူ မဟုတ်။ အပျော်အပါးနှင့်ဟိတ်ဟန်ထုတ် ခြင်းတို့ကို လည်း စက်ဆုတ်သူ ဖြစ်သည်။
၁၉၃၂-၃၃တွင် ရန်ကုန် တက္ကသိုလ်(မကွေး) အသင်း၌ ဥက္ကဋ္ဌဖြစ်လာသော အခါယခင်နှစ်များကအငြိမ့် ခံခြင်း၊ မိတ်ဆက်ဧည့်ခံခြင်းများပြုလုပ်လေ့ရှိသော် လည်းထို အစဉ်အလာကိုဖျက် သိမ်းခဲ့လေသည်။
ကိုအောင်ဆန်းကြိုက်တဲ့ကတုံး ဘိုကေ
------------------------------------------
၁၉၃၄ ခုနှစ်တွင် ကိုအောင်ဆန်းသည် ဥပစာဝိဇ္ဇာတန်း ဒုတိယနှစ်စာမေးပွဲကို ခုံအမှတ် ၂၃၁ ဖြင့် အောင်မြင်၍ ဝိဇ္ဇာပထမ နှစ်(ဘီအေ-ဂျူနီယာ)တွင် တက်ရောက်ခဲ့ပြီးတက္ကသိုလ်ကျောင်း သားများသမဂ္ဂ (တကသ)အ မှု ဆောင် ရွေးကောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့လေသည်။
ထိုအချိန်က ကိုအောင်ဆန်း သည်ကတုံးဘိုကေကို နှစ်ခြိုက် သူလည်း ဖြစ်လေသည်။ ထိုအချိန်တွင် ခုံဖိနပ်စီးပြီး ပင်နီတိုက်ပုံနှင့် ကျောင်းတက်ခဲ့ သော ကိုအောင်ကျော်(နောင် ဗိုလ်အောင်ကျော်)မှာလည်း ၁ဝ တန်းအောင်မြင်ကာ ဂျပ်ဆင်ကော လိပ်သို့ ရောက်လာလေသည်။ တစ်နေ့၌ ကိုအောင်ကျော်နှင့် ကိုအောင်ဆန်းတို့ တွေ့ကြပုံကို တကသ ဥက္ကဋ္ဌဟောင်း ကိုသိန်းအောင်ရေးသားသော " ကျွန်တော် သိခဲ့ တဲ့အောင်ကျော်" ဆောင်းပါး၌ ယခုလို ဖော်ပြထားလေသည်။
"ဟေ့ ဖိုးအောင်ဆန်း၊ ခင်ဗျားအားကျပြီး ခေါင်းတုံးဘိုကေထားတဲ့ လူနှစ်ယောက်တော့ရှိပြီ။ ကိုလှရွှေရယ်၊ ခုကိုအောင်ကျော်ရယ်လေ။
အောင်ဆန်း- လွတ်လပ်တဲ့ဗမာ ပြည်ကြီးမှာကျွန်တော်အာဏာ ရှင်ဖြစ်ရင်အကုန်လုံးခေါင်းတုံးဘို ကေထား လို့ အမိန့်ပေးမယ်။
အောင်ကျော်-ခေါင်းတုံးဘိုကေ ချင်းထားတာတူပေမယ့်ရူးတာချင်းတော့ ကိုအောင်ဆန်းက သာပါတယ်။
အောင်ဆန်း- မိုက်တဲ့နေရာကျ တော့ ခင်ဗျားက သာပါတယ်။ ခင်ဗျား ရုပ်ကိုက မှုန်ကုပ်ကုပ် ပုကွကွနဲ့.. ဟုဖော်ပြထားသည်။၁၉၃၈ ခုနှစ် အောက်တိုဘာ လ ၁ ရက်နေ့တွင် တက္ကသိုလ် ကျောင်းသား ကိုအောင် ဆန်း သည်တက္ကသိုလ်မြေကို စွန့်ခွာကာ တို့ဗမာအစည်းအရုံးသို့ဝင် ရောက်လျက်သခင်အောင်ဆန်း ဘဝကိုခံယူခဲ့လေတော့သည်။
ဖိနပ်ပျောက်တဲ့ သခင်အောင် ဆန်း
--------------------------------------
တို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး ဖြစ် လာသော သခင်အောင်ဆန်းသည် မော်လမြိုင် ညီလာခံကို အောင်မြင်စွာ ကျင်းပပြီးနောက် ဘုရားတက်ဖူးစဉ်ဖိနပ်ပျောက်ခဲ့ ပုံကိုသခင်လှဖေ (ဗိုလ်လက်ျာ)က အောက်ပါအတိုင်းရေးသား ထားလေသည်။
" ညီလာခံကြီး၏ နောက်ဆုံး နေ့နှင့်ညီလာခံကြီးပြီးဆုံးပုံကို ကျွန်တော်မှတ်မိသေးတော့သည်။ အောင်ဆန်း သည် ကျွန်တော့်အရင် ဘုရားပေါ်မှဆင်းသွားကာဘုရား ခြေရင်းလှေကား နားတွင်တစ်ခု ခုအားရှာဖွေနေ သည်ကို တွေ့ ရ၏။
ကျွန်တော်ကသူ့အား ဖိနပ် ပျောက်၍လားဟုမေးရာဟုတ် ကြောင်းသူက ပြန်ပြောသည်။ဖိနပ်က ဘာ အရောင်လဲဟု ကျွန်တော်ကမေးသော အခါ သူကပြုံးလိုက်ကာ "အရောင်တော့မမှတ်မိ ဘူး။တော်တဲ့ဖိနပ် တစ်ရန်ရန်ကို ကောက်စွပ်မလို့" ဟုပြန်ပြောသည်။ " ဟာ- ဒီလိုနဲ့ဘယ်ဖြစ်မလဲ၊ တော်တဲ့တစ်ရံရံ ကိုကောက်စွပ် မယ်ဆိုတာကတော့မဟုတ် သေးပါဘူး၊ လာပါဗျာဈေးသွားပြီး ကျွန်တော်တစ်ရန် ဝယ်ပေးပါ့ မယ်" ဟုပြောပြောဆိုဆိုပင်သူ့အားဆွဲ ခေါ်ခဲ့ရသည်။
ကံအားလျော်စွာပင် မြင်းလှည်းတစ်စီးကိုအနီး အနား၌အလွယ်တကူနှင့် ရသောကြောင့် ဖိနပ် မပါေ သာအောင်ဆန်းအား မည်သူမျှ ဂရုမပြုမိလိုက်ကြချေ" ဟု ဆိုလေသည်။
စစ်သားကြီးဗိုလ်အောင်ဆန်း
-------------------------------
သခင်အောင်ဆန်းမှသည် ဂျပန်ပြည်၌စစ်ပညာများသင် ကြား ပြီးနောက်ဗိုလ်တေဇ ခေါ် ဗိုလ် အောင် ဆန်းဖြစ်လာသော အခါ၌လည်းသူသည်စစ်ဝတ်စုံကိုပင် ဂရုတစိုက်မရှိခဲ့ကြောင်း အမွိုင် မြို့သို့ အတူ ထွက်ခွာခဲ့သူ သခင် လှမြိုင်(ဗိုလ်ရန်အောင်) ကအိုးဝေ မဂ္ဂဇင်းတွင်ရေးသားခဲ့ဖူးသည်။
" အင်္ကျီဝတ်၊ ဘောင်းဘီစွပ်၊ ဓားကိုချိတ်၊ ဖိနပ်ကို စီး၍ ဗိုလ် မင်းခေါင်နှင့်တွဲကာ အစည်းအဝေးသို့ လာသော အခါ လမ်းတစ်လျှောက်တွင် ဗိုလ်အောင်ဆန်း ၏ဓားသည်တစ်လမ်းလုံး တလျှော လျှောနှင့် တရွတ်တိုက်နေလေသည်။ ဗိုလ်မင်းခေါင်ကငုံ့ကြည့်မှ " ဟာ အစ်ကိုကြီး၊ဓားချိတ်ပုံမဟန်သေးပါ ဘူး၊ပြင်ချိတ်ပါဦး" ဟု ပြောပြီးပြင်ချိတ်ပေးရ၏။
တစ်ဖန် ဗိုလ်မင်းခေါင်က အင်္ကျီကိုကြည့် လိုက်မိရာအင်္ကျီကြယ်သီးပြောင်း ပြန်တပ်ထားသည်နှင့်ပြင် ဆင်တပ်ပေး ရပြန်၏။သို့နှင့်ခရီးအတန်ရောက် သောအခါဗိုလ်အောင်ဆန်းက-
" ညီလေးရာ ငါ့ဖိနပ်ကျပ်နေတယ်။ ဘာပြုလို့လဲ ဟုမေးလေသည်။ ဗိုလ်မင်းခေါင်က ဖိနပ်ကိုငုံ့ကြည့်သော အခါ ဗိုလ်အောင်ဆန်းစီးထားသော ဖိနပ်သည်ဘယ်နှင့်ညာလွဲနေသည်ကို တွေ့ရသည်နှင့် ပြန်ချွတ်၍ ပြန်ဝတ်ပေးလိုက် ရလေသည် ဟူ၍ ဖြစ်ပါ၏။
သိန်းအေး
Popular Journal
သမီးဖြစ်သူကို ရည်းစားကအဓမ္မကျင့်သည်ဟု အမှုဖွင့်လိုက်တဲ့ ဖခင်
Posted by drmyochit
Thursday, July 25, 2013, under မှုခင်း | No comments
၁၃ နှစ်အရွယ်သာရှိသေးသည့် သူ့သမီးငယ်ကိုရည်းစားဖြစ်သူက အဓမ္မကျင့်သည်ဟုစွပ်စွဲကာ ဖခင်ဖြစ် သူက တိုင်ကြားမှုတစ်ခုကို အင်းစိန်ရဲစခန်းက ဇူလိုင် ၂၂ ရက်က အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ စုံစမ်းရရှိသည်။
ဖခင်ဖြစ်သူသည် ထိုနေ့ညကအိမ်တွင် မအိပ်ဘဲမိသားစုပိုင် ကွမ်းယာဆိုင်တွင် အိပ်နေခဲ့ပြီး နံနက် ၃ နာရီ အချိန်ခန့်၌ မိသားစုဝင်တစ်ဦးက သမီးဖြစ်သူ ပျောက်ဆုံးနေကြောင်း ပြောသဖြင့် လိုက်လံရှာခဲ့ကြောင်း ရဲစခန်းကို အမှုဖွင့်စဉ်ထွက်ဆိုခဲ့သည်။
ထိုသို့လိုက်ရှာစဉ် နံနက် ၄ နာရီခန့်တွင် လမ်းကြားတစ်ခုအတွင်းမှ သမီးဖြစ်သူ ထွက်ပြေး လာသည် ကို တွေ့ရှိရသဖြင့် အိမ်သို့ခေါ်ဆောင်လာကာ မေးမြန်းခဲ့သည်ဟုလည်း တရားလိုက ရဲကိုထွက်ဆိုသည်။
သမီးဖြစ်သူက သူ့ရည်းစား အသက် ၁၉ နှစ် အရွယ်ကောင်လေးက သူငယ်ချင်း၏ နေအိမ် တွင် နှစ်ကြိမ် တိုင် သားမယားအဖြစ် ဆက်ဆံခဲ့သည်ဟု ပြန်ပြောပြကြောင်း ရဲဌာနတွင် ထွက်ချက်ပေးသည်။
ယခုကိစ္စနှင့် ပတ်သက်၍ စွပ်စွဲခံရသူကို ရဲများက ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး တရားလို၏ တိုင်တန်းမှု ကိုလည်း ရဲစခန်းက အမှုအမှတ် (ပ) ၇၉၆/၁၃ဖြင့် အမှုဖွင့်ထားသည်။
စွပ်စွဲခံရသည့် လူငယ်လေးကို တရားလိုက အသက်မပြည့်သေးသည့် မိန်းကလေးကို သားမယား အဖြစ် ပြုကျင့်သည်ဟု တိုင်တန်းသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေ ၃၇၆ ဖြင့် တရားစွဲဆိုမည်ဟုလည်း ရဲဌာန ကထုတ် ပြန်သည်။
Mizzima Burmese
မက်ဆေ့ခ်ျပို့၍ အင်တာနက်လျှောက်ခွင့်တွင် စီဒီအမ်အေ ၈ဝဝ မပါ
Posted by drmyochit
Thursday, July 25, 2013, under ပြည်တွင်းသတင်းများ | No comments
CDMA 800 MHz ဖုန်း မက် ဆေ့ခ်ျပို့၍ အင်တာနက် လျှောက် ထား နိုင်မည်မဟုတ်ဟု မြန်မာ့ ဆက် သွယ်ရေး လုပ်ငန်းမှ သိရသည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး မှ ဂျီနှင့် WCDMA ဖုန်းများကို သြ ဂုတ်လ ၁ ရက်နေ့မှ စ၍ မက်ဆေ့ခ်ျ ပို့ ပြီး အင်တာနက်လျှောက် ထားနိုင်မည် ဟု သတင်းထုတ်ပြန်ထားသည်။
''သူ့အတွက် အစီအစဉ်မလုပ်ရ သေးတဲ့အတွက် မပေးသေးတာပါ။ လက်တလောအနေနဲ့ ၈ဝဝ ဖုန်းတွေ အင်တာနက်လျှောက်ထား မှုကိုပါ ယာ ယီရပ်ဆိုင်းထားပါတယ်။ လျှောက်ထား နိုင်မယ့် အချိန်ရောက် ရင်တော့ ကြေညာ ပေး မှာပါ''ဟုရတနာပုံ Call Center မှ မြန်မာ့ဆက်သွယ်ရေးနှင့် ပတ်သက် သော သတင်းများအား ဖြေကြားပေးသူ ဝန်ထမ်းတစ်ဦး က ပြောသည်။
ယင်းအပြင် ကျပ်ထောင့်ငါးရာ တန်MEC တံဆိပ်ဖုန်းများမှာလည်း ကျပ် ငါးသိန်းCDMA ကဲ့သို့ပင် မက် ဆေ့ခ်ျပို့ အင်တာနက်လျှောက်ထားခွင့် ရရှိမည်မဟုတ်ဘဲ လက်ရှိ အင်တာနက် လျှောက်ခွင့်ပေးသည့် တိုင်းမန်နေ ဂျာ ရုံးတွင်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
CDMA 800 MHz ဖုန်းနှင့် ပတ်သက်၍ ကျောက်တံတားမြို့နယ်မှ ဖုန်းကိုင်ဆောင်သူ ကိုအောင်ထွန်းက ''ဖုန်းလိုင်းကျတော့လည်း မြို့အား လုံး မရ၊ ရန်ကုန်က ထွက်တာနဲ့ လိုင်းမမိ၊ အင်တာနက်အသုံးပြုခကလည်း တစ် မိနစ်လေးကျပ်၊ အခု မက်ဆေ့ခ်ျနဲ့ အင် တာနက်လျှောက်တော့ လည်းမရ၊ ပြန် ရောင်းတော့မယ်ဆိုတော့လည်းဈေးမရ၊ ဘယ်လိုမှ အသုံးမကျတဲ့ဖုန်းပါ။ ဝယ်ခဲ့ မိတဲ့ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်ဆိုရမှာ ပါပဲ''ဟု ပြောသည်။
ကျပ်ငါးသိန်း CDMA 800 MHz ဖုန်းများကို မြန်မာ့ဆက်သွယ်ရေး မှ ၂ဝ၁ဝခုနှစ်ဆန်းပိုင်းတွင် စတင်ရောင်း ချပေးခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည် တော်မြို့သုံးမြို့သာ အသုံးပြုခွင့်ပေးခဲ့ ကြောင်း နယ်ကျော်သုံးစွဲချင်ပါက CDMA 450 MHz ဟန်းဆက်ပြောင်း၍ အသုံး ပြုခွင့်ပေးခဲ့သည်။ ယင်းဖုန်းများ အင် တာနက်လျှောက်ထားခွင့်ကို ၂ဝ၁၁ခုနှစ် ဇန်နဝါရီလတွင်ခွင့်ပြုခဲ့ပြီး ၃ွ အင်တာ နက်စနစ်ဖြင့် သုံးစွဲခွင့်ပေးခဲ့ကြောင်း ကျပ်ထောင့်ငါးရာတန်CDMA 800 (MEC) ဖုန်းများကို ယခုနှစ်ဧပြီလမှ စ၍ရောင်းချခဲ့ကြောင်းသိရသည်။
PN-052
Popular Myanmar News Journal
ရောဂါကြောင့် မရပ်မနား ရယ်မောနေရသူလေး
Posted by drmyochit
Thursday, July 25, 2013, under နိုင်ငံတကာသတင်းများ | No comments
တရုတ်ပြည် အနောက်ပိုင်း ချောင်ကျင်းတွင် နေထိုင်သည့်
Xu Pinghui သည် အသက် ရှစ်လအရွယ်က ဖျားခဲ့ပြီးနောက် မရပ်မနား စတင်ရယ်မောခဲ့သည်။ လျှိုဝှက် ဆန်းကြယ် သည့်
သူမ၏ ကျန်းမာရေး အခြေအနေကို ပြည်မြန်မာ နေ့ စဉ် သတင်းစာမှာ အခုလို ဖော်ပြထား ပါသည်။
တရုတ်ပြည် အနောက်ပိုင်း ချေင်ကျင်းတွင် နေထိုင်သည့် Xu
Pinghui သည် အသက် ရှစ်လအရွယ်က ဖျားခဲ့ပြီးနောက် မရပ်မနား စတင် ရယ်မောခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သည့်
သူမ၏ ကျန်းမာရေး အခြေအနေကြောင့် အသက် နှစ်နှစ် အရွယ်တွင် စကားပြောနိုင်စွမ်း ဆုံးရှုံးခဲ့ပြီး
အသက် ၁၂ အရွယ်အထိ ရယ်သံများနှင့်သာ ဆက်သွယ်နိုင်သည်။ စကားပြောရန် ကြိုးစားတိုင်း
ရယ်သံများချည်း ထွက်နေရာ ငယ်စဉ်က အဖျားရောဂါဖြစ်ပြီး ဦးနှောက်ကို Frontal
Lobe အစိတ်အပိုင်း ထိခိုက်မှုကြောင့် ဖြစ်ရသည့် အကြောင်းရင်း သီအိုရီကို ဆေးပညာရှင်တို့က
ရှာဖွေ လေ့လာလျက် ရှိကြောင်း သိရသည်။
ဇွန်
ပြည်မြန်မာ
မျက်လှည့်ဆရာ၏ ကိုယ်တစ်ပိုင်းပြတ် မျက်လှည့်ပြကွက်ကို လမ်းသွားလမ်းလာများ အထိတ်တလန့် ဖြစ်ခဲ့
Posted by drmyochit
Thursday, July 25, 2013, under နိုင်ငံတကာသတင်းများ | No comments
အမေရိကန် နိုင်ငံ မီချီဂန် ပြည်နယ်တွင် မျက်လှည့်ဆရာ အန်ဒီဂရော့စ်၏ ကိုယ်တစ်ပိုင်းပြတ် မျက်လှည့်ပြကွက်ကို ခရီးသွားဟန်လွဲ ပြသခဲ့ရာ လမ်းသွား လမ်းလာများ အထိတ်တလန့်  ဖြစ်ခဲ့ရသည့် အကြောင်း ပြည်မြန်မာ နေ့ စဉ် သတင်းစာမှာ အခုလို ဖော်ပြထားပါသည်......................
အန်ဒီဂရော့စ် မျက်လှည့်ပြသခဲ့ချိန်တွင် ရုတ်တရတ် အထိတ်တလန့် ဖြစ်ခဲ့ရသော်လည်း နောက်ပိုင်းတွင် စိတ်ဝင်စားမှုက လွှမ်းမိုးခဲ့ပြီး ထွက်ပြေးရန်ပင် သတိရမိခဲ့ခြင်းမရှိကြောင်း ကိုယ်တွေ့ ကြုံခဲ့ရသည့် အမျိုးသမီး တစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။
(DM,22.7.13) ကိုစိုး
ပြည်မြန်မာ
ကော လာ ဟ လ နဲ့ စံရတီမိုးမြင့်
စံရတီမိုးမြင့်က ဒါရိုက်တာကျော်ဇောရိုက်ကူးနေတဲ့ 'တသသ' ဇာတ်ကားကို ရဲအောင်၊စွမ်း၊ စိုးမိုးကြည်တို့နဲ့ အတူရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားလေးထဲမှာ စံရ တီမိုးမြင့်က စွမ်းရဲ့ ညီမဖြစ်သူအဖြစ် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားလေးက မိသားစုဇာတ် ကားလေးလည်းဖြစ်ပါတယ်။ အရင်ကထက်ပိုပြီး ဇာတ်ကားတွေကို ရွေးချယ် ရိုက်ကူးခွင့်ရလာတဲ့ အပေါ်မှာလည်း စံရတီမိုးမြင့်က "အရင်တုန်းကဆိုရင် ဇာတ်ကားကို ရိုက်တဲ့အခါမှာ ရွေးချယ်ခွင့် သိပ်ပြီး မရှိဘူး။ အခုနောက်ပိုင်းကျတော့ တဖြည်းဖြည်းရွေး ချယ်ခွင့်ပို ပြီးရလာတယ်။
ပြီးတော့ အခု နောက်ပိုင်း ကိုယ့်ဆီရောက်လာတဲ့ ဇာတ်တွေကလည်း ကိုယ့် အတွက် တအားအဆင်ပြေပြီး ကောင်းတဲ့ဇာတ် တွေလာတဲ့အတွက် အလုပ်မှာ အဆင်ပြေပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ ဇာတ်ကားထဲမှာ ကိုယ့်ရဲ့ သရုပ်ဆောင်မှုက လည်းကောင်းရမယ်။ ဥပမာ ကိုယ်ရွေး ချယ်ထားတဲ့ ဇာတ် က တအား ကောင်း နေပြီး ကိုယ့်ရဲ့ သရုပ်ဆောင်မှု က အဆင်မပြေ ရင် လည်း ဇာတ် ကား အောင်မြင် မှုလို့ ပြောလို့မရ ဘူး။ ဇာတ်ကားက လည်း ကောင်းရ မယ်။ကိုယ့်ရဲ့ သရုပ် ဆောင်မှုကလည်း
ကောင်းမယ်။ပရိသတ် ကလည်း အကြိုက်တွေ့ နိုင်မယ့် ဇာတ်ဆိုရင်တော့ အကောင်း ဆုံးပါပဲ။ အဲဒီလိုမျိုး အဘက် ဘက်က ပြည့်စုံပြီး ကောင်း နေ ရင်တော့ ကိုယ်ရွေးချယ် တဲ့ ဇာတ်ကားအောင်မြင် တယ်လို့ ပြောလို့ ရပါတယ်။ ရိုက်သမျှဇာတ် တွေကိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ရိုက်ဖြစ်ပါတယ်" လို့ ပြောပါတယ်။
စံရတီမိုးမြင့်က ဟာသ ဇာတ်ပဲဖြစ်ဖြစ်၊ ဒရာမာ ဇာတ် ပဲဖြစ်ဖြစ် ဇာတ်ထဲကို စိတ် နှစ်ထားပြီး သရုပ်ဆောင်ရင် တော့ အခက်အခဲသိပ်ပြီး မရှိပါ ဘူးလို့ ဆိုပါတယ်။ အနုပညာ ရှင်နဲ့ ကောလာဟလသတင်းဆိုတာ ကလည်း ဒွန်တွဲနေတဲ့အတွက် ကောလာဟလသတင်းတွေ ထွက် လာရင် ခေါင်းထဲကို ထည့်မထားတော့ ပါဘူးလို့ စံရတီမိုးမြင့်က ပြောပါတယ်။
"ကိုယ်တွေ ငယ်ငယ်တုန်းက တခြားအနုပညာရှင်တွေရဲ့ ကောလာ ဟလ ထွက်သံတွေကို ကြားဖူးတယ်။ အဲဒီအချိန်တုန်းကဆိုရင် ကြားလိုက် ပြီဆိုတာနဲ့ ဟုတ်တယ်လို့ကို စိတ်ထဲမှတ် လိုက်တယ်။ အဲဒီလို အတွေး မျိုးတွေရှိ တယ်။ ကြားလိုက်တာနဲ့ ဟုတ်ဟုတ် မဟုတ်ဟုတ် တကယ်လို့ ထင်မိတယ်။ အခုချိန်မှာကိုယ်က အနုပညာရှင်ဖြစ် လာပြီ။
ကိုယ်တိုင်ဒီလိုမျိုး ကောလာဟလတွေကို ပထမဦးဆုံးကြုံရတဲ့အခါကျတော့ ဘာဖြစ်လို့ မဟုတ်ဘဲနဲ့ ဒီလို မျိုး ပြောရတာလဲဆိုပြီး စိတ်ထဲမှာ ခံစားရတယ်။
နောက်ပိုင်းကျတော့ နေတတ်သွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်တစ်ယောက်တည်း အပြောခံရတာမှ မဟုတ်တာ ကိုယ်သိသလောက် ဆိုရင် အနုပညာရှင်တော်တော်များများ အပြောခံရ တယ်။ အဲဒီလို မျိုးဖြစ်အောင် ပြောတဲ့ သူတွေကလည်း ရှိတယ်။
ကိစ္စသေးသေးလေးတစ်ခုကို အကြီးကြီး ဖြစ်အောင် ချဲ့ပြီး ပြောတဲ့ သူတွေလည်း ရှိတယ်။ အဲဒါကြောင့် အဲဒီအတွက်ကို ကိုယ့်ရဲ့ခေါင်းထဲ ဘာမှကို မထည့်တော့ဘူး။ အဲဒီလို ကောလာဟလတွေက ကိုယ့်ရဲ့ အလုပ်ကိုလည်း စိတ်အနှောင့်အယှက် တအားဖြစ်စေတယ်။
အခုနောက်ပိုင်း ခေါင်း ထဲမထည့်တော့တဲ့အတွက် အလုပ်လုပ်ရတာ အခက်အခဲလည်း မရှိ အနှောင့်အယှက်လည်း မရှိတော့ဘူး။ လုပ်ရတာ အဆင်ပြေတယ်။ တစ်ခါတလေတော့ ကိုယ်ဖြေရှင်းမှရမယ့် ကိစ္စမျိုးဆိုရင်တော့ ပြဿနာမကြီးခင်မှာ ဖြေရှင်းတယ်။
မလိုတဲ့ကိစ္စမျိုးဆိုရင်တော့ မဖြေရှင်းတော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် ကိုယ် လုပ်လုပ်မလုပ်လုပ် ပြောနေတဲ့ ကိစ္စကို ကျွန်မမလုပ်ပါဘူးလို့ သွားဖြေ ရှင်း ရင်လည်း ယုံချင်တဲ့ သူမှယုံမှာ လေ။အဲဒီအတွက် ခေါင်းထဲကို သိပ်ပြီး မထည့်တော့ ဘူး။ ကိုယ့်ခေါင်း ထဲမှာ အလုပ်ကိုပဲ ဦးစားပေးပြီး လုပ် ဖြစ် တယ်" လို့ပြော ပါတယ်။
လွင်လွင်ထွန်း
Popular Journal
***အမျိုးစောင့် ဥ ပ ဒေ ရမည်းသင်းဒေ သ၌ စတင် လိုက်နာကျင့်သုံး***
Posted by drmyochit
Thursday, July 25, 2013, under ပြည်တွင်းသတင်းများ | No comments
မောင်အောင် ကိုဆန်း (ခ)ခါလစ် (မွတ်ဆလင်/အစ္စလာမ်) သည် မခင်ပြည့်ဝင်း(ဗမာ/ဗုဒ္ဓ) အား မေတ္တာ သက်ဝင် ချစ်ခင်၍ အကြင် လင် မယား အဖြစ်ပေါင်းသင်းလိုကြောင်း လက်ထပ်ထိမ်းမြားခြင်းမပြုခင် အစ္စလာမ် ဘာသာဝင် အဖြစ်မှ ဗုဒ္ဓဘာသာဝင် အအဖြစ်သို့ တရားဝင် ကူးပြောင်းမည် ဖြစ်ကြောင်း ကမ်းလှမ်း လာသည့် အ ပေါ် တာဝန် ရှိသူများမှ လက်ခံပြီး ဝန်ခံကတိ စာချုပ်၌ လည်း လက်မှတ်ရေး ထိုးကာ အမျိုးစောင့် ဥပ ဒေပါ အချက်အလက်များနှင့် အားလုံးမပြည့်စုံသော်လည်း အထိုက်အ လျောက် လိုက် နာကျင့်သုံးခဲ့ပါသည်
From: မင်းကျောင်း စန္ဒော
…………………………………………………… ကတိဝန်ခံချက် (၈ ၇ ၂၀၁၃) ရမည်းသင်းမြို့ အောင် မင်္ဂလာအုပ်စု ဝါတိုး အ နောက် ရပ်ကွက်နေ အဘ ဦးမောင် လှ အမိဒေါ်ဖြူဖြူဝင်းတို့၏ သားဖြစ်သူ ကျွန်တော်အောင် ကိုဆန်း (ခ) ခါလစ် မှတ်ပုံတင် အမှတ် ၉/ရမသ (နိုင်)၁၀၄၁၄၀ သည် အစ္စလာမ်ဘာသာဝင် မှ ဗုဒ္ဓဘာသာဝင် အဖြစ်သို့ မည်သူတစ်ဦးတစ်ယောက်၏ ဖျားယောင်းသွေးဆောင် ချိန်းခြောက်မှုမပါ မိမိသ ဘောဆန္ဒဖြင့် ဘာသာကူးပြောင်းခဲ့ပါသည် နောင် တစ်ချိန် ဗုဒ္ဓဘာသာဝင်အဖြစ်မှ အခြားဘာသာသို့ကူးပြောင်းခဲ့သော် သာသနာညှိုးနွမ်းစေမှု ၂၉၅ (က) ဖြင့် အ ရေးယူ ခံပါမည် ဟု ပါရှိပါသည် ထို ကတိဝန်ခံ ချက်သည် ခရိုင် သာသနာရေး မှူးရုံး ၌ သာသနာရေးမှူး ဦးမျိုးဝင်းအောင် နှင့် ဝါတိုးရပ်ကွက်ကြီး အုပ်ချုပ်ရေးမှူး တို့ရှေ့မှောက်၌ မောင်အောင်ဆန်းကို (ခ)မောင် ခါလစ် ကိုင်လက်မှတ်ရေးပါသည် ရမည်းသင်း ၌ ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင် တို့ သည် ရှေးယခင် ထဲက ဘာသာဝင် အချင်းချင်း လေးစားနားလည်ခဲ့ ခဲ့ကြရာ အခု လည်းအမျိုးစောင့် ဥပ ဒေ ကို လေးစား လိုက်ကြောင်း ပြသသည့် သာဓက ပင် ဖြစ်ပါသည်
……………………………………………………မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းများခြင်းဆိုင်ရာ ဥပ ဒေ (မူကြမ်း ၌ မည်သူမဆို မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ် ရမည် ဘာသာခြားဖြစ်ခဲ့သူက မြန်မာဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်ပေါင်းသင်းမည်ဆိုပါက် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင် လက်မှတ်ရှိထားသူဖြစ် ရမည် ထို့အပြင် လက်ထပ်မည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီး၏ မိဘ (သို့)အုပ်ထိန်းသူ ၏ စာဖြင့် တရားဝင် ခွင့်ပြုချက်ကို လက်ခံရယူရမည် အထက်ပါသတ်မှတ်ချက်များနှင့်ညီညွတ်ပါက လက်ထပ်ထိမ်းမြားခြင်းကို သက်ဆိုင်ရာကျေးရွာ (သို့) ရပ်ကွက်အုပ်ချုပ်ရေးမှူးရှေ့တွင် လက်မှတ်ရေးထိုးလက်ထပ် ရမည် အထက်ပါ ပြဌာန်းချက်အတိုင်း မလိုက်နာပဲ မြန်မာ ဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်ခြင်း ပေါင်းသင်းခြင်း ပြုလုပ်ပါက ထိုသူကို ထောင်ဒဏ်(၁၀)နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ် ရမည့်အပြင် ထိုသူပိုင် ပစ္စည်းအားလုံးကိုလည်း သိမ်းယူ၍ ထိုဗုဒ္ဓဘာသာဝင် အမျိုးသမီးအား ပေး ရမည် ဟုပါရှိပါသည်။
From: မင်းကျောင်း စန္ဒော
ခင်ပွန်း ယောင်္ကျားထံ ပြန်မသွားနိုင်အောင် သံကြိုးနဲ့ သော့ခတ်ခံထားရတဲ့ မိန်းခလေး
Posted by drmyochit
Thursday, July 25, 2013, under သတင်းများ | No comments
ခင်ပွန်း ယောင်္ကျားထံ ပြန်မသွားနိုင်အောင် သံကြိုးနဲ့ သော့ခတ်ခံထားရတဲ့ မိန်းခလေး မနိုင်နိုင်ဝင်း
ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့ နယ် သာဓုကန်ကျေးရွာ အုပ်စု ပန်ဂျကိုရီတိုလာကျေးရွာမှ နေအိမ်အထဲမှာ "အဖြစ်အပျက်က တုန်လှုပ်ခြောက်ချား စရာပါ၊ လသားအရွယ် ကလေးငယ်တစ်ဦးနဲ့ သူ့ရဲ့ မိခင်မနိုင်နိုင်ဝင်းတို့ ဟာ အုပ်ထိမ်းသူ လူကြီး မိဘတွေရဲ့ တင်းကျပ်လွန်းတဲ့ မိသားစု(ပုဂ္ဂလိက)စည်းကမ်းတွေအောက်မှာ ပြားပြားမှောက်ပြီး မနိုင်နိုင်ဝင်းရဲ့ ဘယ်ဘက်(၀ဲဘက်) ခြေထောက်မှာ သံကြိုးတစ်ချောင်းနဲ့ ချည်နှောင် သော့ခတ်ခံထားရပြီး ကျန်တဲ့ သံကြိုးစတစ်ဖက်ကို မနိုင်နိုင်ဝင်းအိပ်တဲ့ ကုတင်မှာ ချည်နှောင်လျက် ဒီကနေ့ အထိ ချုပ်နှောင်ခံနေရဆဲပါ။
ဒီလို သံကြိုးတန်းလန်းနဲ့ တိရစ္ဆာန်တစ်ကောင်လို မတရားသဖြင့် ချုပ်နှောင်တားဆီးခံထားရတယ်ဆိုတာ အချိန်ကာလ ဘယ်လောက်ကြာနေပြီလဲဆိုတာ ကာယကံရှင်တွေကလွဲရင် ဘယ်သူမှအတိအကျမသိနိုင်ပါဘူး၊
ဒီမိန်းကလေးရဲ့ အမည်က မနိုင်နိုင်ဝင်း ဖြစ်ပြီး သူပွေ့ ချီထားတဲ့ ကလေးကတော့ သူ့မရဲ့ ဝမ်းနဲ့ လွယ်ပြီး မွေးထားရတဲ့ အသက်(၂)လသား အရွယ်ရှိတဲ့(သားဦး) ယောင်္ကျားလေးပါ၊ မနိုင်နိုင်ဝင်းကို
သူ့ရဲ့ခင်ပွန်းယောင်္ကျားထံ ပြန်မသွားနိုင်အောင် မနိုင်နိုင်ဝင်းရဲ့ ဖခင်ဦးကူးမားဆံလားဆိုသူ ဖြစ်ပါတယ်။
သူတို့နေထိုင်တဲ့ ပန်ဂျကိုရီတိုလာကျေးရွာမှ နေအိမ်အထဲမှာ အခုလို သံကြိုးတန်းလန်းနဲ့ ချည်နှောင်ထားတာပါဟု တာဝန်သိလုပ်သား ပြည်သူတစ်ဦးဖြစ်သူ ဦးကျော်စန်းလွင်(ခ)ဦးကျော်စန်းလွင်ဦး
ဆိုသူမှ လူ့မဆန်စွာ တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ချည်နှောင်ခံထားရသော မိခင်တစ်ဦးနှင့် လသားအရွယ်ကလေးငယ်အပါအ၀င် သားအမိ(၂)ဦးတို့ ၏ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရသည့် တုန်လှုပ်ခြောက်ချားဘွယ်အဖြစ်ဆိုးအား ခါးစည်းခံနေရပုံကို သတင်းပေးပြောကြားခဲ့ပါသည်။
From: Myanmar News Now