မန္တလေးဘူတာကြီးမှာ လုံခြုံရေးတင်းကျပ်ထားချိန် ၀န်ထမ်းအယောင်ဆောင်သူတစ်ဦး ဟာ ဧပြီ ၂၉ ရက်နေ့ မနက်(၉)နာရီ ခန့်အချိန်မှာ ဘူတာကြီးတောင်ဘက်ခြမ်းကနေ ကန့်သတ်နယ်မြေ ထဲကို ၀င်ရောက် လာပါတယ်။ အဆိုပါဝင်ရောက်လာသူဟာ တွဲထိန်းယူနီဖောင်းအထက်ပြာ အောက် ပြာ ၀တ်ဆင် ထားပြီး လက်ထဲမှာလည်း လက်မှတ်ရောင်းတဲ့ (Chart Book) ကို ကိုင်ထားတယ်လို့ သိရ တယ်။ ရထား ရဲတပ်ဖွဲ့ ဒုရဲ အုပ်မြင့်ဝေ ဦးဆောင်တဲ့ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့က ၄င်းကို ခေါ်ယူ စစ်ဆေး ကြည့်တဲ့ အခါ မီး ရထား ၀န်ထမ်း မဟုတ်ပဲ ဦးတောင်စုံနိုး အသက်(၃၂)နှစ် အလုပ်အကိုင် (ကျပန်း) ပြည်ကြီး တံခွန်မြို့နယ် နေသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။...