
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၌ အင်းစိန်လမ်းမကြီးအတိုင်း အင်းစိန်ဘက်သို့သွားစဉ် ခ၀ဲခြံမှတ်တိုင်အနီး အရှိန်လွန်မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် ၁၈၈ ရွှေအင်းဝ ယာဉ်လိုင်းစိမ်း/၀ါယာဉ်သည် ဘရိတ်ပေါက်ကာ အငှားယာဉ်ခြောက်စီးနှင့် ကိုယ်ပိုင်ယာဉ်တစ်စီးအား ဆင့်ကဲ့တိုက်မိခဲ့သည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁ရက်နေ့ နံနက် ၇ နာရီ မိနစ် ၅၀တွင် အင်းစိန်းလမ်းမကြီးအတိုင်း မြောက်မှ တောင်သို့ ယာဉ်မောင်း အောင်လွင်ဟိန်းမောင်းနှင်လာသည့် ရွှေအင်းဝယာဉ်လိုင်း အမှတ် ၁၈၈သည်...