စနေနေ့ က လန်ဒန်အိုလံပစ် ပြိုင်ပွဲမှာ မြန်မာ အသင်းက Air Pistol ၁ဝ မီတာ သေနတ်ပစ် ပြိုင်ပွဲ နဲ့ single skull တဉီးချင်း လှပြေိုင်ပွဲ မှာ ဝင်ရောက် ယှဉ်ပြိုင်တဲ့ အကြောင်း မြန်မာ အားကစား အဖွဲ့ အုပ်ချုပ်မှု အဖွဲ့ဝင်လည်းဖြစ်၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ အတွင်းရေးမှူး ဉီးခင်မောင်လွင် က ဘီဘီစီ ကို ပြောပြပါတယ်။
မြန်မာ နိုင်ငံ ကို ကိုယ်စားပြု ပြိုင်ပွဲဝင်တဲ့ သေနတ်ပစ် Air Pistol သေနတ်ပစ် ပြိုင်ပွဲ မှာ မောင်ကြူး ယှဉ်ပြိုင်ရာမှာ အမှတ် ၆ဝဝ အနက် ၅၆၅ မှတ် ရတဲ့ အတွက် ရှုံးနိမ့်ခဲ့ ကြောင်း၊ တောင်ကိုးရီးယား က ၅ဂဂ မှတ်၊ တရုတ် က ၅၈၆ မှတ် နဲ့ ပထမ နဲ့ ဒုတိယ၊ ဆားဗီးယား...