Wednesday, September 03, 2014

ယမကာလုလင်၊ ယမကာလုံမေတို့အတွက် သတင်းဆိုး

Posted by Unknown Wednesday, September 03, 2014, under | No comments

တနင်္လာနေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အတည်ပြုပြဌာန်းလိုက်သော ယစ်မျိုးခွန်ဥပဒေကြောင့် အရက်၊ ဘီယာတို့ ဈေးတက်ဖွယ် ရှိနေသည်။ နှစ်ဆန်းပိုင်းက ရန်ကုန်တွင် တွေ့ရသည့် မော်တော်ယာဉ် တစီးတွင် Carlsberg ဘီယာစက်ရုံအတွက် ပစ္စည်း တင်ထားသည် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)    ၁၉၁၇ ယစ်မျိုးခွန်ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲထားသည့် ဥပဒေသစ်အရ အခွန် ကောက်ခံမှုမှာ ယမကာ အမျိုးအစားကိုလိုက်ပြီး ယခင်ကထက် ၂ ဆမှ ၄ ဆကျော်အထိ ကောက်ခံမည် ဖြစ်သည်။...

Telenor ဆင်းကတ် ပြည်ပသို့ သယ်ဆောင်အသုံးပြုနိုင်

Posted by Unknown Wednesday, September 03, 2014, under | No comments

ဆင်းကတ်များ စတင်ရောင်းချိန်တွင် ပြည်ပသို့သယ်ဆောင်အသုံးပြုနိုင် မည့်ဝန်ဆောင်မှု ပါဝင်မည်ဖြစ် ပြီး ခေါ်ဆိုခနှုန်းထားများကိုပါ ကြေညာပေးသွားမည်ဟု Telenor မြန်မာမှ သိရသည်။ ”ဝန်ဆောင်မှုနှုန်းထားတွေနဲ့ ပတ်သက်ပြီး စက်တင်ဘာလမှာ ကြေညာပေးသွား မှာပါ။ လတ်တလော အခြေအနေ အရတော့ ဘယ်နိုင်ငံတွေ Roaming ရမလဲ။ ခေါ်ဆိုခ ဘယ်လောက် ဖြစ်မလဲဆိုတာ မပြောနိုင်သေး ပါဘူး” ဟု Telenor မြန်မာမှတာဝန်ရှိသူတစ်ဦးက ပြောသည်။စက်တင်ဘာလတွင် စတင်မည် ဖြစ်သော်လည်း ယင်းလနောက်ဆုံး အပတ်မှ သာဝန်ဆောင်မှုပေးနိုင် မည် ဖြစ်ကြောင်း တာဝါတိုင်တည်ဆောက်မှုအပိုင်း စိတ်တိုင်း မကျခြင်းကြောင့် ဖြစ်ကြောင်း၊ အမှုဆောင်...

MPT ငွေဖြည့်ကတ် သုံးစွဲသူများအတွက် အပိုထပ်တိုးငွေများ ထပ်မံဖြည့်သွင်းပေးမည်

Posted by Unknown Wednesday, September 03, 2014, under | No comments

စက်တင်ဘာလ ၄ ရက်မှ ၁၂ ရက်အတွင်း မိမိတို့ဖုန်းကို ကြိုတင်ငွေဖြည့်သွင်းပါက ထပ်တိုးအပိုငွေများ ထပ်မံဖြည့်သွင်းပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ GSM၊ WCDMA မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် ယင်းကာလအတွင်း ငွေကျပ် ၅,ဝဝဝ ဖြည့်သွင်းသုံးစွဲပါက ၂ဝ ရာခိုင်နှုန်း၊ ငွေကျပ် တစ်သောင်းနှင့်အထက် ဖြည့်သွင်းသုံးစွဲပါက ၃ဝ ရာခိုင်နှုန်းထပ်တိုး အပိုဖြည့်ငွေ ရရှိမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆင်းမ်ကတ်များ ပိုမိုလွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တန်ဖိုးနည်း...

ယနေ့နံနက်ပျဉ်းမနားဈေးရှေ့နေအိမ်ဆိုင်ခန်းခြောက်ခန်းတနာရီကြာမီးလောင်ခဲ့ရာငွေကျပ်၁၂၅သိန်းခန့်ဆုံးရှုံး”

Posted by Unknown Wednesday, September 03, 2014, under | No comments

ပျဉ်းမနားဈေးရှေ့ကနေအိမ်ဆိုင်ခန်းခြောက်ခန်းယနေ့နံနက်နှစ်နာရီခန့်ကစတင်ပြီးတနာရီကြာမီးလောင်ခဲ့ရာငွေကျပ်၁၂၅သိန်းခန့်ဆုံးရှူံးခဲ့ပြီးစတင်လောင်ကျွမ်းခဲ့ရခြင်းအကြောင်းအရင်းကိုတော့စစ်ဆေးဆဲဖြစ်တယ်လို့ပျဉ်းမနားရဲတပ်ဖွဲ့မှသိရပါတယ်။ ပျဉ်းမနားမြို့နယ်၊မင်္ဂလာရပ်ကွက်၊ဗိုလ်လကျာင်္လမ်းထောင့်ရှိနေအိမ်ဈေးဆိုင်ခန်းတွေမှာနံနက်၂း၁၀မိနစ်ကစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးမီးသတ်တပ်ဖွဲ့က၂း၅၀မှာမီးထိန်းနိ်ုင်ခဲ့ပြီး၃း၁၅မိနစ်မှာတော့မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ပါတယ်။...

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆင်းမ်ကတ်များ ကျပ် ၁၅၀၀ ဖြင့် လွတ်လပ်စွာရောင်းချနေချိန်တွင် အူရီဒူး၏ ၀န်ဆောင်မှုများအပေါ် ဝေဖန်မှုများ ပိုမိုမြင့်တက်

Posted by Unknown Wednesday, September 03, 2014, under | No comments

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆင်းမ်ကတ်များကို ကျပ် ၁၅ဝဝ ဖြင့် လွတ်လပ်စွာရောင်းချချိန်တွင် အူရီဒူး၏ ဆင်းမ်ကတ်များ ရောင်းအားကျဆင်းခဲ့ပြီး ၎င်းတို့၏ဝန်ဆောင်မှုအပေါ် ဝေဖန်မှုများလည်း မြင့်တက်လာကြောင်း သိရသည်။ အူရီဒူးက ဖုန်းပြောခနှုန်းထားကို ၎င်းတို့၏ ဖုန်းအချင်းချင်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်နှင့် အခြားအော်ပရေတာဖုန်းများသို့ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်ဟု သတ်မှတ်ထားသောကြောင့် တစ်မိနစ်လျှင် ကျပ် ၅ဝ ထက် ပိုမိုသက်သာသည်ဟု ယူဆစရာဖြစ်သော်လည်း မိနစ်အပေါ် အခြေခံ၍ ဖြတ်တောက်နေသောကြောင့် လက်တွေ့တွင် ပိုမိုကုန်ကျမှုများရှိနေကြောင်း သိရသည်။ “အရင် MPT ဖုန်းနဲ့သုံးတုန်းကတောင်...

Ice Bucket Challenge ကို တုံ့ပြန်လိုက်တဲ့ Clothes-off Challenge

Posted by drmyochit Wednesday, September 03, 2014, under | No comments

ယခုတလော ကမ္ဘာတလွှားမှာ သာမက မြန်မာအသိုင်းအ၀ိုင်းမှာပါ ရေပန်းစားနေတဲ့ Ice Bucket Challenge  ကိုတော့ တရုတ်နိုင်ငံမှာ Clothes-off Challenge ဆိုပြီး တုံ့ပြန်လိုက်ပါတယ်။ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့ရဲ့ ဖူတိန်အပိုင်းမှာ ရှိတဲ့ အမည် မဖော်ပြလိုတဲ့ ကုမ္ပဏီတစ်ခုက အလုပ်သမား အမျိုးသား၊ အမျိုးသမီး အယောက် ၂၀ ဟာ ဆိုရင် အတွင်းခံ၊ ဘောင်းဘီတိုနဲ့ ဘီကနီ စတာတွေကို ၀တ်ဆင်ထားကြပြီး  ကာဗွန် သုံးစွဲမှု လျော့ချရေး ဆိုတဲ့ နမူနာအနေနဲ့  Clothes-off Challenge လုပ်ခဲ့ကြပါတယ်။ Shanghaiist...

ပြောနေကြတဲ့ ဓမ္မစေတီ ခေါင်းလောင်း အကြောင်း တစေ့တစောင်း

Posted by drmyochit Wednesday, September 03, 2014, under , | No comments

ဓမ္မစေတီ ခေါင်းလောင်းသည် ပိဿာချိန် (၁၈,၀၀၀) တန်ချိန်၂၉ ဒသမ ၃၃ တန်သာ ရှိရမည်။ ၂၉၄ တန် လုံးဝမဟုတ်ပါ။ သမိုင်းဆိုတာ ဖျောက်ဖျက်၍ရသော အရာတစ်ခု မဟုတ်သလို သမိုင်းတိုင်းကိုလည်း မြင့်မားတဲ့ အတွေးအခေါ်တွေနဲ့ ပြန်လည်ဆန်းစစ် ဝေဖန်တတ်ဖို့ကလည်း အလွန်လိုအပ်လှပါတယ်။ သမိုင်းဆိုတာ ခေတ်တစ်ခုရဲ့ အမှတ်အသားတွေသာ ဖြစ်သလို ခေတ်တစ်ခုရဲ့ Transition timeline တွေမှာလည်း ဝေခွဲမရနိုင်လောက်တဲ့ Error အမှားတွေလည်း ရှိနေတတ်ပါတယ်။ ယနေ့ မြန်မာပြည်မှာ ဓမ္မစေတီ ခေါင်းလောင်းက ရေပန်းစားနေသလို...

ကိုရီးယား အဖွဲ့စည်းကြီးရဲ့ အဖြစ်မှန်ရဲ.နောက်ဆက်တွဲသတင်းများ

အင်္ဂလန်နိုင်ငံ ဘရစ်စတိုလ် (Bristol) မြို့  အလှမယ် Amy Willerton က သူ့အနေနဲ့ Miss Asia Pacific World အလှမယ်ပြိုင်ပွဲ စီစဉ်ကျင်းပတဲ့ တောင်ကိုရီးယားအလှမယ် အဖွဲ့နဲ့ တာဝန်ရှိသူများကို တရားစွဲဆိုသွားမယ်။ ————————————————————————————————- ရှုပ်ထွေးပွေလီနေတဲ့ အရှုပ်တွေများနဲ့ မြန်မာပြည်မှာ ဒီရက်ပိုင်းအတွင်း ဟိုးလေး တကျော်ကျော် ဖြစ်နေတဲ့ အလှမယ် မေမြတ်နိုးရဲ့  ပြဿနာကလည်း နိုင်ငံသိမဟုတ်၊ ကမ္ဘာကျော် ဖြစ်နေတယ်ဆိုတော့ ဒီ ရုပ်ဆိုးညစ်စုတ်လှတဲ့ အလှမယ်ပြိုင်ပွဲနဲ့...

ဓမ္မစေတီခေါင်းလောင်းရှာဖွေမှု ၄၊၅ရက်ကြာလျှင် ထူးမည်ဟုဆိုပြန် ရေငုပ်သမားများစမ်းမိသောအရာမှာ သံစည်ပိုင်းမဟုတ်ဘဲခေါင်းလောင်းဟုယူဆရပြီး ခေါင်းလောင်းရှာတွေ့ကြောင်း သတင်းထုတ်ပြန်ပြီးနှစ်ရက်အကြာတွင်ပြော

Posted by drmyochit Wednesday, September 03, 2014, under | 1 comment

ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးအဖွဲ့မှ ဆလုံလူမျိုးများ ရေငုပ်ရှာဖွေမိသောအရာမှာ သံ စည်ပိုင်းတစ်ခုမဟုတ်ဘဲ ဓမ္မစေ တီခေါင်းလောင်းကြီးဟု ယူဆရပြီး၎၊၅ရက်ကြာလျှင်ထူးခြားနိုင်မည်ဟု ခန့်မှန်းကြောင်း ပြန်ကြားရေး အဖွဲ့ဝင်ဦးကြည်ဝင်းက ပြောကြားသည်။ဓမ္မစေတီခေါင်းလောင်း တွေ့ရှိထားပြီဟု ကြေညာပြီးရှစ် ရက်မြောက်နေ့တွင် ဓမ္မစေတီ ခေါင်းလောင်းကြီးဟုယူဆရ သောအရာကို သံမဏိကြိုးများဖြင့်ချည်တုပ်နေပြီး ဆက်လက်ကြိုးစားနေကြောင်း၎င်းကပြောသည်။အင်တာနက်လူမှုကွန်ရက် စာမျက်နှာသတင်းများတွင် ဓမ္မစေတီခေါင်းလောင်းအကြောင်း အ ပျက်သဘောမျိုးရေးသားခြင်းများ ကိုလည်း အများပြည်သူမယုံ ကြည်စေလိုကြောင်း၊...

သူ့ကိုစော်ကားမှုအတွက် တောင်းပန်မှ Miss Asia Pacific World သရဖူ ပြန်အပ်မည်

Posted by drmyochit Wednesday, September 03, 2014, under | No comments

Miss Asia Pacific World ပြိုင်ပွဲရဲ့ သရဖူဆုရှင် မေမြတ်နိုးက ကိုရီးယားနိုင်ငံမှာ သူ့ကို လူကုန်ကူးသဘော သက်ရောက်တဲ့အထိ Miss Asia Pacific World အဖွဲ့အစည်းက ဆောင်ရွက်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါ တယ်။ မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အရေးယူနိုင်ဖို့အထိ ပြင်ဆင်သွားမယ် လို့လည်း ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်မြို့မှာရှိတဲ့ House of Memories စားသောက်ဆိုင်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့...

IS ဟု ကြေညာသောအဖွဲ့က နောက်ထပ် အမေရိကန်ဂျာနယ်လစ်တစ်ဦးကို ခေါင်းဖြတ်

Posted by drmyochit Wednesday, September 03, 2014, under | No comments

IS စစ်သွေးကြွများဟု ကြေညာထားသည့် အဖွဲ့က နောက်ထပ် အမေရိကန်ဂျာနယ်လစ်တစ်ဦး ခေါင်းဖြတ် သတ်လိုက်သည့် ဗီဒီယိုသည် စက် တင်ဘာ ၂ ရက်က အွန်လိုင်းတွင် ထွက်ပေါ်လာခဲ့ သည်။ အဆိုပါ ဗီဒီယိုတွင် လန်ဒန်မြို့သားလေယူလေသိမ်းဖြင့် ပြောကြားသူ မျက်နှာဖုံးစွပ်တစ်ဦးက ဖမ်းဆီး ထားသော ဗြိတိန်နိုင်ငံသားတစ်ဦးကို ထပ်မံသတ်မည်ဟု ခြိမ်းခြောက်ထားသည်။ အသက် ၃၁ အရွယ် အမေရိကန်သတင်းထောက် စတီဗင် ဆော့တ်လော့ဖ်အား လိမ္မောရောက်ဝတ်စုံ ကို ၀တ်ဆင်ပေးထားပြီး သဲကန္တာရ တစ်ခုအတွင်းရှိ မြေပြင်ပေါ်တွင်...

မူးယစ်ဆေး၊ လက်နက်ဖမ်းမိမှုနဲ့ တိမ်းရှောင်နေသူ ကုမ္ပဏီပိုင်ရှင်ကို ဖမ်းမိပြီ

Posted by drmyochit Wednesday, September 03, 2014, under | No comments

လွန်ခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့ တွင် မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိတဲ့ အမှုကနေ ထွက်ပြေး တိမ်းရှောင်နေတဲ့ တရားခံဟု ရဲတပ်ဖွဲ့က ဆိုတဲ့ ကုမ္ပဏီပိုင်ရှင် ဦးရဲထွန်းကျော်ကို ရခိုင်ပြည် နယ် မြောက်ဦးမြို့မှာ ဖမ်းဆီး ရမိပြီလို့ သိရပါတယ်။  ဦးရဲထွန်းကျော်၊ ဓာတ်ပုံ- မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာ မူးယစ်ဆေးဝါးလုပ်ကိုင်တယ်ဆိုတဲ့ ဦးရဲထွန်းကျော်ကို ဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာ အခုလို...

မေမြတ်နိုးရဲ့ နိုင်ငံတကာမီဒီယာသို့ ထုတ်ပြန်ချက် အပြည့်အစုံ မြန်မာပြန်

Posted by drmyochit Wednesday, September 03, 2014, under | No comments

စက်တင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့ ဦးဝိစာရလမ်းပေါ်က House of Memory စားသောက်ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကတဆင့် နိုင်ငံတကာ မီဒီယာတွေကို အင်္ဂလိပ်ဘာသာနဲ့ ထုတ်ပြန်ခဲ့တဲ့ Miss Asia Pacific World 2014 သရဖူ ပြန်သိမ်းခံခဲ့ရသူ အလှမယ် မေမြတ်နိုးရဲ့ ကြေညာ ချက်အပြည့်အစုံဖြစ်ပါတယ်။ ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ မေမြတ်နိုး  မေမြတ်နိုးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားတဲ့ နိုင်ငံတကာမီဒီယာများအတွက် အင်္ဂလိပ်ဘာသာ ကြေညာချက်မှ...

ကမ္ဘာ့ခေါင်းဆောင်အများစု ဒေါ်အောင်ဆန်း စုကြည် ပြောသောစကားထက် ဦးသိန်းစိန်ပြောသောစကားအား ပိုမိုလက်ခံလာကြ

Posted by Unknown Wednesday, September 03, 2014, under | No comments

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ လာသွားတဲ့ ခရီးစဉ်ကိုတော့ ပြည်တွင်းကရော ပြည်ပ ကပါ တော်တော်လေး စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။ ဒီခရီးစဉ် မတိုင်ခင်မှာလည်း အမေရိကန် လွှတ်တော်အမတ် ၆၀ ကျော်က ကယ်ရီကို ဖိအားပေးတဲ့ ပေးစာ ပေးပို့ခဲ့ကြပါတယ်။ ဒါ့ကြောင့် ကယ်ရီရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံကို ဘာတွေ ဖိအားပေးမလဲ ဆိုတဲ့ သိချင်စိတ်က အဓိက ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် အထင်နဲ့အမြင် ပါစင်အောင်လွဲသွားခဲ့တာကတော့ ကယ်ရီရဲ့ သတင်းစာရှင်းလင်းပွဲမှာ အကောင်းဘက်များတဲ့ ရှုမြင်သုံးသပ်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အမေရိကန် ပြန်ရောက်တော့ လည်း East-West Center မှာ ကယ်ရီရဲ့ အာရှခရီးစဉ်အကြောင်း...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်