Monday, June 09, 2014

မုတ်သုံလေအားကောင်း၍ ဒေသအချို့ မိုးကြီးမည်

မြန်မာတစ်နိုင်ငံလုံးသို့ ဇွန်၈ရက်တွင် မုတ်သုံလေစတင်ဝင်ရောက်

ဘင်္ဂလားပင်လယ်အော် တွင် မုတ်သုံလေအားအလွန် ကောင်းနေသောကြောင့် ပဲခူး တိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်အချို့ဒေသများ တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၅ လက်မမှ ၈ လက်မအထိ မိုးရွာ သွန်းနိုင်ပြီး မိုးကြီးနိုင်ကြောင်း မိုး လေ၀သပညာရှင်ဒေါက်တာ ထွန်းလွင်က ဇွန်လ ၈ ရက်တွင် သတိပေးပြောကြားသည်။

‘‘မုတ်သုံလေက တစ်ကျော့ ပြန်အားကောင်းလာတာ။ ဒါ ကြောင့် ဒေသတချို့ နေရာကွက် ပြီး မိုးကြီးနိုင်လို့ ခန့်မှန်းသတိပေး ချက်ထုတ်ထားတာပါ’’ဟု ဒေါက် တာထွန်းလွင်ကပြောသည်။

ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သကဲ့သို့ မိုးနည်းနေ သည့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများအပါအ၀င် တစ်နိုင်ငံလုံးအနှံ့နေရာကျဲကျဲ (သို့)နေရာစိပ်စိပ်မိုးရွာသွန်းနိုင် ကြောင်း ပြောသည်။

ပြီးခဲ့သည့် မေလလယ်ခန့်က ဘင်္ဂလားပင်လယ်အော်တွင် မုတ် သုံလေအားကောင်းပြီး မုန်တိုင်း ငယ်အဆင့်သို့ ရောက်ရှိခဲ့ကာ ပြန်လည်အားလျော့သွားပြီး နောက် ယခုပြန်လည်အား ကောင်းလာခြင်းကြောင့် တနင်္သာ ရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင် သည့် သတိပေးချက်ထုတ်ပြန် ထားကြောင်း မိုး/ဇလဌာန ဒုတိ ယ ညွှန်ကြားရေးမှူး ဦးကျော် မိုးဦးကပြောသည်။

‘‘မွန်နဲ့ ကရင်ပြည်နယ်တွေ က ပုံမှန်မိုးရေချိန် သုံးလက်မ လောက်ပဲရွာလေ့ရှိတာ။ အခုက မုတ်သုံလေကြောင့် နေရာကွက် ပြီး မိုးကောင်းနေတယ်။ ရက် ဆက်ရွာမယ်ဆိုရင်တော့ သတိ ထားဖို့ လိုပါတယ်။ မိုးလိုနေတဲ့ အချို့ဒေသတွေအတွက်တော့ အဆင်ပြေနိုင်တယ်’’ဟု ဦးကျော် မိုးဦးက ပြောသည်။

ယခင်နှစ်များက ဇွန်လ ၅ ရက် နောက်ဆုံးအဖြစ် အနောက် တောင်မုတ်သုံလေမြန်မာတစ် နိုင်ငံလုံးသို့ဝင်ရောက်လေ့ရှိသော်လည်း ယခုနှစ်တွင်မူ ဇွန်လ ၈ ရက်တွင် တစ်နိုင်ငံလုံးသို့ မုတ်သုံလေ၀င်ရောက်ခဲ့သောကြောင့် ပုံမှန်ထက် နောက်ကျခဲ့ကြောင်းဦးကျော်မိုးဦးက ပြောသည်။ ထို့အပြင် မုတ်သုံလေနှင့်အတူ ပါလာသည့် မိုးရွာသွန်းမှုကြောင့် မြန်မာ နိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများအတွက် လိုအပ်နေ သော မိုးရနိုင်ကြောင်း ၎င်းက ပြောသည်။

မိုးလေ၀သပညာရှင် ဒေါက် တာထွန်းလွင်က ကမ်းရိုးတန်း ဒေသများအတွက် လေပြင်း အန္တ ရာယ်ရှိကြောင်း သတိပေးထား ပြီး မွန်၊ တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်တွင် လှိုင်းအမြင့် ၁၀ ပေခန့်အထိရှိနိုင်ကာ လေ တိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ ၄၅ မိုင်အထိ တိုက်ခိုက်နိုင် ကြောင်း သတိပေးထားသည်။ လေတိုက်နှုန်းများနေသော ကြောင့် ကမ်းနီးကမ်းဝေးငါးဖမ်း ရေယာဉ်များနှင့် ပင်လယ်ပြင် ခရီးသွားရေယာဉ်များ သတိပြု ရန်လိုနေကြောင်း ၎င်းက ဆက်လက် သတိပေးပြောကြားသည်။

Author: အောင်သစ်လွင်
7DAY DAILY
ရန်ကုန်မြို့တွင် မုတ်သုံမိုးရွာသွန်းနေစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

Sunday, May 25, 2014

ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းပြန်ဖြစ်လာရန် တာစူ

Posted by drmyochit Sunday, May 25, 2014, under | No comments

မုန်တိုင်းငယ်အဖြစ်မှ အားလျော့သွားသော လေဖိအား နည်းရပ်ဝန်းသည် ဘင်္ဂလားပင် လယ်အော်အနောက်အလယ်ပိုင်းတွင် အားပြန်ပျိုးနေပြီး မုန်တိုင်း အ ဆင့်သို့ ပြန်ရောက်လာနိုင်ကြောင်းနိုင်ငံတကာ မိုးလေ၀သ ဂြိုဟ်တုများ၏ ခန့်မှန်းချက်များကို ကိုးကား၍ ဒေါက်တာထွန်းလွင်က သတိပေးသည်။

‘‘မုန်တိုင်းငယ်အဆင့်ကနေ အားလျော့ပြီးကာမှ ဒီနေ့မှာ အား ပြန်စုနေတာတွေ့ရတယ်။ ဒီနေ့ ည မုန်တိုင်းပြန်ဖြစ်လာရင်တောင် မြန်မာနိုင်ငံအတွက် အန္တရာယ်မရှိ သေးပါဘူး’’ ဟု ဒေါက်တာထွန်း လွင်က မေလ ၂၄ ရက်ညတွင်ပြောသည်။

အမေရိကန် အမျိုးသားမိုး လေ၀သဌာန(JTEC) က ဘင်္ဂလား ပင်လယ်အော်အနောက်အလယ် ပိုင်းတွင်ဖြစ်ပေါ်နေသာ တိမ်တိုက် ကြီးသည် မုန်တိုင်းအဆင့်သို့ပြန် ရောက်ရန် အလားအလာများရှိ နေကြောင်း မေလ၂၄ရက် နံနက် တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါမုန်တိုင်းငယ်သည် ၂၀၁၄ခုနှစ်အတွင်း ဘင်္ဂလားပင် လယ်အော်တွင် ဖြစ်ပေါ်သည့် ဒုတိယမြောက် မုန်တိုင်းငယ်ဖြစ် သည်။ ဘင်္ဂလားပင်လယ်အော်အ ရှေ့အလယ်ပိုင်းတွင် လေဖိအား နည်းရပ်ဝန်းအဖြစ်မေ ၁၆ရက်က စတင်ခဲ့ပြီး မေလ၂၁ ရက် နေ့ လယ်တွင် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲခဲ့သည်။ မူလခန့်မှန်း ချက်များအရ ရခိုင်ကမ်းရိုးတန်း ဘက်သို့ ရွေ့လျားလာခဲ့သော် လည်း မေလ ၂၃ရက် နေ့လယ် တွင် နောက်ကြောင်းပြန်လှည့် သွားကာ လေဖိအားနည်း ရပ်ဝန်းအဖြစ် အားလျော့သွားခဲ့ပြန် သည်။ ယခုအခါ အားပြန်ပျိုးလာနေသောကြောင့် ထူးခြားနေ ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနဒုတိယညွှန် ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ပြောသည်။

မိုး/ဇလ ဌာနက ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ရှိ နေသေးပြီး မြန်မာကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် လေတိုက်နှုန်း တစ်ရာရီ ၃၅ မိုင်မှ မိုင် ၄၀အထိ တိုက်ခတ်နိုင်ကြောင်း သတင်း ထုတ်ပြန်ထားသည်။ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး အထက် ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မ ကွေးတိုင်းဒေသကြီးနှင့်ချင်းပြည် နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတင်းထုတ်ပြန် သည်။

7 Day

Friday, May 23, 2014

JTWC မှ INVEST 92B မုန်တိုင်း ဖြစ်နိုင် ခြေ အဆင့် MEDIUM သို့ ပြန်လည် လျှော့ချ လိုက်ပြီ

Posted by drmyochit Friday, May 23, 2014, under | No comments


ယနေ့ နံနက် မြန်မာ စံတော်ချိန် ၉ နာရီ တွင် JTWC မှ INVEST 92B ၂၄ နာရီ အတွင်း မုန်တိုင်း ဖြစ်နိုင် ကြောင်း သတိပေး ချက် အား ပယ်ဖျက် ကြောင်း၊ ၄င်း တို့ ခန့်မှန်းချက် များ အရ မုန်တိုင်း ဖြစ်နိုင် ခြေ အားနည်း သွားပြီ ဖြစ်သဖြင့် လာ မည့် ၂၄ နာရီ အတွင်း INVEST 92B မှ မုန်တိုင်း ဖြစ်ပေါ် နိုင်ခြေ အဆင့် အား “Medium” သို့ လျှော့ချ လိုက်ကြောင်း စသည် ဖြင့် ပါရှိ ပါသည်။

ROPICAL CYCLONE FORMATION ALERT CANCELLATION ..
THIS CANCELS REF A (WTIO21 PGTW 220730). THE AREA OF CONVECTION PREVIOUSLY LOCATED NEAR 16.5N 91.6E IS NOW LOCATED NEAR 16.2N 91.0E, APPROXIMATELY 370 NM SOUTH OF CHITTAGONG, BANGLADESH.

RECENT ANIMATED INFRARED SATELLITE IMAGERY SHOWS PATCHY DEEP CONVECTION FLARING AND DISSIPATING OVER THE WESTERN PORTION OF A LOW-LEVEL CIRCULATION CENTER (LLCC) EVIDENT IN A 222238Z SSMIS PASS.

THIS DISTURBANCE HAS WEAKENED SLIGHTLY OVER THE PAST TWELVE HOURS IN RESPONSE TO PERSISTENT VERTICAL WIND SHEAR INDUCED BY THE PERIPHERAL FLOW AROUND AN UPPER-LEVEL RIDGE TO THE NORTH.

EASTERLY VERTICAL WIND SHEAR IS EXPECTED TO IMPACT THE SYSTEM FOR THE NEXT 24 HOURS, RENDERING THE FORMATION OF A SIGNIFICANT TROPICAL CYCLONE IN THAT TIME FRAME UNLIKELY.

MAXIMUM SUSTAINED SURFACE WINDS ARE ESTIMATED AT 20 TO 25 KNOTS. MINIMUM SEA LEVEL PRESSURE IS ESTIMATED TO BE NEAR 1002 MB.

BASED ON THE OBSERVED WEAKENING TREND AND CONSIDERING THE POTENTIAL FOR REDEVELOPMENT IF VERTICAL WIND SHEAR RELAXES OVER THE NEXT FEW DAYS, THE POTENTIAL FOR THE DEVELOPMENT OF A SIGNIFICANT TROPICAL CYCLONE WITHIN THE NEXT 24 HOURS IS DOWNGRADED TO MEDIUM.

MMweather

Thursday, May 22, 2014

မုန်တိုင်းသတင်း

Posted by drmyochit Thursday, May 22, 2014, under | No comments

၂၀၁၄ခုနှစ်၊ မေလ(၂၂)ရက်နေ့ မြန်မာစံတော်ချိန်( ၀၇း၀၀) နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန်(၀၆း၃၀)နာရီအချိန်တိုင်းထွာချက်များအရ
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည်၊ မြန်မာနိုင်ငံ ၊ဂွမြို့၏ အနောက်တောင်ဘက် မိုင်(၂၂၀)ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် (၂၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အဆိုပါမုန်တိုင်းငယ်သည်မြောက်-အရှေ့မြောက်သို့ဆက်လက် ဦးတည်ရွေ့လျားမည်ဟုခန့်မှန်းရပါသည်။

မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာအဝါရောင်အဆင့်သာရှိသော်လည်းလာမည့်(၂)ရက်အတွင်းမြန်မာဘင်္ဂလားဒေ့ရှ်ကမ်းခြေဒေသများသို
့ဦးတည်ရွေ့လျားနိုင်ပါသည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့်ယနေ့ညနေမှနောက်(၃)ရက်အတွင်းပဲခူးတိုင်းဒေသကြီးတွင်နေရာစိပ်စိပ်၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင်
နေရာအနှံအပြား မိုးထစ်ချုန်းရာပြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင်နေရာ ကွက်မိုးကြီးမည်။မြစ်ဝကျွန်းပေါ်ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်နှင့်ကမ်းလွန်
ပင်လယ်ပြင် တို့တွင်ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ်ရေပြင်မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၄၀)မှ(၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

မိုးလေ၀သနင့် ဇလဗေဒညွန့်ကြားမှု ဦးစီးဌာန

The Voice Weekly

Tuesday, May 20, 2014

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မွန်းလွဲ(၁)နာရီအချိန် မိုးလေ၀သအခြေအနေ ထုတ်ပြန်ချက်

Posted by drmyochit Tuesday, May 20, 2014, under | No comments

မလ(၂၀)ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ(၁)နာရီ အချိန်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဘင်္ဂလားပင်လယ်အော် အခြေအနေကို ထုတ်ပြန်ပါတယ်။ (၂၀-၅-၂၀၁၄) ရက်နေ့ မြန်မာစံတော်ချိန် နေ့လည်(၁၂)နာရီခွဲ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အားကောင်းလာခြင်း ရှိမရှိကို ဆက်လက် စောင့်ကြည့်လျက် ရှိပါတယ်။ လေဖိအားနည်း ရပ်ဝန်း၏ အရှိန်ကြောင့် (၂၀-၅-၂၀၁၄) ညနေမှ နောက်သုံးရက်အတွင်း ပဲခူးတိုင်းဒေသကြီးတွင် နေရာစိပ်စိပ် ၊ ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီ တိုင်းဒေသကြီး ၊တနင်္သာရီ တိုင်းဒေသကြီး ၊ ရခိုင်ပြည်နယ် ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး ရန်ကုန် တိုင်းဒေသကြီး ၊ ဧရာဝတီ တိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် သုံးဆယ့်ငါးမိုင်မှ မိုင်လေးဆယ်အထိ တိုက်ခတ်နိုင်ပါသည်။


Myanma Radio and Television (MRTV)

Wednesday, April 23, 2014

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် အမြင့်ဆုံးအပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေပြီး အယ်လ်နီညိုဖြစ်ပွားသော နှစ်များတွင် ဖြစ်ပေါ်သည့် အပူချိန်သို့ ရောက်လုနီးရှိနေ

ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့လယ် ဧရိယာအတွင်း သွားလာနေသူအချို့အား တွေ့ရစဉ် 

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် အမြင့်ဆုံးအပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေပြီး အယ်လ်နီညိုဖြစ်ပွားသော နှစ်များတွင် ဖြစ်ပေါ်သည့် အပူချိန်သို့ ရောက်ရှိရန် ၁ ဒီဂရီ စင်တီဂရိတ်သာ လိုတော့ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။
“ဒီနှစ်က အပူချိန် အရမ်းပြင်းထန်တဲ့နှစ်တော့ မဟုတ်သေးဘူး။ ပူတာတော့ တော်တော်ပူနေတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေးတို့ စစ်ကိုင်းတို့မှာ ၄၄ ဒီဂရီ စင်တီဂရိတ်လောက်ထိ ဖြစ်နေတယ်။ အယ်လ်နီညိုဖြစ်တဲ့ နှစ်တွေမှာ ၄၅ ဒီဂရီ စင်တီဂရိတ် ကျော်ခဲ့တယ်” ဟု ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။

၁၈၅၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အပူဆုံးသော နှစ်သုံးနှစ်ရှိခဲ့ရာတွင် ၁၉၉၈ ခုနှစ်၊ ၂၀၀၅ ခုနှစ်၊ ၂၀၁၀ ပြည့်နှစ်တို့ဖြစ်ကြောင်း ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
“ကမ္ဘာကြီး ပူနွေးလာမှုကြောင့် မြန်မာနိုင်ငံရဲ့ အပူချိန်တွေက ပုံမှန်အပူချိန်ထက် ပိုမြင့်နေတယ်။ စစ်ကိုင်းတိုင်းအောက်ပိုင်း ကန့်ဘလူ၊ မုံရွာတို့မှာ ၄၃ ဒီဂရီ စင်တီဂရိတ်လောက် ရှိတယ်။ တောင်တွင်းကြီးမှာလည်း ၄၃ ဒီဂရီ စင်တီဂရိတ်လောက် ရှိတယ်။ စစ်ကိုင်းတိုင်း အောက်ပိုင်းမှာဆို ၂၀၁၀ လောက်တုန်းက စံချိန်တင် အပူချိန်အဖြစ် ၄၇ ဒီဂရီ စင်တီဂရိတ်လောက်ထိကို ဖြစ်ပွားခဲ့တယ်။ ၁၉၈၀ နောက်ပိုင်းမှာ ဧပရယ်၊ မေလတွေမှာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေရဲ့ အပူချိန်က ၄၂ ဒီဂရီ စင်တီဂရိတ်ကနေ ၄၅ ဒီဂရီ စင်တီဂရိတ်လောက်အထိကို ရှိနေတယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးက ပြောကြားသည်။

ဧပြီလ၏ ပျမ်းမျှအပူချိန်ထက်ပိုခဲ့သော ဒေသများသည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ပျမ်းမျှအပူချိန်ထက် ၇ ဒီဂရီစင်တီဂရိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်မှ ၆ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ်အထိ ပိုမိုခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၁၀ အတွင်း မတ်၊ ဧပြီ၊ မေလတွင် မြို့နယ် ၁၆ မြို့နယ်အတွင်း စံချိန်တင်ပူပြင်းမှု ၂၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်များက နှစ်နှစ်ဆက်တိုက် အယ်လ်နီညို ရာသီဥတုနှစ်များကို တွေ့ကြုံခဲ့ရကာ စံချိန်တင် ပူပြင်းမှုများ၊ မြစ်များတွင် ရေနည်းပါးကာ စိုက်ပျိုးရေ၊ သောက်သုံးရေ အခက်အခဲ ကြုံရခြင်းများ၊ ကျန်းမာရေး ချို့တဲ့ခြင်းများ၊ လူသေဆုံးရခြင်းများပင် ဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၇၈ ခုနှစ် နောက်ပိုင်းတွင် ရာသီဥတု ပြောင်းလဲခြင်းများကို ရင်ဆိုင်လာရပြီး ယင်းတို့မှာ ရာသီဥတု ပိုမိုပူပြင်းခြောက်သွေ့လာခြင်း၊ မုတ်သုံဝင်ရောက်ချိန် နောက်ကျခြင်း၊ မုတ်သုံအထွက်စောလာခြင်း၊ ဆောင်းရာသီများတွင် ယခင်အေးမြသော ဒေသများ ပူနွေးလာခြင်း၊ မိုးရက်နည်းပါးလာခြင်း၊ မိုးခေါင်သောနှစ်များ ကြုံတွေ့လာခြင်း၊ သဘာဝဘေးအန္တရာယ်များကို ဆက်တိုက်ကြုံတွေ့လာခြင်း စသည်တို့ ဖြစ်ကြသည်။

ဧပြီလ ၂၂ ရက်နေ့ အပူချိန်များ

ပြည်နယ်နှင့်တိုင်းဒေသကြီးများ - အမြင့်ဆုံးအပူချိန်(ဒီဂရီစင်တီဂရိတ်)
ရန်ကုန်တိုင်းဒေသကြီး - ၃၉
မန္တလေးတိုင်းဒေသကြီး - ၄၄
နေပြည်တော် - ၃၉
မကွေးတိုင်းဒေသကြီး - ၄၃
စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း) - ၄၃
ကချင်ပြည်နယ် - ၃၅
ကယားပြည်နယ် - ၃၆
ကရင်ပြည်နယ် - ၃၅
ချင်းပြည်နယ် - ၃၄
မွန်ပြည်နယ် - ၃၄


Eleven Media Group

ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းအဆင့် ၁၅ အထက်သို့ ယနေ့ ပထမဆုံးအကြိမ် ရောက်ရှိလာနိုင်

Posted by drmyochit Wednesday, April 23, 2014, under | No comments


အောင်သစ်လွင်

ယခုရက်ပိုင်းတွင် နေ့အ ပူချိန်များ ဆက်တိုက်မြင့်တက်လာသည့်အပြင် ခရမ်းလွန်ရောင် ခြည်ကျရောက်မှုလည်း ပြင်းထန် လာပြီး ညွှန်းကိန်းအဆင့် ၁၅ အ ထက်သို့ ယနေ့ ပထမဆုံးအကြိမ် အဖြစ် ရောက်ရှိလာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။
နေ့အပူချိန်များမှာ ဧပြီ ၂၂ ရက်က မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် ၄၄ ဒီဂရီစင် တီဂရိတ်အထိ မြင့်ခဲ့ပြီး မကွေး တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၄၃ ဒီဂရီစင်တီဂ ရိတ်သို့ ရောက်ခဲ့သည်။ အပူချိန် မှာ ယခုနှစ် နှစ်စမှ လက်ရှိအချိန် အထိ အပူချိန်အမြင့်ဆုံးဖြစ်ခဲ့ပြီး ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း မှာမူ စံချိန်တင်ကျရောက်ခြင်းဖြစ် ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

‘‘လာမယ့်ရက်အတွင်း မိုး ရွာဖို့ရှိနေပြီး အပူချိန်ရော ခရမ်း လွန်ရောင်ခြည်ပါ အရှိန်လျော့ သွားနိုင်တယ်။ ဒါပေမဲ့ မိုးမရွာမ ချင်း အပူချိန်က မြင့်နေမှာဖြစ်ပြီး အနေအထိုင်အသွားအလာ သ တိထားနေဖို့ လိုပါတယ်’’ ဟု ၎င်း က အကြံပြုသည်။

စစ်ကိုင်းတိုင်းဒေသကြီးအ ထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့ တွင် ဧပြီလ၏ ပျမ်းမျှအပူချိန် ထက် ၇ ဒီဂရီစင်တီဂရိတ်၊ ရှမ်း ပြည်နယ်တွင် ၃ ဒီဂရီစင်တီဂရိတ် မှ ၆ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်း တိုင်းဒေသကြီး အောက်ပိုင်း၊ မန္တ လေးတိုင်းဒေသကြီး၊ ချင်းပြည် နယ်တို့တွင် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်အထိ ပိုခဲ့ကြောင်းမိုး/ဇလဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ခရမ်းလွန်ရောင်ခြည်မှာ ကယားပြည်နယ်တွင် အန္တရာယ် ရှိသည့် လွန်ကဲအဆင့် ညွှန်းကိန်း ၁၅ ဒသမ ၁ အထိ မြင့်နေပြီး တစ် နိုင်ငံလုံးအနှံ့ ညွှန်းကိန်း ၁၂ အ ထက်တွင် ရှိနေကြောင်း နိုင်ငံတ ကာ မိုးလေ၀သဂြိုဟ်တုများ၏ တိုင်းတာချက်များကို ကိုးကား၍ ဒေါက်တာထွန်းလွင်က သတင်း ထုတ်ပြန်ထားသည်။

ဒေါက်တာထွန်းလွင်က မြန် မာနိုင်ငံမြောက်ပိုင်းနှင့်တောင်ပိုင်းဒေသများအတွင်းသို့ ရေငွေ့ပါဝင်သောလေများ ၀င်ရောက်နေ ပြီး လာမည့်ရက်သတ္တပတ်အ တွင်းနေပြည်တော်၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့တွင် နေရာကွက်ပြီး မိုးရွာနိုင် ကြောင်း ခန့်မှန်းပြောကြားသည်။

Tuesday, April 22, 2014

ဧပြီ ၂၃ ရက် မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်

Posted by drmyochit Tuesday, April 22, 2014, under | No comments


ဧပြီ ၂၂ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ မြောက်ပိုင်းစွန်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ ကျန်ဒေသတွေမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။
ဧပြီ ၂၃ ရက်နေ့မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက် ကတော့ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ လှိုင်းအနည်း ငယ်သာ ရှိနိုင်ပြီး လှိုင်းအမြင့် ၁ ပေကနေ ၂ ပေလောက် မြင့်တက်နိုင် ပါတယ်။

အပူရှိန်မြင့်တက်နိုင်မှုကတော့ ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ လွန်ကဲအဆင့်ဖြစ်တဲ့အတွက် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၁၁ ကနေ အောက်ဘက်ထိ ကျဆင်းခြင်း မရှိနိုင်သေးဘူးလို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံ တောင်ဘက်စွန်း ကောသောင်းမြို့ဟာ ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံး ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ၁၄ ဒသာမ ၅ အထိ မြင့်တက်နိုင်ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာကတော့ ခရမ်းလွန်ရောင်ခြည်အနည်းဆုံး ဖြစ်ပြီး ၁၂ ဒသာမ ၃ အထိ ရှိနိုင်ပါတယ်။ ကျန်မြို့တွေမှာတော့ အညွန်းကိန်းတန်ဖိုး ၁၃ ကျော်တဲ့အထိ ရှိနိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ လွန်ကဲအဆင့်ကနေ ဆက်လက်ကျဆင်းခြင်း မရှိနိုင်သေးတဲ့အတွက် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို သတိပြုကာကွယ်ကြဖို့ တိုက်တွန်း လိုက်ရပါတယ်။

နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၃၁ ဒီဂရီစင်တီဂရိတ်ကနေ ၃၄ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၅ ဒီဂရီစင်တီဂရိတ် ကနေ ၄၃ ဒီဂရီစင်တီဂရိတ် ခန့် ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ် အနောက်တောင်ပိုင်း၊ ဧရာဝတီတိုင်းမြောက်ပိုင်းနဲ့ တနင်္သာရီတိုင်းမြောက်ပိုင်းတို့မှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်း လောက် သေချာမှု ရှိနိုင်ပါတယ်။

ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။

မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးရွာဖို့ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ နေရာကွက်ကြား မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ အများ အားဖြင့် သာယာနိုင်ပါတယ်။

မိုးရေချိန် ခန့်မှန်းချက်ကတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္လာရီတိုင်း ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၁၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၈ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီ စင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီစင်တီ ဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါတယ်။
မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၄၁ ဒီဂရီ စင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၃၁ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

DVB

Wednesday, April 02, 2014

မြန်မာပြည်အထက်ပိုင်း လေပြင်းတိုက်နိုင်



မြန်မာနိုင်ငံအထက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ အခုရက်ပိုင်းအတွင်း လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနဲ့ မိုးသီးကြွေခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ၀သဌာနက ဒုညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

ဧပြီ ၁ ရက်ကနေ မေ ၁၅ ရက်ထိ အကျုံးဝင်တဲ့ မိုးဦးလေဦးကာလမှာ နေ့အပူချိန်တွေ မြင့်တက်တာကြောင့် မိုးတိမ်တောင်တွေ ဖြစ်ပေါ်ကာ ထူးခြား မိုးလေ၀သဖြစ်စဉ်တွေ ဖြစ်ပေါ် တတ်တယ်လို့ ဦးချစ်ကျော်က ပြောပါတယ်။

208မိုးတိမ်တောင်တွေကြောင့် လေတိုက်နှုန်း ၁ နာရီ ၃၅ မိုင်မှ မိုင် ၄၀ ထိ ရှိတဲ့ လေပြင်းတိုက်ခတ်နိုင် တယ် လို့ မိုးလေ၀သဌာနက သတိပေးထားပါတယ်။ ထူးခြား မိုးလေ၀သဖြစ်စဉ်တွေ ဖြစ်ပေါ်တတ်တဲ့ အချိန်နဲ့ နေရာဒေသတွေကို ဦးချစ်ကျော်က ခုလို ပြောပြပါတယ်။

“အခုလို ဧပြီ လဆန်းကတော့ မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ အဖြစ်များတယ်။ ဧပြီလကုန်နဲ့ မေလဆန်းမှာ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး ဆိုတဲ့ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ပြည်နယ်ဘက်မှာ အဖြစ်များတယ်။”

မိုးဦးလေဦးကာလမှာ မြေပြင်မှာ လေဆင်နှာမောင်း၊ ရေပြင်မှာ ရေဆင်နှာမောင်းလို မုန်တိုင်းတွေအဖြစ် များတာကြောင့် ကမ်းနီးကမ်းဝေးသွား လှေသင်္ဘောတွေ သတိထား ခုတ်မောင်သွားလာကြဖို့လဲ သူက တိုက်တွန်းပါတယ်။

မုံရွာခရိုင် မိုးလေ၀သဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမြင့်ကလည်း စစ်ကိုင်းတိုင်း အထက်ပိုင်း မော်လိုက်မြို့မှာ ဧပြီ ၁ ရက်နေ့ ညနေပိုင်းတုန်း မိနစ် ၂၀ ကြာ လေပြင်း တိုက်ခတ်သွားတယ်လို့ ပြောပါတယ်။

From: DVB

Tuesday, March 04, 2014

မတ် ၄ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်

Posted by drmyochit Tuesday, March 04, 2014, under | No comments


မတ် ၄ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့တိမ်ပုံအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အနောက်မြောက်ပိုင်းမှာ တိမ်အနည်း ငယ် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ   တိမ်ကင်းစင်နေပါတယ်။

Slide2မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကျန်ဒေသတွေမှာ တိမ်ကင်းစင်နေပါတယ်။

မတ် ၅ ရက်နေ့အတွက် မြန်မာ့ပင်လယ်ပြင် အခြေအနေကတော့ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာ ရှိနိုင်ပြီး လှိုင်းအမြင့် ၁ ပေကနေ ၃ ပေလောက် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မတ် ၅ ရက်နေ့အတွက် အပူရှိန်မြင့်တက်နိုင်မှုကတော့ မြန်မာနိုင်ငံအောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေ ဖြစ်တဲ့ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ ပုံမှန်အပူရှိန်ထက် သိသိသာသာ ပိုနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၁၀ လောက်ရှိထိ ရှိတဲ့အတွက် နေပူထဲကို အကာအကွယ်မဲ့ သွားလာခြင်းက တတ်နိုင်သလောက် ရှောင်ရှားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေ ဖြစ်တဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ပုံမှန်ထက် အနည်းငယ် ပိုနိုင်ပါတယ်။ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း ၇ ကနေ ၈ လောက်ထိရှိနိုင်ပါတယ်။

မတ် ၅ ရက်နေ့အတွက် နေ့အပူချိန် ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၂၇ ဒီဂရီ စင်တီဂရိတ်ကနေ ၃၃ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၄ ဒီဂရီစင်တီဂရိတ် ကနေ ၃၈ဒီဂရီစင်တီဂရိတ် ခန့် ရှိနိုင်ပါတယ်။

မတ်  ၅ ရက်နေ့အတွက် တနိုင်ငံလုံးမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။ မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ် မြောက်ပိုင်းစွန်းမှာ မိုးရွာဖို့ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ အများအားဖြင့် သာယာနိုင်ပါတယ်။ မိုးရေချိန်ကတော့ ကချင်ပြည်နယ် မြောက်ပိုင်းစွန်းမှာ ၂၄ နာရီအတွင်း ၁ မီလီမီတာမှ ၂ မီလီမီတာလောက် ရွာသွန်းနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ မတ် ၄ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

မတ် ၅ ရက်နေ့အတွက် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၇ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

မတ် ၄ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံမှာဆိုရင် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

မတ် ၅ ရက်နေ့အတွက် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၈ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

မတ် ၄ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ မန္တလေးမြို့ရဲ့ အနောက်မြောက်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။

မတ် ၅ ရက်နေ့အတွက် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၉ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

From: DVB

Saturday, January 25, 2014

ရန်ကုန်အပါအဝင် မြို့ကြီးအချို့ ဇန်နဝါရီ နောက်ဆုံးပတ်တွင် အအေးပေါ့မည်



ရန်ကုန်၊ ဇန်နဝါရီ ၂၄

ကမ္ဘာ့မြောက်ဘက်ခြမ်း ဒေသများတွင် ဆောင်းရာသီကာလ အားကောင်းပြီး အအေးလွန်ကဲမှု ဖြစ်စဉ် များကြောင့် မြန်မာနိုင်ငံတွင်ပါ အအေးပိုနေရာမှ ဇန်နဝါရီ လနောက်ဆုံးပတ်တွင်မူ ရန်ကုန် အပါအဝင် မြို့ကြီး အချို့တွင် အအေးပေါ့မည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြား သည်။

ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ညအပူချိန်များ ပျမ်းမျှအပူချိန်အောက် လျော့နည်း ကာ အအေးပိုနေရာမှ ဇန်နဝါရီလ နောက်ဆုံးပတ်တွင်မူ ပျမ်းမျှ အပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ်မှ ၅ စင်တီဂရိတ်အထိ မြင့်တက်လာပြီး အအေးလျော့နည်းဖွယ် ရှိကြောင်း ၎င်းကခန့်မှန်း ပြောဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇန်နဝါရီလ ၂၃ ရက်နေ့က ပျမ်းမျှအပူချိန်အောက် ကျဆင်းရောက်ရှိကာ အအေးပိုခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

“ပင်လောင်း၊ လွိုင်လင်၊ ဟားခါးနဲ့ ပြင်ဦးလွင်မြို့တွေမှာတော့ ဒီရက်ပိုင်း တစ်ရက်နှစ်ရက်မှာတော့ အအေး ဆက်ပိုနိုင်သေးတယ်” ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

The Voice Weekly

Friday, January 24, 2014

မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်းမိုးလေ၀သအခြေအနေ

Posted by drmyochit Friday, January 24, 2014, under | No comments


ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ အများအားဖြင့်သာယာပါမယ်။


နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ တစ်ပြည်လုံးမှာအများအားဖြင့်သာယာပါမယ်။နေပြည်တော်နဲ့ အနီးတစ်ဝိုက်နဲ့  မန္တလေးမြို့နဲ့အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ အများအားဖြင့် သာယာပါမယ်။

MRTV 4

Saturday, November 09, 2013

ဟိုင်ယန် မုန်တိုင်း

Posted by drmyochit Saturday, November 09, 2013, under | No comments


ဟိုင်ယန် မုန်တိုင်းရဲ့ လေပြင်းအား တနာရီ ၁၅၅ မိုင်နှုံးလောက်ရှိ
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသမှာ အားပြင်းပြင်းနဲ့ ဝင်ရောက် မယ်လို့ ခန့်မှန်းထားတဲ့ ဟိုင်ယန် မုန်တိုင်းရဲ့အရှိန်ဟာ လေပြင်း အားတနာရီ ၁၅၅ မိုင်နှုံးလောက်အထိ ရှိနေပြီဖြစ်ပါတယ်။

Kayan Times

Tuesday, November 05, 2013

နိုဝင်ဘာလ ၉ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် ဖြစ်ပေါ်နိုင်မည့် အခြေအနေ GFS မော်ဒယ် ကြိုတင်ခန့်မှန်းချက်

Posted by drmyochit Tuesday, November 05, 2013, under | No comments

(မြစ်ဝကျွန်းပေါ် ကမ်းလွန်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နိုင်မည့် လေတိုက်နှုန်း ခန့်မှန်း 23-28 knots)
Credit>>mmweather

တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် မုန်တိုင်း ၂ လုံး – 30W နှင့် 31W

Posted by drmyochit Tuesday, November 05, 2013, under | No comments


လက်ရှိအချိန်တွင် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းသို့ ရောက်ရှိလာသည့် လေဖိအားနည်းရပ်ဝန်း(30W – THIRTY)မှာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်ကာ ဗီယက်နန်နိုင်ငံ တောင်ပိုင်း၊ ကမ္ဘောဒီးယားနိုင်ငံနှင့်၊ ထိုင်းနိုင်ငံတောင်ပိုင်းတို့ကို ဖြတ်ကျော်ပြီး ထိုင်းပင်လယ်ကွေ့အတွင်း၌ ပိုမိုအားကောင်းလာမည် ဖြစ်ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်းအား မြိတ်မြို့အနီးမှ အပူပိုင်းမုန်တိုင်း(TS အဆင့်ဖြင့်) ဖြတ်သန်းပြီး ကပ္ပလီပင်လယ်သို့ နိုဝင်ဘာလ ၉ ရက်နေ့တွင် ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။
(မြိတ်မြို့နှင့် အနီးတစ်ဝိုက်ကမ်းလွန်ပင်လယ်ပြင်အတွက် အထူး သတိပြုစောင့်ကြည့်ပြီး နိုဝင်ဘာလ ၉ ရက် မတိုင်မီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ပါသည်၊ အလားတူ မြစ်ဝကျွန်းပေါ်ကမ်းနီး/ကမ်းဝေးပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်း ကျရောက်နိုင်မည့် အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ပါသည်)

လေဖိအားနည်းရပ်ဝန်း 30W ဘင်္ဂလားပင်လယ်အော်သို့ ရောက်ရှိပြီး မုန်တိုင်းငယ် အဆင့်သို့ ရောက်လာမည့် အချိန်နှင့် တိုင်ဖွန်းမုန်တိုင်း HAIYAN(31W) တောင်တရုတ်ပင်လယ် တောင်ပိုင်းမှ တစ်ဆင့် ဗီယက်နန်ကမ်းခြေ၊ ဒါနန်းမြို့ အနောက်တောင်ဘက် မိုင် ၂ဝဝ ခန့်သို့ ရောက်ရှိလာမည့် နေ့ရက်နှင့်အချိန်ဖြစ်သော နိုဝင်ဘာလ ၁ဝ ရက်တွင် မြိတ်ကျွန်းစုဒေသ ကမ်းလွန်ပင်လယ်ပြင်၊ မြစ်ဝကျွန်းပေါ်ဒေသ ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်သည့် အခြေအနေများ ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း ကြိုတင် အသိပေးတင်ပြလိုပါသည်။(ပုံတွင်ကြည့်ပါ)

နိုဝင်ဘာလ ၅ ရက် မြန်မာစံတော်ချိန် ဝ၉း၃ဝ နာရီ – JTWC သတိပေး ထုတ်ပြန်ချက် အမှတ်-၈ (လေဖိအားနည်းရပ်ဝန်း 30W၏ လက်ရှိ အခြေအနေ) 

05/00Z (TROPICAL DEPRESSION 30W (THIRTY) WARNING NR 008- 030 knots)
TROPICAL DEPRESSION 30W (THIRTY) WARNING #8
WTPN32 PGTW 050300
050000Z POSIT: NEAR 10.8N 119.2E
MOVING 285 DEGREES TRUE AT 20 KNOTS
MAXIMUM SIGNIFICANT WAVE HEIGHT: 13 FEET
05/00Z, WINDS 030 KTS, GUSTS TO 040 KTS
05/12Z, WINDS 035 KTS, GUSTS TO 045 KTS
06/00Z, WINDS 045 KTS, GUSTS TO 055 KTS
06/12Z, WINDS 055 KTS, GUSTS TO 070 KTS
07/00Z, WINDS 040 KTS, GUSTS TO 050 KTS
08/00Z, WINDS 030 KTS, GUSTS TO 040 KTS
09/00Z, WINDS 025 KTS, GUSTS TO 035 KTS
10/00Z, WINDS 025 KTS, GUSTS TO 035 KTS



မုန်တိုင်း(၂)လုံး အနက် HAIYAN(31W)မှာ အပူပိုင်းမုန်တိုင်း(TS) အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဖိလစ်ပိုင်ပင်လယ်ပြင်တောင်ပိုင်းတွင် အင်အား အကောင်းဆုံး(အဆင့်-၄) တိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းအား နိုဝင်ဘာလ ၇ ရက် ညပိုင်းတွင် ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းထားပါသည်။

Wednesday, September 18, 2013

မြန်မာနိုင်ငံ (၁၀)မြို့နယ်အတွင်း ရေဖုံးလွှမ်းနိုင်ဟု နာဆာမှကြေငြာ

Posted by drmyochit Wednesday, September 18, 2013, under | No comments

တိုင်းနှင့်ပြည်နယ်ခုနစ်ခုမှ ၁၀ မြို့နယ်အတွင်း ရေဖုံးလွှမ်းမှု ကြုံတွေ့နိုင်ကြောင်း နာဆာဂြိုလ်တု တိုင်းတာချက်မှ ထုတ်ပြန်ကြေ ညာထားကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သူ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြသည်။

မိုးရွာသွန်းမှုများကြောင့် ရန်ကုန်၊ မအူပင်၊ သာယာဝတီ၊ ပဲခူး၊ ညောင်ဦး၊ ရေး၊ သထုံ၊ ဘားအံ၊ မော်လမြိုင်၊ ပုဂံမြို့နယ် များတွင် ရေဖုံးလွှမ်းမှုများ ကြုံတွေ့ရနိုင်ကြောင်း နာဆာမှ ထုတ်ပြန်ထားသည်။
“နာဆာက ထုတ်တဲ့ကြေညာချက်မှာ အနီရောင်ပြထားတဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတောင်ပိုင်း၊ အရှေ့ မြောက်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် အနောက်ပိုင်းတွေမှာ ပိုပြီးရေဖုံးလွမ်းမှုပို လာနိုင်ပါတယ်” ဟု ဒေါက်တာထွန်းလွင်ကဆိုသည်။

နာဆာဂြိုလ်တုမှ တိုင်းတာချက်များ အရ စက်တင်ဘာလတွင် ဧရာဝတီတိုင်း၊ ရန်ကုန် တိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ မကွေးတိုင်း မြောက်ပိုင်း၊ ချင်းပြည်နယ် တောင်ပိုင်း၊ ရခိုင်ပြည် နယ်မြောက်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် အလယ်ပိုင်း၊ ရှမ်း ပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်္တလေးတိုင်း အလယ်ပိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် အောက်ပိုင်းတို့တွင် မိုးရေချိန် ၁ဒသမ၄ လက်မ (၃၅ မမ ) အထက် မိုးရေချိန် ကျော်လွန်ပြီး ရွာသွန်းသည်။

ရေကြီးရေလျှံမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမိုးလေ၀သနှင့် ဇလဗေဒဌာနမှ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြို့နယ်အလိုက်တွင်ရှိသော မြစ်များ၏ စိုးရိမ်ရေမှတ်များကို တိုင်းထွာချက်များ ပြုလုပ်ပြီး ၂၄ နာရီနှင့် ၄၈ နာရီအတွင်း သတင်းစာများ၊ ရေဒီယိုများ၊ ရုပ်မြင်သံကြားများတွင် အချိန်မီသတိပေးချက်များ ပြုလုပ်လျက် ရှိကြောင်း မိုးလေ၀သဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်ရီကပြောသည်။

“မိုးသည်းထန်စွာရွာရင် ဒေသအလိုက် ရေကြီးရေလျှံမှုတော့ဖြစ်ကြမှာပါ။ မိုးသည်းထန်စွာရွာတဲ့ အတွက် မြစ်ရေကြီးမှုတွေ ကို မြို့နယ်အလိုက်မှာ မြစ်တွေရဲ့ စိုးရိမ်ရေမှတ် ရောက်ရှိနေတဲ့ မြို့တွေကို ထုတ်ပြန် ကြေညာပေး ပါတယ်။ မြို့နယ်အလိုက်မှာ မြစ်ရေကြီးမှုတွေကတော့ တစ်ပတ်လောက်ဆက်ပြီး ရှိနေအုံးမှာပါ” ဟု ဆက်လက် ရှင်းပြသည်။

Source : Mizzima

Friday, July 26, 2013

မြန်မာနိုင်ငံအလယ်ပိုင်း မိုးစတင်ရနေပြီဖြစ်သလို မြစ်ဝကျွန်းပေါ်ဒေသနဲ့ တနင်္သာရီတိုင်းမှာတော့ စတင်ရေဖုံး လွှမ်းခံရပြီ

Posted by drmyochit Friday, July 26, 2013, under | No comments



ဆရာ ဒေါက်တာထွန်းလွင်က မြန်မာနိုင်ငံရဲ့ မိုးလေ၀သအခြေအနေတွေကို နေ့မနား၊ ညမနား အလုပ် လုပ်နေပြီး မြန်မာပြည်သူပြည်သားတွေအတွက မိုးလေ၀သသတင်းတွေကို အချိန်နဲ့ တစ်ပြေးညီ ပြောပြပေးနေ ပါတယ်။ ခုလို မိုးလေ၀သသတင်းတွေကို ကျန်းမာရေးကို မငဲ့ဘဲ ပြောပြပေးနေတဲ့ ဆရာ ဒေါက်ထာထွန်းလွင် ကို အထူးကျေးဇူးတင်ရှိပါတယ်။

Weather News Update
26-7-2013
00:58 am

မြန်မာနိုင်ငံအလယ်ပိုငး မိုးစတင်ရနေပြီဖြစ်သလို မြစ်ဝကျွန်းပေါ်ဒေသနဲ့ တနင်္သာရီတိုင်းမှာတော့ စတင်ရေဖုံး လွှမ်းခံရပြီ။

(၁) စွတ်စိုကာလ(Wet Spell Period) ဖြစ်တဲ့ ဇူလိုင်လ(၂၃-၂၅)ရက် အတွင်း NASA ဂြိုဟ်တုမှ RS နည်းပညာနဲ့ တိုင်းတာချက်များအရ မြန်မာနိုင်ငံ တ၀ှမ်းမှာ တစ်နေ့ထက်တစ်နေ့ မိုးရွာသွန်းမှု တိုးလာ တာကိုတွေ့ရပါတယ်။ (၂၂-၇-၁၃) ရက်နေ့မှာ မိုးမရွာသေးတဲ့ဒေသ မြန်မာနိုင်ငံအလယ်ပိုင်း နဲ့ မြေလတ် ပိုင်းဒေသတွေ မှာ အများအပြား ဆက်လက်ကျန်ရှိနေသေးပေမယ့် (၂၃-၇-၁၃) မှာတော့ မိုးမရွာတဲ့ဒေသ ဟာ ချင်းပြည်နယ်မှာသာ ကျန်တော့တာ ကို တွေ့ရပါတယ်။ (၂၅-၇-၁၃) ရက်မှာတော့ တပြည်လုံး မိုးမရွာ တဲ့ဒေသ မကျန်တော့တာကို တွေ့ရ ပါတယ်။

(၂) (၂၅-၇-၂၀၁၃)ရက်နေ့မှာတော့ မိုးအနည်းဆုံး(၂၄ နာရီအတွင်း ၁-၁၀ မမ) ရွာသွန်းတဲ့ဒေ သများအဖြစ် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ မန္တလေးတိုင်းအနောက်အလယ်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့ အရှေ့ပိုင်းတို့ကို တွေ့ရပါတယ်။

(၃) ဂြိုဟ်တုနဲ့တာဝေးတိုင်းတာမှုအနေနဲ့တော့ မိုးခေါင်နေတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မိုးရနိုင်တဲ့ အခြေ အနေတွေဖြစ်ပေါ်နေခဲ့တာကိုတွေ့ရ ပါတယ်။ မြေပြင်အခြေအနေနဲ့တော့ တိုက်ဆိုင်ကြည့်ဖို့တော့ လိုပါလိမ့်မယ်။

(၄) တချိန်တည်းမှာဘဲ မိုးရရှိမှုအနေနဲ့ မြန်မာနိုင်ငံအောက်ပိုင်းမြစ်ဝကျွန်းပေါ်ဒေသ နဲ့ တောင်ပိုင်းဒေသတွေမှာ သိသိသာသာ တိုးခဲ့ပါတယ်။ (၂၄)မိုးရေချိန် အများဆုံး ၂ လက်မ(၅၀ မမ)ခန့်အထိ ရရှိခဲ့ပါတယ်။

(၅) ကြိုတင်စိုးရိမ်ခဲ့တဲ့အတိုင်းပါဘဲ မြစ်ကျွန်းပေါ်ဒေသ ဧရာဝတီတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်းတောင်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း နဲ့ တနင်္သာရီတိုင်းတို့ မှာတော့ မြေနိမ့်ပိုင်းတွေ၊ လယ်ကွင်းတွေသာမက လူနေအိမ် ရပ်ကွက်တွေ ပါ ရေမြုပ်ခံရတဲ့ သတင်းတွေလည်း ကြားသိလာရပါတယ်။

လက်ရှိအချိန်မှာတော့ ရေဇု့းလွှမ်းခံရမှုဟာ မိုးကောင်းလာတာနဲကအမျှ အရေးအကြီးဆုံး ကာကွယ် မှုဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပါတယ်။ မိုးကတော့ ဇူလိုင်လကုန်အထိ ကောင်းဦးမယ်လို့ ခန့်မှန်းထား ပါတယ်။

ဒေါက်တာထွန်းလွင်
Popular Journal

Thursday, May 16, 2013

မုန်တိုင်းသတင်း

Posted by drmyochit Thursday, May 16, 2013, under | No comments


ယနေ့မြန်မာ စံတော်ချိန် (၂၀း၀၀)နာရီ အချိန် တိုင်းထွာ ချက်များ အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော် ၀င်ရောက် ခဲ့သည့်ကုန်း တွင်းမုန် တိုင်းငယ်သည် အရှေ့မြောက် ဘက်သို့ဆက် လက်ရွေ့လျား လျက်လေ ဖိအားနည်းရပ်ဝန်းအဖြစ်သို့တစ်ဖြည်းဖြည်းအားပျော့ပျက်ပြယ်သွားမည်ဟုခန့်မှန်းရပါသည်။

မုန်တိုင်းနှင့် ပတ်သက်သောလက်ရှိအခြေအနေမှာအစိမ်းရောင်အခြေအနေသို့ရောက်ရှိခဲ့ပြီး၊ရခိုင်ကမ်း
ရိုးတန်း တွင်မုန်တိုင်းအန္တရာယ်ကင်းရှင်းသွားသည့်အခြေအနေဖြစ်ပါသည်။

ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်အတင့်မှတိမ်ထူထပ်နေပါသည်။မြစ်
ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင် ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် တစ်ခါ တစ်ရံ မိုးသက် လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီး နိင်ပါသည်။ မိုးသက်လေပြင်း ကျစဉ်ရေပြင် /မြေပြင်လေသည် တစ်နာရီမိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

ယခုသတင်းသည်မဟာစင်(MAHASEN)မုန်တိုင်းအတွက်ထုတ်ပြန်ပေးသည့်နောက်ဆုံးသတင်းဖြစ်ပါသည်။

From: မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန

MAHASEN လမ်းကြောင်းပြောင်းပြီး ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းသို့ ဝင်သွားပြီ

Posted by drmyochit Thursday, May 16, 2013, under | No comments

မုန်တိုင်း MAHASEN သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ဘက် ကမ်းခြေအား  Barisal Division – Barisal မြို့ တောင်ဘက် ၆၂ မိုင်ခန့်အကွာ ကမ်းခြေအား ဖြတ်ကျော်၍ ကုန်းတွင်းသို့ ဝင်ရောက်ခဲ့ပြီ ဖြစ်ကြောင်း JTWC နှင့် NRL data update များအရ သိရပါသည်။

ယနေ့ နံနက် ၉ နာရီနောက်ပိုင်းက မူလခန့်မှန်းလမ်းကြောင်းမှ မြောက်ဘက် ၆၈ မိုင်ခန့်သို့ ပြောင်းလဲရွေ့လျားပြီး ကုန်းတွင်းသို့ ဝင်ရောက်သွားခဲ့ကာ ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လက်တည်ရှိနေပါသည်။ နောက်ဆုံးရရှိသည့် အချက်အလက်များအရ ကုန်းတွင်းမုန်တိုင်း MAHASEN သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ အရှေ့တောင်ဘက် မိုင် ၆ဝ ခန့် ကုန်းတွင်း၌ တည်ရှိနေပြီး မကြာမီ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိကာ အားပျော့ပျက်ပြယ်သွားတော့မည်ဟု သိရပါသည်။

01B MAHASEN ၏ နောက်ဆုံးရ အချက်အလက်များနှင့် တည်နေရာ
16 May 2013 0600Z
Location: 23.0 91.0
Winds: 45 knots
Central Pressure: 989 hPa

From: http://blog.mmweather.com/2013/05/16/cyclonemahasen-made-landfall/

စစ်တကောင်းမြို့၊ စစ်တွေမြို့နှင့် ကာလကတ္တားမြို့ တို့၏ ရာသီဥတု အခြေအနေ ဖော်ပြချက်

Posted by drmyochit Thursday, May 16, 2013, under | No comments

နေပြည်တော် မေ ၁၆

မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတွင် ရှိသောမြန်မာနိုင်ငံ စစ်တွေမြို့၊ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့၊ ဘင်္ဂလားဒေ့ ရှ်နိုင်ငံ စစ်တကောင်းမြို့နှင့်တို့၏ ရာသီဥတု အခြေ အနေ ဖော်ပြချက်ကို အောက်ပါ အတိုင်း တွေ့နိုင်ပါသည်-




Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်