Tuesday, May 20, 2014

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မွန်းလွဲ(၁)နာရီအချိန် မိုးလေ၀သအခြေအနေ ထုတ်ပြန်ချက်

Posted by drmyochit Tuesday, May 20, 2014, under | No comments

မလ(၂၀)ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ(၁)နာရီ အချိန်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဘင်္ဂလားပင်လယ်အော် အခြေအနေကို ထုတ်ပြန်ပါတယ်။ (၂၀-၅-၂၀၁၄) ရက်နေ့ မြန်မာစံတော်ချိန် နေ့လည်(၁၂)နာရီခွဲ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အားကောင်းလာခြင်း ရှိမရှိကို ဆက်လက် စောင့်ကြည့်လျက် ရှိပါတယ်။ လေဖိအားနည်း ရပ်ဝန်း၏ အရှိန်ကြောင့် (၂၀-၅-၂၀၁၄) ညနေမှ နောက်သုံးရက်အတွင်း ပဲခူးတိုင်းဒေသကြီးတွင် နေရာစိပ်စိပ် ၊ ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီ တိုင်းဒေသကြီး ၊တနင်္သာရီ တိုင်းဒေသကြီး ၊ ရခိုင်ပြည်နယ် ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး ရန်ကုန် တိုင်းဒေသကြီး ၊ ဧရာဝတီ တိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် သုံးဆယ့်ငါးမိုင်မှ မိုင်လေးဆယ်အထိ တိုက်ခတ်နိုင်ပါသည်။


Myanma Radio and Television (MRTV)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်