မြတ်စွာဘုရားရှင်
ဟောကြားခဲ့သော တရား ဒေသနာတော်များကို ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊
ဖြည့်စွက်ခြင်း၊ ထုတ်နုတ်ခြင်း မရှိဘဲ မူရင်းအတိုင်း အဆင့်ဆင့် ထိန်းသိမ်းကာ
စောင့်ရှောက်ခဲ့သော အဆုံးအမ တရားဓမ္မများကို ဗုဒ္ဓ၏ သာသနာတော် လို့ခေါ်ဆို ပါတယ်။
တစ်နည်းအားဖြင့် ဗုဒ္ဓဘာသာဝင် လို့ ခံယူထားကြတဲ့ လူတွေအားလုံး
ဗုဒ္ဓရဲ့အဆုံးအမအတိုင်း လိုက်နာကျင့်ကြံနေထိုင်သောသူတွေကို ဗုဒ္ဓဘာသာဝင်လို့
ခေါ်ဆိုထိုက်ပါတယ်။ ဗုဒ္ဓဘာသာဝင်လို့ခံယူထားကြတဲ့ လူတွေအားလုံး ဗုဒ္ဓရဲ့
အဆုံးအမအတိုင်း လိုက်နာနေထိုင်ရပါတယ်။ ကိလေသာအများအပြားရှိနေကြတဲ့
ပုထုဇဉ်တွေအနေနဲ့ ဘုရားရှင်ဟောကြားခဲ့သော တရားဓမ္မများအတိုင်း
အလုံးစုံလိုက်နာမကျင့်ကြံနိုင်တာကို...