Friday, September 05, 2014

နာမည်ထွက်လာနေတဲ့ ISIS အဖွဲ့ (ရုပ်/သံ)

Posted by drmyochit Friday, September 05, 2014, under | No comments

အီရတ်နိုင်ငံမှာ အိုင်ဆက် အစ္စလာမ်မစ် အစွန်း ရောက်အဖွဲ့ နာမည်ထွက်လာတာက ရုတ်ချည်း လိုပါပဲ။ ဒါပေမဲ့ လည်း အီရတ်က အယ်လ်ကိုင်းဒါး အဖွဲ့ထဲ ကနေ ခွဲထွက်ကြီးထွား လာတဲ့ ဒီအဖွဲ့ဟာ နှစ်ပေါင်း များစွာ ပြန်တည်ဆောက် နေခဲ့တာလို့ လေ့လာ သူတွေက သုံးသပ်ကြ ပါတယ်။ Jela de Franceschi ရဲ့သ တင်း လွှာကို ကိုကျော်ကျော်သိန်း တင်ပြ ထားပါတယ်။



VOA

Thursday, June 12, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ထိန်းချုပ်ရေး နှစ်နိုင်ငံသဘောတူ

Posted by drmyochit Thursday, June 12, 2014, under | No comments

မြန်မာ-ဘင်္ဂလားဒေ့ရှ် အဆင့်မြင့် အရာရှိတွေ ရဲ့ ဆွေးနွေးပွဲ မှာ နယ်စပ်ဒေသ တစ်လျှေက် တရားမ၀င် လက်နက်ကိုင် အဖွဲ့ တွေ ထိန်းချုပ်ဟန့်တားနိုင်ရေးနဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှု တွေ ကို ထိန်းချုပ်ရေး သဘောတူညီချက် တွေကို ရရှိခဲ့ပါတယ်။ မြတ်သူရ သတင်းပေးပို့ ထားပါတယ်။

ရိုက်ကူး ICJ
DVB TV News

Wednesday, June 11, 2014

မိုဆူးလ်မြို့က ထွက်ပြေးကြတဲ့ ဒုက္ခသည်များ

Posted by drmyochit Wednesday, June 11, 2014, under | No comments

အင်္ဂါနေ့က အီရတ်နိုင်ငံ ဒုတိယမြို့တော် မိုဆူးလ်ကို အစ္စလာမ်အစွန်းရောက်တွေ သိမ်းပိုက်အပြီး နောက်ထပ်အကြမ်းဖက်တိုက်ခက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံ ငါးသိန်းလောက် အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြရတဲ့အကြောင်း ရွှေ့ပြောင်း နေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) က ပြောပါတယ်။

အီရတ်နိုင်ငံရဲ့ နောက်ဆုံးအခြေအနေကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

VOA Burmese Fan Page

မဟာသန္တိသုခကျောင်းတိုက်ပြဿနာမှာ ကျူးကျော်နေထိုင်ခြင်းကြောင့် အရေးယူဆောင်ရွက်ခြင်းဖြစ်ဟု သာသနာရေးပြော (ရုပ်/သံ)

Posted by drmyochit Wednesday, June 11, 2014, under | No comments



Monday, June 09, 2014

ဇွန်လ (၁) ရက်နေ့က ရန်ကုန်၊ ပြည်သူ့ရင်ပြင်မှာ ကျင်းပခဲ့တဲ့ "Miss Myanmar Internet" အငြိမ့်ပွဲ ဗီဒီယို

Posted by drmyochit Monday, June 09, 2014, under , | No comments


အပိုင်း (၁)



အပိုင်း (၂)


အပိုင်း (၃)



Credit: Myanmarcelebrity

Sunday, June 08, 2014

၉ ပေရှည်တဲ့ ငါးမန်းကြီးကို ဘယ်လိုသတ္တဝါကြီး စားလိုက်သလဲ ???

Posted by drmyochit Sunday, June 08, 2014, under , | No comments


သြစတေးလျ ပင်လယ်ပြင် တခုမှာ ၉ ပေအရှည်ရှိတဲ့ ငါးမန်းဖြူကြီးတကောင်ကို ရေထဲက သတ္တဝါ တကောင် က ကိုက်စားခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် လူတွေလည်း နောက်ဆိုရင် ပင်လယ်ပြင်ခရီးသွားရင် လက်ရှိ လှေသင်္ဘောတွေထက် ကြီးတာနဲ့ သွားမှ ဖြစ်မယ်လို့ တွေးလာကြတယ်တဲ့။

သြစတေးလျ သိပ္ပံပညာရှင်တွေအပြောအရ ဒီလောက် ကြီးတဲ့ ငါးမန်းကို စားတာ Godzilla ( ဂေါ်ဇီလာ) သို့မဟုတ် Kraken ( ပင်လယ်ရေဘဝဲကြီး ) ထက် ကြီးတဲ့ Sea Monster တကောင်ကများ ကိုက်စားတာ လားလို့ ယူဆတာမျိုးလည်း ရှိပါသတဲ့။ Sea Monster ဆိုတာ ဒဏ္ဍာရီလာ ပင်လယ် နဂါးကြီးလိုဖြစ်မယ် ထင်ပါတယ်။

ဘာကြောင့်လည်း ဆိုတော့ ငါးမန်းကို ခြေရာခံနိုင်တဲ့ ကိရိယာတခု တပ်ပေးပြီး စောင့်ကြည့်ခဲ့တယ်တဲ့။ ပထမတော့ ငါးမန်းကို လွှတ်လိုက်ပြီး ၂ လလောက်ကြာတော့ ကမ်းခြေနား ပြန်ရောက်လာခဲ့တယ်တဲ့။

ဒါနဲ့ တနေ့ စောင့်ကြည့်နေတုန်း ငါးမန်းကြီးက ပင်လယ်ရေမျက်နှာပြင် အပေါ်ယံနားကနေ ရုတ်တရက်ဆို သလို သမုဒ္ဓရာ ကြမ်းပြင်ဆီ ပေ ၁၉၉ဝ လောက်ထိ ဆွဲချသွားတယ်လို့ ခြေရာခံ ကိရိယာက ညွှန်ပြတယ်လို့ ဆိုတယ်။

ပညာရှင်တွေ တပ်ထားတဲ့ ခြေရာခံ ကိရိယာလည်း အပူချိန်တွေ မြင့်တက် လာတာ သိရပြီး ဒါဟာ အစာအိမ်တခုထဲ က အပူရှိန်မျိုး ဖြစ်မယ်လို့ ယူဆကြပါသတဲ့။ အခုထိတော့ ငါးမန်းကြီးကို ဘယ်သတ္တဝါ စားလိုက်သလဲဆိုတာ ပဟေဠိဖြစ်နေဆဲပါဘဲတဲ့။ သုတေသနပြုထားတဲ့ မှတ်တမ်းကို ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။




ဧရာဝတီ

Friday, June 06, 2014

ပိန်ချင်လား၊ ကျန်းမာချင်လား … ဆန်ပြုတ်စား

Posted by drmyochit Friday, June 06, 2014, under , | No comments

ကိုယ်အလေးချိန် ချချင်တဲ့သူတွေ၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ အစားအစာက ဘာလဲ။ ရန်ကုန်မြို့လယ်ခေါင်မှာ နှစ် ၄ဝလောက် စားသုံးသူတွေ အားပေးမှုရနေတဲ့ဆိုင်ကတော့ လမ်း၂ဝ ဆန်ပြုတ်ဆိုင်ပါ။ ဆန်ပြုတ်က ဘာတွေထူးခြားလို့လဲ။

ကြက်ပေါင်းရည်နဲ့ ပြုတ်ထားတာဖြစ်လို့ ဆန်ပြုတ်ထဲမှာ ကြက်ပေါင်းရည် အာနိသင်ပါပြီး အစာလည်း ကြေလွယ်၊ ဝမ်းလည်းကောင်းတာကြောင့် ဖြစ်တယ်လို့ ဆိုင်နာမည်မရှိပေမယ့် ညီအစ်ကိုသုံးယောက်ဆန်ပြုတ်ဆိုပြီး လူသိများတဲ့ ဆန်ပြုတ်ဆိုင်ပိုင်ရှင် ကိုရဲဝင်းအောင်က ဆိုပါတယ်။

ဆန်ပြုတ်ဆိုတာ နေမကောင်းတဲ့အခါ စားရတဲ့ လူမမာစာလို့ ခေါ်ကြပေမယ့် လမ်း ၂ဝက ဆန်ပြုတ်ကတော့ တော်တော်ကွာပါတယ်လို့ ပြောသူက ကိုဇေယျာမင်းပါ။

နောက်ထပ် စားသုံးသူတစ်ယောက်ဖြစ်တဲ့ ကိုစိုးလင်းထက်က ဒီဆန်ပြုတ်ဟာ လက်ရာမပြောင်းအောင် ထိန်းထားနိုင်တာနဲ့ ငါးဆန်ပြုတ်ဟာ အစာအိမ်အတွက် အကောင်းဆုံးမို့ လာစားဖြစ်တယ်လို့ ညွှန်းပါတယ်။

ကဲ အခုတော့ ကိုရဲဝင်းအောင်ကိုယ်တိုင် နာမည်ကျော် ဆန်ပြုတ်ကို ဘယ်လိုလုပ်လဲဆိုတာ အခုလိုပဲ ရှင်းပြပေးပါတယ်။

Kamayut Media

Wednesday, June 04, 2014

မန်းရေနံနဲ့ စိုက်ပျိုးမြေပြဿနာ (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးမြို့နယ်က မန်းရေနံထုတ်လုပ်ရေးကို အစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီ ဖက်စပ် လုပ်ကိုင်ပြီးနောက်ပိုင်း အခုအခါ အနီးတဝိုက်က စိုက်ပျိုးမြေတွေကိုပါ ထိန်းချုပ်လာတဲ့အတွက် မူလပိုင်ရှင် တောင်သူတွေ အခက်တွေ့နေကြပါတယ်။

RFA Burmese

Tuesday, June 03, 2014

“ဟန်ဂျင်း” အထည်ချုပ်စက်ရုံ ဆန္ဒပြပွဲ

ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန် (၂) မှာရှိတဲ့ "ဟန်ဂျင်း" အထည်ချုပ်စက်ရုံ အလုပ်သမားတွေဟာ လုပ်ခ လစာ တိုးမြှင့်ပေးဖို့ အပါအဝင် တောင်းဆိုချက် ၁ဝ ချက်ကို အလုပ်ရှင်ဘက်က ညှိနှိုင်းဖြေရှင်းပေးဖို့ ဒီကနေ့ ဆန္ဒပြ ခဲ့ကြပါတယ်။



RFA Burmese

တီယန်နန်မင် နောက်ဆုံး အကျဉ်းသား ဘယ်သူများလဲ (ရုပ်/သံ)

Posted by drmyochit Tuesday, June 03, 2014, under | No comments

တရုတ်နိုင်ငံမှာ ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့က တီယန်နန်မင် ရင်ပြင်ထဲက ဒီမိုကရေစီရေး တောင်းဆိုသူတွေကို တင့်ကားတွေနဲ့ ဝင်ပြီး ဖြိုခွဲခဲ့တာဟာ အခု ၂၅ နှစ် ရှိပြီဖြစ်ပါတယ်။

အဲဒီ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ တစ်ဦးဟာ၂၅ နှစ် နီးပါး ကြာခဲ့ပေမယ့် သံတိုင်တွေ နောက်မှာ ရှိနေဆဲပါ။

တီယန်နန်မင် လှုပ်ရှားမှုရဲ့ နောက်ဆုံး ကျန်ရှိနေတဲ့ အကျဉ်းသားအကြောင်း ရုပ်သံသတင်းကို အောက်ပါလင့်ခ်မှာ သွားရောက်ရှုစားနိုင်ပါတယ်။

BBC Burmese



တရုတ်နိုင်ငံမှာ ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့က တီယန်နန်မင် ရင်ပြင်ထဲက ဒီမိုကရေစီရေး တောင်းဆို သူတွေကို တင့်ကားတွေနဲ့ဝင်ပြီး ဖြိုခွဲခဲ့တာဟာ ၂၅ နှစ် ရှိပြီဖြစ်ပါတယ်။

အဲဒီ အဖြစ်အပျက် နဲ့ ပတ်သက်လို့ ဖမ်းဆီး ခံထားရသူ တဦးကတော့ ၂၅ နှစ် နီးပါး ရှိပြီဖြစ်ပေမယ့် သံတိုင်တွေ နောက်မှာ ရှိနေဆဲပါ။ တီယန်နန်မင်ရဲ့ နောက်ဆုံး ကျန်ရှိနေတဲ့ အကျဉ်းသားဟာ ဘယ်သူလဲဆိုတာ ကိုကျော်စွာက ပြောပြ ပေးမှာပါ။

ရေအောက်မှာ လူတွေဘယ်လောက် နေနိုင်သလဲ(ရုပ်/သံ)

Posted by drmyochit Tuesday, June 03, 2014, under | No comments

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က ပင်လယ် ရေအောက် ဓာတ်ပုံပညာရှင်နဲ့ စူးစမ်းရှာဖွေသူ ယတ်ခ် ကူးစတို ဟာ ရေအောက်မှာ ရက် ၃၀ နေလို့ စံချိန် တင်ခဲ့ပါတယ်။ အခုတော့ စံချိန်တွေ ဆိုတာ ချိုးဖို့ ထားတာ ဆိုသလိုပဲ သူ့မြေးက အဲဒီ စံချိန်ကိုချိုးဖို့ ကြိုးစား တော့မှာပါ။ မသီဒါနွယ်က ပြောပြ ပေးမှာပါ။

BBC


အလုပ်သမား အနိမ့်ဆုံးလုပ်ခလစာကို သတ်မှတ်မည် (ရုပ်/သံ)

Posted by drmyochit Tuesday, June 03, 2014, under | No comments

အလုပ်သမားတွေ အတွက် အနိမ့်ဆုံး လုပ်ခလစာကို ဒီဇင်ဘာလမှာ သတ်မှတ်မယ်လို့ အလုပ်သမား ၀န်ကြီှး ဌာနက ဒုဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ဦးအောင်ကြီးက ပေးပို့ထားပါတယ်။

DVB TV

Friday, May 30, 2014

ဘော်ဆိုင်းတရုတ်ကုမ္ပဏီ ဗီဇာမှု (ရုပ်/သံ)

Posted by drmyochit Friday, May 30, 2014, under | No comments

ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်၊ ဘော်ဆိုင်းဒေသမှာ သတ္တုတူးဖော်နေတဲ့ တရုတ်နိုင်ငံ အခြေစိုက် Good Plus Star ကုမ္ပဏီက တရုတ်နိုင်ငံသားတွေကို ဗီဇာစည်းကမ်းဖောက်ဖျက်မှုနဲ့ ကလော မြို့  နယ်တရားရုံးက ဒီနေ့ အမိန့် ချမှတ်လိုက်ပါတယ်။

RFA


မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုလမ်းမကြီး (ရုပ်/သံ)

Posted by drmyochit Friday, May 30, 2014, under | No comments

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ စစ်ကိုင်းတိုင်း ရွှေဘိုမြို့ကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမ ကြီးဟာ ဒေသချင်းဆက်သွယ်ရာမှာ အရေးပါတဲ့ လမ်းတခု ဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်း ဖောက်လုပ် ထားတဲ့ လမ်းပိုင်းတွေမှာ မြစ်ကြီးနားကနေ မိုးကောင်းအထိ သွားလာရေး အဆင်ပြေပေမယ့်၊ မိုးကောင်းကနေ နန့်စီးအောင်အကြားမှာ လမ်း၊ တံတားတွေ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။


Thursday, May 22, 2014

ဆာလွန်းသောမြွေက မိမိကိုယ်မိမိ ပြန်မျို (ရုပ်/သံ)




Tuesday, September 17, 2013

ဆေးလိပ်၊ အရက်၊ ဘီယာ ကြော်ငြာတာတွေကို လက်မခံဘူးဆိုတဲ့ ခင်ဝင့်ဝါ

Posted by drmyochit Tuesday, September 17, 2013, under | 3 comments




Friday, September 13, 2013

ရတနာပုံနည်းပညာတက္ကသိုလ် စာမေးပွဲစည်းကမ်းသစ် (ရုပ်/သံ)


ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာမှာရှိတဲ့ "ရတနာပုံ ဆိုက်ဘာစီးတီး" လို့ခေါ်တဲ့ နည်းပညာ တက္ကသိုလ်မှာ စာမေးပွဲဖြေဆိုခွင့် စည်းကမ်းအသစ် ချမှတ်လိုက်တာကြောင့် ကျောင်းသူကျောင်းသား ၃ဝဝ ကျော် စုပေါင်းလက်မှတ်ရေးထိုးပြီး ဒီကိစ္စကို ပြန်လည်စိစစ်ပေးဖို့ တောင်းဆိုထားကြပါတယ်။
အပြည့်အစုံကို RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။




From: RFA

မြန်မာအလုပ်သမားဝန်ကြီး မလေးရှားခရီး (ရုပ်/သံ)


မလေးရှားနိုင်ငံမှာရောက်နေပြီး စာရွက်စာတမ်း အထောက်အထားလဲမရှိ၊ အလုပ် လုပ်ခွင့်လည်း မရှိတဲ့ မြန်မာနိုင်ငံသားတွေ လျော်ကြေးပေးစရာမလိုပဲ မြန်မာနိုင်ငံကို ပြန်လာခွင့်ပြုမယ်လို့ မြန်မာ အလုပ်သမား ၀န်ကြီး ဦးအေးမြင့်က ပြောပါတယ်။ မလေးရှားအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ခရီးရောက်မ
ဆိုက်ပဲ ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်မှာ ၀န်ကြီး ဦးအေးမြင့်က သတင်းထောက်တွေကို အဲဒီလို ပြောကြားလိုက်တာပါ။

From: VOA

မယ်စကြ၀ဠာ အတွက် အကြိုရွေးချယ် (ရုပ်/သံ)

Posted by drmyochit Friday, September 13, 2013, under | No comments


နှစ်ပေါင်း ၅၀ ကျော်အတွင်း မယ်စကြ၀ဠာ နိုင်ငံတကာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ပထမအဆင့် အလှမယ် ရွေးချယ်ပွဲကို သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ဒီအထဲက ရွေးချယ်ခံရမယ့် Miss Universe Myanmar 2013 ဟာ အခုနှစ် အောက်တိုဘာလ နှောင်းပိုင်း ရုရှားနိုင်ငံမှာ ကျင်းပမယ့် Miss Universe ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။


From: VOA

Wednesday, September 11, 2013

၉၆၉ကို ငြင်းပယ်တဲ့ ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့ချုပ် သေနတ်ထောက်ပြီး ဖွဲ့ထားတဲ့အဖွဲ့ဟု ဦးဝီရသူ တုံ့ပြန်


၉၆၉ အမှတ်တံဆိပ်နဲ့ ၉၆၉ သံဃာကွန်ရက်တွေဟာ ဗုဒဘုရားရှင်ရဲ့ အမှတ်အသားကို ကိုယ်စားမပြုသလို အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ဟာ သေနတ်နဲ့ထောက်ပြီး ဖွဲ့စည်းထားတဲ့အဖွဲ့လို့ ဦးဝီရသူက စက်တင်ဘာ ၁ဝရက်နေ့မှာ တုံ့ပြန်လိုက်ပါတယ်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်