အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ၏ကော့သောင်း -မြိတ်- ကျွန်းစု- ကံမော် ခရီးစဉ် မတိုင်မီ ကံမော်ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့် စင်မြင့်အနီးတွင် ဒီဇင် ဘာလ ၁၄ ရက်နေ့က အသေးစားပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း ခရီးစဉ်ကို ဖျက်သိမ်း မဟုတ် ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ထံမှ စုံစမ်းသိရှိရသည်။
နိုင်ငံတော်အစိုးရက ယနေ့မွန်းလွဲ ၂ နာရီတွင် မဟာအတုလဝေယံ(အတုမရှိ)ကျောင်းတော်ကြီး၌ ပြုလုပ်ခဲ့ သည့် ၀န်ချတောင်းပန်သောအခမ်းအနားမှာညနေ ၄ နာရီတွင် ပြီးဆုံးခဲ့ပြီး အစိုးရ၏တောင်းပန်မှုကို သံဃာအများစုကကျေနပ်လက်ခံခဲ့ကြသည်။
ဦးပိုင်ကုမ္မဏီတွေနဲ့ ပက်သက်ပြီးတော့ သူတို
့ ၁၉၉၀ ခုနှစ်လောက်ကစပြီးတော့မှ အမှန်တကယ် ရည်ရွယ်
ချက်ကတော့ တပ်မတော်ရဲ့ မိသားစုတွေ သက်သာချောင်ချိရေးနဲ့  တပ်မတော်သားဟောင်းတွေရဲ့ မိသား စုတွေ သက်သာချောင်ချိရေး ဆိုတာကို ရည်ရွယ်ပြီး ဒီလို ဖွဲ့ ခဲ့တာပါ။
လက်ပံတောင်းတောင် အကြမ်းဖက် နှိမ်နင်းမှူနဲ
့ပတ်သက်ပြီး ဆန္ဒပြတာထက် ပို ထိရောက်တဲ့ သံဃာ့
အစည်းဝေးကြီး ကျင်းပတာက ပိုကောင်းတယ်လို့ သီတဂူ ဆရာတော်ကြီး
က ဦးဝီရသူကို မိန့် ကြားလိုက်
ပါ တယ်။ ဦးအောင်ကြီး ပေးပို့ထားပါတယ်။
သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများ
ဆောင်ရွက်နေသော ရခိုင်ပြည် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ
China National Petroleum Corporation CNPC Project ရုံးရှေ့တွင် ဒေသခံ ပြည်သူ
၃၀၀ ခန့်က ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဆန္ဒ ဖော်ထုတ်ရန် စီစဉ်နေကြောင်း
သတင်း ရရှိသည်။
မြန်မာ နိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်
ကူးမှု အားလုံး၏ ၇၀ ရာခိုင်နှုန်းသည် မြန်မာ အမျိုး သမီး များအား တရုတ် နိုင်ငံသို့ အဓမ္မ
လက်ထပ်ရန် ပို့ဆောင်ရောင်းစားသည့် အမှုများပြီး ထိုင်းနိုင်ငံနှင့်
ပြည်တွင်း တွင်လည်း အဓမ္မခိုင်းစေမှုများနှင့် ပြည့်တန်ဆာအ ဖြစ် စေခိုင်းမှုများ
ရှိနေကြောင်းကို ရန်ကုန် တိုင်းဒေ သကြီး လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး အထူးအဖွဲ့တာဝန်ခံ
ဒုရဲမှူး ဒေါ်အေးအေးမြင့်က ဒီဇင်ဘာလ ၁၁ ရက်နေ့၌ Excel Tower တွင် ကျင်းပခဲ့သော 'ကလေးကူသန်းရောင်းဝယ်မှု ပပျောက်ရေး' အခမ်း အနား တွင် ပြောကြား ခဲ့ခြင်းသည်။
ဧရာဝတီ တိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ၊ဒါးကမြို့ ကိုးန၀င်း ကျောင်းတိုက်တွင် ပထမ
အကြိမ် မြောက် ကျန်းမာရေး အလှူတော် အဖြစ် ရွှေပါရမီ ဖောင်ဒေးရှင်းမှ
မျက်စိ ဝေဒနာရှင် များအတွက် 15 .12.2012 နေ့တွင် အခမဲ့စတင် လာရောက်စမ်းသပ်ကုသပေးနေကြောင်း သတင်းရရှိပါသည်။
ရခိုင်ပြည်နယ် တွင် ဖြစ်ပေါ်ခဲ့သော ရခိုင်-ဘင်္ဂလီ
အရေးအခင်းတွင် လူပေါင်း ၁၁၂၁ ဦးကို ဖမ်းဆီး ထား
သည်ဟု မြန်မာတိုင်းစ်မှ နယ်စပ်ရေး ရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး
သိန်းဌေးကို ကိုးကားပြီး ရေးသား ဖေါ်ပြသည်။
အသက် ၁၈ နှစ်အရွယ် အိမ်ဖော် မလေး သေဆုံးမှုနှင့်
ပတ်သက်၍ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ ကမာရွတ် တရားရုံး၌ အမှုရင် ဆိုင် နေရသော သရုပ်ဆောင် မေဇွန်၏အမှုတွင်
မှုခင်းဘက်ဆိုင်ရာ ဆရာဝန် ကြီးကို လာရောက် ထွက်ဆိုပေးရန် တရားလို ဘက်မှ တရားရုံး၌ လျှောက်လဲ
ထားကြောင်း အဆို ပါ အမှု၌ လိုက်ပါဆောင် ရွက်နေ သည့် ဥပဒေ အရာရှိ တစ်ဦးက ပြောကြားသည်။
မော်လမြိုင်မြို့၊ရွှေမြိုင်သီရိရပ်ကွက်၊
မျှော်လင့် ၁ ရပ်၊ရတခ ငါးမွေးကန် လမ်းရှိ၊ ငွေမိုး အုန်းဆီစက်ရုံတွင်
ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က အုန်းဆီစုပ်မော်တာမှ
မီးပွားများ အုန်းဆီစစ်ကန် ထဲသို့ ကျခဲ့ရာ မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်းရွှေမြန်မာမီဒီဂရုမှသတင်းရရှိသည်။
ပြီးခဲ့သည့် သောကြာနေ့က ဓားကိုင် အကြမ်းဖက်သမားတစ်ဦး၏
သောင်းကျန်းမှုကြောင့် မူလတန်းကလေး
၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ အကြမ်းဖက်မှုမှာ ဟေနန်နယ်၊
ရှန်ပန်းကျေးရွာ မူလတန်း ကျောင်း တစ်ကျောင်းတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ကျောင်းတည်ရှိရာ
ပြည်နယ်အာဏာပိုင်များက ထိုသတင်းကို တရားဝင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ကျောင်းသားများအပြင်
လူကြီးတစ်ဦးလည်း ဒဏ်ရာရသည့်အထဲတွင် ပါဝင်ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံး သိမ်းယူခဲ့ပြီး အချို့ကို မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်၏ အမည်ပေါက်ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများထံ လွှဲပြောင်း ထားခြင်းများကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော် မရှင် အဖွဲ့ဝင်၊ ကျောက်ဖြူမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဘရှိန်က ပြောကြားခဲ့သည်။
(14/12/2012) ရက်နေ့ KIO, ဌာနချုပ်အနီး (၇)မိုင်အကွာရှိ လဂျားယာန် တွင်KIA, ဗဟိုလုံခြုံရေးတပ်ဖွဲ့ ၊
ABSDF ပူးပေါင်းတပ်ဖွဲ့ နှင့် မြန်မာအစိုးရတပ်တို့၏(ရဟတ်ယာဉ်ဖြင့်တိုက်)တိုက်ပွဲ အတွင်းရိုက်ကူးထား
သော မှတ်တမ်း ရုပ်သံ ဤတိုက်ပွဲတွင် အစိုးရစစ်တပ်ဘက်မှ အရာရှိအပါအ၀င် သုံ့ပန်း ၅ယောက်အား KIA,ကအရှင်မိဆေးကုထားပေးပါတယ်။ ရန်သူတပ်ကတော့အလောင်းတွေပုံနေတယ်ကြည့်မကောင်းဘူး။"
Lachid Kachin
လက်ပံတောင်း သပိတ် စခန်းတွေကို အင်အားသုံး ဖြိုခွဲ ခဲ့လို့ ဒဏ်ရာရတဲ့ သံဃာတော်တွေကို ဒီဇင်ဘာ
၁၅ ရက်နေ့မှာ သမ္မတ ရုံးဝန်ကြီးဦးအောင်မင်း ဦးဆောင် တဲ့ အဖွဲ့က သွားရောက် တောင်းပန် မယ်လို့ သိရပါတယ်။
လိုင်ဇာမြို့ အနီးရှိ လဂျာယန်းသို့ ထိုးစစ်ဆင်လာသော အစိုးရ စစ်ကြောင်းကို ကချင်လွတ်လပ်ရေး အဖွဲ့ (KIA) နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF) ပူးပေါင်း တပ်ဖွဲ့ တို့၏ ၀ိုင်းဝန်း ချေမှုန်း ခြင်းကို ခံခဲ့ရ သည်ဟု ပြောရေး ဆိုခွင့် ရှိသူ ဦးလာနန်းက ဆိုပါသည်။
ရှမ်းပြည်နယ် ကွန်ဟိန်းမြို့အနီး
တာကော်တံတားတွင် ကြေးဘုရား ဆင်းတုတော်များ ခိုးယူလာ သူအား
ဒီဇင်ဘာလ (၁၃) ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကွန်ဟိန်းမြို့နယ်
ကာလိမြို့နယ်ခွဲ တာကော် တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေ တဲ့ ရဲတပ်ဖွဲ့များ
မှ ယာဉ်မောင်းအောင်ဆန်းဦး မောင်းနှင် လာတဲ့ (Subo Wave -125) လိုင်စင် မဲ့ ဆိုင်ကယ်ကို
ရပ်တန့်ရှာဖွေ ရာမှ ကြေးဘုရားဆင်းတုတော်များ တွေ့ရှိခဲ့ခြင်းဖြစ်တယ်။
ကျပ် ၁ သိန်းခွဲနဲ့အောက် မိုဘိုင်းဖုန်း
ဆင်းကတ်တွေကို ၂၀၁၃ ခုနှစ်ဦးပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး နေရာ၁၈ နေရာမှာ အေရာင်းဆိုင်တွေ ဖွင့်လှစ် ရောင်းချမယ်လို့ မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းက အဆင့်မြင့်အရာရှိတဦးက ပြောပါတယ်။
မန္တလေးမြို့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က
ကိုသိန်းအောင်မြင့်နဲ့ ဗကသအဖွဲ့ဝင် ၃ ဦးကို ချမ်းမြသာစည်တရားရုံးက တရားမ၀င်စီတန်းလှည့်လည်မှု (ပုဒ်မ၁၈)နဲ့ တရားစွဲဆိုလိုက်တယ်လို့ မိသားစုဝင်တွေက
ပြောပြပါတယ်၊ ကို သိန်းအောင်မြင့်၊ ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်နဲ့
ကိုမင်းနိုင်လွင် (ခ) ကိုကျော်ကြီးတို့ (၄)ဦးဟာ မနေ့ညက ဖမ်းဆီးခံခဲ့ကြတာဖြစ်ပြီး ဒီဇင်ဘာ ၁၂
ရက်နေ့က သံဃာတော်တွေ ဦးဆောင်တဲ့ အထွေထွေသပိတ်မှာ ပါဝင်ဆန္ဒပြတဲ့ အပေါ် ခွင့်ပြုချက်မယူဘဲ
ဆန္ဒပြမှုနဲ့ တရားစွဲတာပါ။
မြိတ်ခရိုင် ကျွန်းစု မြို့နယ် ကန်မော်ရွာရှိ၊ ဒေါ်အောင်ဆန်း
စုကြည်မိန့် ခွန်းပြော ကြားမည့် စင်အားသန့် ရှင်းရေး ပြုလုပ်နေစဉ် ပေါက်ကွဲမူ အသေးစား
တစ်ခု မနေ့က သုံးနာရီ အချိန်တွင် ဖြစ်ပွား ခဲ့သည်။ သန့်ရှင်းရေး
ပြုလုပ် နေသူများမှ ကန်မော် ကျေး၇ွာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ဝင် သုံးဦး
ဒဏ်ရာ အနည်းငယ် ရရှိခဲ့ သည်။ တစ်ဦးမှာ အသက် ကြီးပိုင်း အမျိုး သမီးဖြစ်ပြီး ပေါင်တွင်
အနည်းငယ် ဒဏ်ရာ ရရှိခဲ့သည်။
ဥရောပမှ မြန်မာနိုင်ငံအား ရောင်းချရန် ပိတ်ပင်ထားသော
ဆွီဒင်လုပ်လက်နက်များ အိန္ဒိယနိုင်ငံ မှတဆင့် မြန်မာနိုင်ငံသို့ မည်ကဲ့သို့ ရောက်ရှိသွားသည်ကို ရှင်းလင်း
ပြောကြားပေးရန် ဆွီဒင်က အိန္ဒိယအား သောကြာနေ့ တွင် တောင်းဆိုလိုက်သည်။
ဘင်္ဂလီ(၂)ဦး စစ်တွေမြို့ ဓည၀တီရပ်ကွက် သို့
ဝင်ရောက်မီးရှို့ရန် ကြိုးပန်းမှုအား လုံခြုံရေးတပ်ဖွဲ့များမှ သက်ဆိုင်ရာ ဗဟိုအဆင့်သို့မတင်ရန်
တားဆီးလာ
---------------------------------------------------------------------------
ဒီဇင်ဘာ (၁၄) ယနေ့နံနက် (၄း၀၀)နာရီပတ်ဝန်းကျင်တွင် ဘင်္ဂလီ(၂)ဦး(မည်သူမှန်းမသိရသေး)သည်
ဓည၀တီ (တိုးချဲ့) ရပ်ကွက်သို့ ဓာတ်ဆီပုံးဖြင့် မီးရှို့ရန်ရည်ရွယ်ချက်ဖြင့် ၀င်ရောက်
လာခဲ့သည် ဟုသိရ သည်။ အဆိုပါ ဘင်္ဂလီ(၂)ဦးအား ရပ်ကွက်အတွင်းမှ ရပ်ကွက်သားများက လိုက်လံ
ဖမ်းဆီးရာ (၁)ဦးသာ ဖမ်းဆီး ရမိခဲ့ပြီး ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက် သွား ခဲ့သည်။
လက်ပံ
တောင်းတောင် နယ်မြေ ဒေသအတွင်း အက်ဆစ် ထိမိပြီး ကျန်းမာရေး ထိခိုက်ကြောင်း သံသယ ရှိသည့်
ကလေးငယ် လေးဦးအား ကျန်းမာရေး စစ်ဆေးမှု သတင်း ထုတ်ပြန် ချက်ကို ဒီဇင်
ဘာလ ၁၄ ရက် နေ့က နိုင်ငံပိုင် သတင်းစာ များမှ တစ်ဆင့် ထုတ် ပြန်ခဲ့သည်။
အမျိုးသား
မှတ်ပုံ တင်နှင့် ယာယီ သက်သေခံ လက်မှတ် မရှိဘဲ မကွေးတိုင်း ဒေသကြီး အတွင်းသို့ ခိုးဝင်လာသော ရခိုင် ပြည်နယ်၊ ကျောက်တော် မြို့နယ် ကန်ဖော့ ကျေးရွာ နေသူ ဖော်ဇာလာ
မွတ်အား မင်းဘူးမြို့နယ် တရားရုံးမှ ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စု မြန်မာ နိုင်ငံတော် နေထိုင်သူများ
မှတ်ပုံ တင်ရေး အက်ဥပဒေ ပုဒ်မ-၆(၃) အရ ဒီဇင် ဘာလ(၁၁) ရက်နေ့က အလုပ်မဲ့ ထောင်ဒဏ် (၁)နှစ်
ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုင်းဝန်ကြီး ချုပ်ဟောင်း အဘီဆစ် ဗီဂျာဂျီဗာသည်
ယခုအခါ လူသတ်မှု အတွက် စွဲချက် တင်ခြင်း ခံလိုက် ရပြီ ဖြစ်ကြောင်း ပြည်တွင်း သတင်း ဌာနများက ဖော်ပြခဲ့သည်။ အဘီ ဆစ်သည်
၎င်းအာဏာ ရနေသည့် ကာလ အတွင်း ဖြစ်ပေါ် လာသည့် အစိုးရ ဆန့်ကျင်ရေး အဓိ ကရုဏ်းများကို ဖြိုခွဲရာတွင်
တက္ကစီ သမားတစ်ဦး သေဆုံးမှု၌ ပါဝင် ပတ်သက် ခဲ့ကြောင်း စွပ်စွဲ ခံထား ရသည်။ ထိုစဉ်က စစ်သား များက
နိုင်ငံရေး ပဋိပက္ခ များအတွင်း ပစ်ခတ်ခဲ့ရာ အဆိုပါ တက္ကစီ ယာဉ်မောင်း ကျည်ဆန် ထိမှန် သေဆုံး သွားခြင်း
ဖြစ်သည်။
တလ
အတွင်း နိုင်ငံရေး စတင်ဆွေးနွေး မည်ဟု အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင်
ဝန်ကြီး ဦးအောင်မင်းက ပြောဆိုခဲ့ပြီးနောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဌာနချုပ် တည်ရှိရာ
လိုင်ဇာမြို့ အနီးတွင်သောကြာနေ့ နံနက်ပိုင်းမှ စတင်၍ အစိုးရဘက်မှစစ်ရဟတ်ယဉ်များနှင့်
တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေ သည်ဟု KIO ပြောခွင့်ရသူ ဦးလနန် က ပြောသည်။
ရခိုင်ပြည်နယ် တောင်ဘက် အစွန်ဆုံးဂွမြို့နယ်တွင် စစ်တပ်က သိမ်းထားသော လယ်မြေ များကို ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် တစ်ခြားမြေများ စစ်ဆေးရေး ကော်မရှင်က ဒီဇင်္ဘာလ ၁၂ ရက်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ သည်ဟု သိရသည်။
မကွေး တိုင်းဒေသကြီးမကွေး
ခရိုင် တောင်တွင်းကြီးမြို့နယ် ကျွဲကန်အုပ်စု၊ ရွှေညောင်ပင် ကျေးရွာတွင် အမျိုးသမီးတစ်ဦး
ကြိုးဆွဲချသေဆုံးနေကြောင်းသတင်း ရရှိသည်။ ဖြစ်စဉ်မှာဒီဇင်ဘာ
(၁၂)ရက်နေ့ ည(၁၀း၃၀)အချိန် ခန့်တွင် ရွှေညောင်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းမှ
၎င်း၏ရွာတွင် အမျိုး သမီးတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း ဆတ်သွားရဲစခန်းသို့ဖုန်းဖြင့်သတင်း
ပေးပို့ချက် အရ အခင်းဖြစ်
မကွေး တိုင်းဒေ သကြီး မကွေး ခရိုင်တောင် တွင်းကြီးမြို့နယ် တောင်တွင်း- မကွေးလမ်း ကွမ်းခြံ စုလမ်းခွဲတွင် ယာဉ်တိမ်းမှောက် မှုဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိ သည်။ဖြစ်စဉ်မှာ ဒီဇင်ဘာ (၁၂) ရက်နေ့ (၁၂း၀၀)နာရီအချိန်ခန့် တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား နေကြောင်း သတင်းအရရဲတပ်ဖွဲ့ ၀င်များ သွားရောက် စစ်ဆေးရာ ကုက်္ကိုခွ အရှေ့စုကျေးရွာနေ ၀င်းလှိုင်သည် နံပါတ်မပါ လီဖန်းအနီရောင် သုံးဘီး ဆိုင်ကယ် အား တောင်တွင်းကြီးမကွေး လမ်းမကြီး အတိုင်းအရှေ့မှ အနောက်သို့ မောင်းနှင် လာရာ၊ မိုင်တိုင် အမှတ် ၂၈၂/၇ နှင့် ကွမ်းခြံစု လမ်းခွဲသို့ အရောက် လမ်း၏တောင် ဘက်ဘေးရှိ ရေမြောင်း
လက်ပံတောင်းတောင် အကြမ်းဖက် မှုတွင် မီးလောင် ဒဏ်ရာ ရရှိခဲ့သည့် ဦးတိက္ခ ဥာဏ၏ ရောဂါ အခြေ အနေမှာ ဆိုးဝါးခြင်း မရှိဟု မြန်မာ့အလင်း သတင်းစာမှ ရေးသား လိုက်ခြင်း အပေါ် ဦးတိက္ခ ဥာဏ၏ သားအငယ် ဆရာဝန် တစ်ဦးဖြစ်သူ ကိုနေသုခနှင့် သံဃာတော် များက ပြစ်တင် ဝေဖန် လိုက်သည်။
ဘရား ဇီးနိုင်ငံတွင် ကမ္ဘာ့ အကြီးဆုံး ပုရွက် ဆိတ်မြို့တော် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ယင်း မြေပုံသည် ပုရွက်ဆိတ် ကဲ့သို့ အကောင်သေး များအတွက် အင်ပါယာ တစ်ခု နီးပါး ကြီးမားပြီး ယခုအခါ ထိုပုရွက် ဆိတ်များ နေထိုင်ခြင်းမရှိတော့ကြောင်း သိရသည်။ ယင်းမြို့တော်အား တည်ထောင်ပြီး အဘယ်ကြောင့် ဆက်လက် မကျက် စားတော့ သည်ကိုမှု မသိရသေးချေ။
ယင်းမြို့၏ တည်ဆောက် ပုံသည် ခိုင်ခိုင် မာမာရှိကာ၊ စနစ် တကျဖြစ်နေ သည်ကို တွေ့ရသည်။ ဥပမာ- လမ်းပမ်း ဆက်သွယ်ရေး အတွက် အနီးဆုံး လမ်းဖောက် ထားခြင်း၊ တစ်နေရာနှင့် တစ်နေရာ အချိတ် အဆက် ကောင်းခြင်း စသည် တို့ဖြစ်သည်။ ထို့အပြင် လေဝင်လေထွက် ကောင်းမွန်ရန် Ventilation system မျာ စနစ်တကျ ရှိနေသည် ကိုလည်းတွေ့ ရသည်။