Saturday, December 15, 2012

မှတ်ပုံတင်မရှိဘဲ ရခိုင်ပြည်နယ်မှ မကွေးတိုင်းဒေသကြီးအတွင်း ခိုးဝင်လာသူတစ်ဦးအား မင်းဘူးမြို့နယ် တရားရုံးမှ အလုပ်မဲ့ ထောင်ဒဏ်(၁)နှစ် ချမှတ်ခဲ့

Posted by drmyochit Saturday, December 15, 2012, under | No comments



 အမျိုးသား မှတ်ပုံ တင်နှင့် ယာယီ သက်သေခံ လက်မှတ် မရှိဘဲ မကွေးတိုင်း ဒေသကြီး အတွင်းသို့ ခိုးဝင်လာသော ရခိုင် ပြည်နယ်၊ ကျောက်တော် မြို့နယ် ကန်ဖော့ ကျေးရွာ နေသူ ဖော်ဇာလာ မွတ်အား မင်းဘူးမြို့နယ် တရားရုံးမှ ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စု မြန်မာ နိုင်ငံတော် နေထိုင်သူများ မှတ်ပုံ တင်ရေး အက်ဥပဒေ ပုဒ်မ-၆(၃) အရ ဒီဇင် ဘာလ(၁၁) ရက်နေ့က အလုပ်မဲ့ ထောင်ဒဏ် (၁)နှစ် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖော်ဇာလာမွတ်အား ဒီဇင်ဘာလ (၆) ရက်နေ့က မင်းဘူးမြို့ ကိုင်းမကြီး ဘေးမဲ့တော ကြားစခန်းတွင် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း မင်းဘူး မြို့နယ် လူဝင်မှု ကြီးကြပ်ရေးမှူး ဦးသန့်ဇင်မှ အဆိုပါ ဥပဒေ ပုဒ်မဖြင့် တရားရုံး သို့ ဦးတိုက် လျောက်၍ တရား စွဲဆို ခဲ့ခြင်း ဖြစ်ကြောင်း၊ ဖော်ဇာလာမွတ်မှ မင်းဘူးမြို့နယ် တရားရုံးတွင် ၎င်း၌ အပြစ် ရှိကြောင်း၊ အလုပ် လုပ်ချင်၍ ခိုးဝင် လာခြင်း ဖြစ်ကြောင်း မှတ်ပုံတင် ကဒ်ပြား ပြုလုပ် ထားခြင်း မရှိကြောင်း၊ ၎င်း၏အဖနှင့်အမိထံတွင်လည်း မှတ်ပုံတင် ကဒ်ပြား မရှိကြောင်း ခရီးသွားရာတွင် မှတ်ပုံတင် ကဒ်ပြားပါ ရမည်ဖြစ်ပြီး မှတ်ပုံတင် ကဒ်ပြားလည်း မပါ ပြုလုပ် ထား ခြင်းလည်း မရှိ၍ ၎င်းတွင် အပြစ် ရှိပါ သည်ဟု ထွက်ဆို ၀န်ခံ ခဲ့ကြောင်း သိရသည်။

ဖော်ဇာလာမွတ်အား စတင် ဖမ်းမိချိန်မှ တရားရုံး အမိန့် ချပြီးသည်အထိ မင်းဘူးမြို့နယ် ရဲတပ်ဖွဲ့ စခန်းတွင် ထိန်းချုပ် ထားခဲ့ကြောင်း၊ မင်းဘူး မြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ ဒီဇင်ဘာလ (၁၃)ရက် နေ့ နံနက်ပိုင်းက အဆိုပါ အမှု ကိစ္စ အား သွားရောက် မေးမြန်းခဲ့ရာ အချုပ်ခန်း တာဝန်မှူးမှ ၎င်းတို့မှာ အမှု ကိစ္စနှင့် ပတ်သက်၍ ဘာမှ မသိရှိကြောင်း တရားခံ အမည်နှင့် အဖအမည်သာ သိရှိ၍ ၎င်းတို့တွင် ချုပ်ထား ရန်သာ တာဝန်ရှိကြောင်း ပြောကြား ခဲ့ပါသည်။

 မင်းဘူးမြို့နယ် လ၀ကမှူးထံ သွားရောက်မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် ဘာမှပြောပိုင်ခွင့်မရှိကြောင်း အထက် လူကြီးများမှ ပြောခွင့် ပေးမှ ပြောပြ၍ ရမည်ဖြစ်ကြောင်း အဆိုပါ ကိစ္စကို ရဲစခန်း၊ စသုံးလုံးနှင့် အက်(စ်)ဘီ ဌာနတို့ မှလည်း သိရှိပြီး ထိုဌာနများသို့ သွားရောက် မေးမြန်း ပါကလည်း ဖြေကြားခြင်း ပြုမည်မဟုတ်ဘဲ ၎င်းထံ သို့သာ ပြန်လည် စုံစမ်း မေးမြန်း ခိုင်းမည် ဖြစ်ကြောင်း မှတ်ပုံတင် မပါလျင် ယခု ကိစ္စတွင် မဟုတ်ဘဲ ယခင် ကတည်းက ၎င်းတို့ အနေဖြင့် တရားစွဲဆို ဆောင်ရွက် ခဲ့ကြောင်း ပြောကြား ခဲ့ပါသည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်