Tuesday, June 11, 2013

တရုတ်နိုင်ငံမှ အရှည်ကြာဆုံး အာကာသခရီးကို စတင်

Posted by drmyochit Tuesday, June 11, 2013, under | No comments

ဘေဂျင်း၊ဇွန် ၁၁။ တရုတ်နိုင်ငံသည် ယနေ့တွင် ၎င်းတို့နိုင်ငံမှ လွှတ်တင်ခဲ့သည့် အာကာသခရီးတွင် အရှည်ကြာဆုံးခရီးတစ်ခု စတင်မည်ဖြစ်ပြီး အာကာသ ယာဉ်မှူးများတွင် ဒုတိယမြောက် အမျိုးသမီးအာကာသယာဉ်မှူး ပါဝင်မည်ဖြစ်ကာ နိုင်ငံ၏တိုးတက်လာသော အင်အားပြယုဂ်တစ်ခုအဖြစ် ရည်ရွယ်ချက်ကြီးမားသော အာကာသခရီးစဉ်ကို ထပ်တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ အာကာသယာဉ်ရှန်ကျိုး-၁၀ကို ကိုဘီသဲကန္တာရအတွင်းရှိ ဂျူကွန်အာကာသယာဉ်လွှင့်တင်စခန်းမှ ဂရင်းနစ်စံတော်ချိန် ၉နာရီ၃၈တွင် လွှတ် တင်မည်ဖြစ်သည်။ အာကာသယာဉ်မှူးသုံးဦးလိုက်ပါမည်ဖြစ်ပြီး...

တစ်နှစ်ထက် တစ်နှစ် စံချိန်ချိုးနေသည့် ရန်ကုန်မြို့ရှိ မုဒိမ်းမှု

Posted by drmyochit Tuesday, June 11, 2013, under | No comments

၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းမှ မေလကုန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မုဒိမ်းမှုဖြစ်ပေါ်မှုမှာ ယမန်နှစ် တစ်နှစ်တာ စာရင်း၏ ထက်ဝက်နီးပါးခန့် ရှိနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ သတင်းထုတ်ပြန် ချက်အရ သိရှိရသည်။ ၂၀၁၂ ခုနှစ် တစ်နှစ်တာအတွင်း မုဒိမ်းမှု (၁၃၅) မှုဖြစ်ပွားခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ မေလကုန်အထိ မုဒိမ်းမှု (၆၁) မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ "အခုဆို ကလေးငယ်တွေကို အဓမ္မပြုကျင့်တဲ့အမှုတွေ ဘယ်သတင်းစာကိုင်ကိုင်မြင်နေရတယ်။ အသိပညာပေး မှုတွေ၊ ထိရောက်တဲ့အရေးယူမှုတွေလုပ်သင့်တယ်။ အရေးယူမှုက ထိရောက်မှုမရှိလို့သာ ဒီလိုဖြစ်တာတွေ ပိုများလာတာဖြစ်နိုင်တယ်"ဟု...

ပြည်သူ့ရင်ပြင်တွင် ရေကစားနေသူကို ရဲက ဓားဖြင့်ထိုး

Posted by drmyochit Tuesday, June 11, 2013, under | No comments

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင် အပန်းဖြေ ဥယျာဉ် အတွင်းရှိ ရေလွှာ လျှောစီး ကစားကွင်းတွင် ဇွန်လ ၉ ရက်ညနေ ၅ နာရီခန့်က ရေကစားနေသူ တစ်ဦးကို ရဲတပ်သားတစ်ဦးက ဓားဖြင့် ထိုးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။ ပြည်သူ့ရင်ပြင် ရေလွှာလျှောစီး ကစားကွင်းတွင် မအေးထူး (ခ) မဂျူးဝေနှင့် သူငယ်ချင်း ခုနစ်ဦး ရေကစားနေစဉ် ၂၄ နှစ်အရွယ် ရဲတပ်သား ဇင်မင်းသူက မအေးထူး (ခ) မဂျူးဝေကို ရေဖြင့်ပက်၍ စနောက်ရာ မအေးထူးနှင့် အတူ လိုက်ပါလာသည့် သူငယ်ချင်းများနှင့် စကားများ ရန်ဖြစ်စဉ် ရဲတပ်သားက အသင့်ယူလာသည့် ဓားဖြင့် သူငယ်ချင်း...

မလေးရှားရှိ မြန်မာများအတွက် အစွမ်းကုန် ကာကွယ်စောင့်ရှောက်ပေးရန် သမ္မတ ဦးသိန်းစိန် ပြောကြား

Posted by drmyochit Tuesday, June 11, 2013, under | No comments

မလေးရှားရှိ မြန်မာများအတွက် အစွမ်းကုန် ကာကွယ်စောင့်ရှောက်ပေးရန် မလေးရှား နိုင်ငံသို့ သွားရောက်မည့် မြန်မာအထူး ကိုယ်စားလှယ် အဖွဲ့အား သမ္မတ ဦးသိန်းစိန်က တွေ့ဆုံမှာကြားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်းရရှိသည်။ မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားများ အကြမ်းဖက် အသတ်ဖြတ်ခံနေရမှုနှင့် စပ်လျဉ်း၍ လေ့လာစုံစမ်းမှုများ ပြုလုပ်သွားရန် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ အလုပ်သမား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆောင်သည့် မြန်မာအထူး ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံသို့ မြန်မာနိုင်ငံမှ ဇွန် ၁၁ ရက် ညနေပိုင်းတွင် မလေးရှား လေကြောင်းလိုင်းဖြင့် သွားရောက်မည်ဖြစ်ကြောင်း...

လက်ပံတောင်းစီမံကိန်း ဆန်ကျင်ဆန္ဒပြသူများကို နိုင်ကျဉ်းစာရင်းတွင် သွင်းမည်

Posted by drmyochit Tuesday, June 11, 2013, under | No comments

လက်ပန်းတောင်းတောင် ဒေသခံ လယ်သမားများ ဆန္ဒပြစဉ်  နိုင်ငံရေးနှင့် ဆက်စပ်ပြီး ထောင်ကျပါက မည်သည့်ပုဒ်မနှင့်ကျသည်ဖြစ်စေ စီစစ်သွား မည်ဖြစ်ပြီး လက်ပံတောင်းေ ကြးနီ စီမံကိန်းကို ဆန့်ကျင်ဆန္ဒပြရာမှ ပြစ်ဒဏ်ချခံရသူများကို နိုင်ငံရေး အကျဉ်းသားစာရင်းတွင် ထည့်သွင်းဖော်ပြမည်ဟု နိုင်ငံရေး အကျဉ်းသား ပြန်လည်စီစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးညိုထွန်း က ပြောသည်။ ”ကျွန်တော်တို့ စီစစ်ထားတဲ့ ၁၅ဝ ဝန်းကျင်ကိုလာမယ့် တနင်္လာ၊ အင်္ဂါနေ့ကျရင် အတွင်းရေးမှူးရုံးကို ပို့လိုက်ပါမယ်။...

လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ဇနီးဖြစ်သူ ဓားဖြင့်ခုတ်၍ ခင်ပွန်း သေဆုံး

Posted by drmyochit Tuesday, June 11, 2013, under | No comments

ပုသိမ်   ဇွန်    ၁ဝ ဧရာဝတီတိုင်း ဒေသကြီး မအူပင် မြို့နယ်  ခြောက်ရွာကျေးရွာ အုပ်စု ရွှေပြည်သာ ကျေးရွာ၌   ယမန်နေ့ ညနေပိုင်းက ဇနီးဖြစ်သူမှ ခင်ပွန်းအား ဓားဖြင့်ခုတ်၍ သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၃ နာရီက မအူပင် မြို့နယ် ခြောက်ရွာ ကျေးရွာ အုပ်စု ရွှေပြည်သာ ကျေးရွာနေ ဦးညွန့်ဝေ ၃၄ နှစ်(ဘ) ဦးဟန်ညွန့်အား ၎င်း၏ဇနီး မယဉ်လှ ၃ဝ နှစ် (ဘ)ဦးမြဝင်းက လှေမည်သည့် နေရာတွင် ထားကြောင်း မေးမြန်းရာ   ဦးညွန့်ဝေက မသိရှိကြောင်း ပြောရာမှ လင်မယားချင်း စကားများ ရန်ဖြစ်ခဲ့ရာ မယဉ်လှက နေအိမ်၌ အသင့်ရှိသော ဓားအသွား ၂၂ လက်မ၊...

မလေးရောက် မြန်မာနိုင်ငံသားတွေကို အစိုးရက လုံးဝမမေ့ထားဘူးဟု ဦးရဲထွဋ်မှ ပြောကြား

Posted by drmyochit Tuesday, June 11, 2013, under | No comments

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားတွေ လုံခြုံရေးနဲ့ပတ်သက်ပြီး ညှိနှိုင်း ဆောင်ရွက်ဖို့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ မလေးရှားနိုင်ငံကို စေလွှတ်မှာဖြစ်တယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပြည်ထောင်စုဒုဝန်ကြီးဦးရဲထွဋ်က ပြောပါတယ်။ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ နှစ်နိုင်ငံညှိနှိုင်းနေတုန်းလို့လည်း ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ နှစ်နိုင်ငံညှိနှိုင်းနေတယ်ဆိုတော့ အမြန်ဆုံးက ၁-၂ ပတ်အတွင်း ဖြစ်နိုင်လား၊ ၁-၂ ရက်အတွင်းဖြစ်မလား။ “နှစ်ဖက်ညှိနှိုင်းမှုအပေါ် မူတည်တယ်။ သံတမန်ကိစ္စဆိုတော့ ဘယ်နှရက်၊ ဘယ်နှလ...

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း သမ္မတ တာဝန်ယူဖို့ ဆန္ဒရှိ

Posted by drmyochit Tuesday, June 11, 2013, under | No comments

အမေရိကန် ပြည်ထောင်စုကို ပထမဆုံးအကြိမ် လွှတ်တော်ကိုယ်စားလှယ် တဦးအဖြစ်နဲ့ ရောက်ရှိ လာတဲ့ ပြည် သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အနေနဲ့ အစိုးရအကြီးအကဲ သမ္မတတဦးအဖြစ် တာဝန်ယူဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ လွှတ်တော်ရေးရာ ကိစ္စရပ်တွေကို လေ့လာဖို့ ခရီးစဉ်တစိတ်တပိုင်းအဖြစ်နဲ့ ရောက်ရှိလာတဲ့ ခရီးစဉ်အတွင်း ဗွီအိုအေနဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ဦးရွှေမန်း ကအခုလို ပြောလိုက်တာပါ။ ၂၀၁၅ ခုနှစ်မှာ နောက်တကြိမ် ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ...

မလေးရှားတွင် ဆက်တိုက် တိုက်ခိုက်ခံရမှု မြန်မာနိုင်ငံသား ၆ ဦးထက်မနည်း သေ

မလေးရှား နိုင်ငံ၊ ကွာလာ လမ်ပူရှိ ဆေးရုံ တရုံမှ ဒဏ်ရာရ မြန်မာနိုင်ငံသား ၂ ဦး (ဓာတ်ပုံ – ဧရာဝတီ) မလေးရှား နိုင်ငံရောက် မြန်မာ နိုင်ငံ သားများသည် ဆက်တိုက် အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှု ခံနေရပြီး ယနေ့အထိ အသတ်ခံရသူ အနည်းဆုံး စုစုပေါင်း ၆ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့အနီး ဆာလာရမ်း (Sealyang) ဒေသရှိ ဈေး၌ အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား တချို့ မေလ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင် တိုက်ခိုက် သတ်ဖြတ်ခံရပြီးနောက်၊...

ဆင်းမ်ကတ် ဈေးနှုန်းထပ်ချ ပေးဦးမည်

Posted by drmyochit Tuesday, June 11, 2013, under | No comments

တယ်လီကွန်း အော်ပရေတာ အဖြစ် စတင်လုပ် ကိုင်ပါက ကျေးလက်နေ ပြည်သူ များပါ ဝယ်ယူ အ သုံးပြု နိုင်ရန် အတွက် ဖုန်း ဆင်းမ်ကတ် များကို လက်ရှိ ဖုန်းဈေးထက် အနိမ့် ဆုံး ဈေးနှုန်းဖြင့် ရောင်းချ မည်ဖြစ် ကြောင်း အများနှင့် သက်ဆိုင် သည့်ကုမ္ပဏီ အဖြစ် ပြင်ဆင်ဖွဲ့ စည်း လိုက်သည့် ရတနာပုံ တယ်လီပို့ကုမ္ပဏီ လီမိတက် မှ အမှုဆောင် အရာရှိချုပ် ဦးတင်ဝင်း က ပြောကြားလိုက်သည်။ တယ်လီကွန်း အော်ပရေတာ အဖြစ် မကြာမီ လုပ်ကိုင်တော့မည့် ရတနာပုံ တယ်လီပို့ အနေဖြင့် မြို့ပြနေ လူတန်းစား သာမက ကျေးလက်နေ ပြည်သူများပါ မိုဘိုင်းဖုန်း ကိုင်ဆောင် နိုင်ရန် ဆက်သွယ်ရေး အတွက် လိုအပ်သည့် အခြေခံ အဆောက်...

ရာဇာမင်းကား ဓါးမြ တိုက်ခံရသည့် နောက်ဆက်တွဲသတင်း

Posted by drmyochit Tuesday, June 11, 2013, under | No comments

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာ၊ မိုင်တိုင်အမှတ် (၁၅၄/၄) နှင့် (၁၅၄/၅) အကြားတွင် ဇွန်လ (၈) ရက်နေ့ ည (၁၀)နာရီအချိန်ခန့်က ကျိုက္ခမီ မှ ရန်ကုန်ဘက်သို့ ခရီးသည် (၃၀)ဦးခန့် လိုက်ပါ စီးနင်း လာသည့် ယာဉ်မောင်း ဦးဇော်လင်းထူး (၃၈)နှစ် မောင်းနှင်လာသော ရာဇာမင်း မှန်လုံ အမြန် ယာဉ်၊ ယာဉ်အမှတ် (၈ဇ/၁၁၁၁)အား ယာဉ်ပေါ်စီးနင်း လိုက်ပါလာသည့် အမည်မသိလူ (၅) ဦး (အဖွဲ့စိစစ်ဆဲ) လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ သထုံမြို့နယ် တောင်စွန်းကျေးရွာ၊ ဘုရား ကုန်းကြီး ကျောင်းကွေ့အနီး၊...

၉၆၉ တရားဟောလို့ အမုန်းတရားပွားတယ်ဆိုတာ လက်မခံဘူး

Posted by drmyochit Tuesday, June 11, 2013, under | No comments

၉၆၉ တရားဟောလို့ အမုန်းတရားပွားတယ်ဆိုတာ လက်မခံဘူး။ ရခိုင်နှစ်ကြိမ် ဂျီ်ဟတ်အလုပ်ခံရလို့ တစ်တိုင်းပြည်လုံးနာကျည်းနေတာ ၉၆၉ က အနာကျက်အောင်သာ လုပ်တာဖြစ်ပြီး အကြမ်းမဖက်တဲ့နည်းနဲ့ ကာကွယ်ဖို့သာ ဟောပြော ညွှန်ပြတာပါ။ ၇၈၆ ပေါ်တာ (၇၅)နှစ် ပြည့်ခဲ့ပြီ။ ၇၈၆ ကို မနာလို တိုရှည်လည်း မဖြစ်ခဲ့ဘူး။ ကြက်ခြေခတ် ရှုတ်ချတာလည်း မလုပ်ခဲ့ဘူး။ ဖျက်လိုဖျက်ဆီးလည်း မလုပ်ခဲ့ဘူး။ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ ကာကွယ်ဖို့အတွက် ၉၆၉ ဆိုင်မှာဘဲ ဈေးဝယ်တာ လူ့အခွင့်အရေးကို မထိခိုက်ပါဘူး။ ၇၈၆...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်