Tuesday, June 11, 2013

ရာဇာမင်းကား ဓါးမြ တိုက်ခံရသည့် နောက်ဆက်တွဲသတင်း

Posted by drmyochit Tuesday, June 11, 2013, under | No comments


မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာ၊ မိုင်တိုင်အမှတ် (၁၅၄/၄) နှင့် (၁၅၄/၅) အကြားတွင် ဇွန်လ (၈) ရက်နေ့ ည (၁၀)နာရီအချိန်ခန့်က ကျိုက္ခမီ မှ ရန်ကုန်ဘက်သို့ ခရီးသည် (၃၀)ဦးခန့် လိုက်ပါ စီးနင်း လာသည့် ယာဉ်မောင်း ဦးဇော်လင်းထူး (၃၈)နှစ် မောင်းနှင်လာသော ရာဇာမင်း မှန်လုံ အမြန် ယာဉ်၊ ယာဉ်အမှတ် (၈ဇ/၁၁၁၁)အား ယာဉ်ပေါ်စီးနင်း လိုက်ပါလာသည့် အမည်မသိလူ (၅) ဦး (အဖွဲ့စိစစ်ဆဲ) လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ သထုံမြို့နယ် တောင်စွန်းကျေးရွာ၊ ဘုရား ကုန်းကြီး ကျောင်းကွေ့အနီး၊ အောင်းစိုင်ကျေးရွာရွင်အ၀င်လမ်း (၁) ဖာလုံခန့်အထိ မောင်းဝင်ခိုင်းပြီး ယာဉ်ပေါ်ပါ ခရီးသည် အားလုံး ဆင်းခိုင်းကာ ကားနှင့် ၀ါးတစ်ပြန်အကွာ၌ ခေါင်းပေါ်လက်တင်ခိုင်းပြီး ခရီးသည်များထံမှ ရွှေငွေ ပစ္စည်းများ လုယူသွားခဲ့သည်။

ယင်းနောက် ယာဉ်နောက်လိုက် နိုင်လင်းထွန်း (၂၆) နှစ် အား၊ ကားမီးရှို့ရန် ဓါတ်ဆီတိုင်ကီဖွင့်ခိုင်းရာမှ ပစ္စည်း ထည့်သည့် ဘောက်(စ်)နှင့် မှားယွင်းစွာဖွင့်ပေးခြင်းအတွက် ဦးခေါင်းသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာ တွင် ပွဲချင်းပြီးသေဆုံးပြီး ဆက်လက်၍ ယာဉ်မောင်း ဦးဇော်လင်းထူး အားဆက်လက်ပစ်ခတ်ရာ ပါးစပ် ဒါဏ်ရာ ရရှိပြီး၊ သထုံခရိုင်ပြည်သူ့ဆေးရုံမှ မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ အတွင်း လူနာ အဖြစ်ပို့ဆောင်ခဲ့ရာ ဇွန်လ (၉) ရက် နံနက်ပိုင်း တွင်သေဆုံးခဲ့ကြောင်း သိရှိရသည်။

အခင်းဖြစ်ရာနေရာသို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ သထုံခရိုင်ရဲတပ်ဖွဲ့မှူး၊ သထုံမြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် တပ်ဖွဲ့ဝင် များရောက်ရှိပြီး တရားခံများ အချိန်မီ ဖမ်းဆီးရမိရေးကိုဆောင်ရွက်လျက်ရှီကြောင်းနှင့် နယ်မြေခံ တပ်မတော်ကလည်း နယ်မြေ လိုက်လံရှင်းလင်းလျှက်ရှိကြောင်း သိရှိရပြီး သထုံမြို့နယ် မြို့မရဲစခန်းမှ ပ/၉၀/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၉၆)အရ တရားလိုပြု အမှုဖွင့်အရေးယူ ထားကြောင်း သိရှိရသည်။

Myanmar News Now

Lainnya dari Crime

ဖါးရိုက်ထွက်ရာမှ မောင်တော နတလ ရွာသား တစ်ဦး ဓါးထိုးခံရ
ခရီးသည်တင်မှန်လုံယာဉ်အား ဓါးပြတိုက်
အမျိုးသမီးတဦးကို ဆဲမှုနဲ့ဖမ်းချုပ်ပြီး အာမခံပေးဖို့ ပိုက်ဆံတောင်း
မုဒိန်းမှု၏ ၅၀ ရာခိုင်နှုန်းနီးပါး အရွယ်မရောက်သေးသူများ ဖြစ်နေ
ကံစမ်းမဲပေါက်သည်ဟုဆိုကာ ငွေကျပ်(၁ဝ)သိန်း ဖုန်းဖြင့်လိမ်လည်ရယူ
မီးလောင်မှုကြောင့် လူသေဆုံးမှု နှစ်ဆခန့်မြင့်
ရန်ကုန်တွင် သုံးရက်လျှင် တစ်ကြိမ်ခန့် လူသတ်မှုဖြစ်ပွား
လွှတ်တော်အမတ်၏တူ လူသတ်တရားခံ သေနတ်လုထွက်ပြေး - ပစ်ခတ်မှုဖြစ် ရဲတဦးသေ
လူကုန်ကူးခံရသူများအား ကယ်တင်
ရာဇာမင်း ဓါးမြတိုက်ခံရမှု နောက်ဆုံးရ သတင်း

From: ads

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်