ကျန်းမာရေး အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာန လက်မှတ် မပါဘဲ နယ်စပ်က တဆင့် ၀င်ရောက်နေ တဲ့ စားသောက် ကုန်တွေ အများ စုဟာ ထိုင်းနိုင်ငံ ထဲက ဖြစ်တယ် လို့ စီးပွား ကူးသန်း ၀န်ကြီး ဌာနက သိရပါတယ်။
စီးပွား ကူးသန်း ၀န်ကြီးရုံး ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက “ဖမ်းမိတဲ့ ကိန်း ဂဏန်းတွေ အရပြန်ကြည့် ရင်တော့ အဲဒါက ရာခိုင်နှုန်း အများကြီးတော့ မဟုတ်ပါဘူး။ ဖမ်း မိတဲ့ အသား၊ ငါး ဆို တာထက် FDA အသိ အမှတ်ပြု လက်မှတ် မပါတဲ့ စားသောက် ကုန် ပစ္စည်းတွေ ဆိုရင် ပိုကောင်းမယ် ထင်တယ်။ FDA အသိ အမှတ်ပြု လက်မှတ် မပါဘဲ တရား မ၀င် သွင်း လာတဲ့ စားသောက် ကုန်တွေ ထဲမှာ ဆီလို ဟာမျိုး တွေ၊...