Friday, March 15, 2013

"၀န်ထမ်းလစာများ ကျပ်နှစ်သောင်းတိုးရန် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ"

Posted by drmyochit Friday, March 15, 2013, under | No comments


နေပြည်တော် မတ်လ ၁၅ ရက်

၂၀၁၃ ခုနှစ် ပြည်ထောင် စု၏ ဘဏ္ဍာငွေအရ သုံးဆိုင်ရာ ဥပဒေကြမ်း ကို ပြည်ထောင်စု အစိုးရ အဖွဲ့ ကိုယ်စား ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန် က ပြည်ထောင်စု လွှတ်တော် သို့ တင်သွင်း ရာတွင် ယခုနှစ် ၂၀၁၃.၂၀၁၄ ခုနှစ်တွင် နိုင်ငံ ၀န်ထမ်း များ အတွက် လစာနှုန်း
ထားကို ကျပ် ၂၀၀၀၀ (နှစ်သောင်း)စီ တိုးမြင့်ပေးရန် နှင့် အချိုးကျ တိုးမြင့်လာမည့် ပင်စင်လစာ ဆုငွေများ
အတွက် သာမန် အသုံး စရိတ်တွင် ထည့်သွင်း လျာထား ထားကြောင်း၊ ထို့အပြင် လက်ရှိ ခံစား ခွင့် ပြု ထားသော အပိုထောက် ပံ့ကြေး ၊ဒေသ စရိတ် တို့ကို လည်းပြောင်း လည်းမှု မရှိ ဘဲ ဆက် လက်ထောက် ပံ့သွား ရန် လျှာထား ထားကြောင်း ပြောကြား သည်။ ထို့ကြောင့် နိုင်ငံတော်၏ အမြဲတမ်းဝန်ထမ်းပေါင်း ၁ သန်း နှင့် ၂ သိန်း ခန့်နှင့် နေ့စား ၀န်ထမ်း ဦးရေ ၇သောင်း ၄ ထောင်ခန့်နှင့် အငြိမ်းစားဝန်ထမ်းဦးရေ ၇ သိန်း ၆ သောင်း ခန့်တို့အတွက် ခန့်မှန်းလျာထားငွေ ကျပ် ၃၈၅ . ၆၈၂ ဘီလီယံ ကုန်ကျ မည်  ဖြစ်ကြောင်း သိရ သည်။

( စိုင်းနောင်ပေးပို့သည်)

Popular Myanmar News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်