Friday, March 15, 2013

တရား မ၀င် စားသောက် ကုန် အများစု ထိုင်း နိုင်ငံက တင်သွင်း ဟုဆို

Posted by drmyochit Friday, March 15, 2013, under | No comments

ကျန်းမာရေး အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာန လက်မှတ် မပါဘဲ နယ်စပ်က တဆင့် ၀င်ရောက်နေ တဲ့ စားသောက် ကုန်တွေ အများ စုဟာ ထိုင်းနိုင်ငံ ထဲက ဖြစ်တယ် လို့ စီးပွား ကူးသန်း ၀န်ကြီး ဌာနက သိရပါတယ်။

စီးပွား ကူးသန်း ၀န်ကြီးရုံး ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက “ဖမ်းမိတဲ့ ကိန်း ဂဏန်းတွေ အရပြန်ကြည့် ရင်တော့ အဲဒါက ရာခိုင်နှုန်း အများကြီးတော့ မဟုတ်ပါဘူး။ ဖမ်း မိတဲ့ အသား၊ ငါး ဆို တာထက် FDA အသိ အမှတ်ပြု လက်မှတ် မပါတဲ့ စားသောက် ကုန် ပစ္စည်းတွေ ဆိုရင် ပိုကောင်းမယ် ထင်တယ်။ FDA အသိ အမှတ်ပြု လက်မှတ် မပါဘဲ တရား မ၀င် သွင်း လာတဲ့ စားသောက် ကုန်တွေ ထဲမှာ ဆီလို ဟာမျိုး တွေ၊ အသား အစိုလို ဟာမျိုးတွေနဲ့ ခေါက်ဆွဲခြောက်၊ မုန့်အ ခြောက်လို တာရှည်ခံ လုပ်ထားတဲ့ စားသောက် ကုန်တွေ ဒီလို ၃ မျိုး တော့ ကွဲနေတယ်။ အဓိကအနေနဲ့ ထိုင်း နိုင်ငံက ၀င်နေ တာများ တယ်။ တရုတ် ဘက်က လည်း အထက်မြန် မာပြည် လမ်းကြောင်း အနေနဲ့ ၀င်နေတာ ရှိတယ်။ ကိန်းဂဏန်း အနေနဲ့ ထိုင်းနယ် စပ် မြ၀တီ လမ်းကြောင်း ဘက်က ပိုများ တယ်” လို့ ပြော ပါတယ်။


ပြည်တွင်းဈေး ကွက်ထဲ တရားမ၀င် ၀င်ရောက်နေတဲ့ သားငါးတွေကို တွေ့ ရင် အကြောင်းကြား ဖို့ မွေးမြူ ရေးနဲ့ ကုသရေး ဦးစီး ဌာန ကလည်း ကြေညာချက် ထုတ်ပြန် ထား ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အဲ့ဒီဌာနက ဒုတိယ ညွှန်ကြားရေး မှူး ချုပ် ဒေါက်တာအောင်ကြီးက “တရားမ၀င် အသား၊ ငါးဆို တာက ဥပမာ နိုင်ငံခြားကနေ တင်သွင်း တယ် ဆိုရင် ကျနော်တို့ ဆီမှာ ကျန်းမာရေး စစ်ဆေးချက် ထောက်ခံချက် လက်မှတ် ထုတ်ရ တယ်လေ။ အဲလို ထောက်ခံချက် လက်မှတ် ပါမလာရင် နယ်စပ်ဖြတ်ကျော် ကူးစက်ရော ဂါတွေ ပါလာ နိုင်တယ်။ ပါလာ နိုင်လို့ အဲလို တရား မ၀င် အသား၊ ငါးတွေ တင်သွင်း ရင်တော့ ကျနော်တို့ ဌာနကို အကြောင်းကြားပါ။ ဌာန အနေနဲ့ လိုအပ် သလို စိစစ်ဆောင် ရွက်သွား မယ်။ အထူးသဖြင့်တော့ ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက် လို့ပါ” လို့ ပြောပါတယ်။

မြန်မာ စီးပွား ကူးသန်း ၀န်ကြီး ဌာန အနေနဲ့ လည်း အသား အစိုတွေကို နယ်စပ်က တရားဝင် တင်သွင်း ခွင့် ခွင့်ပြု မထားဘူးလို့ ဦးတင် ရဲဝင်းက ပြောပါတယ်။

“အသား အစိုနဲ့ ပတ်သက်ရင် တင်သွင်းခွင့် မပေး ပါဘူး။ အသား အစိုတွေမှာ FDA အသိ အမှတ်ပြု လက်မှတ် စစ်ဆေးဖို့ ခက်ခဲ ပါတယ်။ နောက် ပြည်တွင်း မှာလည်း အသား အစိုတွေနဲ့ ပတ်သက်တဲ့ ထုတ်လုပ်မှုကိန်း ဂဏန်း အရ လုံလောက်နေ တဲ့အတွက် ပြည်ပ ကနေ လောလော ဆယ် တင်သွင်းရန် မလိုသေး ဘူးလို့ အသင်း အဖွဲ့ တွေရဲ့ ထောက်ခံ ချက်လည်း ရယူ ထားတယ်။ တတိယ အချက်က ၀င်လာတဲ့ အသား အစိုတွေ မှာလည်း ဥပမာအားဖြင့် တရုတ်နိုင်ငံဖြစ်ဖြစ်၊ ထိုင်းနိုင်ငံဖြစ်ဖြစ် အဲနိုင်ငံတွေ က လူ အများ စားသုံးရန် သင့်တော် ပါတယ် ဆိုတဲ့ တရားဝင် အသိ အမှတ်ပြု လက်မှတ်တွေ တခုမှလည်း ပါမလာ လို့ပါ။”

လတ် တလောမှာ မြန်မာပြည် ထဲက အေးခဲ အမဲ သားတွေ တရုတ်ပြည်ကို တရားမ၀င် တင်ပို့ နေတာ၊ ထိုင်းနိုင်ငံ က အေးခဲ ကြက်သားတွေ တရားမ၀င် တင်သွင်းနေ တာတွေ ရှိနေပြီး သက်ဆိုင်ရာက စစ်ဆေးတွေ့ ရှိရင် ဖျက်ဆီး ပစ်ပါတယ်။ 

DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်