ရန်ကုန်၊ သြဂုတ် ၆
မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ မဉ္ဇူသကလမ်း၊ အပိုင် ( ၆ ) တွင် သြဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ခန့်က အသက် ၂၁ နှစ်အရွယ် ကိုဇေယျာထွန်းသည် ၄င်း၏ချစ်သူ ဆိုသူ အဆိပ်သောက် သေဆုံး သွားပြီးနောက် အမြင့် ၁၀ ပေခန့်ရှိ နေအိမ် ထုတ်တန်းတွင် လျှပ်စစ်မီးပူသုံး ဝါယာကြိုးဖြင့် လည်ပင်းကို ကြိုးဆွဲချသေဆုံးခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ်မြို့မ ရဲစခန်းထံမှ သိရှိ ရသည်။
ကိုဇေယျာထွန်း၏ ချစ်သူဆိုသူသည် လွန်ခဲ့သည့် ၁၃ ရက်ခန့်က ၄င်းနေထိုင်သည့် တိုက်ကြီးမြို့နယ် နေအိမ်၌ပင် အဆိပ်သောက် သေဆုံးခဲ့ပြီး ကိုဇေယျာထွန်းက သေချင်သည်ဟု မိဘများကို မကြာခဏ ထုတ်ဖော်ပြောလေ့...