Monday, March 18, 2013

သံသယကြောင့် ဘင်္ဂလာဒေခ်ျ့ ရဲသား ၃ ဦးကို မြန်မာက ပြန်မလွှတ်

Posted by drmyochit Monday, March 18, 2013, under | No comments


ဖမ်းဆီး ခံထား ရသော ဘင်္ဂလာ ရဲသား ၃ ဦးနှင့် အရပ်သား တစ်ဦး တို့ လွှတ်မြောက်ရေး အတွက် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံ အကြား တပ်မှူး အဆင့် အလံတင် အ စည်း အဝေးကို ယမန်နေ့က ကျင်းပ ခဲ့သော်လည်း မြန်မာ ဘက်က ဖမ်းဆီး ထားသူ များကို  ပြန် မလွှတ် ဘဲ ဆက်လက် ထိန်းသိမ်း ထားဟု သတင်း ရရှိသည်။


Photo: အလံတင် အစည်းအဝေး တစ်ခုကို တွေ့ရစဉ်။

နှစ်နိုင်ငံ အလံတင် အစည်း အဝေးအား ယမန်နေ့ နံနက် ၁၁  နာရီမှ နေ့လည် တစ်နာရီခွဲ အချိန်ထိ မြန်မာ နယ်စပ် ဒက်ခူ ဘာနီယာ အရပ်တွင် ပြုလုပ်ခဲ့သော်လည်း ဖမ်းဆီးခံ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများကို မြန်မာ ဘက်က လွှတ်ပေး ရန် သဘော မတူ ခဲ့ဟု ဆိုသည်။

မြန်မာ ဘက်က အဖမ်း ခံရသူ များနှင့် ပတ် သက်ပြီး သံ သယများ ရှိနေပြီး ဆက်လက် စစ်ဆေး စရာများ ရှိနေသေး သည်ဟု ဆိုကာ ယခု အစည်းအဝေးတွင် လွှတ်ပေးရန်မှာ မဖြစ်နိုင်ကြောင်း ပြောဆို ခဲ့သည်ဟု ဆို သည်။

ဘင်္ဂ လာဒေခ်ျ့ အရာရှိများမှ သူတို့ နိုင်ငံသား ၄ ဦးကို နောက် လာမည့် တပ်မှူး အဆင့် အလံတင် အစည်း အဝေးတွင် မြန်မာ ဘက်က လွှတ်ပေး လိမ့်မည်ဟု မျှော် လင့်ကြောင်း ပြောဆိုသည်။

သာမန် အရပ်သား အ၀တ်များကို ၀တ်ဆင်ထားသော ဘင်္ဂလာဒေခ်ျ့ ရဲသား ၃ ဦးနှင့် အရပ်သား တစ်ဦး တို့သည် မြန်မာနိုင်ငံ အထဲ ၀င်ရောက်ပြီး အရေးကြီးသော နေရာများ ဓါတ်ပုံရိုက်သဖြင့် မြန်မာ နယ်စပ် လုံခြုံရေး တပ်ဖွဲ့က လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ဖမ်းဆီးခဲ့သည်။

နစက တပ်ဖွဲ့နှင့် နီးစပ်သူများ အပြော အရ သူတို့သည် နိုင်ငံခြား အဖွဲ့ အစည်း တစ်ခုမှ ငွေယူပြီး မြန် မာနိုင်ငံ ထဲသို့ ၀င်ရောက် ကာ ဓါတ် ပုံ ရိုက်ခြင်း ဖြစ်ကြောင်း စစ်ဆေးစဉ် ပြောဆို သည်ဟု ဆိုသည်။

ဖမ်းဆီး ခံရသူ ရဲတပ်သား သုံးဦးထဲတွင် တစ်ဦးမှာ ကော့တော့ ပလောင် မြန်မာ မွတ် ဆလင် ဒုက္ခသည် စခန်းတွင် တာဝန် ကျနေသူ ဖြစ်ပြီး နောက်နှစ် ဦးမှာ အိုကီး ယားမြို့ ရုပ်မြင်သံကြား ထပ်ဆင့် လွှင့်ရုံတွင် တာဝန် ကျနေ သူများ ဖြစ်သဖြင့် မြန်မာ အာဏာပိုင် များကို ပိုမို သံ သယနှင့် ရှုပ်ထွေး မူကို ဖြစ်စေ သည်ဟု ဆို သည်။

အလံ တင် အစည်း အဝေးတွင် ဘင်္ဂလာ ဒေခ်ျ့ အာဏာ ပိုင်များက သူတို့ နာမည် များနှင့် ဓါတ်ပုံ များကို မြန်မာ ဘက်သို့ ပေးခဲ့ သည်ဟု ဆိုသည်။

ယမန်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေးသို့ ဘင်္ဂလာဒေခ်ျ့ဘက်မှ အမှတ် ၁၇ ဘီဂျီဘီ တပ်ရင်းမှူး ဒုဗိုလ် မှူးကြီး ခါလေ ကျူဇာမန် ဦးဆောင် သာ ကိုယ်စားလှယ် (၈) ဦးပါ အဖွဲ့ တက်ရောက်ပြီး မြန်မာ ဘက်မှ နစက ဒု ကွပ်ကဲ ရေးမှူး ဦးဆောင်သော (၈) ဦးပါ  ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့သည်ဟု ဆို သည်။

နိရဉ္စရာ

ရှမ်းမျိုးနွယ်စု လေးခုကိုပေါင်းစည်းပြီး ရှမ်းနီလူမျိုးအဖြစ် သတ်မှတ်

Posted by drmyochit Monday, March 18, 2013, under | No comments


တိုင်းလိုင် (တိုင်းလျန်)၊ တိုင်းနိုင်း ၊ ရှမ်းဗမာ၊ ရှမ်း ကလေး အစ ရှိတဲ့ အမည်နာ မတွေနဲ့ အမည် နာမ လေး မျိုး ကွဲပြားနေပြီး စစ်ကိုင်း တိုင်းနဲ့ ကချင်ပြည် နယ်မှာ နေထိုင် ကြတဲ့ ရှမ်းမျိုးနွယ်စု တွေရဲ့ အမည်ကို တစ်ပေါင်း တစ်စည်း ထဲဖြစ်ဖို့ ရည် ရွယ်ပြီး အဲဒီ မျိုးနွယ် စုတွေရဲ့ ကိုယ်စား ပြု နာမည် အဖြစ် ရှမ်းနီ လူမျိုး ဆိုတဲ့ အမည် နာမကို သတ်မှတ် လိုက်ကြ ပါတယ်။

မန္တလေးမြို့ တိုင်းလိုင် (ခေါ်) ရှမ်းနီ အမျိုး သားပါတီ ဌာနချုပ်မှာ မနေ့က ကျင်းပတဲ့ ရှမ်းနီ မျိုးနွယ်စု ပေါင်း စုံရဲ့ ကိုယ်စား လှယ်တွေ အပါဝင်၊ ပါတီပေါင်းစုံက ကိုယ်စားလှယ်တွေ၊ အစိုးရ ဌာနတွေက အဆင့်မြင့် အရာ ရှိတွေ ပါဝင်တဲ့ ဆွေးနွေး ပွဲမှာ ခုလို ဆုံးဖြတ် ခဲ့ကြ တာပါ။

ဒီဆွေးနွေး ပွဲမှာ ရှမ်းနီတိုင်းရင်း သားတွေဖြစ်တဲ့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူး ကြီးစန်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ပြည်ခိုင်ဖြိုးပါတီက ဦးစန်းရွှေ၊ ကချင်ပြည်နယ် ရှမ်း တိုင်းရင်းသား ရေးရာဝန်ကြီး၊ ရှမ်းတိုင်းရင်းများ ဒီမိုကရက်တစ်ပါတီက ဒေါ်ခင်ပြုံး ရည်၊ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်တွေဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီဝင် ဦးစံပြည့်နဲ့ ဦးဖေသောင်း တို့အပါအဝင် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေက ကိုယ်စားလှယ် (၅၀) ကျော် တက်ရောက်ဆွေးနွေး ခဲ့ကြ တာဖြစ် ပါတယ်။ 

အမည် နာမကို တမျိုးထဲ သတ်မှတ် ခဲ့သလို တိုင်း ရင်းသား ဘာသာ စာပေ အဖြစ် လက်ရှိ အသုံးပြုနေတဲ့ ရှမ်းနီ စာပေကိုပဲ ဆက်လက် အသုံးပြု သွားမယ်လို့ သိရပါတယ်။

ရှမ်းနီ လူမျိုးတွေဟာ စစ်ကိုင်း တိုင်းေ ဒသကြီးနဲ့ ကချင်ပြည်နယ် အတွင်းမှာ (၂) သန်းကျော် အခြေချ နေထိုင် လျက်ရှိ တယ်လို့ သိရပါတယ်။

အဲဒီ ဆွေးနွေး ပွဲမှာ လူမျိုး နာမည်နဲ့ ရှမ်းနီ တိုင်းရင်းသား ဝတ်စုံ သတ် မှတ်ရေး ကို ဆွေးနွေး ခဲ့ကြပေမယ့် ပြေလည်မှု မရရှိ သေးဘူးလို့လည်း သိရပါတယ်။

RFA မြန်မာပိုင်း

ရေလောင်းအိမ်သာခန်းအတွင်း အမျိုးသမီးတစ်ဦး မိမိကိုယ်ကို ဓါတ်ဆီလောင်း၍မီးရှို့သေဆုံး

Posted by drmyochit Monday, March 18, 2013, under | No comments


နေပြည်တော်၊ မတ် ၁၈

၁၇-၃-၂၀၁၃ ရက်နေ့ ၀၀၃၅ အချိန် နေပြည်တော်၊ ဇမ္ဗူ သီရိမြို့နယ်၊ သုခ သိဒ္ဓိ ရပ်ကွက်။ တိုက် အမှတ် (၄၃၁၇)၊ အခန်း အမှတ်(၂၃)တွင် မီးလောင် မှု ဖြစ်ပွားကြောင်း သတင်းအရ နေပြည် တော် အမှတ်(၉) ရဲစခန်း မှ တပ်ဖွဲ့ဝင်များ သွား ရောက် စစ်ဆေးရာ သတင်းနှင့် နည်းပညာ ၀န်ကြီး ဌာန၊ ဗဟိုစာ တိုက်ကြီးမှ ဦးကျော်စွာ မင်း၏ ဇနီးဖြစ် သူ ဒေါ်ခင်သန်းထွေး(၃၃)နှစ်အား နေအိမ် တိုက်ခန်း အိမ်သာအတွင်း မီးလောင် ဒဏ် ရာများဖြင့် သေဆုံးနေ သည်ကို တွေ့ရှိရပြီး  ၎င်း၏ ခင်ပွန်းဖြစ် သူ ဦးကျော်စွာမင်မှာ ဇနီးသည် မီးလောင်နေ သည်ကို ငြိမ်းသတ်စဉ် ၀ဲ/ယာ လက်တို့တွင် မီးလောင် ဒဏ်ရာ များရရှိခဲ့သဖြင့် နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံ သို့ ပို့အပ်ခဲ့ပြီး နေပြည်တော် အမှတ်(၉) ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၃) ဖြင့် အမှုဖွင့် စစ်ဆေး ခဲ့သည်။

စစ်ဆေးချက်အရ ဦးကျော်စွာမင်း၏ ဖနီးဖြစ်သူ ခေါ်ခင်သန်းထွေးမှာ နေအိမ်၌ ဈေးဆိုင်/ လက်လီ ဖွင့်လှစ် ရောင်းချပြီး ငွေကြေးလိုအပ်နေသဖြင့် လွန်ခဲ့သော တစ်ပတ်ခန့်က ငွေကျပ်(၆၅၀၀၀၀ိ/-)အား ပြင်ပမှ ချေးယူ ပေးခဲ့ကြောင်း၊ ရုံးသုံး ဆိုင်ကယ်အတွက် ရေလောင်းအိမ်သာခန်း အတွင်းတွင် ဓါတ်ဆီ ရေသန့်ဗူး ၂ ဗူး ထည့် ထားကြောင်း၊ အခင်းဖြစ်နေ့ ၂၂၃၀ အချိန်တွင် ရေလောင်းအိမ်သာခန်း အတွင်းမှ အသံများ ကြားရ သဖြင့် တံခါးအား ဆောင့်ဖွင့်ရာ မီးတောက်များ အခန်း အပြင်သို့ ထွက်လာပြီး ၎င်း၏ လည်ပင်း၊ ရင် ဘတ်၊ ယာဘက် ခြေထောက်နှင့် လက်နှစ်ဘက်တို့တွင် မီးလောင် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ၎င်း၏ အော် ဟစ် အကူ အညီ တောင်းခံမှုကြောင့် မျက်နှာချင်းဆိုင် အခန်းနေ ဦးချိုနိုင် (၄၆)နှစ်မှ အခန်း တံခါး ဖွင့်ခိုင်း သဖြင့် အခန်း တံခါးဖွင့်ပေးစဉ် နေအိမ် တိုက်ခန်း နေထိုင်သူများမှ မီူသတ် ဆေးဗူးများဖြင့်ရောက်ရှိလာပြီး ၀ိုင်း ၀န်း မီးငြှိမ်းသတ်သဖြင့် မီးငြိမ်းသွားခဲ့ပြီး ခေါ်ခင်သန်းထွေးမှာ ရေလောင်းအိမ်သာခန်း အနောက်ဘက် နံရံတွင် ခေါင်းမှီ၍ မီးလောင် သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် တိုက်အုပ်ဖြစ်သူ ဦးမင်းသန်းနိုင်မှ အမှတ် (၉) ရဲစ ခန်းသို့ တယ်လီဖုန်းဖြင့် အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 

ထို့ပြင် သေဆုံးသူ ခေါ်ခင်သန်းထွေးမှာ ပျဉ်းမနားမြို့၊ ကျောက်တော် ရပ်ကွက် ဇာတိ ဖြစ်ပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးကျော်စွာမင်းမှာ ပျဉ်းမနားမြို့၊ ရန်အောင် (၂) ရပ်ကွက်နေသူ ဖြစ်ကြောင်း၊ ၎င်းတို့တွင် အသက် (၅)နှစ် အရွယ်ခန့် သားတစ်ဦး ရှိကြောင်း၊ ၎င်းတို့ လင်မယား ရန်ဖြစ်သည်ကို တွေ့မြင် ကြားသိ ခဲ့ရခြင်း မရှိကြောင်း ပတ်ဝန်းကျင် သက်သေများ၏ ပြောပြချက်အရ သိရှိရပြီး မှုခင်း ဆရာဝန်ကြီး၏ ရင်ခွဲ စစ်ဆေး ချက်အရ သေဆုံးသူ ခေါ်ခင်သန်းထွေးတွင် မီးလောင် ဒဏ်ရာမှအပ အခြား ဒဏ်ရာများ တွေ့ရှိ ရခြင်း မရှိကြောင်း နှင့်မသေဆုံးမီ အသက် ရှူလမ်းကြောင်း မှ တဆင့် အဆုတ်ထဲသို့ မီးခိုးငွေ့များ ၀င်ရောက်ပြီး သေ ဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရဲဇာနည် 

အောက်စဖို့ဒ် တက္ကသိုလ် ဆွေးနွေးပွဲတွင် ဒေါ်စုအား ပြင်းထန်စွာ ဝေဖန်လိုက်ကြ

Posted by drmyochit Monday, March 18, 2013, under | No comments

လက်ပံတောင်း အစီရင်ခံစာ ထွက်ပေါ် လာခဲ့ပြီး နောက်ပိုင်း ရက် အနည်း ငယ်သည် အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် အတွက် ခက်ခဲ၍ အရေးကြီးသော သီတင်းပတ် ဖြစ်သည်ဟု အချို့က ဆိုကြ သည်။

မီဒီ ယာများ၊ နိုင်ငံ တကာ အသိုင်း အဝိုင်းများ၊ ယခင်က ဒေါ်အောင် ဆန်းစုကြည် အား ထောက်ခံ ခဲ့သူများ သာ မက အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ပါတီဝင်များ သည်ပင်လျှင် လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် ခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ရပ်တည်ချက် အပေါ် ပြင်းထန်စွာ ဝေဖန် စရာများ ရှိခဲ့သည်။

ဒေါ်အောင် ဆန်းစုကြည် သည် သူ ငယ်ရွယ်စဉ်က ပညာ ဆည်းပူးခဲ့ဖူးသည့် အောက်စဖို့ဒ် တက္ကသိုလ်၌ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က မိန့်ခွန်း ပြောကြား ခဲ့ရာတွင် မြန်မာ နိုင်ငံ အနေဖြင့် အနာဂတ် အောင်မြင်နိုင် ရေး လမ်းခရီးကို ဖြတ်သန်း ရာတွင် လွယ်ကူလိမ့်မည် မဟုတ်ဟု ဆိုခဲ့ဖူးသည်။ 

ယခုအခါတွင်မူ ဒေါ်အောင်ဆန်းစုကြည် ပညာဆည်းပူးခဲ့သည့် ကျောင်းတော်ဟောင်း အောက်စဖို့ဒ် တက္က သိုလ်မှ ပညာရှင်များကလည်း လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်ကော်မရှင်၏ ရပ်တည်ချက်အပေါ် ဝေဖန်လာကြသည်။ 

မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့ အထိ အောက်စဖို့ဒ် တက္ကသိုလ်တွင် ကျင်းပခဲ့သည့် ဒုတိယ အကြိမ်မြောက် အရှေ့တောင် အာရှ လေ့လာရေး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ပတ်သတ်သည့် အကြောင်း အရာများက လွှမ်းမိုး ခဲ့သည်ဟု Oxford Student အစီရင်ခံစာ တစောင်က ဆိုသည်။   

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲရေး အပေါ် အပြု သဘော ဆောင်သည့် မီဒီယာ ဖော်ပြမှုများ ရှိသော်လည်း
 မြန်မာနိုင်ငံ အတွင်း ဖွံ့ဖြိုး တိုးတက်မှုများနှင့် ပတ်သတ်၍ သံသယဖြင့်သာ ရှုမြင်သင့်ကာ စစ်မှန်သော အပြောင်း အလဲ ပေါ်ပေါက်ရေး အတွက် အခွင့်အလမ်း လွဲချော်နေဆဲ ဖြစ်သည်ဟု အရှေ့တောင်အာရှ သမိုင်း ဆိုင်ရာ ဂုဏ် ထူးဆောင် ပုဂ္ဂိုလ် Dr. Peter Carey က ပြောဆိုခဲ့သည်ဟု သတင်းများက ဆိုကြ သည်။ 

အစိုးရက ကချင်လက်နက်ကိုင် အဖွဲ့ကို တိုက်ခိုက်နေခဲ့သည့် ကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်က တောက်လျှောက် နှုတ်ဆိတ်နေခဲ့ခြင်းအပေါ် အထူးဝေဖန်ခဲ့ကြသည်ဟု Oxford Student အစီရင်ခံစာက ဆို သည်။ ထို့ပြင် လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စရပ်များအပေါ် မဝေဖန်ခဲ့သောကြောင့် စိတ်ပိုင်းဆိုင်ရာ သြဇာညောင်း မှုကို ဆုံးရှုံးနေ သည်ဟုလည်း ဆိုခဲ့သည်။ 

“မျှော်လင့် ချက်တွေ ဟာ နည်းပါးနေပါတယ်။ နောက်ပြီး ဒေါ်စုဟာလည်း ပြောသင့်တာတွေကို ပြောဖို့လို အပ်ပါတယ်” ဟု Dr. Carey က ဆိုသည်။ 

မြန်မာနိုင်ငံ အတွင်း ပြုပြင်ပြောင်းလဲမှုများသည် အမှန်တကယ် သဘာဝကျကျ တိုးတက်နေခြင်း ရှိမရှိကို လည်းဆွေးနွေးပွဲ တက်ရောက်သူများကို Oxford Student အဖွဲ့က မေးခွန်း ထုတ်ခဲ့ သေးသည်။ Burma Campaign (UK) မှ အလုပ် အမှု ဆောင် ဒါရိုက်တာ Anna Robert က “ရည်ရွယ်ချက်တွေဟာ ဒီမိုကရေစီ နည်း ကျ ဦးတည် မောင်းနှင်ထားတာ မဟုတ်ပါဘူး” ဟု ဆိုခဲ့သည်။ 

ဒေါ်အောင် ဆန်းစုကြည် ၏ ကိုယ်တိုင် ဖိတ်ကြားချက် အရ ယခုလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ သီတင်း နှစ် ပတ်ကြာ သွားရောက်လည်ပတ်ရန် ရွေးချယ်ခြင်း ခံထားရသည့် အောက်စဖို့ဒ် ကျောင်းသား ကိုယ်စား လှယ် အဖွဲ့က ထိုဆွေးနွေး ပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

မဇ္ဈိမသတင်းဌာန

မန်းတွင် စခန်းမှူးတစ်ဦး ကိုယ့်ကိုယ်ကို ဆွဲကြိုးချသတ်သေမှုဖြစ်ပွား

Posted by drmyochit Monday, March 18, 2013, under | No comments

မန္တလေး-မတ်-၁၈

မန်းတိုင်း ဒေသကြီး စဥ့်ကူးမြို့နယ် စခန်းမှူး ရဲအုပ် ထွန်းအောင်ကျော် (၄၀) နှစ်မှာ မိမိ နေ အိမ်တွင် ယခုလ ၁၂၇က်က ဆွဲကြိုး ချသေ ဆုံးခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ ယခုလ ၁၂ရက်နေ့မနက် ၁၀နာရီခန့်တွင် ရဲအုပ်ထွန်းအောင် ကျော်မှာ မိမိနေအိမ်တွင် နိုင် လွန်ကြိုး ဖြင့် ဆွဲကြိုးချ သေဆုံး နေကြောင်း သိရသဖြင့် မြို့နယ် တရား သူကြီး၊ စဥ့်ကူး မြို့နယ် ရဲတပ်ဖွဲ့ မှူးနှင့် မှုခင်း ဆရာဝန်တို့သွားရောက်စစ်ဆေးရာမိမိကိုယ်ကိုယ်ကို သက်သေခြင်းသာဖြစ်ပြီး တရားပြင် ပဒဏ် ရာ မတွေ့ရှိ ရကြောင်း သိရသည်။ 

အဆိုပါစခန်းမှူးရဲအုပ်ထွန်းအောင်ကျော်သည် သေဆုံးချိန် တွင် ဇနီးသည်တစ်ဦးနှင့် သူငယ် တန်း တက်ရောက်နေ သည့် ကလေးငယ်တစ်ဦးရှိကြောင်း ဇနီးသည်နှင့် ကလေးမှာ ဘုန်းကြီးကျောင်းသို့ ယဉ်ကျေး လိမ္မာသင်တန်း သွားရောက်တက်နေစဉ် ယခုလိုဖြစ်ပွားခဲ့ပြီး သေဆုံး သူတွင် တခြားရောဂါ မရှိဘဲ မသေဆုံးမီ ၁၀ရက်ခန့်တွင် ညပိုင်းမအိပ်ခြင်းများရှိကြောင်း သေဆုးံသူ မိသားစုဝင် များက ပြော သည်။ 

ရဲအုပ် ထွန်းအောင်ကျော်မှာ လူမှုရေးအရှုပ်အရှင်းမရှိခြင်း အောက်လက်ငယ်သားများနှင့် အထက်အရာ ရှိများ နှင့် အဆင်ပြေခြင်းများ ရှိကြောင်း မန်းလေးတိုင်းဒေသကြီး တိုင်းရဲမှူး ဦးစိုးငြိမ်းက Popular news ဂျာ နယ်သို့ ပြောသည်။ 

သူက အောက်လက်ငယ်သားတွေနဲ့လည်း အဆင်ပြေတယ်။ တခြားလူမှုရေးအရှုပ်ရှင်းလည်းမရှိဘူး။ သူဖာသာ ပဲနေတာ။ တခြား စိတ်ခံစားမှုတစ်ခုခုကြောင့်ပ ဖြစ်မှာပါ ဟု ဦးစိုးငြိမ်းက ပြောသည်။ ဖိုးလပြည့်

Popular Myanmar News Journal

ပုဏ္ဍားကျွန်းမြို့နယ်ရှိ တက္ကသိုလ်ဝင်တန်း စာစစ်ဌာန စာမေး ပွဲခန်း လေးခန်း မီးလောင်ကျွမ်းမှု ကိစ္စရပ်ကို ပြည်နယ်အစိုးရက ဖော်ထုတ်နိုင်ခဲ့

Posted by drmyochit Monday, March 18, 2013, under | No comments


ရခိုင်၊ မတ် ၁၈

ပုဏ္ဍားကျွန်းမြို့နယ်ရှိ တက္ကသိုလ်ဝင်တန်း စာစစ်ဌာန စာမေး ပွဲခန်း လေးခန်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခြင်း ကိစ္စရပ် ကို ပြည် နယ် အစိုးရက ဖော်ထုတ်နိုင်ခဲ့ပြီလို့ ရခိုင်ပြည်နယ်မှ အမျိုး သား လွှတ်တော် ကိုယ်စား လှယ် တစ်ဦး ဖြစ်သူ ဦးမြင့် လှိုင်က ပေါ်ပြူ လာ နယူးစ် သို့ ပြောသည်။

“ရှို့မီး မဟုတ်ပါဘူးဗျာ၊ စစ်ကြည့်လိုက်တော့ အဲ့ဒီက ဆရာ၊ဆရာ မတွေ ဖယောင်းတိုင်မီး ထွန်းရာက တစ် ဆင့် လောင် ကျွမ်း တာပါ”ဟု ၎င်းကပြောသည်။ အဆိုပါ တွေ့ရှိချက်ကို သက်ဆိုင် ရာတာ ၀န် ရှိ သူများက စုံစမ်းဖော် ထုတ်ခြင်း ဖြစ်သည်ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ဦးမြင့်လှိုင် ကအ တည်ပြု ပြော သည်။

PN 051
Popular Myanmar News Journal

ဝန်ထမ်းလစာ တိုးမြှင့်လိုက်မှုနှင့် နိုင်ငံ့ဝန်ထမ်းအချို့၏ တုန့်ပြန်မှုများ

Posted by drmyochit Monday, March 18, 2013, under | No comments


ဧပြီလမှ စ၍ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်း ထား များ ကို ကျပ် ၂၀,၀၀၀ စီ တိုးမြှင့်ပေးမည် ဖြစ် ကြောင်း ဘဏ္ဍာရေး နှင့် အခွန် ဝန်ကြီးက ပြောဆို လိုက်သည်။

“၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် နိုင်ငံ့ ဝန်ထမ်း များအ တွက် လစာနှုန်းထားကို ကျပ်နှစ်သောင်းစီ တိုးမြှင့်ပေး မှာ ဖြစ်ပါ တယ်။ အချိုးကျ တိုးမြင့် လာမည့် ပင်စင်လစာနှင့် ဆုငွေများအတွက် သာမန် အသုံး စရိတ်တွင် ထည့်သွင်း လျာထား မှု များ ပြုလုပ် ခဲ့ပါတယ်” ဟု မတ်လ ၁၅ ရက်နေ့က ပြုလုပ် သည့် ပြည်ထောင်စု လွှတ်တော် အစည်း အဝေး တွင် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန် က ပြောကြားသွားခြင်း ဖြစ်သည်။

“လက်ရှိ ခံစားခွင့် ပြုထားသော အပိုထောက်ပံ့ကြေး၊ ဒေသစရိတ်တို့ကိုလည်း ပြောင်းလဲမှုမရှိ ဆက်လက် ထောက်ပံ့ သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသွားသည်။

ထိုသို့ လစာတိုးမြင့်တော့မည်နှင့် ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းများက ဝမ်းသာကြသော်လည်း ကုန်ဈေးနှုန်းပါ တပါတည်း တက်လာမည်ကိုမူ စိုးရိမ်လျက်ရှိကြသည်။

“တိုးပေးတာကို ဝမ်းသာလို့ ရအောင် ကုန်ဈေးနှုန်း မတက်ပါမှ ပါပဲ။ ဝန်ထမ်းမိဘတွေ အနေနဲ့ ကလေးတွေ ရဲ့ ကျူရှင်စရိတ် မတက်ပါမှ အဆင်ပြေနိုင်ပါမယ်။ ပြောင်းလဲနေတဲ့အချိန်မှာ သားသမီးတွေရဲ့ ကျူရှင် စရိတ် က မိဘတွေအပေါ် ဝန်ထုပ်ဝန်ပိုးကြီးဖြစ်နေတာကို ပညာရေးဝန်ကြီး အနေနဲ့ အလေးအနက် ထား စဉ်းစားစေ ချင်ပါတယ်” ဟု သူနာပြုဆရာမ ဒေါ်မြညွှန့် က တိုက်တွန်းသည်။

အကယ်၍ ကုန်ဈေးနှုန်းများ တက်လာခဲ့ပါမူ ထိုဒဏ်ကို တောင့်ခံနိုင်ရန်လည်း အစိုးရဌာနတခုမှ ဒု-ညွှန်မှူး   ဒေါ်ကြည်ကြည် က အကြံပြုသည်။

“လစာတိုးပေးမှာ ဧပြီလ ကုန်မှပါ။ အရင်ခေတ်တွေကလို ကြိုပြီး ကုန်ဈေးနှုန်း မတက်စေချင်ပါဘူး။ ကျမတို့ အိမ်ရှင်မတွေအနေနဲ့ကလည်း ကြက်သွန် တက်မယ်ဆိုရင် နည်းနည်းပဲ ဝယ်သုံးမယ်။သူ့အစား ဈေးပေါတဲ့ ချင်း၊ စပါး လင် သုံးမယ်။ ပုတ်ကုန် ဖြစ်တဲ့ ကြက်သွန် တက်ဈေးနဲ့ တောင့်မခံနိုင်ပါဘူး။ ဆန်ဆို လည်း ဈေးတက်ရင် တပြည်ချင်း ဝယ်စားမယ်။ ဆန်တွေက ရိတ်သိမ်းကတည်းက မိုးမိထားတာ။ ဂိုဒေါင်မှာ ကြာကြာ ထားရင် မှိုတက်မယ်။ ပိုးကျမှာပဲ။ ဈေးကျမှ ဝယ်စားမယ်။ ဒါမျိုးတွေ စီမံသင့်ပါတယ်။ အရင်တုန်းက လစာ တိုးမယ် အသံကြားရင် ဈေးနှုန်းတက်မှာ စိုးလို့ ငွေ ရှိတဲ့သူတွေက  စားသောက် ကုန်တွေ ကို များများ ကြိုဝယ်ကြတယ်။ ရန်ကုန်မှာက တဦးလုပ်ရင် ကျန်တဲ့သူတွေက လန့်ပြီး လိုက် ဝယ်ကြ တာမျိုးတွေ ရှိခဲ့တယ်။ အဝယ်များတော့ ကုန်ပစ္စည်းတွေက ဈေးမတက်သင့်ဘဲ တက်ကုန် တာမျိုး တွေ ဖြစ်ခဲ့ဖူးတယ်။ ဒါမျိုးတွေ သတိပြု လုပ်ကိုင်သင့်ပါတယ်” ဟု အိမ်ရှင်မ လည်း ဖြစ်သူ ဒေါ်ကြည်ကြည် က ဆိုသည်။

ရပ်တည်ရန် အခက်အခဲများကြောင့် ပင်စင်စားများကလည်း လစာတိုးမြှင့်ရလိုကြပြီး သို့မဟုတ်ပါကလည်း သင့်တော် မည့် အစီအစဉ်များ ဖန်တီးပေးစေလိုကြသည်။

“လစာ တိုးပေးတာ မုဒိတာပွားစရာပါ။ ကျနော်တို့လို ပင်စင်စားတွေကလည်း ပင်စင်သမားတွေ ပါမလားလို့ နားစွင့်နေ တာပါ။ သမ္မတကြီးရဲ့ ခေါင်းထဲမှာလည်း ပင်စင်စားတွေရဲ့ကိစ္စ ရှိနေနိုင်ပါတယ်။ အဆင့်မြင့် ရာထူးတွေ နဲ့ အငြိမ်းစားယူသူတွေက တာဝန်ထမ်းဆောင်စဉ် ကတည်းက လိမ္မာပါးနပ်သူ များတော့ အနည်း အ ကျဉ်း မပူပင်ရသူ များတယ်။ တာဝန်ထမ်းစဉ် ကတည်းက အောက်ခြေဝန်ထမ်း လုပ်ခဲ့ရ သူတွေ ကတော့ ပင်စင် ယူပြီးတာတောင် စားဝတ်နေရေးအတွက် ပူပင်နေကြရတော့ ပင်စင်လစာ တိုးတာ မျိုး၊ ရင်းနှီးစားလို့ ရအောင် တစုတည်း ထုတ်ပေးတာမျိုးတွေကို မျှော်လင့်နေသူတွေ များပါတယ်။ ဒါပေမယ့် ပင်စင် ကိစ္စကလည်း ခေါင်းစဉ်အမျိုးမျိုး ရှိနေတော့ အတော်ရှုတ်တဲ့ ကိစ္စတခုလို ဖြစ်နေတာကိုး” ဟု ရန်ကုန် တက္ကသိုလ်မှ အငြိမ်းစားပါမောက္ခ တဦး က ပြောသည်။

သို့သော် တိုင်းပြည် လူဦးရေ၏ ၃ ရာခိုင်နှုန်းသာ ရှိသော နိုင်ငံ့ဝန်ထမ်းများ လစာ တိုးမြှင့်ပေးမှုကြောင့် ကုန်ဈေးနှု န်း တက်လာမည်ကို စိုးရိမ်ရန် မရှိကြောင်း စီးပွားရေး သုတေသီ တဦး က ဆိုသည်။

“တပြည် လုံး အတိုင်းအတာနဲ့ ကြည့်ရင် လုပ်သားအင်အားစု အားလုံးထဲမှာ နိုင်ငံ့ဝန်ထမ်း အင်အားစုက နည်းပါ တယ်။ ဒီလူနည်းစုကို လစာတိုးပေးလို့ ငွေကြေးဖေါင်းပွမှုက ဖြစ်စရာ အကြောင်းမရှိပါဘူး။ သီအိုရီ သဘော အရပဲ ဖြစ်ဖြစ်၊ သဘာဝ အရပဲ ကြည့်ကြည့် တိုင်းပြည် စီးပွားရေး အဆောက်အအုံ တခု  အောက်မှာ အလုပ်အကိုင် အပြည့်အဝ မရမချင်း လစာတိုးပေးရင် ငွေကြေးဖေါင်းပွမှု ဆိုးဆိုးရွားရွား မဖြစ်နိုင်ပါဘူး။ လစာတိုးတာကို နွယ်ပြီး ကုန်ဈေးနှုန်း တက်တယ် ဆိုရင် ဈေးကွက်သဘာဝကြောင့် မဟုတ်နိုင် ပါဘူး။ လူ့ ပရောဂ ကြောင့်သာ ဖြစ်နိုင်ပါတယ်” ဟု ဆရာ ဦးစောနိုင် က သုံး သပ် ပြောကြားသည်။

၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ဧပြီ ၁ ရက်က စတင်၍ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများ အတွက် လက်ရှိသတ်မှတ်ထားသော လစာနှင့် စရိတ်နှုန်းထားများ အပြင် တဦးလျှင် တလ ကျပ် ၃၀,၀၀၀ နှုန်းဖြင့် အပိုထောက်ပံ့ကြေး ပေးခဲ့သည်။ ထို့အပြင် အစိုးရဌာနနှင့် အဖွဲ့အစည်း များ ရှိ နေ့စား အလုပ် သမားများ၏ လုပ်ခကို လက်ရှိသတ်မှတ်ပြီး လုပ်ခအပေါ်တွင် ကျပ် ၁,၀၀၀ နှုန်းဖြင့် အပိုထောက် ပံ့ကြေး ပေးခဲ့သည်။

From: Mizzima Burmese

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ရွှေ့ပြောင်းရမည့် ဒေသခံများအတွက် မြေလျော်ကြေးငွေအပြင် နေထိုင်မှုအတွက် တန်ဖိုးနည်းအိမ်ရာများကို မုံရွာမြို့အနီးတစ်ဝိုက် နေရာများတွင် စီစဉ်ပေးမည်ဟု မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူများ ပြောကြား

Posted by drmyochit Monday, March 18, 2013, under | No comments



ဒေါ်အောင် ဆန်းစုကြည် အား ဆည် တည်းရွာ ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း၌ ဒေသခံ များနှင့် အတူ မတ် ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဟိန်းမင်းထက်(မုံရွာ))

လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်းကြောင့် ရွှေ့ပြောင်း ရမည့် ဒေသခံ များအတွက် မြေလျော် ကြေးငွေ အပြင် နေထိုင်မှု အတွက် တန်ဖိုးနည်း အိမ်ရာ များကို မုံရွာမြို့ အနီး တစ်ဝိုက် နေရာ များတွင် စီစဉ်ပေး မည်ဟု မြန်မာ့ စီးပွားရေး ဦးပိုင် လီမိ တက်နှင့် မြန်မာ ၀မ်ပေါင် မိုင်းနင်းကော့ပါး ကုမ္ပဏီ လီမိတက် မှ တာဝန် ရှိသူ များက မတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

လက်ပံ တောင်းတောင် ကြေးနီ သတ္တုတွင်း ဧရိယာ သည် ၇၈၆၇ဒ သ မ ၇၈ ဧက ရှိပြီး အဆိုပါ စီမံကိန်း ဧရိယာ အတွင်းရှိ ကျေးရွာလေး ရွာဖြစ်သော ၀က်မှေး၊ ကံတော၊ ဆည်တည်းနှင့် ဇီးတော ကျေးရွာ များမှ အိမ်ခြေ ၄၀၀ ကျော် ပြောင်းရွှေ့ ခဲ့ရကြောင်း သိရသည်။

စီမံကိန်း နယ်မြေတွင် သိမ်းဆည်း မြေဧရိယာ စုစုပေါင်း ၇၈၆၇ ဒသမ ၇၈ ဧကအနက် လယ်ယာ စိုက်ပျိုးမြေ ၅၀၅၇ ဧက ရှိကြောင်း၊ ဦးပိုင် မပေါက် သော်လည်း မြေလျော် ကြေးပေးပြီးသော ဧရိယာမှာ စိုက်ပျိုးမြေ ၁၇၂၇ ဧက အပါအ၀င် ၆၇၈၄ ဧက ရှိကြောင်း သိရှိ ရသည်။

မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်မှ လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်း တာဝန်ခံ ဦးမြင့်အောင်က "လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မ ရှင်ရဲ့ အစီရင် ခံစာမှာ ဖော်ပြ အကြံပြု ထားတဲ့ မြေယာ လျော်ကြေး ကိစ္စတွေ၊ စိုက်ပျိုးမြေ ပြန်လည် ဖော်ထုတ်ရေး ကိစ္စတွေ၊ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နဲ့ ၀မ်ပေါင် ကုမ္ပဏီ တို့ ချုပ်ဆို ထားတဲ့ စာချုပ်အား ပြန်လည် ပြင်ဆင် ချုပ်ဆို ရေး ကိစ္စတွေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေ၊ ဒေသခံ လူထုအတွက် အကျိုးကျေးဇူး ရရှိစေရေး အပြင် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရေး ကိစ္စတွေ စတဲ့ အကြံပြု ချက်တွေ ကို ၀န်ကြီးဌာနရဲ့ လုပ်ထုံး လုပ်နည်း များနဲ့ အညီ ဆောင်ရွက် သွားဖို့ ရှိပါ တယ်။

ရွှေ့ပြောင်းရမယ့် ကျေးရွာတွေ အတွက် လည်း နေရာတွေ စီစဉ်ပေး ဖို့အတွက် ရွာတွေဆောက် ထားပြီး သား ရှိပါ တယ်။ ရွာနှစ်နေရာ ဆောက် ထားပါတယ်။ စီမံကိန်း ဘတ်ဂျက်နဲ့ ဆောက်တာပါ။ ရေ၊ မီး အပြည့် အစုံ ပါပါတယ်။ အဲဒီ နေရာ တွေကို တချို့ပြောင်း ကုန်ကြပြီ။ နေရာက စီမံကိန်း ဧရိယာ အပြင်ဘက် သွားလာ ဆက် သွယ်ရေး ကောင်းတဲ့ နေရာ တွေမှာ ဖြစ်ပါတယ်" ဟု မတ် ၁၆ ရက်က ပြောကြားသည်။

မြန်မာ ၀မ်ပေါင် မိုင်းနင်း ကော့ပါး ကုမ္ပဏီ လီမိ တက်မှ Admin Manager  Mr.Dong Yun Fei က "ဒေသခံ ပြည်သူ လူထု များရဲ့ စီမံကိန်းနဲ့ ပတ် သက်တဲ့ လိုလား သည် များကို အချိန် မရွေး ဂရုတစိုက် နားထောင် ပေးမှာ ဖြစ်ပြီး ဒေသခံ များနဲ့ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေး မှုတွေ လည်း ပြုလုပ် သွားမှာ ဖြစ်ပါ တယ်။ သတ္တုတွင်းစီမံကိန်း ပတ်ဝန်းကျင်ရှိ မိသားစုတွေရဲ့ လူမှုဘ၀ ပိုမိုကောင်းမွန်အောင် ကြိုးစားဖြည့် ဆည်းသွား ဖို့ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ရွှေ့ပြောင်းရမယ့် ဒေသခံတွေအတွက် မုံရွာမြို့နဲ့ ငါးမိုင် လောက်ပဲ ကွာတဲ့ နေရာမှာ ရွာတွေ ဆောက် ထားတယ်။ အဲဒီရွာ တွေကို သီးသန့် မြေကွက် ဖော်ပြီး လုပ်ထား တာ ဖြစ်ပါတယ်။ ရွာထဲက အိမ်တွေကို A,B,C,D ဆိုပြီး အဆင့်တွေ ခွဲထားပါတယ်။ 

အရင် သူတို့ နေခဲ့တဲ့ အိမ်တွေက အရမ်းကောင်း ခဲ့ရင် A အဆင့် အိမ်တွေ ကို ပေးပါတယ်။ နည်းနည်း ညံ့ရင် B အဆင့်၊ ညံ့ရင် C အဆင့်၊ အရမ်း ညံ့ပြီး တဲသာ သာဖြစ်ရင် D အဆင့် ဆိုပြီး ပြန်ခွဲ ထားပါတယ်။ ရေမီး အပြည့် အစုံနဲ့ အိမ် ကောင်းတွေ ပြန်ဆောက် ပေးထား တာပါ။ အဲဒီ နေရာ တွေကို တချို့လည်း ပြောင်း ကုန်ပါပြီ။ ကျန်သေး တာတွေ လည်း ရှိပါ တယ်။ လိုအပ် ရင်လည်း အိမ်တွေ ထပ်ဆောက်ပြီး နေရာချ ထားပေး ဖို့ ရှိပါတယ်" ဟု ပြော ကြားသည်။

ဝက်မှေး ကျေးရွာမှ မသွဲ့သွဲ့ဝင်းက "ကျွန်မ အနေနဲ့ ကတော့ နှစ်ကာ လပေါင်း များစွာ နေလာပြီး သစ်ကြီး ၀ါးကြီး တွေရှိတဲ့ မူလဒေ သမှာပဲ နေလို ပါတယ်။ နောက် တစ်ချက်က လက်ရှိ နေတဲ့ရွာမှာ လယ်ယာမြေ တွေ ရှိတယ်။ ဟိုမှာက မရှိနိုင်ဘူး။ အခုပြောင်း ရမယ့် ရွာတွေက ကျွန် မတို့ လက်ရှိ နေတဲ့ ရွာနဲ့ နှစ်မိုင်၊ သုံးမိုင် လောက် ဝေးတယ်။ အဲဒီ ရွာသစ် တွေမှာ လုပ်ကိုင် စားသောက်ဖို့ လယ်ယာ မြေတွေ မရှိရင် ဘယ်လို မှ အဆင် မပြေနိုင် ပါဘူး။ နေ့တိုင်း လယ်မြေ တွေရှိတဲ့ မူလ နေထိုင်တဲ့ ရွာတွေ ကိုပြန် လာပြီး ထွန်ယက် စိုက်ပျိုး ဖို့ဆိုတာ မဖြစ်နိုင် ပါဘူး။ အများကြီး လိုအပ်ချက်တွေ ရှိပါတယ်" ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်း စုကြည်၏ လက်ပံတောင်း ကြေးနီ စီမံကိန်း ဆိုင်ရာ စုံစမ်း စစ်ဆေးရေး ကော်မရှင် အစီရင် ခံစာတွင် လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်း သတ္တုတွင်း နယ်မြေ တွင် ဖြစ်ပွား ခဲ့သော လူမှုဝန်း ကျင် ပြဿနာ များသည် မြေယာသိမ်းဆည်းမှုနှင့် ပြောင်းရွှေ့နေရာချထားမှု အပေါ်တွင် အဓိက အားဖြင့် အခြေပြု ခဲ့သည်ဟု သုံးသပ်ရကြောင်း၊ သတ္တု တူးဖော် ထုတ်လုပ်ရန် အတွက် မြေလို အပ်ချက် အား စနစ် တကျ သိရှိနား လည်စေ မှုနှင့် အဆိုပါ လုပ်ငန်း များကြောင့် နိုင်ငံတော်နှင့် သက်ဆိုင်ရာ အရပ်ဒေသ အတွက် အကျိုးကျေးဇူး ရှိနိုင်ပုံများအား သိသာသော အထောက်အထား၊ အချက်အလက်များ ပြသမှု၊ ထိုက် တန်သော ပေးလျော်မှု၊ အစားထိုး တည်ဆောက်ပေးမှု လိုအပ်သည်ဟု အကြံပြုကြောင်း ဖော်ပြထား သည်။

From : ..eleven

နိုင်ငံကို ရန်စမှုများအား ကာကွယ်ရန် အာဘေးက တိုက်တွန်း

Posted by drmyochit Monday, March 18, 2013, under | No comments



အာဘေး (ရှေ့တန်းဝဲ)နှင့် LDP ပါတီအဖွဲ့ဝင်များကို မတ် ၁၇ ရက်က ပါတီကွန်ဗင်းရှင်းတွင် တွေ့ရစဉ် (Photo - AFP)

တရုတ်နှင့် ကျွန်းစု ပိုင်နက် အတွက် တင်းမာ မှုမြင့် တက်နေ ချိန်တွင် နိုင်ငံကို ရန်စမှု များအား ကာကွယ် စောင့်ရှောက် ရန် ဂျပန် ၀န်ကြီးချုပ် ရှင်ဇို အာဘေးက မတ် ၁၇ ရက်တွင် ဂျပန်အမျိုးသား ကာကွယ်ရေး အကယ် ဒမီ၌ ပြုလုပ်ခဲ့သော ဘွဲ့နှင်းသဘင် အခမ်း အနားတွင် ဘွဲ့ရ ကျောင်းသား များကို တိုက်တွန်း ခဲ့သည်။

ယင်း ဘွဲ့ရ ကျောင်းသား များသည် လွန်ခဲ့သော လေးနှစ်ခန့်က ကျောင်းစ တက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ လုံခြုံရေး အခြေအနေမှာ လွန်ခဲ့သော လေးနှစ်က အခြေအနေနှင့် မတူတော့ဘဲ မိမိတို့၏မြေပြင်၊ ရေပြင်၊ ဝေဟင်ပိုင်နက် များအပေါ် ခြိမ်းခြောက်သည့် ရန်စမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း မြို့တော်တိုကျို အပြင် ဘက်ရှိ ယူကိုတူကာအကယ်ဒမီတွင် အာဘေးက ပြောကြားခဲ့ခြင်းဖြစ်သည်။ လတ်တလော ဖြစ်ပေါ်နေ မှုများမှာ သင်တို့အတွက် လက်ခံရခက်ခဲသော အမှန်တရားနှင့် အကျပ် အတည်း တစ်ခု ဖြစ်ကြောင်း အာဘေးက မိန့်ခွန်း တွင် ပြောကြားခဲ့သည်။

တရုတ် ရေတပ် ထောက်လှမ်းရေး သင်္ဘော သုံးစင်းကို အရှေ့ တရုတ် ပင်လယ်ရှိ ကျွန်းတစ် ခုဖြစ်သော ကူဘာဂျီမာ ကျွန်း အလွန် ၂၅ မိုင် အကွာ ခန့်တွင် မတ် ၁၇ ရက် နံနက်ပိုင်းက ထောက်လှမ်းတွေ့ ရှိ ခဲ့ကြောင်း ဂျပန်က ထုတ်ပြန်  ခဲ့သည်။

အာဘေး၏ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) က ဂျပန်သည် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ခွင့်နှင့် အရည် အသွေး ပြည့် ၀သော စစ်တပ် ဖွဲ့စည်းနိုင်ရေး အတွက် စစ်ပြီးခေတ် ရေးဆွဲ ထားသည့် ငြိမ်းချမ်းရေး အခြေပြု ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် အရှိန်မြှင့် လုပ်ဆောင် သွားမည် ဟု ကတိပြု ခဲ့ သည်။

Ref:AFP

နေ့ဘက်မှာ တောအုပ်၊ ညဘက်ရောက်တော့ ဆောင်ကြာမြိုင် ဖြစ်သွားတဲ့ စင်္ကာပူက Sembawang စီးနင်းမှု

Posted by drmyochit Monday, March 18, 2013, under | No comments



စင်္ကာပူနိုင်ငံက Sembawang Drive တောအုပ်လေးဟာ နေ့ဘက်ဆိုရင်တော့ တကယ့်ကို သာယာ လှပတဲ့ တောအုပ်လေးပါပဲ။ ဒါပေမယ့် ညဘက်ကို ရောက်လာတဲ့ အခါမှာတော့ ငွေပေးပြီး ပျော်ပါး လို့ရတဲ့ ဆောင်ကြာ မြိုင်တွေဟာ သစ်ပင်တွေကြားထဲ အလျှိုလျှို ထွက်လာပါတော့တယ်။
ဒီလိုလုပ်တာ ကြာခဲ့ပေမယ့် ကြာသပတေးနေ့ ည ၁၀ နာရီမှာတော့ ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက် ဖမ်းဆီးပြီး အမျိုးသား ၄၀ နဲ့ အမျိုးသမီး ၁၀ ဦးကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ဖမ်းမိတဲ့ မိန်းကလေး အများစုကတော့ အတိုအပြတ်လေးတွေနဲ့ စွဲမက် စရာလေးတွေပါပဲ။ရွှေမြန်မာမှာ လည်း ဒါမျိုးနေ ရာတွေ လိုက်ဖမ်းရင် ရဲစခန်းတောင် ဆံ့ပါ့မလား မသိ။
လမ်းကလေးဘေးက အမှိုက်စများ
စင်္ကာပူက တောတွင်း ဆောင်ကြာမြိုင်ရဲ့ အဆင့်

သမ္မတ ဦးသိန်းစိန်နှင့် မီဒီယာ များအား အရှက်မရှိ တိုက်ခိုက်နေသော ခွန် ဒီးယမ် အကြောင်းအား အသေးစိတ် ဖော်ပြီ

Posted by drmyochit Monday, March 18, 2013, under | No comments


ခွန်ဒီး ယမ်း (ခေါ်) ဒီမို ဖက်တီး...... ကျွန်တော် တတ်နိုင် သလောက် မရေး ပါဘူး..... သူ့ရဲ့ ဒုက္ခိတ ဘ၀ကို စာနာ တာရယ်၊ တစ်ချိန် မှာတော့ ပြောင်း လဲ လာမယ် လို့ ယူဆပြီး ရှောင် ခဲ့တယ်.... ဒါပေ မယ့် တဖြည်းဖြည်း နဲ့ ကျွန်တော့် ကို ဘိုင်နိမ်း တတ်ပြီး အညှိုး အတေး ကြီးစွာနဲ့ မဟုတ် တာတွေ ရေးတာ များလာ တဲ့ အတွက် တစ်ခု ခုတော့ တုံ့ပြန် သင့်တယ် လို့ မြင်မိတဲ့ အတွက် ဒီစာ ကို ရေးဖြစ်တာပါ.....

တကယ်ေ တာ့ ဒီမိုဖက်တီး ဆိုတာ ဘယ်သူ လည်း အထူး အထွေ ပြောစရာ မရှိပါဘူး.... လူအများ သိပီး သားဖြစ်တဲ့ မေဇင်အေး ပါပဲ...... သူ့ရဲ့ အညှိုး အတေး ကြီးမှုက အခုမှ မဟုတ် ပါဘူး.... အရင်က တည်းက ပါပဲ.... သူ့ ရဲ့ M3WI ကုမ္ပဏီ ကြေငြာ ကိစ္စနဲ့ ပါတ်သက်ပြီး Weekly Eleven အုပ်စုနဲ့ အကြီး အကျယ် ငြိခဲ့ ပါတယ်..... အဲ့ဒိ အတွက် အခွင့် သာတိုင်းမှာ ဒီမို ဖက်တီး အကောင့်နဲ့ ကြုံရင်ကြုံ သလို အညှိုး တကြီး တိုက် ခိုက်လေ့ ရှိပါတယ်..... ဒီအတွက်လည်း Eleven က ဆတ်ဆတ်ထိမခံတဲ့ အယ်ဒီ တာ ဝေဖြိုးနဲ့   တွေ့ချိန် မှာ ဝေဖြိုးက ဒီမိုဖက်တီးကို တရားစွဲမယ်လို့ ကြေငြာပီးတဲ့နောက်ပိုင်းမှာ တော်တော် လေး ငြိမ် သွား ခဲ့ပါတယ်....

ဒီမို ဖက်တီး ဟာ ဒေါ်စုရဲ့ သတင်း၊ ဓါတ်ပုံတွေကို အွန်လိုင်းမှာ ဦးဆုံး တင်နိုင် တဲ့လူ တစ်ယောက် အနေနဲ့ ရှိနေတဲ့ အတွက်လည်း လူ အများစုရဲ့ အားပေး မှုကို ရနေ ချိန်မှာ အတော်လေး ဘ၀င်မြင့်ပြီး လူ အများ စုကို ရိုင်းရိုင်း စိုင်းစိုင်း ဆက်ဆံ လာတဲ့ အတွက် မသင့် မတင့်တွေ အတော် များခဲ့ သလို၊ လက်လွတ် စပါယ် ပြော ဆိုမှု၊ သူတစ်ပါး တင်ထားတဲ့ စာ၊ ဓါတ်ပုံတွေကို ပေါ်တင် ကူးယူပြီး လုံးဝ ခရက်ဒစ် မပေးခြင်း အစရှိ တဲ့ သူခိုးကျင့် သူခိုးကြံတွေ ပြုလုပ်လာတဲ့ အတွက် လူ အများ စုရဲ့ ချဉ် ဖတ်လည်း ဖြစ်ခဲ့ ပါတယ်.....

ဒေါ်စု နေအိမ် အကျယ်ချုပ်က လွတ်လာခဲ့ပြီးနောက်ပိုင်း၊ သူမရဲ့ အားနည်းချက်ကို စာနာသွားလို့ ဒေါ်စုမှ အခွင့် အရေး ပေးခဲ့ မှုအပေါ် ကောင်းကောင်း အသုံး ချခဲ့ပါတယ်... ၂၀၁၂ နှစ် ဆန်းပိုင်း မှာ ဒေါ်စု အိမ်သွား လည်ရင်းနဲ့  ဒေါ်စုက သူ့ လက် တွန်း လှည်းကို တွန်းပေးနေ တဲ့ပုံ ကို ဖေ့ဘုတ် မှာတင် ရင်း ဒေါ်စု နဲ့ ပုဂ္ဂိုလ်ရေး အရ ရင်းနှီးကြောင်း ပြပြီး ဒေါ်စုချစ် သူတွေ သူ့ ကို သတိထား မိအောင် လုပ်ခဲ့ တယ်..... သူ့မွေးနေ့ အတွက် ဒေါ်စု ကိတ်မုန့် လက်ဆောင် ပေးခဲ့ တာကို တခုတ် တရ ဖေ့ဘွတ်ပေါ်ကို တင်ပီး တဲ့နောက်မှာ တဖြည်းဖြည်းနဲ့ ဒီမိုဖက်တီးဟာ ဒေါ်စုရဲ့ ပြန်ကြားရေး အသွင်ပုံစံမျိုး ပြုလုပ်လာ သလို၊ NLD ရဲ့ ပြောရေး ဆိုခွင့် ရ ပုဂ္ဂိုလ် သဖွယ်မျိုး ပြောဆို ဆက်ဆံ လာခဲ့ ပါတယ်....

အဓိက ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ကြားဖြတ် အပြီးမှာ ပြည်တွင်း သတင်းထောက် တွေရဲ့ စွမ်းစွမ်း တမံ ဆောင်ရွက် မှုတွေ များလာ ခဲ့ပြီး ဒေါ်စုရဲ့ ရွေးကောက်ပွဲ မဲဆွယ် ခရီးတွေ အများ စုကို သတင်း ဌာနတွေ က သတင်းတွေ တက်လာချိန်မှာ ဒီမိုဖက်တီးဟာ သူ့စီက အောင်မြင်မှုဝေစုကို ခွဲဝေယူ သွားတဲ့ သတင်း သမားတွေ ကို အညှိုး အတေး ထားပြီး မသိ မသာ တိုက်ခိုက် လာခဲ့ ပါတယ်...... အထူး သဖြင့် ၎င်းနဲ့ သူတော် ခြင်းခြင်း သတင်းလွေ့လွေ့ ပေါင်းဖြစ် နေတဲ့ အွန်လိုင်းပေါ်က စာရေးဆရာ သွန်းနေစိုး ရဲ့ မုဒိမ်းမှုကို 7Day က သတင်းထောက် ဥက္ကာ ကိုကို တင်ခဲ့ တာနဲ့ ပါတ် သက်ပြီး၊ သူနဲ့ အလွမ်း သင့် သူကို မကောင်းသတင်း တင်ရပါ့မလားဆိုပြီး ဒီမိုဖက်တီးနဲ့ သတင်းထောက် ဥက္ကာကိုကိုနဲ့ ငြိခဲ့ တယ်..... အဲ့ဒိအချိန်က စပြီးတော့ ဒီမိုဖက်တီးဟာ ဥက္ကာကိုကိုကို တော်တော်လေး ပြစ်ပြစ်နှစ်နှစ် ဝေဖန် ခဲ့တယ်.......

ဥက္ကာ ကိုကိုနဲ့ အခြေ အတင် ဖြစ်ခဲ့ပြီး မကျေ မလည် ဖြစ်နေတဲ့ ဒီမို ဖက်တီး ဟာ ကျောက် နီမော် ကိစ္စဖြစ် ချိန် မှာ ရခိုင် လူမျိုး ဥက္ကာ ကိုကို ကို မကျေနပ် မှုနဲ့ စက်ချုပ် သမလေးကို လော်လီလို့ မုဒိမ်း ကျင့်ပီး အသတ် ခံရ တဲ့ ပုံစံမျိုး ရေးလိုက် ချိန်မှာ ရခိုင် အများစုနဲ့ ဒီမိုဖ က်တီးနဲ့ ပြဿနာ တက် ခဲ့ပါတယ်..... ရခိုင် ကိစ္စနဲ့ ပါတ် သက်ပြီး သူ့ရဲ့ အရေးအသားကြောင့် ရခိုင်လူမျိုးများ မကျေမနပ်ဖြစ်ခဲ့ရာမှ ဒေါ်စု နှုတ်ဆိပ် နေခဲ့ခြင်းကို အားမလို အားမ ရဖြစ်ပြီး ဝေဖန် ခဲ့ခြင်း အပေါ် မှာလည်း ဒီမို ဖက်တီး ဟာ မီဒီယာတွေ ကို ခပ်တည်တည်နဲ့ အပြစ် ပုံချ ခဲ့ပါတယ်..... 

ဒီမို ဖက်တီးရဲ့ ပုဂ္ဂိုလ်ရေး မကျေနပ်မှု တစ်ခုနဲ့ ဆူပူအောင် ရေးခဲ့ခြင်းရဲ့ အကျိုးရလာဘ်ကတော့ ရခိုင်လူမျိုး အများစုဟာ ဒေါ်စုအပေါ်မှာ အမြင်ကြည်လင်ခဲ့ခြင်း မရှိတော့တာ အခုအချိန်ထိပါပဲ...... ဒီမိုဖက် တီးရဲ့ လက်လွတ် စပါယ် ပြောဆိုမှု၊ အရေးအသားတွေကြောင့် NLD ကိုပါ ရိုက်ခတ် မှုရှိလာတဲ့ အတွက် NLD မှာ ပြောရေးဆိုခွင့်ရ ဦးဥာဏ်ဝင်းကိုယ်တိုင် ဒီမိုဖက်တီးဟာ NLD နဲ့ လုံးဝ ပါတ်သက်မှု မရှိဘူး လို့ စာနယ်ဇင်း များကတဆင့် တရားဝင် ငြင်းဆိုခဲ့ပါတယ်......

ထိုကဲ့သို့ ဦးဥာဏ်ဝင်းမှတဆင့် ဒီမိုဖက်တီးဟာ NLD နဲ့ သက်ဆိုင်မှု မရှိပါလို့ ကြေငြာခဲ့တာနဲ့ ပါတ် သက်ပြီး ဒီမိုဖက် တီးဟာ တော်တော်လေးကို ခံစားခဲ့ရပါတယ်.... နာကြဉ်းခဲ့တယ်ဆိုရင် ပိုမှန်ပါလိမ့် မယ်.... ထို့ အတူပဲ ဒီမိုဖက်တီးဟာ ဒေါ်စုဘေးနားက ဦးခွန်သာမြင့်နဲ့ ပါတ် သက်ပြီးတော့ လည်း    တော်တော်လေး ကို အညှိုးအတေး ထားခဲ့တာကို ဦးခွန်သာမြင့်အပေါ်မှာ သူရေးခဲ့ တဲ့ ဝေဖန် မှုတွေဟာ တော်တော် လေးကို ဆိုးဆိုးဝါးဝါး ရှိခဲ့တာ အဲ့ဒိအချိန်က စာဖတ်သူတွေ မှတ်မိနေ ဆဲ ဖြစ် မှာပါ...... NLD သတင်း တွေကို အွန်လိုင်းပေါ်မှာ အမြဲလိုလိုတင်ပြီး NLD ဘက်တော်သားသဖွယ်၊ ဒေါ်စုရဲ့ အရေးပေး ခံရသူ သဖွယ် မိမိကိုယ်ကို အမွှန်းတင်နေလေ့ရှိတဲ့ ဒီမိုဖက်တီးအတွက် ဦးဥာဏ်ဝင်း ရဲ့ ကြေငြာ ချက်ဟာ အတော့ ကို အခဲမကြေနိုင်ဖြစ်ခဲ့ပါတယ်.....

ရလာဘ် ကတော့ ဒီမိုဖက်တီးဟာ သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာကို အသုံးပြုပြီး NLD ထဲမှာသူနဲ့ အလွမ်း သင့်သူတွေ ကိုသာ ဦးစားပေးခဲ့ပြီး သူမကျေနပ်သူများကို အခွင့်သာတိုင်း ကစ်ရင်းနဲ့ NLD ရဲ့ အက်ကြောင်း ကို ဖန်တီးခဲ့တာပါပဲ....... ထိုကဲ့သို့ ဖန်တီး ရင်းနဲ့ တဖြည်းဖြည်းနဲ့ ဒီမိုဖက်တီးရဲ့ အပြောအ ဆိုတွေဟာ ဘောင်ကျော်လာပြီး NLD ကိုပါ ထိခိုက်လာတာတွေကြောင့် အဲ့ဒိအချိန်က ကျွန်တော်နဲ့ စိတ်တူကိုယ် တူရှိခဲ့တဲ့ လူတစ်စု ကနေ တစ်ဆင့် ဆုံးဖြတ်ကြရင်း ကျွန်တော် ဒီမိုဖက်တီးကို  ပေါ်တင်ဝေဖ န် ခဲ့ ပါ တယ်..... အဲ့ဒိကစလို့ ဒီမို ဖက်တီးဟာ ကျွန်တော့်ကို ဘလော့သွားခဲ့တာ အခုအချိန်ထိပါပဲ......

Eleven Media မှ အယ်ဒီတာ ဝေဖြိုးရဲ့ တရားစွဲမယ်ဆိုတဲ့ ခြိမ်းခြောက်ခြင်း၊ ဥက္ကာကိုကိုကို မကျေနပ် တာနဲ့ ရခိုင် လူမျိုးတွေအပေါ် စော်ကားခဲ့ခြင်း၊ လက်လွတ်စပါယ် ရေးသားခြင်း၊ အခြားသူများ၏ ပို့စ်များ၊ ဓါတ်ပုံများ ကို ခပ်တည်တည်နဲ့ ခိုးယူဖော်ပြခြင်းများကြောင့် ဒီမိုဖက်တီး အကောင့်ကို လူအများ စု  ပြစ်ပြစ် နှစ်နှစ် ဝေဖန်လာကြတဲ့အတွက် ခွန်ဒီးယမ်ဆိုတဲ့ အကောင့်ကို ဖွင့်ခဲ့ကာ ဒေါ်စုရဲ့ ခရီးသွားခြင်း ဓါတ်ပုံတွေကို တင်ရင်းနဲ့ နေရာပြန်ယူလာခဲ့ပါတယ်..... 

ထုံးစံအတိုင်း လူအများစုရဲ့ အာရုံစိုက်ခံရချိန်မှာ တစ်ချိန်က သူမကျေနပ်ခဲ့တဲ့ Eleven၊ ကြားဖြတ် ရွေးကောက် ပွဲမှာ လက်စောင်းထက်ထက်နဲ့ ဖေ့ဘွတ်ပေါ်မှာ သူ့စီက အမှတ်တွေ ခွဲယူသွားတဲ့ မီဒီယာ များနဲ့ ဥက္ကာကိုကို ကိစ္စနဲ့ ပါတ်သက်ပြီး သူဖြစ်စေချင်သလို ဖိအားပေးလို့ မရတဲ့ 7Days က ကိုသောင်း စုငြိမ်းတို့ ကို အခွင့်အခါသင့်တိုင်းမှာ အထိမ်း အကွတ်မရှိ ဝေဖန်ခဲ့ပါတယ်...... သိသာခဲ့တာ ကတော့ ကိုသောင်း စုငြိမ်းတို့ ဦးသိန်းစိန်ကို ကန်တော့ခဲ့တဲ့ ကိစ္စနဲ့ ပါတ်သက်ပြီးတော့ပဲ ဖြစ်ပါတယ်..... 

ဒီမိုဖက် တီးအကောင့်နဲ့ ဒေါ်စုရဲ့ အွန်လိုင်းပေါ်က ပြောရေးဆိုခွင့်ရလူလိုလို ဘာလိုလိုနဲ့ လက်လွတ် စပါယ်ရေး သားခြင်းရဲ့ ရလာဘ်ကတော့ ဒေါ်စုအပေါ်မှာ ပညာတတ်လူတန်းစားတွေ အမြင်ပြောင်း လဲမှုတွေ ဖြစ်ခဲ့ ပါတယ်.... အထူးသဖြင့် ဒီမိုဖက်တီးရဲ့ ဒီမိုနာမည်ခံပြီး Dictatorship အပြုအမူများဖြစ်တဲ့ အမြင် မတူ သူများကို ဆဲဆိုခြင်း၊ အမှားထောက်ပြသော မှတ်ချက်များကို ဖျက်ခြင်း၊ ပိုင်ရှင်ထံမှ ခွင့်မတောင်း ပဲ ကူးယူသော စာ၊ ဓါတ်ပုံများနှင့် ပါတ်သက်ပြီး ဝေဖန်သူများကို ဘလော့ခြင်း၊ ပိုင်ရှင်အား ဘလော့ခြင်း အစရှိသည်များကြောင့်ပဲ ဖြစ်ပါတယ်.... ဒေါ်စုနှင့် နီးစပ်သူတစ်ဦးက ဒီလို မျိုး လုပ်နေ တာ ဒေါ်စု က မဟန့်ဘူးလား ဆိုတဲ့ မေးခွန်းများစွာလည်း အွန်လိုင်းသုံးတဲ့ ပညာတတ် လူတန်း စားကြား မှာ ပြန့်နှံ့ ခဲ့ပါတယ်.....

ဒါတင် အားမ ရသေး ပါဘူး ခွန်ဒီးယမ်း အကောင့်မှလည်း မကျေနပ်ချက် အညှိုးအတေးများ ကို ရှေ့တန်း တင် ရေးသား ခဲ့ပါတယ်..... အထူးသဖြင့် NLD ပါတီတွင်း မကျေနပ်ချက်များကြောင့် အက်ကြောင်း များ ဖြစ်လာ ခဲ့စဉ်မှာ သူမကျေနပ်တဲ့ လူတွေပါဝင်တဲ့ဘက်ကို ဆိုးဆိုးဝါးဝါး ဝေဖန်ခြင်းမျိုး၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ် မှုများကြောင့် အမြင်မကြည်လင်မှု များစွာ ဖြစ်ပေါ်ခဲ့ပါတယ်..... ဒီမိုဖက်တီး (ခေါ်) ခွန်ဒီးယမ်းရဲ့ ဆိုက်ကို တစ်ခုဟာ သူပြောတာကို လက်ခံ ထောက်ခံပြီး မြှောက်ပင့်ပေးနေမှ သဘောကျနေတတ်တဲ့ စိတ်ထားရှိ သူ တစ်ဦး ဖြစ်ပါတယ်..... ဒါကြောင့် ရံဖန်ရံခါမှာ သူပြောတာနဲ့ ဆန့်ကျင် ဘက် ဖြစ်ဖြစ် သွားတဲ့ ဒေါ်စု ကိုတောင် စကားနာထိုးခြင်းများလည်း ပြုလုပ်ခဲ့ပါတယ်...... 

ထိုမျှနဲ့မရပ်သေးပဲ လက်ပံတောင်းကိစ္စမှာ သူမနေစေချင်သလို မနေခဲ့တဲ့ ဒေါ်စုကော်မရှင်ဥက္ကဌ လုပ်ခဲ့ တာကို အတော်လေး မကျေမနပ် ဖြစ်ခဲ့ပါတယ်..... ဒေါ်စုကို မဝေဖန်ရဲတဲ့အတွက် အစိုးရကို အပြစ်ဖို့ရင်း လက် ပံတောင်း စီမံကိန်းကို ဆန့်ကျင်သူမှန်သမျှကို ထောက်ခံအားပေးခဲ့ပါတယ်.... သူမရဲ့ အဲ့ဒိအညှိုး အတေးဟာ လည်း NLD၊ ဒေါ်စုနဲ့ ၈၈ ကို ရန်တိုက်သလို ဖြစ်လာခဲ့တာပါပဲ..... အထူးသဖြင့် လက်ပံတောင်း အစီရင် ခံ စာ မထွက်ခင် များသော အားဖြင့် ဒေါ်စုနဲ့ ဆန့်ကျင်ဘက် ပြောလေ့ရှိတဲ့ ဦးဝင်း တင်၏  ဆန္ဒပြခြင်း အား ထောက် ခံခြင်းများ၊ ဒေါ်စု ပါဝင်သည့် ကော်မရှင်မှ အစီရင်ခံစာနှင့် ဆန့်ကျင် ဘက်ဖြစ်သော စကားများကို တင်၍လှုံ့ဆော်ခဲ့ပြီး၊ ဒေါ်စု စုံစမ်းခဲ့သည်နှင့် ဆန့်ကျင် ဘက်ဖြစ်သော ကိုမင်း ကိုနိုင် ၏ မီးလောင်ဗုံး အင်တာဗျူးအဖြေအား တင်၍လည်း ဒေါ်စုရဲ့ အစီရင်ခံ စာ အပေါ် သွယ် ၀ိုက်သော ဝေဖန်မှုမျိုးများ ပြုလုပ်ခဲ့ပါတယ်........ ဒါတွေဟာ ဒီမိုဖက်တီး (ခေါ်) ခွန်ဒီးယမ်း အကောင့် ရဲ့ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်များ၊ အညှိုးအတေးထားမှုများနဲ့ လုပ်ခဲ့တဲ့ ဖြစ်ရပ်တွေပဲ ဖြစ်ပါ တယ်..... အဆိုပါဖြစ်ရပ်တွေထဲမှာ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်မှု သက်သက်နဲ့ ဒေါ်စု၊ NLD အပါအ၀င် မည်သူ့ ကို မဆို ပုတ်ခတ်၊ စော်ကား၊ စကားနာထိုးခြင်း၊ သွေးထိုးခြင်း၊ သပ်ရှိုခြင်းများစွာ လုပ်ခဲ့တာကို သိနိုင်ပါ တယ်....

ဒီမို ဖက်တီး အကောင့်နှင့် ခွန်ဒီးယမ်း အကောင့်ရဲ့ တူညီတဲ့ အချက်ကတော့ စာ အရေး အသား၊ အာဘော်၊ NLD အတွင်းရေး၊ ဒေါ်စု၏ အတွင်းသတင်း အစရှိတာတွေကို အမြဲလိုလိုပင် ဦးစွာတင်လေ့ရှိခြင်း ဖြစ်သလို၊ အခြားသူများရဲ့ စာများ၊ ပုံများကိုလည်း ခိုးယူတင်ခြင်းပဲ ဖြစ်ပါတယ်..... ဒီမိုဖက်တီးဟာ ဘယ်သူ ဆိုတာ တစ်ချိန်က ဒီမိုဖက်တီး မွေးနေ့မှာ ကိတ်မုန့်ပို့ခဲ့တဲ့ ဒေါ်စု အသိဆုံးပဲ ဖြစ်ပါတယ်..... ဒီမိုဖက် တီး ကိုယ် တိုင် သူဟာ ပေါင် ၂၀၀ ကျော်ရှိတယ်ဆိုတာကို ၀န်ခံထားတဲ့ ကျွန်တော်နဲ့ အပြန် အလှန် ပို့ထားတဲ့ မက်ဆေ့ခ်ျ လည်း သက်သေရှိပါတယ်..... ပုံမှန်အနေဖြင့် ကျွန်တော် လူတစ်ဖက်သား ကို ဒီလိုမဝေ ဖန် ပါဘူး..... ဒါပေမယ့် အွန်လိုင်း ပရိတ်သတ်ရဲ့ အားကိုယူပြီး ကျွန်တော့်ကို သွားပုတ်လေ လွင့် ရေး သား ပြောဆိုလာတဲ့ အကြိမ်ပေါင်း များလာတဲ့အတွက်သာ ရေးခြင်း ဖြစ်ပါတယ်..... 

တလက် စတည်း ဒီမိုဖက်တီးရေးသားခဲ့သည်များနှင့် ပါတ်သက်ပြီး တရားစွဲဆိုခြင်သူရှိပါက ဒီမိုဖက်တီးနဲ့ ကျွန်တော် အပြန် အလှန်ရေး သား ခဲ့တဲ့ မက်ဆေ့ခ်ျ တွေကို တရား ရုံးမှာ သက်သေ အဖြစ် တင်ဖို့ ကျွန်တော် ကူညီ ပါမယ်..... ကျေးဇူးတင်ပါတယ်....

တစ်ချိန်က ဒီမိုဖက်တီးရဲ့ စာစုတစ်ခု....
From: James Mint

ကေအိုင်အိုနယ်မြေ တက္က သိုလ် ဝင်တန်း စာမေးပွဲ ဧပြီလမှသာ ဖြေမည်

Posted by drmyochit Monday, March 18, 2013, under | No comments


မြန်မာ တစ်နိုင် ငံလုံး တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆို နေပြီ ဖြစ်သော်လည်း လက်နက်ကိုင် ပဋိပက္ခ များကြောင့် ကေအိုင်အို ထိန်းချုပ် နယ်မြေ အတွင်း တွင် ဧပြီ ၁ ရက်နေ့မှ ၈ ရက်နေ့ထိ ဖြေ ဆို မည်ဖြစ် ကြောင်း ကေ အိုင်အို ပညာရေး ဌာန ဒုတိယ တာဝန်ခံ ဦးခွန်းအောင် က ပြောကြားသည်။ “မေးခွန်းတွေ ကို ကေအိုင် အို ပညာရေး ဌာနက ဘာသာ ရပ် အ လိုက် ရေးဆွဲ ထားပါတယ်” ဟု ၎င်းက ဆိုသည်။

ကေအိုင်အို ပညာရေး ဌာန၏ စာစစ်ဌာန သုံးခု ရှိပြီး လိုင်ဇာ စာစစ် ဌာနတွင် ၁၃၄ ဦး၊ မိုင်ဂျာယန် စာစစ် ဌာနတွင် ၁၁၁ ဦးနှင့် အင်ဂွမ်းလ စာစစ် ဌာနတွင် ၂၅ ဦး စုစုပေါင်း ၂၇၀ ဦး ရှိကြောင်း ယင်းဌာန၏ စာရင်းများ အရ သိရသည်။ တပ်မတော်နှင့် ကေအိုင်အေ တို့ တိုက်ပွဲ စတင် ဖြစ်ပွား ခဲ့သည့် ၂၀၁၁-၂၀၁၂ ပညာ သင်နှစ် တွင်လည်း ကေအိုင်အို ပညာရေး ဌာနက ရေးဆွဲ သည့် မေးခွန်း အတိုင်း တက္ကသိုလ် ဝင်တန်း ကျောင်းသားကျောင်း သူပေါင်း ၂၆၀ ဦး ဖြေဆိုခဲ့သည်။ ယင်းတက္ကသိုလ် ဝင်တန်း ဖြေ ဆိုအောင်မြင် သူ များသည် ကေအိုင်အို ပညာရေးဌာနမှ ဖွင့်လှစ်သော သင်တန်းများအပြင် တရုတ်ပြည်သူ့ သမ္မ တနိုင်ငံ ကူမင်းမြို့ရှိ တက္ကသိုလ်နှင့် ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ဖွင့်လှစ်သော သင်တန်းများကို တက်ရောက် နိုင်ရန် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ဦးခွန်းအောင်က ပြောကြားသည်။

 ကေအိုင် အို ထိန်းချုပ် နယ်မြေ အတွင်းရှိ ကျောင်းသူ ကျောင်းသား များသည် ၁၉၉၄ ခုနှစ်မှ စတင်ကာ ၂၀၁၁ ခုနှစ် အထိ အစိုးရ၏ အခြေခံ ပညာ အထက် တန်းကျောင်း များတွင် သွားရောက် ဖြေဆိုခဲ့သော် လည်း တိုက်ပွဲ ဖြစ်ပွားပြီးနောက် သွားရောက် ဖြေဆိုရန် အဆင် မပြေသော ကြောင့် ကေအိုင်အို နယ်မြေ အတွင်း၌ သာ စာမေးပွဲ စစ်ဆေးခြင်း ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထား ပါသည်။ 

From:ခေတ်လူငယ်

ဦးသန်းရွှေ၏ မြေး ဖိုးလပြည့်မှ ပြည်သူ့ ဝန်ထမ်း ယာဉ်ထိန်းရဲတဦးအား လက်သီးနဲ့ ထိုး ၊ ပါးရိုက် ၊ ရုံးခန်းအတွင်း ခေါ်ယူနှိပ်စက်ပြီး မိုက်ရိုင်းစွာပြုမူခဲ့

Posted by drmyochit Monday, March 18, 2013, under | 27 comments


14-3-2013 ရက်နေ့ (1400)ချိန် ခန့်တွင် ရန်ကုန် တိုင်း ဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(9) ရပ် ကွက်၊ တက္ကသိုလ် ရိပ်သာလမ်းနှင့် အင်းယားလမ်း မီးပွိုင့် တွင် ယာဉ်ထိန်း တပ်ဖွဲ့စု(25)မှ လ 226993 တပ် သား စံသိန်းထွေး(ဘ) ဦးစံလှဘော်သည် ယာဉ် ထိန်း တာဝန်ဆောင်ရွက်နေစဉ် အင်းယား လမ်းအ တိုင်း မြောက်မှ တောင်သို့ (ယခင် တပ် မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး ဖိုးလပြည့်) မောင်းနှင် လာသော 9ဂ/9914 မက်တူး ငွေမှင်ရောင်ကား မီးပွိုင့်သို့ ရောက်ရှိ လာပြီး ဖိုးလပြည့်မှ စကားပြော စက်ဖြင့် လမ်းရှင်းပေးရန် ပြော၍ တပ်သားစံသိန်းထွေးမှ ဖိုးလပြည့် မောင်းနှင် လာသည့် ယာဉ်ကြော အား မီးနီနေသည့် ကြားမှ မီးစိမ်းပေးခဲ့ကြောင်း၊ ပွိုင့်ဖြတ်၍ မီးဝါသွား သဖြင့် ဖိုးလပြည့်မှ မကျေ နပ်ပြီး ၎င်း၏ ကားအား နိုင်ငံခြား ဘာသာ တက္ကသိုလ် ရှေ့အရောက်လောက် တွင် ကားအား ပြန်ကွေ့ လာပြီး ယာဉ်ထိန်း တသ စံသိန်းထွေးအား လှမ်းခေါ်ခဲ့ကြောင်း၊ တသ စံသိန်းထွေးမှ ကားအနား သို့ သွား ရပ်ခဲ့ရာ ဖိုးလပြည့်မှ တသ စံသိန်းထွေးအား မင်း ငါစက်ခေါ်တာ မကြားဘူးလား။ ငါက မင်းကို လမ်း လယ် ထွက်ရှင်းခိုင်းတာ မီးဝါကို တွေ့ချင်တာ မဟုတ်ဘူး သူ့ကို မီးဝါမှ ထွက်ခိုင်းတယ်ဆိုတဲ့ သဘော လားဟု ပြော၍ ယူနီဖောင်း အင်္ကျီစအား ဆွဲပြီး လက်သီးနှင့် လှမ်းထိုးကြောင်း၊ ဖိုးလပြည့်မှ မင်းနောက် ဆို မလွယ်ဘူး၊ ဟုပြောဆိုပြီး မောင်းနှင်ထွက်သွားကြောင်း သိရသည်။

15 မိနစ်ခန့်အကြာတွင် အရပ်ဝတ်ဖြင့် ဗိုလ်မှူးဆိုသူ တစ်ဦး ရောက်ရှိလာပြီး ဖိုးလပြည့်မှ ခေါ်ခိုင်းသည်ဟု ဆိုကာ ယာဉ်ထိန်း တပ်သား စံသိန်းထွေးအား လာခေါ်သဖြင့် ရုံးအမိန့် တစ်စုံတစ်ရာမှ မတွေ့သဖြင့် တပ်သား စံသိန်းထွေးမှ လိုက်ပါမသွားဘဲ မီးပွိုင့်တွင် အတူရှိနေသော တပ်ကြပ် ဌေးသိန်းအား ပြောပြီး တပ်ဖွဲ့စုရုံးသို့ ပြန်ခဲ့ကြောင်း၊ တပ်ဖွဲ့ စုရုံးသို့ ရောက်ရှိသည့်အခါ ဖြစ်စဉ်အား တပ်ကြပ်ကြီး ၀င်းမြထံသို့ သတင်းပို့ တင်ပြပြီး တကက ၀င်းမြမှ တပ်ဖွဲ့ စုမှူး ဒုရဲမှူး ဥာဏ်လင်းထံ သတင်းပို့ခဲ့ကြောင်း၊ 1500 ချိန်ခန့်တွင် အရပ်ဝတ်ဖြင့် ဗိုလ်မှူး ဆိုသူ တပ်ဖွဲ့ စုမှူးရုံးသို့ လိုက်လာပြီး တပ်သ စံသိန်းထွေးအား လာခေါ်သဖြင့် တကက ၀င်းမြမှ တပ်ဖွဲ့ စုမှူးထံသို့ သတင်းပို့ရာ တပ်ဖွဲ့ စုမှူးမှ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း လမ်းကြောင်းရှိ၍ မလိုက်ရန် ပြောကြားကြောင်း၊ 1520ခန့်တွင် ဖိုးလပြည့် ထပ်မံ ရောက်ရှိလာပြီး တသ စံသိန်းထွေးအား ထပ်မံခေါ်သဖြင့် တကက ၀င်းမြမှ ပြေပြေလည်လည်နှင့် ပြီးသွားစေရန် ရည်ရွယ်၍ လေးလေးစား ပြောဆိုရန် မှာကြားကြောင်း၊ တပ်သား စံသိန်းထွေးမှ ဖိုးလပြည့် ကားရှေ့တွင် 15 မိနစ်ခန့် ရပ်နေပြီး ဖိုးလပြည့်မှ ကားပေါ်မှ ဆင်းလာကာ မင်းငါ့ကို မလေးစားလို့လား။ မလုပ်ပေးချင်လို့လား၊ ကျန်တဲ့ ပွိုင့်တွေဆို ကြည်ကြည်ဖြူဖြူ လုပ်ပေးကြတယ်၊ ဟု ပြောဆိုကာ စံသိန်းထွေး၏ ၀ဲယာပါးအား ရိုက်ပြီးနောက် အဲလို မလုပ်နဲ့ဟု ပြော၍ ကားမောင်း ထွက်သွားကြောင်း၊ တသ စံသိန်းထွေးမှာ ရဲအုပ် ဇော်င်္လင်ဦးနှင့်အတူ ဗိုလ်မှူးဆိုသူ မောင်းနှင်သည့် ကားဖြင့် ဖိုးလပြည့် နေထိုင်ရန် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်းရှိ နေအိမ်သို့ လိုက်ပါ သွားခဲ့ကြောင်း၊ ရဲအုပ် ဇော်လွင်ဦးအား ခြံဝင်း အ၀င်တွင် အစောင့်များမှ တသ စံသိန်းထွေး ၀တ်ဆင်လာသည့် ဖိနပ်ကြီး၊ အင်္ကျီ၊ ဦးထုပ်တို့အား ချွတ်ခိုင်းပြီး ၎င်းတို့ထံမှ ဘောလုံး အင်္ကျီ ၀တ်ဆင်စေပြီး ဧည့်ခန်းထဲတွင်၊ စောင့်ခိုင်းခဲ့ကြောင်း၊ 5 မိနစ်ခန့် အကြာတွင် ဖိုးလပြည့် ၀င်ရောက်လာပြီး ၎င်းလက်တွင် ကိုင်ထားသော ရေခဲရေဗူးမှ ရေဖြင့် ယာဉ်ထိန်း တပ်သား စံသိန်းထွေး၏ မျက်နှာအား ပက်၍ ဒူးထောက်ထိုင်ခိုင်းပြီး မင်းယောက်ျားဆိုယင် မျက်စိ မှိတ်ဟု ပြောသဖြင့် ၎င်းမှ ဒူးထောက် မျက်စိမှိတ် ဟု ပြောသဖြင့် ၎င်းမှ ဒူးထောက် မျက်စိမှိတ် ပေးရာ ဖိုးလပြည့်မှ(မဖွယ်မရာဆဲဆိုကာ) ပါးတစ်ချက် ရိုက်ပြီး မင်းနောက် အဲဒီလို မလုပ်နဲ့ဟု ပြော၍ ရုံးခန်းထဲမှ ပြန် ထွက်သွားကြောင်း၊ ဗိုလ်ကြီးဆိုသူ 3 ဦးမှ တသ စံသိန်းထွေးအား ဒီကိစ္စကို ဘယ်သူကိုမှ မပြောနဲ့၊ သူက ဒီလို ပုံစံမျိုး အမြဲတမ်းလုပ်နေတာ၊ ငါတို့လည်း ဒီလိုဘဲ အမြဲတမ်း နေနေရတာ၊ ဖြစ်လာရင် မင်းတို့ပဲ ခံရမှာဟု ပြော၍ နေအိမ် အပြင်ဘက်သို့ ပြန်ထွက်လာပြီး ယာဉ်ထိန်း တစ်ဦး မောင်းနှင်သည့် ဗိုလ်မှူး၏ ကားဖြင့် တပ်ဖွဲ့စုရုံးသို့ လိုက်ပို့ခဲ့ရာ 1645 ချိန် ပြန်လည် ရောက်ရှိခဲ့ပြီး 16-3-2013 ရက်နေ့ 1900 ချိန်တွင် တပ်ဖွဲ့စုမှူး ဒုရဲမှူး ဥာဏ်လင်းမှ ဆေးစာယူရန် ပြောကြားသဖြင့် တသ စံသိန်းထွေးမှ ဆေးစာရယူပြီး ရန်ကုန် ဆေးရုံကြီးတွင် ပြင်ပ လူနာအဖြစ် ဆေးကုသ ခံယူလျက် ရှိကြောင်း ယာဉ်ထိန်းရဲ သတင်း ရပ်ကွက် မှ စုံစမ်း သိရှိရပါသည်။

သစ်ထူးလွင်

From: Thit Htoo Lwin Blog


အုပ်စုဖွဲ့အဓမ္မကျင့်မှု အိန္ဒိယမှာ ထပ်မံဖြစ်ပွား

Posted by drmyochit Monday, March 18, 2013, under | No comments


အိန္ဒိယနိုင်ငံ မက်ဒ်ယာ ပရာဒက်ရှ် ပြည်နယ် အတွင်း ဆွစ်ဇာလန် နိုင်ငံသူ ကမ္ဘာလှည့် ခရီးသည် အမျိုး သမီး တဦးကို အုပ်စုဖွဲ့ အဓမ္မ ပြုကျင့် ခဲ့ကြသူ အမျိုး သား ၅ ယောက်က သူတို့ အနေနဲ့ ပြစ်မှု ကျူး လွန် ခဲ့ကြောင်း ၀န်ခံခဲ့ကြ တယ်လို့ အိန္ဒိယ ရဲတပ် ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

အသက် ၃၉ နှစ်အရွယ် အဓမ္မပြုကျင့် ခံရသူ အမျိုး သမီးဟာ သူမရဲ့ယောင်္ကျား ဖြစ်သူနဲ့ အတူ စက်ဘီးနဲ့ ဘုရားကျောင်း တခုကို သွားရောက် ခဲ့ပြီးနောက် လမ်းဘေး တနေရာ တောတွင်း စခန်း ကျတဲ့နေ ရာမှာ လူတစု ကနေ ၀ိုင်းဝန်း အဓမ္မ ပြုကျင့်တာ ခံခဲ့ရ တာပါ။

သူမရဲ့ယောင်္ကျား ဖြစ်သူကို ၀ိုင်းဝန်း ရိုက်နှက် ခဲ့ကြပြီး ဇနီးဖြစ် သူကို ခင်ပွန်းသည်ရဲ့ ရှေ့မှာတင် အဓမ္မပြု ကျင့်ခဲ့ကြ တာ ဖြစ်တယ်လို့ စုံစမ်း စစ်ဆေး တဲ့ ရဲအရာရှိ DK Arya ကပြောပါတယ်။ သူတို့ထံက လပ်တော့ ကွန်ပျူ တာ ရူပီးငွေ တသောင်း နဲ့ လက်ကိုင်ဖုန်း စတာတွေ ကိုလည်း ခိုးယူခဲ့ကြ တယ်လို့ပြောပါတယ်။

အမျိုး သမီးကို ဒေသတွင်းက ဆေးရုံမှာ ဆေးဝါး ကုသမှု ပေးခဲ့ရပြီး အခုတော့ ဆေးရုံကနေ ဆင်းခွင့်ပေး လိုက်ပြီ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဆွစ်ဇာလန် သံအမတ်ကြီးက အကြမ်းဖက်ခံခဲ့ရတဲ့ ဇနီးမောင်နှံနဲ့ စနေနေ့ မှာတွေ့ဆုံ စကားပြောခဲ့ပြီး ဒီအမှုကို အမြန်ဖော် ထုတ်ပေး ဖို့ အိန္ဒိယ အာဏာပိုင်တွေကို တောင်းဆို ခဲ့ပါတယ်။

အဓမ္မ ပြုကျင့် ခံရသူ အမျိုး သမီးနဲ့ သူ့ရဲ့ခင်ပွန်း တို့ဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကနေ နယူးဒေ လီမြို့ အထိ ၃ လကြာ စက်ဘီးနဲ့ခ ရီးသွားနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့ တဲ့ ဒီဇင်ဘာလအ တွင်းကလည်း နယူးဒေ လီမြို့က ဘတ်စ်ကား တစီးပေါ်မှာ ၂၃ နှစ် အရွယ်ကျောင်း သူ တယောက် ကို အုပ်စုဖွဲ့ အဓမ္မပြု ကျင့် မှုဖြစ်ပွား ခဲ့တဲ့အတွက် လူအများဒေါသ ထွက်ခဲ့ကြပါတယ်။

အဲဒီလို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဖြစ်ပွားခဲ့ပြီး ၃ လ အကြာမှာ အခု အမှု ထပ်မံ ဖြစ်ပွား ခဲ့တာလည်း ဖြစ်ပါ တယ်။

VOA News

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မြန်မာ့ဂုဏ်ရောင် ရပ်ကွက် အတွင်းရှိ သိမ်းယူခဲ့သော လယ်ယာမြေများနှင့် ပတ်သက်၍ လယ်သိမ်းခံ ပြည်သူများမှ နိုင်ငံတော်နှင့် အဖွဲ့အစည်း များသို့ ရှင်းလင်းပွဲပြုလုပ်တောင်းဆို

Posted by drmyochit Monday, March 18, 2013, under | No comments


ရန်ကုန်၊ မတ် ၁၇။

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မြန်မာ့ ဂုဏ်ရောင် ရပ် ကွက် အတွင်းရှိ သိမ်းယူ ခဲ့သော လယ်ယာမြေ များနှင့် ပတ်သက်၍ လယ်သိမ်း ခံရသူ အိမ်ခြေ ၇၇၁ လုံးမှ ပြည်သူများမှ ဆုံးရှုံး နစ်နာ မှုများနှင့် ပတ် သက်ပြီး နိုင်ငံတော် တာဝန် ရှိသူ များနှင့် အဖွဲ့ အစည်း များသို့ ရှင်းလင်း ပွဲပြု လုပ် ခဲ့ကြောင်း သိရ သည်။

အဆိုပါ နေအိမ် များအား ၁၉၉၄ ခုနှစ်တွင် တပ်မတော်(ရေ)မှ စစ်တန်းလျား ဆောက်လုပ် မည်ဟု အကြောင်း ပြ ၍ ဝါဝါဝင်း ကုမ္ပဏီ မှ သိမ်းယူ ခဲ့ပြီး တန်ဖိုးမြင့် အိမ်ယာများ ဆောက် လုပ်ခဲ့ပြီး သိန်ထောင် ချီတန်ဖိုး ရှိ မြေယာများ ရောင်းချခဲ့သောကြောင့် မခံမရပ်နိုင်ဖြစ်ခဲ့ရခြင်း ဖြစ် ကြောင်း အသိမ်းခံရသော လယ်ယာမြေ များနှင့် ထိုက်တန်သော တန်ဖိုးများ ပြန်လည်ရရှိရန် ယခုကဲ့သို့ လုပ်ဆောင် ခဲ့ခြင်းဖြစ် ကြောင်း လယ်သိမ်း ခံရသူ တစ်ဦးက ပြောကြားသည်။

"အိမ်ခြေ ၇၇၁လုံး၊ လူဦးရေ လေးထောင်ကျော်အစား ကျွန်တော် ပြောမှာပါ၊ နှစ်ပေါင်း ၂၀ ကျော် နီးပါး ယခု အချိန်ထိ ဒုက္ခ ပင်လယ် ဝေခဲ့ရ တယ်"ဟု လယ်မြေ သိမ်း ဆည်းခံ လယ် သမားများ ကိုယ်စား ဦးတင် ထွဋ်က ပြောကြားသည်။

လမ်း ခရီး သွားလာရေး၊ လျှပ်စစ်မီး၊ စသည့် အခက်အခဲ မျိုးစုံကြုံတွေ့ ခဲ့ရကြောင်း၊ စစ်တပ် အတွက် သိမ်းဆည်း သည်ဆိုသဖြင့် အလွယ်တကူ ပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ဝါဝါဝင်း ကုမ္ပဏီမှ တန်ဖိုးမြင့် အိမ်ယာ များဆောက်လုပ် ရောင်းချခဲ့မှုမှာ မဖြစ် သင့်ကြောင်းနှင့် ဝါဝါဝင်း ကုမ္ပဏီ၏ မတရား မှုအား ဖော်ထုတ် ပေးရန်၊ ကျန်ရှိ သောမြန်မာ့ ဂုဏ်ရောင်ရပ်ကွက် မြေပေါ်တွင် တဲပေါ်မှ တိုက်ပေါ်တင် စနစ် အရ နစ်နာသူ အိမ်ခြေ ၇၇၁လုံးအား တိုက်ခန်း တစ်ခန်းစီ ပြန်လည် အစားထိုးပေးရန်(သို့မဟုတ်) တိုက် ခန်း တစ်ခန်းနှင့် ညီမျှသော နစ်နာကြေး ပြန်လည် ပေးလျော်ရန် တောင်း ဆိုသွားခဲ့သည်။

ယင်းရှင်းလင်းပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင်နေ့လည် ၁ နာရီ အချိန်ခန့်တွင် ကျင်းပပြု လုပ်ခဲ့ပြီး လယ်မြေ အသိမ်း ခံရသူ လယ် သမား များနှင့် မီဒီယာ အချို့ တက်ရောက် ခဲ့ကြသည်။

ဝေယံ
The Myanma Age

ပုံနိပ်ဥပဒေကို ကန့်ကွက်နေကြသော စတုတ္ထ မဏ္ဍိုင်များသို့

Posted by drmyochit Monday, March 18, 2013, under | No comments

နိုင်ငံတော်မှ အရေးကြီးတဲ့ မဏ္ဍိုင်တွေ ရဲ့ စတုထ္တ နေ ရာ ကိုရ ယူထား ကြတဲ့ မီဒီယာ မ ဏ္ဍိုင်တွေ အတွက် ရည်ရွယ် ချင်ပါတယ်။ အရင် ဆုံးပြော လို သည်မှာ ကျွန်တော် ၀န်ထမ်း မဟုတ်ပါ။ ဂျာနယ် လစ်လဲ မဟုတ် ပါ။ ပြည်သူ တစ်ဦး သာဖြစ် ပါသည်ဟု ၀န်ခံ လိုပါတယ်။ ကျွန်တော့် တစ်သက် လုံးဈေး ရောင်း ပါတယ်။ ကျွန်တော့်၏ နား၊ မျက်စိများ အားလုံး ကိုစွင့်၊ ဖွင့်စေရန် ကျွန်တော် ဂျာနယ်တော်တော် များများ ကို အပတ်စဉ် မလွတ်တမ်း ဖတ်ပါတယ်။ ကျွန်တော် အဓိကပြော လိုသည်မှာ ဂျာနယ် များတွင် ဖော်ပြရေး သားသူစာရေး ဆရာတို့အား ကျွန်တော့် မေတ္တာဖြင့် အကြံပြု တောင်းပန် လိုခြင်းဖြစ် ပါတယ်။ ကျွန်တော် စာမရေး တတ်ပါ။ စာရေး ဆရာ တစ်ယောက်လဲ မဟုတ်ပါချေ။ မည်သို့ပင် ဆိုစေ ကာမူ ကျွန်တော်တို့ မြန်မာနိုင်ငံတော် ကြီး အတွက် တစ်ထောင့် တစ်နေရာမှ ကျွန်တော် အင်အားဖြည့် လိုပါ တယ်။ စကားကြီး စကား ကျယ်ပြော သည်ဟု မထင်စေလိုပါ။ နိုင်ငံတော် အတွင်း မှီတင်း နေထိုင်ကြသူ အားလုံး တို့သည် ပြည်ထောင်စုသားနိုင်ငံသားများပင်ဖြစ်ပါတယ်။ ၀န်ထမ်းနှင့် ပြည်သူအကြားတွင် ခလောက် ဆန်ပ မာသွေး ခွဲနေ မှုအား ကျွန်တော် မလိုလားပါ။

ဥပမာပြောရင် မောင်ညိုဆိုတဲ့ ကလေး တစ်ယောက်အကြောင်းပါ။

၁။ မောင်ညို တဇွတ်ထိုးလုပ်တတ်သည်။
၂။ သို့သော် သနားညှာတာတတ်သည်။
၃။ အဆော့မက်သည်။
၎။ သို့သော်သွက်သွက်လက်လက်ရှိသည်။
၅။ ဆိုးသည်
၆။ သို့သော်ဆိုဆုံးမလျှင် နာခံတတ်သည်။

အဲဒီလို မောင်ညို၏ အကြောင်းကို ဖော် ပြလို လျှင် အားလုံးကို မျှမျှတ တဖော်ပြစေ လိုပါတယ်။ အကောင်း ချည်းမြင့်တော့ (၂၊ ၄၊ ၆) အဆိုး ချည်းမြင်တော့ (၁၊ ၃၊ ၅) အဲဒီလို ကောက်နုတ်ဖော်ပြ လိုက်တဲ့ အခါ တစ်ဘက်က မောင်ညိုကို မမြင်ရ သေးသူ အဖို့တော့ (၂၊ ၄၊ ၆) ပါ အချက် များချည်း သော်လည်းကောင်း၊ (၁၊ ၃၊ ၅) ပါ အချက်များချည်းသော်လည်းကောင်း ရေးသားချက်အတိုင်း မြင်ကြမှာဖြစ်ပါ တယ်။ အဲလိုအချိန် မျိုးမှာ မောင်ညိုကို မြင်ရတဲ့အခါတိုက်တိုက်ဆိုင်ဆိုင်မြင်ရတဲ့ အချက်ကြောင့် မှန်ကန်တယ်လို့ တစ် ဘက် သတ်ယူ ဆသွား တတ်ကြမယ်။ ဒါအပြင် အချက် အလက် အားလုံးကို မသိဘဲ တစ်ချက် တည်းနှင့် အဲဒီလိုရော မဟုတ် လို့လားလို့မေးလိုက်တဲ့ လက်တစ်လုံးခြား မေးခွန်း အားဖြေဆို ဖို့အလွန် ခက်ပါလိမ့် မယ်။ လိုရင်းကို ကြိုးစားပြောလိုပါတယ်။ ကျွန်တော်မှာ ဗဟုသုတများစွာ တိုးပွားရသည့်အတွက် မီဒီယာလော ကအား အလွန်ကျေးဇူးတင်ရှိပါတယ်လို့ ပဏာမ ပြောပါရစေ။ သို့ရာတွင် ကျွန်တော်တို့ လေးစားရ ပါသော အမေဒေါ်အောင်ဆန်းစုကြည်အား လေးစားအားကိုးချစ်ကြသည် မကသူ၏ စကားလုံး များကို လက်တွေ့ လိုက်နာကျင့်သုံးစေလိုပါတယ်။ “တစ်ဘက် နားနှင့် မဆုံးဖြတ်ပါနှင့် နှစ်ဘက်နားထောင် ပြီးမှ မိမိစိတ်အတိုင်း လုပ်သင့်တာကို ဆုံးဖြတ်ကြပါ”ဟု မိန့်ခဲ့သည့်အတိုင်း နိုင်ငံသားများဖြစ်ကြသော ၀န်ထမ်း၊ ပြည်သူ၊ မီဒီယာလောကသားတွေ အားလုံးတို့သည် မိမိရောက်ရှိနေသော နေရာ၌သာမနေကြဘဲ ပြည်သူ့ ဘက်၊ ၀န်ထမ်းဘက်၊ မီဒီယာဘက် အဘက်ဘက် ကို ၀င်ရောက်ခံစား၍ ကိုယ်ချင်းစာစိတ် ပြည့် ၀လျက် သုံးသပ်ဆင်ခြင်မှုကိုပြုစေလိုပါတယ်။ 

ထိုအထဲတွင် ၀န်ထမ်းနှင့် ပြည်သူ အကြား အဆိပ် အတောက်ဖြစ်စေ မယ့် တစ်ဘက်ဘက် အတွေး အမြင်တွေနဲ့ လိုရင်းအချက်အလက်ကိုဆွဲနုတ်၍ ကျွန်တော်ဖော်ပြ ခဲ့သော မောင်ညို အကြောင်း ဥပမာ အတိုင်း မလုပ်ကြစေလို ပါ။ ပြည်သူအားကိုးသော မီဒီယာ သည် သိသင့်သိထိုက်သော ဗဟုသုတအချက် အလက် များကို မည်သူ့ကိုမျှ နစ်နာစေလို သာစေလို ဆန်္ဒမပါ ဘဲ နိုင်ငံတော်အကျိုး သက်သက်ကိုသာ အဓိကလို လားသော စိတ်စေတနာသန့်သန့်များဖြင့် ရေးသား စေလိုပါတယ်။

တလောက ကျွန်တော့်ဆိုင်ကို အကောက်ခွန်ကို ၀န်ထမ်းတစ်ယောက် ရောက်လာတယ်။ ကျွန်တော်လည်း ဂျာနယ် မှာ ဖတ်ရ မှတ်ရသလောက်သူ့ ကို ဆွေးနွေးမိတယ်။ အဲဒီတလောက သတင်းစာရှင်းလင်းပွဲလုပ်တဲ့ အကြောင်း တွေ ပါတယ်။ သူ့ကိုမေးကြည်တော့မှ မေးမြန်းဖြေကြားကြတဲ့ အချက်အလက် တွေ တော်တော် များတယ် ဆိုတာသိရ တယ်။ တကယ်တမ်းဂျာနယ်မှာပါလာ တော့ လိုရင်းဆိုတာထက်ပြည်သူတွေကို အဆိပ် သင့်စေမယ့်၊ ဌာနအချင်းချင်းအထင် မြင်လွဲစေမယ့်လိုရင်းမျိုးကိုသာ ရွေးချယ် ဖော်ပြကြတယ်ဆိုတဲ့ မှတ်ချက် ကို ကျွန်တော်ချမိတော့တာဘဲ။ အရင်က အချို့ဂျာနယ်တွေမှာဆိုရင် ဌာနတွေမှာ တာဝန် ထမ်းဆောင် တဲ့ အကြီးအကဲတွေ ရဲ့ ရာထူးတွေကိုတောင် မှားယွင်းဖော်ပြ ထားကြတာတွေ့ရတယ်။ ဒါဟာ အပေါ် ယံကြောနဲ့ ဘာတွေဖြစ်နေတယ်ဆိုတာ ကို မလေ့လာဘဲ ရေးသားကြခြင်းဖြစ် တယ်လို့ယူဆတယ်။ ဒီလိုမှား ယွင်းမှုမျိုး ကိုလည်း မှားပါတယ်လို့ဝန်ခံတဲ့စိတ်၊ ပြန်လည်တာဝန်ယူဖြေရှင်းတဲ့ အသိစိတ်ဓာတ်တွေ ကိန်းအောင်းမွေးမြူနိုင် ဖို့လဲလို ပါလိ့မ်မယ်။ ဖြစ်ပျက်ခဲ့ဖူးတဲ့ အဖြစ်အပျက် တစ်ခုကို နမူနာပြောပြပါဦးမယ်။ ၀န်ကြီး ဌာနတစ်ခုဟာ သိန်းပေါင်းများစွာ လာဘ် စားထားပါတယ်လို့ ဂျာနယ်တစ်ခုက မှားယွင်းဖော်ပြ ခဲ့တာကို ဌာနကပြန်ပြီး တရားစွဲခဲ့လို့ အမှုဖြစ်ခဲ့ရတဲ့အဖြစ် တစ်ခု ရှိခဲ့ဖူးတယ်။ နမူနာပြောတာပါ။ အချို့ရုံး ဌာနတွေ ဟာ အဲဒီလိုပြန်ပြီးတရားစွဲနိုင်ဖို့ ဖြေရှင်းဖို့ အချိန်တောင်မပေးနိုင်ကြရ အောင် အလုပ်တွေများပြီး တာဝန် ကြီး လေးစွာ ထမ်းဆောင်နေရတယ်ဆိုတာ ပြည်သူတွေကလည်း ထဲထဲဝင်ဝင်သိဖို့လို ပါလိမ့်မယ်။ တ ကယ်တော့ မီဒီယာဆိုတာ တိုင်းပြည်တာဝန်ကို တစ်ထောင့်တစ်နေ ရာက ထမ်းဆောင်နေကြတယ်လို့ ကျွန်တော် ယူ ဆ မိပါတယ်။ ပိုပြီးအရေး ကြီးတဲ့နေရာတစ်ခုပါ။ ဒီကဏ္ဍကနေ တိုင်းပြည် ကိုတိုးတက် မှုဖြစ်စေနိုင် သလို ပြာကျသွားတဲ့ အထိလဲ ဖြစ်စေနိုင်တယ်။ သတင်းတွေယူတဲ့အခါ လောဘဇောနဲ့ မဟုတ် ဘဲ စေတနာနဲ့သာ နိုင်ငံတော်ရဲ့ တာဝန်ကို မီဒီယာတွေက ထမ်းဆောင် သွားမယ်ဆိုရင် အင်မတန် မင်္ဂလာ ရှိမှာ အမှန်ပါပဲ။ သတင်းပေးကပြောတိုင်း စာရေးဆရာတွေက ရေးလိုက်တဲ့စာတွေ ဟာ ရေးသူ ကိုယ်တိုင် ကိုယ်ရေးတဲ့ စာအပေါ်မှာ သေချာသိပါတယ်ဆိုတဲ့ ခိုင်မာတဲ့ အကြောင်းအချက်နဲ့ အချင်း အရာ မျိုး တွေဖြစ် မှလဲ စာရေးဆရာတို့ ဘက်မှာလဲ လိပ်ပြာလုံတဲ့ ခံစားမှုဖြစ်မှာ ပါ။ စာတစ်ခုကို နက်နက်နဲနဲ မသိ တဲ့ ဆရာ တစ်ယောက် ကစင်ပေါ် တက်ရှင်းတဲ့ အခါ တပည့်တွေ စာမေးတော့ မိမိကိုယ်ကို ယုံကြည် မှုနည်းနေ တတ် သလို ပါဘဲ။ လောကမှာ မိမိကိုယ်ကို မှန်ကန်တဲ့ စိတ်ဓာတ် သန့်စင် မှုမျိုး လိုပါ လိမ့်မယ်။

မြန်မာ့ ဆက်သွယ်ရေး စာပို့လုပ်ငန်း တွေမှာလဲ အလား တူတွေ ပါဘဲ။ ဥပဒေ တွေကို နားမလည် တစ်ဘက်နိုင်ငံ ကဥပဒေ တွေ သေချာ မသိဘဲ ကိုယ့်မြန် မာအချင်း ချင်း သူခိုးပါလို့ စွပ်စွဲပြော ဆိုပြီး ရန်တွေ့ခံ ခဲ့ရတဲ့ ၀န်ထမ်းတွေ ရှိခဲ့ပါတယ်။ နောက်မှ အဖြစ်မှန်ကို သိတော့လဲ တောင်းပန်ပါတယ် တစ်ခွန်းတောင်မကြားခဲ့ရဘဲ အင်တာနက်ပေါ်မှာ ဖော်ပြခံခဲ့ ရတာတွေ ဖြစ်ခဲ့ကြဖူးတယ်။

အလားတူပဲ ဆေးရုံဆေးခန်းတွေမှာ လူနာတွေက ဆရာဝန်၊ ပါရဂူတွေကို အချိန်အကြာကြီး ထိုင်စောင့်ရတယ်။ ဆေးရုံထဲ၊ ဆေးခန်းထဲမှာ အဲယားကွန်း ကအေး၊ ရောဂါကတက်၊ေ ၀ဒနာကနှိပ် စက်၊ ဆေးရုံဝန်ထမ်းတွေက အပေါက်ဆိုး၊လူတွေကလည်း အတင်းတိုးနေရတော့ ဆေးရုံဆေးခန်းတွေရဲ့ အခက်အခဲကို နားမလည်ကြတော့ဘဲ သမ္မတဆီတိုင် မယ်ဂျာနယ်မှာရေးဖို့သတင်းပေးမယ်၊ အင်တာနက်မှာတင်မယ်ဘဲ ကြွေးကြော် နေကြတော့တယ်။ ဘာကြောင့်လဲဆိုတော့ ဂျာနယ်တွေမှာ ဖော်ပြတဲ့သတင်းတွေက ဘယ်ဆေးရုံမှာ ဘယ်လိုဖြစ်လို့ သေသွားတယ်။

 ဆရာဝန်အမှားလုပ်လို့သေသွား တယ်အစရှိသည်ဖြင့် ဖော်ပြကြတဲ့ သတင်းဆိုးတွေကြောင့်ပေါ့။ ဘယ်သူတွေ ဖြင့် ကောင်းသွားလို့ဆိုတဲ့ အစရှိသည် ဖြင့် ဖော်ပြကြတဲ့ သတင်းဆိုးတွေကြောင့် ပေါ့။ ဘယ်သူတွေဖြင့် ကောင်းသွားလို့ ဆိုတဲ့ ကောင်းသတင်းမျိုးတွေရှိနေ ရဲ့သား နဲ့ရော ရေမိကြပါသလား။ ဖတ်မိ ကြပါသလား။ “အကောင်းမဖော်၊ အဆိုး ကိုတင်မြှောက်အဘယ်လောက်ကြောက် စရာကောင်းဘိသနည်း”ဟုသာ ကျွန်တော်မျိုးငြီးတွားနေလိုက်ချင်တော့ တယ်ဗျို့။ 

ဥပမာတွေသိပ်မပေးတော့ဘူး ဗျာ။ တကယ်တော့ ဘယ်အကြောင်း အရာကိုပဲ ရေးရေ ဗဟုသုတ တိုး ချင်ကြ လို့ ဂျာနယ်တွေ လည်းရောင်း ရမှာပါပဲ။ မိမိ စိတ်နှင့် မသင့်မြတ်၍ သတင်းပေးသော ၀ိသမလော ဘသားပြည် သူ အချို့တို့ရဲ့ စည်းမျဉ်းစည်းကမ်းဥပဒေကို မလေ့လာ ဘဲအပြစ်ဖို့ပေးပို့ကြသော တစ်ဘက် ဘက် သတင်းများ၊ မကောင်းတာမမှန်တာတွေ ကိုမှရေးရတာကျေနပ်နေသော စာရေး ဆရာ များ၊ အဲလို အဆိပ်တက်စေတတ်တဲ့ အကြောင်းအရာတွေကိုမှ ဖော်ထုတ်ပေး ရတာ ကျေနပ်နေပါတယ်။ ပိုပြီးရောင်း ရ ပါတယ်လို့ ယူဆသောဂျာနယ်ထုတ်ဝေသူ များ၊ မကောင်းတဲ့သတင်းတွေများများပါ မှ ကျေကျေ နပ်နပ် ဖတ်ချင်သော စာဖတ် ပရိသတ်ပြည်သူများကို ကျွန်တော်မျိုးရဲ့ ခံစားချက်လေး မျှဝေပေး လိုက်ခြင်းပါ။

ကျွန်တော် မှားနေနိုင်သေး တယ်။ နောက်ထပ်နားတွေ မျက်စိတွေစွင့်ဖို့ လိုကောင်းလိုနေပါလိမ့်မယ်။ ကျွန်တော် အဲဒီလောက် နည်းနည်းလေး ဘာလို့ သိနေ တာလဲ ဆိုတော့ ကျွန်တော် ကစတိုး ဆိုင်ဖွင့် ထားတယ်။ ကျွန်တော့် ဆိုင်မှာ လူပေါင်းစုံ ၀င်ထွက်တယ်။ ကျွန်တော့်မှာ မိတ်ဆွေတွေ လည်းပေါ တယ်။ မိတ်ဆွေ တွေကလည်း နိုင်ငံသားတွေဖြစ်တဲ့ ပြည်သူတွေ၊ ၀န်ထမ်းတွေ၊ စစ်ဘက်၊ ဆေးဘက်၊ ဆရာဝန်တွေ အစုံပဲလေ။ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလိုဘဲ “တစ်ဘက်နားနဲ့ ဘယ်ကိစ္စကိုမှ မ ဆုံးဖြတ် ရဘူး။ ရှုထောင့်တစ်ခုထဲနဲ့ပဲ မရွေးချယ် ရဘူး”လို့ ကျွန်တော့် အဖေကလဲ နာနာ လေးဆုံး မဖူးခဲ့ တယ်ဗျ။ ဒီလိုပဲ ဆရာတော် ဦးဇောတိကဆုံးမတဲ့” သူများဘ၀ကို နိမ့်ချ မှ မိမိဘ၀ တိုးတက်မှာ မဟုတ်ဘူး”ဆိုတဲ့ စကား ကိုလဲ နှလုံး သွင်းနိုင်ကြဖို့ လို မယ်ထင် တာဘဲဗျာ။ 

တကယ် ဆိုရင် အားနည်းချက်၊ အားသာချက်တွေကို မျှမျှတတဖြစ်စေဖို့ အဓိကကျတယ်။ ဆရာဝန်ကို ဝေဖန်ချင် ရင် ဆရာဝန်တွေရဲ့ စောင့်ထိန်းရမယ့်ကျင့် ၀တ်၊ စည်းကမ်းတွေဟာဘာတွေလဲဆိုတာ အရင်လေ့ လာ၊ ဌာနတစ်ခု၊ ၀န်ထမ်းတစ် ယောက်ကို ဝေဖန်မယ်ဆိုလုပ်ထုံးလုပ်နည်း ဥပဒေကို အရင်လေ့ လာ၊ ဖြစ် တတ်တဲ့ သဘော သဘာဝ၊ သူတို့ရဲ့ လုပ်ငန်းပိုင်း ဆိုင်ရာ အခက် အခဲတွေ ကိုလေ့ လာပြီးမှ သူများမှ ဝေဖန်ပြော ဆိုကြစေ လိုပါတယ်။

အဲ ဒီလိုတွေ မဟုတ် ခဲ့တော့ အမှားတွေ အထပ်ထပ်ဖြစ်၊ ပြည်သူတွေက အဟုတ်ထင်၊ အဆိပ်တွေတက်၊ တစ်ကွေ့ကြုံ လာ တဲ့အခါ ရင်ထဲကတွန်းလှန်ရန်သူလိုဆက် ဆံကြ၊ သူ့အကောင်းမမြင်၊ ငါ့အဆိုးထင် နဲ့ နိုင်ငံတော် မှာရှိတဲ့ ပြည်သူနဲ့ ၀န်ထမ်း လက်တကမ်းအလိုစစ်ခင်းသူနိုင်ငါရှုံးငြင်း ကြရင်းနဲ့ စစ်အေးတိုက် ပွဲတွေ ဘယ်အချိန် ရပ်ပါ့မလဲဗျို့။ ဒီလိုမှမဟုတ်ဘဲ “ပြည်သူ ကလည်း ၀န်ထမ်းဘက်ကို စာနာ၊ ၀န်ထမ်း ကလည်းပြည် သူကို ညှာတာနိုင်ဖို့၊ သွေး အဆိပ်တွေအစားအေးအရိပ်မေတ္တာရေ တွေသာ တွင်တွင် ဖျန်း ပက်နိုင်ကြဖို့ မတတ်ကြတော့ဘူးလား။ မီဒီယာတို့ရေ” လို့လည်းအော်ဟစ်ပစ်ချင်တော့တာဘဲ။ 

ပွင့်လင်းမြင် သာတဲ့ ခေတ်ကိုရောက်လို့ ဒိမိုကရေစီလမ်းကြောင်းပွင့်ပြီ လွတ်လပ် စွာရေးသားကြတော့ ဝေ ဖန်နိုင်ကြပြီဆို တာကို ကျွန်တော်နားလည်တာက “ရည်ရွယ်ချက်ပါပါထိခိုက်နစ်နာစေလိုခြင်း သက်သက်” မဟုတ်ဘူး လို့ထင် မိပါတယ်။ ဘယ်နေရာက အားနည်းချက်ဖြစ်မလဲ အပြစ်ပုံချမယ်၊ အပြစ် ရှာကြမယ် ဆိုရင် နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း၊ မြေနိမ့်ရာ လှံစိုက်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ဟာကွက် တွေစောင့် ၀င်သမ တာမျိုးတွေမ လုပ်မိစေ ဖို့လိုမယ်ထင်တယ်။ သူများဘက်ကို အပုပ်များများချပြီးမှ ကိုယ့်ဘ၀ တိုး တက် မှု လမ်းကြောင်းရှာတာရှက်တတ်မယ်ဆို ရှက်စရာပေါ့ဗျာ။

ကျွန်တော့် လိုရင်းဒီမှာဆုံးရမယ်ဆိုရင် နိုင်ငံတော်တစ်ခုအတွင်းနေထိုင်ကြတဲ့သူ အားလုံးဟာ တစ်နိုင်ငံထဲ သားတွေ ပါပဲ။ နိုင်ငံသားအချင်းချင်းအဆိပ်သင့်အောင် မဟုတ်မမှန်တာကို လုပ်ကြံလို့ပဲဖြစ်ဖြစ်၊ မော်ကွန်း တင်ပြီးသား သမိုင်းမှတ်တမ်း တွေကို အထပ်ထပ်ကြမ်းအောင်ချေးခြောက် တွေ ရေနူးလို့ပဲဖြစ်ဖြစ်၊ ပြည် သူ့နဲ့ ၀န်ထမ်း ကြားအထင်မှား အမြင်မှားနဲ့ ရင်တွင်း စစ်ခင်းနေအောင်မရည်ရွယ်စေချင်ဘူး။ သတင်းပေး ရှိတာနဲ့ မလေ့လာ ဘဲရေးမိတဲ့ အဖြစ်မျိုးနဲ့လည်း စာရေးဆရာတို့ သိက္ခာ မကျစေလိုပါ။ 

“တိုင်းပြည်ကို တကယ်ချစ် တယ်ဆိုစေတနာထားဆောင်ရွက်ချင်ကြ တယ်ဆိုတဲ့ စိတ်ဓာတ် ရှိချင်တယ် ဆိုတဲ့ စတုတ္ထ မဏ္ဍိုင်ကြီးရဲ့ အနွယ် ပွားဂျာနယ် ကျော်စာရေး ဆရာတို့၊ သတင်းပေး တို့ရေ၊ စာရေးဆရာ မဟုတ် သတင်းပေး မဟုတ်သော အကျွန်ုပ်မှ နိုင်ငံတော်အကျိုးရှေးရှုလို့ မည်သည့် ပုဂ်္ဂိုလ် တစ်ဦး တစ်ယောက် ကိုမျှ  မရည်ရွယ်သော်လည်း အမုန်းခံကာ ရေးသားတင်ပြလိုက်ရသောကြောင့် အမိုက်အမဲ လို့ယူ ဆခွင့် လွှတ်လိုက်ပြီး ဟုတ်သောအကြံ၊ မှန်သောအကျင့်ဖြင့် သာ မိမိဘ၀တိုးတက်မှုကိုရှာကြပါကုန် လော့။ ကဲ လွန်တာရှိရင် ၀န္တာမိပါဗျို့။


From : ..hot news

မာလာလာက သူမလှုပ်ရှားမှုများကို ဆက်လုပ်ရန် အဓိဋ္ဌာန်ပြု

Posted by drmyochit Monday, March 18, 2013, under | No comments



ပါကစ္စ တန်နိုင်ငံမှ တာလီဘန်တို့၏ သေနတ်ဖြင့် ပစ်ခတ်ခြင်းခံရသော အမျိုးသမီးများအတွက် ပညာရေး လှုပ်ရှား သူ မာလာ လာသည် အမျိုး သမီးများ အတွက် ပညာရေး တိုက်ပွဲကို ဆက်လက် လုပ်ဆောင် သွား မည် ဖြစ်ကြောင်း ဗီဒီ ယိုမှ တစ်ဆင့် ပြောကြားခဲ့သည်။

သူမ အနေဖြင့် သေလုနီးပါး တိုက်ခိုက်ခြင်းခံရသော်လည်း ဇွဲလျှော့မည်မဟုတ်ဘဲ ဆက်လက် တိုက်ပွဲ ဝင်သွား မည်ဟုဆိုသည်။ ဘယ်မျက်နှာ တစ်ခြမ်းသည် သေနတ် ဒဏ်ရာကြောင့် ရွဲ့ သွားသော်လည်း မာလာလာ သည် ပီသသည် အသံ များဖြင့် ရှင်းလင်းပြောကြား သွားသည်။

အသက် ၁၅ နှစ်ရှိပြီဖြစ်သော မာလာလာက "ကျွန်မ ကျန်းမာရေး အခြေ အနေ ကောင်းလာ ပါပြီ။ ကျွန်မ အလုပ်တွေ ဆက်လုပ်သွားမှာပါ။ ပြည်သူတွေအတွက်၊ အမျိုးသမီးတွေအတွက်၊ ကလေးတွေအတွက် ပညာရေး ကို ဆက်လုပ်သွားမယ်။ ဒီလိုလုပ်နိုင်ဖို့ ကျွန်မတို့ ရန်ပုံငွေတွေ အများကြီးရှာရဦးမယ်" ဟုပြော သည်။

ပြီးခဲ့သည့်နှစ် အောက်တို ဘာလ ၉ ရက်နေ့တွင် မာလာလာအား တာလီဘန်တို့က သေနတ်ဖြင့် ခေါင်းကို ပစ်ခတ် ခံရပြီးနောက် တစ်ကမ္ဘာလုံး၏ အာရုံစိုက်ခြင်းကို ခံလာရသည်။ မာလာလာသည် အမျိုးသမီးများ ပညာရေးနှင့် အနောက်တိုင်းအတွေးအခေါ်များ ပြန့်ပွားရေးကို ဆောင်ရွက်နေသည်ဟု အကြောင်းပြကာ တာလီ ဘန်တို့က လုပ်ကြံသတ်ဖြတ်ခဲ့သော်လည်း အသက်မသေခဲ့သူဖြစ်သည်။ သူမ၏ စွမ်းဆောင် ချက်ကြောင့် ၂၀၁၂ ခုနှစ်တွင် နာမည်ကျော် တိုင်းမ်မဂ္ဂဇင်းကြီးက "Person of the Year" ဆုပေးရန် လျာထား သတ်မှတ် ခြင်း ခံခဲ့ရသည်။ 

မောက္ခနိုင်ငံတကာသတင်း

ကော်လိုရာဒို ကျောင်းသူ Intel ကုမ္ပဏီပထမဆု ဒေါ်လာ ၁ သိန်းရရှိ

Posted by drmyochit Monday, March 18, 2013, under | No comments



ကော်လို ရာဒိုမှ အထက် တန်းကျောင်းသူ တစ်ယောက်သည် Intel ကုမ္ပဏီမှ ပေးအပ် သည့် သိပ္ပံ ရည်ချွန် ဆု အဖြစ် ဒေါ်လာ ၁ သိန်း ရရှိ သွားကြောင်း သတင်း ရရှိသည်။ အသက် ၁၇ နှစ် အရွယ်ရှိ ဆာရာ ဗို့ဇ်ဆို သည့် ကျောင်းသူသည် ကော်လိုရာဒို စပရင်းအထက်ကျောင်းမှ ကျောင်းသူတစ်ဦးဖြစ်ပြီး ရေညှိပင်များမှ ဆီထုတ် ယူနိုင်ရေးကို အထူးပြုစမ်းသပ်နေသူဖြစ်သည်။ ရေညှိဆီကို လောင်စာဆီအသွင်ပြောင်းကာ ယာဉ်များ တွင် အသုံးပြုပြီး ဈေးနှုန်းသက်သာစေရန် တီထွင်နိုင်ခဲ့သူဖြစ်သောကြောင့် ထိုဆုကို ရရှိ ခဲ့ခြင်းဖြစ် သည်။

ဆာရာသည် ထိုစမ်းသပ်မှုကို နှစ်ပေါင်းများစွာကြာအောင် သုတေသနပြုနေပြီး ပရောဂျက်အောင်မြင်ရေး အ တွက် စိတ်ဖိစီးမှုများစွာ ခံခဲ့ရကြောင်း၊ သိပ္ပံပညာနှင့်ပတ်သက်ပြီး လေ့လာခဲ့ရရုံမျှမက နယ်ပယ်ပေါင်းစုံ အတွက် ပါကြို တင်ပြင် ဆင် ခဲ့ကြောင်း သင်္ချာ ပါမောက္ခ ဒေးဗစ် မာကာကပြောကြားသည်။

ဒုတိယဆုအဖြစ် ဒေါ်လာ ၇၅၀၀၀ ကို အသက် ၁၇ နှစ် အရွယ် ဂျိုနာ ကယ်လန်ဘက်ခ်ျက ရရှိခဲ့သည်။ သူသည် အမ်ဘလာကျောင်း မှဖြစ်ပြီး ပရိုတိန်းတို့၏လက္ခဏာများအကြောင်းကို လေ့လာသုတေသနပြု နေ သူဖြစ် သည်။ သူသည် ပုံမှန် မဟုတ်သည့် မော်လီကျူး ပုံစံများ တည်ဆောက် မှုကို သုတေ သနပြုကာ လေ့ လာ တင်ပြနေ သူလည်းဖြစ်သည်။ သူ့လေ့လာတွေ့ရှိချက်ကြောင့် ရင်သားကင်ဆာ၊ သားအိမ် ကင် ဆာနှင့် တီဘီ ရောဂါများကုသရေးအတွက် ဆေးများထွက်ပေါ်လာနိုင်ဖွယ်ရှိသည်။

နောက်တစ်ဦးမှာ အသက် ၁၇ နှစ်အရွယ်ရှိ ဘရန့်ဝုဒ်ကျောင်းမှ အဒမ် ဘိုးမင်းဖြစ်သည်။ သူသည် တတိ ယဆု အဖြစ် ဒေါ်လာ ၅၀၀၀၀ ရရှိမည်ဖြစ်သည်။ သူသည် ပလာစမာခေါ် အိုင်ယွန်းဓာတ်ငွေ့ကို ဖန်တီးပြီး ဆုရရှိသွား သူဖြစ်သည်။ လျှပ်ကူးပြားများ ထုတ်လုပ်ရာတွင် အထောက် အကူပြုမည့် နည်း ပညာဖြစ်
 သောကြောင့် ဤဆုကို ပေးရခြင်းဖြစ်သည်ဟုဆိုသည်။ လက်ရှိ ပလာစမာများသည် ဈေးကြီးပြီး ထုတ်လုပ် ရာတွင် လည်း အကန့် အသတ်ရှိသည်။ ဘိုးမင်းသည် ထိုပလာစမာများကို အိမ်ရှိ ကားဂိုဒေါင်အတွင်း၌ တီထွင် ခဲ့ခြင်းဖြစ်ပြီး ငွေကုန် သက်သာစွာဖြင့် ထုတ်လုပ်နိုင်မည့်လမ်းစကို ဖော်ဆောင်နိုင် သူဖြစ်သော ကြောင့် ဤဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ပေးသည့်ဆုသည် အမျိုးအစားပေါင်း ၁၇၀၀ ကျော်ဝင်ပြိုင်သည့်အနက်မှ ရွေးချယ်ပေး အပ် ခဲ့ခြင်းဖြစ် ပြီး နိုင်ငံအတွင်း ကျောင်းသားများကိုပေးအပ်သည့်ဆုများအနက် အမြင့်ဆုံးဆုလည်းဖြစ်သည်။ ထိုဆုရွေး ချယ်ရေး တွင်ပါဝင်ခဲ့သူ ကျောင်းသားများအနက်မှ ၇ ဦးသည် နိုဗယ်ဆုရဖူးပြီး၊ ၁၁ ဦးမှာ မက်အာ သာဆု "ပါရမီရှင်ဆု" ကိုရရှိခဲ့ဖူး ကြောင်းသိရသည်။ 

 မောက္ခနိုင်ငံတကာသတင်း

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်