
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရားရှိခိုးတွေဘာတွေနဲ့ စရေးတယ်ဆိုတော့ ကျွန်တော်ကိုဉာဏ်တော့ ဘာသာရေးဆောင်းပါး ရေးတော့မလားလို့ မထင်လိုက်ကြပါနဲ့ခင်ဗျား။ ကျွန်တော့်မှာ ဘာသာရေးစာပေတွေကို ရေးနိုင်လောက်တဲ့ ၀မ်းစာ မရှိပါဘူး။ မိရိုးဖလာဗုဒ္ဓဘာသာအဆင့်ကနေ အနည်းငယ်မျှသာ ကျော်လွန်နိုင်သေးတဲ့ ပုထုဇဉ်လူသားတစ်ဦးသာ ဖြစ်ပါသေးတယ်။ အခုလို အစချီလိုက်ရတာက အကြောင်းရှိပါတယ်။ မကြာသေးခင် အချိန်ပိုင်းအတွင်းက ဖတ်ရှုရတဲ့ သတင်းတွေကြောင့် စိတ်တွေညစ်ငြူးရလွန်းလို့...