လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အနေဖြင့် လာမည့် အောက်တိုဘာလအတွင်း မန္တလေး အပြည်ပြည်
ဆိုင်ရာလေဆိပ်နှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှ
ဝင်ရောက်လာမည့် ပြည်ပဧည့်သည် များအား ဆိုက်ရောက်ဗီဇာများထုတ်ပေးနိုင်ရန် ပြင်ဆင်
မှုများ ပြုလုပ်ထားကြောင်း အဆိုပါ ၀န်ကြီးဌာန မှလက်ထောက် ညွှန်ကြားရေးမှူး တစ်ဦးကပြောသည်။
ဆိုက်ရောက် ဗီဇာများကို ပြည်ပဧည့်အ၀င်များသော ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် တစ်ခုတည်း၌သာ ယခုနှစ်ဇွန်လ(၁)ရက်နေ့မှစတင်ထုတ်ပေးလျှက်ရှိပြီးမကြာမီ၌မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့သို့ ပြည်ပလေကြောင်း လိုင်းများ တိုတ်ရိုက် ဆင်းသက် ပျံသန်းတော့မည် ဖြစ်ကြောင်း၊
ထိုသို့
ပြည်ပ လေကြောင်းလိုင်းများ မန္တလေးနှင့် နေပြည်တော်လေဆိပ်တို့သို့
တိုတ်ရိုက် ဆင်းသက်ပါက ပြည်ပဧည့်သည်များ အဆင်ပြေစေရန် အတွက် ၀န်ကြီးဌာန
အနေဖြင့် ဆိုက်ရောက် ဗီဇာများအား တိုးချဲ့ထုတ်ပေးနိုင်ရန် စီစဉ်နေ ရခြင်းဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
“အခုရန်ကုန်မှာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးနေရတာက တစ်ရက်ကို အနည်း ဆုံး လူ ၅၀
လောက်ရှိတယ်။ စထုတ်ပေးတုန်းကတော့ နိုင်ငံပေါင်း ၂၇ နိုင်ငံ က
ဝင်လာတဲ့သူတွေကိုပဲထုတ်ပေးခဲ့ရာကနေ ဆောင်ရွက်နေတဲ့ အစီအစဉ် အောင်မြင်တဲ့ အတွက် နိုင်ငံပေါင်း (၃၁)နိုင်ငံအထိကို တိုးချဲ့ပြီး ထုတ်ပေးနေ တယ်။
နေပြည်တော်နဲ့ မန္တလေးမှာက ရက်အတိအကျ မသတ်မှတ်ရသေးပေ မယ့် အောက်တိုဘာ (၁)ရက်နေ့ ထုတ်ပေးလို့ ရအောင် စီစဉ်နေတယ်” ဟု ၄င်းကဆိုသည်။
ထို့အပြင် လက်ရှိ၌ ပြည်ပမှ ၀င်ရောက်လာသူများအား Business ဗီဇာ၊ Entry ဗီဇာ နှင့် Transit
ဗီဇာများသာ ထုတ်ပေးလျှက် ရှိပြီး မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့်
ခရီးသည် များပြားလာမှုကြောင့် အောက်တိုဘာ လ အတွင်း တိုးရစ်ဗီဇာ များကိုပါ
ထုတ်ပေးသွားရန် စီစဉ်နေကြောင်း ထပ်မံသိရသည်။
PopularNews
0 comments:
Post a Comment