ဒုသမ္မတ ဒေါက်တာ
စိုင်းမောက်ခမ်း ဒုတိယအကြိမ်အဖြစ် ရခိုင်ပြည်နယ် ပဋိပက္ခအား လေ့လာရေးခရီးစဉ်အတွင်း
အထူး ရဟန်ယာဉ် ၂ စီးဖြင့် စစ်တွေမှ
ဘူးသီးတောင်-မောင်တော-မြောက်ဦး-မဟာမုနိ-ကျောက်တော်မှ စစ်တွေတွင် ယမန်နေ့က
ညအိပ်ရှိနေခဲ့ကြောင်း သိရှိရသည်။
ဒေါက်တာ
စိုင်းမောက်ခမ်းနှင့်အတူ ရခိုင်ပြည်နယ်တိုင်းမှူး ဗိုလ်မှူးချုပ် ဦးကိုကိုနိုင်၊
ရခိုင်ပြည်နယ်ဝန်ကြီး ဦးလှမောင်တင်၊ ဒုဝန်ကြီး (၁၀)ဦးခန့်၊ ကာကွယ်ရေးဒုဝန်ကြီး
ဦးလှမြင့် အပါအ၀င် နယ်စပ်ရေးရာ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးများ
လိုက်ပါလာကြောင်းနှင့် မောင်တောမြို့နယ်မှ ဒုက္ခသည်များအား အကူအညီပေးရန်
ပြောဆိုခဲ့ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။
ဒေါက်တာ
စိုင်းမောက်ခမ်းဦးဆောင်သော အဖွဲ့သည် စစ်တွေမြို့လေဆိပ်သို့ နံနက်ပိုင်းတွင်
ရောက်ရှိခဲ့ပြီး မောင်တော မြို့သို့ ၁၁ နာရီတွင် ဆိုက်ရောက်လာကာ နေ့လည် ၁ နာရီတွင်
ဘူးသီးတောင်-မြောက်ဦးမြို့ မြို့နယ်များမှတဆင့် လည့် လည် သွားခဲ့ခြင်း
ဖြစ်ကြောင်း ဆိုသည်။
"
ဒေသခံများနဲ့ ဒုက္ခသည်တွေကို တွေ့ဆုံပြီး အားပေးစကားတွေ ပြောခဲ့ပါတယ်၊ ကျွဲနွားတွေ
ဆုံးရှုံးသွားမှုအပေါ် လယ် ထွန်စက်တွေ ကူညီဆောင်ရွက်ပေးဖို့ ပြောဆိုခဲ့ပါတယ်၊
ဒေသခံတွေကို ပိုမိုတိုးတက်တဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးဖို့ ပြောဆိုခဲ့ပါတယ်၊
အကူညီတွေပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ " ဟု နီးစပ်သူတစ်ဦးက ပြောသည်။
ဒေါက်တာ
စိုင်းမောက်ခမ်း မောင်တောမြို့- အလယ်သံကျော် ခရီးစဉ်တွင် ခြားစားမှုဖြင့်
ပြောင်းရွေ့အရေးယူ ခံနေရသော နစကကွပ်ကဲရေးမှူး ဦးအောင်ကြီး နေရာသို့ ဇူလိုင် ၃၀
ရက်နေ့က ပြောင်းရွေ့လာသူ ဗိုလ်မှူးကြီး ဦးအောင်နိုင်ဦး(၄၀)နှစ် အနီးကပ်
လိုက်ပါခဲ့ပြီး လုံခြုံရေးများ တာဝန်ယူပေးခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတော်မှ
ခြစားမှုဖြင့် အရေးယူထားသော ဦးအောင်ကြီးထံမှ မြေပေါ် ကျပ်သိန်း ၅၀၀၀ အား သိမ်းဆည်း ထားပြီးဖြစ်ကြောင်း၊
၎င်းထံမှ မြေအောက်ဘဏ္ဍာများအား သိမ်းဆည်းနိုင်မှုများလည်းရှိကြောင်းနှင့် ၎င်းအား အရေးယူမည်
အခြေအနေကို မသိရှိရသေးကြောင်း မောင်တောမြို့နယ် နစကသတင်းရပ်ကွက်များက ဆိုသည်။
ဗိုလ်မှူးကြီး
ဦးအောင်နိုင်ဦးမှာ သံတွဲမြို့နယ်မှ ရခိုင်အမျိုးသားတဦးဖြစ်ပြီး မောင်တောမြို့နယ်
ဒေသခံများအနေဖြင့် ပြန် လည်ထူထောင်ရေး လုပ်ငန်းများတွင် အားပေးအားမြောက်
ပြုလာနိုင်မည်ဖြစ်ကြောင်း ယုံကြည်နေကြသည်ဟု မြို့ခံ တစ်ဦးက ပြောသည်။
"
ဒုသမ္မတကြီးက အေးဆေးတည်ငြိမ်တဲ့ လူရိုးတစ်ဦးလို့ မြင်ပါတယ်၊ သူပြောခဲ့တဲ့အတိုင်း
အမှန်အတိုင်း အကူအညီတွေ ရမယ်လို့ မျှော်လင့်ပါတယ်၊ သူကြားနေတာနဲ့
ကိုယ်တိုင်ကြည့်ရတာ လွဲချော်မှုတွေ အများကြီးတွေ့နေရတယ်လို့ သူသုံးသပ်ပါတယ်၊
သူအမှန်ကို ကူညီဖို့ အတန်တန်ပြောခဲ့ပါတယ်။ " ဟု
မောင်တောမြို့နယ်မှ အနီးကပ် လုံခြုံရေး အရာ ရှိတစ်ဦးက ပြောသည်။
ဒေါက်တာ
စိုင်းမောက်ခမ်း အနေဖြင့် ပဋိပက္ခဖြစ်ပွားသည့် အဖြစ်အမှန်အတိုင်း သိရှိနိုင်ရန်၊
ဒုက္ခရောက်နေကြသော ဒုက္ခ သည်များ၏ လတ်တလော အကူအညီလိုအပ်မှုများကို
ဖြေရှင်းပေးရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စနစ် တကျ
လုပ်ဆောင်နိုင်ရန် လေ့လာစစ်ဆေးဖို့ ရခိုင်ပြည်နယ်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း
သိရှိရသည်။
၎င်းအနေဖြင့် ရခိုင်ပြည်နယ်အတွင်း
ပဋိပက္ခဖြစ်ပွားသည့် အမှန်အတိုင်း အခြေအနေများကို သမ္မတ ဦးသိန်းစိန်၏ ရှေ့ ပြေးအနေဖြင့်
ရောက်ရှိလာကြောင်း ဖြစ်ကြောင်းနှင့် ခုရက်ပိုင်းအတွင်း ဦးသိန်းစိန်
လာရောက်စစ်ဆေးနိုင်ဖွယ် အခြေ အနေများ ကျန်ရှိနေသေးကြောင်း သိရှိရသည်။