Monday, August 06, 2012

အီရန်နိုင်ငံအပေါ် ဆန့်ကျင်သည့် အရေးယူ ပိတ်ဆို့မှု သစ်များအား အမေရိကန် ကွန်ဂရက်မှ ခွင့်ပြုလိုက်ခြင်း

Posted by drmyochit Monday, August 06, 2012, under | No comments


Xinhuanet.com;Aug-2(Thu)

အီရန် နိုင်ငံ ၏ အငြင်း ပွားဖွယ် နျူ ကလီးယား အစီ အစဉ်နှင့် ပတ်သက်၍ အီရန် နိုင်ငံအား ဖိအား ပေးရန် အတွက် အရေးယူ ပိတ်ဆို့မှု သစ်များအား အမေ ရိကန် သမ္မတ ဘားရက် အိုဘား များက ကြေညာ ခဲ့ပြီး နောက် တစ်ရက် အကြာ ၌ အီရန် နိုင်ငံ၏ ရေနံ တင်ပို့ မှုများအား ဆက်လက် ထိန်းချုပ်မည့် အရေး ယူပိတ် ဆို့မှု သစ်များအား အမေ ရိကန် ကွန်ဂရက် က သြဂုတ် လ ၁ ရက် နေ့တွင် ခွင့်ပြု ခဲ့ပါသည်။ အဆိုပါ အရေးယူ ပိတ်ဆို့မှု သစ်များအား အောက် လွှတ်တော်မှ ထောက်ခံမဲ ၄၂၁ မဲ၊ ကန့်ကွက်မဲ ၆ မဲဖြင့် အတည် ပြုခဲ့ပြီး အထက် လွှတ်တော် တွင်လည်း တညီ တညွတ်တည်း ထောက်ခံ ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ အရေးယူ ပိတ်ဆို့မှု ပြဋ္ဌာန်း ချက်သစ် များအား အမေ ရိကန် သမ္မတ ဘားရက် အိုဘား မားက လက်မှတ် ရေးထိုး ထုတ်ပြန် သွားမည် ဖြစ်ပါသည်။ အဆိုပါ အရေးယူ ပိတ်ဆို့မှု သစ်များ သည် အီရန် နိုင်ငံ အပေါ် တင်းကျပ် စွာပြ ဋ္ဌာန်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လွှတ်တော် နိုင်ငံ ခြားရေး ရာကော် မတီ ဥက္ကဌ  Ileana Ros-Lehtinen က ပြောကြား ခဲ့ပါသည်။
       ရေနံ တင်ပို့ မှုသည် အီရန် နိုင်ငံ၏ အဓိက စီးပွားရေး ဖြစ်ပြီး အရေး ယူပိတ် ဆို့မှု သစ်များသည် အီရန် နိုင်ငံ ၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ဆိုင်ရာ ရောင်းဝယ်မှု ပြုလုပ် လျက်ရှိ သောအ ဖွဲ့အ စည်းများ အပေါ် အဓိက ပစ်မှတ် ထား၍ ရေးဆွဲ ထားခြင်း ဖြစ်ပါသည်။ အလားတူ ဆောင်ရွက် မှုများအား အမေ ရိကန် သမ္မတ ဘားရက် အိုဘား မားက ၂ဝ၁၁ နှစ်ကုန် ပိုင်းတွင် လက်မှတ် ရေးထိုး ခဲ့ပြီး ၄င်း သည် အီရန် နိုင်ငံမှ ရေနံ ဝယ်ယူ လျက်ရှိသည့် ပြည်ပ နိုင်ငံ များမှ ဘဏ္ဍာ ရေးအဖွဲ့ အစည်း များအား အဓိက ရည်ရွယ် ရေးဆွဲ ပြဋ္ဌာန်း ခဲ့ခြင်း ဖြစ်ပါသည်။ အရေး ယူပိတ် ဆို့မှု များတွင် တရုတ် နိုင်ငံ Kunlun ဘဏ်နှင့် အီရတ်နိုင်ငံရှိ  Elaf Islamic ဘဏ်တို့ လည်းပါ ဝင်ခဲ့ပြီး ၄င်း ဘဏ် များသည် ရေနံ ရောင်းချ ငွေများအား ပေးချေ ရန်အတွက် အီရန် ဘဏ် များသို့ အမေ ရိကန် ဒေါ်လာ သန်းပေါင်း များစွာ လွှဲပြောင်း ပေးခဲ့ကြောင်း စွပ်စွဲ ပြောကြား ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက် မှုများအား တရုတ် နိုင်ငံမှ ပြင်းထန်စွာ ကန့်ကွက် ခဲ့ပြီး Kunlun ဘဏ် အပေါ် အရေးယူ ပိတ်ဆို့မှု များအား ဖယ်ရှား ပေးရန် အမေ ရိကန် နိုင်ငံသို့ သြဂုတ် လ ၁ ရက် နေ့တွင် တောင်းဆို ခဲ့ကာ နှစ် နိုင်ငံ ဆက်ဆံရေး ထိခိုက် စေမည့် လုပ်ရပ် များအား ရပ်တန့်ရန် ပြောကြား ခဲ့ကြောင်း သိရှိရ ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်