စံခလပူရီ၊မဇ္ဈိမ။ ။ကရင်အမျိုးသားအစည်းအရုံး (KNU)အနေဖြင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် ပူးပေါင်းမှုကို ယာယီဆိုင်းငံ့ပြီး UNFC အဖွဲ့ဝင်အဖြစ် KNUမှ ကိုယ်စားလှယ် ပေးပို့ခြင်းကိုလည်း ခေတ္တဆိုင်းငံ့ထားရန် တရားဝင် အကြောင်းကြာစာကို စက်တင်ဘာ ၁ရက်က ပို့လိုက်ပြီဟု KNU အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက မဇ္ဈိမကို ပြောသည်။
UNFC ၏ တပ်ပေါင်းစု စုဖွဲ့မှု ဖွဲ့စည်းပုံနှင့် တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်ရေး အပေါ် UNFC ၏ သဘောထားနှင့် KNU ၏ သဘောထားမှာ ကွဲလွဲမှု ရှိခဲ့ပြီး KNUက အချက် (၉) ချက် တင်ပြကာ ထောက်ပြပြောဆိုမှုတွင်လည်း သဘောထားကွဲလွဲမှု ကြီးမားနေကြောင်း အဆိုပါ အဖွဲ့နှစ်ဖွဲ့နှင့် နီးစပ်သည့် အမည်မဖော်လိုသူ သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။
သို့သော် KNU အနေဖြင့် UNFC၏ တပ်ပေါင်းစု ဖွဲ့စည်းသည့် အခန်းကဏ္ဍ နှင့် ဗဟိုဦးစီးစနစ် (Top- Down) သွားသည့်အပေါ် သဘောထားကွဲလွဲမှု ရှိပြီး မျဉ်းပြိုင်အနေအထားဖြင့်သာ ပါဝင်လိုသည်ဟု သြဂုတ် ၃၀ရက်က ဗဒိုကွယ်ထူးဝင်းက မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
0 comments:
Post a Comment