Friday, January 18, 2013

လိုင်ဇာမြို့အနီး တရုတ်နယ်စပ်ဂိတ် သွားလာခွင့် တရုတ်အာဏာပိုင်တွေ ပိတ်ပင်

Posted by drmyochit Friday, January 18, 2013, under | No comments

မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေကြောင့် တရုတ်ပြည် ယင်ကျန်းမြို့နဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့ကို ဆက်သွယ် တဲ့လမ်းကို တရုတ်အာဏာပိုင်တွေက မနေ့ကစပြီး သွားလာခွင့်ပိတ်လိုက်တယ်လို့ သိရပါ တယ်။

အစွန်းရောက်သူပုန်များကို ထိုးစစ်ဆင်မှု ပြင်သစ် အရှိန်မြှင့်

Posted by drmyochit Friday, January 18, 2013, under | No comments

ပြင်သစ် လေတပ်သည် မာလီတွင် အစ္စလာမ်မစ် အစွန်းရောက် သူပုန်များကို ထိုးစစ်ဆင် တိုက်ခိုက်မှုကို အရှိန်မြှင့် လုပ်ဆောင်နေဆဲ ဖြစ်သည်။ မာလီ အစိုးရ အနေဖြင့် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါး လာသည့် အဆိုပါ သူပုန်တပ်များကို ကူညီ ချေမှုန်းပေးပါရန် ပြင်သစ်နိုင်ငံအား အကူအညီ တောင်းခံ ခဲ့သည့်နောက် ပြင်သစ်၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် မီရာ့ဂ်ျ တိုက်လေယာဉ်များက ယခုစစ်ပွဲတွင် အင်နှင့် အားနှင့် ပါဝင်လာခဲ့သည်။

ညတိုက်ပွဲဖြင့် KIA အကြမ်းဖက်သောင်းကျန်းသူ ရင်း(၆) ပင်မစခန်းကုန်း အား တပ်မတော်မှချေမှုန်း လိုက်ခြင်း

ဖားကန့်မြို့နယ်နှင့် အရှေ့မြောက်ဖက် ၁၀ မိုင်အကွာရှိ ကန်စီး၊ စိုင်းလှ ဒေသအခြေစိုက် KIA အကြမ်း ဖက်သောင်း ကျန်းသူ ရင်း(၆)၊ အင်အား (၅၀၀)ခန့် ရှိသော ပင်မစခန်းအား အမှတ်(၆၆) ခြေမြန် တပ်မဌာ နချုပ်(တိုက်တိုင်းအောင် တပ်မ)မှစစ်သည်များမှ (၁၇-၁-၂၀၁၃)ရက်နေ့ ညပိုင်း (၂၂၀၀) ချိန်တွင် ညတိုက်ပွဲ ဆင်နွဲကာ သိမ်းပိုက် လိုက်ပြီဖြစ်ပါသည်။

KIO အုပ်ချုပ်ရေးမှူးမှ တနိုင်းခချောင်းတံတားတွင် ဆိုင်ကယ်နှင့်ကားများအား ငွေကောက်ခံ

အောင်လော့ဒ် ဇန်န၀ါရီလ ၁၈ ရက်


တနိုင်းမြို့နယ် အောင်လော့ဒ်ရွာအနီး တနိုင်းခချောင်းတံတားတွ် KIO အုပ်ချုပ်ရေးမှူးမှ ဆိုင်ကယ်နှင့် ကားများ ကို ငွေကောက်ခံနေကြောင်း သိရပါသည်။

KIO အုပ်ချုပ်ရေးမှူးသည် ကားတစ်စီးကို ၅၀၀၀ ကျပ်နှင့် ဆိုင်ကယ်တစ်စီးကို ၃၀၀၀ ကျပ်နှုန်းနဲ့ ကောက်ခံ လျက်ရှိပြီး ဖြတ်သန်းသွားလာသူများကို စစ်ဆေးလျက်ရှိသည်။

ကေအိုင်အေအဖွဲ့သည် ကမ်းပါးမှော် တွင်ဂိတ်တဲတစ်ခု ဆောက်လုပ်ကာ မေခမြစ်အတွင်း သွားလာသော စက်လှေများကို တစ်စီးလျင် ၅ သောင်းကျပ် နှင့် လူတစ်ဦးလျင် ၂ သောင်းကျပ် ကောက်ခံနေ

ဝိုင်းမော်၊ ဇန်န၀ါရီလ ၁၈ ရက်
ဝိုင်းမော်မြို့၊ ချောင်းဆုံရှိ ကမ်းပါးမှော်တွင် ကေအိုင်အေ မှ အဖွဲ့တစ်ဖွဲ့သည် မေခမြစ်အတွင်း သွားလာနေသော စက်လှေစီးလူများအား ငွေကောက်ခံလျက်ရှိပါသည်။ ကေအိုင်အေ အဖွဲ့သည် ကမ်းပါးမှော် တွင်ဂိတ်တဲတစ်ခု ဆောက်လုပ်ကာ မေခမြစ်အတွင်း သွားလာသော စက်လှေများကို တစ်စီး လျင် ၅ သောင်းကျပ် နှင့် လူတစ်ဦးလျင် ၂ သောင်းကျပ် ကောက်ခံနေကြောင်း သိရှိရသည်။ သွားလာနေသော သူများ သည် ရွှေမှော်များတွင် ရွှေတူး ဖော်သူများနှင့် ဈေးရောင်းနေသူများ ဖြစ်သည်။


ကမ်းလက်ကို လှမ်းဆက်ရန် သင့်ပြီ ( KIA သို့ပေးစာ)

Posted by drmyochit Friday, January 18, 2013, under | No comments



ကျွန်ုပ်တို့ ကမ္ဘာကြီးအား အရှည်သဖြင့် တည်တံ့စေပြီး ဖွံ့ဖြိုး သာယာ လှပစေဖို့ အတွက် အဓိက လိုအပ် ချက်သည် အိုင်တီ နည်းပညာများ မြင့်မား လာရေးထက် ငြိမ်းချမ်းရေးသည် ပဓာနကျ ပါသည်။ ငြိမ်းချမ်းမှု ရှိမှသာလျှင် လူသားတို့ ဘ၀မြင့်မား တိုးတက် နိုင်မည် ဖြစ်သည်။ ထို့ အတွက်ကြောင့်ပင် ကမ္ဘာမြေတွင် မှီတင်း နေထိုင် ကြကုန်သော လူသားတို့ အတွက် ငြိမ်းချမ်းရေးသည် မရှိမဖြစ် ၀ိုင်းဝန်း ကြိုးပမ်း တည်ဆောက် ကြရန် လိုအပ်ပေသည်။ ဤသည်ကိုလည်း ကျွန်ုပ်တို့ လူသားတိုင်းသည် နားလည် သဘောပေါက်ရန် အထူး လိုအပ် ပေသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ ကမ္ဘာကြီး ငြိမ်းချမ်းမှု အတွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ကောင်စီ၏ ချမှတ် ထားသော စည်းမျဉ်း ဥပဒေ နှင့် မူဝါဒများကို နိုင်ငံတကာ မှလည်း လိုက်နာကာ ဖော်ဆောင်လျက် ရှိကြသည်။ 

ဂမ်ရှောင် ဘယ်မှာလဲ

Posted by drmyochit Friday, January 18, 2013, under | No comments

နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးဖြစ် စဉ်တိုး တက်လာစေပြီး ဒီမိုကရေ စီနိုင်ငံတော် ပီပီ သသဖြစ်စေဖို့ KIA ကို အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် အပစ်မရပ်နိုင်ဘူး၊ နိုင်ငံရေးအရပဲ ဆွေးနွေးမယ်ပြောတယ်၊ ဘာလဲဖြစ်ဖြစ် ဆွေးနွေးမယ်ဆိုတော့ ရက်ရွေးလိုက်၊ နေရာရွေးလိုက်နဲ့ အမျိုးမျိုး လှည့်ပတ်ပြောနေပြန်တယ်။ တပ်မတော် က ထိုးစစ်တွေ မလုပ် ပါဘူး၊ ခုခံကာကွယ် တာဘဲ လုပ်ပါမယ်ဆိုပြီး ငြိမ်းချမ်းရေး တည်ဆောက်မှု အတွက် ထိန်းသိမ်း ဆောင်ရွက်နေ တာကို အခွင့်ကောင်းယူပြီး မင်းတို့က တိုက်ကွက်ဖော် လာတာကတော့ “ အိမ်ပျော်နေ တဲ့ကျား သွားနှိုးသလို” မင်းတို့ခံရမှာဘဲ ဂမ်ရှောင်…

ဗန်းမော်မှ ကြက်မွေးမြူရေးသမားများ KIA မိုင်းထိဒဏ်ရာရ

ဗန်းမော်၊ ဇန်န၀ါရီလ ၁၈ ရက်
ယနေ့ညနေ ၄ နာရီခန့်တွင် ဗန်းမော်မြို့၊ ရွှေပြည်သာရပ်မှ ၃ မိုင်တွင်ရှိသော ကြက်ခြံသို့ သုံးဘီးဆိုင် ကယ်ဖြင့် ကြက်များ သယ်ယူရန် သုံးဘီးဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ရာလမ်းတွင် ကေအိုင်အေ ထောင် ထားသော မိုင်း တစ်လုံးပေါက်ကွဲပြီး သုံးဘီးဆိုင်ကယ်ပါလာသူများ ထိခိုက်ဒဏ်ရာရ၍ ဆိုင်ကယ်မှာ ပျက်စီးသွား ခဲ့သည်ဟု သိရှိရသည်။

အောက်ခြေညီလာခံ ကိုယ်စားလှယ်ရွေးတာ မကျေနပ်တဲ့ NLD ပါတီဝင်တွေ ဆန္ဒပြ

မအူပင်မြို့နယ်မှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကကျင်းပတဲ့ NLD ပါတီညီလာခံတွင် ပါတီဝင်တွေက ကော်မရှင် ကိုယ်စားလှယ်ရွေးတာ ဒီမိုကရေစီနည်းလမ်းမကျဘူးဆိုပြီး မအူပင် NLD ရုံးအရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြစဉ်
Photo: RFA/Kyaw Zawe Win
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် မြို့နယ်မှာ ညီလာခံ ကိုယ်စားလှယ်ရွေးတာ ဒီမိုကရေစီ နည်းလမ်း မကျဘူး ဆိုပြီး ဒီကနေ့ ကျင်းပမယ့် NLD ပါတီညီလာခံနေ့ မှာ ဒေသခံပါတီဝင် အင်အားငါးရာကျော်ဟာ မနက် ၉နာရီကနေ ၁၂နာရီအထိ မြို့နယ်ပါတီရုံးခန်းရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

မီဒီယာကို ဖိနှိပ်သော ဥပဒေများ ရုပ်သိမ်းသင့်ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့  မြန်မာကို တိုက်တွန်း

Posted by drmyochit Friday, January 18, 2013, under | No comments

Photo: မီဒီယာကို ဖိနှိပ်သော ဥပဒေများ ရုပ်သိမ်းသင့်ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့  မြန်မာကို တိုက်တွန်း

ဝါရှင်တန်၊ ဇန်နဝါရီ ၁၇။

မြန်မာအစိုးရသည် နိုင်ငံ၏ ကာလရှည်ပိတ်ဆို့ခဲ့သာ မီဒီယာကို
ပြန်လည်ဖွင့်လှစ်ပေးရာ၌ တိုးတက်မှုများကို အာမခံချက်ပေးနိုင်ရန် ဂျာနယ်လစ်များအတွက် လိုက်နာရမည့် ကျင့်ဝတ်များကို ဖွံ့ ဖြိုး
စေသင့်ပြီး  ဖိနှိပ်သော ဥပဒေများကို ရုပ်သိမ်းသင့်ကြောင်း နယ်စည်း မခြားသတင်းထောက်များအဖွဲ့ ( Repoter Without Borders/RWB) က ပြောကြားလိုက်သည်။

ပြင်သစ်နိုင်ငံ ပါရီမြို့အခြေစိုက် ယင်းအဖွဲ့ သည် မြန်မာနိုင်ငံသို့ 
မကြာမီက လာရောက်လည်ပတ်ခွင့်ရခဲ့ပြီး  မြန်မာအစိုးရ၏ 
တိုက်ရိုက်ဆင်ဆာ ကျင့်သုံးမှု ရပ်ဆိုင်းခြင်းအပါအ၀င် အစိုးရ၏
ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်မှုများကို မြင်တွေ့ ခွင့်ရခဲ့သည်။

ယနေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့သောအဖွဲ့ ၏ အစီရင်ခံစာ၌ မြန်မာ
နိုင်ငံရှိ အကျဉ်းထောင်များတွင် မည်သည့် စာနယ်ဇင်းသမား၊ 
ဘလော့ဂါတစ်ဦးမှ မရှိတော့ကြောင်း၊ ပြုပြင်ပြောင်းလဲမှုများမှာ
ပုဂ္ဂလိက မီဒီယာအတွက် ကနဦးကာလ၌ပင် အဆင်ပြေခဲ့ကြောင်း 
အသိအမှတ်ပြု ဖေါ်ပြထားသည်။

ကြေငြာချက်၌ “စာနယ်ဇင်းသမားတွေဟာ သူတို့ ပိုပြီး ကျယ်
လောင်စွာ ပြောဆိုနိုင်တာကို ယုံကြည်မှု ရှိလာကြပါတယ်။ 
သူတို့ဟာ အာဏာပိုင်တွေကို ဝေဖန်တဲ့ ဆောင်းပါးတွေကို ပုံနှိပ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် အစိုးရရဲ့ ကြိုးနီစည်းမျဉ်းတွေက သူတို
့မျှော်မှန်းခဲ့သလောက် မတုံ့ပြန်တော့ပါဘူးဆိုတာ သူတို့ တွေ့ခဲ့ကြ
တယ်” ဟု ပြောကြားသည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ က မြန်မာအစိုးရအား သတင်းလွတ်လပ်ခွင့်ပေးရေး ဆောင်ရွက်ရန်၊ ပြန်ကြားရေးဝန်ကြီး
ဌာနအား ဖျက်သိမ်းရန်၊ဖိနှိပ်သော မီဒီယာဥပဒေများ ဖျက်သိမ်းရန်၊ ဂျာနယ်လစ်များ အားလုံးအတွက် နိုင်ငံပိုင်မီဒီယာကဲ့သို့ပင် အစိုးရအဖွဲ့ အစည်းများနှင့် ဆက်သွယ်မေးမြန်းခွင့်ပေးရေးတို့ကို တိုက်တွန်းခဲ့သည်။

RWB ၏ အစီရင်ခံစာ၌ မြန်မာဂျာနယ်လစ်တစ်ဦးကို ကိုးကား၍
မြန်မာတွင် သတင်းစာစောင် ၃၀၀ ကျော်ရှိသော်လည်း သတင်း 
ပါသည့် စာစောင်မှာ ၃၀ ခန့်သာ ရှိကြောင်း ဖေါ်ပြခဲ့သည်။

Ref:AFP
Photo: Volov Ra  Facebook
ဝါရှင်တန်၊ ဇန်နဝါရီ ၁၇။

မြန်မာ အစိုးရသည် နိုင်ငံ၏ ကာလရှည် ပိတ်ဆို့ခဲ့သာ မီဒီယာကို ပြန်လည် ဖွင့်လှစ် ပေးရာ၌ တိုးတက်မှု များကို အာမခံချက် ပေးနိုင်ရန် ဂျာနယ်လစ် များအတွက် လိုက်နာရမည့် ကျင့်ဝတ် များကို ဖွံ့ဖြိုးစေသင့်ပြီး ဖိနှိပ်သော ဥပဒေများကို ရုပ်သိမ်းသင့်ကြောင်း နယ်စည်း မခြားသတင်းထောက်များအဖွဲ့( Repoter Without Borders/RWB) က ပြောကြားလိုက်သည်။

ကိုယ်တွင်း ဟော်မုန်းဓာတ်များ ဟန်ချက်ညီမျှစေရန်

Posted by drmyochit Friday, January 18, 2013, under | No comments

ကျန်းမာရေးအတွက် ဟော်မုန်းတွေရဲ့ သက်ရောက်မှုက အင်မတန် ကြီးမားပါတယ်။ ဟော်မုန်းတွေရဲ့ အစွမ်းကြောင့် စိတ်ခံစားမှု၊ ကိုယ်အလေးချိန်၊ အူမကြီးကျန်းမာရေး စတာတွေအပေါ် သက်ရောက်မှု ရှိနေ သလို ရာသီလာတာ၊ ကိုယ်ဝန်ဆောင်တာစတဲ့ ကိစ္စတွေကလည်း ဟော်မုန်းတွေနဲ့ ဆက်စပ်နေပါတယ်။ သင့်ကိုယ် တွင်းမှာ ဟော်မုန်းဓာတ်တွေ ဟန်ချက် မညီမျှတာကြောင့် နုံးချည့်ညောင်းညာတာ၊ အရေပြားပြဿနာ၊ ကိုယ်အလေးချိန် တက်တာ၊ ဗိုက်ပူတာ၊ အိပ်မပျော်တာ၊ အမြဲလိုလို အိပ်ချင်နေတာ၊ ရာသီ အကြိုဝေဒနာ၊ မျိုးအောင်နိုင်စွမ်းမရှိတာ စတဲ့ ကျန်းမာရေး ပြဿနာတွေလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။

ဂမ်ရှောင်၊ ဂွမ်မော်တို့ တိုက်ပွဲများ ဆက်တိုက် ပြုလုပ်နေချိန်တွင် နိုင်ငံခြားသို့ ချစ်ကြည်ရေး သွားရောက်နေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ စင်္ကာပူ၊ မလေးရှား ခရီးစဉ်အတွင်း ဆွေးနွေး ဆောင်ရွက်မှုများ

Posted by drmyochit Friday, January 18, 2013, under | No comments


စင်္ကာပူနိုင်ငံအတွင်း
-------------------
စင်ကာပူ ဝန်ကြီးချုပ်မှ ၂၀၁၄ ခုနှစ်၊ အာဆီယံ ဥက္ကဌ တာဝန် ထမ်းဆောင်ရာတွင် လိုအပ်သော ကူညီမှု များ ပေးရန် အသင့် ရှိပါကြောင်း၊ အလားတူ ၂၀၁၃ခုနှစ်၊ Sea Gamesနှင့် အာဆီယံ တပ်မတော် သေနတ် ပစ် ပြိင်ပွဲအတွက်ပါ ကူညီရန် အသင့်ရှိပါကြောင်း၊ မြန်မာ- စင်ကာပူ နှစ်နိုင်ငံ ဆက်ဆံရေးအား အကောင်း ဆုံး ဖြစ်အောင် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီး လိုအပ်သော ကူညီ ထောက်ပံ့မှုများ ပြုလုပ်ပေး ခဲ့ ပါကြောင်း၊ ယခု မြန်မာ နိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး ပြုလုပ်မှုကို ရှေ့ဆက် သွားစေလိုကြောင်း၊ ပြုပြင် ပြောင်း လဲရေး ကိစ္စမှာ ရှုတ်ထွေးမှု များစွာ ရှိပြီး လွယ်လွယ်ကူကူ လုပ်ဆောင်၍ မရကြောင်း၊ မြန်မာ နိုင်ငံ မြောက် ပိုင်းနှင့် အနောက်ပိုင်းရှိ ပြဿနာ များကို ကောင်းမွန်စွာ ဖြေရှင်း နိုင်မည်ဟု ယုံကြည်ပါကြောင်း၊

ဗန်းမော် မှာ ဗုံးပေါက်

Posted by drmyochit Friday, January 18, 2013, under | No comments

ဗန်းမော်မြို့ အနီး ဗုံးပေါက်
ဇန်န၀ါရီလ ၁၇ ရက် ညနေ ၄ နာရီခွဲ ခန့်က ဗန်းမော်မြို့ နည်းပညာ တက္ကကသိုလ် အနီးမှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပါတယ်။ အနီးမှာ ရှိတဲ့ လူ တယောက်ပဲ ဒဏ်ရာ ရသွားပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာဟာ မိုးမောက် နဲ့ ဗန်းမော်သွားတဲ့ လမ်း ဖြစ်ပြီး မြို့ အထွက် သုံးမိုင်ရွာ မရောက်မီ နည်းပညာ တက္ကသိုလ် အနီးလို့ ဒေသခံ က ပြောပြတာပါ။

ဒေါက်တာ ဆိတ်ဖွားအား အမည်ခံ၍ နိုင်ငံတော်မှ တာဝန်ရှိသူအား ELEVEN ပုတ်ခတ်ပြန်ပြီ

Posted by drmyochit Friday, January 18, 2013, under | No comments




အင်တာနက်တွင် ဖော်ပြနေသည့် ဒေါက်တာဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်၌ အရေးကြီး အဆိုတင်သွင်း အင်တာနက် တွင် ဖော်ပြနေသည့် ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေး ယူ ဆောင် ရွက်နိုင်ရန် အရေးကြီး အဆိုတစ်ရပ်ကို ကမာရွတ် မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ စိုးရင်က ပြည်ထောင်စု လွှတ်တော်သို့ ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် တင်သွင်းခဲ့ကြောင်း သိရ သည်။ 

ကချင်တိုက်ပွဲ အပစ်ရပ်ဖို့ တရုတ်တိုက်တွန်း

Posted by drmyochit Friday, January 18, 2013, under | No comments



တရုတ်-မြန်မာနယ်စပ် မြင်ကွင်း။ 

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်ကြဖို့ အတွက် တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက ကြာသပတေးက တောင်းဆိုလိုက်ပါတယ်၊ နယ်စပ်တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံ ထဲ မော်တာကျည်အချို့ ကျရောက်ခဲ့တဲ့အပေါ်မှာလည်း တရုတ်က ပြီးခဲ့တဲ့ သတင်းပတ်တွေက ကန့်ကွက် ခဲ့ပါ တယ်။ ကချင်အရေး တရုတ်ဖက်က တုန့်ပြန်ချက်ကို တင်ဆက်ပေးမှာပါ။

ELEVEN နှင့် ပြည်တွင်းဂျာနယ်များမှ လွှတ်တော် ကိုယ်စားလှယ်ကြီးများကို စော်ကားပုတ်ခတ်သော ကာတွန်းများ

Posted by drmyochit Friday, January 18, 2013, under | No comments

စုံစမ်းရေး ကော်မရှင်လည်း ဖွဲ့စရာမလို။ မည်သူပါဟုလည်း ပြောစရာ မလို။ ရစရာမရှိအောင် သိက္ခာ ချသည့် ထုတ်ဝေသူနှင့် ရေးဆွဲ သူများကို သတိမရ။ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်ကြီးများကား ဂျာနယ် မဖတ် ၊ အင်တာနက် ဘလော့ဂ်သာ ဖတ်သည်။ ထိုထဲတွင်မှ ကောင်းကြောင်းရေးသည့် ဘလော့ဂ် ကို ရွေး ဖတ်သည်။ ထိုဘလော့ဂ်မှ တစ်ခွန်းဝေ ဖန်သည့် အခါ ...

Splitfire တိုက်လေယာဉ်များ ရှာဖွေတူးဖော်မှု

Posted by drmyochit Friday, January 18, 2013, under | No comments



ဒုတိယကမ္ဘာစစ်ကာလအတွင်းက မြန်မာနိုင်ငံတွင် မြှုပ်နှံထားခဲ့သော Splitfire တိုက်လေယာဉ်များ ရှာဖွေ မှု ကို ဗြိတိန်က ပြုလုပ်နေပြီဖြစ်သည်။ သတ္တုဗေဒလေ့လာဆန်းမှုနှင့် စာရင်းဇယားများအရ ဒုတိယ ကမ္ဘာစစ် အတွင်းက အသုံးမပြုရသေးသော ဗြိတိန်လေတပ်၏ Splitfire တိုက်လေယာဉ် အစင်း ၃၀ ကျော် ကို ရန်ကန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နေရာတွင် မြှုပ်နှံထားခဲ့ကြောင်း သိရှိရသည်။

ဒေါက်တာဆိတ်ဖွား လွတ်မြောက်ရာသို့ ရောက်သွားပြီ – Mr. Goat On The Line Of Duty

Posted by drmyochit Friday, January 18, 2013, under | No comments

တနေ့တ၌ ဒုက္ခသီရိမြို့နယ်ရှိ လွှတ်တော်အဆောက်အအုံကြီးသည် ယခင့်ယခင်နေ့များနှင့်မတူဘဲ ထူးခြားသော ဆွေးနွေးချက်များဖြင့် ပွက်လောရိုက်လျက်ရှိ၏။ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား အမည်ခံ ထားသူကို အင်းစိန်ထောင်သို့ ပို့ရေး မပို့ရေးကို ငြင်းခုံနေသောကြောင့် ဖြစ်လေ၏။

ဆားပုလင်းနှင်းမောင်နှင့် ဥပဒေ၊ လွှတ်တော်၊ မဏ္ဍိုင်နှင့် ဒေါက်တာဆိတ်ဖွား အရှုပ်တော်ပုံ အပိုင်း၁

Posted by drmyochit Friday, January 18, 2013, under | No comments

တစ်နေ့သ၌ ကျွန်ုပ်သည် ရုံးချိန်ပင်ဖြစ်သော် လည်း အမှုခင်း များလှသော ရန်ကုန်မြို့ကြီး ကို စိတ် အပျက်ကြီး ပျက်လျက် အမှုတွေ အကုန် လိုက်လဲ ထပ်ပေါ်နေ မှာပဲ။ သတင်း စာတွေဆို တာကလဲ ဖြစ်တုန်း ကလောက် ပဲရေးတာ။ အမှုပေါ်တော့ သောက်ရေး လုပ်တာ မဟုတ်ဘူး၊ တရားခံတွေ အကုန် ဖမ်းလဲ ခဏနေ ပြန်လွှတ် မှာပဲ။ ကြာတော့လဲ အမှုသည်ရော၊ သတင်းစာတွေမေ့တာပါပဲ။ လခလဲ တိုးသာ မုတ်ဘူး၊ လောကကြီးနေ ရတုန်း ပျော်ပျော်နေတာ ကောင်းတယ်ဟု အတွေးဝင်လျက် ညလေးကိုခေါ်ကာ အော်ရီယန်တယ်ဟောက်စ်တွင် ကာကာသောက်လျက်ရှိသည်။ နေ့လည်နေ့ခင်းဖြစ်၍ လူပါးလျက်ရှိရာ

KIA တပ်မဟာ(၅)နယ်မြေ အတွင်း အဓမ္မပြုကျင့်ခံရသူမရှန်ပူနောက်ဆက်တွဲသတင်း

Posted by drmyochit Friday, January 18, 2013, under , | No comments


KIA တပ်မဟာ(၅) နယ်မြေ တပ်ရင်း(၃)တွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် အဓမ္မပြုကျင့်မှု ခဲ့သော တပ်ရင်း(၃)၏ နောက်တန်း လုံခြုံရေး အရာရှိဖြစ်သူ လဖိုင်လ အားယနေ့ ဇန်နဝါရီလ၁၇ရက် နေ့ နံနက် ပိုင်းက လွှတ်ပေးလိုက်ကြောင်းသိရှိရသည်။

ဒုက္ခသည်များထံ ထောက်ပံ့သည့် ပစ္စည်းများကို KIA မှ ချယ်လှယ်သည့်အပြင် ဗုံးခိုကျင်း တူးခိုင်း


ကေအိုင်အေနှင့် အစိုးရတပ်တို့၏ တိုက်ပွဲများကြောင့် ဒုက္ခသည်ဦးရေမှာလည်း တဖြည်းဖြည်း တိုးတက် များပြား လျက်ရှိ ပါသည်။ စစ်ဘေးကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေကြေမှုများ ရှိနေသည်။ အစိုးရ ဘက်မှာ ရှိတဲ့ ဒုက္ခသည်တွေ စားဖို့အတွက် အစိုးရနဲ့ စေတနာရှင်တွေက ကူညီထောက်ပံ့မှုတွေကြောင့် စိုးရိမ် စရာမရှိပေ မယ့် ကေအိုင်အေနယ်မြေအတွင်းမှာရှိတဲ့ ဒုက္ခသည်တွေက ထောက်ပံ့မှုတွေကို အပြည့် အ၀ မရရှိသည့်အပြင် အတင်းအဓမ္မခိုင်းစေမှုများလည်း ရှိနေပါသည်။

ဂမ်ရှောင်၏ စိတ်ကူးယဉ် အိမ်မက်များ ပြိုကွဲပျက်စီးခြင်း

Posted by drmyochit Friday, January 18, 2013, under , | No comments


KIA သမိုင်းကြောင်းကို ပြန်ကြည့် လိုက်ပါ။ လွတ်လပ်ရေး ရပြီးနောက် အစိုးရ အဆက် ဆက်က နိုင်ငံတော် တည်ငြိမ်အေး ချမ်းရေးအတွက် အပစ် အခတ်ရပ်၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်တိုင်း KIA က နယ်မြေ တိုးချဲ့၊ လူသစ်စု၊ ဆက်ကြေးကောက်ပြီး အင်အားတောင့် တင်းလာ တာနဲ့ လက်နက်ကိုင် လမ်းကြောင်း ကို ပြန်သွား နေတာ ယနေ့ အထိ ပါဘဲ၊ ၁၉၉၄ ခုနှစ်မှာ ငြိမ်းချမ်းရေး ရယူခဲ့ တာကတည်း ပန်ဆောင်၊ နန်းယွန် ဒေသ၊ ပါဂျို၊ နားဖော့ဒေသတွေမှာ ဗျူဟာအမှားတွေကြောင့် အင်အားချိနဲ့ သွားလို့ မတတ်သာဘဲ အပစ် ရပ်ခဲ့ တာပါ။ သူတို့ အသက် ဆက်နိုင်တဲ့ လမ်းကို ရွေးခဲ့ တာပါ။

KIAစစ်သားမောင်ဒီးဇာရဲ့ ရိုက်ချက်

Posted by drmyochit Friday, January 18, 2013, under | No comments

KIA တပ်မဟာ(၅)၊ တပ်ရင်း(၉)မှ KIAစစ်သား တစ်ဦးဖြစ်သူမောင်ဒီးဇာက သူရဲ့ရင်တွင်း ခံစားချက်များ ကိုဘန်တောင်ကျေးရွာတွင်ပြောကြားခဲ့ပါတယ်.....

"ကျွန်တော် နာမည် ဒီးဇာပါ.. အသက်က ၂၁နှစ် ပါ.. အခုလို အဖေနဲ့ ပြန်တွေ့ပြီး တပ်မတော် ကလည်း ကျွန်တော် တို့ကိုနွေးနွေးထွေးထွေး ကြိုဆိုတဲ့ အတွက် ရင်ထဲမှာ... (ငိုလျက်)ပျော်တယ်.... ကျွန်တော် စစ်သား ဖြစ်တာ ၈လပဲ ရှိပါသေးတယ်.. တိုက်ပွဲတွေဖြစ်တော့ ကျွန်တော်ဝါး ခုတ်သွားနေတုန်း ပေါ်တာ ဆွဲခံရတာပါ...

ဗိုင်ပင်ချောင်းအနီး မော်ဟန်-နန့်မချီလမ်းတွင် ကေအိုင်အေ အဖွဲ့ တစ်ဖွဲ့သေနတ်တွေနှင့် ငွေများ ကောက်ခံ

အင်းတော်မြို့၊ မော်လူးရွာ၏ အနောက်ဘက် ဗိုင်ပင်ချောင်း အနီး မော်ဟန်-နန့်မချီလမ်းတွင် ကေအိုင်အေ အဖွဲ့ တစ်ဖွဲ့သေနတ်တွေနှင့် ငွေများကို ကောက်ခံ လျက် ရှိကြောင်း သိရှိ ရသည်။ 

KIA အပေါ် ဒေသခံများ၏ သဘောထား

ဖားကန့် ဇန်န၀ါရီလ ၁၇ 

ဖားကန့်ဒေ သမှာ ဇန်နဝါရီ လဆန်း ပိုင်းက စပြီး အစိုးရ တပ်နဲ့ KIA ကြား တိုက်ပွဲတွေ အပြင်း အထန်ဖြစ် ပွားလျက် ရှိပြီး KIA တပ်တွေ ဆုတ်ခွာဖို့ပြင် ဆင်နေ တယ်လို့ သိရ ပါတယ်။ အဲဒီဒေ သမှာ ရှိတဲ့ KIA တပ်ရင်း ၆ အနေနဲ့ ဖားကန့်ဒေသကနေ အမြန်ဆုံးဆုတ်ခွါထွက်ပြေးနိုင်ဖို့အတွက် ဖားကန့်ဒေသရှိ ကုမ္ပဏီတွေ ဆီကနေ ၁၀ ဘီးကားတွေနဲ့ စက်ပြင်ဆရာတွေကိုပါ အရေးတကြီး ဆင့်ခေါ်နေတယ်လို့ သိရပါ တယ်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်