Friday, January 18, 2013

ဒုက္ခသည်များထံ ထောက်ပံ့သည့် ပစ္စည်းများကို KIA မှ ချယ်လှယ်သည့်အပြင် ဗုံးခိုကျင်း တူးခိုင်း


ကေအိုင်အေနှင့် အစိုးရတပ်တို့၏ တိုက်ပွဲများကြောင့် ဒုက္ခသည်ဦးရေမှာလည်း တဖြည်းဖြည်း တိုးတက် များပြား လျက်ရှိ ပါသည်။ စစ်ဘေးကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေကြေမှုများ ရှိနေသည်။ အစိုးရ ဘက်မှာ ရှိတဲ့ ဒုက္ခသည်တွေ စားဖို့အတွက် အစိုးရနဲ့ စေတနာရှင်တွေက ကူညီထောက်ပံ့မှုတွေကြောင့် စိုးရိမ် စရာမရှိပေ မယ့် ကေအိုင်အေနယ်မြေအတွင်းမှာရှိတဲ့ ဒုက္ခသည်တွေက ထောက်ပံ့မှုတွေကို အပြည့် အ၀ မရရှိသည့်အပြင် အတင်းအဓမ္မခိုင်းစေမှုများလည်း ရှိနေပါသည်။ ကေအိုင်အေ နယ်မြေအတွင်မှ ဒုက္ခ သည် တွေကို နိုင်ငံတကာမှ အကူအညီပေးနေပေမယ့် ထောက်ပံ့မှုတွေကို ကေအိုင်အေက အကုန်မပေးဘဲ ရှေ့တန်း စခန်းတွေကို ပို့ဆောင် အသုံးပြုနေကြောင်း၊ ထောက်ပံ့ပစ္စည်း၏ ၃ ပုံ ၁ ပုံသာ ဒုက္ခသည် ရရှိကြောင်း၊ ဒုက္ခသည် ကယ်ဆယ်ရေးတာဝန်ရှိသူ ဒွဲပီဆာက သိရှိနေသော်လည်း ကေအိုင်အေကို ကြောက်ရွံ့ရသည့်အတွက် မပြောဆိုရဲကြောင်း သိရှိရသည်။

ဒုက္ခသည်အတွက် ထောက်ပံ့မှုကို အပြည့်အ၀မပေးသည့်အပြင် ဗုံးခိုကျင်းများ အတင်းတူးခိုင်းခြင်း များ ကို ပြုလုပ်နေ ပါသည်။ ၁၅ ရက်နေ့ ညနေပိုင်းက ဗုံးခိုကျင်းထဲကို ၀င်ရောက်ဆော့ကစားသည့် ကလေးငယ် ၃ ဦးလည်း မြေပြို ကျပြီး သေဆုံးခဲ့ပါသည်။ ဒုက္ခသည်စခန်းမှ အခြားနေရာသို့ ပြောင်းရွှေ့မည့် ဒုက္ခသည်ကို ဓါးစာခံပြုလုပ်နေသည့် သဘောမျိုးတွေ့ရှိရသည်။ ဒုက္ခသည်များသည် ထောက်ပံ့မှုအပြည့်အ၀ မရရှိပေ။

ဆောင်းတွင်းကာလ အေးချမ်းသည့်အချိန်တွင် နွေးထွေးစွာမနေရသည့်အတွက် အသက်အန္တရာယ် စိုးရိမ်နေရသည်။ ဒီကြားထဲ ဗုံးခိုကျင်းတွေ တူးခိုင်းနေသည့်အတွက် ဒုက္ခသည်များ အတိဒုက္ခများစွာ တွေ့ နေကြောင်း သိရှိရသည်။

စစ်ပွဲကြောင့် အစိုးရ၏ ထောက်ပံ့ မှုအောက်တွင် ဒုက္ခသည် စခန်း ၃၈ ခုရှိပြီး ကေအိုင်အေနယ်မြေ အတွင်းတွင် ၉ ခုရှိကာ ဒုက္ခ သည် စုစုပေါင်း ၁ သိန်းကျော် ရှိကြောင်း သိရှိရပါသည်။

ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်