Friday, January 18, 2013

KIO အုပ်ချုပ်ရေးမှူးမှ တနိုင်းခချောင်းတံတားတွင် ဆိုင်ကယ်နှင့်ကားများအား ငွေကောက်ခံ

အောင်လော့ဒ် ဇန်န၀ါရီလ ၁၈ ရက်


တနိုင်းမြို့နယ် အောင်လော့ဒ်ရွာအနီး တနိုင်းခချောင်းတံတားတွ် KIO အုပ်ချုပ်ရေးမှူးမှ ဆိုင်ကယ်နှင့် ကားများ ကို ငွေကောက်ခံနေကြောင်း သိရပါသည်။

KIO အုပ်ချုပ်ရေးမှူးသည် ကားတစ်စီးကို ၅၀၀၀ ကျပ်နှင့် ဆိုင်ကယ်တစ်စီးကို ၃၀၀၀ ကျပ်နှုန်းနဲ့ ကောက်ခံ လျက်ရှိပြီး ဖြတ်သန်းသွားလာသူများကို စစ်ဆေးလျက်ရှိသည်။

တနိုင်ခချောင်းတံတားမှာ သစ်သားဖြစ်ပြီး အောင်လောဒ်နှင့် တနိုင်းမြို့သို့ ဆက်သွယ်ထားသော လမ်းပေါ်တွင် ရှိသော တံတားတစ်စင်းဖြစ်ကြောင်း သိရှိရပါသည်။

ဗဟိုမှလူသစ်စုဆောင်းကာ မုန်ဆန်ယန်သို့ပို့ဆောင်ဖို့ ခိုင်းကာ ထောက်ပံ့မှုတွေမပြုလုပ်ပေး၍ ငွေများကိုကောက်ခံနေရကြောင်း အုပ်ချုပ်ရေးမှုကဆိုသည်။

ကချင်နေ့စဉ်သတင်းမှ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်