Friday, January 18, 2013

ဗန်းမော် မှာ ဗုံးပေါက်

Posted by drmyochit Friday, January 18, 2013, under | No comments

ဗန်းမော်မြို့ အနီး ဗုံးပေါက်
ဇန်န၀ါရီလ ၁၇ ရက် ညနေ ၄ နာရီခွဲ ခန့်က ဗန်းမော်မြို့ နည်းပညာ တက္ကကသိုလ် အနီးမှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပါတယ်။ အနီးမှာ ရှိတဲ့ လူ တယောက်ပဲ ဒဏ်ရာ ရသွားပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာဟာ မိုးမောက် နဲ့ ဗန်းမော်သွားတဲ့ လမ်း ဖြစ်ပြီး မြို့ အထွက် သုံးမိုင်ရွာ မရောက်မီ နည်းပညာ တက္ကသိုလ် အနီးလို့ ဒေသခံ က ပြောပြတာပါ။

ဗုံးဒဏ်ကြောင့် ဒဏ်ရာ ရသူဟာ ကြက်စာပို့တဲ့ သုံးဘီး ဆိုင်ကယ် မောင်းသူ ဖြစ်ပါတယ်။ ကချင်ပြည်နယ် ဘက်မှာ အစိုးရ နဲ့ ကေအိုင်အေ တိုက်ပွဲ ဖြစ်နေတဲ့ တနှစ်ကျော် ကာလ အတွင်း ဗန်းမော်မြို့ မှာ ဗုံး အသေး စား ပေါက်ကွဲမှု ရှိခဲ့ဖူးကြောင်း၊ ကုက္ကိုတော ရပ်ကွက် ရှိ ကားဝေါ့ရှော့ တခုမှာ ထိုးစိုက်ထားတဲ့ ဂျစ်ကားဟောင်း အနီး ဗုံးပေါက်ကွဲ ရာမှာ ပြင်းထန်မှု မရှိကြောင်း လည်း ဒေသခံ က ရှင်းပြပါတယ်။

ကချင်ပြည်နယ် အတွင်းမှာ တိုက်ပွဲ တွေရှိနေသေးတဲ့ အတွက်၊ နယ်မြေ အေးချမ်းမှု မရှိတဲ့ အကြောင်း၊ ပြီးခဲ့တဲ့ သီတင်း နှစ်ပတ် အတွင်းကလည်း ဗန်းမော် နဲ့ ၇ မိုင် ခန့် ဝေးတဲ့ တံတား မှာ ဗုံးကွဲမှု ဖြစ်ခဲ့ကြောင်း၊ ဒါကြောင့်မို့ မြို့လူထု အနေနဲ့ အထိတ် တလန့် ရှိနေပုံ ကို ဒေသခံ က ပြောပြတာပါ။

BBC

Myanmar Forward

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်