ဖေဖော်ဝါရီ ၅ရက်နေ့ နံနက် ၂း၀၀နာရီအချိန်ခန့်က အောင်ဘန်းမြို့ရှိ ရိုးမဘဏ်ခွဲ ဖောက်ထွင်း ခံခဲ့ ရကြောင်း မြို့ခံ များ၏ ပြောပြချက်အရသိရှိရသည်။
ဖြစ်ပွားပုံမှာ ၅ရက်နေ့ နံနက် ၂း၀၀နာရီအချိန်တွင် အောင်ဘန်းမြို့နေ (ဘ) ဦးအောင်မင်းစိန် ၏သားဖြစ် သူ ၊မောင်အောင် ဇာနည်ဦး အသက်၁၉ နှစ်သည် ရိုးမဘဏ် အနောက်ဘက် ပေါက်မှတဆင့် ကျော်ဝင်ပြီး အတွင်းရှိ ဆွဲတံခါးအား အသင့်ပါလာသော သံဖြတ်ကတ်ကြေး ၊ ဓါးတို့ဖြင့် ဖျက်ပြီး ၀င်ရောက်ခဲ့ကာ၊ မှန်တံခါးအား ထုခွဲပြီး ဘဏ်အတွင်း သို့ရောက်ရှိခဲ့ကြောင်း ၊ ငွေလွဲကောင်တာ ထည်းဝင်ပြီး ငွေကြေး ရှာဖွေရာ ဘာမျှမတွေ့သဖြင့် အံဆွဲတွင်းရှိ ငွေ ၁၇၀၀၀ ကျပ်သာတွေ့သဖြင့်ယူဆောင်ပြီး ဘဏ်အပြင် သို့ပြန်ထွက် လာခဲ့ကြောင်း၊ အပြင်ဘက်ရှိ ဘဏ်ညစောင့်ဖြစ်သူ ဦးထွေးမြင့်အား အား ဓါးဖြင့်ထောက်ကာ
တရုတ် နိုင်ငံတွင် နှစ်ရက်အတွင်း ကာဗွန် မိုနောက်ဆိုက် ဓာတ်ငွေ့ (Carbon monoxide) အဆိပ်သင့်မှု ကြောင့် လူ ၁ဝ ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။ ဆေးပညာ ဆိုင်ရာ ကောလိပ်တစ်ခု အနီး အိမ်တစ်အိမ်၌ ကျောင်းသား ၅ ဦး သေဆုံးမှုကို ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ဝ၈၃ဝ နာရီတွင် တွေ့ရှိခဲ့ ပါသည်။
ဘီလစ်ဒ်သည် အစ္စလာမ်မစ် အစိုးရနှင့် အတိုက်အခံ အင်အားစုတို့ကြား ပူးပေါင်းမှုကို ဖော်ဆောင်ရန် ကြိုးစား ဆောင်ရွက်နေသူ ဖြစ်သည်။ ၎င်းသည် နေအိမ်အနီးတွင် သေနတ်နှင့် (၄)ချက် ပစ်ခံရပြီး ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ဒဏ်ရများ ရရှိကာ သေဆုံးခဲ့သည်။
(တူနီးရှား အဓိက အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သည့် ဘီလစ်ဒ်)
မာလီမှာ ပြင်သစ်တပ်တွေ စစ်ဆင်ရေး စပြီး နောက်တလ
အတွင်း အစ္စလာမ္မစ် တပ်သား ရာနဲ့ချီပြီး သုတ်သင် နိုင်ခဲ့တယ်လို့ ပြင်သစ် ကာကွယ်ရေး ၀န်ကြီး
Le Drian က ပြောကြားလိုက်ပါတယ်။
ဘာသာရေး စစ်ဆင်လိုတဲ့
အကြမ်းဖတ် အုပ်စုတွေကို အကြီးအကျယ် အထိနာစေခဲ့တယ်လို့ ကာကွယ်ရေး ၀န်ကြီးက ပြင်သစ် ရုပ်သံက
ပြောကြားပါတယ်။
Window 8 မှာ Start Menu မရှိရင် ဒါလေးဒေါင်းယူပြီး Install ပေးလိုက်ပါ...
Return the Start Button to Windows 8
Windows 7-style Start menu with Windows 8 enhancements
Search for Windows 8-style (Modern UI) apps
Pin desktop and Metro apps to the start menu
Jump List support
Unified Search for apps, settings and files
Boot directly to the Windows 8 desktop
One click access to shut down, devices, music, documents, and videos
ဖေဖော်ဝါရီလ (၆)ရက် နံနက် (၄း၀၀)နာရီခန့်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်သူ့ဆေးရုံဝင်း အတွင်းရှိ အလုပ်သမားဝန်ထမ်းတန်းလျားတွင် ၀ါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းမှု တစ်ခုဖြစ် ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ၀န်ထမ်းလိုင်း ၆ ခန်းတွဲ ၁ ခန်းနှင့် ၄ ခန်းတွဲ ၁ ခန်း မီးကူး စက်လောင်ကျွမ်း ခဲ့ပြီး ကျပ်(၇)သိန်းခန့် ဆုံးရှုံးခဲ့ကာ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများမရှိကြောင်း မြစ်ကြီး နားမြို့နယ် မီးသတ် ဦးစီးဋ္ဌာနမှ သိရှိရသည်။
IT နည်းပညာနဲ့ပတ်သက်တဲ့ စာအုပ်များကို Microsoft မှ အခမဲ့ပေးနေပါပြီ..အခမဲ့ရတုန်းလေး လိုအပ်သူများ မြန်မြန် ဒေါင်းထားကြပါခင်မျာ။ စာအုပ်တွေလဲ တော်တော်လေးကိုစုံပါတယ်..Html , java , css, windows 8 app , SQL Server စတဲ့အသုံးဝင်စာအုပ်ပေါင်းများစွာပါဝင်ပါတယ်ခင်မျာ။
Samsaung Galaxy Note 2 GT-N7100 ဖုန်းလေးကို Root လိုက်လုပ်ကြမယ်နော်။ Root လုပ်ရင်တော. Warranty ပျက်သွားပါတယ်။ဒါပေမယ်.လည်း ကျနော်ကတော. ကျနော်.ဖုန်းလေးကို crack application တွေထည့်ချင်တာကြောင့် Warranty အပျက်ခံပြီးတော့ Root လုပ်လိုက်ပါတယ်။ မိတ်ဆွေတို့လည်း Root လုပ်မယ်လို့စိတ်ကူးထားရင် ကျနော်နဲ့အတူလိုက်လုပ်ကြရအောင်နော်။
Odin3 ကို Galaxy Note2 Root ဖိုင်ထဲမှာ တခါတည်းထည်.ပေးလိုက်တယ်။
ဒေါင်းပြီးတဲ.ဖိုင်တွေကို Desktop ပေါ်မှာပဲ extraလုပ်ထားပါ။ Samsaung USB Driverကိုတော. PCမှာ Runထားပါ။
အင်အား ရစ်ခ်ျတာစကေး (၈.၀)ရှိသည့် ငလျင်ကြီး အပြီးတွင် ယင်းဒေသ အနီး၌ပင် နောက်ဆက်တွဲ ပြင်းအား အဆင့်(၆.၃)ရှိသည့် တုန်ခါမှုတစ်ခု ထပ်မံဖြစ်ပွားသလို ရစ်ခ်ျတာစကေး (၆)အထက်ရှိ နောက်ဆက်တွဲ ငလျင်လှိုင်းများပါ ရိုက်ခတ်ခဲ့ကြောင်းလည်း သိရှိရသည်။
ဆော်လမွန် ကျွန်းစုဒေသ အနီးတွင် အင်အား ပြင်းထန်သော ငလျင်တစ်ခု ယနေ့ (ဖေဖေါ်ဝါရီ ၆ ရက်၊ ဗုဒ္ဓဟူးနေ့) လှုပ်ရှားသွားကြောင်း သိရှိရသည်။ ပစိဖိတ် ဆူနာမီ တိုင်းတာရေး စင်တာက အမြင့် (၃)ပေရှိသော ရေလှိုင်းများ ဆော်လမွန် ကမ်းခြေသို့ ရိုက်ခတ်ခဲ့ကြောင်း ပြောဆိုခဲ့ပြီး ရစ်ခ်ျတာစကေး (၈.၀) အဆင့်ရှိ ငလျင်နှင့်အတူ နောက်ထပ် ဆူနာမီ ရေလှိုင်းများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း အဆိုပါ စင်တာက သတိပေးခဲ့သည်။
ဖေဖော်ဝါရီ ၄ ရက်နေ့က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO)ဆွေးနွေးရေးအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေး ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် KIO ဆွေးနွေးရေးအဖွဲ့မှ ဗိုလ်ချုပ်ဂွမ်မော်တို့အား ယခုကဲ့သို့ ရင်းနှီးချစ်ကြည်စွာတွေ့ရစဉ်။ ယင်းဆွေးနွေးပွဲကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည် နယ်၊ ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အချက် ၅ချက်ပါဝင်သော ပူးတွဲကြေညာချက်ကိုထုတ်ပြန်ခဲ့သည်။ ပူးတွဲကြေညာချက်တွင် အစိုးရနှငKIO အကြား ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင် အမြန်အကောင်အထည်ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားသောနေရာ များကို လေ့လာစောင့်ကြည့်စိစစ်ရေး စနစ်ပေါ်ပေါက်ရန် ဆက် လက်ဆွေးနွေးဆောင်ရွက်ရန် သဘောတူညီကြောင်း၊ နောက် တစ်ကြိမ်ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ မကုန်မီကျင်းပရန်နှင့် အစိုးရနှငKIOအကြား နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပရန် သဘောတူညီကြောင်းများပါရှိသည်။(ဓာတ်ပုံ-ဦးရဲထွဋ် facebook မှ)
ဦးလနန် (အေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ်)
ကျွန်တော်တို့ ဘက်ကတော့ မျှော်လင့်ချက်အပြည့်နဲ့ သွားတာပါ။ အလုပ်တစ်ခုကို လုပ်တဲ့အခါမှာ ကျွန်တော် တို့ ဘက်က မျှော်လင့်ချက်နဲ့ လုပ်တာပဲခင်ဗျ။ ဒီတိုင်း ပေါ့ပေါ့တန်တန်တော့ မလုပ်ပါဘူး။ အစီ အစဉ်နဲ့ ကျွန်တော်တို့ သွားချင်တာပါ။ ကျွန်တော်တို့ မျှော်လင့်တဲ့အတိုင်းပဲ အစိုးရဘက်ကလည်း လိုက် လျောပြီး နိုင်ငံရေး အသွင်ဆောင်တဲ့ ဆွေးနွေးပွဲ ဖြစ်လာမယ်ဆိုရင်တော့ မျှော်လင့်တဲ့အတိုင်း ဖြစ်လာလိမ့်မယ်။ ဒီိကိစ္စကို ယုံကြည်ဖို့ဆိုတာ တစ်ဖက်တည်းပဲ ယုံကြည်လို့မရပါဘူး။ နောက်တစ်ခုက ဒီဆွေးနွေးပွဲကို ဆက်ပြီး အရှိန်အဟုန်မြင့်မြင့် သွားနိုင်ဖို့ နိုင်ငံရေးအရ ဆွေးနွေးလိုတဲ့ဆန္ဒ ရှိကိုရှိရမယ်။ တိုင်းရင်းသားတွေ လိုလားတဲ့ နိုင်ငံ ရေး ဆွေးနွေးမှုကို ဆွေးနွေးလိုစိတ်ရှိရမယ်။ တွေ့ဆုံရေးကို ဒီအပစ်အခတ် ရပ်စဲရေးမျိုးပဲ လုပ်မယ်။ ကျန်တဲ့စီးပွားရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းတို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ ဆက်ဆံရေးရုံးတွေ ဖွင့်တာ အဲ့ဒါမျိုးလောက် နဲ့တော့ မဖြစ်ဘူးခင်ဗျာ့။ နိုင်ငံရေးဆွေးနွေးမယ့် ဆန္ဒ၊ စစ်မှန်တဲ့ပြည်ထောင်စုပေါ်မှာ အခြေခံတဲ့စိတ်တွေ အစိုးရဘက်မှာ တကယ်ပဲရှိရမယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လမောင်ရွာအနီးတွင် လွန်ခဲ့သော နှစ်ပေါင်း ၆ဝကျော်ကစိုက်ထူခဲ့သည့် အမှတ်တရကျောက်စာတိုင် (Photo - Kachin Soldier ၏ facebook မှ)
ကျွန်တော်တို့ လူ့ဘောင်လောကမှာ မမေ့သင့်မမေ့အပ်တဲ့ အရာတွေ၊ အမြောက်အမြားရှိခဲ့တယ်။ လူတစ် ဦး တစ်ယောက် အတွက် တစ်တိုင်းတစ်ပြည်လုံးအတွက် ဘယ်လိုမှမေ့ဖျောက်လို့ မရတဲ့ အရာတွေလည်း ဒုနဲ့ဒေး ရှိခဲ့ပြန် တယ်။ အဲဒီအရာတွေထဲမှာ ပြည် ထောင်စုနေ့ဟာ ကျွန်တော်တို့ လုံးဝမမေ့သင့် မမေ့ အပ်တဲ့ အရာတွေထဲကတစ်ခုပါ။ဆောင်းပါးဆက်မရေးခင် ကြားဖြတ်ပြောရရင် ကျွန်တော်တို့ နိုင်ငံ ရဲ့လက်ရှိ အခြေအနေမှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အရေးကြီးနေတာမို့ ပြည်ထောင် စုနေ့ဆို တာကို ကျွန်တော်တို့ ပိုလို့ တောင် အမှတ်ရနေသင့်တယ်။ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ပြန်လည် ရရှိဖို့ နိုင်ငံသားတိုင်းက ပြည်ထောင်စုရဲ့ အနှစ်သာရကိုအလေးအနက်ထား ဖော်ဆောင် သင့်တယ်။
ဧရာဝတီတံတား(ပခုက္ကူ)အနီးတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးများပြိုကျနေသည်ကိုတွေ့ရစဉ်
ပခုက္ကူမြို့နယ် ကြက်တန်းကုန်းကျေးရွာ အနီးတွင် ဧရာဝတီမြစ် ရေစီးကြောင်းသည် ကျေးရွာဆီသို့ ဦးတည် စီးဆင်းနေပြီး ရေစီးအား ပြင်းထန်လာခြင်းကြောင့် စိုက်ပျိုးမြေ အများအပြား မြစ်ရေတိုက်စားမှု ခံရကာ ကမ်းပါးပြိုမှု ဒဏ်ကို ဆိုးရွားစွာ ခံလာရကြောင်း သတင်းရရှိပါသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ-၂
ပြည်ထဲရေး ၀န်ကြီးဌာနလက် အောက်ရှိ အထူးစုံစမ်း စစ်ဆေးရေးဌာနက တာဝန်ယူစစ်ဆေးနေသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိ ရှစ်ဦးကို အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ်သည့်ဥပဒေ (အပက-၃)ဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။
အစိုးရက အကောင် အထည် ဖော်မည့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းမှ အခန်း တခန်းလျှင် ငွေ ကျပ် ၁၈၅သိန်းမှ သိန်း ၂၀၀ကြား ဈေးနှုန်းဖြင့် ရောင်းချမည်ဟု သတင်းထုတ်ပြန်မှုအပေါ်ပြည်သူ လူထု အမှန် တကယ် လက်လှမ်းမီ မည့် ဈေးနှုန်းမဟုတ်ဟု ဝေဖန် ပြောဆိုမူများရှိကြောင်း သိရ သည်။
မြန်မာဂျီအက်စ်အမ်ဖုန်းကို အာဆီယံ ဆယ်နိုင်ငံ အပါအဝင် ကိုရီးယားနှင့် ဂျပန်နိုင်ငံများတွင်လည်း ဆက်သွယ် ပြောဆိုနိုင်မည် ဖြစ်ကြောင်း ဆက် သွယ်ရေး သတင်းအချက် အလက်နှင့် နည်းပညာ ဝန်ကြီး ဌာနမှ သိရသည်။ ပြည်ပနိုင်ငံများ တွင်တွင် ကျယ်ကျယ် အသုံးပြုနေသော စနစ်တစ်ခုဖြစ်သည့် ဂျီအက်စ် အမ်ဖုန်း များ Outbound စနစ် အ သုံးပြုနိုင်ရန် အတွက် သတ်မှတ်ထားသော နိုင်ငံ များတွင် ကြိုတင် စမ်းသပ်မှုများ ဆောင်ရွက် ထား ခဲ့ပြီး ဖြစ်ကာ အဆိုပါ နိုင်ငံများတွင် ယင်းစနစ် သုံးစွဲမှု အောင်မြင်ပါက အခြားသော နိုင်ငံများတွင်ပါ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သမ္မတ ရုံးရဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ရက်စွဲနဲ့ ဒုဝန်ကြီးသစ်တွေ ခန့်အပ်တာဝန်ပေးတာနဲ့ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ရဲ့ အဖွဲ့ဝင် ခန့်အပ်တာဝန်ပေးတာတွေကို အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ဒုဝန်ကြီး သစ်တွေ ကတော့ စွမ်းအင် ၀န်ကြီးဌာန အတွက် ဦးအောင်ထူး၊ သတ္တုတွင်း ၀န်ကြီး ဌာနအတွက် ဦးသန်း ထွန်းအောင်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ၀န်ကြီးဌာနအတွက် ဒေါ်ဝင်းမော်ထွန်း၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနအတွက် ဒေါက်တာ ဇော်မင်းအောင်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနအတွက် ဒေါက်တာ တင်ရွှေ တို့ဖြစ်ပါတယ်။
ကုလားအုပ် ပင့်ကူ (Camel Spider) လို့
လူသိများတဲ့ Solifugae အမည်ရ ပင့်ကူဟာ အမြင်မှာ အင်မတန် ကြောက်စရာ ကောင်းပါတယ်။
အဆိပ် ကတော့ လူကို မသေစေပါဘူ။ သို့ပေမယ့်
အန္တရာယ်တော့ ပေးနိုင် ပါတယ်။ တစ်ကိုယ်လုံး ဖြန့် လိုက်ရင် ၁၂ လက်မ လောက်ထိ ကြီးသွားနိုင်တဲ့
အတွက် အရွယ်ကြီး ပင့်ကူ အမျိုး အစားပဲ ဖြစ် ပါတယ်။ ပင့်ကူလို့ ပြောပေ မယ့် ပုံစံက ပင့်ကူနဲ့တောင်
သိပ် မတူချင် ပါဘူး။ ခန္ဓာကိုယ်က ပရွတ် ဆိတ် လိုပဲ အပိုင်း ပိုင်းနဲ့ ဖြစ်ပါ တယ်။ သို့ပေမ့်
ခြေထောက် များတော့ ပင့်ကူးမှန်းတော့ သိသာ ပါတယ်။ ပုံစံက ပုံမှာ မြင်တွေ့ ရတဲ့ အတိုင်း
အပြင် အမွှေး မပါတဲ့ Camel spider လည်း ရှိပါတယ်။ သဲ ကန္တာရမှာ စကော် ပီရံနဲ့ အပြိုင်
တိုက်နိုင်တဲ့ အကောင်များ ဖြစ်ပါတယ်။
ထူးထူး
ခြားခြား လေ့လာ တွေ့ရှိချက် တစ်ခု ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ Yale တက္ကသိုလ်မှ ဆေး
ပညာရှင် များက စစ်တမ်း အရ ရှာဖွေတွေ့ရှိ ထားခြင်း ဖြစ်ပါတယ်။
တီဗီကို
တစ်နာရီ ပတ်လုံး ထိုင်ကြည့်တဲ့ အခါ ကိုယ်လတ် လှုပ်ရှား မှုများ မရှိတဲ့ အတွက် အဆီတက်
စေပါတယ်။ ကိုယ်တွင်း ကယ်လိုရီ လောင်ကျွမ်းမှု အားနည်းပြီး သွေးကြော ပိတ်ခြင်း၊ သွေးကြောကျဉ်းခြင်း၊
Fatty acid တိုးခြင်း တို့ ဖြစ်စေပါတယ်။ တစ်နာရီပတ်လုံး ယင်းဖြစ် စဉ်များ ဆက် တိုက်
ဖြစ်ရင် ကိုယ်တွင်း ဇီဝလောင်ကျွမ်းမှု စနစ် အလုပ်လုပ်ဆောင် မှု နှေးကွေးပြီး အကြောအားနည်းတာတို့၊
ဦးခေါင်းသို့ သွေးစီးမှု နှေးတဲ့ အတွက် ခေါင်းမူး တာတို့ ဖြစ်စေပါတယ်။
၁၄
ရာစု နှစ် အင်္ဂလန် ဘုရင် ရစ်ချတ် ၃ ၏ ကြွင်းကျန် ရစ် သော အရိုးစု ကို သိပ္ပံ ပညာရှင်
များ က လိုင်ဆက် စတာ တက္ကသိုလ် ပရ၀ုဏ် ထဲရှိ ဂရေး ဖရိုင်ယာ ဘုရားကျောင်း ၏ ကား
ရပ်နား ရန် နေရာ အောက် တွင် တွေ့ ရှိ ခဲ့ သည် ဟု The Guardian သတင်းစာ တွင် ဖော်
ပြထား သည်။
နေပြည်တော်
ဇမ္ဗူသီရီနဲ့ ဒက္ခိဏ သီရိမြို့နယ်က ဘုန်းကြီးကျောင်း ၂၆ ကျောင်းကို သစ်တော မြေထဲ ပါနေ တဲ့
အတွက် ဖျက်သိမ်းဖို့ ဇန်န၀ါရီ ၃၁ ရက်နေ့မှာ အာဏာပိုင် တွေက ညွှန်ကြားချက် ထုတ်ပြန် ခဲ့ပါတယ်။
ဒါပေမယ့်
ဖေဖော်ဝါရန ၂ ရက်နေ့မှာတော့ နေပြည်တော် ကောင်စီ ဥက္ကဌက မဖျက်သိမ်းတော့ဘူး ဆိုပြီး နှုတ်က တိ
ပေးခဲ့တယ်လို့ ဇမ္ဗူသီရိ မြို့နယ် မထ္ထီလာကျောင်း ဆရာတော် ဦးစန္ဒိမာက မိန့်ကြား ပါတယ်။
iPad
Mini ဒုတိယမျိုးဆက် iPad Mini 2 ကို Apple က ထုတ်လုပ် ရောင်းချ သွားမည်ဟု သတင်း ထွက်ပေါ်
လာသည်။ အိုင်တီ စက်မှု လုပ်ငန်း သတင်းများ ရေးသား လေ့ရှိသော တရုတ်နိုင်ငံမှ My
Drivers ဝက်ဘ်ဆိုက်ကို ကိုးကား၍ BrightWire.com တွင် အဆိုပါ သတင်းကို ဖော်ပြ ထားခြင်း
ဖြစ်သည်။ Screen အရွယ်အစား ၇.၉ လက်မရှိ iPad Mini 2 တပ်ဆင် ထုတ်လုပ်မှု စတင်နေပြီဟု
Apple ထုတ်ကုန် များအတွက် ပစ္စည်း အစိတ် အပိုင်းများ ထုတ်လုပ် တင်သွင်းသော ထိုင်ဝမ်
အခြေစိုက် ကုမ္ပဏီ များက ပြောကြားကြောင်း သိရသည်။ iPad Mini 2 မှာ Retina Display ဖြစ်ပြီး
resolution အနေဖြင့် 2048x1536 pixels (324 pixels per inch) ရှိမည်ဖြစ်ရာ iPad
Mini ထက် ရုပ်ထွက် ပိုမို ကောင်း မွန်မည် ဖြစ်သည်။
ရေဒါ
ရှောင် ကွင်းနိုင်သော ရုရှား Boyky ကော်ဗက် စစ်ရေ ယာဉ်အား မတ်လ အတွင်း စမ်းသပ် ခုတ်မောင်း မှု
စတင် ပြု လုပ် မည် ဖြစ်ကြောင်း ဘောလ်တစ် ရေတပ် သင်္ဘော အုပ်စုမှ ပြောရေး ဆိုခွင့် ရ ဗလာ ဒီမာမက်
တီရက်ဗ် က ဖေဖော် ဝါရီလ ၄ ရက်နေ့ တွင် ပြောကြား ခဲ့ပါ သည်။
မြန်မာ နိုင်ငံ အတွင်းရှိ ပြည်နယ်နှင့်
တိုင်းအားလုံး လျှပ်စစ် ဓာတ်အား သုံးစွဲခွင့် ရရှိရေး အတွက် ကမ္ဘာ့ ဘဏ် မှ အတိုးနှုန်း
မပါပဲ ဒေါ်လာ(၁၆၅) သန်းခန့်ကို ကူညီ ပံ့ပိုး ပေးမည်ဟု ကမ္ဘာ့ ဘဏ်မှ သိရှိရသည်။
ကမ္ဘာ့ဘဏ် အနေဖြင့် မြန်မာ နိုင်ငံ အတွင်း လျှပ်စစ် ဓာတ်အားပေး စနစ်
ဖြန့်ဖြူးရေး အတွက် ကူညီ ပံ့ပိုးပေး ရခြင်း မှာမြန်မာ နိုင်ငံ ပြုပြင်ပြောင်း လဲရေး
လုပ်ငန်းများကို လုပ်ဆောင်စဉ် တစ်ဖက် တစ်လမ်းမှ ပူးပေါင်း ပါဝင် ခြင်း ဖြစ်သည်ဟု
MIGA မှ ဒုတိယ ဥက္ကဌက ဆိုသည်။
ပြည်ထောင်စု
ဝန်ကြီးဌာန အသီးသီး၌ ပြည်ထောင်စု ၀န်ကြီး ၁ဦး၊ ဒုတိယ ၀န်ကြီး ၅ဦးနှင့် ပြည်ထောင် စု
ရာထူးဝန် အဖွဲ့ အဖွဲ့ဝင် ၁ဦးတို့အား ခန့်အပ် တာဝန် ပေး ခဲ့ကြောင်း ပြည်ထောင်စု သမ္မတ
မြန် မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ရုံးမှ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၅ ရက် နေ့ရက်စွဲဖြင့်
ထုတ်ပြန် ခဲ့သည်။
ဧရာဝတီတိုင်း
ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်အား နိုင်ငံတော် သမ္မတရုံး အမိန့် အမှတ် (၄/၂၀၁၃)ဖြင့်
သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ် တာဝန် ပေးအပ် ခဲ့ခြင်း ဖြစ် ပြီး
ပြည်ထောင်စု ရာထူးဝန် အဖွဲ့ အဖွဲ့ဝင် အဖြစ် ဦးသန်းထွန်းအား နိုင်ငံတော် သမ္မတရုံး အမိန့်
အမှတ် (၅/၂၀၁၃) ဖြင့် ခန့်အပ် တာဝန် ပေးခဲ့ခြင်း ဖြစ်သည်။
ဗြိတိန်နိုင်ငံ
လွှတ်တော်တွင် လိင်တူချင်း လက်ထပ် ထိမ်းမြားခွင့် ဥပဒေ မူကြမ်းကို မဲခွဲ ဆုံးဖြတ် မည်
ဖြစ်သည်။ ထို ဥပဒေကြမ်း အပေါ် လက်ရှိ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်၏ ကွန်ဆာ ဗေးတစ် ပါတီ အတွင်း
အငြင်းပွားမှု များလည်း ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်လျက် ရှိသည်။ ကွန်ဆာ ဗေးတစ် ပါတီ
ထိပ်တန်း အဖွဲ့ဝင် ၃ ဦးက ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် လိင်တူချင်း လက်ထပ်
ထိမ်းမြား ခွင့် ဥပဒေ ကြမ်းကို ထောက်ခံရန် ပန်ကြားစာ တစ်စောင်ကို The Telegraph သတင်းစာတွင်
ထည့် သွင်း ခဲ့သည်။