Wednesday, February 06, 2013

ရုပ်ထွက်ပိုကောင်းမွန်သည့် iPad Mini 2 ထွက်ရှိလာမည်ဟုဆို

Posted by drmyochit Wednesday, February 06, 2013, under | No comments




iPad Mini ဒုတိယမျိုးဆက် iPad Mini 2 ကို Apple က ထုတ်လုပ် ရောင်းချ သွားမည်ဟု သတင်း ထွက်ပေါ် လာသည်။ အိုင်တီ စက်မှု လုပ်ငန်း သတင်းများ ရေးသား လေ့ရှိသော တရုတ်နိုင်ငံမှ My Drivers ဝက်ဘ်ဆိုက်ကို ကိုးကား၍ BrightWire.com တွင် အဆိုပါ သတင်းကို ဖော်ပြ ထားခြင်း ဖြစ်သည်။ Screen အရွယ်အစား ၇.၉ လက်မရှိ iPad Mini 2 တပ်ဆင် ထုတ်လုပ်မှု စတင်နေပြီဟု Apple ထုတ်ကုန် များအတွက် ပစ္စည်း အစိတ် အပိုင်းများ ထုတ်လုပ် တင်သွင်းသော ထိုင်ဝမ် အခြေစိုက် ကုမ္ပဏီ များက ပြောကြားကြောင်း သိရသည်။ iPad Mini 2 မှာ Retina Display ဖြစ်ပြီး resolution အနေဖြင့် 2048x1536 pixels (324 pixels per inch) ရှိမည်ဖြစ်ရာ iPad Mini ထက် ရုပ်ထွက် ပိုမို ကောင်း မွန်မည် ဖြစ်သည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်