Wednesday, February 06, 2013

မာလီ အကြမ်းဖက် အုပ်စုတွေ အထိနာ

Posted by drmyochit Wednesday, February 06, 2013, under | No comments


မာလီမှာ ပြင်သစ်တပ်တွေ စစ်ဆင်ရေး စပြီး နောက်တလ အတွင်း အစ္စလာမ္မစ် တပ်သား ရာနဲ့ချီပြီး သုတ်သင် နိုင်ခဲ့တယ်လို့ ပြင်သစ် ကာကွယ်ရေး ၀န်ကြီး Le Drian က ပြောကြားလိုက်ပါတယ်။

ဘာသာရေး စစ်ဆင်လိုတဲ့ အကြမ်းဖတ် အုပ်စုတွေကို အကြီးအကျယ် အထိနာစေခဲ့တယ်လို့ ကာကွယ်ရေး ၀န်ကြီးက ပြင်သစ် ရုပ်သံက ပြောကြားပါတယ်။


စစ်ဆင်ရေးတွေ မှန်းထားတဲ့ အတိုင်း အဆင်ပြေရင် မတ်လ အကုန်မှာ မာလီက ပြင်သစ်တပ်တွေ ပြန်လည် ဆုတ်ခွာနိုင်မယ် မျှော်လင့်ကြောင်း ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး လောရန့် ဖေဘီယပ်စ်က သတင်းစာ တစောင် ကို ပြောကြားပါတယ်။

မာလီ ပြန်လည် တည်ငြိမ်ရေးအတွက် ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂနဲ့ အာဖရိက သမဂ္ဂ ကိုယ်စားလှယ်တွေ ဘရပ်ဆဲမှာ ဆွေးနွေး နေကြပါတယ်။

မာလီ ဒီမိုကရေစီ ရေးနဲ့ပက်သက်ပြီး ဘမာကို မြို့တော်က အမျိုးသား တယောက်ကတော့ မာလီမှာ နိုင်ငံရေးအရ ကူညီဖို့ လိုအပ်နေပါတယ်။ နိုင်ငံရေး သမား အများစုက သူတို့ ကိုယ်ကျိုးပဲ ကြည့်ကြပြီး နိုင်ငံရေး သမားကောင်းတွေ မဟုတ်ကြဘူး။ ဒါကြောင့် နိုင်ငံရေး စစ်ပွဲ တပွဲ ထပ်လာလိမ့် အုံးမယ်လို့ သုံးသပ်သွားပါတယ်။
          

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်