Monday, March 04, 2013

လူသေအလောင်းအား တူးဖော်ကြည့်ရှုစစ်ဆေးရာမှ လူပျောက်ဖွင့်လှစ်ရှာဖွေနေသူဖြစ်ကြောင်းသိရ


နေပြည်တော်၊ မတ် ၎

၁-၃-၂၀၁၃ ရက်နေ့ ၁၄၁၅ အချိန် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာနေ ဦးကွေးမြင့် (၃၂)နှစ်သည် နောင်မွန်ရဲစခန်းသို့ ရောက်ရှိလာပြီး ၁၁-၂-၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်ခန့်တွင် ၎င်း၏ အစ်ကိုဖြစ် သူထံ ဦးကွေးချန်(၃၅)နှစ်သည် နောင်မွန်ကျေးရွာရှိနေအိမ်မှ တရုတ်နှစ်သစ်ကူးပွဲ လည်ပတ် ရန် ဆိုင်ကယ်ဖြင့်ထွက်ခွာသွားရာမှ ယနေ့ထိ ပြန်လည်ရောက်ရှိလာခြင်းမရှိကြောင်း တိုင်တန်းသဖြင့် နောင်မွန် ရဲစခန်း လူပျောက်အမှတ်စဉ်(၁/၂၀၁၃) ဖြင့် ရေးဖွင့်စုံစမ်းခဲ့သည်။ 

မအူပင်ဆန္ဒပြပွဲ ပါဝင်သူတွေ တရားစွဲဆိုခံရ

Posted by drmyochit Monday, March 04, 2013, under | No comments

ရှေ့နေကြီးဦးမြသောင်းက ဥပဒေအရ အကူအညီပေးနိုင်ဖို့ ရှင်းလင်းဆွေးနွေးနေစဉ် (ဓာတ်ပုံ - မစုစုနွေး) 
မအူပင်ခရိုင် မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာမှာ အသိမ်းခံ လယ်ယာမြေတွေကို ပြန် ရဖို့ တောင်းဆိုရင်း လယ်သမားနဲ့ ရဲတွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ အခုတော့ ရဲဘက်ကနေ လယ်သမားတွေကို အမှုဖွင့် တရားစွဲဆို လိုက်ပါပြီ။ ပုဒ်မ ၃၀၂ လူသတ်မှု အပါအ၀င် လူစုလူဝေးလုပ်မှု၊ ၀တ္တရားနှောင့်ယှက်မှု စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆို အမှုဖွင့်လိုက်ကြောင်း လယ်သမားအရေး လုပ်ဆောင်နေသူတွေ က ပြောပါတယ်။ အခြေအနေ အသေးစိတ်ကိုတော့ မအေးအေးမာ က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံတွင် မြန်မာ အချင်းချင်း ပြန်ပေးဆွဲ

Posted by drmyochit Monday, March 04, 2013, under | No comments



ထိုင်းနိုင်ငံ မြောက်ပိုင်း နခွန်စ၀မ်မြို့မှာ မြန်မာ အချင်းချင်း ပြန်ပေးဆွဲ ခံရတဲ့ မိန်းကလေးငယ် ၂ ဦးကို ထိုင်းရဲတွေက ကယ်ထုတ် နိုင်ခဲ့တယ်လို့ ထိုင်း သတင်း ဌာနမှာ ဖော်ပြသွားပါတယ်။

သူတို့ ၂ ဦးကို ဘတ်ငွေ တသိန်း ၂ သောင်းနဲ့ လာရွေး ဖို့ ခြိမ်း ခြောက် ထားကြောင်း ဘန်ကောက်ခရိုင်  ခလောင်းတေမြို့က ကုန်စိမ်းဈေး မှာ ဈေးရောင်းနေတဲ့ မြန်မာ အမျိုးသမီး မ၀င်းဝင်းသူက  ခလောင်းတေရဲ စခန်းမှာ လာရောက် တိုင်တန်းတဲ့ အတွက် တရားခံကို ထောင်ချောက်ဆင် ဖမ်းခဲ့တာလို့ ထိုင်းနိုင်ငံ ဘန်ကောက်က လူကုန်ကူးမှု တိုက်ဖျက်နှိမ်နင်းရေးအဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်မှူး ချွန်းလစ် ဆ၀ိုင်ဖစ်က သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ပြောခဲ့ပါတယ်။

နာမည်ကြီးနေသည့် အမျိုးသမီးဖက် ဘုရားပုံနှင့် ပတ်သက်၍ ရှင်းလင်းချက်

Posted by drmyochit Monday, March 04, 2013, under | No comments


အခုပုံကတော့ တိဘက်က ဗုဒ္ဓဘာသာ ဂိုဏ်းကွဲ တစ်ခုဖြစ်တဲ့ ဝဇီရာယနဂိုဏ်းရဲ့ တန်ထရာဗုဒ္ဓ ရုပ်ပုံ ပါ။ မြတ် ဗုဒ္ဓ ရဲ့ပုံတော် အစစ်မ ဟုတ်တဲ့ အတွက် ရုပ်ပွါးတော်လို့ ခေါ်လို့မရပါဘူး။ ပုံကတော့ သူတို့ ရဲ့ ယောဂ ကျင့် ဉ်ေ တွထဲက ကာမဂုဏ် ခံစား တဲ့ ကျင့်စဉ်တစ်ခုကို ပုံဖော်ထားတဲ့ ကာမ မုဒြာ ပုံပါ။

တိဘက်ထုံးစံ အရ ဇနီးမောင်နှံ နှစ်ဦး စလုံး အတွက် အသုံးဝင်တဲ့ ကျင့်စဉ် လို့ ဆိုပါတယ်။ အမျိုး သားနဲ့ အမျိုးသမီး ပူးတွဲလေ့ ကျင့်လို့ ရသလို တစ်ဦး ထဲ လည်း လေ့ကျင့်လို့ရပါတယ်တဲ့။

တူရကီနိုင်ငံမှ လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးခြင်းကို တရားဝင် ကန့်ကွက်မည့် ဆန္ဒဖော်ထုတ်ရေး သက်ဆိုင်ရာမှ ပယ်ချ

Posted by drmyochit Monday, March 04, 2013, under | No comments

ရခိုင်ပြည်နယ် အတွင်းရှိ ဘဂါင်္လီ ဒုက္ခသည် များ အတွက် သီးသန့် တူရကီနိုင်ငံမှ လုံးချင်းနေအိမ်များ ဆောက် လုပ်ပေးရန် စီစဉ်လျက်ရှိရာ ထိုကိစ္စအား တရား ၀င် ကန့်ကွက်ရန် စစ်တွေမြို့သူ မြို့သား များမှ ဆန္ဒဖော် ထုတ်ခွင့် လျှောက်ထားခဲ့ရာ သက်ဆိုင် ရာမှ ပယ်ချလိုက်ကြောင်း သိရသည်။

ထိုသို့ နေအိမ်များ အခိုင်အမာ ဆောက်ပေးခြင်း သည် မြေယာပိုင်ဆိုင်မှုနှင့် ဆက်စပ်နေသဖြင့် ၈၂ ဥပဒေ အရ စိစစ်ပြီးမှသာ ထိုကိစ္စကို စဉ်းစား သင့်ကြောင်းလည်း စစ်တွေမြို့မိမြို့ဖများမှ ပြည်နယ်အစိုးရ အဖွဲ့ မှ ပြည်နယ်ဝန်ကြီးချုပ်သို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တရားဝင် တင်ပြထားကြောင်း သိရသည်။ ထိုစာတွင် ဗုဒ္ဓဘာသာဝင်များ အမြင်အရ ဘင်္ဂါလီ များအား လွင်တီးခေါင်ပါးတွင် ပစ်ထားရမည်ဟု မဆိုလိုကြောင်း၊နိုင်ငံ သား စိစစ်ရေးကိစ္စ ပြီးစီးသွားပါက နိုင်ငံတော်မှ သတ်မှတ်သည့်ေ နရာတွင် နိုင်ငံတော်မှ ကြီးကြပ် မှုဖြင့် ဆောက်လုပ်ပေးသင့်ကြောင်း၊နို င်ငံခြားအဖွဲ့အစည်းများမှ တိုက်ရိုက်ဆောက်လုပ်ခွင့်ကို မပြုဘဲနို င်ငံေ တာ် အစိုးရမှတဆင့် ညီမျှစွာ ဆောက်လုပ်ပေးစေ လိုကြောင်းများလည်း ပါရှိကြောင်း သိရသည်။

လွှတ်တော် တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းကို သမ္မတရှင်း

Posted by drmyochit Monday, March 04, 2013, under | No comments


မြန်မာနိုင်ငံ၏ တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်သည် သမ္မတမှ ခန့်အပ်ထားသူဖြစ်ပြီး လွှတ်တော် အ တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းသည် တိုင်းပြည်၏ သမိုင်းကြောင်းနောက်ခံ အခြေ အနေ များအရ လတ် တလော အခြေအနေတွင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးနိုင်ရန်သာဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်း စိန်က ပြောကြားသည်။

ယခုလ ၁ ရက်တွင် ဖင်လန်နိုင်ငံ သမ္မတအိမ်တော် ၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော် သမ္မတက ပြောကြားခြင်းဖြစ်သည်။

မတ်လ ၁ ရက် မှ ၇ ရက်အထိ (၇) ရက်သားသမီး ဟောစာတမ်း

Posted by drmyochit Monday, March 04, 2013, under | No comments


တနင်္ဂနွေ
မတ် လ ၁ ရက်နေ့ မှ ၄ ရက် အတွင်း စိတ်လှုပ်ရှားမှု စိတ်ရှုပ်ရမှု စိတ်တိုင်းမကျ မှု များကြုံမည်။ သို့သော် စိတ်အေးအေး ထားပါ  ။   အောင်မြင်မှုများရမည်။ ခရီးယာယီများမည်။ မိသားစု အရေးစိတ်ရှုပ်ရမည်။ လူလိမ် ငွေလိမ် ခံရမည်။ ကတိမ တည်မှု တွေကြုံ မည်။ ဤရက်ပိုင်း အတွက် သူများ ပြောစကား တွေမ ယုံရ တတ်ပါ။ အချစ်ရေးမှာ အဆင်ပြေ သလို မပြေသ လိုတွေ ဖြစ်ေ နမည်။မတ်လ ၅ ရက် မှ ၈ ရက် အတွင်း မှာ အဆင်ပြေမည်။ အောင်မြင်မည်။ ငွေဝင်မည်။ မိတ်ဆွေ သစ်တိုးမည်။ အချစ်ရေး အဆင်ပြေ မည်။

အကျိုးပေးသော နံပါတ်            - ၁၊ ၄၊ ၉ ။
အထူးဟော               - လူယုံမထားရ။
ယတြာ           - အောင်သပြေ (၁၀) ညွန့် ဘုရားလှူပါ။

အမေရိကန်လျှပ်စစ်အင်ဂျင်နီယာ စင်ကာပူမှာ သေဆုံးမှု ပြန်လည်စစ်ဆေး

Posted by drmyochit Monday, March 04, 2013, under | No comments


ပြီးခဲ့တဲ့နှစ် ဇွန်လက စင်ကာပူနိုင်ငံမှာ သေဆုံးခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် အမေရိကန်နိုင်ငံသား လျှပ်စစ် အင်ဂျင်နီယာ ရှိန်းတော့ဒ်ရဲ့အမှုကို သူ့မိ ဘတွေ က ပြန်လည်စုံစမ်းစစ်ဆေးဖို့ ကြိုးစားနေ ပါ တယ်။

လျှပ်စစ်အင်ဂျင်နီယာအဖြစ် ပါရဂူဘွဲ့ရထားတဲ့ ရှိန်းကို သူ့အ ခန်းမှာ ကြိုးဆွဲချ သတ်သေ တာတွေ့ရ တယ်လို့ စင်ကာပူရဲက ပြောပါတယ်။ ဒါပေမဲ့ သူ့မိဘတွေ နောက်ပိုင်းတွေ့ရှိတဲ့ ရှိန်းရဲ့ ကွန်ပြူ တာထဲ အချက်အလက်တွေက ရှိန်းနောက်ဆုံးလုပ်ကိုင်ခဲ့တဲ့ အလုပ်ကြောင့် အသတ်ခံရတာ ဖြစ်နိုင်တယ် လို့ ယူဆရပါတယ်။

တက္ကစက်စ်ပြည်နယ် (Texas) က မြန်မာဒုက္ခသည်တိုက်ခန်းတွေမှာ မီးလောင်မှုဖြစ်ပွား

Posted by drmyochit Monday, March 04, 2013, under | No comments


အမေရိ ကန်ပြည်ထောင်စု တက္ကစက်စ်ပြည်နယ် ဟူစတန် မြို့ကမြန်မာဒုက္ခသည် အများဆုံးနေ ထိုင်တဲ့ တိုက်ခန်းတွေ မှာ ဒေသစံတော်ချိန် ဒီကနေ့ မနက် (၈)နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ ပါတယ်။

ဗီယက်နမ် လူမျိုးမိသားစုနေထိုင်တဲ့တိုက်ခန်းကနေ စတင်မီးလောင်တယ်လို့ ယူဆထားကြောင်း မြန်မာ ဒုက္ခသည် အသိုင်း အ၀ိုင်းကို ဦးဆောင် အကူအညီပေးနေတဲ့ ကိုဂျွန်ဂလင်းက Burma News elite ကို ပြောပါ တယ်။

အထောက်အထား ခိုင်လျှင် မလက်တို လယ်များ ပြန်ရမည်

Posted by drmyochit Monday, March 04, 2013, under | No comments


သိမ်းဆည်း ခံထားရသော လယ်ယာမြေများ ပြန်ရ လိုမှုကြောင့် အဓိကရုဏ်း ဖြစ်ပွားခဲ့သည့် မလက်တို ကျေးရွာ အုပ်စုတွင် လယ်ယာမြေ ပိုင်ဆိုင်မှု အထောက် အထား တင်ပြနိုင်ပါက လယ်သမား များအား လယ်ယာမြေ များ ပြန်လည် ပေးအပ် မည်ဟု ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြော သည်။

မလက်တို ကျေးရွာအုပ်စု အတွင်းရှိ လယ်မြေဧက ၅၅၀ ကို ရေနက်ကွင်း လယ်များ ဖော်ထုတ်ရေး စီမံကိန်း အဖြစ် အစိုးရ ခွင့်ပြုချက် အရ အော့ချာဒ် Orchard ကုမ္ပဏီက ၁၉၉၆ ခုနှစ်တွင် သိမ်းဆည်းခဲ့ခြင်း ဖြစ်ပြီး ယင်း လယ်များ အတွင်း မူလပိုင်ရှင် လယ်သမားများက နွေစပါး စိုက်ပျိုးရန် ကြိုးပမ်းရာမှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းတွင် အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားရောက် မြန်မာတွေ စိုးရိမ်နေ

Posted by drmyochit Monday, March 04, 2013, under | No comments


ကြာသပတေးနေ့က စတင်ခဲ့တဲ့ အကြမ်းဖက် ဆန္ဒပြ မှုတွေ နိုင်ငံ တလွှား ပျံ့နှံ့

ဘင်္ဂလားဒေ့ရှ်မှာ ဆူပူ အကြမ်းဖက် မူတွေ ပေါ်ပေါက် နေတဲ့ အတွက် ဘင်္ဂလားဒေရှ်ကို ရောက်ရှိ နေကြတဲ့ မြန်မာ နိုင်ငံသားတွေ အနေနဲ့ စားဝတ် နေရေးနဲ့ လုံခြုံရေး အတွက်ပါ အထူး စိုးရိမ် နေရပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီး UNHCR ရုံးက မြို့ပေါ် ဒုက္ခသည်တွေ အဖြစ် အသိ အမှတ်ပြု ထားတဲ့ ရခိုင်၊ မြန်မာ၊ ချင်းစတဲ့ ဒုက္ခသည် ၃၀ဝ နီးပါးကို UNHCR ကနေ လုံခြုံရေး တာဝန် မယူတဲ့ အတွက် လုံခြုံရေးကို စိုးရိမ်နေရတယ်လို့ အေဘီအက်စ် ဒီအက်ဖ် ရခိုင် ကျောင်းသား ဥက္ကဌ ဟောင်း ကိုခိုင်ဆန်းအောင် က ပြောပါတယ်။

မြန်မာ၏ ပြုပြင်ပြောင်းလဲရေးအစိုးရ နိုဗယ်ဆုရနိုင်ဟု ဖင်လန်သမ္မတဟောင်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဆို


ဖင်လန်နိုင်ငံ၏ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မာတီ အာထစ် ဆရီက မြန်မာ၏ ပြုပြင်ပြောင်း လဲရေး အစိုး ရသည် နိုဗယ်ဆုဆွတ်ခူးနိုင်မည်ဟု ယုံကြည် ကြောင်း ပြောကြားလိုက်သည်။

အာထစ်ဆရီ သည် မြန်မာ ၏ပြုပြင်ပြောင်း လဲရေး သမ္မ တဦးသိန်းစိန်နှင့် ဖင်လန်မြို့ တော်ဟယ် ဆင်ကီတွင် တွေ့ ဆုံခဲ့ပြီးနောက် ဤသို့ ပြော ကြား ခဲ့ခြင်းဖြစ် သည်။

သမ္မတဦးသိန်းစိန် ဟယ်ဆင်ကီသို့ ရောက်ရှိစဉ် ဖင်လန် အစိုးရက မြန်မာအားဖွံ့ ဖြိုးရေး အကူအညီအဖြစ် ယူရို၆ ဒဿမ ၅ သန်း (ဒေါ်လာ ၈ ဒဿမ ၄ သန်း) ပေးအပ် သွားရန်ကြေငြာခဲ့သည်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့က နစ်မြုပ်ခဲ့သည့် M.V Harita Bauxite သင်္ဘောမှ မြန်မာသင်္ဘောသား ၈ ဦး ပြန်လည်ရောက်ရှိ

Posted by drmyochit Monday, March 04, 2013, under | No comments


ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ အနီး တွင် နစ်မြုပ်ခဲ့သည့် M.V Harita Bauxite သင်္ဘော မှ မြန်မာသင်္ဘောသား ၈ ဦးသည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိ ခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မြန်မာ သင်္ဘော သား ၂၄ ဦး ပါဝင်သော M.V Harita Bauxite သင်္ဘောသည် ဖိလစ်ပိုင်နိုင်ငံ အနောက်မြောက် ပိုင်းတွင် နစ်မြုပ်ခဲ့ရာ သင်္ဘောသားကိုးဦးအား ကယ်တင်နိုင်ခဲ့သည်။ သင်္ဘောသား ၁၄ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး တစ်ဦးသေဆုံးခဲ့သည်။ ယင်းသို့ကယ်တင်နိုင်ခဲ့သည့် မြန်မာသင်္ဘောသား ၉ ဦးအနက် တစ်ဦးမှာ ဖိလစ်ပိုင်နိုင်ငံရှိ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ကျန်သင်္ဘောသား ၈ ဦး မှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က TG လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

မြဝတီလောင်းကစားပွဲကြီးများကို ပထမဆုံးအကြိမ် ဖမ်းပြီ

Posted by drmyochit Monday, March 04, 2013, under | No comments

လောင်းကစားလုပ်ငန်းရှင်တို့အတွက် နေ့တိုင်းနေ့တိုင်း ရက်ရာဇာ ဖြစ်လေ့ရှိသော်လည်း ယနေ့အတွက်မူ ပြဿဒါးနေ့ ဖြစ်ဟန်ရှိသည်၊ အထူးသဖြင့် ကရင်ပြည်နယ် မြ၀တီမြို့တွင် ဖြစ်သည်။

မြ၀တီခရိုင်အတွင်း အနှစ် ၂၀ နီးပါး သက်တမ်းရှိခဲ့သော ကြည့်ချင်ပွဲနှင့်တွဲဘက်ကျင်းပသည့် တရားမ၀င် လောင်းကစားပွဲ(အာဝါဒေး)များကို ယနေ့မှစတင်ပြီး ဖမ်းဆီးအရေးယူနေသည်ကို တွေ့ရသည်။

လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရသည့်အလုပ်သမား ၂ဦး နစ်နာကြေး သုံးသိန်းကျော်ရရှိ

Posted by drmyochit Monday, March 04, 2013, under | No comments


လုပ်ငန်းခွင် ထိခိုက်ဒ ဏ်ရာ ရရှိ သဖြင့် ကိုယ်လက် အင်္ဂါ ပျက်စီး ဆုံးရှုံး သွားသည့် အလုပ် သမား ၂ဦး အတွက် ပူးပေါင်း ကူညီသူ များ ဆောင် ရွက်ပေး မှုကြောင့် ယမန်နေ့က ဘတ်ငွေ တစ်သိန်းကျော်စီ ပထမ အရစ်အဖြစ် ရရှိသွားကြကြောင်း ကူညီသူ များပြောပြ ချက်အရ သိရှိရသည်။

ယမန်နေ့က ပအို့ဝ်အမျိုးသား ခွန်မောင်လုံး သည် ပကာစာခွန်း(အာမခံကြေး)ဘဏ်မှ ဘတ်ငွေ တစ်သိန်း ရှစ်သောင်း ရရှိခဲ့သည်။ သူသည် ၂၀၁၂ ခုနှစ်ဒီဇင် ဘာလ တွင် ဘန်ကောက်မြို့အယ်ကချိုင် ၆၆ လမ်း ထဲတွင်ရှိသော မော်တော်ဆိုင်ကယ် အပို ပစ္စည်းစက် ရုံတွင် လက်မတော်တဆ ညပ်မိသဖြင့် ဘယ်လက်ဝါး အားလုံးပြတ်ထွက်သွားခဲ့သည်။

ကရာချိမှာ ကားဗုံးပေါက်

Posted by drmyochit Monday, March 04, 2013, under | No comments


ဗုံး အားပြင်း လွန်းလို့ တိုက်ခန်းတွေ ပြိုကျ ပါကစ် စတန် နိုင်ငံရဲ့ အဓိက မြို့ကြီး ဖြစ်တဲ့ ကရာချိမြို့က ရှီယား မွတ်ဆလင် ရပ်ကွက်မှာ ကားဗုံးပေါက်လို့ အနည်းဆုံး လူ ၄၅ ယောက် သေဆုံး ခဲ့ရပါတယ်။

Abbas Town ရပ်ကွက်က ဗလီ တခုအနားမှာ ဖြစ်ပွားခဲ့ပြီး ဝတ်ပြုဆုတောင်းသူတွေ ဗလီထဲက ထွက်လာ ချိန်မှာ ပေါက်ကွဲ ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြမြန်မာလုပ်သားများအရိုက်ခံရမှု ဂျော်ဒန်ရဲစစ်ဆေး

Posted by drmyochit Monday, March 04, 2013, under | No comments


ဂျော်ဒန်နိုင်ငံက မြန်မာ အလုပ် သမားတွေ လုပ်ခ လစာ တိုးတောင်းလို့ ကုမ္ပဏီနဲ့ အချင်း များနေတဲ့ အထည် ချုပ်စက်ရုံဟာ အမေရိကန်ပြည်ထောင် စုက နာမည်ကျော် ဖက်ရှင် အ၀တ် အထည် လုပ်ငန်း ကြီးတွေရဲ့ အပ်ထည်တွေကို လက်ခံ ချုပ်လုပ်ပေးတဲ့ စက်ရုံ တရုံ ဖြစ်တယ်လို့ မြန်မာ အလုပ် သမားတွေက ပြောပါ တယ်။ အဲဒီမှာ စနေနေ့က မြန်မာ အလုပ် သမားတွေ အရိုက်ခံရ တဲ့ဖြစ် ရပ်ကို ဒေသ ဆိုင်ရာ ဂျော်ဒန်ရဲ တပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး အစ္စရေးလ်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးကလည်း ဆက်သွယ် လာပြီးတော့ ဘယ်လို အကူ အညီပေး ရမယ် ဆိုတာ မေးမြန်းခဲ့ တယ်လို့ အလုပ် သမား ကိုယ်စား လှယ် တဦးက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြထား ပါတယ်။

ဒေသခံများ ကန့်ကွက်မှုကြောင့် စက်ရုံစီမံကိန်း ရပ်ဆိုင်းထား

Posted by drmyochit Monday, March 04, 2013, under | No comments

ဒေသခံပြည်သူတွေက ကန့်ကွက်မှုတွေ ရှိနေတဲ့အတွက် ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ် အတွင်းက ခနှောက်စိမ်းသန့်စင်ရေး စက်ရုံစီမံကိန်း ရပ်ဆိုင်းထားရတယ်လို့ ကုမ္ပဏီဒါရိုက်တာက ပြော ပါတယ်။

"လောလောဆယ်ကတော့ ဟို ရပ်ဆိုင်းထားတယ်။ …..အဓိက ကတော့ အဲ့ဒီ လူထု ကန့်ကွက်တာလည်း ပါတာပေါ့ အဲ့ဒီ လူထုကန့်ကွက်လို့ နည်းနည်းရပ်ဆိုင်းထားတယ်။ ပြီးတော့ ဘယ်လိုဆက်လုပ်မယ်ဆိုတာ ကျနော် တို့ လူထုကို သဘောပေါက်အောင် ထိပ်ဆုံး သွားပြောရမှာပေါ့" လို့ သိန်းမျက်လုံး ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ဝင် ဦးမြင့်မောင်မောင်က ပြောပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မင်္ဂလာဆောင်တစ်ခုတွင် ဓားထိုးမှုဖြစ်ပွား

Posted by drmyochit Monday, March 04, 2013, under | No comments


 မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့ရှိ ရွှေတောင် မြန်မာ စားသောက်ဆိုင်၌ မောင်ဇော်မိုး လွင်(ခ) ကျော်ကျော် လွင် နှင့် မသန်း သန်းမြင့်(ခ) မလေး တို့၏ မင်္ဂလာပွဲ ကျင်းပနေစဉ် အချိန်အတွင်း သတို့ သမီး ဓားထိုးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရ သည်။

ဖြစ်တာက ၂၇.၂.၁၃ ရက်နေ့ ညနေအချိန်ပိုင်း မင်္ဂလာပွဲလုပ်နေတဲ့ အချိန်မှာ ဖြစ်သွားတာပါ။ ဧည့်ခံပွဲ လုပ်နေ တဲ့အချိန် ရုတ်တစ်ရက် သတို့ သမီးဖြစ်တဲ့ မလေးကို ဓားနဲ့ ထိုးခံရတဲ့ အတွက် မင်္ဂလာခန်းမ အတွင်းမှာ ရုတ်ရုတ် သဲသဲ ဖြစ်သွားခဲ့တယ်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်