Sunday, August 24, 2014

ရှင်ကျန်ဒေသ အကြမ်းဖက်တိုက်ခိုက်မှုများအတွက် တရုတ်တွင် လူရှစ်ဦးကို ကွပ်မျက်

Posted by drmyochit Sunday, August 24, 2014, under | No comments


တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွက် လူ ရှစ်ဦးကို ကွပ်မျက်လိုက်ကြောင်း သိရသည်။

သေဒဏ်စီရင်ခံသူရှစ်ဦးသည် ရှင်ကျန်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ် ငါးခုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် ရှင်ကျန်ခွဲထွက် ရေးသမားများ ရှိနေကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

အဆိုပါ လူရှစ်ဦးအနက် ယမန်နှစ် အောက်တိုဘာလအတွင်းက မြို့တော် ပေကျင်းရှိ တီယန်မင် ရင်ပြင်အတွင်း ကားဖြင့် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သူ တစ်ဦးထက်မနည်း ပါဝင်နိုင်ဖွယ်ရှိကြောင်း သိရသည်။ ထိုစဉ်က ကားတစ်စီးဖြင့် ရင်ပြင်အတွင်းရှိ လူအုပ်ထဲသို့ ၀င်တိုက်ခဲ့ပြီး မီးလောက်ပေါက်ကွဲ သွားခဲ့ရာ ကမ္ဘာလှည့်ခရီးသည်နှစ်ဦးနှင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့သူ သုံးဦး သေဆုံးခဲ့သည်။

ရှင်ကျန်းဒေသမှ ခွဲထွက်ရေးသမားများက အဆိုပါ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း တရုတ်အစိုးရက ထုတ်ပြန်ခဲ့သည်။
Ref:AFP
Mizzima

တောင်သမန်အင်းရေမြင့်တက်၍ ကန်ပတ်လမ်းကျောက်စီတာပေါင်ရိုး အနည်းငယ်ပြိုကျ

Posted by drmyochit Sunday, August 24, 2014, under | No comments

တောင်သမန်အင်း ကျောက်စီတာပေါင်ရိုး ပျက်စီးပြိုကျနေမှုကို သြဂုတ်၂၃ရက်နံနက်က တွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်)t

 တောင်သမန်အင်း ရေမြင့်တက်လာမှုကြောင့် ကန် ပတ်လမ်း ကျောက်စီတာပေါင် ရိုးအနည်းငယ်  ပြိုကျပျက်စီးခဲ့ ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၀ ရက် ညပိုင်းက အမရပူရမြို့ တောင်သမန်အင်း အနောက်ဘက်ရွှေဂွမ်းထုပ်ရပ် ကွက်ရှိ  တောင်သမန်ကန်ပတ် လမ်းကျောက်စီတာပေါင်  တစ် နေရာတွင် အင်းရေမြင့်တက် လာပြီးနောက် ရေတိုက်စား၍ တစ်ညတည်းသုံး ကြိမ်ခန့်ပြိုကျခဲ့

သည်။ နောက်တစ်ရက်တွင် လည်း ဆက်လက်ပြိုကျခဲ့ပြီး ကျောက်စီတာပေါင်ရိုးသာပျက်စီးခဲ့သည်။ တောင်သမန်ကန်ပတ်လမ်းမှာမူ ပျက်စီးခြင်းမရှိခဲ့ကြောင်း  အဆို ပါနေရာအနီးတွင် နေထိုင်သူ ဒေသခံများကပြောသည်။

‘‘ညတွင်းချင်းလာတော့ ပြင် တယ်။ သဲအိတ်တွေချတယ်။ ဒါ ပေမဲ့ အဲဒီလိုလုပ်နေရင်းနဲ့ကို ဆက်ပြီး ပြိုကျတာ။ နှစ်ညဆက် ပြိုတယ်’’ဟု ရွှေဂွမ်းထုပ်ရပ်ကွက် တွင် နေထိုင်သူ အမျိုးသားကြီး တစ်ဦးကပြောသည်။

ကန်ပေါင်တည်ဆောက်မှု အားနည်းချက်များလည်း ရှိနိုင် သည့်အပြင် ယင်းနေရာအနီးတွင် မြေများ   လာရောက်တူးယူမှု ကြောင့်လည်း ရေတိုးချိန်တွင် ကန်ပေါင်အောက်ခြေသို့ ရေစိမ့် ၀င်ရောက်ကာ ပြိုကျပျက်စီး ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများ က ခန့်မှန်းပြောကြားသည်။

ပျက်စီးသွားသည့်နေရာမှာ ပေ ၅၀ ခန့်ရှိနိုင်ပြီး သဲအိတ်ချ ခြင်း၊ မျောတိုင်များဖြင့် ကာရံခြင်း များပြုလုပ်ထားကြောင်း မန္တလေး မြို့တော်    စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနမှ ဌာနမှူး ဒေါ်ခင်မေဌေးက ပြော သည်။

‘‘ခုတော့   ကာကွယ်မှုတွေ လုပ်ထားတယ်။ ရေတက်နေ တော့ လောလောဆယ်ပြင်လို့ တော့ မရသေးဘူး။ ရေကျသွား တာနဲ့ ပြန်ပြင်မှာပါ’’ဟု ဌာနမှူး ကပြောသည်။

တောင်သမန်ကန်ပတ်လမ်း သည် တောင်သမန်အင်း အရှေ့ ဘက်နှင့် အနောက်ဘက်တွင် တည်ရှိပြီး ခုနစ်မိုင်ကျော် ရှည် လျားသည်။ ယင်းလမ်းကို မြေ သားလမ်းမှ ကတ္တရာလမ်းအဖြစ် ၂၀၁၂-၁၃ ခုနှစ်တွင် အဆင့်မြှင့် တင်ခဲ့ပြီး ကျပ်သိန်းပေါင်း ၁၈၀၀ ခန့်အသုံးပြုခဲ့သည်။ ကတ္တရာ လမ်းအဆင့်မြှင့်တင်ပြီးနောက် ကျောက်စီတာပေါင်ရိုးအဆင့် မြှင့်တင်ခြင်း၊ ရေတံခါးများ တည် ဆောက်ခြင်းများ ဆက်လက်ပြု လုပ်ခဲ့ကြောင်း သတင်းရရှိသည်။

7day daily

သင်မသိသေးသော ကျန်းမာရေး လျှို့ဝှက်ချက်များ

Posted by drmyochit Sunday, August 24, 2014, under | No comments


ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်စတဲ့ အသီးအရွက်တွေက ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာတွေဆိုတာ သိထားပေမယ့် ရိုးရှင်းလွန်းတာကြောင့် အမြဲတမ်း ဒါတွေကိုပဲ စားဖို့ မဖြစ်နိုင်ပါဘူး။ ထပ်မံလေ့လာထားတဲ့ သုတေသနပြုချက်တွေအရ အောက်ပါ အစားအစာတွေကို စားသုံးပေးတာက သင့်ကျန်းမာရေးကို အံ့အားသင့်စရာ ကောင်းလောက်အောင် ကူညီပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

နှလုံးကျန်းမာစေသော လျှို့ဝှက်ချက်
ပဲသုပ် စားပေးပါပဲမှာ
ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ များစွာပါဝင်ပြီး အူထဲမှာရှိတဲ့ ကလက်စထရောတွေကို ပေါင်းလိုက်ကာ ခန္ဓာကိုယ်အပြင်ဘက်ကို စွန့်ပစ်ပစ္စည်းအဖြစ် ထုတ်ပါတယ်။ ဒါ့အပြင် ပဲမှာပါတဲ့ ကစီဓာတ်က ခန္ဓာကိုယ်မှ ဓာတ်တစ်မျိုးကို ထုတ်စေပြီး ကိုလက်စထရောအသစ် ဖြစ်ပေါ်မှုကို ဟန့်တားပေးပါတယ်။

ရင်သားကို အကာအကွယ်ပေးသော လျှို့ဝှက်ချက်
ကန်စွန်းဥထောင်းစားပါ
ဘီတာကယ်ရိုတင်းက ဆဲလ်ဒီအန်အေကို ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေ ဖျက်ဆီးမှုမှ ကာကွယ်ပေးပါတယ်လို့ သုတေသီတွေက ရှင်းပြပါတယ်။ သုတေသီတွေက မျောက်ဥမှာကော ကန်စွန်းဥလို ဘီတာကယ်ရိုတင်း ပါဝင်မှုကို လေ့လာခဲ့ပါတယ်။ မျောက်ဥထက် ကန်စွန်းဥမှာ ဘီတာကယ်ရိုတင်း ပါဝင်မှု အဆ ၂၀၀ ကျော် ပိုမိုတယ်လို့ ဆိုပါတယ်။

စိတ်ခံစားမှု မြှင့်တင်ပေးနိုင်သော လျှို့ဝှက်ချက်
အသားစားပါ
အဆီဖယ်ထားတဲ့ အသားစားသုံးပါက ရရှိလာတဲ့ ပရိုတင်းဓာတ်တွေက စိတ်ခံစားမှု ကောင်းစေပြီး နိုးကြားတက်ကြွစေတဲ့ ဒိုပါမင်းဟော်မုန်းပမာဏကို မြှင့်တင်ပေးတယ်လို့ အစားအစာနဲ့ စိတ်အကြောင်း စာအုပ်ရေးသားသူ Elizabeth Somer က ပြောပါတယ်။ အဆီဖယ်ထားတဲ့ အမဲသား စားသုံးပါက သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် ဘီစစ်နဲ့ ဘီတွဲ ပမာဏရဲ့ ၇၅ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ဒီဗီတာမင်တွေက အာရုံကြော လုပ်ငန်းဆောင်တာတွေကို တိုတက်ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။

အရိုးအဆစ် နာကျင်မှုများမှ သက်သာစေသော လျှို့ဝှက်ချက်
ငရုတ်သီးစားပါ
ငရုတ်သီးကနေ ရရှိနိုင်တဲ့ ဗီတာမင်စီက အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး တွယ်ဆက်တစ်သျှူးတွေကို free radical တွေရဲ့ ပျက်စီးမှုမှ ကာကွယ်ပေးပြီး ကိုလာဂျင်အသစ် ဖြစ်ပေါ်စေပါတယ်။ အသစ်ဖြစ်ပေါ်လာတဲ့ ကိုလာဂျင်တွေကြောင့် အရိုးအဆစ်တွေအပေါ် သက်ရောက်တဲ့ ယို့ယွင်းမှုတွေကို လျော့နည်းစေပါတယ်။

အယ်လ်ဇိုင်းမား ရောဂါမဖြစ်အောင် ကာကွယ်နိုင်သော လျှို့ဝှက်ချက်
ကော်ဖီသောက်ပါ
ကော်ဖီမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က ဦးနှောက်ဆဲလ်တွေရဲ့လုပ်ဆောင်မှုကို အားပေးပြီး ဦးနှောက်သွေးကြောတွေထဲမှာ ဒုက္ခဖြစ်စေတဲ့ သွေးခဲဖတ်တွေ ဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ လေ့လာမှုမှာ တွေ့ရှိချက်အရ ကက်ဖင်းဓာတ်က ဦးနှောက်ကို ထိခိုက်မှုဖြစ်စေတဲ့ အဆိပ် အရေအတွက်ကိုလည်း လျှော့ချပေးပြီး သက်ကြီးသတိမေ့ရောဂါ မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။

အဆုတ်ကျန်းမာစေသော လျှို့ဝှက်ချက်
အစေ့အဆန်စားပါ
အစေ့အဆန်တွေမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်လို့ Texas မှ သုတေသီတွေက ပြောပါတယ်။ အစေ့အဆန်တွေမှာ များစွာပါဝင်တဲ့ ဗီတာမင်အီးက ကင်ဆာရောဂါ ဖြစ်ပွားမှုကို တွန်းလှန် ကာကွယ်နိုင်ပါတယ်။

ခုခံအား မြင့်တက်စေသော လျှို့ဝှက်ချက်
ပျားရည်သောက်ပါ
ပျားရည်မှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေက ခုခံအားကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်တွင်း ပိုးမွှားတွေ ဝင်ရောက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ပျားရည်မှာ ပိုးသတ်အာနိသင်နဲ့ ရောင်ရမ်းမှု လျော့နည်းစေတဲ့ အာနိသင်တွေ ရှိတာကြာင့် ပိုးမွှားကူးစက်မှုကို တားဆီးနိုင်ပြီး ရောဂါခံစားရခြင်းမှ ကင်းဝေးစေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Photo by ပျိုမေတို့သိစေဖို့
Credit to Good Health

မော်ဒယ်ဆောင်းရုပါခင်ရဲ့ ဓာတ်ပုံတွေနော်

Posted by drmyochit Sunday, August 24, 2014, under | No comments






Thursday, August 21, 2014

အရှေ့မြောက်ပိုင်းဒေသသူပုန်များ တရုတ်နှင့် မြန်မာမှ လက်နက်ရရှိဟုဆို

Posted by drmyochit Thursday, August 21, 2014, under | No comments

အိန္ဒိယအရှေ့မြောက်ပိုင်း ဒေသရှိ လက်နက်ကိုင်စစ်သွေး ကြွများသည် မြန်မာနှင့်တရုတ်နိုင်ငံတို့မှ တရားမဝင် လက်နက် နှင့်ကျည် အမြောက်အမြားဆက် လက်ရရှိနေကြောင်း နယ်ခြားလုံ ခြုံရေးတပ်မှ အကြီးတန်း အရာရှိ တစ်ဦးက သြဂုတ် ၁၉ ရက်၌ ပြောကြားလိုက်သည်။

‘‘ဘင်္ဂလားဒေ့ရှ်နယ်စပ် က နေ နိုင်ငံတကာနယ်စပ်ကိုဖြတ်ပြီး ဒီနိုင်ငံထဲကို လက်နက်နဲ့ကျည် တွေသွင်း ထားတာ။ တစ်ခါတစ်ရံ တော့ရှိပါတယ်။ ဒါပေမဲ့ အတော် များများဟာ တရုတ်နဲ့ မြန်မာနယ် စပ်တွေ ကိုဖြတ်ပြီး ဝင်လာနေကြ တယ်’’ဟု မေဂါလာယာရှေ့တန်း ကို ကြီးကြပ်ရသူအရာရှိဆူဒက်ရှိ ကူးမားက သတင်းထောက်များအားပြောသည်။

‘‘အနောက်ပိုင်းက ရှေ့တန်း နဲ့မတူတာက အဲဒီမှာဆိုရင် နယ် စပ်ကိုစောင့်ကြည့်ရတာလွယ်ပေ မယ့် အရှေ့ဘက်နယ်စပ်ကတော့ တောင်တန်းတွေရှိတာကြောင့် စောင့်ကြပ်ရတာပိုခက်ခဲပါတယ်။ အဝေးကို လှမ်းမမြင်နိုင်တာက လည်း ကျွန်တော်တို့တပ်တွေ အတွက် ပိုဆိုးစေပါတယ်’’ဟုဆို သည်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားတစ်လျှောက် ၄၄၃ ကီလိုမီတာကို စောင့်ကြပ်တာဝန်ယူရသူ ကူးမားက ၎င်း၏တပ်သားများသည် နယ် စပ်ဖြတ်ကျော်ကျူးလွန်သည့် ရာဇ ဝတ်မှုများနှင့် စစ်သွေးကြွများ ဝင် မလာအောင် အကောင်းဆုံးကြိုး စား ကာကွယ်စောင့်ကြပ်နေ ကြောင်းပြောသည်။
မြန်မာနှင့်တရုတ်နိုင်ငံဘက် မှ တရားမဝင်လက်နက်များ ၊ကျည်များမှာအများအားဖြင့် အာသံနှင့်
နယ်ချင်းဆက်နေသည့် နာဂလန်း ရှိ အဓိကကုန်သွယ်မှုမြို့ဖြစ်သည့် ဒင်မာပူကို ရေကြောင်းဖြင့်ဝင် ရောက်လာပြီး ယင်းမှတစ်ဆင့် အိန္ဒိယနိုင်ငံခြားပြည်နယ်များသို့ ဆက်လက်ခိုးထုတ်သယ်ဆောင်
ကြသည်ဟုဆိုသည်။

‘‘ယူနီဖိုင်းကွန်မန်နဲ့ အာသံ ရိုင်ဖယ်တပ်တွေက အာသံမှာ လက်နက်နဲ့ကျည်အများအပြား ကို မကြာခဏဖမ်းမိပြီး ဒါတွေကို မေဂါလာယာမှာ လှုပ်ရှားနေတဲ့ သူပုန်တွေဆီပို့ဖို့ပြင်နေတာပါ’’
နယ်စပ်ကိုခြံစည်းရိုးခတ်ခြင်းဖြင့် မလုံလောက်အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ခြံစည်းရိုးခတ်ခြင်း နည်းတစ်ခုတည်းဖြင့် လက်နက် နှင့်ကျည်များဝင်ရောက်လာမှုကို စစ်ဆေးရန်၊ စစ်သွေးကြွများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဝင် ရောက်လာမှုကို စစ်ဆေးရန်အတွက် မလုံလောက်ကြောင်း ကူးမားကပြောဆိုသည်။ ယခု အခါ နယ်ခြားစောင့်တပ်က အိန္ဒိ ယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ် လျှောက်တွင် အထူးဂရုပြုစောင့် ကြပ်ရုံမက တပ်ဖွဲ့များက ခေတ် မီစက်ပစ္စည်းများကိုလည်း အသုံး ချနေကြောင်းသိရသည်။ ရရှိ သောသတင်းအချက်အလက်များ ကိုကိုးကားပြီး မေဂါလာယာ၏ ဝန်ကြီးချုပ်မူကူးဆန်မာက အနောက်မြောက်ဘက်တွင် လက်နက်များစွာရှိနေကြောင်း ပြောဆို လိုက်သည်။

‘‘ဒီလက်နက်တွေဘယ်က လာတာလဲ။ ဒါကဘာကိုပြသလဲ ဆိုရင် နိုင်ငံကိုပုန်ကန်ဆန့်ကျင် နေတဲ့ အင်အား စုတွေ အချိန်အ တော်ကြာကြာလှုပ်ရှားနေတယ်။ ဒါကြောင့် လက်နက်တွေနဲ့ ဖောက်
ခွဲရေးပစ္စည်းတွေ ဝင်လာနေတာ ဖြစ်တယ်။ ဒီကိစ္စကို ပြည်နယ် အစိုးရတွေနဲ့ ဗဟိုအစိုးရတို့ပူး ပေါင်းပြီး ဖြေရှင်းဖို့လိုတယ်’’

ကိုးကား- The New Indian Express
7Day Daily

ဗဟိုအစိုးရရှေ့နေချုပ် လူမျိုးရေးအကြမ်းဖက်မှုဖြစ်ပွားရာ Ferguson ကိုရောက်

Posted by drmyochit Thursday, August 21, 2014, under | No comments


အမေရိကန်ပြည်ထောင်စုမှာ မငြိမ်မသက်ဖြစ်နေတာ ၁၁ ရက်ရှိနေပြီဖြစ်တဲ့ Missouri ပြည်နယ် Ferguson မြို့ကို ရှေ့နေချုပ် Eric Holder ရောက်နေပြီး လူမှုအသိုင်းအဝိုင်းက ခေါင်းဆောင်တွေ မြို့ ခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရဲရဲ့ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်တယောက် သေဆုံးခဲ့ပြီးနောက် အဲဒီမြို့ မှာ ဆန္ဒပြမှု၊ လုယက်မှုတွေ ဖြစ်ပွားနေတာပါ။

အမှုကိုစုံစမ်းစစ်ဆေးဖို့အတွက် ပြည်ထောင်စုအစိုးရရဲ့ အတွေ့အကြုံအရှိဆုံး စုံစမ်းစစ်ဆေးရေးအရာရှိတွေ၊ တရားရေးအရာရှိတွေကို တာဝန်ပေးထားတယ်လို့ Mr. Holder က Ferguson ကပြည်သူတွေကို ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။ ဆယ်ကျော်သက်ကို သေဆုံးအောင်ပစ်ခဲ့တဲ့အမှုနဲ့ ပတ်သက်လို့ အစိုးရရှေ့နေတွေဘက်က အထောက်အထားတွေကို စတင်တင်ပြဖို့ရှိတဲ့ တရားရုံးတခုရှေ့မှာ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဗုဒ္ဓဟူးနေ့မှာပဲ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြပါတယ်။

Clayton မြို့က ဂျူရီအဖွဲ့က အထောက်အထားတွေကို သုံးသပ်ပြီး ၁၈ နှစ်အရွယ် Michael Brown ကို သြဂုတ်လ ၉ ရက်နေ့က ပစ်ခတ်ခဲ့တဲ့ ရဲအရာရှိ  Darren Wilson ကို စွဲချက်တင်သင့် မသင့် ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်၊ လစာနဲ့ခွင့်ပေးထားတဲ့ ရဲအရာရှိ Wilson ကို ဖမ်းဆီးအရေးယူဖို့ Brown ရဲ့ မိသားစုတွေ၊ ထောက်ခံသူတွေက တောင်းဆိုနေကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

အစ္စရေးလ်တိုက်ခိုက်မှုကြောင့် Hamas ခေါင်းဆောင် ဇနီးနှင့်သားသေဆုံး

Posted by drmyochit Thursday, August 21, 2014, under | No comments



ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးလ်နဲ့ ပါလက်စတိုင်းအကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဗုဒ္ဓဟူးနေ့မှာ ဆက်ဖြစ်ခဲ့ပါတယ်။ အစ္စရေးလ်လေကြောင်း တိုက်ခိုက်မှုတခုမှာတော့ ဂါဇာမှာရှိတဲ့ Hamas စစ်ခေါင်းဆောင်တဦးရဲ့ ဇနီးနဲ့ မွေးကင်းစ ကလေးငယ် သေဆုံးသွားတာပါ။

မြေထဲပင်လယ်တလျှောက် ပါလက်စတိုင်းနယ်မြေတွင်း ပစ်မှတ် ၉၀ ကျော်ကို ဦးတည်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးလ်က ပြောပါတယ်။ ဒီအထဲမှာ Hamas စစ်ခေါင်းဆောင် Mohammed Deif ရဲ့ နေအိမ်လည်းပါဝင်ပြီး၊ အစ္စရေးလ် လေကြောင်းတိုက်ခိုက်မှုမှာ သူ့နေအိမ် ထိမှန်ခဲ့တာပါ။

ဒါပေမဲ့ Mohammed Deif ကတော့ အသက်ရှင်ကျန်ရစ်ပြီး အသက် ၂၇ နှစ်အရွယ် သူ့ဇနီးနဲ့ ၇ လအရွယ် သားငယ်တို့ သေဆုံးခဲ့တယ်လို့ Hamas အဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီ အသုဘမှာတော့ လူထောင်ဂဏန်း တက်ရောက်ခဲ့ကြပြီး၊ လက်တုံ့ပြန်မယ်ဆိုပြီး ကြွေးကြော်အော်ဟစ်ခဲ့ကြပါတယ်။

ရုပ်အလောင်းတွေကို အစိမ်းရောင် Hamas အလံနဲ့ လွှမ်းခြုံထားပြီး၊ ၀တ်ပြုဗလီတခုကနေ Jabliya က ဒုက္ခသည် စခန်းတခုမှာ သင်္ချိုင်းကို ပို့ဆောင်ခဲ့ကြပါတယ်။ အဲဒီ စစ်ခေါင်းဆောင် Deif ဟာ လူသတ် တရား ခံဖြစ်ပြီး၊ အစ္စရေးလ်အနေနဲ့ သူ့ကို သတ်ဖြတ်နိုင်ဖို့ ပစ်မှတ်ထားသွားရမယ်ဆိုပြီး အစ္စရေးလ် ပြည်ထဲရေး ၀န်ကြီး Gideon Saar က ပြောခဲ့ဖူးပါတယ်။

အစ္စရေးလ်နိုင်ငံသားတွေအတွက် တည်ငြိမ်အေးချမ်း လုံခြုံမှု စိတ်ချရတဲ့အထိ ဂါဇာကို ထိုးစစ်ဆင်သွား မယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် Netanyahu ကလည်း ပြောထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ရွှေကြက်ဖ-ရာပန်းရုပ်ရှင်ပွဲတော်တွင် ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ်ကားပြသမည်

Posted by drmyochit Thursday, August 21, 2014, under | No comments


ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးထားသည့် " ပန်းကြာဝတ်မှုန်" ရုပ်ရှင်ဇာတ်ကားကို တရုတ်ပြည် နယ် ၊နန်ကျိုးမြို့တွင် စက်တင်ဘာ ၂၃ ရက်မှ ၂၈ ရက်ထိကျင်းပမည့် ရွှေကြက်ဖ-ရာပန်း ရုပ်ရှင်ပွဲတော်၌ ပါဝင်ပြသမည်ဟု ဒါရိုက်တာ စင်ရော်မောင်မောင်က မဇ္စျိမကို ပြောသည်။

" ပြည်ပမှာ အခုလိုသွားရောက်ပြသတာက မြန်မာနိုင်ငံ အတွက်ကောင်းပါတယ်။ မြန်မာနိုင်ငံက တစ်ချို့ ရုပ်ရှင် ဇာတ်ကားတွေဆိုရင် ပြည်ပရဲ့ ရုပ်ရှင်ပွဲတော်တွေမှာ သွားပြလို့ရတယ်။ ဒါကို သွားမပြကြဘူး။ ဒါဝေဖန် တာတော့ မဟုတ်ဘူးနော်"ဟု ၎င်းက ပြောသည်။

၎င်းသည် ပြည်ပတွင် သွားရောက်ပြသခဲ့သည့် ဇာတ်ကားများသည် ခြောက်ကြိမ်မြောက်ရှိပြီဖြစ်ပြီး အကြိမ်အရေအတွက်အနေဖြင့် (၁၅)ကြိမ်မြောက် သွားရောက်ပြသခြင်းဖြစ်သည်ဟု စင်ရော်မောင်မောင်ကပြောသည်။"မြောက်ကိုရီးယားကို သွားရောက်လေ့လာပြီးရင်တော့ သားမင်းသန့်မောင်မောင်နဲ့ အတူ လူငယ်မျိုးဆက်သစ်တွေကို လေ့လာခဲ့သမျှကို ပြန်လည်မျှဝေမှာပါ"ဟု ဒါရိုက်တာ စင်ရော်မောင်မောင်ကပြောသည်။

"ပန်းကြာဝတ်မှုန်" ရုပ်ရှင်ဇာတ်ကားကို ရွှေကြက်ဖ-ရာပန်း ရုပ်ရှင်ပွဲတော် မတိုင်ခင် စက်ဘာ ၁၉ ရက်မှ ၂၁ ရက် အထိ ကျင်းပမည့် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်း နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင်လည်း သွားရောက်ပြသ မည် ဖြစ်သည်။

ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်နိုင်းနိုင်း၊ ဖြိုးငွေစိုး၊ စည်သူမောင်၊ သက်မွန်မြင့်၊ ခင်လေးနွယ်နှင့် မေကဗျာ တို့ပါဝင်ပြီး ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးထားသည်။ ၂ဝ၁၂ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကောင်းဆုံး ဓာတ်ပုံဆုနှင့် ကောင်းဆုံးအသံဆုကို ဆွတ်ခူးရရှိခဲ့သည့်အပြင် မြန်မာနိုင်ငံ၏ ပထမဆုံး အာဆီယံ ရုပ်ရှင်ပွဲတော်တွင် ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်သည်။ ယင်းအပြင် ထိုင်းနိုင်ငံ ဘန်ကောက်၊ ဖူးခက် နှင့် မဟာချိုင်တို့တွင်လည်း ပြသခဲ့သည်။

Mizzima

ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲသစ် ထပ်မံ ထွက်ရှိ

Posted by drmyochit Thursday, August 21, 2014, under | No comments


ဂျေတေရိုလင်း ရေးသားထားသည့် ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲသစ် ထပ်မံ ထွက်ရှိခဲ့သည်။ ယင်း ဇာတ်လမ်းတွဲ သည် မှော်ဆရာ ဘီလက်စတီနာဝါဘက်ခ်၏ သီချင်းဆိုဟန်နှင့် ပတ်သက် ၍ ရေးဖွဲ့ထားသည့် အတ္တုပ္ပတ္တိ ဇာတ်လမ်း တစ်ပုဒ် ဖြစ်သည်။

ဇာတ်ကောင် စရိုက်သည် ဟယ်ရီပေါ်တာ  စာအုပ်ကွဲများတွင် ပါဝင်သော မိုလီဝီစိလေး၏  အကြိုက်ဆုံး အဆိုတော် အဖြစ် ရေးဖွဲ့ထားသည်။ ဆီလက်စတီနာဝါဘက်ခ်သည် ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲများ၏ ဇာတ်ကောင်များသည်" မိမိအကြိုက်ဆုံး ဇာတ်ကောင် စရိုက် တစ်ခု ဖြစ်ပါတယ်"ဟု ရိုလင်းက ပြောကြားသည်။

၎င်းတို့ အနေဖြင့် ထွက်ရှိပြီးသား ဟယ်ရီပေါ်တာ စာအုပ်တွဲ နှစ်ခုတွဲစလုံးတွင် ဆီလက်စကီနာ ကို မမြင်ခဲ့ ဖူးသော်လည်း ၎င်း၏ ပုံပန်း သွင်ပြင်နှင့် စတိုင်လ် သည် ရှီလေးဘက်စ်ဆေးနှင့် ဆင်တူ သည်ဟု ၎င်းအနေဖြင့် အမြဲတမ်း ပုံဖော်ခဲ့ပါတယ်ဟု ရိုလင်းက ပြောကြားသည်။

အဆိုပါ ဇာတ်လမ်းတွဲသစ်ကို Potter more website အတွင်း ရရှိနိုင်ပြီး Today.com တွင်လည်း ဖော်ပြထားသည်။ ဆီလက်စတီနာကို အသီးသီးသော ကတော့ ချွန်သဏ္ဍာန် ထင်ရှူးပင်နှင့် ဖီးနစ်ငှက်မွေးဖြင့် ပြုလုပ်ထားသည့် ကြိမ်တံကို သေခြင်း နိမိတ်အသံ ဆိုးဖြင့် အော်မြည်စွမ်း ရှိသည့် ဂရစ်ဖင်ဒါဟောင်း အဖြစ် သရုပ်ဆောင် ထားသည်။

Mizzima

အမေရိကန်သတင်းထောက်ကို IS စစ်သွေးကြွက ခေါင်းဖြတ်သတ်

Posted by drmyochit Thursday, August 21, 2014, under | No comments


ဒီနေ့အတွက် ကမ္ဘာတလွှား သတင်းလောကမှာ နာမည်ကြီးနေတာကတော့ အမေရိကန်နိုင်ငံသား သတင်းထောက်တဦးကို အစ္စလမ်မစ်နိုင်ငံတော် IS စစ်သွေးကြွအဖွဲ့က ခေါင်းဖြတ် သတ်လိုက်တဲ့ ဗွီဒီယိုကိစ္စပါဘဲ။

အမေရိကန်နိုင်ငံသား ဂျိမ်းဖိုလေဟာ AFP နဲ့ အမေရိကန် ဂလိုဘယ်ပို့စ် သတင်းဌာနတွေအတွက် အလုပ်လုပ်ပေးနေရင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလကတည်းက ဆီးရီးယားနိုင်ငံ အနောက်မြောက်ဖက် တူရကီ နယ်စပ်နားမှာ ပျောက်ဆုံးသွားခဲ့ တာဖြစ်ပြီး အခုရက်ပိုင်းအတွင်းပဲ သူ့ကို IS အဖွဲ့က ခေါင်းဖြတ် သတ်ပုံရတဲ့ ဗီဒီယိုကို အင်တာနက်ပေါ် အင်္ဂါနေ့က တင်ခဲ့တာဖြစ်ပါတယ်။

ဗွီဒီယိုထဲမှာ လိမ္မော်ရောင် ၀တ်စုံဝတ်ထားတဲ့ သတင်းထောက် ဂျိမ်းဖိုလေ က သူ့ကို ဖမ်းဆီးထားသူတွေ
ပြော ခိုင်းတဲ့ သတင်းစကားကို ဖတ်နေပုံရပါတယ်။

သူက တကယ့် လူသတ်သမားဟာ အမေရိကားဖြစ် တယ် ဆိုပြီး ပြောဆိုကာ သူ လွတ်မြောက်လိုကြောင်းနဲ့ သူ့မိသားစုနဲ့ နောက်ထပ်တကြိမ် ပြန်ဆုံလိုကြောင်းပြောထားပါတယ်။

သူ့ကို ခေါင်းဖြတ်သတ်ပုံရတဲ့ အမည်းရောင်အဝတ်အစားဝတ် မျက်နှာကိုလည်း ဖုံးကွယ်ထားတဲ့ IS စစ်ကြွေး ကြွ တဦးက အင်္ဂလိပ်လို ခြိမ်းခြောက်ပြောကြားရာမှာ အမေရိကန်သမ္မတ အိုဘားမားကို ရည် ရွယ်ပြီး အီရတ်မှာ IS အခြေစိုက်စခန်းတွေ ကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် သေဆုံးမှုတွေဟာ အမေရိကန်မှာ တာဝန်ရှိပြီး အမေရိကန်နိုင်ငံသား တဦးသေဆုံးမယ့် ကိစ္စကလည်း အမေရိကန်မှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

ဂျိမ်းဖိုလေကို ခေါင်းဖြတ်သတ်ပြီးပုံရတဲ့ ဗွီဒီယို ပြကွက်အပြီးမှာ နောက်ထပ် လိမ္မော်ရောင်ဝတ် နောက်ထပ် အမေရိကန်နိုင်ငံသား သတင်းထောက် တဦးကိုလည်း IS စစ်သွေးကြွက ပြသကာ သူ့ကံကြမ္မာဟာ အမေရိကန်ရဲ့နောက်ထပ် ခြေလှမ်း အပေါ် မူတည်တယ်လို့ ခြိမ်းခြောက်ပြောဆိုထားပါတယ်။

အမေရိကန်အရာရှိတွေကတော့ ဒီဗွီဒီယိုဟာ အစစ်လား၊ လုပ်ကြံထားတာလားဆိုတာ စိစစ်နေဆဲဖြစ် တယ် လို့ ဆိုပါတယ်။

ဒါပေမယ့် အမျိုးသားလုံခြုံရေး ကောင်စီ ပြောခွင့်ရ Caitlin Hayden က ပြောတာကတော့ အခု အမေရိကန် သတင်း ထောက် ဂျိမ်းဖိုလေကို ခေါင်းဖြတ်သတ်တာ ထောက်လှမ်းရေးသတင်း အချက် အလက် များအရ တကယ်ဖြစ်နိုင်ပုံရကြောင်း နဲ့ သတင်းအချက်အလက် ရသမျှ ဆက်လက်ထုတ်ပြန် သွားမယ်လို့ ပြောရင်း မိသားစုနဲ့အတူ ထပ်တူကြေကွဲရကြောင်း လည်း ဆိုသွားပါတယ်။

 သေဆုံးသူ ဂျိမ်းဖိုလေရဲ့ မိခင် Diane ကတော့ သူ့ လူမှုကွန်ရက်စာမျက်နှာမှာ သားဖြစ်သူအတွက် ပူဆွေးမှုနဲ့ ဆုတောင်း စာကို ရေးသားထားပါတယ်။

သားဖြစ်သူ ဟာ ဆီးရီးယားပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခကို သူ့အသက်ရင်းပြီး ကမ္ဘာကြီးကို သိအောင်
ပြသ သွားတာလို့ လည်း Diane က ဆိုပါတယ်။

အခုတလော နာမည်ကြီးနေတဲ့ IS အဖွဲ့ဆိုတာ အရင်က ISIS အဖြစ်နာမည်ခံယူခဲ့ပြီး ဆီးရီးယား၊ အီရတ်
နိုင်ငံတွေက နယ် မြေတော်တော်များများကို သိမ်းယူကြီးစိုးကာ အစ္စလမ်မစ်နိုင်ငံထူထောင်ရေး လှုပ်ရှား
နေကြတဲ့ စစ်သွေးကြွ အဖွဲ့ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းတွေကလည်း ကာဒ် နယ်တဝိုက်က ယာဇီဒီ ဒေသခံတွေ၊ ခရစ်ယာန်တွေကို အစုလိုက် အပြုံလိုက် သတ် ဖြတ်တဲ့ ကိစ္စတွေကိုလည်း ကျူးလွန်နေတဲ့ အဖွဲ့လို့ ယုံကြည်ရပါတယ်။

ဒီလိုကိစ္စတွေကြောင့် အမေရိကန်က အီရတ်က IS စစ်သွေးကြွတွေရဲ့ အဓိက စခန်းတွေကို ဗုံးကြဲ တိုက်ခိုက်မှုတွေ ဆက် တိုက်လုပ်လာပြီး ဒေသခံ ထွက်ပြေးသူတွေအတွက် စားရေ ရိက္ခာချပေးတာနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင် နေတာဖြစ်ပါတယ်။



အိမ့်သံစဉ်
ဧရာဝတီ

Thursday, August 07, 2014

အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် ကျီစု စက်မှုဇုန်သစ် တည်ဆောက်မည်

Posted by drmyochit Thursday, August 07, 2014, under | No comments


ရန်ကုန် ၊ ၇-၈-၂၀၁၄

 မကြာမီ အချိန်အတွင်း အလုပ်သမား ပေါင်းများစွာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးနိုင်မည့် စံချိန်စံညျွန်း နှင့် ပြည့်မီသော လျှပ်စစ် သုံးစွဲမှု နည်းပါးသည့် ကျီစု စက်မှုဇုန်သစ် ကြီးတစ်ခုကို ရန်ကုန်တိုင်း ဒေသကြီး အတွင်း တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး ၌ စက်မှုဇုန် ၂၉ ဇုန်ရှိပြီး ယင်းတို့မှာ အရှေ့ပိုင်း ခရိုင်၌ ၁၀ ဇုန် ၊ တောင်ပိုင်း ခရိုင်၌ တစ်ဇုန် ၊ မြောက်ပိုင်း ခရိုင်၌ ၁၈ ဇုန်တို့ ဖြစ်သည်။ ယင်း စက်မှုဇုန် များအနက် အရှေ့ပိုင်း ခရိုင်ရှိ စက်မှုဇုန် ၁၀ ဇုန်တွင် စက်ရုံ ၊ အလုပ်ရုံပေါင်း ၃၆၀၅ ရုံရှိပြီး အလုပ်သမား ပေါင်း ၇၀၈၀၄ ဦးတို့ လုပ်ငန်းခွင် အတွင်း လုပ်ကိုင်လျက် ရှိသည်။ အလားတူ မြောက်ပိုင်း ခရိုင်ရှိ စက်မှုဇုန် ၁၈ ဇုန်တွင် စက်ရုံ ၊ အလုပ်ရုံပေါင်း ၁၅၁၇ ရုံရှိပြီး အလုပ်သမား ပေါင်း ၁၅၃၈၀၀ ရှိကြောင်း သိရသည်။

အဆိုပါ ကျီစု စက်မှုဇုန် ကို ရန်ကန်တိုင်း ဒေသကြီး ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ တည်ဆောက် သွားမည် ဖြစ်ပြီး ယင်း စက်မှုဇုန် သည် ယခင် တည်ရှိပြီး စက်မှုဇုန် များ၏ အားနည်းချက် များကို ပြုပြင်ကာ သတ်မှတ် စံချိန် စံညျွန်း များနှင့် ကိုက်ညီစေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

စက်မှုဇုန် လုပ်ငန်းများသည် ၁၉၉၁ ခုနှစ် ၀န်းကျင်တွင် ပေါ်ထွန်း လာပြီး ရန်ကုန်တိုင်း ဒေသကြီး အနေဖြင့် စက်မှု လုပ်ငန်းသည် တိုင်းဒေသကြီး ၏ GDP တွင် ၃၆ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရှိရသည်။

ဝန်းရံခ
Themyawadydaily

တစ်ခေတ်ဆန်း အလှမယ်နဲ့ သရဖူအရှုပ်တော်ပုံ

Posted by drmyochit Thursday, August 07, 2014, under | No comments


၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းချိန်မှစကာ ကင်းကွာခဲ့သော နိုင်ငံတကာ မယ်ပြိုင်ပွဲများနှင့် မြန်မာနိုင်ငံက ပြန်လည်ထိတွေ့ခွင့်ရခဲ့ သည်က မကြာလှသေး။

နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါနှင့် မိုးစက်ဝိုင်စသော အမည် နာမများသည် နိုင်ငံအတွက် ဂုဏ်ယူစရာ ဆုတံဆိပ်နှင့်အတူ  မြန်မာပြည်သူတို့ကြားတွင် ပြောစရာ အကြောင်း တရားတစ်ခု ဖြစ်လာခဲ့သည်။ သို့သော် သိပ်မကြာလိုက်သော အချိန်တွင်ပြောစရာအကြောင်းအရာက ပြောင်းသွားသည်။

ယနေ့ နိုင်ငံ့ဂုဏ်ဆောင် အလှမယ်များနှင့် ပတ်သက်ပြီး အများပြည်သူကြား ပြောစရာဖြစ်နေသည်က သရဖူ ရုပ်သိမ်းခံရသည့်ကိစ္စ ဖြစ်နေ သည်။ နိုင်ငံတကာတွင် ကိုယ်စားလှယ်အဖွဲ့ အစည်း၏ စည်းမျဉ်းများကို လိုက်နာမှုမရှိသော အလှမယ်များ ကိုသရဖူရုပ်သိမ်းခြင်းများ ရှိတတ်သည်။ သို့သော် သတ်မှတ် စည်းမျည်းများက ရှင်းလင်းပြတ်သားသည်။

သို့သော် မြန်မာနိုင်ငံတွင်တော့မယ်များကို သရဖူ ရုပ် သိမ်းခြင်း၊ သရဖူလွှဲခွင့်ပိတ်ပင်ခြင်းစသော ကိစ္စများသည် မည် သည့်အချက်များအပေါ်တွင် မူတည်သည်ကို ရှင်း ရှင်းလင်း လင်း မသိရသေးသည့် အခြေအနေတွင် ဖြစ်နေသေးသည်။

Miss Supranational Myanmar    ၂ဝ၁၃ အလှမယ် ခင်ဝင့်ဝါနှင့်Miss Grand International Myanmar ၂ဝ၁၃ အလှမယ်ထားထက်ထက်တို့ကို သရဖူလွှဲပေးခွင့် ပိတ်လိုက် ကြောင်း ၄င်းတို့၏ကိုယ်စားလှယ်အဖွဲ့အစည်းဖြစ်သောMiss Golden Land Myanmar Organization က ပြီးခဲ့သည့်လ အတွင်းကထုတ်ပြန်ကြေညာ ရာတွင်တိကျရေရာသောအကြောင်း ပြချက်မပါရှိသည်ကို တွေ့ရသည်။

”ကျွန်တော်တို့ထားထက်ထက်နဲ့ ခင်ဝင့်ဝါကို သရဖူသိမ်း တာ မဟုတ်ဘူး။ လွှဲပေးခွင့် မပေးတာပါ။ စည်းမျဉ်းစည်း ကမ်းကို ချိုးဖောက်သလို ဖြစ်သွားတဲ့အတွက် နောက် လူတွေ ဒီလိုမဖြစ်အောင် အပြစ်ပေးတဲ့သဘောပါ” ဟူ၍သာ Miss Golden Land Myanmar Organization မှ ဦးဝေယံ အောင်ကပြောခဲ့ပြီး မည်သည့်စည်းမျဉ်းကို ချိုးဖောက်ခဲ့သည် ဆိုသည့်အချက်ကိုမူ ရှင်းရှင်းလင်းလင်းမပြောခဲ့ပေ။

”ဘာပြစ်ချက်ကြောင့် လွှဲခွင့်မပေးတာလဲဆိုတာ မသိပါ ဘူး။ ညီမတို့ဘက်က ပျက်ကွက်တာမျိုးမရှိသလို အကျိုးအမြတ် ခံစားခွင့် ၃ဝ ရာခိုင်နှုန်းကိစ္စကိုလည်း အမြဲတမ်းေ ပးနေတာပဲ လေ”ဟု ခင်ဝင့်ဝါက ပြောသည်။

ခင်ဝင့်ဝါနှင့် ထားထက်ထက်တို့သည်Miss Golden Land Myanmar Organization နှင့် တစ်နှစ်သက်တမ်းရှိ စာချုပ်ကိုချုပ်ဆိုပြီး ပရဟိတလုပ်ငန်းများကို ပူးတွဲ လုပ်ဆောင် နေသူများလည်း ဖြစ်သည်။ သို့ရာတွင် အဖွဲ့အစည်းကိုယ်တိုင် က ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒါလုပ်မယ်ဆို ပြီး ညီမတို့ကိုမခေါ်ဘူး။ဘာလုပ်မယ် ဆိုတာလည်း မပြောဘူး။ တစ်နှစ်သက်တမ်းအတွင်း နှစ်ကြိမ်မျှသာ ပါဝင်ပူးပေါင်းခွင့်ရခဲ့ သည်ဟု ခင်ဝင့်ဝါက ဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့သည့်Miss Grand International Myanmar ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့်ထားထက်ထက်က ”ဘာကြောင့် လွှဲပေးခွင့် မပေးတာလဲ မသိဘူး။ ညီမတို့ဘက်က စာချုပ်ပါအတိုင်းပဲ သွားခဲ့တာပါ။ဒီလိုတစ်နှစ်ပြည့်ဖို့အလိုလေးမှာ ဒီလို ကြေညာ ခံရတော့ အရမ်းစိတ်မကောင်းဖြစ် မိတယ်”ဟု ပြောသည်။

ထို့အတူ Miss Globe Myanmar  ၂ဝ၁၄  အလှမယ် ဂျူးစံသာကိုလည်း သူမ၏ National Director  ဖြစ်သူ မလှနု ထွန်းကMiss Globe Myanmar  အဖြစ်မှ ရပ်စဲ လိုက်ပြီ ဖြစ်ကြောင်းကို  ဇူလိုင်လ ၂၄ ရက်နေ့ညက ထုတ်ပြန်ကြေညာ ခဲ့သည်ဟု သိရသည်။

အဆိုပါ ကြေညာချက်တွင်ဂျူးစံသာ၏ ကိုယ်စားလှယ် ဖြစ်သူ မလှနုထွန်းက အကြောင်းတရားသုံးခုကို ဖော်ပြခဲ့သော် လည်း အဓိကအချက်မှာ သုံးနှစ်သက်တမ်းရှိ စာချုပ်ကြောင့် ဖြစ်မည်ဟု ယင်းအသိုင်းအဝိုင်းထံမှ သိရသည်။

”အမှန်ဆို နိုင်ငံတကာစည်းမျဉ်းအရMiss တစ်ဦးကို တစ်နှစ်ပဲ စာချုပ်ချုပ်ရမယ်။ တစ်နှစ်ထက်ကျော်ပြီး ချုပ်ရင် ဒီ Miss ကို မွေးထုတ်ပြီးအမြတ်ထုတ်တယ်လို့ မြင်တယ်” ဟု ဦးဝေယံအောင်က ပြောသည်။

သရဖူလွှဲပေးသည့်ကိစ္စ၊ သရဖူပြန်သိမ်းသည့်ကိစ္စက အလှ မယ်တစ်ဦး ထမ်းဆောင်ရမည့်တာဝန်နှင့် ဝတ္တရား ပျက်ကွက် ခြင်းလား၊ နိုင်ငံတကာ ကျင့်ထုံးနှင့် ကိုက်ညီမှု မရှိခြင်းကြောင့် ပေ လော။

မော်ဒယ်အေးဂျင့် ကိုနှစ် ၂ဝကြာ ထူထောင်ထားသည့် မတင်မိုးလွင်က ”အခု မြန်မာမှာ ဖြစ်တဲ့ ပြဿနာက နှစ်ဦး နှစ်ဖက် နားလည်မှုအားနည်းလို့ ပဋိပက္ခတွေ ပေါ်လာတာ ပါ။ နှစ်ဦးနှစ်ဖက် ကိုယ့်လိုအပ်ချက်ကို ပြန်ရှာဖို့ အရေးကြီးတယ်” ဟု ပြောသည်။

”နှစ်ဦးနှစ်ဖက်က ညှိလို့မရတော့တဲ့ ကိစ္စဆိုရင် ပြီးခဲ့တာ တွေ မပြောကြတော့ဘဲ နောက်ထပ်အကောင်းဆုံးကိုပဲ ရွေး ချယ်ကြပါ”ဟု တင်မိုးလွင်က ပြောသည်။

မြန်မာနိုင်ငံ၏ သရဖူသိမ်းသည့် ကိစ္စ၊ လွှဲပေးခွင့် မပေး သည့်ကိစ္စမှာ Miss နှင့် Organization ကြားက ပရဟိတစိတ်၊ အတ္တဟိတစိတ်နားလည်မှုတစ်စုံတစ်ရာ လွဲခြင်း လည်းဖြစ်နိုင် သည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး Star and Talent  မော်ဒယ် အေဂျင်စီတည်ထောင်သူ ဂျွန်လွင်က ”မသွားခင်ကတည်းက စာချုပ်ကိုသေသေချာချာချုပ် သင့်တယ်။   အောင်မြင်ပြီး ပြန် လည်းပြန်လာရော စာချုပ်မချုပ်ချင်ကြတော့ဘူး။ အဓိကက ကော်မရှင်မပေးချင်ကြတာပါ” ဟု ပြောသည်။

”အော်ဂနိုင်ဇေးရှင်းဘက်ကလည်း အဲ့ဒီ Miss  တွေ ဆီကရတဲ့ ကော်မရှင်ကိုပရဟိတဒါတွေ လုပ်ပါတယ်ဆိုပြီး ကြေညာခဲ့တာရောရှိလား” ဟု မေးခွန်းထုတ်ခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ နိုင်ငံတကာသို့ စေလွှတ်ရန် ရွေး ချယ်ထားသည့် အလှမယ်တစ်ဦးကို တာဝန်မှရပ်စဲပြီး သွား ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပစ်သည့်ပထမ ဆုံးဖြစ်ရပ် သည်  မြန်မာ နိုင်ငံတွင် ဖြစ်ပွားခဲ့ပါပြီ။

”မြန်မာနိုင်ငံကMiss  ပြိုင်ပွဲနဲ့ အလှမ်းဝေးသွားတာ နှစ်ပေါင်း ၅ဝ ကျော်ရှိပြီး အခုကျမှ တစ်နှစ် နှစ်နှစ်အတွင်း ပြန်ခေတ်စားလာတဲ့အတွက် စည်းမျဉ်းစည်းကမ်းတွေ နား လည်မှုပိုင်းမှာ လိုတာဖြစ်မှာပါ” ဟု ဦးဝေယံအောင်က ပြော သည်။

တစ်ခေတ်ဆန်းမြန်မာ့အလှမယ် လောက၏ ပိုင်အိုးနီး ယားဟုဆိုရမည့် အလှမယ်နန်းခင်ဇေယျာက နိုင်ငံတကာ ဆုတံဆိပ်ရ အလှမယ်များအနေနှင့် ပရဟိတအလုပ် များကို အများထက်အာရုံစိုက်ကာ လုပ်ဆောင်သင့်ကြောင်း တိုက် တွန်းသည်။

နှစ် ၅ဝ ကြာမှ ပြန်လည်စေလွှတ်ယှဉ်ပြိုင်ခွင့်ရသည့် နိုင်ငံအလှမယ်ပြိုင်ပွဲကို ရှေ့ဆက်မှာလည်း ပြဿနာပဋိပက္ခ တစ်စုံတစ်ရာမရှိဘဲ နှစ်ဦးနှစ်ဖက်ပြေလည်သည့် သဘော တရားများကို ဆောင်ရွက်နိုင်စေရန်အတွက်  ယခုပဋိပက္ခက စံပြဖြစ်မည်လော။

”တစ်ခဏတာကိုပဲကြည့်ပြီး စာချုပ်ချုပ်မယ်။ ပြန်လာ တော့ မမျှော်လင့်တဲ့ ဆွဲဆောင်မှုတွေကမ်းလှမ်းလာရင် ခံနိုင်ဖို့ ဆိုတာ ခဲယဉ်းတယ်။ ပါးစပ်နဲ့မပြောကြဘဲ စာချုပ် စာတမ်းနဲ့ ဖြစ်သင့်တယ်။ မဟုတ်ရင် မဖြစ်သင့်တာ ဖြစ်လာနိုင်တယ်”ဟု မော်ဒယ်မိခင်ကြီးတင်မိုးလွင်က ပြောသည်။

အမြင်ဆန်းနေသေးသော်လည်း နားလည်လက်ခံထားရ မည်က နိုင်ငံတကာအလှမယ်ပြိုင်ပွဲများသည် လူမှုရေးရော သော စီးပွားရေးပုံစံတစ်မျိုးသာ ဖြစ်သည် ကိုပင်   ဖြစ်သည်။ အောင်မြင်မှုအတွက် လှေကားထစ်များသာ ဖြစ်သည်။ ထို့ ကြောင့်စီးပွားရေးဆိုသည့်အတိုင်း စနစ်တကျ ဖြစ်စေသင့် သည်ဟုဆိုသူများလည်း ရှိသည်။

”စာချုပ်စာတမ်းနဲ့ဆို ပိုပြီးသင့်တော်တယ်။ နှစ်ဖက်စလုံး အတွက် ပိုအဆင်ပြေပါလိမ့်မယ်”ဟု တင်မိုးလွင်က ဆိုသည်။

Popular jopurnal

Android OS သုံး စမတ်ဖုန်းကိုပေါ့ပါးစေရန် (၁၁)ချက်

Posted by drmyochit Thursday, August 07, 2014, under | No comments



ယခုဆိုလျှင်စမတ်ဖုန်းတွေဟာပေါများလှသလို အမျိုးအစား ဈေးနှူန်း အနိမ့်အမြင့် မျိုးစုံရှိလှပါတယ်။ ဒီလိုပေါများတာကလည်း Open Source OS

၁ခုဖြစ်တဲ့ Android OS ကြောင့်ဆိုလဲ မမှားပါဘူး ။ Android OS မှာတင် အရွယ်အစားမျိုးစုံ ဒီဇိုင်းမျိုးစုံ တံဆိပ်မျိုးစုံ တန်ဖိုးနည်း/ များ

ရှိကြပါတယ် ။ ဒီထဲ ကမှ တန်ဖိုးကြီးစမတ်ဖုန်းကိုင်ဆောင်သူတွေဟာ ဖုန်းရဲ့ ပေါ့ပါးမှု ဖုန်းရဲ့ စွမ်းဆောင်ရည်ကောင်းမွန်မှုတို့ကို အသုံးပြုချင်လို့

ကိုင်ဆောင်ကြတာများပါတယ် ။ ဒါပေမယ့် စမတ်ဖုန်းကို ပေါ့ပါးအောင် မပြုလုပ်နိုင်တဲ့ အတွက် ဈေးကြီးပေးပြီး စိတ်မချမ်းမသာဖြစ်ကြရပါတယ်။

ဒီလို မဖြစ်ရအောင် Android OS သုံး စမတ်ဖုန်းတွေကို ပေါ့ပါးအောင် ပြုလုပ်နိုင်မယ့် အချက် (၁၁) ချက်ကို တင်ပြပေးလိုက်ရပါတယ်။

၁ ။ သင့်ဖုန်းဟာ Up to date ဖြစ်ပြီလား

Android OS သုံး စမတ်ဖုန်းတွေမှာ System ပိုင်းဆိုင်ရာ Update တွေ minor update တွေပေးတတ်ကြပါတယ် ။ အဆိုပါ Updateတွေမှာ
Error များကို Bug fixes ပါဝင်တတ်ပြီးစမတ်ဖုန်းကို ပိုမို မြန်စေနိုင်ပါတယ်။ အဆို ပါ minor နဲ့ System Update များကို internet မှ တိုက်ရိုက်
မြှင့်တင်နိုင်ပြီး မိမိရဲ့ ဖုန်းမှာ Update တွေရှိမရှိဆိုတာကို Settings > About device > Software update မှာ ကြည့်ရှူနိုင်ပါတယ်။
ထို့ အတူ ဖုန်းမှာ ပါဝင်လာတဲ့ Default Application တွေကို လည်း Update မြင့်ပေးသင့်ပါတယ်။

၂ ။ Home screen ကို ရှင်းလင်းအောင်ထားခြင်း

သင့်ရဲ့ စမတ်ဖုန်းကိုပေါ့ပါးစေဖို့ လှပတဲ့ Live Wallpaper တွေအသုံပြုမယ့် အစား ပိုမိုသင့်တော်ကောင်းမွန်တဲ့ Original Wallpaper တွေကို
အသုံးပြုသင့်ပါတယ်။ ထို့အပြင် Screen ပေါ်မှာ မိမိအတွက် အသုံးမလိုတဲ့ icon တွေနဲ့ widgets တွေထားဖြင်းမှရှောင်ရှားသင့်ပါတယ်။
ထိုသို့ပြုလုပ်ခြင်းဟာ ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်ပေးနိုင်ပြီး Performance ကိုလည်း ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။

၃ ။ အသုံးမလိုတဲ့ Application တွေကို Uninstall သို့မဟုတ် Disable ပြုလုပ်ပါ

တချို့သော App တွေဟာ မိမိအတွက် အသုံး မ၀င်သလို မိမိရဲ့စက်ကိုလဲ လေးလံစေပါတယ် ။ အဆို ပါ အချက်တွေကလည်း ဖုန်းရဲ့ စွမ်းဆောင်ရည်
ကိုကျဆင်းစေနိုင်ပါတယ်။ Uninstall သို့မဟုတ် Disable လုပ်ဖို့ Setting > App ကိုသွားပါ ပြီး ရင် All ဆိုတဲ့ Tab မှာမိမိအတွက် အသုံးမ၀င်သော
Application များကို Uninstall ပြုလုပ်ပေးပါ ထို့အပြင် မသုံးသော default app များကို Disable ပြုလုပ်ပေးပါ ။ ထို့နောက် Setting > App
ထဲမှ Running App ထဲတွင် မိမိကမသုံးပေမယ့် နောက်ကွယ်မှာ အလုပ်လုပ်နေသော App များကို ပိတ်ပေးပါ အဆိုပါ အချက်များကြောင့်လည်း
စမတ်ဖုန်းဟာ ပိုမိုလေးလံနိုင်ပါတယ်။

၎ ။ Animations အသုံးပြုမှူကို ပိတ်ထားပါ

သင်ရဲ့စမတ်ဖုန်းကို ပုံမှန်အတိုင်း အသုံးပြုနေရင်တော့ မသိသာပါဘူး တကယ်တမ်းလေ့လာမယ်ဆိုရင်တော့ Page လေးတွေရွေ့သွားတာက ရိုးရိုး
မဟုတ်ပါဘူး လှုပ်ရှားမှုတိုင်းမှာ Animation လေးတွေပါရှိပါတယ်။ အဆိုပါ Animation ကြောင့်လည်း ဖုန်းဟာ ပိုမို လေးလံတတ်ပါတယ်။
Animation တွေကို ပိတ်ချင်ရင်တော့ ဖုန်းမှာ Developer options ဖွင့်ထားမှရမှာပါ ။ Developer options ထဲမှာအောက်ဆုံးကိုသွားလိုက်ပါ
Window animation scale , Transition animation scale ,နဲ့ Animator duration scale တို့ကို အနည်းဆုံးဖြစ်တဲ့ 5x ပမာဏ သို့မဟုတ်
ပိတ်ထားပေးပါ ။ ဒီအချက်တွေဟာ လည်း ဖုန်းကိုလေးလံစေသော အချက်များထဲကတစ်ခု့ဖြစ်ပါတယ်။

၅ ။ Application တွေရဲ့ Data တွေပါတဲ့ cached တွေကိုရှင်းပေးပါ

ဖုန်းတွေမှာ တချို့ app တွေဟာ လိုအပ်တဲ့ data ဖိုင်တွေကို ဖုန်းရဲ့ Storage ထဲမှာ ထားရှိတတ်ပါတယ် ။ ဥပမာ Offline ဖတ်ရှုနိုင်တဲ့ သတင်း
ကဲ့သို့သော Application တွေဟာ လိုအပ်တဲ့ offline ဖတ်ရှုနိုင်တဲ့ Data တွေကို ဖုန်းထဲမှာထားတတ်ကြပါတယ်။ အဆိုပါ App တစ်ခုချင်းဆီမှာ
လည်း Data cached တွေကိုရှင်းနိုင်သလို Setting > Storage ထဲမှာ လည်း Cached ဖိုင်တွေကို ရှင်းလို့ရပါတယ်။

၆ ။ Wipe cache partition ပြုလုပ်ခြင်း

Wipe cache ဆိုတာဖုန်းထဲမှာ သိုလှောင်ထားတဲ့App တွေရဲ့ ယာယီ Data တွေကို ဖျက်ပစ်တာပါ ဒီလိုဖျက်ရာမှာ internal storage ထဲမှာ
ဝင်ရောက်ဖျက်နိုင်သလို မမြင်နိုင်တဲ့ ဖိုင်တွေကိုတော့ ဖုန်းရဲ့ Partition တစ်ခုဖြစ်တဲ့ Recovery မှ ၀င်ရောက်ဖျက်ပေးရမှာ့ဖြစ်ပါတယ်။
မိမိဖုန်းနဲ့သက်ဆိုင်တဲ့ Recovery သို့ဝင်ရောက် နည်းတွေကို Google မှာရှာဖွေနိုင်ပါတယ်။

၇ ။ အခြား ပေါ့ပါးစေမယ့် Third party Launcher ကို အသုံးပြုပေးပါ

စမတ်ဖုန်းတိုင်းမှာ Google မှထုတ်လုပ်တဲ့ Nexus Devices တွေကလွဲလို့ Android OS ပေါ်ကို အခြေခံထားတဲ့ Launcher တွေကို အသုံးပြုကြပါတယ်
အဆို ပါ Launcher တိုင်းဟာ ဖုန်းပေါ်မှာ အခြေပြု လုပ်ဆောင်နေတာဖြစ်လို့ CPU တွေစွမ်းအင်ကို အသုံးပြုလည်ပတ်နေတာဖြစ်ပါတယ်။
အခြား Developer တွေရေးသားထားတဲ့ Third party Launcher တွေဖြစ်တဲ့ Go launcher , Next Launcherတို့ကို
အသုံးပြုခြင်းဖြင့် CPU ရဲ့ စွမ်းဆောင်ရည်တွေကို လျော့ချနိုင်သလို ဖုန်းကိုလည်း ပိုမို သွက်လက်ကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

၈ ။ Factory Reset ချခြင်း

ဒီစကားကိုတော့ တော်တော်များများ ကြားဖူးမှာပါ မိမိရဲ့ ဖုန်း တော်တော်ကိုလေးလံလာပြီဆိုရင် လုပ်တတ်ကြပါတယ် ။
ထိုသို့ ပြုလုပ်ခြင်းဟာလည်း ဖုန်းကို စက်ရုံမှထုတ်သကဲ့ သို့ ပြုလုပ်ပေးတာဖြစ်တာကြောင့် ဖုန်းကိုပိုမို ပေါ့ပါးစေပါတယ်။ ဒါပေမယ့်
Factory reset ပြုလုပ်မယ်ဆိုရင်တော့ Data တွေကို back up ပြုလုပ်သင့်ပါတယ် ။ Factory reset ချချင်တယ်ဆိုရင်တော့
Setting > Backup & reset > Factory reset ဆိုသော ခလုတ်ကိုနှိပ်ပြီးပြုလုပ်ရမှာပါ။

၉ ။ ဖုန်းကို Over Clock ပြုလုပ်ခြင်း

Over Clock ပြုလုပ်ခြင်းဟာလည်း ဖုန်းရဲ့ စွမ်းဆောင်ရည်ကိုမြင့်တင်တာဖြစ်ပြီး Processor တွေကို အမြန်နှုန်းမြှင့်လိုက်ခြင်းဖြစ်ပါတယ်
ထိုသို့ ပြုလုပ်ခြင်းဖြင့် ဖုန်းဟာ ပိုမို မြန်ဆန်လာမှာဖြစ်ပါတယ် ။ ဒါပေမယ့် Over Clock ပြုလုပ် ခြင်းဟာ System ပိုင်းဆိုင်ရာကိုပြုပြင်
တာဖြစ်တာကြောင့် Root Access လိုအပ်မှာဖြစ်သလို အခန့်မသင့်ရင် ဖုန်းကိုပျက်ဆီးစေနိုင်တာကြောင့် သတိထားပြီးပြုလုပ်စေချင်ပါတယ်။

၁၀ ။ Auto – Sync ကို ပိတ်ထားခြင်း

Android Device အသုံးပြုသူများဟာ ဖုန်း နဲ့ Cloud Service တွေကို ချိတ်ဆက်အသုံးပြုကြတာကြောင့် Data တွေကို ဖလှယ်တဲ့ စနစ်ဖြစ်တဲ့
sync ကို အသုံးပြုကြပါတယ် ဒါပေမယ့် အဆိုပါ အလိုအလျောက် ဖလှယ်တဲ့ စနစ့်ဖြစ်တဲ့ Auto – sync ဟာ နောက်မှာ Run နေတတ်ပါတယ်။
ဒီစနစ်ဟာ စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ Battery ကို အသုံးပြုမှု များတာကြောင့် အားကုန်ခြင်း စက်လေးခြင်းတွေဖြစ်တတ်ပါတယ်။
ဒါကြောင့် မိမိအသုံးပြုလိုသော Data ကို Sync ပြုလုပ်ပြီးလျှင် Auto – sync စနစ်ကိုပိတ်ပေးသင့်ပါတယ်။

၁၁ ။ Custom Rom တင်ခြင်း

ဖုန်းတွေမှာ original ပါဝင်လာတဲ့ Feature တွေဟာနည်းပါးပါတယ် ဥပမာ – Huawei လို ဖုန်းတွေမှာ ဖုန်းရဲ့ လုပ်ဆောင်နိုင်စွမ်းတွေဟာ
နည်းပါးလှပါတယ် ။ ဒါ့ကြောင့် Developer တွေဟာ ဖုန်းတွေနဲ့ ကိုက်မယ့် Rom အမျိုးအစားတွေကို ပြုလုပ် ဖန်တီးကြပါတယ်။
အသစ်ပြုလုပ်ဖန်တီးထားတဲ့ Rom တွေကိုတော့ Custom Roms ဟုခေါ်ပြီးတော့ အဆိုပါ Roms တွေမှာ သာမန် stock rom တွေမှာ မပါရှိတဲ့
Feature တွေ Tweak တွေကိုထည့်သွင်းပေးရုံသာမက ဖုန်းရဲ့ စွမ်းဆောင်ရည်ကိုပိုမို မြင့်တင်ပေးနိုင်ပါတယ်။ ဒါပေမယ့် Error နည်းတဲ့
Roms ကိုရွေးချယ်တင်မှသာ အဆင်ပြေနိုင်မြှာ့ဖစ်ပါတယ်

refer : http://www.androidauthority.com/11-tricks-make-android-run-faster-414542/

 ပေါ့ပါးသောဖုန်းကိုပိုင်ဆိုင်နိုင်ကြပါစေ
myanmarmobileapp

Tuesday, August 05, 2014

လှည်းကူးမြို့နယ် ရေကြီးမှု နှစ်ပတ်ကြာသည်အထိ လူမှုရေးအဖွဲ့များ၏ ထောက်ပံ့မှုကိုသာ မှီခိုနေရဆဲ

Posted by drmyochit Tuesday, August 05, 2014, under | No comments

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ငွေနံ့သာစံပြကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးပြီး ရေဘေးဒုက္ခခံနေရသူများကို အလှူရှင်များက ဆန်များကူညီထောက်ပံ့နေသည်ကို ဩဂုတ်လ ၄ ရက်က တွေရစဉ်။ ဒေသခံများ ရေကြီးဒဏ်ခံနေရသည်မှာ နှစ်ပတ်ခန့် ကြာမြင့်ပြီဖြစ်သော်လည်း အစိုးရက အကူအညီမပေးသေးဘဲ အလှူရှင်များထံမှ အကူအညီများကိုသာ ငံ့လင့်နေရသည် ရေဘေးဒုက္ခသည်တို့က ဆိုသည်။ ဓာတ်ပုံ-ဘိုဘို
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ငွေနံ့သာစံပြကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးပြီး ရေဘေးဒုက္ခခံနေရသူများကို အလှူရှင်များက ဆန်များကူညီထောက်ပံ့နေသည်ကို ဩဂုတ်လ ၄ ရက်က တွေရစဉ်။ ဒေသခံများ ရေကြီးဒဏ်ခံနေရသည်မှာ နှစ်ပတ်ခန့် ကြာမြင့်ပြီဖြစ်သော်လည်း အစိုးရက အကူအညီမပေးသေးဘဲ အလှူရှင်များထံမှ အကူအညီများကိုသာ ငံ့လင့်နေရသည် ရေဘေးဒုက္ခသည်တို့က ဆိုသည်။ ဓာတ်ပုံ-ဘိုဘို


ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်းရှိ ဘာလားကျေးရွာနှင့်ငွေနံ့သာစံပြကျေးရွာတို့တွင် မိုးသည်းထန်စွာ ရွာသွန်း မှုများဖြစ်ပွားခဲ့ပြီးနောက် နှစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်သော်လည်း လူမှုကူညီရေးအသင်းများ၏ အထောက်အ ပံ့ကိုသာ မှီခိုနေရဆဲဖြစ်ကြောင်း အဆိုပါကျေးရွာများမှ ရေဘေးဒုက္ခသည်များက ပြောသည်။

“အာဇာနည်နေ့ ကတည်းက မိုးတွေရွာတယ်။ အဲဒီနောက်ကတည်းက ရေတွေကြီးပြီး ပြန်မကျဘူး။ စားရေးသောက်ရေး အခက်အခဲဖြစ်နေကြလို့ ထောက်ကြံ့က လူမှုကူညီရေးအသင်းတွေ၊ ပရဟိတ ဘုန်းတော်ကြီးကျောင်းတွေ၊ စေတနာရှင်တွေ စုပြီး ထမင်းထုတ်တွေ ဝေတယ်။ အစိုးရပိုင်းက ဘာမှ လာလုပ်ပေး တာ မရှိသေးဘူး။ စာသင်ကျောင်းတွေထဲလည်း ရေ၀င်တဲ့အတွက် ကျောင်းတွေ ပိတ်ထား ရတယ်”ဟု ငွေနံ့သာကျေးရွာမှ ဦးဝင်းနိုင်က ဆိုသည်။

လက်ရှိတွင် ငွေနံ့သာကျေးရွာမှ အိမ်ခြေများထဲမှ ၂၀၀ ကျော်နှင့် လူဦးရေ ၁,၅၀၀ ကျော်တို့မှာ ရေကြီးမှု ဒဏ်ကို ခံစားနေရကြောင်း ငွေနံ့သာကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်ညွန့်က ပြောသည်။

“အကူအညီက ဒီအချိန်အထိတော့ အလှူရှင်တွေ လာဝေတာနဲ့ လောက်ပါတယ်။ ရေကျသွားတဲ့အချိန်တော့ သောက်ရေပြဿနာ၊  ကျန်းမာရေး ပြဿနာတွေနဲ့ ကြုံရနိုင်တယ်”ဟု ၎င်းက ဆက်ပြောသည်။

ထို့ပြင် ဘားလားကျေးရွာမှ အိမ်ခြေ ၃၀ ကျော်နှင့် လူဦးရေ ၃၀၀ ကျော်အပါအ၀င် ဘားလားကျေးရွာသို့ သွား သည့် အမှတ်(၇)လမ်းမကြီးဘေးတစ်လျှောက်တွင် နေထိုင်သော နေအိမ်ပေါင်း ၃၀၀ ကျော်မှာလည်း ရေနစ်မြှုပ်မှုအခက်အခဲနှင့် ရင်ဆိုင်နေရသည်။ အဆိုပါကျေးရွာနှစ်ရွာတွင် လယ်ဧကပေါင်း ၅,၃၀၀ကျော် ရှိရာ ၎င်းတို့အနက်မှ ၁၀၀၀ ခန့်မှာ ရေနစ်မြုပ်လျက်ရှိသည်။

“ရေနက်ကွင်းဆိုတော့ မနှစ်ကလည်း ရေမြုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီနှစ်က ပိုဆိုးတယ်။ မိုးကလည်း မရပ်မနား ရွာတယ်။ဆက်သွယ်ရေးလမ်းတွေပေါ်လည်း ရေတွေ ကျော်တယ်။ အစားအသောက် အတွက်တော့ လူမှု ကူညီရေး အသင်းတွေက ထမင်းထုပ်တွေ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လာပို့ပေးကြလို့ အဆင်ပြေပါ တယ်။ ထောက်ကြံ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တစ်အိမ်ကို ဆန်နို့ဆီဘူးလေးလုံးကနေ တစ်ပြည် အထိလာဝေပါတယ်”ဟု ဘားလားကျေးရွာမှ ဦးမောင်တိုးက ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ထောက်ကြံ့မြို့နယ်နှင့် လှည်းကူးမြို့နယ်အကြားရှိ အဝေးပြေး လမ်းမကြီးပေါ်တွင် ရေလျှံမှုများဖြစ် ပေါ်လျက်ရှိသည်မှာ ခုနစ်ရက်ခန့်ရှိနေပြီဖြစ်ပြီး အဝေးပြေးကားများ၊ ကုန်တင် ကားများ သွားလာရေး ခက်ခဲလျက်ရှိသည်။

“ဒီနေရာမှာ ရေလျှံတာက တော်တော်ဆိုးတယ်။ ပြီးခဲ့တဲ့ရက်က ကိုယ်ပိုင်ကားသမားတွေဆိုရင် ကားဝမ်းထဲ ကိုတောင် ရေတွေ ၀င်တယ်။ ရေလျှံတဲ့နေရာက တစ်မိုင်လောက်တော့ရှိတယ်။ ကားတွေ ခရီးကြန့်ကြာမှု ဖြစ်တာပေါ့” ဟု လှည်းကူးမြို့မှ ဦးသောင်းတင်က ဆိုသည်။

ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိသော တိုင်းဒေသကြီးအလိုက်တွင် သက်ဆိုင်ရာမြို့နယ်အလိုက် ကယ်ဆယ် ရေး လုပ်ငန်းများကို လုပ်ကိုင်ရန် စာရင်းကောက်ယူမှုများ ပြုလုပ်လျက်ရှိပြီး လက်ရှိအခြေအနေများသည် တိုင်းဒေသ ကြီးအဆင့်ဖြင့် ပြေလည်မှုရရှိနေကြောင်း၊ အောက်ခြေအဆင့် မည်သည့် အကူအ ညီတောင်း ခံမှု မှ မရှိသေးကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ထွေးကြည်က ပြောသည်။

Mizzima

ကတုံးမနှင့် အပေါင်းပါများ တတိယအကြိမ် ရုံးထုတ်

Posted by drmyochit Tuesday, August 05, 2014, under | No comments

ကတုံးမကို သြဂုတ် ၄ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ - နန်းအောင်)

မန္တလေးပဋိပက္ခ ကြောင့် ၁၉၅၀ပြည့်နှစ်အရေးပေါ် စီမံမှုအက်ဥပဒေဖြင့်တရားစွဲဆိုခံ ထားရသော မဖြူဖြူမင်း(ခ)ကတုံး မ၊ နုနုမြတ်၊ ရဲထွဋ်နှင့် ဟာဂျီထွန်း ထွန်းတို့အား သြဂုတ် ၄ရက်တွင် တတိယအကြိမ်ရုံးထုတ်ပြီး ပထမ ဆုံးအကြိမ်တရားလိုပြသက်သေ နှစ်ဦးအား စတင်စစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။

‘‘မနက်ဖြန်ထပ်ရုံးချိန်းထား တယ်။ ပြီးရင် ဆက်စစ်မယ်။ ဒီ နေ့ကတော့ တရားလိုပြသက်သေ ပဲစစ်ရသေးတယ်။ မနက်ဖြန် တော့ ကျန်တဲ့သက်သေတွေဆက် စစ်မယ်’’ဟု ဟာဂျီထွန်းထွန်းအမှု အားလိုက်လံဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦး အောင်သူရှိန်ထွန်းကပြောသည်။
ပျဉ်းမနားမြို့နယ်တရားရုံး၌ ပထမအကြိမ်စတင်စစ်ဆေးရာ၌ ၁၁နာရီမှ ၁၂နာရီ ၄၅မိနစ်အထိ စစ်ဆေးခဲ့ပြီး တရားရုံးခြံတံခါး ပိတ်၍ လုံခြုံရေးတင်းကျပ်စွာဖြင့်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လာရောက်သတင်းယူသော သတင်းထောက်များက တရားစီရင်ရေးကို ၀င်ရောက်နားထောင်ရန်ခွင့်ပြုချက် တောင်းခံခဲ့သော်လည်းဝင်ခွင့်မပြုခဲ့ပေ။

စစ်ဆေးပြီးစီးချိန် အချုပ် ကားပေါ်သို့တင်ရန် ခေါ်ဆောင် လာစဉ် ရဲထွဋ်က‘‘နိုင်ငံသားတစ် ယောက်ဖြစ်ပါရက်နဲ့ နိုင်ငံသားအ ခွင့်အရေးအပြည့်အ၀မရဘူး။ဖွဲ့ စည်းပုံအခြေခံဥပဒေမှာပါတဲ့ပုဒ် မ ၃၅၄အရလည်းအခွင့်အရေးမရ ဘူး’’ဟုအော်ပြောသွားခဲ့သည်။ ယင်းပြောဆိုမှုအပေါ် အနီးတွင် စောင့်ကြပ်သူရဲအရာရှိက ‘‘မင်းလုပ်လို့မင်းခံရတာ၊ အခုမှ ဘာမှအော်မနေနဲ့၊ ကားပေါ်တက်’’ ဟုပြောသည်။
၁၉၅၀ပြည့်အရေးပေါ်စီမံမှု အက်ဥပဒေ၅(ဃ)၊ (င)၊(ည)တို့ ဖြင့် ၎င်းတို့လေးဦးအား ဒုတိယအ ကြိမ်ရုံးထုတ်ချိန်တွင် တရားစွဲဆို ခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၅ရက် တွင် ထပ်မံစစ်ဆေးရန်ချိန်းဆို လိုက်ကြောင်း ဦးအောင်သူရှိန် ထွန်းကပြောသည်။

တရားခွင်တွင် စစ်ဆေး သောအကြောင်းအရာအချက်အ လက်များကို ဥပဒေကြောင်းအရ ထုတ်ဖော်ပြေဆိုခွင့်မရှိကြောင်း၊ ယင်းအမှုစစ်ဆေးရာတွင် ပွင့် လင်းမြင်သာမှုရှိ၊ မရှိ၊ သတင်း ထောက်များက မေးမြန်းရာတွင် ယခုအချိန်တွင် မည့်သည်သုံးသပ် ချက်မှ မပေးလိုကြောင်းဦးအောင် သူရှိန်ထွန်းက ငြင်းဆိုသွားခဲ့သည်။

စွဲဆိုထားသော ပုဒ်မများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေနိုင်သောလှုံ့ဆော်မှုများကို ပြုလုပ်သူများအားစွဲသည့်ပုဒ်မဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်ကပြောသည်။ထို့အပြင် ပြစ်မှုထင်ရှားပါကထောင်ဒဏ်ခုနစ်နှစ်ကျခံနိုင်ပြီး အာမခံမရရှိနိုင်သော်လည်း ရှေ့နေငှားရမ်းခွင့်ရှိကြောင်းသိရသည်။

အဆိုပါတတိယရုံးချိန်းသို့ မန္တလေးမှ မိသားစုဝင်တချို့လာ ရောက်တွေ့ဆုံခဲ့ကြသော်လည်း တွေ့ဆုံခွင့်မရရှိခဲ့ပေ။ ယင်းအမှု ကို စီအိုင်ဒီက တာဝန်ယူစစ်ဆေး နေခြင်းဖြစ်သည်။
ဇူလိုင် ၁ရက်က ဖြူဖြူမင်း အား ဘာသာခြားအမျိုးသားနှစ်ဦး က အဓမ္မပြုကျင့်ခဲ့သည်ဟု သ တင်းများထွက်ပေါ်လာသော ကြောင့်မန္တလေးမြို့တွင် ပဋိပက္ခ များဖြစ်ပွားရာမှ လူနှစ်ဦးသေဆုံး ပြီးရှစ်ဦးဒဏ်ရာရခဲ့သည်။ ထိုပဋိပက္ခနှင့်ဆက်စပ်သူ ၄၉ဦး ကို ဖမ်းဆီးအရေးယူထားသည်။

7Day Daily

လူမှုကူညီရေးအတွက် ၇နာရီကြာ အပစ်ရပ်ပြီးရင် စစ်ဆင်ရေး ပြန်လုပ်မယ်လို့ဆို

Posted by drmyochit Tuesday, August 05, 2014, under | No comments


ဂါဇာဒေသမှာတော့ ​လူမှု အကူ အညီ ပေးရေး ​အတွက် ​၇ ​နာရီကြာ ​အပစ်ရပ်ပြီးတဲ့ နောက်မှတော့ ​စစ်ဆင်ရေးတွေကို ​ဆက်လက် လုပ်ဆောင် သွားမယ်လို့ ​အစ္စရေး ​စစ်တပ်က ​ဆိုပါတယ်။

ရေရှည်လုံခြုံရေး ​ရရှိတဲ့ အထိ ​စစ်ဆင်ရေးတွေ ​ဆက်လုပ်သွား ​မယ်လို့ ​အစ္စရေး ၀န်ကြီးချုပ် ​ဘင်ဂျာမင် ​နာတန်ရာဟု ​က ​ပြောဆို ​လိုက်ပါတယ်။

အပစ်ရပ်တဲ့ ​အချိန်အတွင်း ​သွေးထွက် ​သံယိုမှုတွေ ​လျော့ကျ ​သွားပေမယ့် ​ဂါဇာမြောက်ပိုင်းက ​ဒုက္ခသည် ​စခန်းကို ​ဗုံးကျဲတိုက်ခိုက်ပြီး ​အပစ်ရပ်ရေးကို ​အစ္စရေးတွေ ​ဘက်က ​ချိုးဖောက်ခဲ့ ​တယ်လို့ ​ပါလစ္စတိုင်း ​ဘက်က ​ပြောပါတယ်။

စစ်သွေးကြွတွေရဲ့ ​ဒုံးကျည် ​သုံးပုံ ​တစ်ပုံကို ​အစ္စရေးတွေ ​ဘက်က ​ဖျက်ဆီး ​လိုက်နိုင်ကြောင်း၊ ​ကျန် ​သုံးပုံ ​တစ်ပုံ ​လောက်ကို ​အစ္စရေး ​နိုင်ငံဘက်ကို ​ဟားမတ်စ်တွေက ​ပစ်လွှတ်ခဲ့ပြီး ​ဒုံးကျည် ​ထောင်ဂဏန်း ​လောက် ​လက်ကျန် ​ရှိနေသေးတဲ့ ​အတွက် ​ရန်မူဖို့ ​အားခဲနေ ​သေးတာ ​ဖြစ်ပြီး ​ဟားမစ်တွေ ​အနေနဲ့ ​ဂါဇာကနေ ​ဒုံးကျည်တွေနဲ့ ​ပစ်ခတ်မှုကို ​ရပ်တန့် ​ရမယ်လို့ ​အစ္စရေး ​စစ်ရေးဆိုင်ရာ ​ပြောခွင့်ရသူ ​ဒုဗိုလ်မှူးကြီး ​ပီတာလာနာ ​က ​ပြောပါတယ်။

တချိန် ​တည်းမှာပဲ ​အစ္စရေးဟာ ​ဂါဇာမှာရှိတဲ့ ​ပါလစ္စတိုင်း ​အပြစ်မဲ့ ​ပြည်သူတွေ ​အပေါ် ​လူသတ်ပွဲ ​ဆင်နွှဲနေ ​တယ်လို့ ​ပြင်သစ်သမ္မတ ​ဖရန်ဆွာအောလွန်းက ​အစ္စရေးရဲ့ ​လုပ်ရပ်ကို ​ပြစ်တင် ​ဝေဖန်လိုက်ပါတယ်။

ဂါဇာတိုက်ပွဲနဲ့ ​ပတ်သက်ပြီး ​အရင်တုန်းက ​အစ္စရေးကို ​ထောက်ခံတဲ့ ​ပြင်သစ်နိုင်ငံဟာ ​အခုတော့ ​လေသံပြောင်းလာတာ ​ဖြစ်ပါတယ်။

ဂါဇာတိုက်ပွဲကြောင့် ​လူပေါင်းဘယ်လောက်လောက်ရဲ့ ​အသက်ကို ​စတေးရမှာလဲဆိုပြီး ​ပြင်သစ်ဝန်ကြီးချုပ် ​လောရန့်ဖာဘိရပ်စ် ​ရဲ့ ​ထုတ်ပြန်ချက်ထဲမှာ ​မေးခွန်းထုတ်ထားပါတယ်။

ဥရောပအနေနဲ့ ​ငြိမ်းချမ်းရေးအတွက် ​အသားပေးလုပ်ဆောင်ရမှာ ​ဖြစ်တယ်လို့ ​ဘယ်လ်ဂျီယံမှာ ​ပြုလုပ်ခဲ့တဲ့ ​ပထမ ​ကမ္ဘာ့စစ် ​နှစ် ​၁၀၀ ​ပြည့်အခမ်းအနားမှာ ​ပြင်သစ်သမ္မတက ​ပြောဆိုလိုက်သလို ​အစီအစဉ်အပြီး ​သတင်းထောက်ကို ​ပြောကြားရာမှာတော့ ​အပြစ်မဲ့တဲ့ ​ပြည်သူတွေကို ​သတ်ဖြတ်နေတာဟာ ​အစုလိုက်အပြုံလိုက် ​သတ်ဖြတ်မှု ​ဖြစ်တယ်လို့ ​အစ္စရေး ​စစ်ဆင်ရေးနဲ့ ​ပတ်သက်ပြီး ​ပြင်သစ်သမ္မတက ​ဝေဖန်လိုက်ပါတယ်။

ABC Radio Australia

ချစ်သူကို မတော်တဆဓားဖြင့် ထိုးသတ်မိခဲ့ပြီးမှ ဇာပနအခမ်းအနားတွင် ပြန်လည်လက်ထပ်ခွင့်တောင်းခဲ့

Posted by drmyochit Tuesday, August 05, 2014, under | No comments


တဒင်္ဂအတွင်းမှာဖြစ်ပေါ်လာတဲ့ ပြင်းပြင်းထန်ထန်စိတ်ခံစားမှု ဒေါသအိုးကြောင့်နောက် ဆက်တွဲ အကျိုးရ လာဒ်က ပတ်ဝန်းကျင်လှုမှုဘ၀တွေမှာ ဘယ်လိုမှအစားထိုး လို့ မရနိုင်တဲ့ပျက်စီးဆုံးရှုံးမှုတွေပါပဲ။

ကျွန်တော်တို့ သာမန်လူတွေမှာတော့ နေစဉ် နဲ့အမျှစိတ်ရှုပ်ထွေးမှုတွေ၊ လှုမှုဆက်ဆံရေးလုပ်ငန်းတွေမှာ အဆင် မပြေတဲ့ အခါမျိုး တွေဖြစ်လာလေ့ရှိတတ်ကြပါတယ်။ အဆိုးဆုံးဖြစ်ကတော့ ဒေါသကို မထိန်း လိုက်နိုင် ခဲ့လို့ မတော်တဆဖြစ်သွားခဲ့တဲ့အရာတွေပါပဲ။

တောင်အာဖရိက သမီးရည်းစားတို့နှစ်ဦးတစ်ဦးနဲ့ တစ်ဦးစိတ်အခန့်မသင့် စကားများ ကြရာမှ ကောင်လေးဖြစ်တဲ့ ကွာဇူလူနက်တယ်လ်က ကောင်မလေး လောင်းဝေးလ် နဲ့ ကောင်မလေးမိ ခင်ဖြစ်သူ တို့ကို ဓားဖြင့်အချက်ပေါင်းများစွာထိုးခဲ့ရာမှ ချစ်သူကောင်မလေးက နေရာမှာပင်သေဆုံးသွားခဲ့ပါတယ်။

ယင်းနောက် ဇာပနအခမ်းအနားမှာ သူရဲ့ချစ်သူကောင်မလေးနဲ့ ပြန်လည်လက်ထက် ခွင့်တောင်းခံခဲ့ကာ သူရဲ့စိတ်ဒေါပြင်းထန်ပေါက်ကွဲမှုကြောင့် ဒီလိုဖြစ်သွားခဲ့ပေမဲ့လည်း သူ့ကောင်မလေးကိုတော့ တကယ်မြတ်မြတ်နိုးနိုးနဲ့ချစ်ခဲ့တာဖြစ်တဲ့ အတွက်လက် ထပ်လိုကြောင်းဆိုပြီး သူ့ရဲ့ပြစ်မှုကိုဝန်ခံခဲ့ပါတယ်။

ချစ်သူကောင်မလေးရဲ့ ဇာပနအခမ်းအနားမှာ ကွာဇူလူက သူရဲ့ကောင်မလေးအုတ်ဂူ ရှေ့မှာ သူ့ရဲ့ဒေါသ လက်လွတ်ဖြစ်မှုကြောင့် ဘယ်လိုမှ အစားထိုးလို့မရနိုင်တဲ့ဆုံးရှုံး မှုကြီးကြောင့် ငိုယိုတောင်းပန်နေကာ လက်ထပ်ခွင့် လည်းတောင်းနေပါတယ်။ သူ့ရဲ့ အပြစ်တွေကို ပြန်လည်ပေးဆပ်ဖို့တောင် အခွင့်အရေးမ ရှိတော့ပါဘူး။ ကိုယ်ချစ်တဲ့ သူကို ကိုယ့်လက် နဲ့ပဲ အသက်ဆုံးရှုံးသွားအောင် လုပ်လိုက်တဲ့တာက တခြားပြစ် မှုတွေ ထက်တောင် ကြေကွဲဖွယ်ကောင်းပါတယ်။

သူတို့သမီးရည်းစားသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုကိုတောင် ဖြတ်ကျော်ခဲ့ပြီးဖြစ်ပါတယ်။
မြို့တော် အီဗ်ကူဗူကီနီရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်အရ ကောင်မလေး ဇာပနအခမ်းအနား မှာ မင်္ဂလာဆောင် သည်ဖြစ်စေ၊ မဆောင်သည်ဖြစ်စေ ညှာတာသောအားဖြင့် ကွာဇူလူ ကို စောင့်ကြည့်ထား မှာဖြစ်ပြီးတော့ ဇာပနပြီးမှသာ သူ့ကို တရားဥပဒေအရ ဖမ်းဆီး အပြစ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

credit: phothutaw

နယူးရောက်ဆေးရုံမှာ လူနာတဦး Ebola ရောဂါပိုး ရှိ မရှိ စစ်ဆေး

Posted by drmyochit Tuesday, August 05, 2014, under | No comments

 အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရဖွယ် လက္ခဏာရှိနေသူ လူနာတစ်ဦး ဆေးကုသမှုခံနေတဲ့ နယူးယောက်မြို့က Mount Sinai ဆေးရုံ။

အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရဖွယ် လက္ခဏာရှိနေသူ လူနာတစ်ဦး ဆေးကုသမှုခံနေတဲ့ နယူးယောက် မြို့က Mount Sinai ဆေးရုံ

အီဘိုလာ ဗိုင်းရပ်ကူးစက်ခံရဖွယ် လက္ခဏာမျိုး လူနာတစ်ဦးကိုအမေရိကန်ပြည်ထောင်စု နယူးယောက် ဆေးရုံမှာ စမ်းသပ်တွေ့နေရပါတယ်။ အဲဒီလူနာဟာ အဖျားပြင်းပြီး အစာအိမ်လမ်းကြောင်းဆိုင်ရာပြဿနာနဲ့ Mount Sinai ဆေးရုံကို တနင်္လာနေ့အစောပိုင်းက ရောက်ရှိလာပြီး သူ့ကို အခု သီးခြားခွဲထုတ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သူဟာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ အာဖရိကတိုက်အနောက်ခြမ်းဒေသကို မကြာခင်က ခရီးသွား ခဲ့ သူဖြစ်ပါတယ်။ အာဖရိကတိုက်အနောက်ခြမ်း အီဘိုလာဗိုင်းရပ်စ် ပြန့်ပွားကူးစက်မှုကြောင့် သေဆုံးရတဲ့ အရေအ  တွက်ဟာ အခုဆိုရင် ၉၀၀ နီးပါး ရှိသွားပါပြီ။ Guinea ၊ Liberia နဲ့ Sierra Leone တို့မှာ အီဘိုလာ ဗိုင်းရပ်စ်ကြောင့် နောက်ထပ်သေဆုံးမှုတွေ ရှိခဲ့တာကြောင့်ပါ။

သေဆုံးသူ အရေအတွက် ၉၀၀ နီးပါး ဖြစ်သွားပြီဆိုတာကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တနင်္လာနေ့က အတည်ပြု ထုတ်ပြန်ပေးခဲ့တာပါ။ ဇူလိုင် ၂၅ ရက်နေ့က နိုင်ဂျီရီးယားနိုင်ငံ Lagos မှာတော့ အီဘိုလာရောဂါ ပိုးတွေ့တဲ့ ပထမဆုံးလူနာကို ကုသပေးခဲ့သူ ဆရာဝန်ဟာ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် နိုင်ဂျီးရီး ယားမှာ ဒုတိယမြောက် အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူအဖြစ် အာဏာပိုင်တွေက အတည်ပြု ထုတ်ပြန်ခဲ့ ပါတယ်။

အာဖရိကတိုက်အနောက်ခြမ်းတလွှားမှာ အီဘိုလာရောဂါပိုး ကူးစက်ခံရသူအရေအတွက်ဟာ အခုဆိုရင် ၁,၆၀၃ ဦးရှိသွားပြီး သေဆုံးသူဟာ ၈၈၇ ဦး ရှိသွားပြီလို့ WHO က ကြေညာခဲ့ပါတယ်။ Liberia နိုင်ငံမှာ အီဘိုလာပိုးကူးစက်ခံရသူ ရောဂါသည်တွေကို ကုသပေးရင်း အီဘိုလာပိုးကူးစက်ခံခဲ့ရတဲ့ အမေရိကန် ဆရာဝန် တဦးကတော့ အခြေအနေသက်သာလာပြီလို့ သိရပါတယ်။ သူ့ကို အမေရိကန်ပြည်ထောင်စု Atalanta မြို့ က Emory တက္ကသိုလ် ဆေးရုံကို ခေါ်ယူကုသပေးနေတာဖြစ်ပါတယ်။

Dr.Kent Brantly ကို Liberia နိုင်ငံက မထွက်ခင်မှာ စမ်းသပ်ဆေးတမျိုး ထိုးပေးခဲ့တယ်လို့ သူအလုပ် လုပ် တဲ့ ခရစ်ယာန်စေတနာဝန်ထမ်းအဖွဲ့က ပြောပါတယ်။ ဒါ့အပြင် သူကုသပေးခဲ့လို့ အီဘိုလာဗိုင်းရပ်စ် ပိုး ကနေ အသက်ရှင်ကျန်ရစ်သူ ၁၄ နှစ်အရွယ် ကလေးငယ်ဆီကလည်း သွေးကို သူ့ဆီသွင်းပေး ထားတယ်လို့ ဆိုပါတယ်။ အီဘိုလာပိုးကူးစက်ခံရသူ နောက်တဦးဖြစ်တဲ့ အမေရိကန်သာသနာပြုပုဂ္ဂိုလ် Nancy Writebol ကိုတော့ အခု အင်္ဂါနေ့ အမေရိကန်ကို ပြန်ခေါ်လာဖို့ ရှိနေပါတယ်။ သူ့ကိုလည်း အဲဒီ Emory တက္ကသိုလ်ဆေးရုံမှာ ကုသပေးဖို့ ရှိနေတာပါ။

ဗွီအိုအေ (မြန်မာဌာန)

၇၂ နာရီ အပစ်ရပ်ဖို့ အစ္စရေးနဲ့ Hamas သဘောတူ

Posted by drmyochit Tuesday, August 05, 2014, under | No comments

အစ္စရေးဘက်က ပစ်ခတ်တဲ့ ဗုံးထိမှန်ပျက်စီးသွားတဲ့ အဆောက်အဦးတခု (သြဂုတ် ၃၊ ၂၀၁၄)
အစ္စရေးဘက်က ပစ်ခတ်တဲ့ ဗုံးထိမှန်ပျက်စီးသွားတဲ့ အဆောက်အဦးတခု (သြဂုတ် ၃၊ ၂၀၁၄)

ဂါဇာဒေသမှာ အခု အင်္ဂါနေ့ အစောပိုင်းကစပြီး အစ္စရေးနဲ့ ဟားမတ်အကြား ၇၂ နှစ်ကြာ အပစ်အခတ်ရပ်စဲ ထားဖို့ နှစ်ဖက် သဘောတူညီလိုက်ကြပါတယ်။ စစ်ဒဏ်ခံနေရတဲ့ ဂါဇာဒေသမှာ တည်မြဲတဲ့ အပစ်အခတ် ရပ်စဲရေးဖြစ်ဖို့ဆိုပြီး အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အီဂျစ်နှိုင်းရေးမှူးတွေ ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးနေပြီးနောက် တနင်္လာနေ့နှောင်းပိုင်းမှာ အခုလို အပစ်ရပ်ကြေညာချက်ထွက်လာတာပါ။

ရေရှည်အပစ်ရပ်ရေး သဘောတူညီချက်ရဖို့ ကိုင်ရိုမှာလုပ်တဲ့ သုံးရက်ကြာဆွေးနွေးပွဲကို အစ္စရေး ကိုယ်စား လှယ်တွေလည်း သွားရောက်ခဲ့ကြတယ်လို့ အစ္စရေးအကြီးတန်း တာဝန်ရှိသူတဦးက ပြောခဲ့ပါတယ်။

အစ္စရေးနိုင်ငံထဲအထိ ထိုးဖောက်ဝင်ရောက်ဖို့ လက်နက်တွေ သိုလှောင်ဖို့သုံးတဲ့ ဟားမတ်စ်တို့ရဲ့ မြေအောက်ဥမင်တွေကို အစ္စရေစစ်တပ်က ဖျက်ဆီးနေရာမှာ နောက်ဆုံး အပြီးသတ် အခြေအ နေရောက်တော့မယ်ဆိုပြီး အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က တနင်္လာနေ့ အစောပိုင်းက ကြေညာပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း အစ္စရေးရဲ့ အခု ၂၈ ရက်ကြာ ဂါဇာစစ်ပွဲဟာ အစ္စရေးပြည် သူတွေအ တွက် ရေရှည် လုံခြုံဘေးကင်းမှုရတဲ့ အခြေအနေရောက်မှသာ ရပ်နားမယ်လို့ အစ္စရေး ၀န်ကြီးချုပ်က ပြောခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

လှိုင်သာယာ လက်ဖက်ရည်ဆိုင်တွင်း လူသတ်မှု စီစီတီဗီဖိုင် ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေ

Posted by drmyochit Tuesday, August 05, 2014, under , | No comments


လှိုင်သာယာမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အ မျိုးသားတစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သည့် စီစီတီဗီမှတ်တမ်းဖိုင် ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ် ဖွဲ့က ထိုသို့ အင်တာနက်ပေါ်မ တင်ကြရန်သတိပေးထားသည်။

အဆိုပါ စီစီတီဗီရုပ်သံဖိုင် သည် ဖေ့စ်ဘွတ်ခ်တွင်ပျံ့နှံ့နေရာ လူအများကြည့်ရန် မသင့်လျော်သောကြောင့် တားမြစ်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ Yangon Police ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားသည်။

‘‘ကြည့်ရှုသူပြည်သူများအ နေဖြင့် စိတ်ထိခိုက်ခြင်း၊ စိတ်အ နှောင့်အယှက်ဖြစ်ခြင်းများ ဖြစ်ပေါ်နိုင်သည့်အပြင် မလိုလားအပ် သောပြဿနာများဖြစ်ပွားလာနိုင် ပြီးတစ်ဦးတစ်ယောက်၏ လုံခြုံ ရေးကို ထိခိုက်နိုင်ဖွယ်ရှိသဖြင့် အလားတူဗီဒီယိုဖိုင်များ နောင် တွင် ဖော်ပြခြင်းမပြုပါရန်မေတ္တာ ရပ်ခံအပ်ပါသည်’’ ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတိ ပေးသည်။

သို့သော် မှုခင်းနှင့်ဆက်နွှယ် နေသည့်အဆိုပါ စီစီတီဗီဖိုင်မည် ကဲ့သို့ ထွက်ပေါ်လာသည်ကိုမူမ သိရှိရပေ။
လှိုင်သာယာမြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ ဗိုလ်အောင် ကျော်လမ်းဘေးရှိ လက်ဖက်ရည် ဆိုင်တစ်ဆိုင်၌ ဇွန် ၉ ရက်ညက စားပွဲဝိုင်းတစ်ဝိုင်းစီတွင် ခေါက်ဆွဲစား၊ လက်ဖက်ရည်သောက်နေကြသော အမျိုးသားသုံးဦးနှင့် လူငယ်ငါးဦးတို့ ရန်ဖြစ်ခဲ့ကြသည်။ တစ်ဖက်ဝိုင်းမှ လူငယ်တစ်ဦးက လက်သီးဖြင့်စထိုးရာ ခေါက်ဆွဲကြော်စားနေသော သေဆုံးခဲ့သူက ခက်ရင်းဖြင့် ပြန်ထိုးသည်။ ထိုအခါ လူသတ်သမားက ဓားဖြင့်အချက်ပေါင်းများစွာပြန်ထိုးပြီးနောက်နှစ်ဦးကိုလည်း ထိုလူငယ်များက ဓာတ်ဘူးနှင့်ရိုက်၊ ခြေထောက်ဖြင့်ကန်၊ လက်သီးဖြင့် ၀ိုင်းထိုးခဲ့သည်။

ယင်းကဲ့သို့ အက်ရှင်ဇာတ်ကားဆန်ဆန် ဖြစ်ပွားသည့် လူသတ်မှုတစ်ခုလုံးကို ဆိုင်ရှိစီစီတီဗီက ရိုက်ကူးခဲ့သည်။

ထိုသို့ အုပ်စုဖွဲ့ထိုးသတ်ခဲ့သ ဖြင့် တစ်ဦးသေဆုံးပြီးကျန်နှစ်ဦး လည်း ဒဏ်ရာများရခဲ့၍ လှိုင် သာယာဆေးရုံတွင်အတွင်းလူနာ များအဖြစ် ဆေးကုသခဲ့ရသည်။ ယင်းသို့ ကျူးလွန်သူများကို လှိုင်သာယာမြို့မရဲစခန်းက ပြစ်မှု ပုဒ်မ ၃၀၂/၃၂၅/၁၄၄ဖြင့်အမှုဖွင့် လှစ်ပြီးဆယ်ကျော်သက်လေးဦး နှင့် အသက်(၂၄)နှစ်အရွယ်ရှိအမျိုး သားတစ်ဦး၊ စုစုပေါင်း ငါးဦးတို့ကို ဖမ်းဆီးထားပြီး အမှုစစ်ဆေးဆဲဖြစ်ကြောင်း စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

7Day Daily

အမေရိကန်နဲ့ အာဖရိကနိုင်ငံ ၅၀ ထိပ်သီး ညီလာခံ ၀ါရှင်တန်မှာကျင်းပ

Posted by drmyochit Tuesday, August 05, 2014, under | No comments

မြို့တော် ဝါရှင်တန်မှာ ကျင်းပနေတဲ့ အမေရိကန်နဲ့ အာဖရိကခေါင်းဆောင်များရဲ့ အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တက်ရောက်လာစဉ်။
မြို့တော် ဝါရှင်တန်မှာ ကျင်းပနေတဲ့ အမေရိကန်နဲ့ အာဖရိကခေါင်းဆောင်များရဲ့ အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တက်ရောက်လာစဉ်။ 
အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားနဲ့ အာဖရိကနိုင်ငံခေါင်းဆောင် ၅၀ ကျော်တို့ရဲ့ အစည်းအဝေးကို ၀ါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပနေကြပါတယ်။

တနင်္လာနေ့က ပြုလုပ်တဲ့ အာဖရိကလူထုအခြေပြုလူမှုအဖွဲ့အစည်း ဆွေးနွေးပွဲတွေအတွင်း တက်ရောက်လာကြတဲ့ သူတွေကို သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံတွေမှာ ဒီမိုကရေစီ နဲ့ တဦးချင်းစီရဲ့အခွင့်အရေးတွေကို တွန်းအားပေးလုပ်ဆောင်ကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တိုက်တွန်း လိုက်ပါတယ်။

ပြည်သူတွေက သူတို့ရဲ့ အစိုးရကို ယုံကြည်နိုင်တယ်ဆိုရင် လူမှုအသိုင်းအ၀ိုင်းဟာ ပိုပြီးတော့ သာယာဝပြော၊ တည်ငြိမ်ပြီး အကြမ်းဖက်မှုတွေနဲ့ အစွန်းရောက်မှုတွေ  ဖြစ်နိုင်ခြေ နည်း သွားတယ်လို့ အမေရိကန်အနေနဲ့ ယုံကြည်ကြောင်း ၀န်ကြီးက ပြောပါတယ်။ အစောပိုင်းက ကျင်းပတဲ့ စီးပွားရေးအခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲအတွင်းမှာတော့ အမေရိကန်ရဲ့ ရည်မှန်းချက်တချို့ကို ချပြခဲ့ပါတယ်။

စီးပွားရေးဖွံ့ဖြိုးမှုရှိလာဖို့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးအတွက် သိသာထင်ရှားတဲ့ အခွင့်အလမ်းကောင်းတွေရလာဖို့ ကျနော်တို့ရဲ့ မိတ်ဆွေ ဆက်ဆံမှုတွေ ထဲထဲဝင်ဝင် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ အခုအစည်းအဝေးမှာ ပိုပြီး အရေးကြီးတာကတော့ အစိုးရအုပ်ချုပ်မှုတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေကတဆင့် သူတို့ရဲ့ ပြည်သူတွေ စွမ်းရည်မြင့်တက်လာစေဖို့ဖြစ်ပါတယ်လို့ ၀န်ကြီးကယ်ရီက ပြောပါတယ်။

သမ္မတအိုဘားမားဟာ အင်္ဂါနေ့မှာ ပြုလုပ်မယ့် အမေရိကန်နဲ့ အာဖရိက စီးပွားရေးဆွေးနွေးပွဲကို တက်ရောက်မိန့်ခွန်းပြောကြားမှာဖြစ်ပြီး အဲဒီနောက် ဗုဒ္ဓဟူးနေ့မှာ လုပ်သွားမယ့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဒေသတွင်းလုံခြုံရေးနဲ့ ကောင်းမွန်တဲ့အုပ်ချုပ်မှု တရပ်ပေါ်ထွက်လာဖို့ စတဲ့ ဆွေးနွေးပွဲတွေကိုလည်း တက်ရောက်သွားမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက အမေရိကန်ဒေါ်လာ ၁ ဘီလီယံလောက်တန်ဖိုးရှိတဲ့ စီးပွားရေးသဘောတူညီချက်တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အတွက် နောက်ထပ် ရန်ပုံငွေတွေ နဲ့ ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ အစားအအသောကနဲ့ စွမ်းအင် အစီအစဉ်တွေကို ၃ ရက်ကြာ အစည်းအဝေးအတွင်း ကြေညာသွားဖို့ ရှိနေပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ဂျပန်ဦးနှောက်ရောင်ရောဂါကြောင့် စစ်တွေတွင် ကလေးငယ်ရှစ်ဦးသေဆုံး

Posted by drmyochit Tuesday, August 05, 2014, under | No comments

စစ်တွေဆေးရုံကြီးတွင် ဂျပန်ဦးနှောက်ရောင် ရောဂါ ကြောင့် ရက်ပေါင်းသုံးဆယ်အ တွင်း ကလေးငယ်ရှစ်ဦးသေဆုံး ခဲ့ကြောင်း သတင်းရရှိသည်။

‘‘မနှစ်ကဆို ဖြစ်တော့ဖြစ် တယ်။ အသေအပျောက်မရှိဘူး။ ဒီနှစ်က သေတယ်ဆိုတော့ စိုးရိမ် စရာဖြစ်သွားတာပေါ့။ အခုလက် ရှိကုသနေတဲ့ ကလေးငယ်တွေအ နေနဲ့ကတော့ စိုးရိမ်စရာမရှိတော့ ပါဘူး။ တက်ခါစနဲ့စာရင် ငါးဆယ် ရာခိုင်နှုန်းကျော်ကျော်လောက် တော့ သက်သာလာပါပြီ’’ ဟု သြဂုတ် ၁ ရက်က စစ်တွေမြို့၌ ကျင်းပပြုလုပ်ခဲ့သော ကျန်းမာ ရေးဆွေးနွေးပွဲတစ်ခုတွင် ဆေးရုံ အုပ်ကြီး ဒေါက်တာစိုးထွန်း အောင်က ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် တောင်ကုတ်မြို့နယ်များတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ (Ja-panese Encephalitis) ဖြစ်ပွား၍ ဇူလိုင် ၁ ရက်မှ ၃၀ ရက်အတွင်း ဆေးရုံရောက်ရှိလာသော ကလေးငယ် ၃၂ ဦးရှိကာ ၎င်းတို့ထဲမှအသက် ဆယ်နှစ်အောက်ကလေးငယ်ရှစ်ဦး သေဆုံးခဲ့ပြီး ကျန်ကလေးငယ်များမှာ ဆေးကုသမှုဆက်လက်ခံယူနေရသည်။

ထိုရောဂါမှာ ကျူးလပ်စ်ခြင် ကိုက်ခြင်းမှတစ်ဆင့် ကူးစက် တတ်သောရောဂါဖြစ်ကာ အ သက်(၅)နှစ်မှ(၁၃)နှစ်အရွယ် က လေးငယ်များ၌ ပိုမိုအဖြစ်များပြီး ရောဂါလက္ခဏာပြင်းထန်ကာကုသမှုနောက်ကျပါက အသက်ဆုံး ရှုံးနိုင်သော ရောဂါတစ်မျိုးဖြစ် သည်။
ရောဂါ လက္ခဏာများမှာ သာမန် အအေးမိတုပ်ကွေးရော ဂါနှင့်ဆင်တူပြီး နှာစေးခြင်း၊ ဖျား ခြင်း၊ ခေါင်းကိုက်ခြင်းအပြင်ထိုမှ တစ်ဆင့်နှစ်ရက်သုံးရက်ကြာမြင့် ပါက အဖျားကြီးကာတက်လာ ခြင်း၊ ထို့နောက်အကြောဆွဲခြင်း၊ သတိလစ်ခြင်း စသည့် ဦး နှောက်ရောင်သည့် လက္ခဏာများ ဖြစ်ပေါ်လာသည်။
အဆိုပါရောဂါအတွက်ကြို တင်ကာကွယ်ဆေးမှာ မြန်မာနိုင်ငံ၌ မရှိသေးဘဲ အိန္ဒိယနှင့်ထိုင်း နိုင်ငံများမှ မှာယူတင်သွင်းရပြီး လက်ရှိတွင် ရောဂါဖြစ်ပွားနေ သော ရခိုင်ပြည်နယ်သို့ ကျန်းမာ ရေးဝန်ကြီးဌာနမှ ကွင်းဆင်းစစ် ဆေးလျက်ရှိကြောင်း ကျန်းမာရေး ဦးစီးဌာနမှသိရှိရသည်။

‘‘အခုကတော့ ဆက်ပြီးဖြစ် တာတော့မတွေ့ရဘူး။ ဒါပေမဲ့ ဒီ ရောဂါနဲ့ပတ်သက်ပြီး အစိုးရဘက် ကလည်း ပညာပေးတာတွေ၊ဘယ်လိုဆင်ခြင်နေထိုင်ရမယ်ဆို တာလိုက်လုပ်ပေးတာမျိုး မရှိ သေးဘူး’’ ဟု စစ်တွေမြို့နယ်ရှိစာရေးဆရာ ဦးကောင်းဇံရွှေ(ကျွန်းသားငမန်း)က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အ တွင်းရှိ ရန်ကင်းကလေးဆေးရုံ ကြီးတွင် ဂျပန်ဦးနှောက်ရောင် ရောဂါဖြစ်ပွားသူဟူ၍ တိကျစွာ မပြောနိုင်သေးသော်လည်းအခြား ဦးနှောက်ရောင်ခြင်းနှင့် အမြှေးပါး ရောင်ခြင်းများကြောင့် လာ ရောက်ကုသသူကလေးငယ်များ ရှိနေကြောင်း ထိုဆေးရုံကြီးမှ ဒေါက်တာကျော်ဇင်ဝေက ဆို သည်။

‘‘တခြားရောင်ပြီး ရောက် လာတဲ့ လူနာတွေတော့ ကြိုကြား ကြိုကြားရှိတယ်။ ဦးနှောက်ရောင် တာလား၊ ဦးနှောက်အမြှေးပါး ရောင်တာလား ဆိုတာကိုတော့ ဓာတ်ခွဲခန်းတွေမှာ သေချာစစ် ဆေးရမှာမို့ အတိအကျတော့မပြောနိုင်သေးဘူး။ အမြှေးပါး ရောင်တာဆိုရင် စိုးရိမ်စရာမရှိ ပေမယ့် ဦးနှောက်ရောင်တာဆို ရင် ပိုဆိုးပြီး အသက်ဆုံးရှုံးနိုင် တယ်’’ ဟု ၎င်းကပြောသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါ သည် အသက်အရွယ်မရွေးဖြစ် ပွားနိုင်ကာ အသက် (၁၀)နှစ် အောက် ကလေးငယ်များမှာမူ ကိုယ်ခံအားနည်းခြင်းကြောင့်သေ ဆုံးမှုပိုမိုများပြားနိုင်ပြီး တစ်ကမ္ဘာ လုံးအတိုင်းအတာဖြင့်ကြည့်လျှင် ယင်းရောဂါဖြစ်ပွားပါက သေဆုံး နိုင်ခြေမှာ ၃၀ရာခိုင်နှုန်းမှ ၅၀ရာ ခိုင်နှုန်းအထိရှိသည်။

7Day Daily

နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသည့် ဘင်္ဂါလီ တစ်ထောင်ကျော် ယနေ့ လူတွေ့စစ်ဆေးမည်

Posted by drmyochit Tuesday, August 05, 2014, under | No comments

စစ်တွေမြို့အနီး မန်စီကျေးရွာရှိ ဘင်္ဂါလီဒုက္ခသည်စခန်းသို့ ပြန်လာနေသည့် ဘင်္ဂါလီမိသားစုတစ်စုကို တွေ့ရစဉ် (ဓာတ်ပုံ − စိုးသန်းဝင်း/အေအက်ဖ်ပီ)

မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသည့် ဘင်္ဂါလီတစ် ထောင်ကျော်အား ယနေ့ လူတွေ့ စစ်ဆေးမေးမြန်းခြင်းကို မြို့နယ် အဆင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သတင်းရရှိသည်။

လူတွေ့ စစ်ဆေးမေးမြန်း ခြင်းကို မြို့နယ်အဆင့် ဆောင် ရွက်ရာ၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ အဆို ပါအဖွဲ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဥပဒေပညာရှင်များ၊ မြို့နယ် လ.၀.က၊ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်နှစ်ဦး၊ ဘင်္ဂါလီ ကိုယ်စားလှယ်တစ်ဦး ပါဝင်မည် ဖြစ်ပြီး အချက်အလက်များကို လူတွေ့စစ်ဆေးသွားမည်ဖြစ်ကြောင်း လ၀က အကြီးတန်းတာဝန်ရှိသူတစ် ဦးက ပြောသည်။

လျှောက်ထားသူများ နိုင်ငံ သားဖြစ်ခွင့်ကို မြို့နယ်အဆင့် စိစစ်ပြီးပါက ခရိုင်အဆင့်၊ ပြည် နယ်အဆင့်နှင့် လ၀က ရုံးချုပ် က ပြန်လည်စစ်ဆေးပြီး အစိုးရ အဖွဲ့များ ပါဝင်သည့် ဗဟိုအဆင့် အဖွဲ့က စိစစ်ခွင့်ပြုသွားမည်ဖြစ် သည်။

‘‘ရခိုင်၊ ဗမာစကားမတတ်၊ ယဉ်ကျေးမှုဘာမှမသိတဲ့သူ၊ အဲ ဒါအပြင် ဘင်္ဂါလီလို့ မထည့်တဲ့သူကို နဂိုကတည်းက နိုင်ငံသားလျှောက်ခွင့် လက်မခံထားပါဘူး’’ ဟု လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

၁၉၈၂ ဥပဒေအရ မြန်မာ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ များကို ဇွန်လ ၁၅ ရက်မှစတင်ပြီး လျှောက်လွှာများ လက်ခံခဲ့ရာ ယခင်လျှောက်ထားသူ ဘင်္ဂါလီ လူဦးရေ ၃၆၈ ရှိရာမှ ၁၀၉၄ ခန့် တိုးလာခြင်းဖြစ်သည်။

၁၉၈၂ နိုင်ငံသား ဖြစ်ခွင့် ဥပဒေအရ မြေပုံမြို့နယ်တွင် ဇွန် လ ၁၅ ရက်မှစ၍ ပိုင်းလော့ Pilot ဧရိယာအဖြစ် သတ်မှတ်ပြီး ဘင်္ဂါ လီလူမျိုးများကို နိုင်ငံသားစိစစ် ရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရာတွင် ရခိုင် ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများ က ရိုဟင်ဂျာလူမျိုးအမည် ထည့် သွင်းမှ ကောက်ခံမည်ဟု တောင်း ဆိုခြင်းကြောင့် ၎င်းတို့ နေထိုင် သည့် နေရာများတွင် အပြည့်အ၀ ကောက်ယူခွင့် မရှိခဲ့ပေ။
ထို့အပြင် ၂၀၁၃ ခုနှစ် ဧပြီ လတွင် စစ်တွေမြို့ အတွင်းရှိ ဘင်္ဂါလီများကို လူဦးရေ စာရင်း ကောက်ယူရေးလုပ်ငန်း (ဆွဲတင် စစ်)ကို အကောင်အထည်ဖော်ခဲ့ သော်လည်း ဘင်္ဂါလီလူမျိုးများ အကြမ်းဖက်ကန့်ကွက်မှုကြောင့် လုပ်ငန်း ရပ်ဆိုင်းခဲ့ရသည်။


7Day Daily

Friday, August 01, 2014

အစ္စရေး စစ်သား ဖမ်းဆီးခံရ၊ အပစ်ရပ်မှု ပျက်ပြယ်

Posted by drmyochit Friday, August 01, 2014, under | No comments




ဂါဇာ ဒေသမှာ အစ္စရေး စစ်သား တစ်ဦး ဖမ်းဆီးခံခဲ့ရတဲ့ အတွက် ၃ ရက်ကြာ အပစ်ရပ်ထားမှု ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။

ဂါဇာ တောင်ပိုင်းက ဥမင် လိုဏ်ခေါင်းတွေကို အစ္စရေး စစ်သားတွေက ရှင်းလင်းနေစဉ် ပါလက်စတိုင်း စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ပြီး အစ္စရေး စစ်သားတစ်ဦး ခုလို ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အပစ်ရပ်စဲရေးကို ဟားမတ်စ် ဘက်က စတင် ချိုးဖောက်လို့ အစ္စရေးက လက်တုံပြန် တိုက်ခိုက်ဖွယ် ရှိတာကြောင့် ဂါဇာ ဒေသခံတွေကို အိမ်အပြင် မထွက်ကြဖို့ အစ္စရေးက အစောပိုင်းက သတိပေးခဲ့ပါတယ်။
အပစ်ရပ်စဲရေးကို ဘယ်ဘက်က စတင် ချိုးဖောက်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး နှစ်ဘက် စလုံးက အပြန်အလှန် စွပ်စွဲပါတယ်။

အစ္စရေးရဲ့ အမြောက်နဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး ၃၅ ယောက် သေဆုံးပြီး တရာကျော် ဒဏ်ရာ ရတယ်လို့ ဂါဇာ အာဏာပိုင်တွေက ပြောပါတယ်။

အစ္စရေးကတော့ ခုလို ပစ်ခတ်တာဟာ ပါလက်စတိုင်းတွေရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တာသာ ဖြစ်ကြောင်း ပြောပါတယ်။

ဒါပေမယ့် ဟားမတ်စ်နဲ့ အပစ်ရပ်စဲရေး ပြန်ရဖို့ အစ္စရေး ဘက်က ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

ဂါဇာမှာ နှစ်ဘက် တိုက်ခိုက်မှုတွေကြောင့် ခုချိန်ထိ ပါလက်စတိုင်း ၁၄၀၀ ကျော် သေဆုံးခဲ့ပြီး အစ္စရေးဘက်က ၆၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။


BBC Burmese

ယောက်င်္ကျားမရှိဘဲ ကလေးရလိုတဲ့ ကေတီပယ်ရီ

Posted by drmyochit Friday, August 01, 2014, under | No comments

အဆိုတော် ကေတီပယ်ရီသည် ယောင်္ကျား တစ်ဦးမရှိဘဲ ကလေးရလိုသည်ဟု ထုတ်ဖော် ပြောကြားခဲ့ပြီး မိမိတို့သည် လက်ရှိ အနာဂတ်တွင် နေထိုင်နေသူများ ဖြစ်သည်ဟုလည်း ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။

ကေတီပယ်ရီသည် ယခုနှစ် အစောပိုင်းက ဂျွန်မေရာနှင့် လမ်းခွဲခဲ့ပြီးနောက် လတ်တလောတွင် တေးထုတ်လုပ်သူ ဒစ်ပလိုနှင့် တွဲလျက် ရှိသည်။ ၎င်းအနေဖြင့် မိခင်တစ်ဦး ဘဝမျိုး ခံယူရန် ဆန္ဒမရှိသေးဟု ဝန်ခံထားသည်။ အသက်၂၉နှစ် ရှိပြီဖြစ်သည့် အေတီပယ်ရီသည် ကလေးယူရန် အဆင်သင့်မဖြစ်သေးခြင်းကြောင့်၂ဝ၁၁ခုနှစ် အတွင်းက ခင်ပွန်းဟောင်း ရက်ဆဲလ်ဘရန်း နှင့် ကွဲခဲ့ခြင်း ဖြစ်သည်ဟုလည်း ယခင်က ဝန်ခံပြောကြား ခဲ့ဖူးသည်။

“ကျွန်မအတွက် ယောက်င်္ကျားကောင်း တစ်ယောက် ရဖို့မလိုပါဘူး ။အခု၂ဝ၁၄ခုနှစ်ကို ရောက်နေပြီ။ကျွန်မတို့ အကုန်လုံးက အနာဂတ်ကာလ ထဲမှာ နေထိုင်နေ တဲ့သူတွေပါ ကျွန်မတို့အတွက် ဘာမှမလိုပါဘူး။ ကျွန်မက ယောင်္ကျား မုန်းတီးရေး ဝါဒရှိနေတဲ့ သူတော့ မဟုတ်ပါဘူး။ ကျွန်မ ယောင်္ကျားတွေကို ချစ်တတ်ပါတယ်။ ဒါပေမယ့် ကျွန်မကို ကာကွယ်ပေးနိုင်မဲ့ သူမျိုးမရှိဘူး ဆိုရင်လည်း ရွေးချယ်စရာတွေ ရှိပါတယ်။”ဟု ကေတီပယ်ရီက Rolling Stone Magazine ကိုပြောကြား ခဲ့သည်။

ကေတီပယ်ရီသည် ယခုလထုတ် Rolling Stone Magazine မျက်နှာဖုံးတွင် အစိမ်းရောင် ဆံကေသာဖြင့် အရောင်စုံ အဆင်များပါသည့် အင်္ကျီကို ဝတ်ဆင်ကာ ညှို့အားပြင်းသည့် နှုတ်ခမ်း တစ်စုံပေါ်တွင် ၎င်း၏ လက်ချောင်း ကိုတင်၍ မျက်နှာဖုံးရှင် အဖြစ် သရုပ်ဆောင် ပေးထားသည်။

ကေတီ အစ်မ အင်ဂျဲလာဟတ်ဆန်သည် ဖေဖော်ဝါရီလ အတွင်းက ၎င်း၏ ပထမဆုံး ကလေးကို မွေးဖွားခဲ့ပြီး ယင်းကိစ္စသည် ကေတီအနေဖြင့် မိခင်တစ်ဥိး ဘဝကို ခံယူရန် အသင့်မဖြစ်သေးသည်ကို မီးမောင်း ထိုးပြလိုက် သကဲ့သို့ ဖြစ်စေခဲ့သည်ဟု daily mirror သတင်းစာက ရေးသားထားသည်။

Mizzima

သဘာဝဘေးဒဏ်ကို ဆိုးရွားစွာ ခံလိုက်ရသည့် မြို့တစ်မြို့ အကြောင်း ရိုက်ကူးထားသည့် “INTO THE STORM”

Posted by drmyochit Friday, August 01, 2014, under | No comments


တစ်ကြိမ်တစ်ခါမျှ ဖြစ်ခဲ့ဖူးခြင်း မရှိတဲ့ တော်နားဒိုး မုန်တိုင်း၏ ရက်စက်ကြမ်းတမ်းသည့် တိုက်ခိုက်မှုကြောင့် Silverton မြို့ကြီးတစ်မြို့လုံးလုံးသည် တစ်ရက်တည်း မှာပင် ဆိုးဆိုးရွားရွား ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရသည်။

မုန်တိုင်း လေ့လာ တိုင်းထွာရေး ခန့်မှန်းကြေညာချက်သည် အဆိုးရွားဆုံး အခြေအနေမျိုး ရောက်ရှိလာမည်ကို ကြိုတင် ပြောကြား ထားသော်လည်း တစ်မြို့ လုံးသည် ပြင်းထန်သည့် ဆိုင်ကလုံး မုန်တိုင်း လက်တွင်းကို ကျရောက်ခဲ့ရသည်။ လူအများစုသည် သဘာဝဘေးအန္တရာယ် ခိုလှုံဖို့ နေရာ ရှာနေစဉ်တွင် ဆိုးရွားသည့် လေပြင်းမုန်တိုင်းထဲကို ပြေးဝင်မိခဲ့လေသည်။

မုန်တိုင်း လေ့လာ တိုင်းထွာရေး ပညာရှင်များ၊ အပျော်တမ်း ဝါသနာရှင်မျာနှင့် ရဲရင့်သည့် မြို့ခံလူများသည် မုန်တိုင်း ဗဟိုချက်လားရာကို ကြိုတင် ခန့်မှန်းပြင်ဆင် ခဲ့ကြသော်လည်း ပြင်းထန် ဆိုးဝါးသည့် မုန်တိုင်း၏ ဒဏ်ကို အလူးအလဲ ခံရခြင်းကို ဒါရိုက်တာ စတီဗင်ကွေးက ပီပြင်စွာနဲ့ ရိုက်ကူးထားခြင်းဖြစ်သည်။ ယင်းဇာတ်ကားကို သြဂုတ် ၈ရက်မှာ ရုံတင်ပြသ မည်ဖြစ်ပြီး မင်းသား အာလန်အက်စ်ကာပီတာနှင့် အယ်စီယာဒဘ်နမ်ကာရေးတို့က အဓိက ပါဝင် သရုပ်ဆောင် ထားခြင်းဖြစ်သည်။

Mizzima

စောင့်ရှောက်သူမဲ့ အသက် ၈၀ ဝန်းကျင် မောင်နှမ အစ်ကို သေဆုံးသည့်ဘေး၌ ညီမ အာဟာရပြတ် လဲကျ

Posted by drmyochit Friday, August 01, 2014, under | No comments

တောင်ဥက္ကလာပမြို့နယ် ၁၄/၁ ရပ်ကွက်၊ မြင်သာ ၉ လမ်းတွင် ဇူလိုင်လ ၃၀ ရက် ညနေပိုင်းက စောင့်ရှောက်သူမဲ့ သက်ကြီးရွယ်အို မောင်နှမနှစ်ဦး နေထိုင်သည့် အိမ်အတွင်း အသက် ၈၂ နှစ်အရွယ်ရှိ ဗိုလ်ကြီးဟောင်းမှာ ပုပ်ပွသေဆုံးနေပြီး အသက် ၇၈ နှစ်အရွယ်ရှိ ညီမဖြစ်သူမှာ အာဟာရပြတ်ကာ လဲကျနေသည်ကို ရပ်ကွက်နေသူများက တွေ့ရှိခဲ့ကြောင်း တောင်ဥက္ကလာပ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ သေဆုံးခဲ့သူ ဗိုလ်ကြီးဟောင်း အလောင်းမှာ မှောက်လျက်ဖြင့် ပုပ်ပွကာ လောက်များ တွယ်ကပ်နေပြီး ဘေးပတ်ဝန်းကျင် နေအိမ်များမှ အပုပ်နံ့ရသောကြောင့် မသင်္ကာသဖြင့် လမ်းအတွင်းရှိ ရာအိမ်မှူး ဖြစ်သူထံ အကြောင်းကြားခဲ့ကြောင်း၊ ယင်းနောက် တာဝန်ရှိသူများက နေအိမ်အတွင်းသို့ ဝင်ရောက်ကြည့်ရှုရာမှ သေဆုံးသူ အစ်ကိုဖြစ်သူ၏ အလောင်းအနီးတွင် အားပြတ်လဲကျနေသော အသက် ၇၈ နှစ်အရွယ် အငြိမ်းစားကျောင်း ဆရာမကြီးကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“မောင်နှမ နှစ်ယောက်လုံးက အိမ်ထောင်မပြုခဲ့တော့ အသက်ကြီးလာချိန်မှာ စောင့်ရှောက်မယ့်သူ မရှိဘူး။ အိမ်တံခါး ပိတ်ထားတာ တစ်ပတ်လောက်တော့ ကြာပြီ။ အိမ်နီးချင်းတွေက သူတို့မောင်နှမ နှစ်ယောက် ခရီးသွားနေတယ် ထင်နေတာ။ အိမ်ထဲကနေ အပုပ်နံ့တွေ ထွက်နေလို့ ဝင်ကြည့်တော့မှ စိတ်မကောင်းစရာ မြင်ကွင်းကို တွေ့ခဲ့ရတာ” ဟု တောင်ဥက္ကလာပ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

သေဆုံးခဲ့သော ဗိုလ်ကြီးဟောင်း ဖြစ်သူ၏ ရုပ်အလောင်းကို မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံသို့ ပီအာရ် ၄၅ ဖြင့် ပို့အပ်ထားပြီး တောင်ဥက္ကလာပ မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၆/၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း၊ ၎င်း၏ ညီမဖြစ်သူ အငြိမ်းစား ကျောင်းဆရာမ ဒေါ်တင်တင်ရီကို ဇူလိုင်လ ၃၀ ရက် ညနေ ၆ နာရီခန့်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ ဆည်းဆာရိပ် ဂီလာန ဘိုးဘွားရိပ်သာသို့ ပို့အပ်ခဲ့ကြောင်း နယ်ထိန်း ရဲအရာရှိတစ်ဦးထံမှ သိရှိရသည်။

သေဆုံးသူ၏ ညီမဖြစ်သူ အဘွားအိုမှာ လေဖြတ်ထားပြီး အမြင်အာရုံ ချို့ယွင်းနေသူ ဖြစ်ကြောင်း၊ ၎င်းမှာ အစ်ကိုဖြစ်သူ၏ ပုပ်ပွနေသော အလောင်းနှင့်အတူ ငါးရက်ခန့် အစာငတ် ရေငတ်ကာ မေ့မြောနေပြီး သေအံ့ဆဲဆဲ ဖြစ်နေကြောင်း၊ ယင်းအဘွားအိုကို ဆည်းဆာရိပ် ဂီလာန ဘိုးဘွားရိပ်သာမှ ဆေးအဖွဲ့က ဆေးကုသကာ စောင့်ရှောက်လျက်ရှိပြီး ဇူလိုင်လ ၃၁ ရက်နေ့တွင် အသက်အန္တရာယ် စိုးရိမ်ဖွယ် မရှိတော့ကြောင်း အဆိုပါ ဘိုးဘွားရိပ်သာထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

တစ်နေ့လျှင် ငါးမိနစ်မျှ အပြေးလေ့ကျင့်ခြင်းဖြင့် အရွယ်မတိုင်မီ သေဆုံးမှုအန္တရာယ်ကို လျှော့ချနိုင်

Posted by drmyochit Friday, August 01, 2014, under | No comments



တစ်နေ့လျှင် ငါးမိနစ်မျှ အပြေးလေ့ကျင့်ရုံဖြင့် အရွယ်မတိုင်မီ သေဆုံးမှု အန္တရာယ်ကို သိသိသာသာ လျော့ကျစေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။ လေ့ကျင့်ခန်း ခေတ္တမျှ လုပ်ခြင်းဖြင့် ရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများမှာ ကျန်းမာရေးကျွမ်းကျင်သူများ ယူဆထားသည်ထက် အကျိုးပိုများကြောင်း ယင်းလေ့လာမှုရလဒ်များက ဖော်ပြသည်။

အပြေးလေ့ကျင့်ခြင်းကဲ့သို့ အားသွန်ခွန်စိုက် လေ့ကျင့်ခန်းလုပ်သူများမှာ အပြေးလေ့ကျင့်ခြင်း မရှိသူများထက် အရွယ်မတိုင်မီသေဆုံးမှု အန္တရာယ် ၃၀ ရာခိုင်နှုန်းလျော့ကျကြောင်း ယခုလေ့လာမှု အသစ်က ဖော်ပြသည်။ ထို့ပြင်အပြေးလေ့ကျင့်သူများမှာ မလေ့ကျင့်သူများထက် နှလုံးရောဂါဖြင့် သေဆုံးနိုင်သည့် အန္တရာယ် ၄၅ ရာခိုင်နှုန်း ပိုနည်းကြောင်း သိရသည်။
ဆေးလိပ်သောက်သုံးသည့် ကိုယ်အလေးချိန်ပိုများသူများပင် အပြေးလေ့ကျင့်ခန်း ပုံမှန်လုပ်ပါက လုံးဝမပြေးသူများထက်အရွယ် မတိုင်မီ သေဆုံးမှု အန္တရာယ် ပိုမိုလျော့ကျသွားကြောင်း ယခုလေ့လာ မှုအသစ်က ဖော်ပြသည်။

ယခုလေ့လာမှုမှာ အပြေးလေ့ကျင့်ခြင်းက အရွယ်မတိုင်မီ သေဆုံးမှုအန္တရာယ်အပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိသည် (သို့မဟုတ်) မည်သည့်အတွက်ကြောင့် အကျိုးသက်ရောက်သည်ဆိုခြင်းကို တိုက် ရိုက်လေ့လာခြင်းမဟုတ်ဘဲ ယေဘုယျအားဖြင့် အပြေးလေ့ကျင့်သူများသည် လမ်းလျှောက်ခြင်းကဲ့သို့ အလယ်အလတ် လေ့ကျင့်ခန်းလုပ်သူများထက် ပို၍သေဆုံးနိုင်ခြေ လျော့နည်းကြောင်း လေ့လာတွေ့ရှိသည်ဟု သုတေသီများက ပြောသည်။

အပြေးလေ့ကျင့်ခြင်းအပြင် ကြိုးခုန်ခြင်းနှင့် စက်ဘီးစီးခြင်း (သို့မဟုတ်) အားသွန်ခွန်စိုက်လုပ်ရသော လေ့ကျင့်ခန်းမျိုး ပုံမှန်မိနစ် အနည်းငယ်မျှ လုပ်ခြင်းဖြင့်လည်း အသက်ပိုရှည်နိုင်သည်ဟု သုတေသီများက ပြောသည်။

ယခုလေ့လာမှုကို အိုင်အိုဝါ ပြည်နယ်တက္ကသိုလ်၊ တောင်ကယ်ရို လိုင်းနားတက္ကသိုလ်၊ ပန်နီတွန်ဇီဝဆေးဝါး သုတေသနစင်တာနှင့် အခြား အဖွဲ့အစည်းများစွာမှ သုတေသီများက အချက်အလက်ပေါင်းများစွာကို အခြေခံ၍ လေ့လာထားခြင်းဖြစ်ပြီး ၎င်းတို့၏ လေ့လာမှုကို နှလုံးရောဂါပညာဆိုင်ရာ အမေရိကန်ကောလိပ်ဂျာနယ်တွင် ဖော်ပြထားသည်။

Time
7 Day

မြန်မာပြည်က ကျားမိခင်များ

Posted by drmyochit Friday, August 01, 2014, under | No comments


မကြာသေးမီက ဟောင်ကောင်မှ မိခင်များကို သတင်းမီဒီယာများက ကျားမိခင်များဟုတင်စားကြ သလို မြန်မာပြည်မှာလည်း ကလေးတွေအတွက် ကျားမိဘတွေ တော်တော်များလာနေပါပြီ။ အထူးသဖြင့် ရန်ကုန်မြို့နှင့်မြို့ကြီးများက ပညာတတ်အသိုင်းအဝိုင်းမှာဖြစ်ပါသည်။ ကျားမိဘ၊ ကျားမိခင်ဆိုသည်မှာ ကလေးများကို ကျောင်းပညာရေးမှာ ထွန်းထွန်းပေါက်ပေါက်ဖြစ်လာစေရေး အတွက် နားချိန်မပေးဘဲ အတင်းအကျပ်ဖိအားသုံးပြီး ကျောင်းစာကိုလုပ်ခိုင်းနေသော မိခင်များ (သို့မဟုတ်)မိဘများကို ဟောင်ကောင်မှာခေါ်ကြသည့် စကားလုံးဖြစ်သည်။

ဟောင်ကောင်က ကလေးများသည် ကမ္ဘာပေါ်မှာ ပညာရေးထိပ်တန်းအဆင့်ရှိ နေကြသည်။ စာပေနှင့်သင်္ချာ။ သိပ္ပံပညာတွေမှာ ဟောင်ကောင်ကလေးများက ကမ္ဘာ့ထိပ်တန်းအဆင့် နိုင်ငံ ၇၀မှာ အဆင့်သုံး (သို့မဟုတ်) လေး အဆင့်လောက်မှာရှိသည်။

သို့သော်လည်း ကလေးများအတွက် ရည်မှန်းချက်ကြီးလွန်းလှသည့် မိခင်၊ ဖခင်တွေက သူတို့ ကိုယ်တိုင်ရော ကလေးများကိုပါ တတ်နိုင်သမျှကျောင်းစာကိုသာ လုပ်စေပြီး ကျောင်းပညာရေးမှာ အမှတ်ကောင်းရဖို့ အသေအကျေလုပ်ကြသည်။ သို့အတွက် ဟောင်ကောင်ရှိကလေးများမှာ အိပ်ရေးတွေပျက်၊ စိတ်ဓာတ်တွေကျ၊ စိတ် ဖိစီးမှုများကာ ကလေးသဘာဝ ပျောက်ပြီး မပျော်နိုင်ကြ။ ထို့ ကြောင့် ဟောင်ကောင်ရှိ ကျား မိခင်တွေကို ဝေဖန်ပြစ်တင်သံများ ညံလာခဲ့ပြီး အစိုးရကပင် ထိုပြဿနာကို အရေးတယူစဉ်းစား လာခဲ့သည်။

မြန်မာပြည်မှာလည်း ဟောင်ကောင်နီးနီး အခြေအနေမဆိုးပေမယ့် မြို့ပြတွေမှာ မိဘအတော် များများက ကျားမိခင်ပုံစံတွေဖြစ်နေကြသည်။ ပညာခေတ်ဖြစ်သည့်အတွက် ကလေးတွေကို ငယ်စဉ်ကတည်းက ပညာတတ်စေချင်လှသည်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦးအပြိုင်အဆိုင်ကလေးများကို ပညာရေးအတွက် အပြတ်စခန်းသွင်းမောင်းနှင်ကြသည်။ ထိုအခါ ကလေး၏အရွယ်အလိုက် ပျော်ရွှင်မှုများ၊ စွမ်းရည်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုများကို ဖျက်ဆီးသလိုဖြစ်နေကြသည်။ ရန်ကုန်မြို့ ပုဇွန်တောင်မှာနေသော လင်းသော်တာကြည်သည် အသက် (၆)နှစ်သာရှိပြီး ပထမတန်း ကျောင်းသူဖြစ်ပါသည်။ သူသည် မနက်စောစောကတည်းက ကျောင်းတက်ရသည်မှာ တစ်နေကုန်ဖြစ်သည်။ ကျောင်းကပြန် လာလျှင် ကျောင်းကဆရာမကျူရှင်ကိုတန်းသွားရသည်။ ကျူရှင်ပြီးသောအခါ အိမ်ပြန်လာပြီး မိခင်နှင့်အတူ အိမ်စာလုပ်ရသည်။ ပိတ်ရက်များတွင်တော့ အင်္ဂလိပ်စာနှင့် တရုတ်စာသင်တန်းတက် ရသည်။ သူ့မှာ ကစားချိန်မရှိသလို တစ်နေကုန်စာလုပ်နေရသည်။ ကျောင်းက လပတ်စာမေးပွဲများတွင် ဘာသာစုံ အမှတ်တစ်ရာနှင့်အဆင့်တစ် အမြဲဖြစ်နေအောင် အားထုတ်ရ၏။ နို့မဟုတ်ပါက မိခင်က သူ့ကို ဆူပူကြိမ်းမောင်းသည်။ လင်းသော်တာကြည်မှာလည်း စိတ်ဖိစီးမှုများကာ သုန်သုန်မှုန်မှုန် ကလေးတစ်ဦးဖြစ်လာသည်။

‘‘ဒါမြန်မာပြည်က ပညာတတ်မိခင်တွေလုပ်နေကြတဲ့ စတိုင်ပဲ။ ကလေးတွေထက် သူတို့က အချင်းချင်းပိုပြိုင်ဆိုင်နေတယ်။ ကလေးတွေလည်း ဆူခံရ စိတ်ဖိစီးမှုတွေများပြီး ကလေး လည်း ကလေးနဲ့မတူတော့ဘူး’’ဟု ရန်ကုန်က အလွတ်ပညာသင်ကျောင်းတစ်ခုမှ ဆရာမဒေါ်စန်းစန်းမြင့်က ပြောကြားသည်။

ယခုကဲ့သို့ ကလေးမိဘများ၏ ပြိုင်ဆိုင်မှုတွေက ပိုဆိုးလာပြီး ကလေးများကို ကျောင်းစာအပြင် အင်္ဂလိပ်စာသင်တန်းနှင့် တရုတ်ဘာသာစကားသင်တန်းများသို့  အပြိုင်အဆိုင်ပို့ကြသည်။ ကလေးတွေ အင်္ဂလိပ်လိုပဲပြောဆိုနေသည်ကို ဂုဏ်ယူ သဘောကျကြသည်။ အချို့ဆိုလျှင် မြန်မာစကားကိုပင် မပြောခိုင်းဘဲ အင်္ဂလိပ်လိုသာ ပြောဆိုနေသည်။

ထိုလုပ်ရပ်တွေကို ခေတ်မီလာသော ပညာတတ်မိဘတို့၏ လုပ်ရပ်ဟု မြန်မာကျားမိခင်များက ယူဆသော်လည်း ကမ္ဘာ့ပညာရေးထိပ်တန်းနိုင်ငံများမှာတော့ ကလေးတွေကို ထိုကဲ့သို့ ကျောင်းစာများ ဖိအားပေးသင်ခြင်းသည် အတော်ခေတ်နောက်ကျနေသော လုပ်ရပ်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်နှင့် ကမ္ဘာ့ပညာရေးထိပ်တန်း နိုင်ငံများတွင် အသက် (၁၀)နှစ်ခန့်အထိ ကလေးကိုကျောင်းစာ ဟုတ်တိပတ်တိမသင်ကြ။ ကလေး၏ခန္ဓာကိုယ်နှင့် မှတ်ဉာဏ်ကြီးထွားဖွံ့ဖြိုးမှုကိုသာ ဆရာများနှင့် မိဘများက ဦးစားပေးလုပ်ဆောင်ကြသည်။

အမေရိကန်နိုင်ငံဝါရှင်တန် ဒီစီမြို့လယ် ရှစ်လမ်းမှာ နေထိုင်သူအသက် (၄၀)အရွယ် ရှေ့နေ အန်မှာ သားသမီးနှစ်ဦးရှိသည်။ အကြီးသမီးလေးက (၁၀)နှစ်၊ အငယ်က (၇)နှစ်ဖြစ်သည်။ သူတို့နှစ်ယောက်အတွက် အန်က သူ၏ အချိန်အတော်များများကို ပေးထားသည်။ များသောအားဖြင့် ကလေးများနှင့်အတူ ရေကူးခြင်း၊ ကစားကွင်းသွားခြင်း၊ ပြတိုက်များကို လျှောက်ကြည့်ခြင်း၊ စာအုပ်များကိုအတူဖတ် ကြည့်ခြင်း၊ ကလေးနှစ်ဦးသိလိုသော မေးခွန်းများကိုဖြေဆိုခြင်းတို့ဖြစ်သည်။ ယခုအချိန်ထိ ကလေး တွေကို သူကကျောင်းစာ တစ်ခါမှမသင်ဖူးပါ။

‘‘သူတို့ဆရာမပြောတာတော့ ကျောင်းမှာအခြေအနေ ကောင်းတယ်တဲ့။ ဆရာနဲ့အတူ ဘာဖြစ်ဖြစ် ဝိုင်းလုပ်လေ့ရှိတယ် တဲ့။ ကျွန်မကတော့ ကလေးတွေ ကို ဉာဏ်ကောင်းလာအောင်၊ ဖွံ့ဖြိုးလာအောင် ကျန်းမာပျော် ရွှင်ဖို့ အဓိကလုပ်ပေးတယ်။ ပညာရေးက ဘာလို့လိုအပ်တယ် ဆိုတဲ့ အသိမျိုးသူတို့ဘာသာ အရွယ်ရလာတဲ့အခါမှာသိလာပြီး ကျောင်းစာကိုသင်ယူကြလိမ့် မယ်’’

ထို့အပြင် လက်ဆေးခြင်း သည် ကျန်းမာရေးအတွက် မည် မျှအရေးကြီးကြောင်းဆိုတာကလေးတွေကို သေချာရှင်းပြ ပြောဆိုထားသည်။ ကလေးများ မှာ တီဗီဂိမ်းနှင့် ရုပ်သံကို ကြိုက် သလိုကြည့်ခွင့်မရှိ။ တစ်ပတ်မှာ သင့်လျော်သောနာရီအချိန်နှင့် သာကြည့်ရသည်။ ကြည့်ရသော ကာတွန်းရုပ်ရှင်များမှာလည်း ကလေးတွေအတွက် အထူးထုတ် လုပ်ထားသော ကာတွန်းများသာ ဖြစ်၏။ အိမ်က ကလေးတွေရှေ့ မှာ ရုပ်မြင်သံကြားကို အန်ရော၊ သူ၏ ခင်ပွန်းရော မကြည့်ရှုကြ ပါ။ ကလေးနှစ်ဦးစလုံး၏ အား ကစားလှုပ်ရှားမှုများကိုလည်း အထူးအားပေးသည်။ ဝါရှင်တန် ဒီစီက ဘေ့စ်ဘောကစားကွင်း တွင် အားကစားသမားများက ကလေးများကို သီးသန့်နှုတ်ဆက် လေ့ရှိရာ အန်က ပိတ်ရက်မှာ သူ့ သားလေးကို ထိုအားကစားသမား များဆီ လိုက်ပို့မိတ်ဆက်ပေးခဲ့ သည်။ သားဖြစ်သူမှာ ပျော်ရွှင် ကျေနပ်မဆုံး ‘‘ကျွန်မကလေးတွေ ကို ကြီးလာရင်ပညာရှင်ကြီးတွေ သိပ်ဖြစ်စေချင်တာပေါ့။ ဒါပေမဲ့ အခုအရွယ်မှာတော့ သူတို့ အဲဒီ လမ်းကြောင်းကို မှန်မှန်ကန်ကန် လျှောက်လာအောင်လို့ ဒီနည်းနဲ့ ပျိုးထောင်ပေးနေပါတယ်’’ဟု အန်က ရှင်းပြပါသည်။

ကလေးကျန်းမာရေးပညာ ရှင်တွေ၏ ပြောကြားချက်အရ စိတ်ဖိစီးမှုနည်းပါးသောနည်းက သာ ကလေးသူငယ်များ၏ ဉာဏ် ရည်ဖွံ့ဖြိုးမှုနှင့် စွမ်းရည်ကို အား ကောင်းတိုးတက်လာစေသည်ဟု ဆိုသည်။ ထို့အပြင် ကလေးတွေ ကို သူတို့၏ပင်ကိုစွမ်းရည်ဖော် ထုတ်ရန် မိဘဆရာတို့က ကူညီ ဖို့သာလိုအပ်ပြီး အတင်းအကျပ် ဖိအားမပေးရန်လည်း ကလေး စိတ်ပညာရှင်တွေက အကြံပေး ထားသည်။

အမေရိကန်နိုင်ငံရှိကလေး များဖွံ့ဖြိုးရေးစင်တာက အကြံပြု ထားသည့် ကလေးများလေ့လာ သင်ယူမှုကို သဘောကျလာ အောင် လုပ်ယူရမည့်နည်းလမ်း များတွင် ကလေးကို သူ့ဘာသာ လေ့လာစူးစမ်းခွင့်ရအောင် လွတ် လပ်ခွင့်အတော်များများပေးရန်၊ သူ့ဝါသနာနှင့် စိတ်ဝင်စားမှုကို မိဘကပံ့ပိုးပေးရန် အဓိကညွှန်ပြ ထားပါသည်။

တိုးတက်နေသော ဟောင် ကောင်နှင့် မြန်မာပြည်ကတူသည် ဆိုလျှင် တခြားအရာတွေမှာတူ တာက ပိုကောင်းပါသည်။ ကျား မိခင်တွေလို့ အခေါ်ခံရသည်မှာ တော့ ကောင်းသည့်အချက် မဟုတ်။ ကလေးများကို ပညာ ရေးထူးချွန်အောင် တွန်းအားပေး သည်မှာ တကယ်တော့ကောင်းပါ သည်။ သို့သော်လည်း ပိုပြီးလက် တွေ့ကျထိရောက်သောနည်း လမ်းများဖြင့် ကလေးများကို ကူညီအားပေးသောနည်းတွေရှိ ကြောင်း မြန်မာပြည်က ကျား မိခင်များ သတိပြုစေချင်ပါသည်။

7 Day

နှစ်ယောက်တွဲပုံအဟောင်း ဖေ့စ်ဘွတ်ခ်တင်ခဲ့တဲ့ ထူးအယ်လင်းကို မီးမီးခဲ သတိပေး

Posted by drmyochit Friday, August 01, 2014, under | No comments

မီးမီးခဲနှင့်သမီးငယ်

အဆိုတော် ထူးအယ် လင်းက ဇနီးဟောင်း အဆိုတော် မီးမီးခဲနှင့် လွန်ခဲ့သော လေးနှစ် ကျော်က တွဲရိုက်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာသို့တင်ခဲ့ရာ ထိုကဲ့သို့လုပ်ရပ်များ ထပ်မံပြုလုပ်ပါက တရားရင်ဆိုင်သွားမည်ဖြစ် ကြောင်း မီးမီးခဲကပြောသည်။

‘‘ထူးအယ်လင်းနဲ့ အစ်မနဲ့ တစ်သက်လုံး အဆင်မပြေနိုင် တော့ဘူး။ သူလုပ်ခဲ့တဲ့ ကိစ္စတွေ အတွက်လည်း လုံးဝခွင့်မလွှတ် နိုင်ဘူး။ တရားဝင်လည်း ကွဲပြီး သားဖြစ်တဲ့အတွက်ကြောင့် ဒီပုံ က အစ်မနဲ့လည်း မဆိုင်ဘူး။ သူ့ ဘာသာ လျှောက်တင်တဲ့ကိစ္စကို အခု သတိပေးလိုက်ခြင်းပဲ။ ဒီထက်လွန်လာရင် အစ်မ တရား ရုံးထပ်တက်ဦးမှာ’’ ဟု အဆို တော် မီးမီးခဲက ဓာတ်ပုံနှင့်ပတ် သက်၍ တုံ့ပြန်သည်။

မီးမီးခဲသုံးသည်ဟု ယူဆ ရသော ဖေ့စ်ဘွတ်ခ်အကောင့် တစ်ခုတွင်လည်း ထူးအယ်လင်း ဓာတ်ပုံတင် ခြင်းကိစ္စနှင့်ပတ်သက်၍ ပြန်ပေါင်းရန် အစီအစဉ် လုံးဝ မရှိကြောင်း စသည့် စကားများ ဖြင့် ၎င်း၏ခံစားချက်များကို ပြတ် ပြတ်သားသား ရေးသားထား သည်။

ထူးအယ်လင်းသည် ၎င်း၏ပါးပြင်ကို မီးမီးခဲ အနမ်းပေးနေ သော ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်တွင် တင်လိုက်ခြင်းကြောင့် ပရိသတ် များက ပြန်ပေါင်းသွားပြီဟု ယူဆခဲ့ကြပြီး မီးမီးခဲအား ‘‘ပြန်အ ဆင်ပြေသွားပြီလား’’ ဟု အသိမိတ်ဆွေများက ဖုန်းဖြင့် ဆက် သွယ် မေးမြန်းနေကြသည့် အတွက် ထိုလုပ်ရပ်ကို လက်မခံ နိုင်ကြောင်း မီးမီးခဲကပြောသည်။

အဆိုပါ ဓာတ်ပုံသည် လွန် ခဲ့သော လေးနှစ်ကျော်က ရိုက် ကူးခဲ့သော ဓာတ်ပုံဖြစ်ပြီး ၎င်းတို့ နှစ်ဦး၏ သမီးဘာဘီ(ခေါ်) ဖြူဖြူ စင်စင်လင်းသည် အသက်ငါးနှစ် ပြည့်တော့မည်ဖြစ်၍ မီးမီးခဲက အုပ်ထိန်းခွင့် ရရှိထားကြောင်း သိရသည်။

မီးမီးခဲသည် ထူးအယ် လင်းနှင့် ကွာရှင်းခွင့်၊ ရပိုင်ခွင့်၊ သမီးအုပ်ထိန်းခွင့်များရရန် တစ် နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ပြီး ၂၀၁၄ ဧပြီ ၃၀ ရက်က တရားဝင်ကွာရှင်းခွင့်ရခဲ့ခြင်းဖြစ်သည်။

7 Day

ဒီတစ်ပတ်ကြည့်ရမယ့် ဟောလိဝုဒ်ရုပ်ရှင် Dawn of the Planet of the Apes

Posted by drmyochit Friday, August 01, 2014, under | No comments

ဒီတစ်ပတ်ကြည့်ရမယ့် ဟောလိဝုဒ်ရုပ်ရှင်
Dawn of the Planet of the Apes

စိတ်ကူးယဉ် သိပ္ပံရုပ်ရှင် အဆန်း အပြားတွေကို ကြည့်ချင်သူတွေအတွက် မကြာသေးခင်ကမှ ရုံတင်ပြသနေတဲ့  ဒါရိုက်တာ Matt Reeves ရိုက်ကူးထားသော Dawn of the Planet of the Apes ဇာတ်ကားကို ကြည့်စေချင်ပါ တယ်။ ဝေဖန်ရေးဆရာတချို့က တော့ ဒီဇာတ်ကားကို သာမန် ကောင်းတယ်ဆိုတာထက် အ ကောင်းဆုံးစိတ်ကူးယဉ်သိပ္ပံ ဇာတ်ကားတစ်ကားလို့ ချီးကျူး ထားပါတယ်။ ဒီဇာတ်ကားက ၂၀၁၁ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ Rise of the Planet of the Apes ဇာတ်ကားရဲ့ အဆက်လည်း ဖြစ် ပါတယ်။ နှစ်ဆယ်ရာစုမြေခွေး ကုမ္ပဏီက ထုတ်လုပ်ထားတာပါ။

ကမ္ဘာကြီးမှာ ဘေးဒုက္ခတွေ၊ အန္တရာယ်တွေ ကြုံတွေ့လာရ သည့် အချိန်မှာ တိုးပွားလာတဲ့ လူဝံတွေနဲ့ လူသားတွေ ထိပ်တိုက် ပြဿနာ ဖြစ်လာကြပုံတွေကို တင်ပြထားတဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။ ပဋိပက္ခတွေဟာ လူ သားနဲ့ လူဝံတွေအကြားမှာသာ မဟုတ်ဘဲ လူသားအချင်းချင်းနဲ့ လူဝံတွေကြား အမျိုးအနွယ်တူ တွေကြားမှာလည်း ရှိနေကြပါ တယ်။ ကမ္ဘာပေါ်မှာ ဘယ်သူက သာ လွှမ်းမိုးနိုင်တဲ့ မျိုးဆက်ဖြစ် မလဲဆိုတာကို လူသားနဲ့ ၀က်ဝံရဲ့ စစ်ပွဲတွေနဲ့ အဆုံးအဖြတ် လုပ် ကြတာ ဘယ်လိုတွေဖြစ်လာမ လဲ။  ဒီဇာတ်ကားက အကောင်း ဆုံး အထူးပြုလုပ်ချက်တွေနဲ့ ပုံ ဖော်တင်ပြထားပါတယ်။ ဒီဇာတ် ကားရဲ့ ကောင်းမွန်တဲ့ အထူးပြု လုပ်ချက်တွေကြောင့် လူဝံတွေရဲ့ ဒေါသ၊ ဆုံးရှုံးမှု၊ နာကြည်းချက်နဲ့ ခံစားမှုတွေကို ပရိသတ်တွေက ပါ လိုက်ပါခံစားရပါတယ်။ အထူးသဖြင့် လူဝံ ခေါင်းဆောင် Caesar အဖြစ် သရုပ်ဆောင်ချက် တွေဟာ အော်စကာတစ်ကြိုပေး မှုနဲ့ ထိုက်တန်တယ်လို့ ဝေဖန်ရေး ဆရာတွေက ရေးသားထားပါ တယ်။ Caesar အဖြစ် သရုပ် ဆောင် Andy Serkis က သရုပ် ဆောင်ထားတာပါ။

နောက်တစ်ခု မှတ်မှတ်ရရ ဝေဖန်ရေးဆရာတွေ ပြောကြ တာကတော့ Dawn of the Planet of the Apes ဇာတ်ကားဟာ ခေါင်းဆောင်မှုအရည်အသွေး တွေကို အထူးအမွှမ်းတင်ထားတဲ့ ကားလို့ ဆိုပါတယ်။ တစ်ခါတ လေလည်း လူတွေကို ကြောက်ရွံ့ နေအောင် လုပ်ထားနိုင်သူမှသာ ခေါင်းဆောင် ဖြစ်တတ်တာကို လည်း ဒီကားမှာ သရုပ်ဖော်ထား ပါတယ်။

ဒီဇာတ်ကားထဲမှာ လူဝံ ခေါင်းဆောင် Caesar ပြောကြား တဲ့ စကားလေးကလည်း မှတ် သားစရာ ကောင်းလှပါတယ်။ ‘လူဝံတွေက စစ်ကို အလိုမရှိပါဘူး တဲ့။         ။

7 Day

Telenor မှ 4G ဆင်းကတ် သန်း (၃၀) စတင်ရောင်းချပေးမည်

Posted by drmyochit Friday, August 01, 2014, under | No comments

Telenor မှ 4G အထိ အသုံးပြုနိုင်သည့် မိုဘိုင်း ဆင်းကတ်သန်း (၃၀)အား (၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချမည် ဖြစ်သည်။ အဆိုပါ ဆင်းကတ်များ တွင် Video Call, Voice Mail, Internet, SMS စသည့်ဝန်ဆောင်မှုများကိုလည်း ထည့်သွင်း ဆောင်ရွက်ထားကြောင်း Telenor Mynmar မှ သိရသည်။

Telenor အနေနဲ့တော့ စပြီးကတိ ပေးထားတဲ့အတိုင်း လိုင်စင်ရပြီး ရှစ်လအကြာမှ ရောင်းချပေးမယ်။ ဆင်းကတ်က 2G,3G သုံးလို့ ရပါတယ်။ ဈေးနှုန်း ချိုသာတဲ့ ဟန်းဆက်ကိုပါ ရောင်းချပေးဖို့ စီစဉ်ထားတယ် ဟု Telenor Mynmar မှ ပြန်ကြားရေ တာဝန်ခံ ကိုစိုးသူက ပြောသည်။ 4G အထိ အသုံးပြုနိုင် သည့် ဆင်းကတ်များအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ပြီး ဆင်းကတ် ၀ယ်ယူရာတွင် မှတ်ပုံတင်တစ်ခုဖြင့် လိုသ လောက် ၀ယ်ယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆင်းကတ်များ၏ ဈေးနှုန်း အားကျပ် (၁၅၀၀) သတ်မှတ်ထား သော်လည်း ငွေဖြည့်ကတ်မှာမူ တစ်မိနစ်(၂၅)ကျပ်နှုန်းဖြင့် အကြမ်းဖျင်း သတ်မှတ်ထားပြီး အင်တာနက် အသုံးပြုခမှာ လက်ရှိ MPT ဈေးနှုန်းထက် လျော့နည်းသွားမည် ဖြစ်ကြောင်း Telenor Mynmar မှ သိရသည်။

ဘယ်သူပဲ ရောင်းရောင်း ဈေးသက်သာပြီး လိုင်းကောင်းတဲ့ ဆင်းကတ်ကိုပဲ ၀ယ်မှာပါ။ အခုသုံးနေတဲ့ MEC ဆင်းကတ်ဆိုရင် လိုင်းမမိတာနဲ့ တော် တော် စိတ်ညစ်ရတယ် ဟု ကုမ္ပဏီဝန်ထမ်း မနွယ်နီဝင်းက ဆိုသည်။ လက်ရှိ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ အဆင့်မြှင့်တင်ရန် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း၊ ရတနာပုံ တယ်လီပို့၊ Ooredoo နှင့် Telenor တို့ ယှဉ်ပြိုင် လုပ်ကိုင်နေပြီး ယင်းထဲမှ Ooredoo သည် ပြည်သူများအား စိတ်ဝင်စားဖွယ် ၀န်ဆောင်မှုများဖြင့် စတင် ရောင်းချပေးလျက်ရှိသည်။

Credit : Messenger News

ထိုင်ဝမ်က ကောင်းရှုံမြို့မှာ ဓာတ်ငွေ့ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်

ဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးပြီး လူ ၂၇၀ လောက် ဒဏ်ရာရတယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။ ဘာကြောင့် စပြီး ပေါက်ကွဲတယ်ဆိုတာ မသိရသေးပေမယ့် ဓာတ်ငွေ့ပိုက်လိုင်းပေါက်တာ ဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် လမ်းမအလယ်မှာ ချိုင့်ခွက်ကြီး ဖြစ်သွားသလို ယာဉ်တွေအများအပြားလည်း ပျက်စီးခဲ့ပါတယ်။ ကြာသပတေးညက ပေါက်ကွဲပြီး မီးလောင်ခဲ့တာဟာ ကောင်းရှုံမြို့ရဲ့ Cianjhen ရပ်ကွက်မှာလို့လည်း သိရပါတယ်။







BBC Burmese

ဥာဏ်ကြီးရှင်တစ်ယောက်လိုဖြစ်အောင်ဘယ်လိုလုပ်မလဲ

Posted by drmyochit Friday, August 01, 2014, under | No comments


ကမ္ဘာပေါ်တွင် အထက်မြက်ဆုံးလူသားကိုသင်သိပါသလား? သာမန်လူအများစုရဲ့ အိုင်ကျူဟာ ၁၀၀ပတ်ဝန်းကျင်မှာရှိပင်မဲ့၊ ဥာဏ်ကြီးရှင်များရဲ့ အိုင်ကျူဟာဆိုရင် ၁၄၀နှင့်အထက်မှာရှိကြပါတယ်။

အသိဥာဏ်ကို အိုက်ကျူအမှတ်နှင့်တိုင်းတာရာမှာအငြင်းပွားစရာများစွာရှိသလို ကျွန်တော်တို့အားလုံးဟာ အလွန်တော်တဲ့ ပါရမီရှင်ဖြစ်ဖို့မလွယ်ကူပါဘူး။ သို့သော်ငြားလည်း ကမ္ဘာကျော် ဥာဏ်ကြီးရှင် အထင်ကရများဖြစ်တဲ့ ဘေးလ်ဂိတ်၊ အဲလ်ဘတ် အိုင်းစတိုင်အစရှိသည် တို့ရှေ့ဆောင်လုပ်ပြခဲ့တဲ့
ပင်ကိုလက္ခဏာ၊ အကျင့်စရိုက်တို့ကို လေ့လာဆည်းပူးပြီး လက်တွေ့အသုံးချမယ်ဆိုရင်တော့ သင်ဟာ အောင်မြင်ပြီးသြဇာကြီးမားတဲ့ သူတစ်ဦးဖြစ်လာမှာပါ။

အဆိုပါအောင်မြင်သူများရဲ့ အကျင့်စရိုက်တွေထဲက အချက်လေးချက်ကိုဝေမျှလိုက်ပါတယ်။

၁) မဆုတ်မနစ်ကြိုးစားပါ- အရှုံးသမားတစ်ယောက်လို ဘယ်တော့မှမခံယူပါနဲ့။ သောမတ်အဲဒီဆင်ဟာဆိုရင်ဖြင့် မီးသီးတစ်လုံးထွန်းလင်းတောက်ပဖို့ အတွက် ထောင်ပေါင်းများစွာသောမီးသီးများစွာကိုစမ်းသပ်ပြီးမှ သူ့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်တာပါ။

၂) ရယ်မှန်းချက်ကိုအလေးနက်ထားပါ- ဘ၀အတွက် အမြင့်ဆုံးသောရည်မှန်းချက်ကိုထားပါ။ အပေါင်းအသင်းများနဲ့လည်း ဆွေးနွေးတိုင်ပင်ပါ။ ထိုမှတဆင့်ရည်မှန်းချက်ကို ရအောင်ဖန်တီးနိုင်တဲ့သူတစ်ဦးဖြစ်အောင်ကြိုးစားပါ။

၃) စာများများဖတ်ပါ- တစ်ရက်မှာ စာ၁၅မိနစ်ဖတ်ရုံဖြင့် တနှစ်မှာ စာလုံးပေါင်းတသန်းကျော်ဖတ်ရှုသူတဦးဖြစ်လာမှာပါ။

၎) သိလို၊လေ့လာလိုစိတ်ရှိပါ- ထက်မြက်သူများဟာ အမြဲလိုလိုမေးခွန်းများစွာရှိပြီး၊ ပတ်ဝန်းကျင်ရှိအရာများကို လေးလေးနက်နက်တွေးခေါ်သူများဖြစ်သလို၊
အကောင်းဆုံးသောအရာ ဟာဘာလဲဆိုတာကောက်ချက်ချနိုင်သူများလည်းဖြစ်ကြပါတယ်။

Ref: Entrepreneur
Mr. Guy
World Myanmar

အမေရိကန်တွင် ကားပါကင်ထဲ လေယာဉ်ငယ် ပျက်ကျပြီး (၁)ဦးသေဆုံး

Posted by drmyochit Friday, August 01, 2014, under | No comments


အမေရိကန်နိုင်ငံ၊ ဆန်ဒီယေဂိုတွင် လူစည်ကားသော နေရာရှိ ကားပါကင်ထဲသို့ လေယာဉ်ငယ်တစ်စီး ပျက်ကျရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်(၃၀)ရက် ညနေပိုင်းက Mooney M-20L အမျိုးအစား အင်ဂျင်တစ်လုံးတပ် လေယာဉ်ငယ်သည် စတိုးဆိုင် နှစ်ခုအနီး ကားပါကင်ထဲ ပျက်ကျလာခဲ့သည်။ ဆန်ဒီယေဂို မီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရ အရာရှိ လီဆွမ်ဆန်က သေဆုံးသွားသော အမျိုးသမီးသည် လေယာဉ်ပေါ် လိုက်ပါလာသည့် ခရီးသည်ဖြစ်ကြောင်း ဆိုသည်။ လေယာဉ်မောင်းသူမှာလည်း အမျိုးသမီး တစ်ဦးဖြစ်ပြီး ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရသည်။ သူမ၏ ဒဏ်ရာ အခြေအနေကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။

ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရ အရာရှိ စတိဗ်ဘားရန့်ဒ်က လေယာဉ်သည် စတိုးဆိုင် တစ်ခု၏ အမိုးနှင့် မီးတိုင်တစ်ချောင်းတို့ကို ဖြတ်တိုက်သွားပြီးမှ ကားပါကင်ထဲ ပျက်ကျခဲ့ခြင်းဟု ဆိုသည်။ လေယာဉ်သည် ပျက်ကျချိန်တွင် မီးလောင်ကျွမ်းခဲ့ပြီး သေဆုံးသူ အမျိုးသမီးသည် ဆိုးဆိုးရွားရွား မီးလောင်ထားခဲ့ကြောင်း သိရှိရသည်။

လေယာဉ်ပျက်ကျစဉ် အကူအညီပေးရန် သွားရောက်ခဲ့သူ နှစ်ဦးမှာလည်း မီးလောင်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပြီး တစ်ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရသည်။ ဖြစ်စဉ်ကို ပြည်နယ်အစိုးရ လေကြောင်းပျံသန်းမှု စီမံကွပ်ကဲရေး ဌာနနှင့် အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံမှု ဘုတ်အဖွဲ့တို့က တာဝန်ယူ စစ်ဆေးလျက်ရှိသည်။

_Ref: USA Today
7day daily

ဆေးမူးနေတဲ့ ပြစ်မှုကျူးလွန်သူ ယာဉ်ထိန်းရဲကိုပါ ထိုးကြိတ်

Posted by drmyochit Friday, August 01, 2014, under | No comments

ယာဉ်တိမ်းမှောက်ကျူးလွန်သူက ယာဉ်ထိန်းရဲကို ကိုယ်ထိလက်ရောက် ထိုးကြိတ်ပြီး ဆေးရုံတံခါးမှန်ကိုပါ ရိုက်ခွဲမှုတစ်ခု ကျိုင်းတုံမြို့မှာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့ မနက် ၁၁ နာရီ ၄၅ မိနစ်က ကျိုင်းတုံ-လေယာဉ်ကွင်းလမ်းနဲ့ စွန်တောင်း ဘုရားကုန်းဆင်း လမ်းဆုံမှာ ဆိုင်ကယ်တစ်စီး မှောက်သွားတယ်ဆိုတဲ့ သတင်းကြောင့် တာဝန်မှူး ရဲတပ်ကြပ်ကြီး ဌေးမန်းအပါအဝင် လေးဦးက သွားရောက်စစ်ဆေးခဲ့ပါတယ်။ အခင်းဖြစ်တဲ့နေရာကို ရောက်တဲ့အချိန်မှာ ဆိုင်ကယ်မောင်းတဲ့သူကို မတွေ့ရဘဲ ဒဏ်ရာရသူ ကလေးငယ် နှစ်ဦးကိုပဲ တွေ့ရတာကြောင့် ဆေးရုံပို့ပေးဖို့ ပြင်နေချိန်မှာ ဆိုင်ကယ်မောင်းသူဟာ ဒဏ်ရာတွေနဲ့ ပြန်ရောက်လာတယ်လို့ အမှတ် ၆၄ ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်လွင်က ဆိုပါတယ်။

ဒဏ်ရာရနေတဲ့ ဆိုင်ကယ်မောင်းသူကို တစ်ပါတည်း ဆေးရုံကိုလိုက်ဖို့ပြောတဲ့ တပ်ကြပ်ကြီးဌေးမန်းကို ဆိုင်ကယ်မောင်းသူက ထိုးကြိတ်ခဲ့တာ ဖြစ်တယ်လို့လည်း ဒုရဲမှူးအောင်လွင်က ပြောပြပါတယ်။

“ပြစ်မှုကျူးလွန်တဲ့သူက မူးယစ်ဆေးဝါး သုံးစွဲတတ်သူလို့ သိရတယ်။ အခင်းမဖြစ်မီက သူ့မိန်းမနဲ့ ပြဿနာ တက်ခဲ့လို့ သူ့သားနှစ်ယောက်နဲ့ ဆိုင်ကယ်စီးလာချိန်မှာ အရှိန်လွန်ပြီး မှောက်သွားတာ။ ဒဏ်ရာရတဲ့ ကလေးနှစ်ယောက် ကိုပစ်ထားခဲ့ပြီး ဆိုင်ကယ်နဲ့ပြန်လာချိန်မှာမှ အခုလို ပြဿနာဖြစ်သွားတာ။ ကလေးနှစ်ယောက်နဲ့ သူထိုးလိုက်လို့ ဘယ်ဘက်ပါးမှာ ဒဏ်ရာရသွားတဲ့ တပ်ဖွဲ့ဝင်ကိုတော့ ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ကုသနေပါတယ်။ သူက ဆေးရုံကြီးထဲမှာလည်း သွားအော်ဟစ်သောင်းကျန်းပြီး တံခါးမှန်တွေ ရိုက်ခွဲတယ်လို့ သိရတယ်” လို့ ဒုရဲမှူးအောင်လွင်က ဆိုပါတယ်။

ကျိုင်းတုံမြို့ အထွေထွေရောဂါကု ဆေးရုံကြီးနှင့် အမှတ် ၆၄ ပြည်သူ့ဆေးရုံကြီးအတွင်းမှာ လူတစ်ဦး ဝင်ပြီး ဆူပူ အော်ဟစ်နေရုံမက တံခါးမှန်ရိုက်ခွဲမှုဖြစ်ခဲ့တာ မှန်ပေမယ့်လည်း ၂ ပေ x ၁ ပေခွဲခန့်ရှိတဲ့ တံခါးမှန်တစ်ချပ်ပဲ ကွဲတာကြောင့် ပြစ်မှုကျူးလွန်သူကို အမှုမဖွင့်ဘူးလို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ကြည်လွင်က အတည်ပြုပြောပါတယ်။

ခုဖြစ်စဉ်မှာ ပြစ်မှုကျုးလွန်တဲ့ နေလင်းထွန်း(ခ)ရှောက်မိန်ကို (ပ) ၈၅/ ၂၀၁၄ ပြစ်မှု ပုဒ်မ ၃၃၂ နဲ့ ယာဉ် (ပ) ၃၄/၂၀၁၄ ပြစ်မှုပုဒ်မ ၃၃၇ အရ အရေးယူထားတယ်လို့ သိရပါတယ်။

The Voice Weekly

တရုတ်သို့ လူကုန်ကူးခံရပြီး ပြန်လွှဲပြောင်းပေးသူ ခုနစ်လအတွင်း ၇၉ ဦးရှိ

Posted by drmyochit Friday, August 01, 2014, under | No comments

တရုတ်နိုင်ငံသို့ လူကုန် ကူးခံရပြီး မူဆယ်မြို့ရှိ လူကုန်ကူး မှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့ သို့ ပြန်လည်လွှဲပြောင်းပေးသူယခု နှစ် ခုနစ်လတaာကာလအတွင်းလူ ၇၉ဦးရှိကြောင်းသတင်းရရှိသည်။
လူကုန်ကူးမှု တားဆီးကာ ကွယ်ရေးရဲတပ်ဖွဲ့ အနေဖြင့် လူ ကုန်ကူးမှုများ ဖော်ထုတ်ဖမ်း ဆီးမှုများပြုလုပ်နေသလို လူကုန် ကူးခံရသူများကိုလည်း လူဝင်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် အခြားဌာနဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်းကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်။

၂၀၀၆မှ ၂၀၁၄ခုနှစ် လက်ရှိ အချိန်ထိ မူဆယ်နယ်စပ်မှတစ် ဆင့် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရပြီး ပြန်လည်ကယ်တင်နိုင်သူ ၁၄၀၀ခန့်ရှိသည်ဟု ရဲမှူးဦးစိုင်း ညွန့်လွင်ကပြောသည်။
၎င်းတို့ကို မူဆယ်နယ်စပ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ လူကုန် ကူးရန် ကြိုးစားဖော်ထုတ်တား ဆီးခြင်း၊ တရုတ်နိုင်ငံဘက်သို့ လူ ကုန်ကူးခံရပြီးသူများအားတရုတ် နိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ဖော်ထုတ်ဖမ်းဆီးခြင်း၊ တရုတ်နိုင် ငံရဲတပ်ဖွဲ့က ၎င်းတို့နိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်နေထိုင်မှု များကို ဖော်ထုတ်ဖမ်းဆီးကာ ပြန်လွှဲပြောင်းပေးခြင်းနှင့် တရုတ် နိုင်ငံဘက်သို့ လူကုန်ကူးခံရပြီး ကိုယ်တိုင်ထွက်ပြေးလွတ်မြောက် လာသူများစသဖြင့် လူကုန်ကူးမှု များနှင့်ဆက်စပ်ကာ ပြန်လည် ကယ်တင်နိုင်ခြင်းဖြစ်သည်ဟုဆို သည်။ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ မိသားစုဝင် ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူ ထောင်ရေးဆိုင်ရာအမျိုးသားအ ဆင့် စံသတ်မှတ်နိုင်ရေးပထမဆုံး အကြိမ်အလုပ်ရုံဆွေးနွေးပွဲကိုမြန် မာနိုင်ငံလူကုန်ကူးမှုတားဆီးကာ ကွယ်ရေးဗဟိုအဖွဲ့က ဦးဆောင် ကာ ရွှေ့ပြောင်းလုပ်သားများဆိုင် ရာနိုင်ငံတကာ အဖွဲ့အစည်း(IO M)တို့ ဇူလိုင် ၃၁ ရက်က မန္တ လေးမြို့တွင် ကျင်းပခဲ့သည်။

ဆင်းရဲမွဲတေမှု၊ အလုပ်အ ကိုင်အခွင့်အလမ်း နည်းပါးမှုနှင့် အသိဉာဏ် ဗဟုသုတအားနည်း သောကြောင့် မြန်မာနိုင်ငံမှ အမျိုး သမီးများနှင့်ကလေးငယ်များမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ လူကုန်ကူးခံနေရသည်။

အဓမ္မထိမ်းမြားလက်ထပ် ပြီးလိင်ကျွန်ပြုရန်၊ ပြည့်တန်ဆာ များအဖြစ်စေခိုင်းရန်၊ လုပ်အား ခေါင်းပုံဖြတ်ရန်၊ ကိုယ်လက်အင်္ဂါ နှင့် ခန္ဓာကိုယ်အတွင်းရှိ ကလီစာ များရောင်းစားရန်စသဖြင့်ပုံစံခု နစ်မျိုးခန့်ဖြင့် လူကုန်ကူးမှုများဖြစ် ပွားကြောင်း မြန်မာနိုင်ငံလူကုန် ကူးမှုတားဆီးကာကွယ်ရေးဗဟို အဖွဲ့မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွား သော လူကုန်ကူးမှုများ၏ ၇၀ရာ ခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ ဦးတည် သောအမှုများဖြစ်ပြီး တရုတ်အမျိုးသားများနှင့်အဓမ္မလက်ထပ် ရန်၊ တရုတ်မယားအဖြစ်ရောင်း စားရန်လူကုန်ကူးမှုများမှာအဆိုး ရွားဆုံးဖြစ်နေသည်ဟုဆိုသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အနေဖြင့် ၂၀၀၆ခုနှစ်မှ ၂၀၁၃ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လူ ကုန်ကူးမှု ၉၉၉မှု ဖမ်းဆီးအရေး ယူနိုင်ခဲ့သည်။

7Day Daily

အစ္စရေးလ် ပါလက်စတိုင်း ၇၂ နာရီကြာ အပစ်ရပ်

Posted by drmyochit Friday, August 01, 2014, under | No comments

အစ္စရေးလ် ပါလက်စတိုင်း နှစ်ဘက်တိုက်ပွဲ။ (ဇူလိုင် ၃၀၊ ၂၀၁၄)

အစ္စရေးလ်နဲ့ ပါလက်စတိုင်း တို့ကြား ကြိုတင်သတ်မှတ်ချက် တစုံတရာမထားရှိဘဲ လူသားချင်း စာနာတဲ့အနေနဲ့ ၇၂ နာရီကြာ အပစ်ရပ်စဲဖို့ သဘောတူညီ ခဲ့ကြတယ်လို့ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ကြေညာလိုက်ပါတယ်။ အပစ်အခတ် ရပ်စဲရေးကို ဒေသစံတော်ချိန် သောကြာနေ့မနက် ၈ နာရီမှာ စတင်မှာဖြစ်ပြီး၊ ဒီကာလအတွင်း ဂါဇာမှာရှိတဲ့ အရပ်သားတွေကို စစ်ဒဏ်ကြောင့် အရမ်းကို လိုအပ်နေတဲ့ အကူအညီတွေပေးသွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က ပြောပါတယ်။

ဒ့ါအပြင်အခုလို အပစ်အခတ်ရပ်စဲရေး အချိန်ကာလအတွင်း  ဒီတိုက်ခိုက်မှုတွေ အတွင်း သေဆုံးသွားတဲ့သူတွေကို သင်္ဂြိုဟ်တာတွေ၊ စားနပ်ရိက္ခာပြန်လည် ဖြည့်ဆည်းတာတွေ နဲ့ အဆောက် အအုံတွေ ပြန်လည် ပြင်ဆင်တာတွေ လုပ်ဖို့ အခွင့်အရေးရမှာဖြစ်ပါတယ်။

အစ္စရေးလ် နဲ့ ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့တွေ ဟာ ရေရှည် အပစ်အခတ်ရပ်စဲရေးကိစ္စကို ဆွေးနွေးဖို့အတွက် ကိုင်ရိုမြို့ကို ချက်ချင်း ခရီးနှင်ကြာမှာဖြစ်တယ်လို့ သူတို့ ၂ ဦးစလုံးက ပြောပါတယ်။ အပစ်အခတ် ရပ်စဲရေးကို လက်ခံကြောင်း ဟာမားစ်ဘက်က ပြောလိုက်ပေမဲ့လည်း အစ္စရေးလ်ဘက်ကတော့ ဒါနဲ့ ပတ်သက်ပြီး တစုံတရာ ပြောဆိုခြင်းမရှိခဲ့ပါဘူး။

ဒါပေမဲ့ ၂ ဘက်စလုံးက အပစ်ရပ်ဖို့အတွက် သဘောတူတယ်ဆိုတာကို ၀န်ကြီးကယ်ရီရော မစ္စတာ ဘန်ကီမွန်းရောက အာမခံပြောကြားခဲ့ပါတယ်။ ဂါဇာဒေသမှာ ၂ ဘက် အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၁၃၀၀ ကျော်သေဆုံးပြီး အစ္စရေးလ်ဘက်က စစ်သား ၅၆ ယောက် နဲ့ အရပ်သား ၃ ယောက်သေဆုံးခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်