Sunday, March 17, 2013

ရခိုင်အရေးအခင်း Fecebook မှ ဓါတ်ပုံအမှား ထုတ်လွှင့်မူ ဘင်္ဂလာဒေခ်ျ့ The Daily star သတင်းစာကြီးက ဓါတ်ပုံများနှင့် တကွ စာမျက်နာ အပြည့် ဖွင့်ချ


ရခိုင် အရေး အခင်း အတွင်း မွတ် ဆလင် များအား အစုလိုက် အပြုံလိုက် သတ်ဖြတ်နေ ပါသည်ဟု ခေါင်း စဉ် တပ်ကာ ဓါတ်ပုံ များဖြင့် နိုင်ငံ တကာ အစ္စလာမ် ဘာသာဝင်များ အကြား သတင်း ထုတ်လွှင် ခဲ့မူများ မှာ မှန်ကန်မူ မရှိကြောင်း ယနေ့ထုတ် The Daily star  သတင်းစာက ဓါတ်ပုံများနှင့် တကွ စာမျက် နာပြည့် ဖွင့် ချ လိုက်သည်။


တိဗက် ဘုန်းတော်ကြီးများ ငလျင် ကြောင့် သေဆုံးသွားသူများကို သဂြိုလ် ရန် လုပ်နေ သည်ကို မြန်မာ ဘုန်းတော်ကြီး များက မွတ် ဆလင်များကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နေပါသည်ဟု ၀ါဒ ဖြန့်ခဲ့ကြ သည်။

သတင်း စာ၏ စာမျက်နာ ၅ တစ် ခုလုံးတွင် အဆိုပါ ဓါတ်ပုံ များနှင် ဝေေ၀ ဆာဆာ ဖေါ်ပြရာတွင် ဓါတ်ပုံ များ ပေါ်တွင် အင်္ဂလိပ်လို “ Lie” အလိမ် နှင့် “ Truth” အမှန်ဟု ရေးသားကာ အလိမ် ဓါတ်ပုံနှင့် အမှန် ဓါတ်ပုံ များကို ယှဉ်တွဲကာ ပုံနှိပ် ဖေါ်ပြထားသည်။

တိဗက် ဘုန်းတော်ကြီးများ ငလျင်ကြောင့် သေဆုံး သွားသူ များကို သဂြိင်္ုလ်ရ န် စီစဉ် နေသည့် ပုံကို အမှန်“ Truth” ဟု ဓါတ်ပုံပေါ်တွင် စာလုံးကြီး များဖြင့် ဖေါ်ပြပြီး အဆိုပါ ဓါတ်ပုံပေါ်တွင် “ Stop killing Muslims in Burma” မြန်မာနိုင်ငံတွင် မွတ်ဆလင် များကို သတ်ဖြတ်မူ ရပ်တန့်ပါဟု ရေးထိုးထားသော ဓါတ်ပုံပေါ် တွင် အလိမ် “ Lie” ဟု ရေးသားကာ သတင်းစာက ဖေါ်ပြခဲ့သည်။

၎င်းပြင် တိဗက် လူငယ် တစ်ဦး အိန္ဒိယ ပါလီမန်ရှေ့တွင် ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့က မိမိကိုယ်ကို မီးရှို့ သတ်သေနေ သည့်ပုံကို ရိုဟင်ဂျာ လူငယ် တစ်ဦးကို မြန်မာတွေ သတ်နေ ပါသည်ဟု သတင်း အလိမ် တင်ထားမူ ကိုလည်း သတင်း ဓါတ်ပုံ အလိမ်နှင့် အမှန်ဟုဆိုကာ ဓါတ်ပုံ နှစ်ပုံစလုံးတွင် စာတန်းထိုး ဖေါ်ပြခဲ့သည်။

၂၀၀၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တောင်ဘက် ၇၁၅ မိုင် အကွာတွင် တည်ရှိသော Natthiwat ပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများ အပြန်အလှန် တိုက်ခိုက် မူကြောင့် အရပ်သားရာပေါင်းများစွာကို ထိုင်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားသည့်ပုံကို “ Burma Muslim Massacre- Why world is still silent ???? ဟု ခေါင်းစဉ်တပ်ကာ ကမ္ဘာ မွတ်ဆလင် များ အား လိမ်လည် စည်းရုံးခဲ့သည့် ဓါတ်ပုံကိုလည်း အလိမ်တင်ထားသည့် ဓါတ်ပုံဟု ဆိုကာ  အမှန် ဓါတ်ပုံနှင့် အတူ ယှဉ်တွဲ ဖေါ်ပြ သည်။

အထူး စိတ်ဝင်စားစရာ ကောင်းသည်မှာ Theo Van Gogh’s television မှ ထုတ်လွှင့်သော Documentary မှ  အမျိုးသမီး တစ်ဦး၏ နောက်ကျောပေါ်တွင် အာရပ်ဘာသာဖြင့် စာရေးသားထားသော ဓါတ်ပုံ ကို ယူပြီး အဆိုပါ ဓါတ်ပုံပေါ်တွင်“ Stop Killing Muslim in Burma’s photo” ဟု ရေးသား ထားမူမှာ “ Lie” အလိမ်ဟု ဆိုကာ ဖေါ်ပြခဲ့သည်။

ယခုကဲ့သို့ ဘင်္ဂလာဒေခ်ျ့မှ နာမည်အကြီးဆုံး သတင်း စာကြီးမှ ရခိုင်အရေး အခင်းတွင် ဓါတ်ပုံ အမှားများ ထုတ် လွှင့် မူကို ဖွင့်ချ ဖေါ်ထုတ် ရခြင်းမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနေဖြင့်လည်း ရခိုင်အရေး အခင်းကဲ့သို့ ဓါတ်ပုံ အမှားများ ထုတ်လွှင့်မူနှင့် ရင်ဆိုင် ကြုံတွေ့နေရ၍ ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလီ အမျိုးသား ထောင်ပေါင်းများစွာက ဒက္ကားမြို့ Shahbagh  အရပ်တွင် ၁၉၇၁ ခုနှစ် ဘင်္ဂလာဒေခ်ျ့ စစ်ပွဲ အတွင်း စစ်ရာဇ၀တ်မူ ကျူးလွန်ခဲ့သူများကို သေဒဏ်ပေးရန် တောင်းဆိုနေသော ဓါတ်ပုံများကို ပြောင်းပြန် လှန်ကာ သေဒဏ်ပေးရန်ကို ဆန့်ကျင်နေသော ဘင်္ဂလီ ပြည်သူများဟု စာတန်းထိုးကာ ကမ္ဘာ ကို ဖြန့်ချီနေကြ သည်ဟု ဆိုသည်။

အလားတူ တူရကီနိုင်ငံတွင် သူ့နိုင်ငံ အတွင်း  ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကိုလည်း ဘင်္ဂလာဒေခ်ျ့တွင် စစ်ရာ ဇ၀တ်မူ ကျူးလွတ်သူများဟု စွပ်စွဲခံထားရသူ ခေါင်းဆောင်များ သေဒဏ်ပေးမည်ကို တူရကီနိုင်ငံ သားများ ကလည်း ဆန့်ကျင်နေကြသည်ဟု ဆိုကာ ဘင်္ဂလာဒေခ်ျ့တွင် ၀ါဒဖြန့်နေကြသည်ဟု ဆိုသည်။

The Dailystar သတင်းစာကြီးက အဆိုပါ ဓါတ်ပုံများကိုပါ ရခိုင်အရေးအခင်း အလိမ် ဓါတ်ပုံများနှင့် အတူ ယှဉ် တွဲကာ ပုံနှိပ် ဖေါ်ပြထားသည်။

(နိရဉ္စရာ)

လက်ပန်တောင်းတောင် ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကော်မတီ၏ တုံသပိတ်စခန်းနှင့် လိပ်ခွံတောင်၊ အင်ကြင်းတောင် သပိတ်စခန်းများအား ရုတ်သိမ်းသည့်ကြေငြာချက်

Posted by drmyochit Sunday, March 17, 2013, under | No comments


၁၃၇၄ခုနှစ်၊ တပေါင်း လဆန်း (၅) ရက်။

၂၀၁၃ ခုနှစ်၊ မတ်လ (၁၆)ရက်။ ၁၂၊ ၁၂၊ ၂၀၁၂ ရက်နေ့ တွင် စတင်ဖွင့်လှစ် ခဲ့သော တုံရွာထိပ် သပိတ် စခန်းနှင့် ၇၊ ၃၊ ၂၀၁၃ ရက်နေ့တွင် တောင်သိမ်း တိုက်ပွဲပြုလုပ်၍ ဖွင့်လှစ်ခဲ့သော လိပ်ခွံ တောင်နှင့် အင် ကြင်းေ တာင် သပိတ် စခန်းအား လက်ပံ တောင်းတောင် ပြည်သူ့ အကျိုး စီးပွား ကာ ကွယ် စောင့်ရှောက် ရေးကော် မတီ၏ ဆုံးဖြတ် ချက်အရ ယနေ့ (၁၆၊ ၃၊ ၂၀၁၂) ရက်နေ့ ညနေ (၄း၀၀) တွင် ရုပ်သိမ်းလိုက်သည်။

အဆိုပါ သပိတ် စခန်း များအား လက်ပန်တောင်း တောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး တွင် အထောက် အကူပြုေ စရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ မိမိတို့ရည်ရွယ်ခဲ့သည့်အလျောက်လည်း အဆိုပါ သပိတ် စခန်းများသည် လက်ပန်တောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး တွင် များစွာ အထောက် အ ကူပြု ခဲ့ပါသည်။ 

သပိတ်စခန်းများကြောင့် ဒေသခံပြည်သူများ၏ စည်းလုံးညီညွတ်မှုနှင့်ီုနိုးကြားမှုများ မြင့်တက်လာခဲ့ပါသည်။ ဒေသတွင်း မြင့်တက်လာသော ပဋိက္ခ အရှိန်အဟုန်များအားလျှော့ချစေရေး၊ ထိပ်တိုက်တွေ့ဆုံရေးများအား ရှောင်လွှဲနိုင်ရေးတို့အပြင်ဖြစ်ပေါ်လာသော အခြေအနေများအရ လက်ပန်တောင်းတောင် ကြေးနီ စီမံကိန်း ဖျ က်သိမ်းရေး တောင်းဆိုမှုအား အခြားသော နည်းလမ်းများဖြင့် ဆက်လက်ဆောင် ရွက်သွားနို င်ရေးအတွက် ယခုကဲ့သို့ ရုတ်သိမ်းလိုက်ခြင်းဖြစ်သည်။

ဒေသခံပြည်သူများက ယခုကဲ့သို့ သပိတ်စခန်းအားတစ်ဖက်သတ်ရုတ်သိမ်းလိုက်ည့် အလားတူ သက်ဆိုင် ရာ အာဏာပိုင်များကလည်းေ ဒသခံများ၏ သွားလာခွင့်အား ကန့်သတ်ထားသော ပုဒ်မ-၁၄၄ အားရုတ် သိမ်းေ ပးရန် တောင်းဆိုလိုက်သည်။ ဤသို့ ရုတ်သိမ်းပေးခြင်း သည်သာ ဒေသတွင်းတည်ငြိမ်မှု အတွက် နှစ်ဖက်မျှတသော လုပ်ဆောင်ချက်ဖြစ်မည် ယုံကြည်ပါသည်။

လက်ပန်တောင်းတောင် ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးေ က်ာမတီ။ သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီ ၁၆၊ ၃၊ ၂၀၁၃။

ဓာတ်ပုံ - Hot News
News of Myanmar

ဖမ်းဆီးခံ ဘင်္ဂလာဒေခ်ျ့ ရဲသား (၃) ဦး ကိစ္စ ဖြေရှင်းရန် နှစ်နိုင်ငံ တပ်မှူး အဆင့် အလံတင် အစည်းအဝေး ပြုလုပ်မည်

Posted by drmyochit Sunday, March 17, 2013, under | No comments


မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား နှစ်နိုင်ငံ တပ်မှူး အ ဆင့် အလံတင် အစည်း အဝေးကို ယနေ့တွင် ပြုလုပ် မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Photo: နစကနှင့် ဘင်္ဂလာ ဘီဂျီဘီများ ယခင်က ပြုလုပ်သော အလံတင် ဆွေးနွေးပွဲ။

ဘင်္ဂလာဒေခ်ျ့ ရဲတပ်သား (၃) ဦးနှင့် အရပ်သား တစ်ဦး တို့  ဗုဒ္ဓဟူး နေ့ က  မြန်မာ နစက တပ်ဖွဲ့၏ ဖမ်းဆီး မူ ကို ခံရပြီးနောက် နယ်စပ် အခြေ အနေ တင်းမာလာ ရာမှ နှစ်နိုင်ငံ အနေဖြင့် တပ်မှူး အဆင့် အစည်း အဝေး ပြုလုပ်ရန် သဘော တူ ခဲ့ကြခြင်း ဖြစ် သည်။

နှစ်နိုင်ငံ အလံတင် အစည်း အဝေးတွင် မြန်မာ ဘက်က ဖမ်းဆီး ထားသော ဘင်္ဂလာဒေခ်ျ့ ရဲသား (၃) ဦးနှင့် အရပ်သား တစ်ဦးကို ပြန်လည် လွှတ်ပေး လိမ့်မည်ဟု ဘင်္ဂလာ တာဝန် ရှိသူ များက မျှော်လင့်နေကြောင်း သိ ရသည်။

ဘင်္ဂလာ ရုပ်သံဌာနများမှ အဆိုပါ သတင်းကို ထုတ်လွှင့် ဖေါ်ပြနေ ရာ ဖမ်းဆီးခံရသူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား များကို ယနေ့ မြန်မာဘက်က လွှဲပြောင်းပေး မည်ဟု ဖေါ်ပြသည်။

အစော ပိုင်းတွင် မြန်မာဘက်မှ  အဆိုပါ အဖမ်းအဆီး ကိစ္စနှင့် တစ်စုံတစ်ရာ တုန့်ပြန် ပြောဆိုခဲ့ခြင်း မရှိ ခဲ့ကြောင်း သိရသည်။

ယနေ့ ပြုလုပ်မည့် တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်း ခေါင်းတုံးတွင် ပြုလုပ် မည်ဟု သိရသည်။

ဖမ်းဆီးခံ ဘင်္ဂလာဒေခ်ျ့ (၄) ဦးကို  မြန်မာနိုင်ငံထဲ ၀င်ရောက် ဓါတ်ပုံ ရိုက်ရာမှ ဖမ်းဆီးခြင်း ဖြစ်ကြောင်း မြန်မာ ဘက်က ပြောသော်လည်း ဘင်္ဂလာဒေခ်ျ့ဘက်ကမူ သူ့နိုင်ငံထဲထိ နစကတပ်ဖွဲ့မှ ၀င်ရောက်ပြီး သေ နတ်ဖြင့် တည့်ကာ ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ပြောသည်။

ဘင်္ဂလာဒေခ်ျ့ နယ်စပ် လက်ကိုင် တပ်ဖွဲ့မှ တပ်သားများ  မြန်မာနိုင်ငံထဲ ဖမ်းဆီး ခေါ်ဆောင်ခံရသည်မှာ ဆယ်စုနှစ် တစ်ခု အတွင်း ယခု အကြိမ်သည် ပထမဆုံး ဖြစ်သည်။

နိရဉ္ဇရာ

ရခိုင်ပုဏ္ဏားကျွန်းး အခြေခံပညာ အထက်တန်းကျောင်း မီးလောင်ကျွမ်းမှု မြို့နယ်ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ

Posted by drmyochit Sunday, March 17, 2013, under | No comments

ရခိုင်-မတ်၁၇

မတ်လ ၁၆ ရက်နေ့ မနက် ၂ နာရီ အချိန်ခန့်က ပုဏ္ဏားကျွန်းး မြို့နယ် အခြေခံ ပညာ အထက်တန်းကျောင်း စာသင်ခန်း (၄) ဆောင် မီးလောင် ကျွမ်းမှု အခြေအနေကို မြို့နယ်ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေး မှုများ ပြုလုပ်နေပြီဟု ယနေ့တွင် ပြည်နယ် ပညာရေး မှူးရုံး က အတည်ပြုပြောဆိုလိုက်သည်။

တက္ကသိုလ် ၀င်တန်း စာမေးပွဲခန်း အဖြစ် အသုံးပြုနေ သည့် အဆိုပါ မီးလောင် ကျွမ်းခဲ့ရသည့် ကိစ္စရပ် အပေါ် ပြည်နယ် ပညာရေး မှူးရုံး ကလည်း သံသ ယဖြစ်ဖွယ် ကောင်းကြောင်း ပြော ဆိုပြီး ၎င်းစာမေး ပွဲခန်းကို အသုံးပြုနေသည့် ကျောင်း သားများ အဆင်ပြေစေ ရန် အစီအစဉ်ရေးဆွဲ ထားပြီးဖြစ် သည်ဟု ပေါ်ပြူလာနယူးစ်သို့ ဆိုသည်။

“ပုဏ္ဏားကျွန်း အထကကျောင်းနဲ့ တစ်ဖာလုံလောက်ပဲဝေးတဲ့ အမကမြို့သစ်ကျောင်းမှာ စာစစ်ဌာနတစ်ခု ဖွင့်ပါ မယ်။ စုစုပေါင်း ကျောင်း သားကျောင်းသူ ၁၂၀ ဖြေဆိုကြပါလိမ့်မယ်”ဟု ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိ သူက ပြောသည်။

PN-051
ဓါတ်ပုံ - အောင်ကျော်ဝင်း (Facebook)

Popular Myanmar News Journal

ချင်းပြည်နယ်က သတ္တု တူးဖော်မယ့် စီမံကိန်း ကိုပြည်နယ် လွှတ်တော် ကိုယ်စား လှယ်တောင်..သေချာ မသိရ ဟုဆို

Posted by drmyochit Sunday, March 17, 2013, under | 1 comment

ချင်းပြည် နယ်ရှိမြွေတောင် ဖားတောင်အား သတ္တုတူးဖော် ရေး လုပ်ငန်းဆောင် ရွက်ရန် တရုတ်နိုင်ငံမှ လာရောက် စမ်းသပ် တိုင်း တာ မှုများပြု လုပ်နေကြောင်း သိရသည်။
အဆိုပါ ကဲ့သို့  စမ်းသပ်ရေး တူးဖော်မှုများပြုလုပ်နေသော် လည်း လွှတ်တော် ကိုယ် စား လှယ် တစ်ဦး အနေဖြင့် သိရှိ ရခြင်း မရှိ ကြောင်း ချင်းပြည်နယ်လွှတ်တော် ကိုယ်စား လှယ်ဦး ပူဇိုဇမ်က မတ်လ ၁၄ရက်က ပြောကြား သည်။““ ကျွန်တော့် အနေနဲ့ အဲတောင်တွေ ကို မြွေတောင် ဖားတောင် လို့ခေါ် နေတာ ထက်မြွေခေါင်းတောင်ဖား ခေါင်းတောင် လို့ခေါ်စေ ချင်ပါ တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ဟာအဲ ဒီမြွေတောင် နား က ပြည်သူတွေ ကမဲပေးလို့ ကျွန်တော် ချင်းပြည် နယ်လွှတ်တော် အမတ် တစ်ဦး အနေနဲ့ လွှတ်တော်  ထဲ ကိုရောက် ပါတယ်။ အခုဒီမြွေ တောင်ဖားတောင် ဓာတ် သတ်္ထု တူးဖော် ဖို့အတွက် တရုတ် ကုမ္ပ ဏီ တစ် ခု ကလုပ် ငန်းတွေ ဘာတွေစ တော့မယ်။အဲဒါနဲ့ ပတ် သက်ပြီး လာမယ့် ၂၆ရက်မှာ လူထု Meeting လုပ်ပါမယ်””ဟုပြောကြားခဲ့ သည်။


““အဲလိုမျိုးတွေ ရှိတယ်ဆိုတာ ကို မြန်မာနိုင်ငံတော်လှန်ရေး ကောင်စီလက်ထက်ထဲကသိခဲ့ တယ်။ ဒါပေ မယ့် ဘာမှမလုပ်ခဲ့ ဘူးဘာမှလည်းမတူးဖော်ခဲ့ဘူး။ လွန်ခဲ့တဲ့ ၅နှစ်လောက်က တရုတ် ပြည်က ကုမ္ပဏီ တစ်ခုကဓာတ် သတ်္တုတူးဖော်ဖို့အတွက် ဆာဗေး တွေဘာတွေလုပ်လာတာ။အခုကျ တော့လုပ် ခွင့်ပါမစ်တွေ ဘာတွေ ကျပြီနဲ့ထင်တယ်။ ခက်တာက ကျွန်တော်ကိုယ်တိုင်အဲဒီပြည်နယ် က လွှတ်တော် ကိုယ်စားလှယ် အဲဒီက ဘာပစ္စည်းထွက်မှန်း ကျွန်တော်တောင်မသိဘူးနောက် ဘယ်ကုမ္ပဏီ ကလာတူး မှန်းလည်း မသိဘူး ဘာအတွက်လာ တူးမှန်းလဲမသိဘူး ဘာမှန်းညာ မှန်းလည်းမသိဘူး အဲဒီအတွက် ကျွန်တော် တို့မြေကြီးအောက်မှာ ရှိနေတဲ့ သတ္တုတွေကို ကျွန်တော် တို့ကဖော်ထုတ်ပေးရမယ်ဆိုတဲ့ ပုံစံဖြစ်နေ တယ်။ ဖော်ထုတ်တဲ့အခါ မှာ ဒီဟာတွေက အလကားပေး တာလား၊ပိုက်ဆံနဲ့ရောင်းတာလား နားလည် မှုနဲ့ လုပ်တာလားဆိုတာ ကိုမသိဘူး အဲဒီပြဿနာက အရေး ကြီးဆုံးပြဿနာဖြစ်နေတယ်””ဟု ပြောကြား ခဲ့သည်။

ယင်းကိစ္စများကြောင့် ချင်း ပြည်နယ်ရှိဒေသခံများသည် ဒုတိယလက်ပံတောင်းတောင်ကဲ့သို့ ဖြစ်လာ မည်စိုးရိမ် တနေပြီး အဆို ပါစီမံကိန်းဆောင်ရွက်ဖြစ်ပါက ယင်းမြွေတောင်ဖားတောင်အနီး တစ်ဝိုက်ရှိ ရွာငါး ရွာသည် ပြောင်း ရွှေ့ဖွယ်ရှိကြောင်း အထက်ပါ လွှတ်တော်ကိုယ်စားလှယ်၏ပြော ကြားချက် အရသိရှိရ သည်။

ဖြိုးအောင်
Hot News

ရှေ့ နေ များ ကွန်ယက် က လက်ပံတောင်း တောင် စီမံ ကိန်း ဆက်မလုပ် သင့် ဟု ကြေငြာချက် ထုတ်

Posted by drmyochit Sunday, March 17, 2013, under | No comments

လက်ပန်းတောင်းတောင် စီမံကိန်း ကော်မရှင် အစီရင် ခံ စာ နှင့် ပတ်သက် ပြီး ရှေ့  နေ များ ကွန်ယက် က သဘော ထား ကြေငြာ ချက် စာ တစ်စောင် ထုတ် ပြန်ရာ တွင် မီးစုံး ပါသော ၊ မီးလောင်စေတတ်သော လက် နက် များ အလွန် အကျွံ သုံး စွဲ ပြီး အကြမ်းဖက် ဖြို ခွဲ ခဲ့ မှု အား တစ်စုံ တစ်ရာ အရေး ယူပေး ပါရန် မပါ ၀င် ၍ ကန့် ကွက် သည် ဟု ဖော်ပြထား သည်။

ရှေ့  နေ များ ကွန် ယက် က မတ်လ ၁၅ ရက် နေ့  နေ့ စွဲ ဖြင့် ထုတ် ပြန်သည့် ကြေငြာချက် တွင်နိုင်ငံ တကာ သဘောတူ စာချုပ် များ ချုပ် ဆိုထား ၍ မဖြစ် မနေ လိုက်နာရမည့် တရားသေ ဥပဒေ ပြဌာန်းချက် လည်း မရှိကြောင်း မသမာမှု များ ၊ ပွင့်လင်း မြင်သာ မှု များ မရှိ ပါက ပုဂ္ဂလိကစာချုပ် ၊ နိုင်ငံ တကာ စာ ချုပ် များ ကို အချိန် မရွေး ဖျက် ပစ် နိုင် ကြောင်း ကို လည်း နိုင်ငံ တကာဖြစ် ရပ် များ ကို ကိုကား ပြီး သက်သေ သာဓက အနေဖြင့် ဖော်ပြထားသည်။

လက်ပံတန်းတောင်း တောင် ကြေးနီ စီမံ ကိန်း နှင့် ပတ်သက် သည့် စုံစမ်း စစ်ဆေးရေး ကော်မရှင် တွင် သဘာဝ ပတ်ဝန်းကျင် နားလည် တတ် ကျွမ်းသည့် ပညာရှင် များ မပါဝင် သဖြင့် ကောင်းမွန်ပြီး ပြည့် စုံသည့် အစီရင်ခံ စာ ဟု မှတ်ယူ ၍ မရ ကြောင်း ထို့  အတွက် စီမံကိန်းကို ရပ်တန့် ထား သင့် ကြောင်း ဖော်ပြ ပါရှိသည်။

မြန်မာ ရှေ့ နေ ကွန်ယက် သည် လက်ပံတောင်းတောင် ဒေသတွင် အကြမ်းဖက် တိုက် ခိုက်မှု ဖြစ် ပွား ပြီး နောက် အမေရိကန် နိုင်ငံ မှ လူ့  အခွင့် အရေး ရှေ့ နေ များ နှင့် ပူး တွဲ ပြီးစုံစမ်း လေ့လာမှု ပြု ခဲ့ ရာ ကြေးနီမိုင်း သပိတ် စခန်း ကို ဖြိုခွဲ မှု မှာ ဖော့စဖရပ်(စ) ဓါတုဗုံး ကို သုံး ခဲ့ တာ ဖြစ်ကြောင်း ဇန်န၀ါရီ လ ၃၁ ရက်နေ့  က သတင်း ထုတ် ပြန် ခဲ့သည်။




 Freedom News Group

မြန်မာ့ ဂီတ အစည်းအရုံး တွင် ငွေအလွဲသုံးစားမှု တစ်ခု ဖြစ်ပွား

Posted by drmyochit Sunday, March 17, 2013, under | No comments


ကျွန်တော် တို့ဟာ အမြင့်တစ်နေရာဆီကို ရောက်ရှိ လာလေလေ… ကိုယ်ကျင့်တရား ကောင်းမွန်ဖို့ ပိုမို လိုအပ် လာလေလေပဲ ဖြစ်ပါတယ်။ ရာထူးကြီးပေ မယ့် ကိုယ် ကျင့်တရား ကောင်းမွန်ခြင်း မရှိဘူး ဆိုရင် အဲဒီလူသားကို ဘယ်သူကမှ ဆေးဖော် ကြော ဖက် လုပ်ချင်ကြမှာ မဟုတ်ပါဘူး။ မကြာ သေး ခင်က မြန်မာ နိုင်ငံ ဂီတ အစည်း အရုံး(ဗဟို) ထဲမှာ ငွေ အလွဲသုံးစား လုပ်မှု တစ်ရပ် ပေါ်ပေါက် ခဲ့ပါတယ်။ ငွေအလွဲသုံးစား ပြုလုပ်သွားသူက အလုပ် အမှုဆောင် တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ 

ပုဂ္ဂိုလ်ရေးရာ ဂုဏ်သိက္ခာ ရှိနေ သေးတာမို့ အဲဒီလူ အမည်ကို ဂီတ အစည်းအရုံး(ဗဟို)က ကြေညာထုတ်ပြန်ခြင်း မရှိသေးပါဘူး။ သတင်းတွေ အရ အဲဒီပုဂ္ဂိုလ် အလွဲသုံးစား လုပ်သွားတဲ့ ငွေပမာဏဟာ ကျပ်သိန်း လေးရာကိုးဆယ်လေးသိန်းနဲ့ တစ်ထောင်နှစ်ရာ ရှိတယ်လို့လည်း သိခဲ့ကြရပါတယ်။ ဂီတ အစည်းအရုံး (ဗဟို)ဟာ မီဒီယာတွေဆီက ရရှိမယ့် အနုပညာ ကြွေးကျန်တွေကို ပေးအပ်ပြီး ဖြစ်တဲ့အကြောင့် စာရင်းဇယား ပြသ ဖြေရှင်း လိုက်တဲ့အတွက် ငွေစာရင်း ပြန်လည် စစ်ဆေး လိုက်ချိန်မှာ ငွေကျပ်သိန်း လေးရာကျော် ကွာဟ နေတာကို မြင်တွေ့ခဲ့ကြရတာပါ။

 အခုတော့ ကာယကံရှင်ကို ခေါ်ယူ စစ်မေးပြီး သူအလွဲသုံးစား လုပ်ခဲ့မိပါတယ် ဆိုတဲ့ ၀န်ခံချက်ကိုလည်း ရရှိ ထားခဲ့ ပြီးပါပြီ။ လတ်တလောမှာတော့ အဲဒီ အလုပ်မှုဆောင် ပုဂ္ဂိုလ်ကို ဂီတ အစည်းအရုံးအဖွဲ့ဝင် အဖြစ် ကနေ ရပ်ဆိုင်းပြီး ဥပဒေ ကြောင်းအရ ဆက်လက် ဆောင်ရွက်ဖို့ စီမံ ကြရတော့မှာပါ။ “ဒီကိစ္စကို သိတော့ အရမ်းအံ့သြ ရပါတယ်။ စိတ်လည်း မကောင်း ဖြစ်မိတယ်ပေါ့နော်။ ကိုယ့် ပိုက်ဆံလည်း မဟုတ်ပဲနဲ့ တစ်လော ကလုံးနဲ့ ဆိုင်တဲ့ ငွေကို အလွဲသုံးစား လုပ်တယ်ဆိုတာတော့လေ။ 

သူကိုယ်တိုင် ၀န်ခံပြီ ဆိုမှ အခု ကြေငြာချက်ကို ထုတ်လိုက်တာပါ” ဟု ဖြစ်ပေါ်လာတဲ့ ပြဿနာအပေါ် ဂီတ အစည်းအရုံး(ဗဟို)ရဲ့ အတွင်း ရေးမှူး တေးသံရှင် ဖြူဖြူကျော်သိန်းရဲ့ ရင်တွင်း ခံစားချက်ကို ပြောပြခဲ့တာပါ။ အများပိုင်ငွေကို အလွဲသုံးစား ပြုမိသူ တစ်ယောက်ရဲ့ နိဂုံးဟာ ဘယ်ပုံ ဘယ်နည်း အဆုံးသတ်မလဲ ဆိုတာကိုတော့ ဂီတ အစည်းအရုံး အပြင် ပရိသတ်တွေလည်း စောင့်ကြည့် ကြရမှာပဲ ဖြစ်ပါတော့တယ်။

Myanmar Daily News မှ ကူးယူဖော်ပြသည်။

ငါးဖမ်းစဉ် ပါးစပ်မှ ကိုက်ထားသည့် ငါးပြေမ လည်ချောင်းထဲ ၀င်ပြီး သေဆုံး

Posted by drmyochit Sunday, March 17, 2013, under | No comments


မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဘန်လော ကျေးရွာ အုပ်စု ဘန်လင်ကျေးရွာနေ ဦးမြင့်တင် (ခ) နောင် အ (ဘ) ဦးထွန်းသွေ ၊ အသက် (၄၅) နှစ်သည် မတ် လ (၁၅) ရက်နေ့ မွန်းလွဲ (၁) နာရီ အချိန်တွင် ဘန်လော ကျေးရွာ အနီး မြစ်အတွင်း ပိုက်ချ ငါးဖမ်း ၍ ပိုက်ဖော်စဉ် ငါးပြေမ တစ်ကောင်အား မိပြီး ပါးစပ်ဖြင့် ကိုက်ကာ နောက်တစ်ကောင်အား ပိုက်မှ ဖြုတ်ယူစဉ် ပါးစပ်တွင် ကိုက်ထားသော ငါးပြေမ လည်ချောင်းထဲ တိုးဝင်ပြီး အသက်ရှုပိတ်ကာ သေဆုံးသွား ခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါ အလောင်းအား တနင်္သာရီ မြို့နယ် ရဲစခန်းမှ သေမှု သေခင်း ဖွင့်လှစ်ပြီးနောက် တနင်္သာရီမြှို ရင်ခွဲရုံ တွင် စစ်ဆေး သင်္ဂြုလ် ခဲ့ကြောင်း သတင်းရရှိပါသည်။

မြိတ်ပု လဲမြေ

မိုဘိုင်းလ်ဖုန်း အရစ်ကျသွင်းငွေများ ဆက်သွင်းရန် မလိုတော့

Posted by drmyochit Sunday, March 17, 2013, under | No comments


ဧပြီ လဆန်းတွင် မိုဘိုင်းလ် ဖုန်းများကို ငွေကျပ်ထောင် ဂဏန်း အထိ ဈေးလျှော့ရောင်း ချပေး မည်ဖြစ်ရာ မြန်မာ့ ဆက် သွယ်ရေး လုပ်ငန်းက နိုင်ငံ့ ဝန်ထမ်း များနှင့် ကျေး လက်နေပြည် သူများသို့ အရစ်ကျ စနစ်ဖြင့် ရောင်းချ ထားသော မိုဘိုင်းလ်ဖုန်း များအတွက် အရစ်ကျ လစဉ်ကြေးများ ပေး သွင်းရန် လို အပ်တော့ မည် မ ဟုတ်ကြောင်း အရစ်ကျပေးချေ သည့်စနစ်ဖြင့် ရောင်းချသည့် သဘောတူစာချုပ်ပါ ဖော်ပြ ချက် အရ သိရ သည်။ မိုဘိုင်းလ်ဖုန်း ကနဦး တပ်ဆင်ခနှုန်း ထား ပြောင်းလဲလျှော့ချ သတ်မှတ် ခဲ့ပါက သတ် မှတ်သော နှုန်းထား အသစ်ကို ခံစားခွင့် ရရှိမည် ဖြစ်သည်ဟု ယင်းစာချုပ်တွင် ဖော်ပြထားပြီး အရစ် ကျဖုန်း များအ တွက် စာချုပ်ပါ အချက် အလက် များ အတိုင်း ဆောင်ရွက် မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ပြန်ကြားရေး တာ ဝန်ခံ ဦးကျော်စိုးက ပြောကြားသည်။

 မြန်မာ့ ဆက် သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်းများကို ဇန်နဝါရီလတွင် ဈေးလျှော့ရောင်းချမည်ဟု ကနဦး သတင်း ထွက်ပေါ် ချိန်က စတင်ကာ အရစ်ကျ ဝယ်ယူသူအချို့က လစဉ် အရစ်ကျငွေ ပေးသွင်းခြင်း မပြု၍ လိုင်းေ ခတ္တ ပိတ်သိမ်း ထားခြင်းများ ရှိခဲ့ပြီး ယင်းမိုဘိုင်းလ်ဖုန်းများကို လိုင်းပြန်ဖွင့်ပေးရန် စီစဉ်နေကြောင်း မကွေး တိုင်းဒေ သကြီး အတွင်းရှိ မြို့နယ် ဆက်သွယ်ရေးရုံး တာဝန်ခံ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အရစ် ကျ စနစ်ဖြင့် မိုဘိုင်းလ်ဖုန်း ရောင်းချရာ တွင် နိုင်ငံ့ဝန်ထမ်းများ၏ အရစ်ကျ လစဉ်ပေးသွင်းငွေမှာ ၄င်းတို့ ၏ ဝန်ထမ်းလစာအတွင်းမှ ဖြတ်တောက်သည့် စနစ်ဖြစ်၍ မည်သည့်အချိန်တွင် ဖုန်းအတွက် အရစ် ကျပေး သွင်းငွေ ဖြတ်တောက်မှု ရပ်တန့်မည်ကို မသိရှိရသေးကြောင်း အရစ်ကျစနစ်ဖြင့် မိုဘိုင်းလ် ဖုန်း ဝယ်ယူအသုံးပြုသူ ဝန်ထမ်းများက ရှင်းပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၈ ရက်နေ့ထုတ် The Voice ဂျာနယ် တွင် ဖော်ပြထားပါသည်။ 

အမေရိကန်မှာ အယ်လ်ဘမ်ထုတ်မယ့် မြန်မာ Me N Ma Girls အဖွဲ့

Posted by drmyochit Sunday, March 17, 2013, under | No comments


Me N Ma Girls အဖွဲ့ (ဓာတ်ပုံ – Me N Ma Girls / Facebook)၂၀၁၀ နောက်ပိုင်းမှ စတင်ပေါ်ပေါက် လာခဲ့တဲ့ မြန်မာ အမျိုးသမီး ပေါ့ပ်ဂီတအဖွဲ့ Me N Ma Girls အဖွဲ့ဟာ အမေရိကန် ပြည်ထောင်စု လော့စ်အိန် ဂျလိစ် (Los Angeles) မြို့က Power Music Industry ဆိုတဲ့ ဂီတ ကုမ္ပဏီတခုကနေ အယ်လ် ဘမ် ထုတ်ဖို့အတွက် ကမ်းလှမ်းခြင်း ခံခဲ့ရ တယ်လို့ သိရ ပါတယ်။ မြန်မာတေး သီချင်း များရော အင်္ဂလိပ်တေး သီချင်း များကိုပါ သီဆို ဖျော်ဖြေတဲ့ ဒီအဖွဲ့ဟာ ချာချာ၊ ထိုက်ထိုက်၊ အမွှန်း၊ ဝေနှင်းနဲ့ ကင်မီ စတဲ့ အမျိုးသမီး ၅ ယောက်နဲ့ ဖွဲ့စည်းထားတာပါ။ သူတို့အဖွဲ့ဟာ မြန်မာနိုင်ငံမှာ “မင်္ဂလာပါ” ဆိုတဲ့ တေးစီးရီး တခွေ ထွက်ရှိထားပြီး ဒုတိယ တေးစီးရီး ထပ်မံထွက်ဖို့လည်း ရှိတယ်လို့လည်း ဆိုပါတယ်။

သူတို့ဟာ Me N Ma Girls အဖွဲ့အဖြစ် မလှုပ်ရှားခင် Tiger Girls ဆိုတဲ့ အမည်နဲ့ အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်ခဲ့ ပါသေးတယ်။ ကိုယ်ပိုင်သံစဉ် ပေါ့ပ်တေးသီချင်းတွေကိုသာ အဆိုများတဲ့ ဒီအဖွဲ့ဟာ ယခု မတ်လ ၂၇ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ပြီး သူတို့ အယ်လ်ဘမ်အတွက် သွားရောက် အသံသွင်း ယူကြတော့ မှာပါ။ သူတို့ အဖွဲ့ အကြောင်းနဲ့အတူ အမေရိကန် ပြည်ထောင်စုမှာ သွားရောက် လှုပ်ရှားမယ့် အနုပညာလှုပ်ရှားမှုတွေ အကြောင်းကို Me N Ma Girls အဖွဲ့ဝင်တဦးဖြစ်တဲ့ ထိုက်ထိုက်နဲ့ ဧရာဝတီ သတင်းထောက် မစပ်စုက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။ ။ ပထမ Tiger Girls ဆိုပြီး အဖွဲ့ကနေ Me N Ma Girls အဖွဲ့ဆိုပြီး ပြောင်းလဲပြီး အနုပညာ အလုပ်တွေ ဆက် လုပ်ဖြစ်ပုံလေး ပြောပြပေးပါ။

ဖြေ ။ ။ ၂၀၁၀ ဖေဖော်ဝါရီလက စပြီးတော့ Tiger Girls ဆိုပြီးတော့ နာမည်နဲ့ မိန်းကလေး ၅ ယောက် International Girl Band တခုလုပ် မယ် ဆိုပြီးတော့ ပြိုင်ပွဲ တခု လုပ်တယ်။ ပြိုင်ပွဲကနေမှ ကျမတို့ ၅ ယောက်က တွေ့ခဲ့တာ။ ကျမတို့က သူငယ်ချင်းလည်း မဟုတ်ဘူး။ ညီအစ်မလည်း မဟုတ်ဘူး။ ရွေးချယ်ခံ ရပြီးတော့ မှ တွေ့ခဲ့တာပေါ့။ ကျမတို့ကို အရင်က Tiger Girlအဖွဲ့အဖြစ် ထုတ်လုပ်သူက ရန်ကုန် လမ်းညွှန် ပိုင်ရှင် ပါ။ သူတို့ကနေ ကျမတို့ကို စပွန်ဆာပေးမယ် ဆိုပြီးတော့ တနှစ် စာချုပ်ချုပ်လိုက်တယ်။ ပြီးတော့ သီချင်းခွေ တခွေရယ်၊ ဗီစီဒီအထိ ထုတ်ပေးမယ် ဆိုပြီးတော့ သူတို့ စာချုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစာ ချုပ် တနှစ်သက်တမ်း အတွင်းမှာ သူတို့လုပ်ထားတဲ့ သီချင်းတွေက ကော်ပီသီချင်းတွေကို လုပ်ထားတဲ့ အ တွက်ကြောင့် ကျမတို့က စပွန်ဆာမရှိရင်လည်း နေပါစေတော့။ ကော်ပီသီချင်းတော့ မလုပ်နိုင် ဘူး ဆိုပြီးတော့ သူတို့နဲ့ ထပ်ပြီးတော့ စာချုပ် မချုပ်ဖြစ်တော့တာပါ။ အဲဒါနဲ့မှ ၂၀၁၁ ဖေဖော်ဝါရီလ တနှစ်ပြည့် တဲ့အချိန်မှာ Me N Ma Girls ဆိုပြီး ပြန်ပြောင်းပြီးတော့ ကျမတို့ကိုယ်တိုင်ပဲ သီချင်းတွေ ဆက်ဆိုဖြစ်ခဲ့ တာပါ။

မေး ။ ။ Me N Ma Girls အဖွဲ့ရဲ့ Trainer က နိုင်ငံခြားသူလို့ သိရပါတယ်။ သူက ဒီအဖွဲ့ရဲ့ အသံပိုင်း၊ အကပိုင်း နဲ့ ပတ်သက်လို့ ဘယ်လို လေ့ကျင့်မှုမျိုးတွေ ပြုလုပ်ပေးပါလဲ။

ဖြေ ။ ။ ကျမတို့ရဲ့ Trainer က သြစတြေးလျသူ နစ်ကိုးလ် မေ (Nicole May) ပါ။ ကျမတို့ကို စပြီး Tiger Girls အဖွဲ့ အဖြစ် စတင် ထူထောင်ပေးခဲ့တဲ့ ပရိုဂျူဆာဖြစ်တဲ့ ရန်ကုန်လမ်းညွှန်ပိုင်ရှင်က ကျမတို့ကို လေ့ကျင့်ပေး ဖို့အတွက် သူ့ကို စပြီး ငှားခဲ့တာပါ။ သူကလည်း Copy song တွေ Cover song တွေ လုပ်ဖို့ အတွက် အားမပေးဘူး။ အဲဒါကြောင့် သူလည်း ကျမတို့လိုပဲ ရန်ကုန်လမ်းညွှန်နဲ့ စာချုပ် ထပ်မချုပ်တော့ဘဲ ကျမတို့နဲ့ အတူတူ လိုက်လာတာပါ။ နိုင်ငံခြားသူဆိုပေမယ့် သူ့မှာ ရှိသမျှ ပိုက်ဆံကိုလည်း ကျမတို့ အဖွဲ့အ တွက် ထည့်ပြီးတော့ ကူညီပေးတယ်။ ကျမတို့ကို ကြိုးစားပေးဖို့ပဲ လိုတယ်။ ဒီပိုက်ဆံကို လုံးဝ ပြန်ပေး စရာမ လိုဘူး ဆိုတော့ ကျမတို့က တခုခု မမှားယွင်းအောင်လို့ အရမ်း သတိထားနေရတယ်။ သူစိတ်ဆင်း ရဲမှာစိုး လို့။ ကိုယ်တွေက ကြိုးစားမှုတခုပဲ လုပ်ရတာပါ။ ငွေကြေးနဲ့ ပတ်သက်ပြီးသူက ဘာမှမပူရအောင် အကုန် လုပ်ပေး တယ်။ ကျမတို့ဘက်ကလည်း သူစိုက်ထားသမျှကို ရသလောက် ပြန်ဆပ်တယ်။ အဲဒီလို ကြိုးစားခဲ့ ရင်းနဲ့ လုပ်ခဲ့ရတာပါ။

အသံရော အကကိုရော နေ့တိုင်း လေ့ကျင့်ရပါတယ်။ စနေ၊ တနင်္ဂနွေ ပိတ်ရက်ပဲ ရှိပါတယ်။ မန်နေဂျာမှာ နိုင်ငံခြား က အသံလေ့ကျင့်တဲ့ အခွေတွေ ဘာတွေလည်းရှိတော့ အဲဒီအခွေတွေနဲ့လည်း လေ့ကျင့်ပေး တယ်။ အကမှာလည်း ကိုယ့်ထက်တော်တဲ့ သူတွေ မြန်မာနိုင်ငံကသာမကဘဲ နိုင်ငံတကာက တော်တဲ့ Girl band တွေအကုန်လုံးကို ကိုယ့်ရဲ့ဆရာလို့ သတ်မှတ်ပြီးတော့ အားကျအောင် ကြည့်ခိုင်းတယ်။ ပြီးတော့ သူက လည်း လူတိုင်းမှာ အခွင့်အရေးရှိတယ်၊ ကြိုးစားဖို့ပဲ လိုတယ်ဆိုပြီး နေ့တိုင်းကို လေ့ကျင့်ပေးတာပါ။ ကိုယ်တွေ က မြန်မာတွေဆိုတော့ ဒီလောက်နဲ့ပဲ တော်ပါပြီ ဆိုပြီးတော့ နေတယ်။ သူက ကိုယ်လုပ်တာ ထက်ကို ဆယ်ဆပိုလုပ်တယ်။ သူ့ကို ကြည့်ပြီးတော့ အားကျရတယ်။

မေး ။ ။ အမေရိကန်က ဂီတ ကုမ္ပဏီတခု အနေနနဲ့ မြန်မာပြည်က Me N Ma Girls အဖွဲ့ကို ဘယ်မှာ သတိထားမိပြီးတော့ အနုပညာအလုပ်တွေ လုပ်ဖို့ ဘာကြောင့်ခေါ်တယ်လို့ ယူဆပါလဲ။

ဖြေ ။ ။ ကျမတို့ရဲ့ ကြိုးစားမှုတွေကြောင့် အမေရိကားက Power Music Industry ကုမ္ပဏီက ကျမတို့ကို အယ်လ်ဘမ် တခု လုပ်ဖို့ ကမ်းလှမ်းခြင်းခံခဲ့ရတယ်။ သူတို့က ယူကျု (Youtube) မှာ ကျမတို့ရဲ့ MTV တွေကို တွေ့တယ်။ နောက်ပြီး ကျမတို့အဖွဲ့က (အမေရိကန်ရဲ့) ကမ္ဘာ့အမျိုးသမီးရေးရာ သံအမတ်ကြီး Ms. Melanne Verveer နဲ့ ညနေစာ စားပြီး ဂစ်တာနဲ့ သီချင်းတွေ ဆိုပြတဲ့ ဗီဒီယိုဖိုင်ကိုလည်း ယူကျုမှာ တွေ့ တယ်ပေါ့။ အဓိကကတော့ နိုင်ငံခြားသားတွေ ဒါကို မြင်ပြီး မြန်မာနိုင်ငံမှာ ဒီလိုမျိုး မိန်းကလေး ဂီတအဖွဲ့ ရှိတယ်ဆိုပြီးတော့ သူတို့ကလည်း အားပေးကြတယ်။ Power Music Industry ကုမ္ပဏီက သူတို့နိုင်ငံမှာ စီးရီး တခု Recording (အသံသွင်း) ရမယ်။ ပြီးရင် နိုင်ငံတကာအထိ ဖြန့်မယ်။ ဒီလို ဖြန့်ကြည့်ပြီးတော့မှ ဒါဟာ မြန်မာနိုင်ငံက အဆိုတော် ၅ ယောက်ပေါ့။ သူတို့ဘက်က Culture အနေနဲ့ သူတို့မှာ အရမ်း မိုက် တာတွေ၊ အရမ်းလန်းတာတွေ၊ ဖက်ရှင် စတိုင်လ်တွေက မထူးဆန်းတော့ဘူးလေ။ ဒါပေမယ့် သူတို့က ဘာကို လိုချင်တာလဲဆိုတော့ မြန်မာနိုင်ငံက မိန်းကလေးတွေဆီက မြန်မာရဲ့ အငွေ့အသက်ကို လိုချင် တာပေါ့။ မြန်မာ့ရိုးရာတွေနဲ့ ရောပြီးတော့ ဘယ်လောက်အထိ လုပ်ပြနိုင်မလဲ ဆိုတာကို အထူးအဆန်း အနေနဲ့ လို ချင်တာပါ။

မေး ။ ။ ဟိုမှာ Me N Ma Girls အဖွဲ့အနေနဲ့ အသံသွင်းရမယ့် သီချင်းတွေက ဘယ်လို သီချင်းမျိုးတွေဖြစ် မလဲ။

ဖြေ ။ ။ မြန်မာနဲ့ အင်္ဂလိပ် ရောစပ်ထားတဲ့ သီချင်းမျိုးတွေပါ။ အဓိကကတော့ အင်္ဂလိပ်စာသား များပါမယ်။ ကိုယ်တွေ က မြန်မာတွေ ဖြစ်တယ်ဆိုတာလည်း နိုင်ငံတကာက သိအောင်လို့ မြန်မာစာသားတွေလည်း ပါပါမယ်။ နောက်ပြီး သီးချင်းတွေကတော့ ကျမတို့ အဖွဲ့မှာလည်း ကိုယ်တိုင်ရေးထားတဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတွေ လည်း ရှိ တယ်လေ။ ကိုယ်ပိုင်သီချင်းအဖြစ် ရေးချင်တယ်ဆိုလည်း ရေးခွင့်ပေးထားတယ်။ အခု လောလော ဆယ်တော့ သူတို့ဘက်က တေးရေးဆရာတွေနဲ့ ရေးထားတဲ့ သီချင်းတွေကို ကျမတို့ လေ့ကျင့်ဖို့ အတွက် ၃ ပုဒ် ပို့ထားပါတယ်။ အဲဒီထဲကမှ ရွေးပြီးတော့ ၂၇ ရက်နေ့ ကျမတို့ သွားပြီဆိုရင် စပြီး အသံသွင်း ပါပြီ။ သီချင်း အကြောင်းအရာတွေကတော့ မိန်းကလေးတယောက်ရဲ့ စွမ်းအားတွေက အသည်း ကွဲတာတောင်မှ ပြန်ပြီး နိုးထနိုင်တယ်ဆိုတဲ့ အကြောင်းအရာတွေပါတယ်။ စိတ်ဓာတ်မြှင့်တင်ရေး အကြောင်း အရာတွေက ပိုများပါတယ်။ အချစ်အကြောင်းနဲ့ ရောထားပြီး တကယ့် လူမှုဘ၀မှာဖြစ်နေတဲ့ တိုက်ဆိုင် မှုတွေ ကိုမှ ကိုယ်က ပြန်အားတင်းပြီး ပြန်ထရမယ်ဆိုတဲ့ အကြောင်းတွေပါ။

မေး ။ ။ Power Music Industry ကုမ္ပဏီနဲ့ စာချုပ်ရတာမျိုးတွေ ရှိပါသလား။

ဖြေ ။ ။ ကျမတို့က တနှစ်ခွဲစာချုပ်ပါ။ ကျမတို့မှာက ရန်ကုန်မှာလည်း အလုပ်တွေက ပျက်လို့မရဘူးဆိုတော့ တနှစ်ခွဲ လုံးလုံးကြီး သွားနေဖို့က မဖြစ်နိုင်ပါဘူး။ အဲဒီတော့ အခုလာမယ့် ၂၇ ရက်နေ့ကို သွားပြီးတော့ ဟိုမှာ အသံ သွင်းမယ်ပေါ့။ သင်္ကြန်မှာလည်း ပွဲရပြီးပြီဆိုတော့ ၁၀ ရက်နေ့ သင်္ကြန်မတိုင်ခင်မှာ ပြန်လာ ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်တွေ ပြန်လုပ်ပြီးတော့မှ ပြန်သွားမှာပါ။ ဒီ တနှစ်ခွဲအတွင်းမှာ သွားလုပ် ပြန်လုပ် လုပ်ဖြစ်မှာပါ။

မေး ။ ။ အခုလို နိုင်ငံခြားတိုင်းပြည်ရဲ့ ဂီတ ကုမ္ပဏီတခုက မြန်မာပြည်ရဲ့ ဂီတအဖွဲ့တခုကို နိုင်ငံတကာက သတိထား မိ လာအောင် အနုပညာလှုပ်ရှားမှုတွေ ချပြနိုင်ဖို့ အခွင့်အရေး ပေးလာတဲ့အပေါ် Me N Ma Girls အဖွဲ့အနေ နဲ့ ပထမဆုံး အခွင့်အရေး ရလာတဲ့အပေါ် ဘယ်လို သုံးသပ်ချင်ပါလဲ။

ဖြေ ။ ။ မြန်မာနိုင်ငံအနေနဲ့ ဒါဟာ ပထမဆုံး လှုပ်ရှားခွင့်ရတဲ့အပေါ် ကျမတို့အနေနဲ့ ပျော်တာနဲ့ အတူတူ တာဝန် တခုကို ခေါင်းပေါ်မှာ ရွက်ထားရသလို လေးလည်း အရမ်းလေးလံပါတယ်။ တာဝန်လည်း အရမ်းကြီး ပါတယ်။ အဲဒီအတွက်ကြောင့်မို့ အခွင့်အရေးဆိုတာလည်း နှစ်ခါမရသလို ရလာတဲ့ အခွင့်အရေး ကို ကျမတို့က အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ်လို့လည်း Trainer ကလည်း ပြောထားတယ်။ ကျမတို့စိတ် ထဲမှာ လည်း ရှိနေပါတယ်။ ဒါကြောင့် ဘယ်အရာကိုမဆို အလေးနက်ဆုံးကိုပဲ တွေးပါတယ်။ ကျမတို့ တချက်မှားသွားရင် ဒါဟာနိုင်ငံနဲ့ ချီပြီးလုပ်ရမယ့် အလုပ်တခုမိုလို့ နိုင်ငံကိုယ်စားပြု အနေနဲ့ကို သုံးသပ် ထားတော့ ကျမတို့ မှားလို့ မရပါဘူး။ အောင်မြင်ခဲ့ရင်လည်း မြန်မာနိုင်ငံမှာရှိတဲ့ လူတယောက် အောင်မြင် ရင် မြန်မာနိုင်ငံက လူတယောက် အောင်မြင်သလိုပဲ ၅ ယောက်အောင်မြင်ရင် ၅ ယောက် အောင်မြင် တာ ပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံကို အရောင် ထင်ဟပ်စေမယ်လို့လည်း ထင်ပါတယ်။

မေး ။ ။ ဒီအခွင့် အရေး ဟာလည်း မြန်မာ့ ဂီတလောက အတွက် အောင်မြင်မှု လမ်းစ လို့ မြင် မိပါလား။

ဖြေ ။ ။ မြင်မိပါတယ်။ အခု မြန်မာနိုင်ငံမှာကလည်း အခွင့်အလမ်းတွေ အများကြီး ပွင့်လာပြီဆိုတော့ မြန်မာနိုင်ငံ ကို ကမ္ဘာက ကြည့်နေကြပါပြီ။ အဲဒီအတွက်ကြောင့်မို့ မြန်မာနိုင်ငံက အခွင့်အရေးတွေ အများကြီး ရှိပါတယ်။ နောက်ပြီး လူငယ်တွေ အနေနဲ့ကလည်း အရင်ကဆိုရင် လူငယ်တွေခေတ်က လူကြီးတွေ လက်အောက်မှာ ရှိနေပါတယ်။ အခုဆိုရင် လူငယ်တွေရဲ့ ခေတ်က လူငယ်တွေလက်ထဲမှာပဲ ရှိပါတယ် လို့ ကျမတို့က သုံးသပ်ပါတယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် အခွင့်အရေးကို ရရင် ရသလို အသုံးချ ခွင့် ရသွားတဲ့အထိကို ကိုယ်ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်မှာပါ။

မေး ။ ။ Me N Ma Girls အဖွဲ့အနေနဲ့ရော အတွေ့အကြုံ ဗဟုသုတအသစ်တွေ အများကြီးရလာနိုင်မယ်လို့ မျှော်လင့်ပါလား။

ဖြေ ။ ။ အမေရိကားလို နေရာမျိုးကျတော့ အနုပညာရှင်တွေ အများကြီးရှိတယ်။ ဒီ့ထက် အရမ်းကို တော်တဲ့ အနုပညာ ရှင်တွေ အများကြီးရှိတဲ့ အတွက်ကြောင့်မို့ ကျမတို့က သူတို့တွေကို ကိုယ်က သင်ဆရာ၊ မြင် ဆရာ၊ ကြားဆရာ တင်ပြီးတော့ ကျမတို့က ကြိုးစားရမှာပါ။ နောက်ပြီးတော့ ယဉ်ကျေးမှုနဲ့ ပတ် သက်ပြီးတော့ လည်း အပြောင်းအလဲတွေ အများကြီးတွေ့ရမှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံက အမျိုးသမီး ၅ ယောက်ဖြစ် တဲ့အတွက်ကြောင့် ကျမတို့ အနေနဲ့ကတော့ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ဘာမှလိုက်ပြီး ပြောင်း လဲမှာ မဟုတ်ပါဘူး။ ကျမတို့ ပြောင်းလဲမှာကတော့ အဆို၊ အက ဒီပညာတွေနဲ့ ပတ်သက်ပြီးတော့ ကြိုးစားဖို့ အတွက် တိုးတက် ပြောင်းလဲမှုတွေပဲ ဖြစ်မှာပါ။

မေး ။ ။ အမေရိကားမှာ သီချင်းတွေ အသံသွင်းဖို့အပြင် အနုပညာနဲ့ ပတ်သက်လို့ တခြား ဘယ်လိုမျိုးတွေ လုပ်ရဦးမလဲ။  ဥပမာ – ဟိုက ရှိုးပွဲတွေမှာ ၀င်ရောက် ဖျော်ဖြေရတာတို့လိုမျိုးပေါ့။

ဖြေ ။ ။ ဧပြီ ၄၊ ၅ ရက်နေ့မှာ နယူးယောက်မြို့မှာ Women in the World 2013 ပွဲကြီးတခုရှိပါတယ်။ ဒီကို တခြား နိုင်ငံ တကာ အဆိုတော် အနုပညာရှင်တွေ အများကြီးလာမှာပါ။ မြန်မာနိုင်ငံအနေနဲ့ ကျမတို့ အဖွဲ့ ကို ဖိတ်ကြားခြင်း ခံရပါတယ်။ ဒါကြောင့် ကျမတို့ သွားရောက် ဖျော်ဖြေမှာပါ။ ဒီပွဲအတွက်ကို အမေရိ ကားက ကမ္ဘာ့ အမျိုးသမီးရေးရာ သံအမတ်ကြီး Ms. Melanne Verveer နဲ့ ကျမတို့ ညနေစာအတူ စားဖို့ ဖိတ်ရင်း နဲ့ သူက ကျမတို့ကို သီချင်းတပုဒ်လောက် ဆိုပြပါလို့ တောင်းဆိုတာနဲ့ ကျမတို့ လုံးဝ မဆိုရသေး တဲ့ သီချင်းအသစ် Come Back Home ဆိုတဲ့ သီချင်းလေးကို ဆိုပြဖြစ်ခဲ့ပါတယ်။ ဒီသီချင်းက မြန်မာနိုင်ငံ မှာ အခု ဖွံ့ဖြိုးတိုးတက်နေပါပြီ။ တံခါးတွေ ပွင့်နေတဲ့အချိန်မှာ မြန်မာနိုင်ငံသားတွေ အနေနဲ့ မြန်မာနိုင်ငံကို လာပြီး ထောက် ပံ့ပေးကြပါ၊ မြန်မာနိုင်ငံကို ပြန်လာကြပါလို့ အဓိပ္ပာယ်ရတဲ့ ဒီသီချင်းလေးကို ကျမတို့ ဆိုပြတော့ သူတို့ အရမ်း သဘောကျပြီး ကျမတို့နဲ့လည်း သူနဲ့ ရင်းနှီးသွားပြီးတော့ သူကလည်း အစ ကတည်း က ပြောပြီးသား ပွဲတပွဲလုပ်စရာရှိတယ်။ လုပ်တဲ့အခါကျရင် ကျမတို့အဖွဲ့ကို ခေါ်ချင်တယ်ဆိုပြီး ပြောထား တာ ရှိတယ်။ ဒီပွဲကို လုပ်ဖြစ်တော့ သူက ကျမ တို့အဖွဲ့ကို ဆက်သွယ်တဲ့အခါမှာ အမေရိကားမှာ ကျမတို့ ပရို ဂျူဆာလည်း ရှိနေတယ်ဆိုတာ သိတော့ ကျမတို့ ပရိုဂျူဆာကနေတဆင့် ကျမတို့ကို ဆက်သွယ် တာပါ။

မေး ။ ။ မြန်မာနိုင်ငံ ဂီတလောကမှာ ဆက်လက် လျှောက်လှမ်းနေဆဲ မျိုးဆက်သစ် ဂီတသမားတွေကို Me N Ma Girls အဖွဲ့ အနေနဲ့ ဘယ်လို အကြံပေးချင်ပါလဲ။

ဖြေ ။ ။ အလုပ်တခုမှာ ဘယ်လိုဖြစ်လာရမယ်၊ ဘာဖြစ်လာရမယ် ဆိုပြီး အိမ်မက်ထားတာတော့ ကောင်းပါ တယ်။ ဒါပေမဲ့ အဲ့ဒီ အိမ်မက်တခုတည်းကိုပဲ လိုက်လုပ်နေမယ့်အစား ကိုယ်လုပ်နေတဲ့ အလုပ်တခုကို အကောင်း ဆုံးဖြစ်အောင် လုပ်မယ်ဆိုရင် တချိန်ချိန်ကျရင် အခွင့်အရေးက ကိုယ့်ဆီကို ရောက်လာမှာပါ။ လက်ရှိ ဂီတလော ကဟာ တော်တော်လေးလည်း ကောင်းလာပါပြီ။ ဆင်ဆာတွေလည်း မရှိတော့ဘူး ဆိုတဲ့ အခါကျတော့ အနုပညာသမားတွေအနေနဲ့ ကိုယ့်ရဲ့ အနုပညာကို လွတ်လွတ်လပ်လပ် ချပြလို့ရ သွားပြီ ပေါ့နော်။ ဒါပေမယ့် ကိုယ့်ရဲ့ ယဉ်ကျေးမှုနဲ့လည်း တရားလွန်ကြီး ဆန့်ကျင် မသွားဖို့ကိုတော့ ကိုယ် ကိုယ် တိုင် ထိန်းကျောင်းရမှာဖြစ်ပါတယ်။ အရင်တုန်းကတော့ ဆင်ဆာတွေက ထိန်းပေးတယ်။ အခုဟာက ကိုယ်ကိုယ် တိုင် ထိန်းပြီးတော့ ကိုယ့်ရဲ့ ဂီတလောက မပျောက်ပျက်အောင် ပိုပြီး တိုးတက်အောင် ကြိုးစား ရမှာဖြစ်သွားပါပြီ။ 


ဧရာဝတီ

အသက် ၁၈ နှစ်အရွယ် လှူုငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

Posted by drmyochit Sunday, March 17, 2013, under | No comments


အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးမှု မင်္ဂလာ တောင်ညွန့်မြို့ နယ်တွင်ဖြစ်ပွားခဲ့ ကြောင်း သိရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ် ဖဆပ လရပ်ကွက်၊ တိုက် ၁၄၊ အခန်း ၁၆တွင် လူငယ် တစ်ဦး ကြိုးဆွဲ ချသေ ဆုံးကြောင်း သတင်းအရ မင်္ဂလာတောင် ညွန့် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိ သူများက အသိ သက် သေများဖြင့် သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ သန်း ထိုက် ဇော် ၁၈ နှစ်ဖြစ်ပြီး တိုက်ခန်း၏ နောက် တွင်းခန်း၌ တံခါး ပိတ်၍ ထုတ်တန်း၌ ကြိုးချဉ်ပြီး လည်ပင်းတွင် ကြိုး ကွင်း စွပ်လျက် ပြင်ပဒဏ်ရာ တစ်စုံ တစ်ရာ မတွေ့ရှိရဘဲ ကြိုးဆွဲ ချသေဆုံး သည့် လက္ခ ဏာများဖြင့် တွေ့ရှိ ရကြောင်း သိရသည်။

 သေဆုံးသူမှာ စိတ်မှုမမှန်သူဖြစ်ပြီး လွန်ခဲ့သောနှစ် လခန့်ကလည်း အလားတူ ဆွဲကြိုးချသေကြောင်း ကြံစည် ဖူးကြောင်း ဖခင်ဖြစ် သူက တာဝန်ရှိသူများကို ပြောကြားသည်ဟု သိရသည်။ အလောင်းကို ရန်ကုန် ဆေးရုံကြီးသို့ ပို့အပ်ရာ ပီအာရ် ၀၇၃ ဖြင့်လက်ခံထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် ဒုရဲအုပ်ဇော် ဦးက တရား လိုပြုလုပ် တိုင်တန်းသဖြင့် မင်္ဂလာတောင်ညွန့် ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၆/၁၃ ဖြင့် အမှု ဖွင့်၍ အမှုစစ်ရဲအုပ် သက်နိုင် (စခမ)က စစ်ဆေးလျက်ရှိကြောင်းသိရသည်။  


By The Public Image  
from ရိုးရာလေး

အောင်ဆန်းသမီး ရလိုက်တာ အလွန်ကံကောင်းခြင်း

Posted by drmyochit Sunday, March 17, 2013, under | No comments


သီတဂူဆရာတော်

လက်တလော လက်ပန်တောင်းတောင် အရေး ဖြေရှင်းပေးနေသော ဒေါ်အောင်ဆန်းစုကြည် အား လက်ပန်တောင်း တောင် ဒေသမှ တချို့ချို့သော သူတွေရဲ့ ၀ိုင်းအော်၊ ၀ိုင်းကန့်ကွက်ခဲ့တာနဲ့ ပက်သက်ပြီး သီတဂူ ဆရာတော်ကြီး မိန့်မှာထားသည်မှာ အလွန့်လွန်ကောင်းလှသည်၊ တန်ဖိုးကြီးမားသည့် မိန့်ခွန်း ဖြစ်သော ကြောင့် ပြည်သူများ ဖတ်ရှုနိုင်ရန် အသံဖိုင်မှ စာအဖြစ် ကူးပြီး တင်ပါသည်။

နှစ် ၆၀ ဆူးခင်းသောလမ်းခရီး

ပြည်ထောင်စုမြန်မာနိုင်ငံ Union Of Myanmar ရဲ့ သမိုင်းကြောင်းကို အဲဒီလို သည်းမခံနိုင်တာတွေ၊ ခွင့်မလွတ်နိုင် တာတွေ၊ မစွန့်လွတ်နိုင်တာတွေ၊ မမေ့ပျောက်နိုင်တာတွေ၊ အားကြီးလွန်းတယ်၊ Union Of Myanmar ဆိုတဲ့ ပြည်ထောင်စု မြန်မာနိုင်တော်ကြီးဟာ အို---တခါတည်း သွေးချောင်းစီးပြီးတော့ ထပ်တလဲ လဲ ပစ်ကြခက်ကြ သတ်ကြဖြတ်ကြ ဖမ်းဆီးကြ နိပ်စက်ကြနဲ့ ဒီလိုတွေ ဖြစ်လာခဲ့တာ။ အဲဒီတော့ ဒို့ပြည်ထောင် စု မြန်မာနိုင်ငံတော်ကြီး၏ သက်တမ်းဟာ လွတ်လပ်ရေးရပြီးခါစကထဲက အခုထိ ပြန်ကြည့် ရင် နှစ် ၆၀ ကျော်ကျော် ရှိလာခဲ့ပြီ။ အနှစ် ၆၀ တို့ကာလပတ်လုံး၊ ဒီလိုပဲ တစ်ယောက်နှင့် တစ်ယောက် သည်းမ ခံနိုင်ကြ တာတွေ၊ ခွင့်မလွန်နိုင်ကြတာတွေ၊ မစွန့်လွတ်နိုင်ကြတာတွေ၊ နောက်ပြီးတော့ တစ်ယောက် ရဲ့ အပြစ်ကို တစ်ယောက်က မမေ့ပျောက်နိုင်ကြတာတွေ၊ အဲဒါတွေကြောင့် အခုထိ စည်းလုံး ညီညာ မှုနှင့် ငြိမ်းချမ်းသာယာရေး၊ ပြီးတော့ လက်တွဲဆောင်ရွက်ခြင်း၊ အင်္ဂလိပ်လို တစ်လုံးနှစ်လုံးပြောရင် လက် ခံကြ စမ်းပါ၊ Peace ရယ် Harmonious ရယ် Co-exist ရယ် ဒီကနေ့ထိ မရသေးဘူး။

အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါ

ပြီးတော့ ငါပြောချင်တာက လက်ပန်တောင်း တစ်ပတ်လည်က လူတွေရော တစ်နိုင်ငံလုံးက လူတွေရော လူမျိုး မရွေး ဘာသာမရွေး၊ တိုင်းရင်းသား အားလုံး၊ အထူးသဖြင့် မြန်မာ့မြေပုံပေါ်မှာ မွေးတဲ့ သူတွေ၊ မြန်မာပြည် ထဲမှာပဲ နေနေ အပြင်ဘက်မှာပဲ နေနေ၊ အကုန်လုံးဟာ အချင်းချင်း အပြန်အလှန် ခွင့် လွတ်ကြ ပါလို့၊ နောက်တစ်ခုက သည်းခံကြပါ၊ သည်းခံတယ်ဆိုတာ အဓိကတော့ ဒေါသကို ထိမ်းချုပ်တာ၊ တစ်ယောက် ကတစ်ယောက် အမှားအယွင်းရှိရင်လဲ ခွင့်လွတ်ကြပါ။ ပုထုဇဉ်တွေဟာ မှားတတ်တာရှိတယ်၊ ကြီးကြီး ကျယ်ကျယ်မှားရင် ခွင့်မလွတ်နိုင်ပေမဲ့ အနည်းငယ်မျှမှားတာတွေ အကုန်လုံး ခွင့်လွတ်ကြပါ။ နောက်တစ် ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးတယ်။

အဲဒီအခြေခံ မူသုံးချက်ကွာ၊ ငါအဲဒါ သဘောကျထားတာ။ နိုင်ငံတော်မှာ လူတွေဟာ အဲဒီလို ကျင့်သုံးနိုင်ခြင်း မရှိကြ တဲ့အတွက်ကြောင့် ရန်ဖြစ်ကြ၊ သတ်ကြ၊ ဖြတ်ကြ၊ ပစ်ကြ ခက်ကြနဲ့ နှစ် ၆၀ ကျော်ပြီး ဆူးခင်း တဲ့ ခရီးကြမ်းကြီးကို ဒို့နိုင်ငံသားတွေ ဗမာတွေ၊ ချင်း၊ ကချင်၊ ရှမ်း၊ မွန်း၊ ကယား၊ ရခိုင်၊ ကရင် လူမျိုး စု တစ်ရာကျော်ဟာ ဆူးခင်းတဲ့လမ်းကြီးကို လျှောက်လမ်းခဲ့တာ ကြာလှပြီပဲ။ ဒီကနေ့ အဲဒီခရီးကြမ်း ကြီးဟာ ဆုံးတော့မယ်၊ မြန်မာတွေဟာ ကိုယ့်ကိုယ်ကို Golden Myanmar, Golden Land ဒီလိုပြော တယ်။ အဲဒါကြောင့် ရွှေမြန်မာတို့က Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ခါနီး အနေအ ထားမှာ အကုန်ရောက်ကြပြီ။ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ဖို့ အနေအထား ရောက်တာဟာ မစုခေါင်းဆောင် တဲ့ NLD အဖွဲ့ဝင်တွေအားလုံးနှင့် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ စစ်ဗိုလ်ချုပ်၊ ဗိုလ် ချုပ် လူထွက်တွေ လက်တွဲနိုင်ကြလို့ ဖြစ်တာ။ အဲဒီလို လက်တွဲတာကို စွဲစွဲမြဲမြဲ ဆက်တွဲနိုင်ဖို့ရာ အရေးကြီး တယ်၊ အဲဒီလို ဤနှစ်ဦးသား လက်မတွဲနိုင်ဘူးဆိုလို့ရှိရင်၊ လက်တွဲဖို့ သည်းမခံနိုင်ဘူးဆိုရင်ပေါ့၊ မစွန့် လွတ်နိုင်ကြဘူးဆိုရင်ပေါ့၊ ခွင့်မလွတ်နိုင်ဘူးဆိုရင်ပေါ့ လက်တွဲဟာ ပြုတ်သွားပြီ။ အဲဒီလက်တွဲပြုတ်သွားရင် ဆူးခင်းတဲ့လမ်းကြမ်းကြီးပေါ်မှာပဲ အားလုံး ဆက်လျှောက်ကြအုံးမှာ၊ ဆူးခင်းတဲ့ လမ်း ကြမ်းကြီး က အခု ဆုံးခါနီးပြီ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ရွှေမြန်မာတွေက အခု စတင် ဖွင့်တော့ မှာ။ သော့ကလေး ရှာနေတာ၊ ဘယ်သော့နဲ့ ဘယ်လို ဖွင့်မလဲဆိုတာ ရှာနေတဲ့အချိန်။ အဲဒီအချိန် မှာ အနည်း ကလေး မျှသော အကြောင်းကိစ္စကို အခြေခံကို အကြောင်းပြုပြီးတော့ ရန်ဖြစ်ကြမယ်၊ ခွင့်မ လွတ်နိုင်ကြ မယ်၊ သည်းမခံနိုင်ကြမယ်၊ ရန်တွေ့ကြမယ်၊ သတ်ကြမယ်၊ ဖော်ထုတ်ကြမယ်၊ အဲဒါတွေ စွဲနေကြ အုန်းမယ်ဆိုရင် ဒီဆူးခင်းသော လမ်းပေါ်ကို အကုန်လုံး ပြန်လျှောက်ကြရမှာ။ ပြီးတော့ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကလဲ ပိတ်သွားမှာ။

ဒါ့ကြောင့် ရှေးဦးစွာ ငါပြောချင်တာကတော့ ဒီသုံးချက်ပါ။ အားလုံး သည်းခံကြစမ်းပါ။ နောက်တစ်ခုကတော့ တစ်ယောက် ကိုတစ်ယောက် ခွင့်လွတ်ကြစမ်းပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီး ပါတယ်။

နှစ် ၆၀ အတွင်း ပန်းခင်းသောလမ်း ဖန်တီးသည် မတွေ့ခဲ့

စွန့်လွတ်ပုံ အမျိုး မျိုးတော့ ရှိတယ်။ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးအတွက် အောင်ဆန်းတစ်ယောက်နဲ့ အပေါင်း ပါ၊ ခေါင်းဆောင်ကြီးတွေ အများကြီးပဲ၊ အသက်တွေ စွန့်လွတ်သွားကြတာပဲ။ အဲဒီတော့ အောင် ဆန်းသေပြီး တဲ့ နောက်ပိုင်းမှာ လွတ်လပ်ရေးရ၊ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ လောက်ခရီးမှာ နိုင်ငံတော် တစ်ခုလုံးရဲ့ ဆူးခင်းသောလမ်းကြမ်းကြီးကို ပန်းခင်းသော လမ်းအဖြစ် ပြောင်းပေးခဲ့ ခေါင်းဆောင် ဟာ ဒို့တိုင်းပြည်မှာ မတွေ့ခဲ့ဘူး။

Golden Gate ကိုဖွင့်ပေးသူ အောင်ဆန်းသမီး

နောက် တစ်ခါ Golden Gate ဆိုတဲ့ ရွှေ တံခါးကြီးကို ဖွင့်ပေးနိုင်တဲ့သူ ဒီကနေ့ တွေ့ပြီ။ “အောင်ဆန်းမ ရှိတဲ့ နောက်ပိုင်း မှာ အောင်ဆန်း သမီးတစ်ယောက် ပေါ်လာ တာဟာ ဒို့အတွက် အတော် ကံကောင်း တယ်၊ နောက်တစ်ခါ တပ်မတော်ကြီး အတွက်လည်း သိပ် ကံကောင်းတယ်။ မစု တစ်ယောက်ဟာ ဒီပဲရင်း ကိစ္စကြီး တစ်ခုလုံးကို လုံးဝ မျှက်နှာလွဲပြီး ခွင့်လွတ်ထားတာ။” ဘာ အစအနမှ ပြန်မဖော်ဘူးဆိုရင် လက်ပန်တောင်း တောင်က ကိစ္စကိုလည်း အားလုံးက ဒီလိုပဲ “အော် မစုတောင် ဒီလောက်ကြီး ခွင့်လွတ်နိုင် ရင် ဒို့တတွေလဲ ခွင့်လွတ် ကျေနပ်ကြဖို့ ကိစ္စဟာ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲထား။” ဒီမူဝါဒ သုံးခုပေါ့လေ။ ငါတွေး ထားတာ အားလုံးရှိဖို့ကောင်းတယ်။

အဲဒါကြောင့် Union Of Myanmarကို United Myanmar ဖြစ်အောင်၊ Golden Myanmar ဖြစ်အောင် ကြိုး စားကြ။ တိုင်းသူ ပြည်သားအားလုံးဟာ တစ်ယောက်ကို တစ်ယောက် ခွင့်လွတ်ရမည်၊ သည်းခံရမည်၊ ပြီးတော့ “အနည်းငယ်မျှသော အကျိုးအမြတ်ကို စွန့်လွတ်မှ ကြီးကျယ်တဲ့ အကျိုးမြတ်ကို ရရှိနိုင်မှာ” ဖြစ် တယ်။ အဲဒီအချက်သုံးချက်ကိုတော့ ငါ အလေးအနက် ထားပြီး ပြောချင်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို နည်းယူ

အေးး- ငါပြောချင်သေးတာက ဘာလဲလို့ဆိုတော့ အမေရိကန်ပြည်ထောင်စုရဲ့ ဖွံ့ဖြိုးတိုးတက်ပုံ၊ တစ်ကမ္ဘာ လုံးကို လွမ်းမိုးနိုင်ပုံတွေကို သင်္ခန်းစာ ယူရမည်။ နည်းယူရမည်၊ အမေရိကန်ဆိုတာ နှစ် ၃၀၀ လောက်ပဲ ရှိသေး တယ်။ အမေရိကန်ပေါ်လာတာနော်။ United States ဆိုတာ နှစ်ပေါင်း ၃၀၀ လောက်ပဲ ရှိသေး တယ်။ ပြန်ကြည့်၊ လွတ်လပ်ရေး သက်တမ်းကို ကြည့်၊ သူတို့လည်းပဲ တခါတည်း သတ်ဖြတ်၊ တိုက် ခိုက်ပြီးတော့ လာခဲ့ကြတာ၊ ပြီးတော့ ၀ါရှင်တန်ဆိုတာကို ရလိုက်တော့မှ United States ဆိုတာဖြစ် သွားတာ။ သူတို့သမိုင်းဟာ ဘာမှ မကြာသေးဘူး။ အင်္ဂလိပ်တွေကို ကြည့်၊ United Kingdom။ ဝေလက တစ်ရှင် ဘုရင်၊ စကော့တလန်က တစ်ရှင်ဘုရင်၊ အိုင်ယာလန်က တစ်ရှင်ဘုရင်၊ အင်္ဂလန်က တစ်ရှင် ဘုရင်၊ ဘုရင်ပေါင်းများစွာ ကွဲကွဲပြားပြား ဖြစ်နေတာ၊ အဲဒီလို အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့အချိန်မှာ ဒီဘက် က ပြင်သစ်က နပိုလီယံရဲ့ ခြိမ်းခြောက်မှုကို ခံရတဲ့ အချိန်မှာ အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့ ပဒေသရာဇ် ဘုရင်နေ ရာမှာ အကုန်ပေါင်းပြီးတော့ United Kingdom လုပ်ခဲ့တာ နှစ် ၂၀၀ ကျော်ပဲရှိသေးတာ။ အဲဒီတော့ United လုပ်နိုင်တဲ့ အဲဒီလူတွေဟာ United ကို ဘာမူနဲ့ လုပ်သွားကြသလဲ ဆိုလို့ရှိရင် ခုနက ငါပြော သလို ခွင့်လွတ်ခြင်းနဲ့ သည်းခံခြင်း၊ ပြီးတော့ သူတပါးတွေရဲ့ အပြစ်ကို မေ့ပျောက်ခြင်း၊ နောက်ပြီး တော့ ကိုယ့်အကျိုးစီးပွား၊ အနည်းငယ်မျှသော စီးပွားကို စွန့်လွတ်ခြင်း၊ အဲဒီမူ လေးချက်နဲ့ United States နှင့် United Kingdomတွေ ဖြစ်လာတာ။

ပြည်ထောင်စုမြန်မာနိုင်ငံ (Union Of Myanmar)

ဒို့ပြည်ထောင် စုမြန်မာနိုင်ငံရဲ့ သမိုင်းကို တိုတိုလေးပြန်ကြည့်၊ ငါအခု ပုဂံမှာ အနားယူနေတာ၊ မင်း လာမေးတော့ ငါက လဲပဲ ပြောချင်စိတ်ပေါက်နေတာ၊ စိတ်ထဲမှာ ပင်ပန်းလွန်းလို့။ “တိုင်းပြည်အတွက် ဒီလောက်စွန့် လွတ်တဲ့ သူကို ၀ိုင်းပြီး ရန်တွေ့တာ စိတ်မချမ်းသာစရာကောင်းတယ်။” ပြည်ထောင်စု မြန်မာနိုင်ငံတော် ကို ပထမဆုံး စည်းလုံးခဲ့တာ အနောရထာ မို့လားကွ၊ အနောရထာဟာ အေဒီ ၁၁ ရာစု ဆိုတော့ ဒို့မြန်မာနိုင်ငံရဲ့ စည်းလုံးမှုဟာ အင်္ဂလိပ် အမေရိကန်တို့ထက် သက်တမ်း ရှည်ပြီကွ၊ နှစ်ပေါင်း ၉၀၀ ရှိပြီ။ အဲဒီ အနော်ရထာ စည်းစည်းလုံးလုံးနဲ့ တည်ထောင်ထားခဲ့တဲ့ United Myanmar ကို ဖျက်စီးပြစ်ကြ တာတော့ ပုဂံသမိုင်းမှာ ပြန်ဖတ်၊ တိုတိုလေး၊ ငါပြောမယ်၊ သီဟပတိဆိုတဲ့ ဘုရင်နှင့် နရသူဆို တဲ့မင်းပဲ၊ မင်းနှစ်ပါးအကြောင်း အကျယ်မပြောဘူးကွာ၊ ပုဂံသမိုင်းမှာ အဲဒီမင်းနှစ်ပါးကို ဘယ် လိုရေး ထားလဲ။ သီဟပတိမင်းကို ဘာခေါ်လဲဆိုတော့ တရုပ်ပြေးမင်းလို့ခေါ်တယ်။ နရသူကိုတော့ ကုလားကျ မင်းလို့ ခေါ်တယ်။ အဲဒါဟာ ဒို့နိုင်ငံသူ နိုင်ငံသားတွေ သိပ်သတိထားရမည့် အချက်ပဲ။ တရုပ်ပြေး မင်းနှင့် ကုလားကျမင်း အဲဒီမင်းနှစ်ပါးတို့ကြောင့် အနော်ရထာ စုစည်းညီညွတ်စွာ တည်ထောင်ခဲ့တဲ့ ပြည်ထောင် စုမြန်မာနိုင်ငံတော်ကြီးဟာ အစိပ်အစိပ်အမွှာမွှာ ပျက်စီးခဲ့တယ်။

ရာဂျမင်း ဆိုတာ ဘင်္ဂလားဒေ့ရှ် ကလာတဲ့ ပတိက္ခယ မင်းသမီးကို လက်ထပ်ခဲ့တဲ့ ဘုရင်ကွ၊ အဲဒီလူ ကုလား သတ်လို့သေ တာပဲ။ အဲဒါကြောင့် “တိုင်းပြည်မှာ အဖက်ဖက်က တရုပ်ကတစ်မျိုး၊ ကုလားကတစ်မျိုး၊ ခြိမ်းခြောက်နေတဲ့အချိန်မှာ ဒီလို ရှားရှားပါးပါး ရထားတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဒို့တတွေက အားမပေး ဘူးဆိုရင် အင်္ဂလိပ်ကျမင်းဆိုတဲ့ သီပေါမင်းဆိုတာလဲ ရှိသေးတယ်။” အဲဒီသမိုင်းတွေကို ဆက် လက်ပြီး စဉ်းစားကြ။

အဲဒီတော့ ဒီအချိန်မှာ ရှေးရှေးက အသက်စွန့်သွားကြတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့ လွတ်လပ်ရေးနဲ့ နိုင်ငံတော် ရဲ့ အမွေအနှစ်တွေကို ညီညွတ်ခြင်းဖြင့် ဒို့တတွေဟာ စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ညီညွတ်ခြင်း ဆိုတဲ့ ကိစ္စကလဲ သည်းမခံနိုင်ရင် မညီညွတ်ဘူး၊ ခွင့်မလွတ်နိုင်ရင် မညီညွတ်ဘူး၊ မစွန့်လွတ်နိုင် ရင် မညီညွတ်ဘူး၊ မေ့ပျောက်ခြင်း မရှိရင်လဲ မညီညွတ်ဘူး၊ အဲဒါကြောင့် Tolerance, Forgiveness, Sacrificed, Forgetness၊ အဲဒီအထဲမှာ ထပ်ပြောရရင် self-forgeteness ကိုယ်ကျိုး ကိုယ့် စီးပွားကို မေ့ပျောက်ခြင်းဆိုတဲ့ အဲဒီအခြေခံမူလေးနဲ့ Union Of Myanmar ဆိုတဲ့နိုင်ငံတော်ကို ဆက်လက် ၍ ထိမ်းသိမ်း စောင့်ရှောက်ကြပါစို့လို့ အလေးအနက်ပြောချင်ပါတယ်။

သီတဂူဆရာတော်ပြောသော “စည်းလုံး ညီညွတ်ခြင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် Union Of Myanmar” ဒီဗီဘီ အင်တာဗျူး အသံဖိုင်မှ စာ အဖြစ် ဖန်တီးသည်။

Myanmar Daily News မှ ကူးယူဖော်ပြသည်။

ပုဏ္ဍားကျွန်း ဆယ်တန်း ကျောင်းသားများ မြို့သစ် အမကသို့ ပြောင်းရွှေ့ စာစစ်မည်

Posted by drmyochit Sunday, March 17, 2013, under | No comments


ပုဏ္ဍား ကျွန်းမြို့ အထက် တန်းကျောင်း မီးလောင် မူကြောင့် တနင်္လာနေ့ တွက် ဆက် စစ်မည့် စာမေး ပွဲ ကို မြို့သစ် အမကသို့ ပြောင်းရွှေ့ စစ်ဆေး မည်ဟု သိ ရသည်။

အထက် တန်းကျောင်း မီးလောင် မူကြောင့် စာသင် ခန်းများ မီးထဲ ပါသွား ရာမှ မြို့သစ် အမကသို့ ပြောင်းရွှေ့ စစ်ဆေး ရန် သက်ဆိုင်ရာမှ ထုတ်ပြန် ကျေညာထားကြောင်း ဒေသခံ တစ်ဦး ဖြစ်သူ ဦးထွန်း ထွန်းက ပြောသည်။

“ ကျောင်းရဲ့ အပေါ်ထပ် အဆောင်က အခန်း နှစ်ခန်းနဲ့ အောက်ထပ် အဆောင်က အခန်း နှစ်ခန်း၊ စုစုပေါင်း လေးခန်း မီးထဲပါသွားပါတယ်။ လာမယ့် တနင်္လာနေ့မှာ ဆက်စစ်မယ့် စာမေးပွဲကို မြို့သစ် အမက ကို ပြောင်းရွှေ့ စစ်ဆေးမှာ ဖြစ်ပါတယ်။”

ပုဏ္ဍား ကျွန်း မြို့မ အထက်တန်းကျောင်း စနေနေ့ ညဥ့်အစောပိုင်း ၂ နာရီခန့်က မီးထလောင်ရာ မြို့သူ မြို့သား များနှင့် မီးသတ်ဌာနမှ အချိန်မှီ ငြိမ်းသတ်ခဲ့ရသည်။

“ မီးလောင်တာနဲ့ ချက်ချင်း မြို့သူ မြို့သားတွေနဲ့ မီးသတ်ကားက ၀ိုင်းဝန်း ငြိမ်းသတ်ပါတယ်။ မီးသတ် ကားရောက် ပါတယ်။ မီးသတ်ကားတွေ မရောက်လာရင် တစ်မြို့လုံးကို ကူးစက် ပြာကျ သွားနိုင်ပါတယ်” ဟု သူက ဆိုသည်။

ယခု အချိန်ထိ ပုဏ္ဍားကျွန်း မြို့မ အထက မီးလောင်ရသည့် အကြောင်းကို မသိရသေးကြောင်း၊ မီးလောင် မူမှာ ဆယ်တန်း စာမေးပွဲနှင့် တိုက်ဆိုင်နေသဖြင့် ဒေသခံများက အမျိုးမျိုး ဝေဖန် ပြောဆိုလျှက် ရှိနေကြောင်း သိရသည်။

(ပုဏ္ဍားကျွန်း အထက် တန်းကျောင်း မီးလောင် သတင်းတွင် မီးသတ် ကားများ ရောက်မ လာဟု ဒေသခံ တစ်ဦးက ပြောဆိုသည်ကို ကိုးကားပြီး သတင်းမှား ဖေါ်ပြမိပါသဖြင့် အထူး တောင်းပန် အပ်ပါသည်။)

နိရဉ္ဇရာ

တံတားနီဖြစ်ရပ်မှန် ဖေါ်ထုတ်သင့်

Posted by drmyochit Sunday, March 17, 2013, under | 2 comments


မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှား မှု သမိုင်းမှာ လွန်ခဲ့ တဲ့ ၂၅ နှစ်က အထင် ကရဖြစ် ပျက်ခဲ့တဲ့ အင်းလျား ကန်ဘောင် တံတားနီ အရေး အခင်းမှာ ထိခိုက်သေ ကျေပျောက် ဆုံးခဲ့ရတဲ့ ကျောင်းသားလူငယ်တွေရဲ့ သမိုင်း ကို အတိအကျဖော်ထုတ်ဖို့ ၈၈ မျိုးဆက်တွေ အနေနဲ့ ကြိုးစားနေကြတယ်လို့ အဲ့ဒီအရေးအခင်းမှာ ဦးဆောင် ပါဝင်သူ ကျောင်းသားခေါင်း ဆောင်တွေ က ပြောကြား လိုက်ပါတယ်။ ဒီကနေ့ ကျရောက် တဲ့ မတ်လ ၁၆ ရက်နေ့ ၂၅ နှစ်မြောက် တံတားနီနှစ် ပတ်လည်နေ့ မှာ သမိုင်းမှန်တွေကို ဖော်ထုတ် ဖို့ လိုအပ်တယ် လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တွေက ပြောကြား လိုက်တာဖြစ် ပါတယ်။ ဒီ အကြောင်း အပြည့် အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထား ပါတယ်။

အာဏာရှင် လက်အောက် ကလွတ်မြောက်ကြဖို့ ရဟန်းရှင်လူကျောင်းသားပြည်သူတွေ တိုက်ပွဲဝင်ခဲ့ကြတဲ့ မြန် မာ့ ဒီမိုကရေစီ နဲ့ လူ့ အခွင့် အရေး တိုက်ပွဲတွေ ထဲက အထင်ရှားဆုံး သမိုင်းဝင်နေ့တနေ့ဖြစ်တဲ့ အင်းလျား ကန်ဘောင် တံတားနီနေ့ဟာ ဒီကနေ့ဆိုရင် ၂၅ နှစ် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ တံတားဖြူ ကနေ တံတားနီလို့ ခေါ်ဝေါ်သတ်မှတ်ခံ ရလောက်အောင်ကို စစ်လုံခြုံရေးရဲတွေရဲ့ ရိုက်နှက် သတ်ဖြတ် မှုကြောင့် အင်းလျားကန်ဘောင်မှာ သွေးလွှမ်းခဲ့ရတဲ့ အနေအထားဟာ ကျောင်းသားပြည်သူတွေ ဘယ်လောက် အထိ သွေးမြေကျခဲ့ရတယ်ဆိုတာ ခန့်မှန်းဖို့တောင် ခက်တယ်လို့ ကျောင်းသားခေါင်းဆောင် ကိုမင်းဇေ ယျာက ပြောပါတယ်။

“ဘယ်လောက် ထိသေ ဆုံးခဲ့ရလဲ။ ဘယ်လောက်ထိ နစ်နာခဲ့ရလဲ ကိန်းဂဏန်းအရေအတွက်ကိုတော့ ကျနော်တို့ ကိုယ်တိုင် သိချင်တဲ့မေးခွန်းပါ။ ကျနော်သိချင်တဲ့အဖြေတခုပါ။ ဒီအချိန်မှာတော့ ဒီကိစ္စနဲ့ပတ် သက်ပြီးတော့ ကျနော်တို့ ကျပ်ကျပ်မတ်မတ် စုံစမ်းဖော်ထုတ်ခွင့်ရဖို့ မျှော်လင့်ထား ပါတယ်။ အခုချိန်ထိ ကျနော် တို့က ကိန်းဂဏန်းအတိအကျ မသိရသေးဘူး။ ကျနော်ကိုယ်တိုင် ကြုံခဲ့ရတဲ့ ကျနော်ကိုယ် တိုင်မြင်ခဲ့ ရတဲ့မြင်ကွင်းတွေအရ ကတော့ တံတားနီဆိုတဲ့နေရာဟာ တံတားနီလို့ သူတို့ဘာဖြစ်လို့ ပြောင်းခဲ့ ရလဲဆိုတဲ့အဖြေက ကျနော်တို့ အင်းယျားကန်ဘောင်ရှေ့မှာရှိတဲ့ လမ်းကြီးဟာ သွေးတွေဖုံး လွှမ်းသွားတဲ့ အတွက် ကျနော်တို့က ဒီနေရာကို  တံတားနီလို့ ကျနော်တို့ ကျောင်းသားတွေက သတ်မှတ်ခဲ့တာပါ။”

အာဏာပိုင်တွေဘက်ကလည်း တံတားနီအရေးအခင်းကြောင့် သေဆုံးပျက်စီးခဲ့ရတဲ့သူစာရင်းကို ဒီကနေ့ အထိ တရားဝင် ထုတ်ပြန်ကြေညာခြင်း လုံးဝမရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ဒီတံတားနီအရေးအခင်းမှာ ကျောင်းသား လူငယ်တွေ ဘယ်လောက်အထိ သေဆုံးခဲ့ရတယ်၊ ဘယ်လောက်အထိ ဖမ်းဆီးခံရပြီးတော့ ဘယ် သူတွေ ပျောက်ဆုံးခဲ့ရတယ်ဆိုတာကို ဒီအရေးအခင်းမှာ ပါဝင်ခဲ့သူ ကျောင်းသားမျိုးဆက်တွေက သမိုင်းမှန် ကို ဖော်ထုတ်ဖို့ ကြိုးစားနေကြတယ်လို့ ကိုမင်းဇေယျာက ပြောပါတယ်။

၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော် သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ ပတ် သက်ပြီး ဈာပနလုပ်ခွင့်ပေးဖို့နဲ့ အာဏာပိုင်တွေအနေနဲ့ စုံစမ်းဖော်ထုတ်ပေးဖို့ စတဲ့ တောင်းဆိုချက်တွေနဲ့ အပါ အဝင် ရန်ကုန်တက္ကသိုလ်ပရဝုဏ်မှာ ကျောင်းသားတွေ ဆန္ဒပြနေတဲ့အချိန် စစ်တပ်နဲ့ ရဲလုံခြုံရေးတွေ က လက်နက်သုံး၊ အကြမ်းဖက်အင်အားသုံးဖြေရှင်း ခဲ့တဲ့ သွေးထွက်သံယိုမှု အများ ဆုံးဖြစ်ပျက် ခဲ့ရတဲ့ အထဲ က အဖြစ်အပျက်တခုဖြစ်ပါတယ်။

ဒီလိုမျိုး မြန်မာ့ဒီမိုကရေစီရေး အရေးတော်ပုံအတွင်း ဖြစ်ပျက်ခဲ့တဲ့ သမိုင်းတွေကို နောင်လာတဲ့ မျိုးဆက် သစ်တွေ နဲ့ မြန် မာပြည် သူတွေ မမေ့ပျောက်စေဖို့အတွက် ရည်ရွယ်ပြီးတော့ ဒီနေ့နှစ်ပတ် လည်နေ့ အောက် မေ့ဖွယ်နေ့ ကို ကျင်းပကြတာဖြစ်တယ်လို့ ၈၈မျိုးဆက်ကျောင်းသားတွေကဆိုပါတယ်။

ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ အသက်တွေ၊ ဘဝတွေ ပေးဆပ်ခဲ့ရတဲ့ အညတရ ကျောင်းသား လူငယ်တွေ ရဲ့ ဆုံးရှုံး နစ်နာမှု တွေနဲ့ သမိုင်းမှန်တွေကိုဖော်ထုတ်ဖို့က အဲ့ဒီ့အချိန်တုန်းက တာဝန်ရှိခဲ့ သူတွေ နဲ့ လက်ရှိတိုင်းပြည်အုပ်ချုပ်သူတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့လည်း ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။

“ဒီဟာ ဟာ ဖုံးကွယ်ခံခဲ့ရတဲ့သမိုင်းပေါ့ဗျာ။ အဲဒါကို ပြန်ပြီးတော့ အမှန်တရားကို မဖော်ထုတ်နိုင်သေး ဘူးပေါ့။ အဲဒီမှာ အထူးသဖြင့်ကတော့ အညတရတွေပေါ့ဗျာ။ တော်တော်ကြီးကို နစ်နာဆုံးရှုံးခဲ့ရသူတွေ ပါပါ တယ်။ ကျောင်းသူတွေက အစပါ။ ဘက်နှစ်စလုံးကပေါ့ ပြောချင်တာကတော့ အဲဒီအချိန်က လက်နက်ကိုင် အဖွဲ့ အစည်းတွေ ကျနော်တို့ ကျောင်းသားတွေအပေါ်မှာ အကြမ်းပတမ်းကိုင်တွယ်ပြီးတော့ အကြမ်း ဖက်ခဲ့တဲ့သူတွေပါ။ ဒီကနေ့ဟာ သူတို့လည်းမေ့မယ့်နေ့မဟုတ်ပါဘူး။ ဒီကနေ့ ဒီအကြောင်း အရာတွေ ပြန်ပြောနေကြပြီဆိုကတည်းက သူတို့ဟာ အဲဒီသမိုင်းမှာ ဘယ်နေရာက ပါခဲ့ကြတယ်ဆိုတာ သိပါလိမ့် မယ်။ အမိန့်ပေးတဲ့သူက အမိန့်ပေးတယ်၊ လက်တွေ့အကောင်အထည် ဖော်တဲ့သူက ဖော်ကြ တယ်ပေါ့ ဗျာ။ ကျနော်တို့ အဲဒီနားတ၀ိုက်က ပြည်သူတွေ၊ တချို့ဆိုလည်း ကျောင်းသားတွေ၊ တချို့ဆို လည်း ပြည်သူတွေ။ ဘာဖြစ်လို့လဲဆိုတော့ တချို့ ကျောင်းသူတွေကို ကယ်ပေးခဲ့တာ အိမ်ဖော်မလေးတွေ ကအစ ကျနော်တို့ကို နောက်ဖေးတံခါးဖွင့်ပြီးတော့ လွတ်ရာကျွတ်ရာကို ကယ်တင်ပေးခဲ့တာတွေ ရှိတယ်ဗျ။ ပြောချင် တာ ကတော့ သမိုင်းနဲ့ပတ်သက်လာရင် တချိန်မှာပြန်ပြီး အမှန်တရားပေါ်လာတဲ့အခါမှာ ဘယ် သူတွေ ဘယ် လိုနေရာက ပါဝင်နေကြလဲဆိုတာ ကိုယ့်ကိုယ်ကိုသိကြပါလိမ့်မယ်။ နောက်သားတွေကို ပြန်ပြောပြ တဲ့အခါမှာလည်း ကိုယ့်အခန်းကဏ္ဍကို မလိမ်တမ်းမညာတမ်း ပြန်ပြောနိုင်တာပေါ့ဗျာ။”

အဲ့ဒီ့နေ့တုန်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး သမိုင်းမှန်တွေကိုမမေ့ဖို့နဲ့  ဒီလို ရက်စက်ကြမ်း ကြုတ် တဲ့လုပ်ရပ်ကို အာဏာပိုင်တွေဘက်က အကြမ်းဖက်လုပ်ခဲ့တယ် ဆိုတဲ့ အမည်းစက် ကို အခုလိုနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာတဲ့အချိန် တာဝန်ရှိသူတွေအနေနဲ့ တာဝန် ယူပြီးဖြေရှင်းပေး သင့်ပြီး ကျောင်းသား မျိုးဆက်တွေ နောင်လာနောင်သားတွေအနေနဲ့လည်း သမိုင်းကို မမေ့ပျောက် ဖို့ အရေးကြီးတယ်လို့ အခမ်းအနားကို ဦးဆောင်ခဲ့တဲ့ ၈၈မျိုးဆက် ကျောင်းသားတွေက ပြောပါ တယ်။

တံတားနီနေ့နှစ်ပတ်လည်နေ့အခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားတွေ လွတ်မြောက် လာပြီးနောက် ပိုင်း ၂၀၁၂ခုနှစ်က ပထမဆုံးအကြိမ် ရန်ကုန် ရွှေဂုံတိုင်မှာ ကျင်းပခဲ့ပြီး (၂၅) နှစ်မြောက် နှစ်ပတ်လည်နေ့ ကိုတော့ မတ်လ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့မှာ ကျင်းပခဲ့သလို တံတားနီအရေးအခင်းဖြစ်ပျက်ခဲ့တဲ့ အင်းလျား ကန်ဘောင်ပေါ်မှာ လည်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ ရန်ကုန် တက္ကသိုလ် ကျောင်း သားဟောင်းတွေ၊ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတွေနဲ့ မျိုးဆက် သစ်ကျောင်း သား လူငယ် တွေ စုဝေးပြီး ကျင်းပခဲ့ကြပါတယ်။ အရပ်သားအစိုးရလက်ထက်၊ နှစ်ရှည်ထောင် ဒဏ်ကျ ခံခဲ့ ရတဲ့ နိုင်ငံရေး လှုပ်ရှားသူတွေ ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းမှာတော့  ဒီမိုကရေစီရေးလှုပ်ရှားမှု သမိုင်းဝင်နေ့တွေကို အမှတ်တရ ကျင်းပခွင့်ရလာတာလည်း ဖြစ်ပါတယ်။

VOA

မြန်မာ့ဂုဏ်ဆောင် ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သော ဆုများ

Posted by drmyochit Sunday, March 17, 2013, under | No comments

ဒေါ်အောင် ဆန်းစုကြည် အား နိုင်ငံ တကာမှ အသိ အမှတ် ဂုဏ်ပြု သည့် ဆုများ ရာကျော်ရှိသည်။ ရရှိသော ဆုများ ၏ ငွေကြေး များကို မြန်မာပြည် သူများ၏ ပညာရေး နှင့် ကျန်းမာရေး (ကဏ) အတွက် လှူဒါန်းလေ့ ရှိသည်။


စဉ် ခုနှစ် ရရှိခဲ့သည့် ဆု အမည် ပေးအပ်သည့် ဌာန နိုင်ငံ ဆုကြေး
၁၉၉၀ သိုးရော်ဖ် ရွပ်ဖ်တိုဆု ရဖ်တို လူ့အခွင့်အရေး ဖောင်ဒေးရှင်း နော်ဝေနိုင်ငံ နော်ဝေနိုင်ငံ၏ အလံတော်
၁၉၉၁ စက်ခါရော့ဗ်ဆု ဥရောပ ပါလီမန် ပြင်သစ် ပြင်သစ်နိုင်ငံ၏ အလံတော် ၅၀၀၀၀ ယူရို
၁၉၉၁ နိုဘဲလ် ငြိမ်းချမ်းရေးဆု နိုဘဲလ် ကော်မတီ နော်ဝေ နော်ဝေနိုင်ငံ၏ အလံတော် ၆ ၀၀၀ ၀၀၀ ဆွီဒင် ခရုံနာ
၁၉၉၆ Companion of the Order of Australia - ဩစတြေးလျ ဩစတြေးလျနိုင်ငံ၏ အလံတော်
၂၀၀၀ လွတ်ငြိမ်းချမ်းသာခွင့် သမ္မတ ဆု - - -
၂၀၀၂ မဒန်ဂျိတ် ဆင့်ဂ်ျ ဆု (Madanjeet Singh Prize) ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှု (UNESCO) - -
၂၀၀၂ A Doctor of Laws honoris causa Memorial University of Newfoundland ကနေဒါ ကနေဒါနိုင်ငံ၏ အလံတော်
၂၀၀၄ ဂွမ်ဂျူး လူ့အခွင့်အရေးဆု (Gwangju Prize for Human Rights) - တောင်ကိုရီးယား ကိုရီးယားသမ္မတနိုင်ငံ၏ အလံတော်
၂၀၀၇ Honorary Canadian citizenship - ကနေဒါ ကနေဒါနိုင်ငံ၏ အလံတော်
၁၀ ၂၀၀၇ အိုလွတ်ဖ် ပါလ်မယ် ဆု (Olof Palme Prize) အိုလွတ်ဖ် ပါလ်မယ် မိသားစု နှင့် ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ထူထောင်မှု ဆွီဒင် ဆွီဒင်နိုင်ငံ၏ အလံတော် ၇၅ ၀၀၀ အမေရိကန် ဒေါ်လာ
၁၁ ၂၀၀၈ ကွန်ဂရက် ရွှေတံဆိပ်ဆု Congressional Gold Medal) [၈၃] United States Congress အမေရိကန် အမေရိကန်ပြည်ထောင်စု၏ အလံတော်



1. Honorary Fellow St Hugh's College (Oxford, UK) 1990

2. Thorolf Rafto Human Rights (Norway) 1990

3. Sakharov Freedom of Thought (European Parliament) 1991

4. Nobel Peace Oslo, Norway 1991

5. Honorary Member International PEN (Norwegian Center) 1991

6. Humanities Human Rights Award (USA) 1991

7. Honorary Member International PEN (Candian Center) 1991

8. Marisa Bellisario Price Italy 1992

9. Annual Award of the international Human Rights Law Group (USA) 1992

10. Honorary President Students' Union London School of Economics and Political Science ( UK ) 1992

11. Honorary Member International PEN (English Centre) 1992

12. Honrary Life Member University of London Union (UK) 1992

13. Honorary Professional Fellowship Law and Society Trust (Sri Lanka) 1992

14. Honorary Doctorate in Political Science Thammasat University (Thailand) 1992

15. International Simon Bolivar prize UNESCO 1992

16. Prix Litteraire des Droits de l'Homme Nouveaux Droits de l'Homme, France 1992

17. Honorary Member World Commission on Culture and Development (UNESCO) 1992

18. Member Academie Universelle des Cultures (Paris) 1993

19. Rose Prize arbejderbevaegelsens Internationale Forum/International Forum of the Danish Labour Movement, Copenhagen 1993

20. Victor Jara International Human Rights Center for Human Rights and Constitutional Law, Los Angeles, USA 1993

21. Member of the Advisory Board Francois-Xavier Bagnoud Center for Health and Human Rights, Harvard University 1993

22. Honorary Doctorate of Law University of Toronto (Canada) 1993

23. The Freedom of the City Commune of Giugliano, Italy 1993

24. Bremen Solidarity City of Bremen, Germany 1993

25. Premio Mujer Progresista (Federacion Mujeres Progresistas / Spanish Federation of Progressive Women, Madrid) 1993

26. Honorary Doctorate Philosophy & Letters, Free University of Brussels 1994

27. Honorary Adviser Forum of Democratic Leaders in the Asia-Pacific 1994

28. The Freedom of the City Aversa, Italy 1995

29. Liberal International Prize for Freedom Britanints Liberal Democracy Party, UK 1995

30. Honorary Doctorate of Laws Queen's University, Canada 1995

31. Jawaharlal Nehru Award for International Understanding (for 1993) India 1995

32. Gandhi Award Simon Fraser University, Canada 1995

33. Honorary Doctorate of Civil Law University of Oxford 1995

34. IRC Freedom Award International Rescue Committee 1995

35. Companion of the Order of Australia Australia 1996

36. Liberal International Prize (UK) 1996

37. Asia Human Rights of Law (Japan) 1996

38. W.Averell Harrimen Democracy Award National Democratic Institute U.S.A 1996

39. Rajiv Shmirti Parashka [Rajiv Gandhi Memorial Award] India 1996

40. Empty Chair Award Women of the Year Lunch, London, UK 1996

41. Honorary Doctorate of Law Charles University in Prague, Czeeh Republic) 1997

42. Honorary Doctorate of Letters Sydney University of Technology, Australia 1997

43. Honorary Doctorate of Letters California Chapman University, U.S.A 1997

44. Honorary Doctorate of Law Natal University, South Africa 1997

45. Honorary Doctorate of Law America University,Washington D.C, U.S.A 1997

46. Distinguished Alumni Award Central University / Delhi University 1997

47. Honorary Citizenship of Rome (Italy) (May 23,1997) 1997

48. Honorary Doctorate of Letters Glasgow University (UK) 1997

49. Pearl S. Buck Woman's Award Pearl S. Buck Foundation (USA) 1997

50. International Award St. Angela's Peace and Justice Group, Waterford (Eire) 1997

51. Profiles in Courage Award Kennedy Society of Denmark 1997

52. Honorary Doctorate Cambridge University (June 1998) 1998

53. Freedom of the City (Oxford, UK) 1998

54. Honorary Doctorate of Laws University of Wales, Cardiff 1998

55. Honorary Doctorate of Laws University of Bristol (UK) 1998

56. Honorary Doctorate of Laws University of Melbourne (Australia) 1998

57. Honorary degree Université catholique de Louvain, Belgium - December 1998

58. Honorary Degree University of Bath (UK) - December 1998

59. Honorary Degree Bucknell University - May 1999

60. Freedom Award International Republican Institute, USA (October 1999) 1999

61. The Freedom of the City of Dublin Award Ireland (November 1999) 1999

62. 2000 CAW Nelson Mandela Human Rights Award Canada (December 2000) 2000

63. Presidential Medal of Freedom Award U.S.A. (December 2000) 2000

64. Collage United Nations Prize 2001 Germany (June 2001) 2001

65. International Social Welfare Prize University of Southern CaliforniaSchool of Social Work- (December 8) 2001

66. Al Neuharth Free Spirit Award U.S. Foundation, Washington, USA 2003

67. MTV Humanitarian Award, "Free Your Mind" MTV Europe, EDINBURGH, UK 2003

68. The 2004 TIME 100, The most influential people in the world today TIME Magazine 2004

69. Kwangju Human Rights Award May 18 Memory Foundation from South Korea 2004

70. TIME's Asia's Hero 2004 TIME MAGAZINE 2004

71. The Honorary Citizen of Paris France 10/12/2004

72. Honorary Doctorate in Politics, Philosophy and Economics Rangsit University, Thailand 13/12/2004

73. Outstanding Women in Buddhism United Nations Gender and Religious department 8/03/2005

74. Honory Degree in Political Science Thammasat University, Thailand 19/06/2005

75. Freedom of the City Award The City Council of Edinburgh, Scotland 16 /06/ 2005

76. Freedom of Galway City Galway city, Ireland June 2005

77. UNISON Honorary Membership UNISON, Britain's largest trade union, June 2005

78. Olof Palme Prize Sweden, February 2006

79. Freedom Award Franklin and Eleanor Roosevelt Institute, USA March 2006

80. New Statesmen Magazine Hero New Statesmen Magazine, May 2006

81. Netaji Subhas Chandra Bose International Deshprem Award, India, 2007

82. Award from University of Cape Town, South Africa

From: Myanmar Express

ပြည်တွင်းပြည်ပ ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုအား မိုဘိုင်း အော်ပရေတာ အဖြစ် လုပ်ကိုင်ခွင့်ပြုမည်

Posted by drmyochit Sunday, March 17, 2013, under | No comments


ယခုဘဏ္ဍာ နှစ် အတွက် မိုဘိုင်းအော် ပရေတာ အဖြစ် ပြည် တွင်းပြည် ပ ပုဂ္ဂလိက ကုမ္ပဏီ နှစ်ခုအား လုပ် ကိုင်ခွင့်ပြု သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး နှင့် သတင်း အချက် အလက် နည်း ပညာ ဝန်ကြီး ဌာနမှ သိရ သည်။

ယင်းသို့ ဆက်သွယ်ရေးအော်ပရေ တာ အဖြစ် လုပ် ကိုင်ခွင့်ပြု နိုင်ရန် အတွက် ပြည် တွင်းပြည်ပ ကုမ္ပ ဏီများ အား လုပ်ငန်းပိုင်း ဆိုင်ရာ ကိစ္စ ရပ်များ ကိုစိစစ်ရွေးချယ် မှုများ ဆောင်ရွက် လျက် ရှိကြောင်း သိ ရသည်။ ယင်းနှင့် ပတ်သက်၍ ဆက်သွယ်ရေး နှင့် သတင်း အချက် အလက် နည်း ပညာ ဝန်ကြီးဌာနမှ တာဝန် ရှိသူ တစ်ဦး က ''ဆက်သွယ်ရေး အော်ပရေတာ အဖြစ် လုပ် ကိုင် ဖို့ ကုမ္ပဏီ နှစ်ခုကို ချထား ပေးမှာ ပါ။ ပြည် တွင်း ပြည်ပ ကုမ္ပဏီ တွေ အများ ကြီးလာ လျှောက် တဲ့အထဲကနေ နှစ်ခု ရွေးချယ် သွား မယ်။ ဒီနှစ် အတွက် လုပ်ကိုင် ခွင့်ကို ချထားပေး သွား မှာပါ''ဟု ပြောသည်။

လက်ရှိ တွင် ဆက်သွယ်ရေး ကဏ္ဍ များဖြစ် သည့် မိုဘိုင်း၊ အင်တာနက်၊ ကြိုးဖုန်း၊ အိုင်တီ အစရှိသည့်လုပ် ငန်းများ ကို ပုဂ္ဂလိက သို့ လုပ်ကိုင်စေရန် လွှဲပြောင်းပေး မည့် အစီ အစဉ် များရှိပြီး မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် မူဝါဒပိုင်းနှင့် စည်းမျဉ်း စည်းကမ်း ပိုင်း ကိုသာ အဓိကထား ၍လုပ်ကိုင်ဆောင် ရွက်သွား မည်ဖြစ် သည်။ 

ဆက်သွယ်ရေး အော်ပရေ တာအဖြစ် လုပ်ကိုင်ခွင့် ရရှိရန် လျှောက်ထားသည့် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ် သည့်   E-lite Tech  မှ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းခင် မောင်အေးက '' E-lite Tech  အနေနဲ့ ဒီနှစ် အတွက် ဆက်သွယ် ရေးအော် ပရေတာ ရရှိ ဖို့ လျှောက်ထား ပါတယ်။ လုပ်ကိုင် ခွင့်တွေလဲ မကြာမီ ချပေး တော့ မယ်လို့ ကြားတယ်။ လျှောက်တဲ့အခါမှာ ကိုယ့် ကုမ္ပဏီ က ဘယ် အပိုင်း လုပ်ကိုင် ချင်တာ လဲဆို တာ ပါတယ်။ ဆက်သွယ်ရေး ကနေ ကုမ္ပဏီကို ခေါ်တွေ့ မေးမြန်းဦး မလားတော့ မပြောတတ်ဘူး။ ယှဉ် ပြိုင် လုပ်ကိုင် ခွင့်ရရင် တော့ အပြိုင် အဆိုင် တွေဖြစ်လာမှာ ကျိန်း သေ ပါပဲ''ဟု ပြောသည်။

ယင်းသို့ မိုဘိုင်းအော်ပရေ တာအဖြစ် လုပ်ကိုင်ခွင့် ရရှိရန်အတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီ ၉၁ ခုမှ လျှောက် ထားခြင်းဖြစ်ပြီး ယင်းတို့အ နက်မှ ရွေးချယ်ကာ လုပ်ကိုင် ခွင့်ချ ထားပေး သွားမည်ဖြစ်ကြောင်း သိရ သည်။ Myanmar  Telecom  ကုမ္ပ ဏီအား ဆက် သွယ် ရေး ကော် ပိုရေးရှင်း မှ ရန်ပုံငွေ နှင့်အတူ နိုင်ငံ တကာ အဖွဲ့ အစည်း များထံမှ ချေးငွေနှင့် အထောက် အပံ့များ၊ နည်းပညာ များ ဆက်သွယ်ရ ယူလျက် လုပ်ငန်း  လည်ပတ် ဆောင် ရွက် မည်ဖြစ်ပြီး Myanmar  Telecom    ၊ Yatanarpon Telecom  တို့ နှင့် အပြိုင် Separate Operator Co., Ltd. နှစ်ခု အား ဥပဒေ၊ နည်း ဥပ ဒေနှင့် အညီ Telecom  ဝန်ဆောင်မှု ကို ယှဉ်ပြိုင်လုပ်ကိုင် ခွင့်ပြုမည်ဖြစ်သည်။

ဖူးပွင့်သော်

မြေမြှုပ်မိုင်းများကြောင့် ရွာသစ်ရေကာတာဘက် အသွားအလာ ပိတ်ပင်

Posted by drmyochit Sunday, March 17, 2013, under | No comments


ကယားပြည်နယ် ဘော်လခဲ ခရိုင်ရှိ ရွာသစ် ရေကာတာ တည်ဆောက်မှုအား ပွင့်လင်းမြင်သာမှု မရှိခြင်းမှာ ယခင် စစ်ပွဲ ကာလက ထောင်ထားသည့် မိုင်းများရှိနေခြင်းကြောင့် ဖြစ်ကြောင်း ကယားပြည်နယ် ၀န်ကြီး ချုပ်မှ ပြန်လည် ရှင်းလင်းခဲ့သည်။

၎င်းက “အရင်ဆုံး မိုင်းကိစ္စ ကိုရှင်းရမယ်။ သေနတ်က ပစ်မှထိတာ မိုင်းက အချိန်မရွေး ထပေါက်နိုင်တယ်။ ဒါကြောင့် ပြည်သူတွေကို မသွားနဲ့ မလာနဲ့ဦးလို့ ကျွန်တော်တို့က တားနေရတာပါ” ဟုဆိုသည်။

ထို့ကြောင့် မိုင်းများ အား ဦးစွာရှင်းလင်းရမည်ဖြစ်ကြောင်း ထိုမိုင်းများရှင်းလင်းပြီးမှ ပြည်သူများ သိသင့်သိထိုက်သော အချိန်တွင် အဆိုပါ ရေကာတာကိစ္စအား ပြည်သူများသို့ ပွင့်လင်းမြင်သာမှုရှိရန် ဆောင်ရွက်မည်ဖြစ်ကြောင်းပြည်နယ်ဝန်ကြီးချူပ် ဦးခင်မောင်အေးက သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

အဆိုပါ မိုင်းများအား ရှင်းထုတ်ရန် UN အဖွဲ့အစည်းများနှင့် ဆွေးနွေးမှု ပြုလုပ်နေကြောင်း တစ်ရက်လျှင် အတိုင်းအတာ မည်မျှ တူးဖော်နိုင်မည် စသည့် လုပ်ဆောင်ချက်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောခဲ့သည်။

မြေမြှုပ်မိုင်းများသည် ၂၀၁၂ခုနှစ် နှောင်းပိုင်း စစ်ပွဲများ ဖြစ်ပွားစဉ် အချိန်တွင် မိုင်းထောင်မှုများ ရှိခဲ့ပြီး သံလွင်မြစ် အရှေ့ပိုင်းဒေသများတွင် မြေမြှုပ်မိုင်းများ ပိုမိုများပြားကြောင်း ဒေသခံများ ပြောကြားချက်မှ သိရသည်။

ထို့ကြောင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီမှ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သတ်၍ တောင်းဆို ထား သည့် စီမံကိန်းဒေသအား ပြည်သူများနှင့် အဖွဲ့အစည်းများ လေ့လာခြင်း မပြုနိုင်ကြောင်း ပြည်နယ် ၀န်ကြီးချုပ် ကပြန်လည်ပြော ဆိုခဲ့သည်။

အဆိုပါ ရေကာတာ တည်ဆောက်သည့် နေရာနှင့် အခြားစစ်ပွဲများ ဖြစ်ပွားခဲ့သော် ကယားပြည်နယ်မှ ဒေသ များတွင် လက်နက်ကိုင် အဖွဲ့အစည်းများ၏ စစ်တမ်းများအရ ယခင်က မြှုပ်နှံခဲ့သော မြေမြှုပ်မိုင်း အရေအ တွက်မှာ အလုံး တသောင်းခွဲခန့် ရှိကြောင်း သိရသည်ဟု ဒေသခံများက ပြောဆိုသည်။

“ ကယားပြည်နယ်ရဲ့ နယ်စပ်တွေမှာ အမြဲလိုလို လူတွေ မိုင်းထိကြတယ်။ မိုင်းထိတဲ့ အထဲမှာ ဒေသခံ ကလေးတွေ များ တယ်” ဟု ကရင်နီလူငယ်သမဂ္ဂမှ ကိုဒီးဒီးက ပြောသည်။

ထိုသို့ မြေမြှုပ်မိုင်းများ ဖယ်ရှားခြင်း ကိစ္စနှင့် ပတ်သတ်၍ ယခုအချိန်အထိ လက်နက်ကိုင်ကာ အပစ်အခတ် ရပ်စဲထားသည့် ကယန်းပြည်သစ်ပါတီမှ ဥက္ကဌ ဦးစောလွင်က “ မြေမြှုပ်မိုင်းက အစိုးရက တာဝန်ယူပြီး ရှင်းရမှာပါ။ အစိုးရထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကလည်း ပိုပြီး အင်အားကြီးပါတယ်” ဟုဆိုသည်။

ရန်ကုန်(မဇ္ဈိမ)

ထိုင်းဘုရင်အုတ်ဂူဟုယူဆရသော အုတ်ဂူအတွင်းမှ အရိုးအိုးပုံစံမြေစိုင်ခဲနှင့် မှန်ပန်ချီ ကားများတွေ့ရှိ

Posted by drmyochit Sunday, March 17, 2013, under | No comments


ထိုင်းဘုရင် အုတ်ဂူဟု ယူ ဆရသော အုတ်ဂူအား တူးဖော် ရာတွင် အရိုးအိုး ပုံစံ တူမြေဆိုင် ခဲနှင့် မှန်ပေါ်တွင်ရေး ဆွဲထားသော ပန်း ချီကားများ မတ်လ၁၃ ရက်နေ့ကတွေ့ရကြောင်းသိရသည်။

မန္တလေးတိုင်း ဒေသကြီး အမရ ပူရမြို့နယ် ဆင်စွယ် ပွတ်ရပ် ကွက် တောင် သမန်ကန် အနီးရှိ အုတ်ဂူအား ထိုင်း ဘုရင် အုတ်ဂူဖြစ်ကြောင်း အခိုင် အမာ အထောက် အထား ရရှိရန် ထိုင်းရှေ့ဟာင်း သုတေသန ပညာရှင် များ အဖွဲ့ က ဖေဖေါ်ဝါရီလ၂ဝရက်နေ့ မှစတင်တူး ဖော်ပြုလုပ်ရာ အခုကဲ့သို့ တွေ့ရှိ ရခြင်းဖြစ်ကြောင်း သိရ သည်။

ယင်းသို့ တွေ့ရှိ ရသော ပစ်စည်းများ အပေါ် ထိုင်းဘုရင် အုတ်ဂူဟောင်း ရှာဖွေရေး အဖွဲ့ ဒုတိယ ခေါင်းဆောင် က "ထိုင်းဘုရင် အုတ်ဂူဟောင်း လို့ယူဆ တဲ့ အုတ်ဂူကို တူးဖော်တာ၂၁ ရက်ရှိပါပြီ ဒီနေ့ မှာတော့ အရိုး အိုးလို့ ယူဆ ရတဲ့ ပုံစံတူ မြေဆိုင် ခဲတွေရယ်။ မှန်ချပ်ပေါ် မှာပန်း ချီရေး ဆွဲ ထားတဲ့ မှန်တွေ ရယ် တခြား ဆက်စပ် ပစ္စည်းတွေတွေ့ ရတာပါ။ အခု ရရှိထားတဲ့ ပစ္စည်းတွေကို DNA စစ်ဆေး သွားမှာပါ " ဟုပြော သည်။

မန်းကိုကို

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်