Sunday, March 17, 2013

ချင်းပြည်နယ်က သတ္တု တူးဖော်မယ့် စီမံကိန်း ကိုပြည်နယ် လွှတ်တော် ကိုယ်စား လှယ်တောင်..သေချာ မသိရ ဟုဆို

Posted by drmyochit Sunday, March 17, 2013, under | 1 comment

ချင်းပြည် နယ်ရှိမြွေတောင် ဖားတောင်အား သတ္တုတူးဖော် ရေး လုပ်ငန်းဆောင် ရွက်ရန် တရုတ်နိုင်ငံမှ လာရောက် စမ်းသပ် တိုင်း တာ မှုများပြု လုပ်နေကြောင်း သိရသည်။
အဆိုပါ ကဲ့သို့  စမ်းသပ်ရေး တူးဖော်မှုများပြုလုပ်နေသော် လည်း လွှတ်တော် ကိုယ် စား လှယ် တစ်ဦး အနေဖြင့် သိရှိ ရခြင်း မရှိ ကြောင်း ချင်းပြည်နယ်လွှတ်တော် ကိုယ်စား လှယ်ဦး ပူဇိုဇမ်က မတ်လ ၁၄ရက်က ပြောကြား သည်။““ ကျွန်တော့် အနေနဲ့ အဲတောင်တွေ ကို မြွေတောင် ဖားတောင် လို့ခေါ် နေတာ ထက်မြွေခေါင်းတောင်ဖား ခေါင်းတောင် လို့ခေါ်စေ ချင်ပါ တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ဟာအဲ ဒီမြွေတောင် နား က ပြည်သူတွေ ကမဲပေးလို့ ကျွန်တော် ချင်းပြည် နယ်လွှတ်တော် အမတ် တစ်ဦး အနေနဲ့ လွှတ်တော်  ထဲ ကိုရောက် ပါတယ်။ အခုဒီမြွေ တောင်ဖားတောင် ဓာတ် သတ်္ထု တူးဖော် ဖို့အတွက် တရုတ် ကုမ္ပ ဏီ တစ် ခု ကလုပ် ငန်းတွေ ဘာတွေစ တော့မယ်။အဲဒါနဲ့ ပတ် သက်ပြီး လာမယ့် ၂၆ရက်မှာ လူထု Meeting လုပ်ပါမယ်””ဟုပြောကြားခဲ့ သည်။


““အဲလိုမျိုးတွေ ရှိတယ်ဆိုတာ ကို မြန်မာနိုင်ငံတော်လှန်ရေး ကောင်စီလက်ထက်ထဲကသိခဲ့ တယ်။ ဒါပေ မယ့် ဘာမှမလုပ်ခဲ့ ဘူးဘာမှလည်းမတူးဖော်ခဲ့ဘူး။ လွန်ခဲ့တဲ့ ၅နှစ်လောက်က တရုတ် ပြည်က ကုမ္ပဏီ တစ်ခုကဓာတ် သတ်္တုတူးဖော်ဖို့အတွက် ဆာဗေး တွေဘာတွေလုပ်လာတာ။အခုကျ တော့လုပ် ခွင့်ပါမစ်တွေ ဘာတွေ ကျပြီနဲ့ထင်တယ်။ ခက်တာက ကျွန်တော်ကိုယ်တိုင်အဲဒီပြည်နယ် က လွှတ်တော် ကိုယ်စားလှယ် အဲဒီက ဘာပစ္စည်းထွက်မှန်း ကျွန်တော်တောင်မသိဘူးနောက် ဘယ်ကုမ္ပဏီ ကလာတူး မှန်းလည်း မသိဘူး ဘာအတွက်လာ တူးမှန်းလဲမသိဘူး ဘာမှန်းညာ မှန်းလည်းမသိဘူး အဲဒီအတွက် ကျွန်တော် တို့မြေကြီးအောက်မှာ ရှိနေတဲ့ သတ္တုတွေကို ကျွန်တော် တို့ကဖော်ထုတ်ပေးရမယ်ဆိုတဲ့ ပုံစံဖြစ်နေ တယ်။ ဖော်ထုတ်တဲ့အခါ မှာ ဒီဟာတွေက အလကားပေး တာလား၊ပိုက်ဆံနဲ့ရောင်းတာလား နားလည် မှုနဲ့ လုပ်တာလားဆိုတာ ကိုမသိဘူး အဲဒီပြဿနာက အရေး ကြီးဆုံးပြဿနာဖြစ်နေတယ်””ဟု ပြောကြား ခဲ့သည်။

ယင်းကိစ္စများကြောင့် ချင်း ပြည်နယ်ရှိဒေသခံများသည် ဒုတိယလက်ပံတောင်းတောင်ကဲ့သို့ ဖြစ်လာ မည်စိုးရိမ် တနေပြီး အဆို ပါစီမံကိန်းဆောင်ရွက်ဖြစ်ပါက ယင်းမြွေတောင်ဖားတောင်အနီး တစ်ဝိုက်ရှိ ရွာငါး ရွာသည် ပြောင်း ရွှေ့ဖွယ်ရှိကြောင်း အထက်ပါ လွှတ်တော်ကိုယ်စားလှယ်၏ပြော ကြားချက် အရသိရှိရ သည်။

ဖြိုးအောင်
Hot News

1 comments:

အစိုးရဘက်ကလည်းနားလည်မှုလွဲအောင်စစလုပ်နေတာ
တော်တော်ခက်တာဘဲ
ဘာဘဲလုပ်လုပ်ဒေသခံပြည်သူတွေနဲ့အရင်ပူးပေါင်းပြီဆောင်
ရွက်ပေးပါမှအဆင်ပြေပါမယ်။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်