အမေရိကန်တပ်ဖွဲ့များ အီရတ်မှ ဆုတ်ခွာသွားပြီးနောက်
၈ လအကြာတွင် အီရတ်နိုင်ငံသည် အမေရိကန် နှင့်စစ်ရေး ဆိုင်ရာဆက်ဆံ မှုများတိုးမြှင့်ရန်
အသင့်ရှိနေသည့် အရိပ်လက္ခဏာ ပြသခဲ့ကြောင်း အမေရိကန်ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး
မာတင်ဒမ်ဆေးက အီရတ်နိုင်ငံ သို့အလည်အပတ် ခရီးမသွားရောက်မီ သြဂုတ်လ ၁၉ ရက်နေ့က ပြောကြားခဲ့သည်ဟု
Newsnow သတင်းတစ်ရပ်အရ သိရှိရပါသည်။
ဗိုလ်ချုပ်ကြီး ဒမ်ဆေးသည် အာဖဂန်နစ္စတန် တွင်ဆွေးနွေးမှု များပြုလုပ်ပြီးနောက် ယခုရက်
သတ္တပတ်အတွင်း အီရတ်နိုင်ငံသို့ အလည်အပတ် ခရီးသွား ရောက်မည်ဖြစ်ပြီး ၄င်း၏အလည်အပတ် ခရီးစဉ်သည်
အီရတ်မှ အမေရိကန် တပ်ဖွဲ့ဝင်များ...