From:http://mwdmedia.net/
၂၀၁၂
ခုနှစ်၊ သြဂုတ်လ ၁၈ ရက်တွင် မြန်မာတပ်မတော်မှ ဆဒုံး-စတာပါ လမ်းကြောင်း၌
ကင်းပုန်းဝပ်နေ စဉ် ဆဒုံးမြို့တွင်းမှ မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးအား မသင်္ကာ၍
စစ်ဆေးရာ ဆိုင်ကယ်ထိုင်ခုံအ တွင်း ပလတ်စတစ်ဖြင့် ထုပ်ထားသော တရုတ်လက်ပစ်ဗုံး
(၂)လုံးနှင့်အတူ ၎င်းတို့ ၄ ဦးအား ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါဖြစ်စဉ်၌
နှစ်ဦးမှာ ကေအိုင်အေ(ကချင်) အဖွဲ့ တပ်ရင်း (၃)မှ အမှတ် (စိစစ်ဆဲ) တပ်ကြပ်ကြီး
အဆင့်ရှိ ငွားချီးနှင့် ကေ အိုင်အေ (ကချင်)အဖွဲ့ တပ်ရင်း(၅)မှ အမှတ် (အေ-၅၆၈၁၁)
တပ်ကြပ်အဆင့်ရှိ ဇီတာ (ခ) မန်းဂါးတို့ဖြစ်ကြောင်း တွေ့ရှိရပါသည်။ အခြားနှစ်ဦးမှာ
တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခြင်းခံရသူ များဖြစ်ပြီး မောင်ဝေါလေ (ဘ)
ဦးဝေတား (၂၁)နှစ်၊ လီဆူး/ခရစ်ယာန်၊ အောင်မြေ (၁) ကျေးရွာ၊ ဝိုင်းမော်မြို့နှင့်
မောင်ဟော်လူခါး (ဘ) ဦဟော်လေး (၁၇)နှစ်၊ လီဆူး/ခရစ်ယာန်၊ ရပ်ကွက် (၄)၊
ဝိုင်းမော်မြို့တို့ဖြစ်ကြောင်း သိရှိရသည်။
KIA
အဖွဲ့မှ အဖွဲ့ဝင် ၂ ဦးအား ဆဒုံရဲစခန်း၌ အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပြီး
တပ်သားသစ်အဖြစ် အတင်း အဓမ္မစုဆောင်းခံရသူ အရပ်သား ၂ ဦးအား ၎င်းတို့၏ အုပ်ထိန်း သူများ
ထံသို့ ပြန်လည် လွှဲပြောင်း ဆောင် ရွက်သွား မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment