
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း အများပြည်သူ အပန်းဖြေနိုင်ရန်အတွက် ပန်းခြံ ၅၈ ခုနှင့် အားကစားကွင်းများ ၈၇ ခုရှိကြောင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ သိရသည်။ အဆိုပါ ပန်းခြံများနှင့် အားကစားကွင်းများတွင် ပန်းခြံ ၄၃ ခုမှာ ယခင်ကတည်းက အများပြည်သူများအတွက် ပန်းခြံဝင်ကြေး ကောက်ခံခြင်း မရှိကြောင်း၊ ပန်းခြံလေးခုမှာ ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် မတိုင်မီကသာ ပန်းခြံဝင်ကြေး ကောက်ခံခဲ့ကြောင်းနှင့် ယခုလက်ရှိ၌ ပန်းခြံဝင်ကြေး ကောက်ခံမှု...