Thursday, June 27, 2013

နာမည်ကြီးတရုတ်မင်းသမီးချော Liu Yifei ရဲ့ဖက်ရှင်အလှဓာတ်ပုံတွေပါ...

Posted by drmyochit Thursday, June 27, 2013, under | No comments

...

စဥ့်ကူးတွင် ကောလာဟလကြောင့် အစ္စလာမ်ဘာသာဝင်အချို့ တိမ်းရှောင်

Posted by drmyochit Thursday, June 27, 2013, under | No comments

မန္တလေး၊ ဇွန် ၂၆ ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ်တွင် ချောင်းကြီးကျေးရွာနင့် ကျည်တောက်ပေါက် ကျေးရွာတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ဆက်စပ်၍ ထွက်ပေါ်ခဲ့သော ကောလာဟလ သတင်းများကြောင့် ကျည်တောက်ပေါက် ကျေးရွာနှင့် အနီးအနား ကျေးရွာတွင် နေထိုင်သော အစ္စလာမ် ဘာသာဝင်အချို့ မှာ မာလဲကျေးရွာသို့ ခေတ္တ တိမ်းရှောင်လာကြောင်း မာလဲဒေသခံများက ပြောကြားသည်။ ဇွန်လ ၂၂ ရက်နေ့ညက ကျည်တောက်ပေါက် ကျေးရွာရှိ အစ္စလာမ် ဘာသာဝင် ပိုင်ဆိုင်သည့် ရွှေမန္တလေး ဆိုင်ကယ် အပိုပစ္စည်း အရောင်းဆိုင်ကို...

တိုင်း(မ်) မဂ္ဂဇင်း ဖြန့်ချိခွင့် ပိတ်ပင်မှုနှင့်ပတ်သက်ပြီး ဦးရဲထွဋ်ကို မေးမြန်းချက်

Posted by drmyochit Thursday, June 27, 2013, under | No comments

ဦးဝီရသူကို မျက်နှာဖုံးတင်ပြီး ရေးသားထားတဲ့ တိုင်း(မ်) မဂ္ဂဇင်းပါ The Face of Buddhist Terror ဆောင်းပါးကို မြန်မာနိုင်ငံအတွင်း မူရင်းစာစောင်အတိုင်းဖြစ်စေ၊ မိတ္တူပွားပြီးဖြစ်စေ ထုတ်လုပ်၊ ရောင်းချ၊ ဖြန့်ချိတာတွေမပြုလုပ်ဖို့ အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီက ဇွန် ၂၅ ရက်နေ့ ညမှာ ကြေညာချက် ထုတ်ပြန် လိုက်ပါ တယ်။ တိုင်း(မ်)မဂ္ဂဇင်းပါ ဖော်ပြချက်ဟာ လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ထပ်မံ မဖြစ်ပွားစေရေးအတွက် ကာကွယ်နိုင်ဖို့ ဇူလိုင် ၁ ရက်နေ့ ထုတ်ဝေဖြန့်ချိမယ့်...

မုဒိမ်းမှုကို ရင်ဆိုင်ကျော်လွှားခြင်း

Posted by drmyochit Thursday, June 27, 2013, under | No comments

မုဒိမ်းမှု ဖြစ်ပွား ပြီးနောက် ပြုကျင့် ခံရသည့် အမျိုသမီး အတွက် ရုပ်ပိုင်း ဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာ မှာပါ ထိခိုက် မှုများ ရှိပါသည်။ မိန်းမ ကိုယ်မှ အရည်များ ဆင်းနေသည့်ပြဿနာ ဆက်လက် ခံစား ရခြင်း၊ မိန်းမကိုယ် တစ်ဝိုက် ယားယံ နေခြင်း စသည့် ဝေဒနာများ ကျန်ရစ်တတ် ခဲ့ပါသည်။ ထိုအနေ အထားများ ဖြစ်ရသည့် အကြောင်းရင်းမှာ မှိုပိုး သို့မဟုတ် ကပ်ပါးပိုး ကူးစက် ဝင်ရောက် ခံရခြင်း ကြောင့်ဖြစ်သည်။ ထို့ပြင် အညိုအမည်း စွဲခြင်း၊ ရောင်ရမ်းခြင်း၊ ထိလျှင် နာကျင်ခြင်း စသည့်ဝေဒနာ...

ကျွဲ/နွားနှင့် ရွာသူရွာသားများ ရောက်ရှိလာပါက လက်နက်ကိုင် တပ်ဖွဲ့ဝင်များမှ ပစ်သတ်မည်ဟု ခြိမ်းခြောက်

Posted by drmyochit Thursday, June 27, 2013, under | No comments

နမ့်ဆီကျိန်ရွာတွင် အဓမ္မ ၀င်ရောက် နေထိုင်သည့် အက်စ်အက်စ်အေ (၀မ်ဟိုင်း) အဖွဲ့ဝင်များသည် ပတ်ဝန်း ကျင် ကျေးရွာများအား နိမ့်ဆီကျိန်ရွာ အနီးတ၀ိုက်တွင် တောင်ယာ ပြုလုပ်ခြင်း၊ ကျွဲ/နွားများ မလာစေ ရန်နှင့် အခြား ရွာသားများအား တွေ့ရှိပါက သတ်ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုလျက် ရှိပြီး နမ့်ဆီ ကျိန်ရွာ အနီးတ၀ိုက်ရှိ တောင်ယာများတွင် တောင်ယာ လုပ်ကိုင်ခွင့် မရသဖြင့် ရွာသားများမှာ အခက် အခဲများ ဖြစ်ပေါ်လျက် ရှိကြောင်း ရွာသားများမှ သတင်း ပေးပို့ လာပါသည်။ အက်စ်အက်စ်အေ...

မိကျောင်းကန် မြေသိမ်းခံရသူများ ငါးကြိမ်မြောက် ဆန္ဒထုတ်ဖော်

Posted by drmyochit Thursday, June 27, 2013, under | No comments

ရန်ကုန်၊ ဇွန် ၂၇။ ၁၉၉၁ခုနှစ်က တပ်မ(၂၂)မှ မတရားသိမ်းယူသွားသော သဃန်းကျွန်းမြို့ နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေနေရာ များမှာ ဗိုလ်ချုပ် အောင်ဆန်း ၃နှစ်သားအရွယ်ကတည်းက အခွန်ဆောင်၍နေထိုင်ခဲ့သော မြေများဖြစ်ကြောင်း ကြွေးကျော်ကာ အဆိုပါမြေနေရာများတွင် နေ ထိုင်ခဲ့သော မြေပိုင်ရှင်များမှ မြေကွက် များပြန်လည်ရရှိရေးအတွက် ယနေ့ မနက် ၁၁နာရီခွဲခန့်မှ စတင်ကာ ရန်ကုန်မြို့ တော်ခန်းမရှေ့ တွင် လူအင် အား ၃၀၀ကျော်ခန့်မှ တရားဝင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ “ကျွန်တော်တို့...

ဆက်သွယ်ရေးတင်ဒါ ကာတာနှင့် နော်ဝေနိုင်ငံအခြေစိုက်ကုမ္ပဏီများအား ရွေးချယ်ပြီးစီး

Posted by drmyochit Thursday, June 27, 2013, under | No comments

ဆက်သွယ်ရေးအော် ပရေတာရွေး ချယ်မှု၌ တင်ဒါအောင်မြင်သွားသည့် ကုမ္ပဏီများမှာ ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီနှင့် နော်ဝေနိုင်ငံမှ Telenor ကုမ္ပဏီတို့ဖြစ်ပြီး အရံကုမ္ပဏီအဖြစ် Orange ကုမ္ပဏီအား   ရွေးချယ် လိုက်ကြောင်း သိရသည်။ Telenor နှင့် Ooredoo ကုမ္ပဏီများမှာ ပြည်ပရာနှုန်းပြည့်ရင်းနှီးမြှပ်နှံမည့်ကုမ္ပဏီများဖြစ်ပြီး ပြင်သစ် အခြေစိုက် Orange ကုမ္ပဏီမှာလည်း ပြည်ပရာနှုန်းပြည့်ရင်းနှီးမြှပ်နှံမည့်ကုမ္ပဏီဖြစ်သည်။ ဈေးကွက်ဝေစု (၁၁)ခုရရှိထားသည့် Telenor ကုမ္ပဏီမှာ...

ပြင်ဦးလွင်မှ လူမဆန်တဲ့ ပုံပြင်လေးတစ်ပုဒ်

Posted by drmyochit Thursday, June 27, 2013, under | No comments

ပြင်ဦးလွင်မြို့နယ် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သီဟက ခိုင်ဝတ်ရည် သန္တာမောင်(ခ) သဲသဲ ဆိုတဲ့ အမျိုးကောင်း အမျိုးသမီးလေးကို လက်ထပ်ယူမယ်လို့ ယုံလောက်အောင်ပြောပြီး ကာမကို လိမ်ညာ ယူခဲ့သတဲ့။ အဲဒီ အမျိုးသမီးလေးမှာ ကိုယ်ဝန် ရှိတဲ့အခါ တာဝန် မယူနိုင်လို့ ကိုယ်ဝန်ဖျက်ချဘို့ ပိုက်ဆံပေး ခဲ့တယ်။ မိခင်စိတ်ရှိတဲ့ ခိုင်ဝတ်ရည် သန္တာမောင်က ကျော်သီဟခိုင်းတဲ့အတိုင်း ကိုယ်ဝန်ကိုဖျက်မချဘဲ လောကဓံကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ပြီး သားယောင်္ကျားလေး တစ်ယောက် မွေးဖွားခဲ့တာ...

ရှစ်လသား အရွယ် ကလေးငယ်တစ်ဦး မြန်မာနယ်စပ်အနီး ကျေးရွာ တစ်ခုမှ ပြန်ပေးဆွဲခံရ

Posted by drmyochit Thursday, June 27, 2013, under | No comments

ရှစ်လသား အရွယ် ကလေးငယ် တစ်ဦးကို မြန်မာနဲ့ နယ်စပ်ချင်း ကပ်ရပ်တည်ရှိတဲ့ ဘင်္ဂလာဒေခ်ျ့ ကျေးရွာ တစ်ခု ကနေ လွန်ခဲ့တဲ့ တနင်္လာနေ့ ညနေက  ပြန်ပေးဆွဲသွားတယ်လို့ သိရပါတယ်။ စစ် တကောင်းတောင်တန်းနယ်မှ ရုံမော်မြို့ကလေး (ဓါတ်ပုံ- အင်တာနက်) အဲဒီသတင်းကို ဘင်္ဂလာဒေခ်ျ့ကနေ အင်္ဂလိပ်လို ထုတ်ဝေတဲ့ New Age သတင်းစာမှာ  ဒေသ သတင်းဌာန တစ်ခု ဖြစ်တဲ့ Bangladesh Sangbad Sangtha ကိုးကားပြီး Baby Kidnapped in Babdarban ခေါင်းစည်းနဲ့ ဒီကနေ့ ဖေါ်ပြရာမှာ ပြန်ပေးဆွဲသွားခဲ့တဲ့သူဟာ...

ကလစ် ၂ချက်နှိပ်ရုံနဲ့ ဖူးဖြစ်တဲ့ IDM 6.15 BUILD 14 ပါ

Posted by drmyochit Thursday, June 27, 2013, under | No comments

ဟော လာပါပြီ ခင်ဗျာ ကလစ် ၂ချက် နှိပ်ရုံနဲ့ full version ဖြစ်မယ်IDM လေးပါ။ ဒီတခါတော့ ရက် နဲနဲကြာအောင် ခွဲပြီးမှာ ဒါလေးကို release လုပ်ထားတယ်အားလုံး သိပြီးတဲ့ အတိုင်းပဲ နော် JUST DOUBLE CLICKအောက်မှာဒေါင်းသွားလိုက်ပါ ခင်ဗျာMEGA | ZIPPYSHARE | BOX | TUSFILES | SENDSPACE အားလုံးပဲပျော်ရွှင်ကြပါစေကိုလတ်(ကျွဲဆင...

လိင်တူ လက်ထပ်မှု ချိုးနှိမ်တဲ့ ဥပဒေ ဖျက်

Posted by drmyochit Thursday, June 27, 2013, under | No comments

လိင်တူချင်း လက်ထပ် ထိမ်းမြားခွင့်ကို ချိုးနှိမ် ထားတဲ့ ဥပဒေကို ဖျက်သိမ်းဖို့ အမေရိကန် တရား လွှတ်တော် ချုပ် ဆုံးဖြတ်ချက် ကို သမ္မတ အိုဘားမား က ကြိုဆို လိုက်ပါတယ်။ လိင်တူချင်း လက်ထပ်မှု တွေကို ပိတ်ပင် ထားတဲ့ ထိမ်းမြားခွင့် ကာကွယ်ရေး ဥပဒေ ကို ပယ်ဖျက်ဖို့ အမေရိကန် တရား ဝန်ကြီး များက ဆုံးဖြတ်ခဲ့ကြ ပါတယ်။ ဒီဥပဒေ က မိန်းမလျာနဲ့ ယောက်ျားလျာ စုံတွဲ တွေကို သီးခြား ခွဲထုတ် ထားတဲ့ လူတန်းစား တရပ်လို ဆက်ဆံ ခဲ့တယ်လို့ အိုဘားမားက ဆိုပါတယ်။ ဒီဆုံးဖြတ်ချက် ကြောင့်...

မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းသားများ ရိုက်ပွဲဖြစ်ပွားရာ တစ်ဦးသေဆုံး နှစ်ဦး ဒဏ်ရာရ

Posted by drmyochit Thursday, June 27, 2013, under | No comments

မုံရွာ ၊ ဇွန် ၂၆ မုံရွာမြို့၊ သလ္လာမြို့သစ်ရပ်ကွက်၊ ကျောက္ကာလမ်းရှိ ရွှေမင်းသမီးအမျိုးသမီးဘော်ဒါဆောင်ရှေ့တွင် ယခုလ (၂၅)ရက်နေ့ည ၁၀ နာရီခွဲအချိန်ခန့်က ဂစ်တာတီးခတ်နေသော ကျောင်းသားလူငယ်တစ်စုနှင့် ဆိုင်ကယ် စီးနင်း လာသော လူငယ်အုပ်စု တစ်အုပ်စုတို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာ မှ လူတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲဌာနပိုင်မှတ်တမ်းများမှ ဖော်ပြထားကြောင်း သိရှိရသည်။ အဆိုပါ မှတ်တမ်းများတွင် သလ္လာရပ်ကွက်၊ တိုင်းရင်းဆေးရုံလမ်းရှိမောင်အောင်မျိုး၊ မောင်ထွန်းလင်း...

ယွန်းဝတီလွင်မိုးကို ခိုးပြေးသည်ဟုသတင်းထွက်ပေါ်ကြောင်း ရေးသားဖော်ပြခဲ့သည့် Unity ဂျာနယ် ပြန်တောင်းပန်

Posted by drmyochit Thursday, June 27, 2013, under | No comments

ရန်ကုန်၊ ဇွန် ၂၆ အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင် ဖြစ်သော Unity ဂျာနယ်၏ ဇွန်လ ၂၂ ရက်နေ့ ထုတ်တွင် မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြပါရှိသော ‘ယွန်းဝတီလွင်မိုးကို ခိုးပြေးသည်ဟု သတင်းများ ထွက်ပေါ်’ဟူသော သတင်းအတွက် အဆိုပါ သတင်းခေါင်းစဉ်နှင့် သတင်းသည် သရုပ်ဆောင် ယွန်းဝတီလွင်မိုးနှင့် သူ၏မိသားစုအား ဂုဏ်သိက္ခာ ညှိုးနွမ်းစေသော စကားလုံး အသုံးအနှုန်းများ သုံးစွဲမိသောကြောင့် သူ၏မိဘဆွေမျိုးများ၊ ပရိသတ်များကို Unity ဂျာနယ် အယ်ဒီတာအဖွဲ့က ပြန်လည် တောင်းပန်ကြောင်း ယင်းဂျာနယ်၏...

တစ်လတာ ကာလအတွင်း မလေးရှားမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူ ၅၅၀၀ ကျော်ရှိ

Posted by drmyochit Thursday, June 27, 2013, under | No comments

မြန်မာနိုင်ငံသို့ ပြန်လာမည့်သူများကို ကွာလာလမ်ပူ လေဆိပ်၌ ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ -နေထွန်းနိုင်) ၂၀၁၃ ခုနှစ် မေ ၂၅ ရက်မှ ဇွန် ၂၅ ရက်အထိ တစ်လတာ ကာလအတွင်း မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူ စုစုပေါင်း ၅၅၉၅ ဦးရှိပြီး၊ ထိုသူများထဲတွင် CI မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားဖြင့် ရောက်ရှိလာသူ ၅၄၁ ဦး ပါဝင်ကြောင်း လူဝင်မှု ကြီးကြပ်ရေး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မြင့်၏ ပြောကြားချက်အရ သိရပါသည်။ "မေ ၂၅ ရက်ကနေ ဇွန်...

Father Land ဆောက်လုပ်ရေး ကုမ္ပဏီက အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေအား အမှုနှစ်ခုဖြင့် တရားစွဲ

Posted by drmyochit Thursday, June 27, 2013, under | No comments

ဇွန်လ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသော အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေ၏ ကြေညာ ချက်နှင့် ပတ်သက်၍ Father Land ဆောက်လုပ်ရေး ကုမ္ပဏီက ဒေါ်ဝါ၀ါဝင်းရွှေအား ဇွန် ၂၅ ရက်တွင် အမှုနှစ် ခုဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။ Father Land ကုမ္ပဏီက ဒေါ်ဝါ၀ါဝင်းရွှေအား အသရေဖျက်မှု အမှုတွဲ ၃၉/၂၀၁၃၊ မူလစာချုပ် ဖျက်သိမ်းစေ လိုမှု အမှုတွဲ ၄၀/၂၀၁၃ တို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားစွဲထားခြင်း ဖြစ်သည်။ ဒေါ်ဝါ၀ါဝင်းရွှေ ပိုင်ဆိုင်သော ဆုထူးပန် ရုပ်ရှင်ရုံဟောင်း မြေကွက်ပေါ်တွင် ၁၂ ထပ်အမြင့်ရှိ ဆုထူးပန် တာဝါဆောက် ရန် ကိစ္စနှင့် ပတ်သက်၍ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်